အပိုင်း ၆၇
Viewers 11k

🧑‍⚕️Chapter 67





ကျန်းရွှိ ၏ မိဘများကသူတို့ကိုဘူတာရုံတွင် လာကြိုကြပြီး ကျန်းရွှိဘေးရှိလူတစ်ယောက်ကိုတွေ့ရသောအခါသူတို့အံ့သြသွားကြသည်။

"ရှောင်ရှန့်…"
အမေကျန်းက သူ့အား အကြွေးရှင်ငါးမန်းများထံမှငွေချေးယူပြီး ပြန်မပေးနိုင်သည့်လူငယ်တစ်ဦး အဖြစ်မှတ်မိခဲ့ပြီး သူမက စိတ်အားထက်သန်စွာမေးသည်။

"မင်းရဲ့ပိုက်ဆံတွေကို ဆပ်ပြီးပြီလား"

ရှန့်ဖန်းယွိ ၏ဇာတိမြို့သည်လည်း B မြို့ တွင်ရှိသည်ဖြစ်၍ " မင်းအိမ်ပြန်လမ်းမှာ ရှောင်ရွှိ နဲ့တွေ့ခဲ့သေးလား"

"ဟုတ်ကဲ့ ဦးလေးနဲ့အန်တီ.."
ရှန့်ဖန်းယွိက ပြုံးပြပြီး ပထမဆုံးမေးခွန်းနှင့်ပင် ကမောက်ကမဖြစ်ကုန်သည်။ သူဒုတိယအဖြေကိုဖြေကြားတော့မည့်အချိန်တွင် ကျန်းရွှိက ရုတ်တရက်ထပြောလိုက်သည်။

" သူက ကျွန်တော်နဲ့ အတူပြန်လာတာပါ.."
"ဟင်" အမေက သိသိသာသာအံ့ဩသွားသည်။သို့သော် အလျင်အမြန် ပြန်ထိန်းကာ
"ပြဿနာမရှိပါဘူး…ပြဿနာမရှိဘူး …အိမ်မှာ အခန်းအပိုရှိတာပဲဟာ…"

"အနှောင့်အယှက်ဖြစ်သွားစေတာ တောင်းပန်ပါတယ်"
ရှန့်ဖန်းယွိက ယဉ်ကျေးပြသော်လည်း ကျန်းမိသားစု အိမ်တွင် ဘာကြောင့်လာနေသည်ကိုမူ မပြောပြပေ။

ကျန်းလင်မယားသည် တယောက်နှင့်တယောက်ကြည့်လိုက်ကာ အိမ်အပြန်လမ်းတလျှောက် ကားပေါ်တွင်လည်း တိတ်ဆိတ်မှုက ကြီးစိုးနေသည်။

ကျန်းရွှိသည် အလွန်အလုပ်ရှုပ်သောကြောင့် နှစ်သစ်ကူးအကြိုည မတိုင်မှ အိမ်သို့ပြန်လာလေ့မရှိပေ…။ယခု ရုတ်တရက်ကြီး ဒုန်းစိုင်းရောက်ချလာခဲ့သည်။ ပိုဆိုးသည်မှာ ရှန့်ဖန်းယွိနှင့်အတူ ဖြစ်သည်။

ယခင်က ဘေးချိတ်ထား ခဲ့သောသံသယများက ထပ်မံပေါ်ပေါက်လာသည်။

သူတို့အိမ်ပြန်ရောက်ကြသောအခါ၉နာရီကျော်ပြီဖြစ်သည်။ ကျန်းရွှိနှင့် ရှန်ဖန်းယွိတို့သည်လမ်းပေါ်တွင်စားခဲ့ကြပြီး ကျန်း စုံတွဲသည်လည်း ညစာစားခဲ့ကြပြီးဖြစ်သည်။ ပုံမှန်နှုတ်ခွန်းဆက်စကားအပြီးတွင်မိခင် ကျန်း ၏သတိကြီးနေသော အကြည့်သည် သဲလွန်စအချို့ရရန်ကြိုးစားနေသကဲ့သို့ ကျန်းရွှိ၏မျက်နှာပေါ်သို့ရောက်လာသည်။

ကျန်းရွှိ ကသူ့အမေကိုထပ်၍ ရှုပ်ထွေးစေခြင်းမရှိစေချင်တော့ပေ။လိုရင်းကိုသာ တည့်တိုးပြောလိုက်သည်။

"အဖေ…အမေ….ကျွန်တော်ဒီတခါ ပြန်လာခဲ့တာ အဖေတို့ကို ပြောပြချင်တာရှိလို့ပါ…"

ကျန်း စုံတွဲသည် ဧည့်ခန်းရှိဆိုဖာရှည်ပေါ်တွင်ထိုင်နေပြီး ကျန်းရွိ နှင့် ရှန့်ဖန်းယွိ တို့သည် ဘေးဘက်ရှိဟောင်းနွမ်းသောဆိုဖာပေါ်တွင်ဘေးချင်းယှဉ်ကာထိုင်နေကြသည်။

"ဘာဖြစ်လို့လဲ...”
မိခင်ဖြစ်သူသည် ကျန်းရွှိအားသတိကြီးစွာဖြင့်လှမ်းကြည့်နေပြီး သူမသည်အခွံခွါရန်ရည်ရွယ်ထားသည့် ပန်းသီးများထဲမှတစ်လုံးကိုယူခဲ့ကာ

" မင်းရေတခွက်တောင်မသောက်ရသေးဘူး.. အသီးအရင်စားပါလား"

" မဟုတ်ပါဘူး ရပါတယ် အမေရဲ့"
ကျန်းရွှိ၏လည်ချောင်းကအနည်းငယ်ခြောက်သွေ့နေသည်။

ရှန့်ဖန်းယွိ သည် အားပေးမှုလိုအပ်နေသော ကျန်းရွှိ၏လက်များ ကိုသူ၏လက်များနှင့်အုပ်လိုက်သည်။ကျန်းရွှိ သည်လည်း ငြင်းဆိုခြင်းမရှိပေ။

သူ၏လက်ဖမိုးများပေါ်တွင်ချွေးများထွက်နေသော်လည်းသူ၏အသံသည်အေးဆေးတည်ငြိမ်ခဲ့သည်။

"Mနိုင်ငံက ကိုယ်ဝန်ရှိနေတဲ့လူအကြောင်း အမေမှတ်မိတယ်မလား"

အဖေဖြစ်သူ ကျန်းသည် အဆင်မပြေစွာ သူ၏လက်အချင်းချင်းပွတ်သပ်နေကာ အမေ ဖြစ်သူက မျက်နှာအမူအရာ အနည်းငယ်တင်းမာနေခဲ့သည်။ သူတို့နှစ်ဦး သည်တစ်ဦး နှင့်တစ်ဦး ကြည့်လိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် ကျန်းရွှိ အား မရေမရာ ကြည့်ကာပြောခဲ့သည်။

"ဘာဖြစ်လို့လဲ..."

"သူနဲ့ ကျွန်တော် ... မတော်တဆတွေ့ခဲ့ကြတာ.."
ကျန်းရွှိသည် ဖြည်းညင်းစွာဖြင့် အသက်ပြင်းပြင်းရှူကာ ပြောသည်။

" ဘာ ... မင်းဆိုလိုတာက..."
မိခင် ဖြစ်သူ ၏အသံသည် အနည်းငယ်တုန်လှုပ်သွားသည်။

ကျန်းရွှိသည်သူ၏ခေါင်းကိုငုံလိုက်ကာ သူ၏ဝမ်းဗိုက်သို့ကြည့်လိုက်သည်။ မိခင်ဖြစ်သူ ၏ မျက်လုံးများပြူးကျယ်သွားအကြည့်အောက်တွင် ကျန်းရွှိက

" ပြောချင်တာက အဲ့ဒါပါ…"

ကျန်း စုံတွဲသည် ကျန်းရွှိပြောသောစကားများ၏အဓိပ္ပာယ်ကိုနားမလည်နိုင်သကဲ့သို့ အချိန်ကြာမြင့်စွာ အံ့ဩမှင်သက်နေသည်။ အိပ်မွေ့ချခံရာမှနိုးလာသကဲ့သို့ ဖြစ်နေသော အမေကျန်း က

" ရှောင်ရွှိ အဲ့ဒါ မင်းမှန်တယ်ပြောတဲ့ သတင်းလား…အဲဒီသတင်း ...အဲ့ဒါ သတင်းပဲ မဟုတ်ဘူးလား. ဘယ်…လို..မင်းဆီမှာ ဖြစ်လာတာလဲ... "

ကျန်းရွှိ ခေါင်းညိတ်ပြသည်ကို မြင်သည်နှင့် သူသည် ကျန်းရွှိ ၏ဝမ်းဗိုက်အား မကြည့်ပဲမနေနိုင်တော့ပေ…။ ထို့နောက်သူမသည် ပူလောင်စွာခံစားလိုက်ရကာ အကြည့်များကို ရုတ်သိမ်းလိုက်သည်။ ခဏမျှအကြာတွင် သူမသည် မတ်တပ်ထရပ်ကာ မယုံနိုင်စွာဖြင့်ပြောသည်။

"မင်းက ယောကျာ်းလေ ရှောင်ရွှိ…အဲ့တာကဘယ်လိုဖြစ်နိုင်မှာလဲ ... ဘယ်လိုဖြစ်လာနိုင်မှာလဲ"

" ငါမယုံဘူး "

သူမသည်ခေါင်းကိုခါလိုက်ပြီး ကျန်းရွှိ ကိုဆွဲရန်ခြေလှမ်းအနည်းငယ်လှမ်းခဲ့သော်လည်း ရှန့်ဖန်းယွိက မတ်တပ်ရပ်ကာ သူမရှေ့မှ ပိတ်ရပ်၍ ကျန်းရွှိကိုနောက်တွင်ထားပြီး ကာကွယ်ခဲ့သည်။

"အန်တီ…."

ထိုသို့ခေါ်ဆိုမှုကအမေကျန်း အား အချိန်တိုအတွင်း အာရုံပျံ့လွင့်စေပြီး နောက် သူမသည် ရှန့်ဖန်းယွိအား ကိုသတိရသွားသည်။

"မင်း…."

ရှန့်ဖန်းယွိ ၏နှာခေါင်းထိပ်သို့လက်ညှိုးဖြင့်ထိုးကာ

"မင်း ဒီကိုလာခဲ့တာ လည်း….."

"သူလည်းကလေးရဲ့ အဖေပါပဲ"
ကျန်းရွှိက သူမအား တည့်တိုးဖြေကြားခဲ့သည်။

မိခင် ဖြစ်သူကျန်း ၏ မျက်ဆံမှာ နက်သွားကာ ရှန့်ဖန်းယွိအား မကြည့်ခင် ခက်ခဲစွာ အတည်ပြုလိုက်သည်။

"အကြွေးရှင်ငါးမန်းတွေဆိုတာက "

ရှန့်ဖန်းယွိက သူ့ခေါင်းကိုငုံ့ထားကာ

" အဲဒါက ဇာတ်လမ်းထွင်ပြီးပြောခဲ့တာပါ.."

"ဆုံးသွားတဲ့ ဇနီးဆိုတာကေရာ…"

"အဲ့ဒါလည်း အဲ့လိုပဲ ဖန်တီးပြောထားတာပါ…"

မိခင် ဖြစ်သူကျန်း သည်အသက်၂ကြိမ်ဆက် ရှုသွင်းလိုက်ကာ လက်ချောင်းများတုန်ခါနေပြီး

"သမီးတစ်ယောက်ဆိုတာကရော…"

" ...... အဲ့ဒါကတော့ အမှန်ပါ"

မိခင် ဖြစ်သူကျန်း သည် ပြိုလဲသွားပြီး စိတ်ပျက်စရာကောင်းသည့်အနေဖြင့် ကျန်းရွှိ အားကြည့်လိုက်ကာ ရူးမတတ်တုန်ခါနေသော အသံဖြင့်

" ငါတို့…ရှောင်ရွှိလေးရဲ့ ...ဗိုက်ထဲမှာ…လား"

ရှန့်ဖန်းယွိသည်သူ၏အောက်နှုတ်ခမ်းကိုကိုက်လိုက်ကာဖြေသည်။

"အင်း…"

အမေဖြစ်သူ သည် ကျန်းရွှိကို ပါးရိုက်ရန်လက်ကိုလှမ်းမြောက်ခဲ့သည်။ ကျန်းရွှိ သည်သူ၏မျက်လုံးများကိုလျင်မြန်စွာပိတ်ထားသော်လည်း မျှော်လင့်ထားသည့်နာကျင်မှုက ဖြစ်မလာပေ။ သူမျက်စိကိုဖွင့်ကြည့်လိုက်သောအခါ ရှန့်ဖန်းယွိ က သူ့အမေ ၏လက်ကိုတားထားကာ သူ့အားနောက်တွင်ထား၍ ပိတ်ရပ်နေသည်တွေ့လိုက်ရသည်။

"ဦးလေး.. အန်တီ ... ကျွန်တော်တို့စကားပြောလို့ရပါတယ်…ဒါပေမယ့်ရုပ်ပိုင်းဆိုင်ရာတော့မထိခိုက်ပါနဲ့ "

"မင်း-င်ကို စကားပြောပါလား"

မိခင်ဖြစ်သူကျန်း သည် သူမ၏သားအခြေအနေနှင့် ပတ်သက်၍ သံသယရှိပြီးနောက် သူမ၏စိတ်ခံစားမှုများကိုမည်သို့ထုတ်ဖော်ပြောဆိုရမည်ကိုမသိတော့ပေ…။ယခုသူမသည် သူတို့ပြဿနာနှင့် ပတ်သက်၍ ရှန့်ဖန်းယွိထံ တွင် ထွက်ပေါက်တစ်ခုရှာတွေ့ကာ

" မင်းကများ ပြောရဲသေးတယ်ပေါ့…မင်း က ငါ့သားကို အဲ့လို ကိုယ်ဝန်ရအောင် လုပ်လိုက်တာလေ…ငါ့ရှေ့ကထွက်သွား…"

" ဟုတ်ပါတယ် အားလုံး ကျွန်တော့် အမှားတွေပါ… အကယ်၍ အန်တီ ရိုက်ချင်တယ်ဆိုရင် ကျွန်တော့်ကိုရိုက်ပါ…ကျန်းရွှိကို မထိပါနဲ့"

"ဘာကို သူတော်ကောင်းလာလုပ်နေတာလဲ… မင်းကတခြားတစ်ယောက်ယောက်ရဲ့သားဖြစ်လို့ ငါမင်းကိုမရိုက်ရဲဘူးလို့ထင်လား.."

ရှန့်ဖန်းယွိ သည် လူကြီးနှစ်ဦး အပေါ်ကောင်းသောထင်မြင်ချက်သည်ယခုအချိန်တွင်လုံးဝအသုံးမဝင်တော့ကြောင်းသိလိုက်ရကာသူမ၏သားနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ အမေကျန်း သည် ယခုအချိန်တွင် သူ၏ကလေးခိုးယူခံရသည့်ကျားနှင့်တူပြီး ကျားတွင်းထဲသို့ ကိုယ်တိုင်ဆင်းလာသည့် ရှန့်ဖန်းယွိကိုသာ သတ်ချင်နေခဲ့တော့သည်။

" ရပါတယ် ကျွန်တော့်ကိုရိုက်ပါ…ကျန်းရွှိကို မထိဘူးဆိုရင် ကျွန်တော် ငြိမ်ခံနေမှာပါ"

အမေကျန်း က ထိုစကားကြားသည့်အခါပို၍ဒေါသထွက်သွားသည်။ သူမသည် ရှန့်ဖန်းယွိကိုကျော်ကာ အနောက်မှ ကျန်းရွှိဆီသွား၍ မုန်းတီးစွာပြောသည်။

"အဲ့ဒါ သူမင်းနဲ့ အိပ်ဖို့ ဆွဲဆောင်နေကျ နည်းလမ်းတွေလား…ဟမ်…ကျန်းရွှိ…မင်း ငါ့သားဆိုရင် ပုန်းမနေနဲ့… ငါနဲ့မင်းအဖေကိုဘာတွေဖြစ်နေတယ်ဆိုတာ အကုန်ရှင်းပြ"

"ကျွန်တော်တို့ နှစ်ယောက်လုံး သောက်တာ တအားများလွန်းပြီး မတော်တဆမှုတစ်ခုဖြစ်သွားတာ…"

ကျန်းရွှိကမတ်တပ်ရပ်၍ သူ့အမေအားပြောသည်။

" ဘယ်သူမှငါ့ကို လာမလိမ်နဲ့..."

"ဒါဆို နင်တို့ဆက်ဆံရေးကဘာလဲ..."

အမေသည် တစ်နေရာရာမှ ကြက်မွှေးတချောင်းအား တွေ့သွားကာ ရှန့်ဖန်းယွိအား ထူးဆန်းစွာစိုက်ကြည့်ခဲ့သည်။

" လုပ်ဖော်ကိုင်ဖက်တွေပါ.." ကျန်းရွှိကပြောသည်။

အမေက ရှန့်ဖန်းယွိနောက်ကျောအား ကြက်မွှေး ဖြင့်ရိုက်သည်။ ရှန့်ဖန်းယွိသည် နာကျင်စွာညည်းတွားနေသော်လည်း သူကတိပေးထားသည့်အတိုင်းသူရှောင်မသွားခဲ့ပါ။

" အေမ…"

ကျန်းရွှိ သည်ရှေ့သို့တိုးကာ ရှန့်ဖန်းယွိ အားဘေးဖယ်ထားလိုက်သည်။ သို့သော် အမေသည်သူ့နောက်သို့လိုက်နေဆဲပင်…။သူမသည် ရှန့်ဖန်းယွိ၏နှာခေါင်းအဖျားတွင် ကြက်မွှေးနှင့်ညွှန်ပြကာ

" မင်း ဘာရည်ရွယ်ချက်နဲ့ ငါတို့ ရှောင်ရွှိကို ချဉ်းကပ်တာလဲ…ပိုက်ဆံကြောင့်လား…ငါတို့ရှောင်ရွှိအတွက်လား…"

" သူကကျွန်တော့်အိမ်မှာနေပြီးကျွန်တော့်ကိုဂရုစိုက်ဖို့သူနေနေရုံပဲ… သူကကျွန်တော့်ဆီက ဘာမှမလိုချင်ဘူး…တကယ်မတော်တဆမှုတစ်ခုပဲ"

ကျန်းရွှိက စိတ်ထိခိုက်စွာပြောသည်။

"အန်တီ.."

"နင် ပါးစပ်ပိတ်ထား"

အမေက ရှန့်ဖန်းယွိအား ဆူပြီးသည့်နောက် ကျန်းရွှိဘက်သို့လှည့်ကာ စိတ်ပျက်စွာ ကြည့်သည်။

"အမြဲ အမေဂုဏ်ယူရတဲ့သားလေး ဖြစ်ခဲ့တာကို အခု ဘယ်လိုလုပ်ရပ် ရတာလဲ…"

"ကျွန်တော့်လည်း ဒီလိုတွေ မဖြစ်ချင်ခဲ့ပါဘူး"

"ဒီကလေးကို ဖျက်ချလို့ မရဘူးလား… မတော်တဆရခဲ့တာပဲဆိုတော့"

"မဖျက်ချနိုင်ပါဘူး"
ကျန်းရွှိက သူမစကားမဆုံးခင် ကြားဖြတ်ပြောခဲ့သည်။

"ကျန်းရွှိ…ဒါတွေက ဘာကိုဆိုလိုလဲ မင်းသိလား… ဒီကလေးကမင်းရဲ့ဘဝကိုဖျက်ဆီးလိမ့်မယ်…အနာဂတ်မှာမင်းမိသားစုဘဝကိုဘယ်လိုစတင်မလဲ…မင်းဇနီးကိုဘယ်လိုရှာမလဲ… ငါ့သားမှာကလေးတစ်ယောက်ရှိတယ်လို့တခြားသူတွေကို ငါဘယ်လိုရှင်းပြရမလဲ"

ကျန်းရွှိသည် အမျက်ဒေါသဖြစ်နေသောသူ့အမေအားကြည့်လိုက်ကာ လျန်းဟန်နှင့် လျန်းမြောင် စကားပြောနေသည့်ညကို ရုတ်တရက်သတိရသွားသည်။

ထိုနေ့က ရှန့်ဖန်းယွိ သည် လျန်းဟန် ၏ပုန်ကန်သောအပြုအမူနှင့် ပတ်သက်၍ စကားပြောခဲ့ပြီးသူ၏ဒေါသထွက်နေသည့်ကာလအတွင်းသူပြုလုပ်ခဲ့သည့်အရာများကို မေးမြန်းခဲ့သည်။

ကျန်းရွှိသည် မည်သည့် ပုန်ကန်မှုမျှ မလုပ်ခဲ့ပေ။ သူသည် ကလေးဘဝကတည်းက ကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့ပြီးသူပြုလုပ်ခဲ့သည့်အထူးခြားဆုံးလုပ်ရပ်မှာ မှာဂိမ်းအနည်းငယ်ကစားရန်အင်တာနက်ဆိုင်သို့ခိုးကြောင်ခိုးဝှက် သွားခဲ့ခြင်းဖြစ်သည်။ဆယ်ကျော်သက်ယောက်ျားလေးအများစု လုပ်ခဲ့ကြခြင်းဖြစ်ကာ ပြောစရာပင်မလိုပေ…။

ရုတ်တရက်သူ့ဘဝတွင် သူ၏ စိတ်ကြိုက် အထူးခြားဆုံး လုပ်ခဲ့ဖူးသော အအရာမှာ ထိုမမျှော်လင့်ပဲ ရလာသောကလေးကို မဖျက်ချပဲသူ၏ ဝမ်းဗိုက်ထဲတွင် ဆက်ထားခြင်းဖြစ်သည်။

သူ၏စိတ်ကြိုက်လုပ်မည့် အချိန်ကာလသည် ရောက်လာသည်မှာ နောက်ကျပုံရသည်။သို့သော် ဒေါသအလျှောက် စွန့်စားခြင်း မဟုတ်ပဲသူ၏ ကိုယ်ပိုင်စိတ်ဖြင့် တမင်ဆုံးဖြတ်ထားသော သဘောထား ဖြစ်သည်။

သူသည် နောင်တမရပါ။

”အမေ့ ဖြစ်လာမယ့် ကိစ္စတိုင်းကို ကျွန်တော့်ဘာသာ တာဝန်ယူမှာပါ…"

"မိန်းမ…အရင်ထိုင်ပြီး သူတို့ပြောတာ နားထောင်လိုက်ပါ"

စလာကတည်းကတလုံးဝင်မပြောပဲ အသံတိတ်နေသည့် အဖေက ဝင်၍ပြောလာသည်။

"ဘာပြောမှာလဲ…" ကျန်းရွှိမိခင်သည် အလွန်ဒေါသထွက်နေကာ စကားလုံးပင်သေချာ မရွေးနိုင်တော့ပေ။

"သူယောကျာ်းလေးချင်း ဘယ်လို အိပ်ခဲ့ကြောင်းလား…သူက ကလေးမွေးနိုင်တဲ့ ယောကျာ်းမကျ မိန်းမမကျဖြစ်နေတဲ့အကြောင်းလား…"

ကျန်းရွှိမျက်နှာသည် ထိုစကားများကြားသည့်အခါ ပြောင်းလဲသွားပြီး ရှန့်ဖန်းယွိက သူ၏မျက်နှာအနေထားကိုချက်ချင်းတွေ့လိုက်သည်။သူသည် ကျန်းရွှိ အားသူ၏လက်မောင်းထဲတွင် ကာကွယ်ထားကာ သူ့လက်မောင်းကိုညင်ညင်သာသာညှစ်လိုက်သည်။

" မင်းတို့ဘာလုပ်နေတာလဲ "

အမေဖြစ်သူကျန်း က

"မင်းတို့ ငါ့ရှေ့မှာ ပွေ့ဖက်ကြပြီးတော့ ဘာတွေ ပြောချင်နေကြတာလဲ"

"အန်တီ… ကျန်းရွှိအနားယူဖို့လိုအပ်တယ်… အန်တီသူ့ကိုဂရုမစိုက်ဘူးဆိုပေမဲ့ကျွန်တော် ဂရုစိုက်တယ်.…အန်တီစိတ်အေးသွားရင် ကျွန်တော်တို့ စကားဆက်ပြောကြပါမယ်"

သူပြောဆိုပြီးနောက် ကျန်းရွှိအားတိုးတိုးလေးထပ်ပြောလိုက်သည်။
"ရေအရင်သွားချိုးလိုက်…နော်..."

ကျန်းရွှိ သည်မျက်နှာဖြူ လျော့လျော့ဖြင့်ခေါင်းညိတ်ကာ လှည့်အထွက် ခြေထောက်များ ခွေကျသွားသည်။ ရှန့်ဖန်းယွိက သူ့အားအလျင်အမြန်ထူပေးသော်လည်းကအဆင်ပြေကြောင်းသာ ပြောကာ အိပ်ခန်းဘေးမှရေချိုးခန်းဆီလမ်းလျှောက်သွားသည်။ ရှန့်ဖန်းယွိက သူနောက်သို့ ပုံမှန်အတိုင်းလိုက်သွားခဲ့သော်လည်း ဘာမျှဝင်မပြောခဲ့သည့် အဖေဖြစ်သူက သူ့အားခေါ်ကာ ကျန်းရွှိ အိပ်ခန်းမှ အဝေးဆုံးအခန်းအား ညွှန်ပြကာ

"မင်း ဒီညအဲဒီမှာ အိပ်လိုက်"

" ကျွန်တော် သူ့အတွက် ရေသွားတင်ပေးမလို့ပါ"

"ကျန်းရွှိသူ့ဘာသာ ရေချိုးနိုင်တယ်….မင်းကူစရာမလိုဘူး"

ရှန့်ဖန်းယွိသည် အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ကာ ကျန်းရွှိက သူ့အား လိုက်မလာပဲ ပြန်ထိုင်နေရာ အမူအရာလုပ်ပြသောအခါမှသာ ကျန်းရွှိ ၏ပခုံးကိုအသာဖျစ်ညစ်လိုက်ပြီး

" ဂရုစိုက်…လုံခြုံအောင်နေနော်"

ရေချိုးခန်းထဲမှ ရေကျသံများကြားနေရကာ မှကျန်းရွှိမရှိသော စကားဝိုင်းသည် ရုတ်တရက် အဓိကလည်ချက် မပါသကဲ့သို့ ဧည့်ခန်းအတွင်းရှိလူသုံးဦးသည် ထူးထူးခြားခြားတိတ်ဆိတ်စွာနေခဲ့သည်။

ခဏတာ ရေအသံရပ်တန့်သွားကာ ကျန်းရွှိသည်မျက်နှာသုတ်ပုဝါနှင့်ထွက်လာပြီး အဖြူရောင်ညဝတ်င်္အကျီကိုဝတ်ဆင်ထားသည်။ သူကရေချိုးခန်းတံခါးနားတွင် ရပ်ကာ ဧည့်ခန်းထဲရှိ လူသုံးယောက်အားလှမ်းကြည့်ပြီး

"ကျွန်တော် အိပ်တော့မယ်"

"မင်း"
အမေကျန်း သည်အခြားအကြောင်းအရာအရာတစ်ခုခု ပြောချင်သော်လည်း ကျန်းရွှိကတံခါးကို ပုံမှန်ပင် ပိတ်လိုက်သည်။

ကျန်းရွှိ ၏အိပ်ခန်းတံခါးပိတ်လိုက်သည်ကို ကြားလျှင် ရှန့်ဖန်းယွိ သည် ညင်သာစွာသက်ပြင်းချလိုက်သည်။ သူ၏မျက်လုံးများက ကော်ဖီစားပွဲပေါ်ရှိ အခွံတဝက်ခွါလက်စ ပန်းသီးထံသို့အကြည့်ရောက်သွားကာ ခဏအကြာတွင်သူအသံကိုလျှော့ချ၍

"ဦးလေးနဲ့ အဒေါ် …အကယ်၍ စိတ်ငြိမ်သွားကြပြီဆိုရင် အခုကျွန်တော် ပြောပြမယ့် အကြောင်းကို နားထောင်ပေးပါ"

"ဘာကို နားထောင်ရမှာလဲ"

အမေ ဖြစ်သူ သည် နောက်တဖန်ဒေါသထွက်တော့မည်ဖြစ်သော်လည်း အဖေဖြစ်သူ ကသူမအားရပ်တန့်ပြီး အေးဆေးတည်ငြိမ်သော်လည်း ဒေါသသံဖြင့်

"သူ့ကိုပြောခွင့်ပေးလိုက်..."

ရှန့်ဖန်းယွိသည် အဖေဖြစ်သူ ကျန်းနှင့် အမေဖြစ်သူ ကျန်းအား ကြည့်လိုက်ကာ

" ကျန်းရွှိနဲ့ ကျွန်တော်တို့က ငွေရေးကြေးရေး အမှီအခိုကင်းပြီး အိမ်နဲ့ အလုပ်ကိုင်ကိုယ်စီရှိတဲ့ အရွယ်ရောက်ပြီးသား လူငယ်တွေ မို့ ဒီကလေးနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို အန်တီတို့ကို မပြောပြပဲ ကျွန်တော်တို့ တသက်လုံးလျှို့ဝှက်ထားလို့ရရဲ့သားနဲ့ ကျန်းရွှိက ဘာလို့ အန်တီတို့ဆီ လာ အသိပေးလဲဆိုတာ မတွေးမိဘူးလားဗျာ.."

" ငါကသူ့အမေပါ..သူကငါ့ကို လာပြောရမှာပဲ"

"မဟုတ်ပါဘူး ကလေးတွေဟာသူတို့ရဲ့အမေတွေကိုအမြဲတမ်း အတွင်းရေးကိစ္စတွေ ပြောလေ့မရှိကြပါဘူး…သူစကားမပြောချင်ဘူးဆိုရင်အန်တီဘာမှမလုပ်နိုင်ဘူး"

အမေဖြစ်သူကသူ့အား စိုက်ကြည့်နေသော်လည်း ဘာမျှမပြောခဲ့ပေ။ ရှန့်ဖန်းယွိက ဆက်၍

"အန်တီ တို့နှစ်ယောက်က သတင်းမှာ အဲ့အကြောင်းတွေ့ခဲ့တယ်ဆိုပေမဲ့ Mနိုင်ငံ မှာ အဲဒီကိစ္စမတိုင်ခင်ကတည်းက ကိုယ်ဝန်ရှိနေတဲ့အမျိုးသားတွေရှိတယ်ဆိုတာ အန်တီတို့ မသိကြဘူး. စဉ်းစားကြည့်ပါ…အဲ့လိုဖြစ်နေတဲ့ထဲက တခြား တစ်ဦး တစ်ယောက် အကြောင်းကိုမှတင်ပြထားတာမရှိသေးပေမဲ့ M နိုင်ငံက လူနာ အကြောင်းပဲသတင်းမှာ တင်ပြခဲ့တာမလား..."

ကျန်း စုံတွဲသည်သူ့အား ဂရုတစိုက်နားထောင်နေသည်ကိုတွေ့ရသောအခါ ရှန့်ဖန်းယွိ သည် ခဏတရပ်နားပြီး

"သူတို့ခွဲစိတ်တာတွေ မအောင်မြင်တာကြောင့်ပါ "

"မင်းဘာကိုဆိုလိုတာလဲ " အဖေကမေးသည်။

"ကလေးထွက်ဖို့ ခွဲစိတ်ရေးကအရမ်းအန္တရာယ်များတယ်"
ရှန့်ဖန်းယွိက ပြောပြသည်။

"အဲ့ဆို ကျန်းရွှိကိုလည်း ခွဲစိတ်မှုတစ်ခုလုပ်ဖို့ လိုအပ်တာလား"
အမေဖြစ်သူ သည်ထိတ်လန့်တုန်လှုပ်နေသည်။

ရှန့်ဖန်းယွိ ကခေါင်းညိတ်ပြီး "လိုအပ်တာပေါ့"

အမေဖြစ်သူ ကျန်း သည်စိတ်လှုပ်ရှားလာပြီး ဖခင် ကျန်း ကသူမကိုဖက်လိုက်ကာ ရှန့်ဖန်းယွိအား ဝန်လေးစွာကြည့်လိုက်သည်။ သူတို့ပထမဦးဆုံး သတင်းကိုကြားရသောအခါ သူတို့ကအရမ်းစိတ်ခံစားမှုများခဲ့ကြပြီး နောက်ထပ်စဉ်းစားရန် အချိန်ရှိပင်သည်မဟုတ်ခဲ့ပေ။