ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၄၉)
ရွှီချင်းတစ်ကိုယ်လုံးမှာ လီချန်ဖုန်းအောက်တွင် အဖိခံလိုက်ရပြီး သူတို့လက်တွေကိုလည်း တွဲယှက်ထားကာ ခေါင်းပေါ်မြှောက်ထားလိုက်ရာ အလင်းရောင်ဖျော့ဖျော့အောက်၌ လီချန်ဖုန်းက ရွှီချင်းရဲ့ ရင်ဘတ်ပေါ်မှ ကြက်သွေးရောင်အစက်လေးနှစ်စက်ကို ရှင်းလင်းစွာ မြင်နိုင်ပြီး ကြည့်ရုံနဲ့တင် သူ့လည်ချောင်းတွေ ခြောက်လာသလို ခံစားလိုက်ရသည်။ ရွှီချင်းရဲ့ မျက်လုံးတွေက ရွှန်းစိုတောက်ပနေပြီး သူရဲ့ရင်ဘတ်ကို နည်းနည်းမြှင့်၍ သူ့ခင်ပွန်းသည်ရဲ့ ပါးစပ်နှင့် ပိုနီးအောင် တိုးကပ်ပေးလိုက်လေသည်။
လီချန်ဖုန်းမှာ ရွှီချင်းရဲ့ ရုတ်တရတ် စိတ်အားထက်သန်မှုကို သဘောကျသွားလျက်၊ သူ့ပါးစပ်ကိုဖွင့်ကာ သူ့နှုတ်ခမ်းနှင့် သွားတွေကို သူ့အောက်ရှိ လူရဲ့လည်တိုင်မှတစ်ဆင့် ဘယ်ဘက်မှအနီရောင်အစက်လေးအား သူ့လျှာနှင့်ထိတွေ့သွားသည်အထိ ဖြည်းညှင်းစွာ အောက်ဘက်သို့ ရွေ့လျားလာလေ၏။ ထိုအရာလေးအား သူ့ပါးစပ်နှင့် စုပ်ယူနေကာ မွေ့လျော်နေပေသည်။
ရွှီချင်းမှာ သူ့ရင်ဘတ်မှ စိုစွတ်ယားယံနေတဲ့ ခံစားချက်ကြောင့် အလိုအလျောက်ပင် သူ့ခေါင်းအား အနောက်ဘက်သို့စောင်းလိုက်၏။ လီချန်ဖုန်းလည်း သူ့လှုပ်ရှားမှုအတိုင်းလိုက်၍ သူ့ပါးစပ်ထဲမှာ အနီရောင်အစက်တစ်ခုလုံးကို စုပ်ယူကာ ခပ်ပြင်းပြင်းကိုက်လိုက်လေသည်။ ရွှီချင်းလည်း ညည်းသံတွေမထွက်သွားရအောင်လို့ သူ့နှုတ်ခမ်းလေးကို ကိုက်ထားရလျက်။
သူ့ရဲ့အမူအရာတွေကို အာရုံစိုက်နေတဲ့ ထိုလူကတော့ သူ့လှုပ်ရှားမှုကို အရှိန်မြှင့်လိုက်ပြီး ထပ်ခါထပ်ခါ ထိပ်ကလေးကို တမင်တကာ အသံထွက်အောင်စုပ်လျှက်ကာ စနောက်နေသည်မှာ ရွှီချင်းကို ကျေနပ်သာယာဖွယ်ညည်းညူသံလေးတွေ ထွက်လာစေရန် ဇွတ်လုပ်ချင်နေသည့်နှယ်။
ရွှီချင်းလည်း တဖြည်းဖြည်းနှင့် တစ်ဖက်တည်းကို နှိုးဆွပေးနေတာကို မကျေမနပ်ဖြစ်လာ၍ သူ့လိုအင်ဆန္ဒကို တိတ်တဆိတ်ဖော်ပြလိုစွာ လီချန်ဖုန်းကို ကြည့်လိုက်၏။ လီချန်ဖုန်းရဲ့ မျက်လုံးတွေက တဖျပ်ဖျပ်လှုပ်သွားကာ ရွှီချင်းခါးမှာ တင်ထားတဲ့လက်ကို ရွှေ့၍ တစ်ခြားတစ်ဖက်ပေါ်က အစက်ကလေးကို ညင်သာစွာ နူးညံ့စွာ ပွတ်သပ်ပေးလိုက်လေသည်။ ရွှီချင်းမှာ မျက်လုံးတွေကို တင်းတင်းပိတ်၍ နှုတ်ခမ်းကို တင်းတင်းစေ့ကာ လီချန်ဖုန်းခေါ်ဆောင်သွားတဲ့ ရမ္မက်ပင်လယ်ထဲမှာ နစ်မြုပ်သွားပြီးဖြစ်လျက်။
သို့သော်လည်း လီချန်ဖုန်းက ဒီလိုမျိုးပွတ်သီးပွတ်သပ်အခြေအနေနှင့် တင်းတိမ်ပုံမရ၊ သူ့လက်ကို ပြန်ဆွဲထုတ်ကာ ရွှီချင်းကိုယ်အားဖိလိုက်လေသည်။ ဤကဲ့သို့ ရုတ်ချည်း အသားချင်းထိတွေ့မှုကြောင့် ရွှီချင်းမှာ ပို၍ပင် နိုးကြွလာစေလျက်။ ရွှီချင်းက သူ့ခန္ဓာကိုယ်ရဲ့ နူးညံ့မှုနှင့် မတူစွာပင် သူ့အပေါ်မှ လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ခံစားနိုင်လေ၏။ နှစ်ပေါင်းများစွာ လယ်လုပ်ထားတဲ့ လီချန်ဖုန်းမှာ သန်မာအားကောင်းတဲ့ ခန္ဓာကိုယ်ရှိသဖြင့် ရွှီချင်းတောင့်တနေတတ်တဲ့ ဝမ်းဗိုက်ကြွက်သား၈ခုဆိုတာကို ပြောနေစရာတောင်လိုမနေဘူး။
အကြိုနှိုးဆွခြင်းအမှု ပြီးခါနီးမှသာ လီချန်ဖုန်းက ရွှီချင်းရဲ့ ခြေထောက်တွေကို ဖြန့်ကားစေကာ သူ့ခါးမှာ ရစ်ပတ်စေလိုက်ပြီးမှ သူ့ရဲ့မာကျောနေတဲ့ အဖွဲ့ဝင်ကြီးကို စိုရွှဲနေပြီဖြစ်တဲ့ ဝင်ပေါက်လေးဆီ တိုးဝင်လိုက်လေသည်။ သူ နည်းနည်းလေးသာ ဝင်လိုက်ပြီးနောက် ပြန်ဆွဲထုတ်ကာ၊ နောက်မှ အနည်းငယ် ထပ်၍ပိုတိုးဝင်လိုက်၏။ ထိုကဲ့သို့သော ထပ်ခါထပ်ခါ စနောက်နေခြင်းကြောင့် ရွှီချင်းမှာ ရူးသွပ်တော့မည့်ဆဲဆဲ။
ရွှီချင်းက လီချန်ဖုန်း သူ့ကိုယ်ထဲ ပိုဝင်လာစေရန်အတွက် လီချန်ဖုန်းရဲ့ ခါးမှာ ပတ်ထားတဲ့ သူ့ခြေထောက်တွေနှင့် အားထုတ်သုံးကာ သူ့ကိုယ်သူဆွဲလိုက်၏။ လီချန်ဖုန်းရဲ့ အပြည့်အဝထိုးသွင်းမှုကြောင့် ရွှီချင်းမှာ ကျေနပ်မှုတို့ဖြင့် သူ့အိပ်မက်ထဲမှ ကြောက်လန့်၍ အထီးကျန်ဆန်ရသည်ကို လုံးလုံးမေ့သွားခဲ့ပေသည်။ ဒီလူက သူ့ထဲမှာရှိနေတာ၊ ဒီလူက သူနှင့် ပေါင်းစည်းထားပြီးသား၊ ဒါဟာ သူ့ကိုပေးအပ်ထားတဲ့ ကောင်းကင်ဘုံရဲ့ လက်ဆောင်ပဲ!
လီချန်ဖုန်းသည် ရမ္မက်ဆန္ဒကြောင့် အနည်းငယ် နီမြန်းနေတဲ့ ရွှီချင်းရဲ့ မျက်နှာလေးကို ကြည့်ကာ အသက်ရှူသံတွေပြင်းထန်လာလျက်။ သူက ပြင်းပြင်းထန်ထန် ထိုးသွင်းလိုက်ရင်း သူ့နှုတ်ခမ်းကို နမ်းရန် အနားတိုးကပ်လာခဲ့ပြီး "ဘာဖြစ်လို့လဲ? ထပ်မစောင့်နိုင်တော့ဘူးလား?"
ထို့နောက် သူ့ရဲ့လက်ကြီးကြီးတစ်ဖက်ကလည်း စောင်အောက်ထဲတိုးဝင်သွားကာ ရွှီချင်းရဲ့ "တက်ကြွနေသော"ညီငယ်လေးကို ကြင်နာစွာပွတ်သပ်ပေးလိုက်လေ၏။
ရွှီချင်းလည်း မတတ်နိုင်တော့ဘဲ ညည်းသံထွက်လာခဲ့ပြီး လီချန်ဖုန်းရဲ့ ခါးတစ်ဝိုက်မှာ ပတ်ထားဆဲ ခြေထောက်တွေနှင့် လီချန်ဖုန်းကို တင်းတင်းညှစ်လိုက်ကာ လီချန်ဖုန်းလက်ထဲသို့ သူ့ကိုယ်သူ တွန်းပို့နေတော့သည်။
လီချန်ဖုန်းက ရွှီချင်းကို ကျွမ်းကျင်စွာ ပွတ်ဆွဲပေးလိုက်ရင်း သူ့ကိုယ်ထဲသို့ တဖြည်းဖြည်းနှင့် နက်ရှိုင်းစွာ ပေါင်းစည်းနေလျက်။ ရွှီချင်းမှာ လီချန်ဖုန်းရဲ့ ပုခုံးကျယ်ကျယ်ကြီးကို ကိုင်ထားရင်း သူ့ဆုပ်ကိုင်မှုဟာ တင်းကျပ်သွားလိုက်၊ ဖြေလျော့သွားလိုက်ဖြင့် တစ်လှည့်စီဖြစ်နေသည်မှာ သူ့လက်ကိုမြှောက်၍ လီချန်ဖုန်းရဲ့ အနည်းငယ် ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်ထဲသို့ သူ့လက်ချောင်းတွေဖြင့် ထိုးသွင်းမနိုင်တော့သည်အထိပင်။
လီချန်ဖုန်းက သူ့အနေအထားကို ထိန်းထားပြီး သူမှတ်မိနေဆဲ ရွှီချင်းရဲ့ အတွင်းမှ အထိမခံနိုင်တဲ့ နေရာတွေကို ချိန်ရွယ်လိုက်၍ ရွှီချင်းကိုယ်လေး နေမထိထိုင်မသာဖြစ်သွားသည်ကို သတိပြုမိလိုက်၏။ သူလည်း နေရာမှန်ကို ရှာတွေ့သွားပြီဆိုတာ သိလိုက်သဖြင့် ရွှီချင်းကို စွဲမက်ဖွယ်အပြုံးလေး ပြုံးပြ၍ ထိုနေရာလေးကိုသာ အကြမ်းပတမ်း အဆက်မပြတ် ထိုးသွင်းတော့သည်။
ရွှီချင်းမှာ ထိုလူရဲ့ ကျီစယ်တဲ့အပြုံးလေးကြောင့် ခေတ္တနစ်မျောသွားရသလို ခံစားလိုက်ရသဖြင့် သူ့ခေါင်းကို မြှောက်ကာ သူ့နှုတ်ခမ်းပါးထက်တွင် အနမ်းတစ်ခု အစပျိုးလိုက်၏။
လီချန်ဖုန်းက ရွှီချင်းကို ပြင်းရှရှနမ်းရန် အခွင့်အရေးယူကာ ထိတွေ့မှုတွေက တစ်ဆင့်ပြီးတစ်ဆင့် ပြင်းထန်လာလျက်။ ဤအခိုက်အတန့်၌ အသိစိတ်ပျောက်ဆုံးသွားသူကတော့ ရွှီချင်းတစ်ယောက်တည်းပင်။
***
မာဖူကွေ့သည် မိန်းမောတွေဝေစွာ နိုးလာခဲ့သည့်အခါ သူ့အပေါ်မှာ ၁၀ကီလိုဂရမ်လောက် ဖိထားသည်ကို ခံစားလိုက်ရကာ အသက်ရှူမဝလုနီးပါးဖြစ်နေခဲ့သည်။
ဒါပေမယ့် ဟောက်နေတဲ့အသံက ဘယ်ကလာတာတုန်းဟ?
"ဟမ်း ဟမ်း ဟူး ဟူး! ဟင်း ဟူး ဟူး ဟူး ဟူး ဟူး ဟူး…" မိုးချုန်းသံသဖွယ် ဟောက်သံကြီးက မာဖူကွေ့နားဘေးမှ ထွက်လာသည်ပင်။
"ငါ ဝက်ခြံမှာ အိပ်ပျော်သွားတာလားဟ? မဟုတ်သေးပါဘူး၊ ဒီအရောင်က သိပ်မဟုတ်သလိုပဲ!" မာဖူကွေ့မှာ သူ့မျက်လုံးကို အားတင်းဖွင့်လိုက်သည့်အခါ တကယ်ပင် အရာအားလုံးဟာ အနီရဲရဲတွေဖြစ်ကြောင်း တွေ့မြင်လိုက်ရလေသည်။ "ရှောင်ယွီနဲ့ ငါရဲ့ လက်ထပ်တုန်းက အခန်းနဲ့ တူနေတာပဲ!"
ရိုက်ချက်တစ်ချက်ကြောင့် မာဖူကွေ့လည်း အော်ဟစ်ကာ ထထိုင်၍ သူ့မျက်နှာကိုကွယ်ထားရင်း "မင်းက ဘယ်သူလဲ? မင်း ဘာလို့ ငါ့ကိုရိုက်တာတုန်းကွ!"
သူက ခပ်ဝဝ လူကောင်ကြီးကြီးလူတစ်ယောက်ကို တွေ့လိုက်ရ... ဟမ်... မဟုတ်သေးဘူး... သူ့နဖူးမှာ မှဲ့အနီရှိနေတယ်။ သူ... သူက ကောတစ်ယောက်လားဟ?
ထိုလူမှာ ကိုယ်ကိုလှည့်လိုက်၍ အနီရောင်ဖြင့် အလှဆင်ထားသော အိပ်ရာမှာလည်း ပြင်းပြင်းထန်ထန် လှုပ်ခါသွားရလျက်၊ သူက ခေါင်းလောင်းသံကဲ့သို့သော အသံမျိုးဖြင့် စိတ်မရှည်စွာ မကျေမနပ်ပြောလာခဲ့၏။ "ကျုပ် ခင်ဗျားကို မရိုက်ရင် ဘယ်သူ့ကို သွားရိုက်ရမှာတုန်း? ဒီလောက်မနက်အစောကြီးရှိသေးတာ ခင်ဗျားက လူကိုကောင်းကောင်း အိပ်ခွင့်မပေးဘဲ! ခင်ဗျားမအိပ်ချင်ရင် ထွက်သွားလိုက်!"
ထိုကောရဲ့ ခန္ဓာကိုယ်ကြီးကြီးကြောင့် ထိတ်လန့်နေရသော မာဖူကွေ့မှာ ရင်းနှီးသလိုလို မရင်းနှီးသလိုလို အနှီအသံကို ကြားလိုက်ရ၍ စိတ်မသက်မသာသလို ခံစားလိုက်ရ၏။ တောင့်တင်းစွာဖြင့် သူခေါင်းငုံ့၍ မဝံ့မရဲစောင်ကိုဆွဲကာ သူ့ရဲ့ဝတ်လစ်စားလစ်ကိုယ်ခန္ဓာကို ကြည့်လိုက်ပြီးနောက် အနှီမရင်းနှီးတဲ့ ပတ်ဝန်းကျင်နှင့် သူ့ဘေးနားရှိ "ထွားကျိုင်းလှသော"ကောကို တောင့်တင်းစွာ တစ်ချက်ကြည့်လိုက်သည်။
မာဖူကွေ့လည်း ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး သူ့ရဲ့တုန်ရီနေသောလက်ဖြင့် သူ့ဘေးကလူကို တွန်းလိုက်ရင်း "မင်း... အား!!!"
မာဖူကွေ့ စကားမဆုံးခင်မှာပင် စိတ်မရှည်တဲ့ ယန်ရှောင်ချွမ်းက သူ့ကို ကောက်မကာ အပြင်ကို ပစ်ထုတ်လိုက်ပြီး တံခါးပိတ်ပစ်လိုက်လေသည်။ "ထွက်သွားစမ်း! ယောင်ချာချာလုပ်မနေနဲ့! အသုံးမကျတဲ့ငကြောက်ကောင်!"
မာဖူကွေ့သည် အဝတ်ဗလာဖြင့် မြေပြင်ပေါ်ပစ်ထုတ်ခံလိုက်ရ၍ နာကျင်မှုကြောင့် အံကြိတ်ထားလိုက်ရ၏။ တစ်ညလုံးအိပ်မပျော်ကြသည့် မာစုံတွဲမှာ ဆူညံသံကြားသဖြင့် အမြန်ပြေးထွက်လာခဲ့သည်။
"ဖူကွေ့! ငါ့ရဲ့သနားစရာသားလေး!" အမေမာသည် နာကျင်နေတဲ့ အမူအရာဖြင့် မာဖူကွေ့ကို ထူပေးလိုက်ပြီး "အဲ့ဒီသောက်ကောင်စုတ် ယန်ရှောင်ချွမ်း! နင်က တကယ်ပဲ စည်းကျော်လိုက်တယ်ပေါ့လေ!"
"ယန်ရှောင်ချွမ်း?!"
မာဖူကွေ့ ထိုနာမည်ကြားလိုက်ရသည့်အခါ သူ့ခန္ဓာကိုယ်ပေါ်က နာကျင်မှုတွေကိုတောင် မေ့သွားရ၏။ ဒီနာမည်က... ဝတုတ်ပြီး ရုပ်လည်းဆိုးသလို ကပ်စီးလဲနည်းပြီး ရိုက်နှက်တတ်တဲ့ ယန်ရှောင်ချွမ်းတော့ မဟုတ်ပါဘူးနော်?
အဖေမာက သူယူလာတဲ့ အဝတ်အစားတွေနှင့် မာဖူကွေ့ကို ဖုံးကာပေးလိုက်ကာ အမေမာကို ထရန် အမူအရာပြလိုက်ပြီးမှ အခန်းထဲဝင်ရန် မာဖူကွေ့ကို ကူပေးလိုက်၏။ "ယန်မိသားစုက ယန်ရှောင်ချွမ်းမှမဟုတ်ရင် ဘယ်သူရှိဦးမှာတုန်း! ငါ မင်းကိုပြောထားတယ်လေ! ဘယ်လိုတောင် ဒီလောက်မူးရူးပြီးတော့ ဒီလိုမျိုးမှားရတာတုန်း!"
အမေမာလည်း ထိုင်ချပြီးမှ ဒေါသထွက်ထွက်ဖြင့် သူ့ပေါင်သူရိုက်ကာ "ငါတို့မိသားစုက ဘယ်လိုလုပ် ဒီလိုမျိုးကံဆိုးနေရတာတုန်း! ငါတို့ရဲ့ အပြစ်မဲ့တဲ့ သားလေးက အိမ်ထောင်ဖက်ကောင်းမရပြန်ဘူး! အဲ့ဒီအစား အမှိုက်ကောင်တစ်ကောင်နဲ့ အတင်းလက်ထပ်လိုက်ရတယ်! ကလေးမရနိုင်တဲ့ ရှဲ့ယွီကိုပဲ ပြန်လက်ထပ်လိုက်တာက ပိုကောင်းဦးမယ်!"
မာဖူကွေ့က သူတို့ရဲ့ အခန်းကို ဟိုဟိုဒီဒီကြည့်နေရင်း ဇဝေဇဝါဖြစ်နေခဲ့ရ၏။ သို့သော်လည်း ယခုတော့ သူက စွန့်ပစ်ခံရတဲ့ ယန်ရှောင်ချွမ်းကို တကယ်ပဲ လက်ထပ်ခဲ့ရတာကို သူမယုံနိုင်သေး!
သည့်အပြင် သူဘာဖြစ်သွားသလဲဆိုတာကို အခုထိ သူမသိသေးဘူး! သူဘယ်လိုလုပ်လက်ထပ်လိုက်ရတာလဲ! သူ့ကို ဘယ်သူမှလည်း ကြိုမပြောကြဘူးလေ! ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟ?!
"ဒီမှာ ဘာဖြစ်သွားတာလဲဗျာ! ကျွန်တော်က အရက်သောက်ဖို့ အပြင်ထွက်သွားရုံလေးပဲလေ၊ ဒီ...ဒီလိုမျိုး ဘယ်လိုလုပ်ပြီးတော့... ဟင်း!"
မာဖူကွေ့လည်း ဒေါသထွက်လွန်း၍ အဖြစ်အပျက်ကို မေးမြန်းရန် ဘယ်လိုအသုံးအနှုန်းပြောရမယ်မှန်း မသိတော့ချေ။
ထိုစကားကိုကြားပြီးနောက် အမေမာက အော်ဟစ်လာ၏။ "ငါ့ကို အရက်အကြောင်း လာမပြောနဲ့! မင်းသာ မမူးခဲ့ရင်! မင်း!" သူစကားပြောနေစဉ်တွင် အသက်ရှုကြပ်လာသဖြင့် အဖေမာလည်း ရှေ့တိုးကာ သူ့ရဲ့ရင်ဘတ်ကို အမြန်ပုတ်ပေးနေလိုက်သည်။ မာဖူကွေ့လည်း နစ်နာသလိုအမူအရာဖြင့် ရှိနေလျက်၊ သူကသာ သတင်းအမှောင်ချခံထားရတဲ့သူပါနော်!
အမေမာ အသက်ရှူသံပြန်မှန်လာပြီးနောက် မာဖူကွေ့ရဲ့ အမူအရာကို တွေ့လိုက်ရသဖြင့် ပို၍ပင် မချင့်မရဲဖြစ်သွားရ၏။ ဘယ်လိုတွေဖြစ်သွားရတာလဲ! "မင်းသာ မမူးခဲ့ရင် ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ် အဲ့ဒီ ဝတုတ်ကောင် ယန်ရှောင်ချွမ်းရဲ့ အိပ်ရာထဲကို တက်သွားခဲ့မှာတုန်း? မင်းက ရုပ်ချောတာကိုပဲ အမြဲကြိုက်တာလေ! ဒါပေမယ့် မင်းမူးသွားတော့ ဘယ်လိုဖြစ်ပြီး...!"
"ကျွန်တော်ကလား?! ကျွန်တော်က ယန်ရှောင်ချွမ်းရဲ့ အိပ်ရာပေါ်ကို တက်ခဲ့တယ်လား?!! ကျွန်တော်ကလေ! ကျွန်တော်က..." မာဖူကွေ့မှာ မယုံကြည်နိုင်စွာဖြစ်နေလျက်။ သူက မြို့ထဲမှာ ယန်မိသားစုအိမ် ဘယ်မှာရှိလဲ ဆိုတာကိုပဲ သိတာလေ၊ ဒါပေမဲ့ ယန်ရှောင်ချွမ်းရဲ့ အိပ်ရာက ဘယ်မှာရှိမှန်းတောင် သူမသိဘူးလေ! သူက ဘယ်လိုဖြစ်ပြီး ယန်ရှောင်ချွမ်းရဲ့ အိပ်ရာပေါ်ကို တက်သွားခဲ့ရတာတုန်း?!
"ဘာတွေဖြစ်နေတာလဲဗျာ?! ကျွန်တော်က သူ့အိပ်ရာထဲကို ဘယ်လိုရောက်သွားရတာလဲ?! ပြီးတော့ တစ်ညတည်းလေးနဲ့ ယန်ရှောင်ချွမ်းကို ဘယ်လိုလက်ထပ်လိုက်ရတာလဲ?!" မာဖူကွေ့ရဲ့ ဒေါသတကြီးအော်ဟစ်သံမှာ အနီရောင်တွေပြည့်နေတဲ့ အခန်းကို မဖျက်ပစ်နိုင်ခဲ့ချေ။ သူက ရုပ်ဆိုးဆိုးကောဖြစ်သူ ယန်ရှောင်ချွမ်းနှင့် လက်ထပ်ပြီးသွားခဲ့လေပြီ။
***
ရှဲ့ယွီသည် ခြံအပြင်ဘက်၌ လျှော်ဖွပ်ထားသော အဝတ်များကို လှန်းနေခဲ့သည်။ စျေးမှ ပြန်လာသော ဦးလေးရှဲ့သည် သူ့မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့ အမူအရာပြည့်နေလျက်။ သူက အပြုံးကြီးကြီးနှင့် ခြံတံခါးဖွင့်ကာ ဝင်လာခဲ့လေသည်။
"အဖေ ဒီလောက်တောင် ပြုံးပျော်နေတာဆိုတော့ ကောင်းတာတစ်ခုခုဖြစ်လို့လား?"
ဦးလေးရှဲ့က သူ့ကျောပေါ်မှ ခြင်းတောင်းကို မီးဖိုချောင်မှာ တင်လိုက်ကာ စိတ်သက်သာရာရသွားဟန်ဖြင့်။ ရှဲ့ကောအာ အိမ်ကထွက်သွားကတည်းက အခုချိန်ထိ သူ တကယ့်ကို စိတ်သက်သာရာရသွားခဲ့ပြီ။
"ခင်ဗျားသားက မေးနေတယ်လေ! ရယ်ပဲရယ်နေတော့!" အဒေါ်ရှဲ့က လတ်လတ်ဆတ်ဆတ် ကောက်လာတဲ့ ကြက်ဥတွေကို သူ့လက်ထဲမှာ ကိုင်ထားကာ စျေးမှာ သွားရောင်းရန် ရည်ရွယ်ထားပေသည်။
ဦးလေးရှဲ့က ပြုံးကာရယ်ကာဖြင့် တံစက်မြိတ်အောက်ရှိ ခွေးခြေခုံမှာထိုင်လျက် ဆေးပြင်းလိပ်ကို ဖြည်းညှင်းစွာ လိပ်နေရင်း "မာဖူကွေ့က လက်ထပ်ပြီးသွားပြီတဲ့!"
ရှဲ့ယွီ ထိုစကားကိုကြားသောအခါ သူ့လှုပ်ရှားမှုတွေမှာ ခေတ္တရပ်တန့်သွားပေမယ့် ခပ်မြန်မြန်ပင် လုပ်လက်စကို ပြန်လုပ်နေတော့သည်။ တစ်ဖက်တွင်တော့ အဒေါ်ရှဲ့က ဦးလေးရှဲ့ကို စူးစိုက်ကြည့်ကာ "အဲ့ဒီကိစ္စက ကျုပ်တို့မိသားစုနဲ့ ဘာဆိုင်လို့လဲ? ကျုပ်ကို မာမိသားစုအကြောင်းလာမပြောနဲ့! ရွံ့စရာကောင်းလို့!"
ဦးလေးရှဲ့က ဆေးပြင်းလိပ်သောက်နေကာ အဒေါ်ရှဲ့ကို ခေါင်းခါပြလိုက်ပြီး " ဒီတစ်ခါတော့ သူက တကယ်လုပ်လိုက်တာ။ ငါတို့မိသားစုရဲ့ သားလိမ္မာလေးကို ငြင်းပယ်ပြီးတော့ မြို့ထဲက ကပ်စီးနည်းသလို အကြမ်းလည်းဖက်တတ်တဲ့ ယန်မိသားစုရဲ့သားနဲ့ ယူလိုက်တာလေ။ ကျစ် ကျစ် ထူးခြားတဲ့ကောင်ပဲကွ!"
"ယန်မိသားစုရဲ့ ကော? ဟိုတလောကမှ ကွာရှင်းထားခဲ့တဲ့ ခပ်ဝဝ ယန်ရှောင်ချွမ်းကို ပြောတာလား?" မာဖူကွေ့က ထိုသို့သောလူမျိုးနဲ့ လက်ထပ်လိုက်တယ်လို့ ကြားလိုက်ရသည်နှင့် အဒေါ်ရှဲ့မှာ စိတ်ဝင်တစားဖြစ်လာလျက်။
ဦးလေးရှဲ့မှာ ပါးစပ်ကို အသံမြည်အောင် စုပ်သတ်လိုက်ကာ ခေါင်းညိတ်လာ၏။ "ငါကြားတာတော့ မနေ့က မာဖူကွေ့အရက်မူးနေပြီသွားပြီး ယန်မိသားစုက သားနဲ့ အိပ်မိသွားတယ်ဆိုပဲ။ ယန်မိသားစုက ရှင်းပြချက်တောင်းဖို့ ရောက်လာကြတော့ မာမိသားစုဇနီးရဲ့ စိတ်ထားကို မင်းလဲ သိတာပဲလေ။ သူက ဝန်ခံဖို့ ငြင်းဆန်ပြီးတော့ ဟိုကောင်ကိုတောင် ဖိတ်လိုက်သေး... ရာမန်က အဲ့ဒီအရာရှိလေ!"
"ခင်ဗျားပြောတာ ဝူစန်းအာလား!" အဒေါ်ရှဲ့က မုန်းတီးစွာဖြင့် မေးလိုက်၏။ ထိုအချိန်တုန်းက မာမိသားစုကို အဲ့ဒီလူကသာ ထောက်ပံ့ပေးမနေခဲ့ဘူးဆိုရင် သူတို့ရဲ့သားက ကွာရှင်းခဲ့ရမှာမဟုတ်ဘူး!"
"ဟုတ်တယ် ဟုတ်တယ်! အဲ့ဒီခွေးကောင်ပဲ! ပြီးတော့ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်!"
"ဘာခန့်မှန်းခိုင်းနေတာတုန်း? ဒီတိုင်းပြောလိုက်တော့!"
ဦးလေးရှဲ့က သူ့နှာခေါင်းကို ထိလိုက်ရင်း "အင်းပါကွာ၊ ရလဒ်ကတော့ ယန်မိသားစုကလဲ ရာမန်က အရာရှိတစ်ယောက်နဲ့ အဆက်အသွယ်ရှိနေတာလေ။ ဝူစန်းအာနဲ့ မာဖူကွေ့ရှေ့မှာ အရာရှိက ဒီနေ့က နေ့ကောင်းရက်သာဖြစ်လို့ နောက်ကျမှ မင်္ဂလာဆောင်တာထက် စောစောလုပ်လိုက်တာက ပိုကောင်းတယ်ဆိုပြီး တိုက်ရိုက်ဆုံးဖြတ်ကြေညာပေးလိုက်တော့ သူတို့က အခမ်းအနားကျင်းပလိုက်ရတယ်! ယန်မိသားစုက ကောကို လက်ထပ်လိုက်ရတဲ့အချိန်မှာ မာဖူကွေ့က အိပ်ပျော်နေတုန်းပဲလေ"
xxx