အပိုင်း ၁၆၆
Viewers 19k

Chapter 166


စုမုန့် ခေါင်းရှုပ်နေပြီး မျက်မှောင်ကြုတ်နေခဲ့သည် ။ ခဏတွေးပြီးနောက်တွင် သူမ ဝမ်လဲ့ကိုကြည့်ကာ မေးလိုက်သည် ။


" ရှင်သူတို့ကို သေအောင်တက်နင်းမိလိုက်သေးလား ..." 


သူမစဥ်းစားနိုင်သည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ ထိုကင်းခြေများတို့ သေအောင်အနင်းခံလိုက်ရခြင်းကြောင့်သာဖြစ်နိုင်သည် ။ ထိုအရာများမှာ အမြဲအုပ်စုလိုက်လှုပ်ရှားနေပြီး အကယ်၍ တစ်ကောင်ကသာ အသတ်ခံလိုက်ရလျှင် အခြားအကောင်များမှာ ခြေရာခံပြီး တစ်ဟုန်ထိုးရောက်လာကြလိမ့်မည် ။


သူမ ဝမ်လဲ့ကိုသာ သံသယဝင်နေရသောအကြောင်းအရင်းမှာ ဝေ့ထင်က အလွန််ဂရုတစိုက်ရှိသောကြောင့် ဖြစ်သည် ။ ထို့နောက် ထိုကဲ့သို့ နိမ့်ပါးသောအမှားမျိုးကို သူလုပ်လိမ့်မည် မဟုတ်ပေ ။


စုမုန့်၏စကားလုံးတို့မှာ သူသတ်မိခဲ့သော ကင်းခြေများနှစ်ကောင်ကိုပြန်သတိရစေပြီး သူလိပ်ပြာမလုံသလို ခံစားလိုက်ရသည် ။


ယခုတွင် သူ​ပြဿနာကြီးထဲကို ပြန်ရောက်နေပြန်ပြီ ။ အခက်တွေ့သလိုမျိုး သူ၏ခေါင်းကို မထိလိုက်ခင် ဝမ်လဲ့ ကိုးရိုးကားယားနိုင်စွာ ရယ်ပြီး ပြောလိုက်သည် ။


" အဲ့ဒါက ကျွန်တော့်အထင်တော့ သူတို့ထဲကနှစ်ကောင်ကို ကျွန်တော်နင်းမိခဲ့တယ် ထင်တယ်...ကျွန်တော် အလျင်လိုနေပြီးတော့ ခြေထောက်ကို သေချာမကြည့်မိခဲ့ဘူး ...အဲ့ဒါကြောင့် ကျွန်တော် နမော်နမဲ့ဖြစ်သွားတာ ..."


စုမုန့် သိနေခဲ့သည် ။သူမ ဘာကိုမှထပ်မပြောချင်တော့ပေ ။ဝမ်လဲ့ကဲ့သို့ အလုပ်အပ်သူနှင့် ဆုံရတာ သူမ၏ ကံမကောင်းမှုသာ ဖြစ်သည် ။ဤဝမ်လဲ့မှာ သူမနှင့် တကယ်ကိုမကိုက်ညီပေ ။ဤနေရာမှ ထွက်သွားပြီးလျှင် သူ့ကို သူမ ကောင်းကောင်းကြည့်ပေးလိုက်အုန်းမည် ။


" ကျွန်တော်တို့အခု ဘာလုပ်သင့်လဲ ...ဒီအတိုင်း ဂူသင်္ချိုင်းထဲမှာပဲ စောင့်နေရမှာလား ... အဲ့ဒီအရာတွေက မကိုက်ဘူးဆိုရင် ကောင်းမှာပဲ ..." 


ဝမ်လဲ့ တံခါးကို ကျောဖြင့်မှီနေပြီး ကင်းခြေများတို့ တံခါးကိုဖျက်နေသော အသံကို ကြားနေရသည် ။ 

သူအလွန်လန့်သွားပြီး အလျင်အမြန်ထလိုက်ကာ စုမုန့်ဘေးသို့ ပြေးသွားလိုက်သည် ။


ဝေ့ထင် သူ့ကို အေးစက်သောအကြည့်ဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည် ။


" သူတို့မကိုက်ဘူးဆိုရင် မင်းသူတို့ကိုဖြတ်ပြီး သွားရဲလို့လား ..." 


သူဘယ်လောက်ပဲ ဝမ်လဲ့ကို ကြည့်နေပါစေ  ၊ သူနှင့်ဘယ်လိုမှ အဆင်မပြေနိုင်ပေ ။ ထိုအရာမှာ စုမုန့်၏ အမိန့်ကို မနာခံသော သူ၏အမှားသာဖြစ်ပြီး ရှုပ်ထွေးအောင်လုပ်ခဲ့ခြင်းဖြစ်သည် ။ရလဒ်အနေဖြင့် ပြဿနာအပုံလိုက်ရှာခဲ့ပြီး စုမုန့်ကိုတောင် သူထိခိုက်အောင် လုပ်ခဲ့သေးသည် ။


" ကျွန်တော်မသွားရဲပါဘူး ... လုံးဝမသွားရဲဘူး ... " 


ဝေ့ထင် သူ့အပေါ်စိတ်မရှည်တော့တာကို ဝမ်လဲ့တွေ့လိုက်ရပြီး ချက်ချင်း ပါးစပ်ပိတ်သွားခဲ့သည် ။


သို့သော် တခဏသာ သူ၏ပါးစပ်ကိုပိတ်ထားခဲ့သည် ။နောက်တခဏတွင် သူတို့ ဝမ်လဲ့၏ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည် ။


" အခုကရောဘာလဲ " 


စုမုန့် ကူကယ်ရာမဲ့စွာ မေးလိုက်သည် ။ ဝမ်လဲ့မှာ ဂူဖောက်သည့်သူနှင့် လုံးဝမတူပေ ။သူသည် အမြဲဆူညံနေပြီး လုံခြုံစေမည့် အသိတရားလုံးဝမရှိပေ ။


" ဆရာမ အဲ့ဒီဟာတွေက အထဲဝင်လာပြီ "


 စုမုန့်မြင်အောင် တံခါး၏အက်ကွဲနေရာကို ဝမ်လဲ့လက်ညှိုးထိုးပြလိုက်သည် ။


သူညွှန်ပြနေသော လားရာကို စုမုန့်ကြည့်လိုက်ပြီး မြင်လိုက်ရသောအရာကြောင့် လန့်သွားသည် ။ဝမ်လဲ့ပြောခဲ့သလိုပင် တံခါး၏အက်ကွဲနေရာမှာ အခန်းထဲသို့ မြွေလိမ်မြွေကောက်ဝင်လာကြသည် ။


သူတို့အလွန်နှေးစွာ ဝင်လာကြသော်လည်း အကယ်၍သူတို့သာဒီနေရာတွင် အကြာကြီးရှိနေလျှင် အချိန်တစ်ခုအတွင်းတွင် ကင်းခြေများတို့၏ ပတ်လည်ဝိုင်းထားခြင်းကို ခံရလိမ့်မည် ။


အထဲသို့ဝင်လာသောအရာများကို ဝေ့ထင်လည်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည် ။


"ဒီလို ဂူသင်္ချိုင်းမျိုးမှာ တံခါးကအမြဲတမ်းတစ်ခုထပ်ပိုပြီး ရှိတတ်တယ် ... အချိန်တိုတွင်းမှာတော့ ကိုယ်တို့ ဒီတံခါးကို ထားသွားလို့မရဘူး ...ကိုယ်တို့နောက်ထပ်တံခါးတစ်ခုကို ရှာရမယ် ... "

 

ဝေ့ထင် သူ၏အိတ်ကို မြေပြင်ပေါ်တွင် ချလိုက်ပြီး စုမုန့်ကို ငြင်သာစွာ ချလိုက်သည် ။ သူမကို အိတ်ပေါ်တွင် ထိုင်စေလိုက်ပြီးနောက် အထဲတွင် သွားရှာလိုက်သည် ။


ဝမ်လဲ့ကိုကြည့်ကာ စုမုန့်ပြောလိုက်သည် ။


" မစ္စတာဝမ် ဒါကရှင့်အလုပ်ပဲ ... ဒီလိုနေရာမျိုးကို ရှင်ကျွန်မတို့ထက် ပိုပြီးရင်းနှီးသင့်တယ် ... " 


" ကောင်းပြီ ...ကျွန်တော်အခုချက်ချင်းသွားရှာလိုက်မယ် ... "


စုမုန့် ရည်ညွှန်းချင်သောအရာကို ဝမ်လဲ့ချက်ချင်းသဘောပေါက်သွားပြီး အလျင်အမြန်ထကာ သွားရှာဖွေလိုက်သည် ။ ဤကိစ္စကိုဖြစ်သောသူမှာ သူဖြစ်ပြီး သွားရောက်ရှာဖွေရန်မှာ သူ့အတွက်သာဖြစ်သည် ။


သူနှင့်ဝေ့ထင် ခဏလောက်ရှာလိုက်ပြီး နံရံတွင် ထူးဆန်းသော အရာတစ်ခုကို တွေ့လိုက်သည် ။


မျှော်လင့်ထားသလိုပင် ဝေ့ထင်ပြောတာမှန်နေခဲ့သည် ။ဂူသင်္ချိုင်းထဲတွင် နောက်ထပ်တံခါးတစ်ခုရှိနေခဲ့သည် ။ဤတံခါးမှာ နံရံနှင့် ချွတ်စွပ်တူအောင်ပြုလုပ်ထားပြီး သေချာဂရုစိုက်မရှာလျှင် မတွေ့နိုင်ပေ ။ တံခါးမှာ အလွန်ကျဥ်းပြီး မီတာဝက်လောက်သာ အမြင့်ရှိသည် ။


ဝေ့ထင်တံခါးကိုဖွင့်ပြီး အထဲကိုကြည့်လိုက်သည် ။ဤအမြင့်နှင့်သာဆိုလျှင် သူတို့မှာ မတ်မတ်သွားနိုင်ရန် အလွန်နိမ့်နေသောကြောင့် လက်နှင့်ခြေထောက်တို့ကိုသာသုံးပြီး အထက်သို့ရွေ့သွားနိုင်သည်ကို ဝေ့ထင်တွေ့လိုက်ရသည်။


" ကိုယ်​အရင် ကင်းထောက်ကြည့်လိုက်မယ် ..."


စုမုန့်၏ အဖြေကိုစောင့်မနေတော့ဘဲ အထဲသို့ တည့်တည့်ဝင်သွားခဲ့သည် ။ တံခါး၏နောက်တွင် ကျဥ်းမြောင်းသော ဥမင်ရှိနေခဲ့သည် ။ကံကောင်းစွာဖြင့် ထိုအရာမှာ ကျောက်သားများဖြင့်သာပြုလုပ်ထားသောကြောင့် ဖုန်များမှလွဲ၍ ရှုပ်ထွေးနေသည့်အရာများမရှိပေ ။


ဝေ့ထင် အရှေ့သို့ တစ်လျှောက်လုံးလေးဘက်ထောက်သွားလိုက်သည် ။ ငါးမိနစ် ၊ ခြောက်မိနစ်ခန့်ကြာသောအခါ နောက်ဆုံးတွင် သူ၏အရှေ့၌ အလင်းရောင်ကို မြင်လိုက်ရသည် ။ သူအလင်းရောင်လာရာနောက်ကို လိုက်သွားပြီး နှစ်မိနစ်ခန့်လမ်းလျှောက်ပြီးအကြာတွင် အဆုံးသတ်နေရာသို့ သူရောက်ရှိလာခဲ့သည် ။ 


သူ၏ ခေါင်းအပေါ်နေရာတွင် အပေါက်ရှိနေခဲ့သည် ။ ဝေ့ထင်အပြင်သို့ ထောက်ပြီးကြည့်လိုက်သည် ။ သူအမှန်တကယ်အပြင်ကိုမြင်နေရသည် ။

သေးငယ်သောတံခါးပေါက်မှာ အပြင်သို့တိုက်ရိုက်ထွက်လို့ရနေခဲ့သည် ။


ဝေ့ထင်ထွက်လာပြီးပြီးချင်း သူ့တွင်နားဖို့ရန် အချိန်ပင်မရှိတော့ဘဲ တစ်ဖက်သို့ပြန်လှည့်ကာ ပြန်သွားခဲ့သည် ။


" ဘယ်လိုနေလဲ "


ဝေ့ထင်ပြန်ရောက်ရောက်ချင်း ဝမ်လဲ့မှာ စိတ်မရှည်စွာမေးလာခဲ့သည် ။ ဝေ့ထင်လမ်းကြောင်းရှာဖို့သွားနေသည့်အချိန်တွင် များစွာသော ကင်းခြေများတို့ တိုးဝင်လာခဲ့သည် ။ ကင်းခြေများတို့မှာ သူတို့ပထမဆုံးတွေ့ခဲ့တာနှင့် အလွန်ကွာခြားနေသည် ။ ထိုအရာမှာ သူတို့၏ ပင်ကိုယ်စရိုက်ပါပြောင်းလဲသွားသလိုပင် ။


အစပိုင်းတွင် ထိုသတ္တဝါများကို ဝမ်လဲ့မသတ်ချင်ခဲ့ပေ ။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ တစ်ကောင်ကို သတ်လိုက်လျှင်တောင် ပြဿနာဖြစ်လာနိုင်မှန်း သိနေသောကြောင့်ပင် ။ သို့သော် ဤကင်းခြေများတို့မှာ လက်မလျှော့ဘဲ သူ၏နောက်သို့လိုက်လာသော အကောင်အရေအတွက်မှာ တိုးလာခဲ့သည် ။ ဝမ်လဲ့တွင် ဤအကောင်များကို သေအောင်တက်နင်းရန်မှလွဲ၍ ရွေးစရာမရှိတော့ပေ ။


အကယ်၍ သေးငယ်သောတံခါးပေါက်၏နောက်တွင် သေဆုံးစေသောအဆုံးသတ်သာရှိလျှင် သူတို့အကုန်လုံးဒီနေရာမှာတင် သေသွားလိမ့်မည် ။


" မင်းရဲ့ပစ္စည်းတွေကို သိမ်း ... ကိုယ်တို့ထွက်သွားမယ် ... ဒီဥမင်က အပြင်ကို တိုက်ရိုက်ဖောက်ထားတာ ... "

 စုမုန့်၏အိတ်တွေကို ဝေ့ထင်သယ်လိုက်ပြီး သူမကို မေးလိုက်သည် ။


" လမ်းကအရမ်းမရှည်ပေမယ့် မင်းလက်ထောက်ပြီးသွားဖို့လိုတယ် ...လုပ်နိုင်ပါ့မလား ..."


" ကျွန်မအများကြီး သက်သာလာပါပြီ ... " 


စုမုန့် သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်သည် ။ ထိုအရာမှာ အဆင်ပြေနေသည် ။ နာကျင်မှုမှာ အတော်လျော့နည်းသွားပြီး သူမလက်ထောက်ပြီးသွားဖို့ ပြဿနာမဟုတ်တော့ပေ ။


" ဒါဆို ခင်ဗျားတို့နှစ်ယောက်ရှေ့ကနေသွား ... နောက်ကနေ ကျွန်တော်ကာထားမယ် ... " 


ဝမ်လဲ့ ပို၍ စဥ်းစားတတ်လာသည် ။ ဤကိစ္စမှာ သူတစ်ယောက်ထဲ၏အမှားသာဖြစ်ကြောင်း သူသိပြီး သူ၏နှလုံးသားထဲတွင် အနည်းငယ် တောင်းပန်ချင်စိတ်ဝင်နေခဲ့သည် ။ 


ဝေ့ထင်နှင့် စုမုန့်မှာ ဟိတ်ဟန်ထားမနေခဲ့ပေ ။ ဝေ့ထင်အရှေ့ကနေ လမ်းကိုဦးဆောင်ပြီး စုမုန့်မှာ အနောက်ကနေ အနီးကပ် လိုက်သွားခဲ့သည် ။ ဝေ့ထင် နှင့် စုမုန့် ဝင်သွားပြီဆိုတာကို တွေ့လိုက်ရသောအခါ သစ်သားချပ်ကိုယူပြီး မထွက်သွားခင် ဂူသင်္ချိုင်းခန်းအလယ်တွင်ရှိနေသော အခေါင်းကို ဝမ်လဲ့ နက်နဲစွာကြည့်နေလိုက်သည် ။


ထိုနေရာတွင် သူသတိမထားမိလိုက်သောအရာတစ်ခုရှိသည် ။ သူ သေးငယ်သောတံခါးမှတစ်ဆင့် ဝင်သွားပြီး ထိုအရာကို ထပ်ပိတ်လိုက်သောအခါ သူ၏လက်ထဲမှ သစ်သားပြားပေါ်တွင် အက်ကွဲရာပေါ်လာခဲ့သည် ။ထိုအက်ကွဲရာမှာ အလွန်ပါးလျပြီး အလွန်ရှည်လျားသည် ။  သို့သော် သစ်သားချပ်၏ အရောင်ကိုယ်တိုင်ကြောင့် တစ်ယောက်ယောက်ကသာ သေချာမကြည့်မိလျှင် သူတို့၎င်းကို လုံးဝသတိထားမိလိမ့်မည် မဟုတ်ပေ ။


အပြင်သို့ထွက်သည့်လမ်းတစ်လျှောက်တွင် ဘာမတော်တဆမှုမှ ထပ်မရှိတော့ဘဲ သုံးယောက်စလုံး မြေပြင်ပေါ်သို့ အောင်အောင်မြင်မြင် ရောက်ရှိခဲ့သည် ။


စုမုန့် စိတ်သက်သာရာရစွာ သက်ပြင်းအရှည်ကြီးချလိုက်သည် ။ နောက်ဆုံးတွင် ထိုအရာက ပြီးဆုံးသွားခဲ့သည် ။  ကြည့်ရတာ သူတို့သာ လုံလောက်သောပိုက်ဆံမပေးလျှင် တူညီသောအလုပ်မျိုးကို သူမလက်ခံမိတော့မည်မဟုတ်ပေ ။


ဤကိစ္စမှာ မခက်ခဲသော်လည်း ထိုအရာမှာ အနည်းငယ်​ပြဿနာရှိသည် ။ ထို့နောက် ၎င်းကိုကိုင်တွယ်ရသောအခါတွင် ဝမ်လဲ့၏နမော်နမဲ့နိုင်မှုကြောင့် သူ​ပြဿနာများကို ဖြစ်စေခဲ့သည် ။


ဝေ့ထင်ကို သူမကြည့်လိုက်ပြီး ဤတစ်ကြိမ်မှာ ဝေ့ထင်တစ်လမ်းလုံးလိုက်ပါလာပေးသော ကျေးဇူးကြောင့်သာဖြစ်ကြောင်း စုမုန့်တွေးမိခဲ့သည် ။ထိုသို့မဟုတ်လျှင် သူမနှင့် ဝမ်လဲ့နှစ်ယောက်ထဲသာဆိုပါက ပြဿနာကိုဖြေရှင်းရန် ခက်ခဲလိမ့်မည် ။


" ကျေးဇူးပါပဲ " 


စုမုန့် သူ့ကို ရိုးသားစွာကျေးဇူးတင်လိုက်သည် ။


ဝေ့ထင် အေးစက်စွာခေါင်းညိတ်ပြလိုက်သော်လည်း ဘာမှမပြောခဲ့ပေ ။ စုမုန့် စိတ်ထဲမထားပေ ။ ဝေ့ထင်၏ပုံစံမှာ အမြဲတမ်းဤကဲ့သို့သာ ဖြစ်ပြီး သူမ ထိုအရာကိုနေသားကျနေခဲ့သည် ။ သူမ၏ ကျေးဇူးတင်ခြင်းကို သူဂရုမစိုက်တာဖြစ်နိုင်သည် ။


ဝမ်လဲ့ ထွက်လာလာချင်း ပထမဆုံးလုပ်သောအရာမှာ အပြင်ဘက်ရှိ နေရောင်ကိုခံစားခြင်းသာ ဖြစ်သည် ။ထိုအရာမှာ တကယ့်ကို အံ့သြဖွယ်ဖြစ်ရပ်ပင် ။သူ့​ပြဿနာများကို စုမုန့်ကူညီပေးပြီးနောက် ဖိနှိပ်ချုပ်ခြယ်ခံရသော ခံစားချက်မှာပျောက်ကွယ်သွားပြီး သူသက်သောင့်သက်သာဖြစ်လာခဲ့သည် ။


ကြည့်ရတာ တကယ်ကို သူမကောင်းသည့်ကံများကို ဖယ်ရှားပြီးသွားသည့်ပုံပင် ။ 


နေဝင်ခါနီးဖြစ်သည် ။သူဖုန်းကိုထုတ်လိုက်ကာ အချိန်ကိုကြည့်လိုက်သည် ။ အချိန်မှာ ၄နာရီပင် ကျော်နေပြီဖြစ်သည် ။ သူတို့ဒီလောက်အကြာကြီး ဂူသင်္ချိုင်းထဲမှာ ရှိနေခဲ့တာလား ...နေ့တစ်ဝက်လောက်သာကြာခဲ့မည်ဟု သူထင်နေခဲ့တာဖြစ်သည် ။


နေရောင်ခြည်ကိုခံစားနေသောဝမ်လဲ့မှာ ဝေ့ထင်ကို စုမုန့်မှ ကျေးဇူးတင်စကားပြောနေတာကို ကြားလိုက်ရသည် ။ သူစုမုန့်ကိုရော ဝေ့ထင်ကိုပါ ရိုးသားစွာ ကျေးဇူးတင်လိုက်သည် ။


" ဆရာမ ...ဥက္ကဋ္ဌ ဝေ့ အရမ်းကျေးဇူးတင်ပါတယ် ... ခင်ဗျားတို့ကြောင့်သာမဟုတ်ရင် အိမ်မှာပဲ ကျွန်တော့်ရဲ့အသက်ပါ ပျောက်သွားမှာ ကြောက်ရတယ် ...မစိုးရိမ်ပါနဲ့ ... ကျွန်တော်ခင်ဗျားတို့ကို သေချာပေါက် ပြန်ပေးဆပ်ပါ့မယ် ... " 


" ကျွန်မတို့ပြန်ရောက်တဲ့အခါမှ ပြန်ပေးဖို့အကြောင်းပြောကြတာပေါ့ ...အခုဒီနေရာကနေ အမြန်ဆုံးထွက်သွားရအောင် ... " 


စုမုန့် တစ်ဖက်သို့လှည့်လိုက်ပြီး သူတို့လာခဲ့သော ဘက်ကိုသာတိုက်ရိုက်လျှောက်သွားလိုက်သည် ။ မကြာခင်နေဝင်တော့မည်ဖြစ်ပြီး ဤနေရာတွင် ဆက်နေဖို့မကောင်းတော့ပေ ။


စုမုန့် သူမ၏ပုခုံးတို့ကို နှိပ်လိုက်သည် ။ သူမ၏ ခန္ဓာကိုယ်အပေါ်တစ်ခြမ်းလုံး နာကျင်နေခဲ့သည် ။ကြည့်ရတာ သူမဟိုတယ်သို့ပြန်ရောက်ရောက်ချင်း အဝတ်လဲဖို့ လိုသည့်ပုံပင် ။သူမ၏ ဒဏ်ရာဘယ်လိုနေလဲ မသိပေ ။


သူမလမ်းလျှောက်နေစဥ် သူမ၏နောက်ကို အာရုံမစိုက်ခဲ့ပေ ။ သူမ၏ အတွေးထဲတွင် နစ်မြောနေစဥ် လက်တစ်ဖက်မှာ သူမ၏ခါးကို ဖက်လာခဲ့ပြီး သူမ မတုံ့ပြန်လိုက်နိုင်ခင် မချီခံလိုက်ရသည် ။


" အယ် " 


စုမုန့် ထိတ်လန့်သွားခဲ့သည် ။ သူမခေါင်းကိုလှည့်လိုက်သောအခါ ဝေ့ထင်ဖြစ်နေတာကို တွေ့လိုက်ရသည် ။


" မင်းရဲ့ဒဏ်ရာနည်းနည်းဟနေပြီ " 


ဝေ့ထင် အရေးပါသောရှင်းပြချက်ကိုပေးလိုက်ပြီး စုမုန့်ကို သူ၏လက်မောင်းထဲတွင် သယ်ထားကာ ရှေ့ဆက်လျှောက်သွားလိုက်သည် ။


ဒီတစ်ကြိမ်တွင် သူတို့တောင်ကုန်းအောက်ကို ပြန်ဆင်းဖို့လိုသည် ။ သူကိုယ်တိုင်မဆင်းခင် ဝေ့ထင် တောင်တက်ကြိုးကိုအသုံးပြုကာ စုမုန့်ကို အောက်သို့အရင်ချပေးလိုက်သည် ။သုံးယောက်သား ဟိုတယ်သို့ ချောချောမွေ့မွေ့ ပြန်မောင်းသွားခဲ့ကြသည် ။ သူတို့ရောက်ရောက်ချင်းတွင် ကောင်းကင်မှာ အနည်းငယ်မှောင်နေပြီ ဖြစ်သည် ။


စုမုန့်ကို ဝေ့ထင် သူမ၏အခန်းထဲသို့ပြန်သယ်သွားပေးခဲ့သည် ။ဝမ်လဲ့ သူ၏အခြေအနေကို ကောင်းကောင်းဂရုပြုမိပြီး သူတို့နှစ်ယောက်ကို မနှောင့်ယှက်နေတော့ပေ ။ သူ၏အခန်းကိုသာ တစ်ယောက်ထဲပြန်သွားခဲ့သည် ။


" ကျေးဇူးပါပဲ  ဥက္ကဋ္ဌဝေ့...ဒါပေမယ့် ကျွန်မတို့ပြန်ရောက်ပြီဆိုတော့ ကျန်တာကို ကျွန်မဆက်ကိုင်တွယ်နိုင်ပါတယ် ...ရှင်ပြန်ပြီး နားလို့ရပါတယ် ... " 


ဝေ့ထင်ထိုတံခါးဝတွင် ရပ်နေပြီး ပြန်သွားဖို့ အစီစဥ်မရှိတာကိုတွေ့ရသောအခါ စုမုန့်သူ့ကို သတိပေးလိုက်သည်။


" မင်းရဲ့ ဒဏ်ရာက ကုသဖို့လိုသေးတယ် ... မဟုတ်ရင် ပိုးဝင်သွားလိမ့်မယ် ... " 


ဝေ့ထင် ဂရုမမူသလိုပြောလိုက်သည် ။


" ကျွန်မရဲ့ ဒဏ်ရာက အဆင်ပြေပါတယ် ...ကျွန်မတို့အာလုံးပြီးပြတ်အောင်လုပ်ပြီးသွားပြီဆိုတော့ မနက်ဖြန်ပြန်လို့ရပြီ ... ဒီတစ်ကြိမ် ရှင်ကျွန်မကို ကူညီခဲ့တယ် ...ဒါကြောင့် ကျွန်မရတဲ့ ဆုလာဘ်ကိုရှင့်ကို ခွဲပေးပါ့မယ် ... " 


ဝေ့ထင်ကို စုမုန့် ငြင်သာစွာတွန်းလိုက်ပြီး သူထွက်သွားအောင်ကြိုးစားနေခဲ့သည် ။


သူမတွန်းသည့်အတိုင်း ဝေ့ထင်အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး တံခါးဆီသို့လျှောက်သွားလိုက်သည် ။


စုမုန့်၏ ဒဏ်ရာမှာ ပြင်းထန်လား မပြင်းထန်ဘူးလားဆိုတာကို သူလည်းခံစားမိနေသောကြောင့် ဝေ့ထင်ကောင်းကောင်းသိနေခဲ့သည် ။သူမ၏ ရင်ဘက်နှင့် နောက်ကျောမှာ မချိမဆံ့နာကျင်နေခဲ့သည် ။ သူမ မနာကျင်ဘူးဟုပြောသည့်အချိန်က စုမုန့်လိမ်ပြောနေခဲ့သည် ။


စုမုန့် အဆင်ပြေနေသလိုမျိုး အလွန်ကိုစိတ်ရှည်နေလိမ့်မည်ဟု ဝေ့ထင်မမျှော်လင့်ခဲ့ပေ ။



xxxxxx