Chapter 111
ကျင်းမင် နှင့် ကျုံးရှီယို့သည် ရဲစခန်းမှ ထွက်လာခဲ့သော်လည်း ဟယ်ချုန်ရှန်း နှင့် မုန့်ချန်သည် အခြေအနေအား နားလည်နိုင်ရန် ကျန်နေခဲ့သည် ။
မုန့်ချန်သည် ယခုလောက် မည်သည့်အခါကမှ အရှက်မရခဲ့ဘူးပေ ။ သူမသည် ကျောင်းရှိ သိပ္ပံပြိုင်ပွဲနေ့တွင် ကျုံးယို့ယို့ နှင့် သူ၏ အတန်းဖော်အုပ်စုများ၏ အရှက်ခွဲခြင်းခံလိုက်ရတုန်းကပင် သူမ တွင်းတစ်တွင်းတူး၍ ပုန်းချင်မိလောက် အောင် မခါးသီးခဲ့ပေ ။
အဘယ်ကြောင့်ဆိုလျှင် ယခုအချိန်တွင် သူ၏ ယောကျ်ားသည် ဘေးတွင်ရှိနေပြီး အခြေအနေကို မျက်မြင်တွေ့သွားသောကြောင့် ဖြစ်သည် ။
သူမသည် ထို့နေက သူစိမ်းများကိုသာ မျက်နှာချင်းဆိုင်ခဲ့ရသော်လည်း ယနေ့တွင် သူမအသိဆုံးဖြစ်သည့် သူ၏ ရှေ့တွင် သူမ၏ ပုံရိပ်သည် လုံးဝပျက်စီးသွားပြီဖြစ်သည် ။ သူမ၏ ဂုဏ်သတင်းသည်လည်း မြောင်းထဲသို့ ဆွဲချခံလိုက်ရပြီဖြစ်သည် ။
သူမတစ်ကိုယ်လုံး နီရဲနေပြီး သူမ၏ မျက်နှာသည် အချက်ပေါင်းများစွာရိုက်ခံလိုက်ရသကဲ့သို့ ပူနေခဲ့သည် ။
သူမသည် ထိုမျိုးမစစ်လေး ကျုံးရှီယို့ကို မုန်းတီးနေပြီး သူမ၏ ကျုံးရှီယို့ပေါ်အမုန်းများသည် ကျုံးယို့ယို့ထံသို့ ကူးစက်သွားပြီဖြစ်သည် ။ဤလူချမ်းသာအုပ်စုသည် သူမ၏ ဂုဏ်သိက္ခာကို မြေကြီးတွင်ချနင်း၍ မောက်မာစွာဆက်ဆံဖို့သာ သိသည် ။
ယခုတွင် သူမသည် လွန်ခဲ့သော ဆယ့်ရှစ်နှစ်က သူမလုပ်ခဲ့သောအရာများအတွက် နောင်တ မရှိတော့ချေ ။ သူမသည် ထိုလူချမ်းသာ၏သမီးအား အကြိမ်ပေါင်းများစွာပင် ဒုက္ခခံစားစေခဲ့သင့်သည် ။ သူမလုပ်ခဲ့သော အရာများသည် လူများအတွက် ရိုးရှင်းသောအရာများသာဖြစ်သည် ။
သူမ မှတ်တမ်းရေးနေသောအခါတွင် သူမမျက်နှာအမူအရာသည် အလွန်ရှုံ့တွနေခဲ့သည် ။
....
ဟယ်ချုန်ရှန်းသည်လည်း ဘေးတွင် သူ၏ ခေါင်းအား မြှုပ်ထားမိမတက်ငုံ့၍ ရေးနေခဲ့သည် ။သူ၏ မျက်နှာသည် အလွန်အရှက်ရနေပြီး မော့ပင်မကြည့်ရဲခဲ့ချေ ။
သူသည် လူချစ်လူခင်ပေါ၍ ရိုးသားစွာနေထိုင်ခဲ့သည့် သူတစ်ယောက်ဖြစ်ပြီး သူသည် နှစ်ပေါင်းငါးဆယ်ကျော်ပင် နေထိုင်လာခဲ့သည့် သူဖြစ်သည် ။ ထိုကဲ့သို့ အရှက်ရစရာကောင်းသော ကိစ္စမျိုးကို သူတစ်ခါမှ မကြုံတွေ့ခဲ့ဘူးပေ ။
ဘေးတွင်ထိုင်နေရာမှ ထရပ်လိုက်သော သူ၏ မိန်းမကိုပင် သူအပြစ်တင်မိသည် ။ အလွန်ကို အရှက်ရစေသည့် မိန်းမဖြစ်ပြီး ထိုအချိန်က သူသည် မျက်လုံးများကန်းနေခဲ့ပါသလား ။သူသည် ဘယ်လိုလုပ်များ...သို့သော် ယခင်က မုန့်ချန်သည်အခုကဲ့သို့ပုံစံမျိုး လုံးဝမဟုတ်ပေ ။ မကြာသေးမီက သူမထံတွင် ဘာတွေများဖြစ်သွားခဲ့ပါသနည်း ။ သူမ သရဲများ ဝင်ပူးသွားခြင်းဖြစ်မည်လား ။
ယခုအချိန်တွင် ဟယ်ချုန်ရှန်းသည် မုန့်ချန်နှင့် ဆက်ဆံရေးအား ဘေးတွင်ပို့ထားနိုင်ရန်သာ ဆုတောင်းနေခဲ့ပြီး ခပ်ဝေးဝေးတွင် ထိုင်နေခဲ့သည် ။
ရဲစခန်းတွင် လူများစွာ ဝင်လိုက်ထွက်လိုက်လုပ်နေကြပြီး ဟယ်ချုန်ရှန်းသည် သူ၏ ခေါင်းကိုသာ မြေကြီးထဲတွင် မြှုပ်ထားချင်ခဲ့သည် ။ အချက်အလက်များရေးနေသည့် လူလတ်ပိုင်းအမျိုးသမီးကို သိနေသည့်ပုံစံအစား သူသည် ဤနေရာတွင် စီးပွားရေးကိစ္စအတွက်လာခဲ့သည့်ပုံစံ ဟန်ဆောင်နေခဲ့သည် ။
ထို့နေ့တွင် ရဲစခန်းသည် အလုပ်ဆင်းချိန်မရောက်ခင် ညနေအထိ နေခဲ့ရပြီးမှ လေအေးများကြားထဲတွင် နှစ်ယောက်အတူထွက်သွားခဲ့သည် ။
ဟယ်ချုန်ရှန်းသည် တစ်ချိန်လုံး ဆိတ်ဆိတ်သာနေခဲ့ပြီး မုန့်ချန်သည် သူ၏ နောက်မှ နီးကပ်စွာလိုက်လာကာ သူမ၏ ခေါင်းကိုမော့ဖို့ရန်ပင် အလွန်အရှက်ရနေခဲ့သည် ။
သို့သော် ဟိုတယ်သို့ရောက်သည့်အခါ ဟယ်ချုန်ရှန်းသည် ပဟေဠိဖြစ်နေခဲ့သည် ။ လောက်ကျောက်သည် ဘာကြောင့်များ စိတ်ပြောင်းသွားခဲ့လဲ မသိပေ ။ ထို့ကြောင့် သူသည် လောင်ကျောက်ကို ဆက်သွယ်လိုက်သည် ။ သူသည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ စာနာစွာပြောချင်ခဲ့သော်လည်း ခါးသီးစွာပင် ဆူပူခဲ့မိသည် ။
" ဟယ်ချုန်ရှန်း ငါတို့သိလာတာ နှစ်ပေါင်းများစွာ ကြာနေပြီ ။ မင်းငါ့ကို တစ်ကယ်သစ္စာဖောက်လိုက်တာပဲ ။ ဒါက မင်းငါ့ကို မီးတွင်းထဲပို့လိုက်တာပဲ မဟုတ်ဘူးလား ။မင်းဘယ်လိုများ လုပ်နိုင်ရတာလဲ ။ မင်းမိန်းမက ဘယ်သူ့ကို အမှားလုပ်ခဲ့လဲ ဆိုတာရောသိရဲ့လား ။ "
ဟယ်ချုန်ရှန်း ခေါင်းရှုပ်သွားခဲ့သည် ။
" ဘယ်သူလဲ "
" ကျုံးမိသားစု "
လောင်ကျောက်သည် အလွန်ဒေါသထွက်နေခဲ့သည် ။
" ငါမင်းကို သတ်မိတော့မယ် ။ ဒီနေ့ငါ့ကို မကူညီပေးဖို့အတွက် ဘယ်သူက ဖုန်းဆက်ပြီး ခြိမ်းခြောက်သတိပေးလည်း သိလား ။ ချင်းမိသားစုက လူတွေ ။ငါသာမင်းကို ကူညီလိုက်ရင် ဒီ Zမြို့ထဲမှာ ခြေကုပ်ယူနိုင်ပါအုန်းမလား ။ ဟယ်ချုန်ရှန်း ငါ့ရဲ့အရင်က သူငယ်ချင်းလိုပဲ ဆက်ဆံပေးပါ ။ မင်းဘယ်လိုလုပ်ပြီး ဒီလို သူငယ်ချင်းမျိုး ဖြစ်သွားရတာလဲ ။ မင်းက ငါ့ကို သေတွင်းထဲရောက်အောင်ကို သစ္စာဖောက်သွားတာ ။ "
ကျုံးမိသားစု ၊ ချင်းမိသားစု ။ ဟယ်ချုန်ရှန်း Zမြို့သို့ တစ်ခါမှ မရောက်ဘူးရင်တောင်မှ သူသည် ထိုမိသားစုနှစ်စုအား ကြားဖူးနားဝရှိသည် ။
သူ၏ မိန်းမ ၊ သူမဘယ်သူများနည်း ။ သူမဘာတွေများ လုပ်ခဲ့သည်လည်း ။
သူကိုယ်တိုင်တည်ထောင်ခဲ့သော စီးပွားရေးသည် ဖျက်စီးခံရတော့မလိုပင် ။
သူ၏ ခြေထောက်များသည်ပင် ချက်ချင်းအားလျော့ကာ မြေကြီးပေါ်သို့ လျှောကျသွားခဲ့သည် ။
....
ကျင်းမင် နှင့် ကျုံးရှီယို့သည် ရဲစခန်းမှ စောစောစီးစီးထွက်လာခဲ့ပြီး အငှားယာဥ်စီးလိုက်ကြသည် ။
လမ်းတစ်လျှောက်တွင် ကျင်းမင်သည် သက်ပျင်းချနေတုန်းပင် ဖြစ်သည် ။
" ဒီနေ့ ဘာတွေဖြစ်ကုန်တာလဲ ။ နတ်ဘုရားက ငါတို့ကို ကူညီပေးနေတာ ။ ငါတို့ ထီလက်မှတ်ဝယ်သင့်တယ်လို့ မင်းထင်လား ။ အိုး ကျုံးရှီယို့ မင်းမျက်နှာကြီးကို ဒီတိုင်းတည်ထားပြီး ဘာမှမပြောဘဲ မနေစမ်းပါနဲ့ ။ငါပြောတာ ရှီယို့ မင်းငါ့ကို ကောင်းကောင်းကျေးဇူးတင်သင့်တာ ။ ငါမင်းအတွက် အသက်ရှူလို့ရအောင် လုပ်ပေးလိုက်တာ မဟုတ်ဘူးလား ။ "
" မင်းကို ကျေးဇူးတင်ရမှာလား ။ ဝေးဝေးသွားစမ်းပါ ။ မင်းမှာ ဘယ်လိုအကြံဆိုးတွေရှိနေတာလဲ ။ "
ကျုံးရှီယို့သည် လက်ပိုက်ထားပြီး စိတ်မရှည်စွာပင် ပြောလိုက်သည် ။
" ငါသာ ချင်းယောင်ကို မခေါ်ခဲ့ဘူးဆိုရင် ၊ ချင်းယောင်က သူ့ရဲ့အဆက်အသွယ်တွေနဲ့ ငါတို့ကို ကူညီပေးနိုင်မှာမဟုတ်ဘူး ။ ငါတို့အခုဆို လက်ထိပ်ခတ်ခံနေရလောက်ပြီ ။ "
ဤကိစ္စအားတွေးမိသောအခါ သူသည် အလွန်စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသည်ဟု တွေးနေဆဲပင်ဖြစ်သည် ။ထိုအချိန်က သူသည် အမှန်ပင် အသက်ရှူမှားသွားခဲ့သည် ။ မုန့်ချန်၏ ရက်စက်သော နှလုံးသားအောက်တွင် လွန်ခဲ့သော ဆယ့်ငါးနှစ်လုံးလုံး ကျုံးယို့ယို့ခံစားခဲ့ရသော ပြစ်မှုများကို သူတွေးနေမိသမျှ သူသည် နောက်တစ်ကြိမ်ပင် ပို၍ ရိုင်းစိုင်းမိလောက်သည် ။ သူ၏ ဆံပင်များအား ဆွဲလိုက်ကာ ဒေါသအား မထိန်းချုပ်နိုင်ခဲ့ပေ ။
သူ၏ အဖေသည် တရားဝင်ရုပ်သံလိုင်းများကို အသုံးပြုပြီး တရားရုံးသည် ရက်အနည်းငယ်အတွင်းတွင် အမှုစတင်မည်ဖြစ်သော်လည်း သူသည် ထပ်၍ သည်းမခံနိုင်တော့ပေ ။
" အဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
ကျင်းမင်သည် အပြုံးနှင့် ပြောလိုက်သည် ။
" မင်းမိသားစုက ဒီလောက်ချမ်းသာတာ ၊ မင်းကို အဲ့လိုနေရာမျိုးမှာ မနေခိုင်းလောက်ပါဘူး ။ "
" ငါ့အဖေကို ဒီအကြောင်းသွားမပြောနဲ့ "
ကျုံးရှီယို့သည် အသေအချာသတိပေးလိုက်သည် ။
" မဟုတ်ရင် သူငါ့ခြေထောက်ကို ချိုးပစ်လိမ့်မယ် "
" နေပါအုန်း ၊ စကားမစပ် ချင်းယောင်တဲ့လား ။ချင်းမိသားစုက တစ်ယောက်နဲ့ မင်းဘယ်လိုလုပ်သိသွားတာလဲ ။ ပြီးတော့ သူက မင်းကို လိုလိုလားလားနဲ့ ကူညီပေးလိုက်တယ်ပေါ့ ။ "
ထို့နောက်တွင် ကျင်းမင်သည် ကျုံးရှီယို့ပြောသော ချင်းယောင်သည် မည်သူဖြစ်သည်ကို သတိထားမိသွားသည် ။
သူသည် ချက်ချင်းပင် အံ့အားသင့်သွားရသည် ။ သူ၏ အသိုင်းအဝိုင်းသည် ကျုံးမိသားစုနှင့် ကွာခြားပြီး ထိုမိသားစုသည် ဒုတိယမြောက် ကျုံးမိသားစုပင် ဖြစ်သည် ။ ထို့ကြောင့် သူသာဆိုလျှင် သူသည် ချင်းမိသားစုနှင့် သူငယ်ချင်းလုပ်ဖို့ပင် ဝံ့ရဲလိမ့်မည်မဟုတ်ပေ ။
ကျုံးရှီယို့သည် စိတ်ဓါတ်ကျစွာပင် ပြောလိုက်သည် ။
" ယောက်ဖလောင်း တွေထဲက တစ်ယောက်လေ "
သူ၏ အစ်မအား လိုက်နေသော သူများ အလွန်များလှသည် ။ ချင်းယောင်သည် စောစောစီးစီး အသာစီးမယူထားသင့်ပေ ။
ကျင်းမင်သည် ပို၍ မယုံနိုင်ဖွယ် ဖြစ်နေကာ ပြောလိုက်သည် ။
" မင်းပြောနေတဲ့ အစ်မက ကျုံးယို့ယို့လား "
ထိုခဏတွင် သူ၏ စိတ်များသည် အံ့အားသင့်နေရာမှပြောင်းလဲသွားပြီး မနာလိုစွာပင်ပြောလိုက်သည် ။
" မင်းအစ်မက အရမ်းမိုက်တာပဲ ။ ပြီးတော့ မင်းရဲ့ အနာဂတ်ယောက်ဖလောင်းကလည်း အမိုက်စားပဲ "
ကျုံးရှီယို့၏ စိတ်ဆိုးဒေါသထွက်နေခြင်းများသည် အနည်းငယ်လျော့ပါးသွားခဲ့ပြီး သူသည် ဂုဏ်ယူစွာဖြင့်ပင် ပြောလိုက်သည် ။
" ပုံမှန်ပါပဲ ။ ငါဒီလိုကိစ္စကို ငါ့အဖေကို မခေါ်ရင်တောင် ဖြေရှင်းနိုင်တယ် "
သူပြောလို့မပြီးသေးခင်တွင် သူ၏ အိတ်ကပ်ထဲမှ ဖုန်းသည် မြည်လာပြီး သူဖုန်းနံပါတ်အားတွေ့လိုက်ရသောအခါ သူ၏ အောင်ပွဲခံနေသော အမူအရာသည် ချက်ချင်း မျက်မှောင်ကြုတ်နေသည့် အနေအထားသို့ပြောင်းသွားခဲ့သည် ။
" အဲ့တာကသွားပြီပဲ "
သူပြောလိုက်သည် ။
" ကျင်းမင် ၊ ချင်းယောင်ခေါ်နေတာ ။သူသာ ငါ့အစ်မကို ပြောလိုက်ရင် ငါ့အစ်မက ငါ့ကို ပိုပြီး စိမ်းစိမ်းကားကားဆက်ဆံလိမ့်မယ် ။ မင်းရဲ့အကြံဆိုးတွေအတွက် ငါမင်းကိုအပြစ်တင်တယ် ။ ငါ့ကို စဥ်းစားဉာဏ်မရှိအောင် လုပ်လိုက်တာ "
" မင်းမှာ ဦးနှောက်လုံးဝမရှိဘူး "
ကျင်းမင်ပြောလိုက်သည် ။
" မင်းနဲ့ငါနှစ်ယောက်လုံး လုပ်ခဲ့တဲ့ကိစ္စပဲ။ မင်းအရမ်း စိတ်လိုက်မာန်ပါလုပ်လို့ "
ကျုံးရှီယို့ သည် သူ့အား လျစ်လျူရှူလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ဖုန်းကိုင်လိုက်သည် ။ ထို့နောက် သူ၏ အသံအနေအသံထားသည် အလွန်သတိရှိနေခဲ့သည် ။အဆုံးတွင် ချင်းယောင်သည် သူကျေးဇူးတင်ချင်နေသည့် သူသာဖြစ်သည် ။ ချင်းယောင်ကိုသာ ကျေနပ်အောင် ဆက်ဆံပေးနိုင်မည်ဆိုလျှင် သူ၏ အစ်မနှင့် ပို၍ တွေ့ဆုံနိုင်ပြီဖြစ်သည် ။
သူသည် သိမ်မွေ့စွာရှင်းပြလိုက်ပြီး အလွန်နာခံနေခဲ့သည် ။
" ယောက်ဖ ၊ စားပြီးသွားပြီလား ။ ကျွန်တော်ခင်ဗျားကို ဒီနေ့ နှောင့်ယှက်မိသွားပြီ ။ အဲ့တာတွေအကုန်လုံး မိုက်မဲတဲ့ ကျွန်တော့် ညီလေးရဲ့အမှားတွေပဲ "
"..."
ကျင်းမင်သည် သူ၏ ခွေးခြေထောက်များကြောင့် အနည်းငယ် အမြင်အာရုံချို့တဲ့သွားခဲ့သည် ။သူသည် လူတွေကိုသာသိပြီး သူတို့၏ နှလုံးသားကိုတော့ မမြင်ခဲ့ပေ ။ ယခုမူ အလွန်ဒေါသကြီးသော ကျုံးရှီယို့တွင် ဤကဲ့သို့ ပုံစံဘက်အခြမ်းရှိနေသည်ကို သိလိုက်ရသည် ။
ချင်းယောင်သည် ယောက်ဖ ဟူသော အသုံးအနှုန်းကြောင့် ပျော်နေခဲ့ပြီး သူ၏ တင်းမာနေသောပုံစံသည် နှစ်မှတ်လောက် လျော့ကျသွားခဲ့သည် ။
သူသည် ကျုံးရှီယို့ကို ပြောလိုက်သည် ။
" မင်းထွက်လာပြီလား "
ကျုံးရှီယို့သည် အလျင်အမြန်ပြောလိုက်ပြီး ပို၍ ယဥ်ကျေးကာ လေးစာမှုအပြည့်ဖြစ်နေခဲ့သည် ။
" ဟုတ်ကဲ့ ။ ကျွန်တော် ယောက်ဖကို အရမ်းကျေးဇူးတင်ချင်နေတာ ။ကျွန်တော် နောက်ရက်ကျရင် ကျေးဇူးတင်ဖို့ လာခဲ့ပါ့မယ် ။ ဒါပေမဲ့ ကျွန်တော့်အစ်မကိုတော့ သွားမပြောလိုက်ပါနဲ့ "
ဖုန်းတစ်ဖက်တွင် ချင်းယောင်သည် အမှုမထားသလိုပင် တည်တည်ငြိမ်ငြိမ်ပြောလိုက်သည် ။
" ယို့ယို့ကို မပြောဘူး ။ ငါမင်းကို ကူညီပေးလိုက်မယ်"
ကျုံးရှီယို့ "..."
ချင်းယောင်ပြောလိုက်သည် ။
" တစ်ခါတစ်လေကြင်နာတတ်ပြီး ယဥ်ကျေးနေတာက လူဆိုးတွေကို အပြစ်ပေးရာမရောက်ဘူး ။ ငါတို့ သင့်လျော်ပြီး ဆိုးရွားတဲ့အရာတွေကို လုပ်လို့ရတယ် ။ဒါပေမဲ့ မင်းအချိန်ကောင်းကိုတော့ ရွေးဖို့လိုတယ် ။ "
ခဏရပ်သွားပြီးနောက်တွင် သူအလေးအနက် သတိပေးလိုက်သည် ။
" ငါတို့က ရင့်ကျက်တဲ့ ယောကျ်ားတွေပဲ "
နောက်ဆုံးအခေါက်က ကျုံးယို့ယို့ဘေးတွင် မုန့်ချန်ရှိနေသည့်အခါက သူ၏ လက်သီးများသာ ဆုပ်ထားနိုင်ခဲ့သော်လည်း ကျုံးရှီယို့ကဲ့သို့ စိတ်လိုက်မာန်ပါ မလုပ်နိုင်ခဲ့ပေ ။
ကျုံးရှီယို့မျက်လုံးများ မြင့်တက်သွားခဲ့ပြီး သူချက်ချင်းပင် အမှုမထားလိုက်ကာ ဖုန်းကိုကိုင်ထားလျက် ကားပြတင်းပေါက်ကို မျက်နှာမူလိုက်သည် ။
"ဟုတ်တယ် ၊ ဟုတ်တယ် ။ ယောက်ဖ ကျွန်တော့်ကိုသင်ပြပေးတာ တကယ်မှန်တယ် ။ ကျွန်တော် ယောက်ဖကို အစောကတည်းက သိခဲ့သင့်တာ ။ ကျွန်တော်ခင်ဗျားကို အရမ်းလေးစားတာပဲ ။ "
ကျင်းမင်သည် နှစ်ယောက်သား၏ " ရင့်ကျက်သောအမျိုးသားများ " သဘောတူညီနေခြင်းကို ကြည့်ရင်း ဆွံ့အနေခဲ့သည် ။
"...."