Chapter 167
ဝေ့ထင် သူမကို ဖော်ထုတ်ဖို့ မလုပ်ခဲ့ပေ ။ စုမုန့်အမြဲတမ်း သူ့ကို သတိဖြင့် ကာကွယ်ထားတတ်မှန်း သူသိသည် ။ ထို့ကြောင့် စုမုန့် သူ့ကို နောက်ထပ်တွန်းထုတ်လာသောအခါ နောက်ဆုံး၌ သူလှည့်ထွက်လာခဲ့သည် ။
ဝေ့ထင်ထွက်သွားတာကို တွေ့ရသောအခါ စုမုန့်သက်ပြင်းချလိုက်သည် ။ သူမ မျက်နှာတည်မထားနိုင်တော့ပေ ။ သူမ သွားတင်းတင်းစေ့ကာ အဝတ်အစားများကို ချွတ်လိုက်သည် ။ ထို့နောက် မှန်ထဲမှ သူမ၏ ဒဏ်ရာများကို ကြည့်လိုက်သည် ။
သေချာပေါက်ပင် လေကာမှ ကျိုးပဲ့ပြီး သူမ၏ ရင်ဘက်ကို ဒဏ်ရာဖြစ်ခဲ့သော အနာများမှာပြန်ပွင့်နေခဲ့သည် ။အရှေ့ရှိ ဒဏ်ရာများအပြင် အနောက်ဘက်တွင်လည်း ဒဏ်ရာများရှိနေသေးသည် ။
စုမုန့် သူမ၏နောက်ကျောကို လှည့်ကြည့်လိုက်သည် ။ သူမ၏ချောမွေ့သောကျောပြင်တွင် ပုခုံးမှတစ်ဆင့်နိမ့်ဆင်းလာသော လက်မအရွယ်အမာရွတ်ရှိသည် ။ ထိုနေရာတွင် သွေးထွက်နေဆဲ ဖြစ်သည် ။
ကြောက်စရာကောင်းသော အနာကို စုမုန့်ကြည့်လိုက်ပြီး အနည်းငယ်ကိုးရိုးကားယားနိုင်သလို ခံစားလိုက်ရသည် ။ ကြည့်ရတာ သူမပြန်မသက်သာခင် အနားယူဖို့လိုသည့်ပုံပင် ။ အချိန်က ငွေပဲဖြစ်သည် ။ သူမဘယ်လောက်တောင် ငွေတွေဆုံးရှုံးသွားမည်လဲ ။ ထိုအရာကို တွေးရင်းနှင့်ပင် သူမ၏ နှလုံးက နာကျင်လာရသည် ။
သူမ ပိုးသတ်ဆေးနှင့် အနာလိမ်းဆေးကို ယူလာခဲ့လိုက်တာ ကောင်းသွားသည် ။မဟုတ်လျှင် ဤကဲ့သို့ဝေးလံသောနေရာတွင် ဆေးဝယ်ဖို့ရန် ပြဿနာရှိလာလိမ့်မည် ။ အကယ်၍ ထိုဒဏ်ရာကို အချိန်မီ မကုသလျှင် ထိုဒဏ်ရာက ရောင်ရမ်းလာလိမ့်မည် ။
ဂူသင်္ချိုင်းထဲတွင် သူမ၏ ဒဏ်ရာကို ကုသရန် အခွင့်အရေးမရခဲ့ပေ ။ သို့သော် ယခုတွင် သူမအဆင်ပြေသွားပြီး ထိုအရာကို ဂရုစိုက်နိုင်ပြီဖြစ်သည် ။
စုမုန့် ဆေးမထည့်ခင် အရင်းဆုံး ရေချိုးဖို့ဆုံးဖြတ်လိုက်သည် ။ ရေချိုးခန်းအပြင်ဘက်တွင် အရင်ဆုံး ရေချိုးဝတ်ရုံကိုလဲလိုက်ပြီးနောက်မှ ဆေးကြောသန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည် ။ သင်္ချိုင်းထဲတွင် သူမတစ်နေ့လုံးနီးပါး အလုပ်များနေခဲ့ပြီး ဖုန်များပေကြံနေခဲ့သည် ။ထိုအရာမှာ သည်းမခံနိုင်လောက်အောင် ညစ်ပတ်နေသည် ။
စုမုန့် ရေပန်းကိုဖွင့်လိုက်သည် ။ သူမ၏ ခန္ဓာကိုယ်ကို သန့်စင်သောအခါတွင် ဂရုတစိုက် သူမ၏အနာကို ရှောင်ရှားလိုက်သည် ။
သူမ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ခန္ဓာကိုယ်ကို ဆေးကြောဖို့အချိန်အတော်ကြာယူလိုက်ရသည် ။သူမ ပြီးစီးသွားသောအခါ အနာလိမ်းဆေးကို ထုတ်ပြီး လိမ်းဖို့ ပြင်ဆင်ထားလိုက်သည် ။
သို့သော် ဤအချိန်တွင် ခက်ခဲသော ပြဿနာတစ်ခုရှိနေသည် ။ အရှေ့ရှိ ဒဏ်ရာများကို သူမကိုယ်တိုင် ကုသနိုင်သော်လည်း အနောက်ကဒဏ်ရာများကို ဘယ်လိုလုပ်ရမည်နည်း ။ ဟိုတယ်တစ်ခုလုံးတွင် အဖွားအိုတစ်ယောက်ထဲရှိမှန်း တွေးမိပြီး သူမအနည်းငယ် ကသိကအောက်မဖြစ်ဘဲ မနေနိုင်ပေ ။ ထိုအဘွားအိုမှာ ပြောရဆိုရလွယ်မည့်သူနှင့်တော့ မတူပေ ။ထိုအဘွားအိုက သူမကို ကူညီပေးပါ့မလား ။
စုမုန့် သူမဖုန်းကိုထုတ်ကာ တစ်ချက်ကြည့်လိုက်သည် ။ ဘာလိုင်းမှ မမိသေးပေ ။
မေ့လိုက်ပါတော့ ။ အပြင်ဘက်က အကူအညီကို ရဖို့ကလည်း မဖြစ်နိုင်သလို သူမကိုယ်တိုင်လည်း မကိုင်တွယ်နိုင်ဘူး။ ကြည့်ရတာ သူမ အဖွားအိုကိုရှာဖို့သာ တတ်နိုင်တော့မယ့်ပုံပဲ ။
သူမ သန့်ရှင်းသောအဝတ်များကို လဲပြီးသောအခါ စုမုန့် ညည်းတွားလိုက်ပြီး အောက်သို့ဆင်းသွားခဲ့သည် ။ ဝေ့ထင်၏ တံခါးမှ သူမဖြတ်သွားသောအခါ တံခါးမပိတ်ထားတာကို သတိထားမိသွားသည် ။ စုမုန့်အထဲသို့ကြည့်လိုက်ပြီး ဝေ့ထင်ကို မတွေ့ရပေ ။သို့သော် သူ၏ပစ္စည်းများကတော့ အထဲတွင် ရှိနေသည် ။
သူထွက်သွားပြီလား သို့မဟုတ် ရေချိုးနေလားဆိုတာကိုတော့ သူမ မသိပေ ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ပါစေ ထိုသို့ဆိုလျှင် ပစ္စည်းများပျောက်ရှဖို့လွယ်ကူသည် ။
ယခင်က သူမကို သူကူညီပေးခဲ့တာကြောင့် သူ့အတွက် ကူညီပြီး စုမုန့် တံခါးပိတ်ပေးလိုက်သည် ။
ဝေ့ထင်အတွက် တံခါးပိတ်ပြီးသွားသောအခါ အောက်ထပ်သို့ စုမုန့် စိတ်အေးအေးဖြင့် ဆင်းသွားလိုက်သည် ။ သို့သော် ဓါတ်လှေကားမှာ ပထမထပ်သို့ရောက်သောအခါ သူမ မထွက်ခင် မေးမြန်းနေသည့် အသံကိုကြားလိုက်ရသည် ။
" အဲ့ဒီ ရူးနေတဲ့မိန်းမကိုပဲ ခင်ဗျားကြည့်နေတော့မှာလား ... ကျွန်တော်ကလည်း ခင်ဗျားရဲ့ သားပါပဲ ... ခင်ဗျား ကျွန်တော်နဲ့ လုံးဝအဆက်ဖြတ်လိုက်ဖို့ စီစဥ်နေတာလား... "
ဓါတ်လှေကားတံခါးပွင့်သွားသောအခါ စုမုန့်အပြင်ထွက်ပြီး အသံလားရာဘက်ကို ကြည့်လိုက်သည် ။ ဧည့်ကြိုခန်း၏ ဆိုဖာပေါ်တွင် လူလတ်ပိုင်းအမျိုးသားတစ်ယောက် ထိုင်နေသည် ။
စားပွဲအရှေ့ရှိ မျက်လုံးများနီရဲနေသောအဖွားအိုကို ထိုလူမှ မေးခွန်းများမေးနေရင်း စိတ်ကောင်းဝင်နေသည့်ပုံမပေါ်ပေ ။
" မဟုတ်ဘူး ... ငါမလုပ်ပါဘူး ... "
အဖွားအိုမှာ သူ၏လက်များကို တင်းတင်းဆုပ်လိုက်ပြီး ခေါင်းငုံ့ထားကာ တစ်ဖက်လူကို မကြည့်ရဲခဲ့ချေ ။ သူမမှာ ဆိုဆုံးမခံနေရသော ကလေးတစ်ယောက်လိုဖြစ်နေသည် ။
သူမ ကောင်တာ၏အရှေ့တွင် ခါးကုန်းကုန်းဖြင့် ရပ်နေခဲ့သည် ။သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ရီနေပြီး စိတ်လှုပ်ရှားကာ အနည်းငယ်ကြောက်ရွံ့နေပုံပေါ်သည် ။
" မဟုတ်ဘူးလား ... ခင်ဗျားဒီလောက်ထိလုပ်ခဲ့တာတောင် မဟုတ်ဘူးလို့ပြောနိုင်သေးတာလား ...ကျွန်တော့်အထင်တော့ ခင်ဗျားက ကျွန်တော့ကို သားတစ်ယောက်အဖြစ် အသိအမှတ်မပြုချင်တာပဲ ...ဒါပေမယ့် ခင်ဗျားကို ထောက်ပံ့ပေးအောင် ကျုပ်အပေါ်မှာ ကောင်းပြနေတာပဲ ... ခင်ဗျားက ဘယ်လိုဇာတ်လမ်းဆင်ရမလဲ ဆိုတာပဲ သိပြီး တစ်ကယ့်အကျိုးအမြတ်တွေကိုတော့ ခင်ဗျားရဲ့ ရူးသွပ်နေတဲ့ သမီးကိုပဲပေးနေတာ ...
" အဲ့လိုမပြောနဲ့ ...သူက မင်းရဲ့အစ်မပဲ ..."
ထိုလူကို အဖွားအိုက ပြုပြင်ပေးလိုက်သည် ။
သို့သော် သူမ၏စကားလုံးတို့ကို ထိုလူကကြားသောအခါ သူပိုပြီးဒေါသထွက်လာခဲ့သည် ။ သူရုတ်ချည်း ထရပ်လိုက်ပြီး အဖွားအိုဆီသို့ လျှောက်သွားကာ အော်လိုက်သည် ။
" အစ်မတဲ့လား ...သူမက ဘယ်လိုအစ်မမျိုးလဲ ...ခင်ဗျားမှာ ကျွန်တော့်လို ပုံမှန်သားတစ်ယောက်ရှိတယ် ...ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို မလိုချင်ဘူး ...အဲ့ဒီ အရူးမကိုပဲ ခင်ဗျားက ပျိုးထောင်နေခဲ့တာ ... အဲ့ဒါပြီးတော့ ခင်ဗျားကဘာလဲ ... ကျွန်တော့်ကို ခင်ဗျားက အရူးဖြစ်စေချင်နေတာလား ...ပိုကြီးကြည့်ရဆိုးသွားစေချင်နေတာလား ... ဒါမှမဟုတ် အဲ့ဒါက သူမ ဖျားနာနေတာကြောင့်လား ..."
ထိုလူမှာ အလွန်စိတ်ဂနာမငြိမ်ဖြစ်နေပြီး လှုပ်ရှားမိမလိုဖြစ်နေတော့သည် ။
အဖွားကို ရိုက်ဖို့ သူလက်မြှောက်လိုက်သော်လည်း လေထဲတွင် တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားခဲ့သည် ။ အဆုံးတွင် သူမကို သူ မရိုက်ခဲ့ပေ ။ထိုအဖွားအိုမှာ သူ၏အမေဖြစ်နေသောကြောင့် ဖြစ်နိုင်ပြီး သူအလွန်ဒေါသထွက်နေသော်လည်း အဆုံးတွင် သူ့ကိုယ်သူသာ ပြန်ရိုက်ခဲ့သည် ။
သူမအလွန်ဝေးဝေးမှာ ရောက်နေသော်လည်း စုမုန့် ရိုက်နေသောအသံများကို ကြားနေရသည် ။၎င်းမှာ ထိုလူက သူ့ကိုယ်သူဘယ်လောက်ပြင်းပြင်းရိုက်နေလဲဆိုတာ ထင်ရှားသည် ။
ထိုလူမှာ သူ့ကိုယ်သူနှိပ်စက်နေသလိုမျိုး ထပ်ရိုက်ခဲ့သည် ။ သို့သော် အဖွားအိုမှာ သူ၏တုန်ရီနေသောလက်ကိုမြှောက်ပြီး သူ့ကိုတားခဲ့သည် ။
" ငါတောင်းပန်ပါတယ် ...ငါတောင်းပန်ပါတယ် ... မင်းကို စိတ်ပျက်စေမိတာက အမေပါ ...မရိုက်ပါနဲ့ ..."
အဖွားအိုမှာ ထစ်ငေါ့စွာပြောလိုက်သည် ။
" ခင်ဗျားကျွန်တော့်ကို တစ်ကယ်ချစ်ရင် ဒီဟိုတယ်ကို အဲ့ဒီအရူးမကိုမဟုတ်ဘဲ ကျွန်တော့်ကိုပေးလိုက်ပါ ...သူမက ရူးနေပြီး မိန်းမတစ်ယောက်ပဲ ...သူမက ဘာလို့ မိသားစုကြီးရဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ခံရမှာလဲ ... "
" လိုက်မေးကြည့်လိုက် ...ဘယ်မိသားစုက သူတို့ရဲ့ပစ္စည်းဥစ္စာတွေကို သူတို့ရဲ့သားတွေကို မထားပေးခဲ့လို့လဲ ...ကျွန်တော်တို့ မိသားစုပဲမလုပ်တာ ... ဒီကိစ္စသာပေါက်ကြားသွားရင် ကျွန်တော်တို့အလှောင်ခံရလိမ့်မယ် ... "
သူတို့ အငြင်းပွားနေတာကို စုမုန့် ဓါတ်လှေကားရှေ့တွင် လက်ပိုက်ပြီး ကြည့်နေခဲ့သည် ။ ထိုလူ၏ စကားလုံးများကို ကြည့်ပြီးမှသာ သူတို့ဘာတွေအငြင်းပွားနေသလဲဆိုတာကို သူမ သိသွားခဲ့သည် ။ မိသားစု၏ ပိုင်ဆိုင်မှု အမွေအနှစ်အကြောင်းကို အငြင်းပွားနေကြခြင်းပင် ။
အကြီးများ၏ပိုင်ဆိုင်မှုကို လိုချင်စိတ်ပြင်းပြနေသော ကလေးများကို စုမုန့် မုန်းသော်လည်း ဤလူနှစ်ယောက်ကြားက ကိစ္စကိုတော့ သူမဘာမှမှတ်ချက်မပေးလိုပေ ။ အဘယ်ကြောင့်ဆိုသော် သူမဇာတ်လမ်းတစ်ဝက်ကိုသာ ကြားခဲ့ရပြီး ကိစ္စတစ်ခုလုံးကို နားမလည်သေးပေ ။
ထို့နောက် ဤကိစ္စမှာ သူတို့၏မိသားစုကိစ္စသာဖြစ်ပြီး ပါဝင်ပက်သက်ချင်လိုစိတ်လည်းမရှိပေ ။
ကြည့်ရတာ သူမ အဖွားအိုကို အကူအညီတောင်းဖို့မေးနိုင်တော့မည့်ပုံမပေါ်ပင် ။ သူမ၏ နောက်ကျောကဒဏ်ရာကို ယခုတွင် ချန်ထားဖို့သာရှိပြီး မနက်ဖြန် သူမပြန်ရောက်မှ ကုသရလိမ့်မည် ။
သို့သော်လည်း အနာက တကယ်နာနေသည် ။ ဒဏ်ရာပိုးမဝင်သွားဖို့သာ သူမမျှော်လင့်ရတော့မည် ။
စုမုန့် သက်ပြင်းချလိုက်ပြီး သူမ၏အခန်းကိုပြန်ရန် ဓါတ်လှေကားခလုတ်ကို ထပ်နှိပ်လိုက်သည် ။ ထိုလူမှာ အဖွားအိုထက် သူ့ကိုယ်သူသာ ပြန်ရိုက်လိုခဲ့သည် ။ကြည့်ရတာ ထိုလူက ကျေးဇူးမသိတတ်သောကလေးနှင့် မတူပေ ။ ထို့ကြောင့် အဖွားအို၏လုံခြုံရေးကို စုမုန့် စိတ်ပူမနေတော့ပေ ။
ဓါတ်လှေကားတံခါးမှာ ပွင့်လာပြီး သူမခြေလှမ်းလှမ်းလိုက်သည့်အချိန်တွင် ထိတ်လန့်စရာကောင်းသော စကားကို စုမုန့် ကြားလိုက်ရသည် ။
ထိုလူမှာ သူ၏သွားများကို တင်းတင်းစေ့ပြီး ပြောလာခဲ့သည် ။
" အဖွားကြီး ...ခင်ဗျားက ကျွန်တော့်ကို ဟိုတယ်မပေးချင်ဘူးဆိုမှတော့ ဘယ်သူ့ကိုမှလည်း ပေးမနေနဲ့တော့ ... ဒီဟိုတယ်ကိုပဲ ကျွန်တော်ဖျက်ဆီးလိုက်တော့မယ် ၊ ဟုတ်ပြီလား ...ကျွန်တော်က ကြံရာမရဖြစ်နေပြီဆိုမှတော့ ကျွန်တော်မသေခင် လူနည်းစုကို ဆွဲချသွားရင်တောင် ကျွန်တော့အတွက် ဆုံးရှုံးမှု မရှိပါဘူး ... "
ထိုအရာကို သူမကြားလိုက်ရသောအခါ စုမုန့် သူမ၏ခြေလှမ်းတို့ကို ပြန်ဆုတ်သွားခဲ့သည် ။ သူမ တစ်ဖက်သို့လှည့်လိုက်ပြီး မှန်ထဲမှ တစ်ဆင့်ထိုလူကိုကြည့်လိုက်သည် ။ သူမ၏ မျက်လုံးတို့တွင် အေးစက်မှုများပြည့်နေခဲ့သည် ။
ထိုလူက အမှန်ကိုပြောနေတာဟုတ်ရဲ့လားဆိုတာကို သူမ မသိပေ ။ သို့သော် သူထိုသို့ပြောလာကတည်းက စုမုန့် ဂရုစိုက်ဖို့လိုနေသည် ။
အဖွားအိုက သူမ၏သားအကြောင်းကောင်းစွာသိပုံရသည် ။ သူမ အကြံပေးလိုက်သည် ။
" မင်းအဖေ နဲ့ ငါက မင်းကိုအများကြီးပေးထားပြီးသွားပြီ ...ငါတို့ရဲ့ နောက်ဆုံးကျန်တဲ့ ဟိုတယ်ကို မင်းဘာလို့လိုချင်နေရတာလဲ ... ဒါက မင်းအဖေအသက်ရှိတုန်းက သူအနှစ်သက်ဆုံးဟိုတယ်ပဲ ...အမေက မင်းကိုတောင်းပန်ပါတယ် ... မင်းကြိုက်တာလုပ်လို့ရတယ် ... ဒါပေမယ့် ဒီဟိုတယ်ကိုတော့ မင်းအမေ့အတွက်ထားပေးလို့ရမလား ..."
သူမ၏ အသံကပင် ငိုတော့မလိုဖြစ်နေပြီး အဖွားအိုမှာ တကယ်စိုးရိမ်နေကြောင်း သိသာသည် ။
ထိုလူက လှောင်ရယ်လိုက်သည် ။
" ခင်ဗျားက ကျွန်တော့ကိုအားလုံးပေးခဲ့တာလား...ခင်ဗျားကျွန်တော့်ကို ပေးနိုင်တာဘာမို့လို့လဲ ... ပြီးတော့ ခင်ဗျားက ဒီဟိုတယ်ကို တကယ်ထိန်းသိမ်းထားချင်တာလား ...ခင်ဗျားကဒီဟိုတယ်ကို ခင်ဗျားရဲ့ရူးနေတဲ့သမီးအတွက် သိမ်းထားတယ်ဆိုတာ ရှင်းနေတာပဲ ...သူမက ဒီတိုင်းတစ်ယောက်ယောက်ကို လက်ထပ်လိုက်လို့ ရနေတာပဲ... "
" အနာဂတ်မှာ သူမလက်ထပ်သွားရင် ဟိုတယ်ကလည်း သူ့ရဲ့မိသားစုပိုင်နာမည်ကို ပြောင်းသွားလိမ့်မယ် ...အစကတည်းက ကျွန်တော့်ကို ပေးထားလိုက်တာက အကောင်းဆုံးပဲ ...အဖွားကြီး ...ကျွန်တော်ခင်ဗျားကို နောက်ဆုံးအခွင့်အရေးပေးမယ် ...ခင်ဗျား ဒီဟိုတယ်ကို ကျွန်တော့်ကိုပေးမလား ...မပေးဘူးလား ...ကျွန်တော်က ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့သူဆိုတာကို ခင်ဗျားသိတာပဲ ... တကယ်လို့ ခင်ဗျားကျွန်တော့်ကို မပေးဘူးဆိုရင် ဒီဟိုတယ်ကို ကျွန်တော်တကယ်ဖျက်ဆီးပစ်မယ် ..."
" မင်းမှာကြင်နာစိတ်မရှိဘူးလား ...မင်းရဲ့ ခေါင်းမာမှုကြောင့် ဒီဟိုတယ်ထဲက ဧည့်သည်တွေသေသွားတာကို တွေ့ရရင် မင်းဘာလုပ်မှာလဲ ... "
ထိုလူ၏ခြိမ်းခြောက်မှုက အဖွားအိုကို တကယ်ပဲသက်ရောက်မှုရှိသည် ။ သူမ အမှန်ပင် စတင်ငိုရှိုက်လာပြီး ထိုလူကို ဖျောင်းဖျရန်ကြိုးစားခဲ့သည်။
" အဲ့ဒါက ဧည်သည်တွေနဲ့ ဘာမှမဆိုင်ဘူး ...မလုပ်နဲ့ ...ရူးမိုက်တာတွေ ဘာမှမလုပ်ပါနဲ့ ... "
" ကောင်းပြီ ...ခင်ဗျားကျွန်တော့်ကို ဟိုတယ်ကိုမပေးချင်တာ ဒါမှမဟုတ် ရူးမိုက်တာတွေမလုပ်စေချင်ရင်လည်း အဆင်ပြေတယ် ...ဒါပေမဲ့ အဲ့အရူးနဲ့ ခင်ဗျားလုံးဝ အဆက်ဖြတ်ရမယ် ... "
ထိုလူ၏ ခံစားချက်မှာ အနည်းငယ်ငြိမ်သက်သွားပြီး ထပ်၍ အော်ဟစ်မနေတော့ပေ ။
စုမုန့် ဓါတ်လှေကား၏ရှေ့မှ သူတို့အငြင်းပွားနေတာကို နားထောင်ခဲ့သည် ။ ထောင့်နားရှိမှန်မှတစ်ဆင့် သူတို့၏ အမူအရာများကို သူမတွေ့နေရသည် ။ ဧည့်ကြိုခန်းနှင့် နားနေခန်းတစ်ဝိုက်ကြားတွင် ထောင့်တစ်နေရာရှိပြီး နှစ်ယောက်သားမှာ စကားများနေတာကိုသာအာရုံစိုက်နေသောကြောင့် မှန်ထဲမှ စုမုန့်ကို သူတို့မမြင်ခဲ့ပေ ။
ထိုလူ၏ နောက်ဆုံးစကားလုံးတို့ကို ကြားသောအခါ စုမုန့် မလှောင်ရယ်ဘဲမနေနိုင်ပေ ။
သူတို့ပြောနေသောစကားတွင် ရူးသွပ်နေသောမိန်းမဆိုသူမှာ သူ၏အစ်မပင်ဖြစ်လိမ့်မည် ။ ထိုလူမှာ အဖွားအိုကို သူမနှင့် အဆက်ဖြတ်စေချင်ပြီး ထို့နောက်တွင် ဤဟိုတယ်ကို သူလက်လျှော့လိမ့်မည် ။
သေချာပေါက်ပင် အဖွားအိုသာ ထိုသို့လုပ်ခဲ့ပါက သူမ၏သားသမီးဖြစ်သူမှာ ထိုလူတစ်ယောက်ထဲသာဖြစ်ကြောင်း အဓိပ္ပါယ်ဖြစ်သည် ။
အဖွားအိုမှာ အိုမင်းနေပြီဖြစ်သည် ။ တစ်နေ့မှာ သူမသေဆုံးသွားခဲ့လျှင် အမွေအနှစ်များမှာ ပုံမှန်အတိုင်း ထိုလူနှင့်ပဲ သက်ဆိုင်သွားမည်မဟုတ်လား ။ သူထပ်ပြီး တိုက်ခိုက်နေရန် မလိုတော့ပေ ။ ၎င်းမှာ တကယ်ကောင်းသော အစီအစဥ်ဖြစ်သည် ။
ဟိုတယ်ထဲတွင် ဧည့်သည်အရမ်းနည်းသောကြောင့်ဖြစ်နိုင်ပြီး ဧည့်ကြိုခန်းတွင် သူတို့နှစ်ယောက်သာရှိနေသည် ။
ထိုလူ တကယ်လွန်လွန်ကြွံကြွံတစ်ခုခုလုပ်လိုက်မှာကို အဖွားအိုကကြောက်နေခဲ့သည် ။ ထို့ကြောင့် သူမတုန်တုန်ရီရီဖြင့် တစ်ဖက်သို့လိုက်ကာ ဖုန်းခေါ်ဆိုဖို့လုပ်လိုက်သည် ။သို့သော် သူမ ဖုန်းကိုမထိလိုက်နိုင်ခင် ထိုလူမှာ သူမထက် ခြေတစ်လှမ်းဦးနေပြီး ဖုန်းကိုအဝေးသို့ ယူသွားခဲ့သည် ။
ထိုမျှသာမက အဖွားအို၏အပြုအမူကို ထိုလူက အလွန်မနှစ်မြို့နေပုံပေါ်သည် ။ ဖုန်းကို အဝေးသို့ယူသွားပြီးနောက် ရှေ့သို့လှမ်းကာ အဖွားအိုကို တွန်းထုတ်လိုက်သည် ။
အဖွားအိုမှာ အစကတည်းက ပိန်နေပြီး ထိုလူထံမှ အတွန်းခံလိုက်ရသောအခါတွင် သူမ တိုက်ရိုက်ပဲ ပြုတ်ကျသွားခဲ့သည် ။
xxxxxxxx