Chapter 169
" အရှေ့ကဖယ်စမ်း ..."
ထိုလူက သူ၏ဓါးကိုဝေ့ရမ်းပြီး ဝေ့ထင်ဆီသို့ ပြေးသွားခဲ့သည် ။ စုမုန့် အနည်းငယ်ထိတ်လန့်သွားသော်လည်း ဝေ့ထင်ကို သတိပေးလိုက်သည် ။
ဝေ့ထင်ဘယ်လောက်အရည်အချင်းရှိလဲဆိုတာကို သူမ သိသော်လည်း အဆုံးတွင် ထိုလူထံတွင် လက်နက်ရှိနေသည် ။ သူသာထိခိုက်ဒဏ်ရာရသွားလျှင် မကောင်းပေ ။
ထိုလူကဓါးအသေးဖြင့် သူ့ဆီတိုးဝင်လာတာကို မြင်သော်လည်း ဝေ့ထင်တွင် ရှောင်ဖယ်ရန် ရည်ရွယ်ချက်မရှိပေ ။
ဓါးက သူ့ကိုထိုးမိခါနီးတွင် ဝေ့ထင်တစ်ဖက်သို့ အသာလေးလှည့်လိုက်သည် ။ ဓါးကို ပါးနပ်စွာ ရှောင်လိုက်ပြီးနောက်တွင် သူ၏ညာဘက်လက်ကို မြှောက်လိုက်ပြီး ထိုလူ၏ပုခုံးကို ဆွဲကိုင်လိုက်သည် ။ သူ၏ ဘယ်ဘက်ခြေထောက်ကို ကွေးလိုက်ပြီး ဒူးခေါင်းကို အသုံးပြုကာ ထိုလူ၏ ဗိုက်ကို တိုက်လိုက်သည် ။
ထိုလူမှာ နာကျင်မှုကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ဓါးကိုလွှတ်ချလိုက်မိသည် ။ ဝေ့ထင် အားကိုအလွန်သုံးထားသောကြောင့် ထိုလူမှာ အန်ထွက်တော့မလိုပင်ဖြစ်သွားခဲ့သည် ။
" ရှောင်ဖုန်း ...သူတို့ကို ထိခိုက်နေတာ ရပ်လိုက်ပါ ... သူတို့က ငါတို့ရဲ့ ဧည့်သည်တွေပဲ ...ငါမင်းကို တောင်းပန်ပါတယ် ..."
အဖွားအိုမှာ စုမုန့်၏ လက်ကို ဖယ်ချလိုက်ပြီး ထိုလူဆီသို့ပြေးသွားကာ ကူညီဖို့ကြိုးစားလိုက်သည် ။
သို့သော် သူမ၏လက်ကို ရှောင်ဖုန်းက ရိုက်ထုတ်လိုက်ပြီး အံကြိတ်ကာ စုမုန့် နှင့် ဝေ့ထင်ကို သတိပေးလိုက်သည် ။
" ငါ့နယ်မြေထဲမှာ မင်းတို့ကဘယ်လိုတောင်ငါ့ကိုရိုက်ရဲရတာလဲ ...မင်းတို့သတ္တိရှိရင် ဒီညမထွက်သွားနဲ့ ..
ငါပြန်လာတာကို စောင့်နေလိုက် ... "
ရှောင်ဖုန်းသူ့ကို ခြိမ်းခြောက်ပြီးသောအခါ သူတစ်ဖက်သို့လှည့်လိုက်ပြီး အဖွားအိုကြီးစကားကိုပင် နားထောင်မနေတော့ဘဲ ထွက်သွားခဲ့သည် ။
ရှောင်ဖုန်းထွက်သွားပြီးသောအခါ ဝေ့ထင်ဘက်သို့ စုမုန့်လှည့်ပြီး မေးလိုက်သည် ။
" ရှင်ဘယ်လိုလုပ် ရုတ်တရက်ကြီးဆင်းလာတာလဲ ..."
စုမုန့်ရုတ်တရက် ပြဿနာတစ်ခုကိုတွေးမိသွားသည် ။ ကြည့်ရတာ သူမပြဿနာဖြစ်နေတိုင်း အရေးကြုံသည့်အချိန်တွင် ဝေ့ထင်ပေါ်လာပုံရသည် ။ ထိုအရာက ဝေ့ထင်ထံတွင် သူမစောင့်ကြည့်ခံနေရသလို ခံစားရသည် ။
သို့သော် ၎င်းကမဖြစ်နိုင်ပေ ။ သူမ ကိုယ်ပေါ်တွင် ဘာစောင့်ကြည့်စစ်ဆေးသည့်ကင်မရာမှမရှိဘဲ ဤအချိန်တွင်လည်း သူတို့လေးယောက်သာရှိနေသောကြောင့် သူမကို စောင့်ကြည့်ဖို့မှာ မဖြစ်နိုင်ပေ ။ ဒါဆို ဘာတွေဆက်ဖြစ်မည်နည်း ။
တစ်ခုခုမှားနေသလို စုမုန့်ခံစားနေရသော်လည်း ထိုအရာကဘာလဲဆိုတာကိုတော့ သူမ မပြောနိုင်ပေ ။
" ကိုယ်ဖုန်းဆက်ဖို့ အောက်ဆင်းလာတာ..."
အရှေ့ရှိ စားပွဲကို ဝေ့ထင်ညွှန်ပြလိုက်သည် ။
"ဖုန်းခေါ်ဖို့လား ... "
စုမုန့် မျက်မှောင်ကြုတ်လိုက်သည် ။ ဝေ့ထင်က အမှန်ဘဲ ဖုန်းခေါ်ဖို့ဆင်းလာခြင်းလား ။ သူမ၏ ဆဋ္ဌမအာရုံက ထိုမျှလောက်မရိုးရှင်းဘူးဆိုတာကို ပြောနေပြီး ဝေ့ထင်ကို သူမမေးလျှင်တောင် သူမပြောချင်ရင် ပြောမှာမဟုတ်ဘူးဆိုတာကို သူမ သိသည် ။
စုမုန့် သူ့ကိုယုံကြည်သလိုသာဆောင်လိုက်သည် ။ သူမခေါင်းညိတ်ကာ စကားဆက်မပြောတော့ပေ ။
" မိန်းကလေးနဲ့ လူငယ်လေး ...မင်းတို့ငါ့သားမလာခင် သွားသင့်ပြီ ... ဒီနေ့ဖြစ်ခဲ့တာတွေအတွက် ငါတကယ်တောင်းပန်ပါတယ် ...ခဏနေကြရင် ငါမင်းတို့ကို အခန်းခပြန်ပေးပါမယ် ...ဒါဆိုမင်းတို့သွားပြီး အရင်ဆုံး ပစ္စည်းတွေကို ထုပ်ပိုးလိုက်ကြပါ ..."
ဤတခဏတွင် အဖွားအိုမှာ ကြားဝင်ပြောလာခဲ့သည် ။
အဖွားအို၏စကားတို့ကိုကြားသောအခါ ရှောင်ဖုန်းမထွက်သွားခင်ပြောသွားသော ပြင်းထန်သည့်စကားများကို သူမမှတ်မိသွားသည် ။ ဒီည ထိုလူက ပြန်လာအုန်းမည်လို့ သူမဆိုလိုလိုက်ခြင်းလား ...သူမ ခန့်မှန်းတာသာ မမှားလျှင် သူမကို လက်တုံ့ပြန်ဖို့ ရှောင်ဖုန်းက လူတွေပါခေါ်လာလိမ့်မည် ။
"အဖွား ...ရှင့်ရဲ့သားဖြစ်သူက ဘာမှားနေတာလဲဆိုတာ ကျွန်မေးလို့ရမလား ...သူက ရှင့်ကိုအရမ်းစိတ်ဆိုးနေတယ်လို့ ကျွန်မဘာလို့ခံစားမိနေတာလဲ ..."
စုမုန့် မေးလိုက်သည် ။
အဖွားအိုက သက်ပြင်းချလိုက်သည် ။
" ဟူး ...အများကြီးသိထားတာက မင်းအတွက်မကောင်းဘူး ...ဘာပဲဖြစ်ဖြစ် မင်းတို့အမြန်ဆုံးထွက်သွားဖို့ လိုနေပြီ ... မြန်မြန်လုပ် ... မြန်မြန်လုပ် ... ည မရောက်ခင် သူရောက်လာလိမ့်မယ် ...ဒီမှာ မင်းကဧည့်သည်ပဲဖြစ်နေတာ ကောင်းတဲ့အရာပဲ ...မဟုတ်ရင် ငါတို့ ပြဿနာအကြီးကြီးတက်လိမ့်မယ် ..."
ထို့နောက် လွန်ခဲ့သောခဏက တုန်ရီနေဆဲဖြစ်သော အဖွားအိုမှာ ရှောင်ဖုန်းထွက်သွားသောအခါ သူမ၏သွင်ပြင်ကို ပြောင်းလဲလိုက်သည် ။ ထိုအားနည်းနေသော ပုံစံမှာ ပျောက်ကွယ်သွားပြီး ယခုတွင် သူမမှာ အင်အားအပြည့်ရှိနေပုံပေါ်သည် ။ သူမနောက်ကျောပင် ဖြောင့်တန်းနေပြီး အလွန်ကို စွမ်းအင်ပြည့်ဝနေပုံပေါ်သည် ။
သို့သော် သူမတွင် စုမုန့်ကို ရှင်းပြနေရန် ရည်ရွယ်ချက်မရှိချေ ။ သူတို့ထွက်သွားဖို့ကိုသာ သူမတိုက်တွန်းနေခဲ့သည် ။
အဖွားအိုက ဤသို့လုပ်ပြလေလေ စုမုန့်ပို၍ စူးစမ်းချင်လာလေလေဖြစ်သည် ။ သို့သော် စူးစမ်းချင်စိတ်က အလွန်မကောင်းမှန်း သူမ သိသည် ။ထို့ကြောင့် အဖွားအိုတွင် ဆက်ပြောချင်စိတ်မရှိဘူးဆိုတာကို သူမ တွေ့ရသောအခါ သူမ ထပ်မေးမနေရန် ဆုံးဖြတ်လိုက်သည် ။
သူမ အဖွားအိုဆေးထည့်ဖို့ အကူအညီတောင်းရန် အောက်ထပ်ကို ဆင်းလာခဲ့သည် ။ယခု သူမ၏အနာမှာ လွန်ကဲစွာ နာကျင်နေပြီး ဆေးအရင်ထည့်ဖို့သာ သူမဆုံးဖြတ်လိုက်သည် ။
သို့သော် အဖွားအိုကို သူမ မပြောလိုက်နိုင်ခင် ဝေ့ထင်အရင်ဆုံး သူမကို မေးလိုက်သည် ။
" အဲ့ဒါက မင်းရဲ့နောက်ကျောက ဒဏ်ရာကို ကုသဖို့လား
....ကိုယ်မင်းကို ကူညီနိုင်တယ် ..."
စုမုန့် သူ့ကို ငြင်းဆိုတော့မည့်အချိန်တွင် ဝေ့ထင်ဆက်ပြောလိုက်သည် ။
" မင်းစိတ်ထဲထားတယ်ဆိုရင် ကိုယ့်မျက်လုံးကို ကာထားပြီး လျှောက်မကြည့်ပါဘူး ..."
ဤကဲ့သို့ပြောသောအခါ ဝေ့ထင်မှာ အလွန်ညင်သာနေခဲ့သည် ။ ၎င်းမှာ သူ၏ပုံမှန်ပုံစံနှင့် လုံးဝကွဲထွက်နေသည် ။ စုမုန့်ပင် ထိတ်လန့်သွားခဲ့သည် ။ ဘာလို့များ ရုတ်တရက်ကြီး ဝေ့ထင်က နူးညံ့သွားရသလဲ ... သူဆေးများ မှားစားလာမိခြင်းလား ...
ဝေ့ထင် သူမကြည့်ပါဘူးဟုပြောသော်လည်း စုမုန့် အနှောင့်အယှက်ဖြစ်နေတုန်းပင် ။ သူမငြင်းဆိုတော့မည်အချိန်တွင် ဝေ့ထင်ပြောလာခဲ့သည်။
" မင်းကိုယ့်ကို ကသိကအောက်ဖြစ်နေတာကိုယ်သိတယ် ... ဒါပေမယ့် ဘာတွေပဲဖြစ်ဖြစ် မင်းခန္ဓာကိုယ်ကိုတော့ ပြန်ပြီးစိတ်ဆိုးနေဖို့ မလိုဘူးလေ ..."
ဝေ့ထင်ထိုသို့ပြောလိုက်ပြီး သူ၏နှလုံးသားမှာ အနည်းငယ်မသက်မသာ ခံစားနေရသည် ။ ဤကဲ့သို့ စိတ်လှုပ်ရှားကာ ပူပန်နေရခြင်းမျိုး သူယခင်က တစ်ခါမှ မခံစားခဲ့ရဘူးပေ ။
ဝေ့ထင် မလာခင်က ဖုကျဲနှင့် သူစကားပြောခဲ့ပြီး စုမုန့်နှင့် ဘယ်လိုနီးစပ်နိုင်မလဲဆိုတာကို သူမေးခဲ့သည် ။
အချိန်တော်တော်များများမှာ ဖုကျဲက အားမကိုးရဘဲ သူ့ကိုပြန်ပြီးလှည့်စားနိုင်သော်လည်း အဆုံးတွင် ဖုကျဲက သူ့ထပ်ပို၍ အတွေ့အကြုံရှိသည် ။ အကယ်၍ သူသာ အကြံဉာဏ်ပိုပေးခဲ့လျှင် အသုံးဝင်တာ တစ်ခုခုတော့ရှိလိမ့်မည် ။
စုမုန့်၏ ပင်ကိုယ်စရိုက်မှာ ယခင်ကနှင့် လုံးဝမတူတော့ဘူးဟု ဖုကျဲက ပြောဖူးသည် ။ အတိတ်တုန်းက ဝေ့ထင်ဘေးနားတွင် ဘယ်လိုလှည့်ပတ်နေရမလဲဆိုတာကိုသာ သူမသိသည် ။သို့သော် ယခုတွင်တော့ သူမက ကိုယ့်ကိုယ်ကိုသာချစ်တတ်သော သူတစ်ယောက်ဖြစ်လာခဲ့သည် ။ စုမုန့် သူမကိုယ်သူမ ဖျောင်းဖျနေသ၍ သူမကပိုအောင်မြင်လာနိုင်လေလေဖြစ်သည် ။
ဝေ့ထင်လည်း ထိုကဲ့သို့တွေးမိသောကြောင့် သူအဲ့ဒါကိုပြောခဲ့သည် ။
တွေးထားသည့်အတိုင်းပင် သူ၏ စကားများအတွက် စုမုန့်တွင် တုံ့ပြန့်သည့်အမူအရာရှိနေသော်လည်း ဝေ့ထင် နှင့်တော့ ဘာမှမသက်ဆိုင်ပေ ။စုမုန့် ပြုံးကာ ပြောလိုက်သည် ။
" ရှင်မှန်တယ် ....ဘာတွေပဲဖြစ်နေနေ ဒေါသထွက်ပြီး ကိုယ့်ခန္ဓာကိုယ်ကိုတော့ ထိခိုက်အောင်လုပ်လို့မရဘူး ဒါကြောင့်...."
သူမ အဖွားအိုကို ကြည့်ကာမေးလိုက်သည် ။
" အဖွား ...ကျွန်မရဲ့ ကျောက ဒဏ်ရာရထားတယ် ... ကျွန်မကို ဆေးကူလိမ်းပေးလို့ရမလား ..."
ဝေ့ထင် "...."
သူ၏ စကားလုံးများက အသုံးဝင်ပုံပေါ်သော်လည်း အပြည့်အဝတော့ အသုံးဝင်နေခြင်းမျိုးမဟုတ်ပေ ။
စုမုန့်၏ တောင်းဆိုမှုကို ကြားပြီးသောအခါ အဖွားအိုမှာ ဘာမှမပြောဘဲ သူမကိုသာစိုက်ကြည့်နေခဲ့သည် ။သူမ၏အကြည့်ကြောင့် စုမုန့်ခေါင်းရှုပ်သွားရသည်။
သူမကို ခဏလောက်ကြည့်နေပြီးနောက်တွင် အဖွားအိုက ကြင်နာသော အပြုံးကို လှစ်ဟပြကာ ခေါင်းညိတ်လိုက်သည် ။
" ကောင်းပြီ ...ငါမင်းကိုဆေးထည့်ဖို့ ကူညီပေးမယ်...ဒါပေမယ့် အဲ့ဒါကဒီနေရာမှာလုပ်ဖို့ မသင့်တော်ဘူး ငါတို့ မင်းအခန်းကိုသွားတာက ပိုကောင်းမယ် ... "
ဝေ့ထင်မပျော်မရွှင်ဖြစ်သွားသော်လည်း သူဘာမှမပြောခဲ့ပေ ။စုမုန့် နှင့်အဖွားအို လှေကားကို တိတ်တဆိတ်တက်သွားသည့် နောက်ကိုသာ သူလိုက်လာသည် ။
အဖွားအိုကို သူမ၏အခန်းထဲကိုပို့ပေးဖို့ စုမုန့်ကူညီလိုက်သည် ။ သို့သော် သူတို့ဝေ့ထင်၏အခန်းကို ဖြတ်သွားသောအခါ ဝေ့ထင် အထဲကို မဝင်သွားခဲ့ပေ ။ ထိုအစား သူမ၏တံခါးဆီသို့ သူမ၏နောက်မှ သူလိုက်လာခဲ့သည်။
" ဘာလို့ ရှင့်အခန်းကို ပြန်မသွားတာလဲ ..."
စုမုန့် မျက်မှောင်ကြုတ်ကာ ဝေ့ထင်ကို မေးလိုက်သည် ။
" ရှင် ကျွန်မအခန်းကို သွားချင်လို့လား ... "
ဝေ့ထင် သူ၏အခန်းတံခါးကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည် ။
" ဘယ်သူက ကိုယ့်အခန်းတံခါးကိုပိတ်လိုက်လည်း မသိဘူး ...ဒါပေမယ့် ကိုယ့်အခန်းကတ်ကို မယူလာခဲ့ရဘူး ..."
စုမုန့် "...."
သူမက ပိတ်လိုက်တဲ့တစ်ယောက်လို့ ပြောလို့ရနိုင်လား ... သူမနောက်ဆုံးမှာ ဝေ့ထင်ကို ကူညီချင်ခဲ့ပေမဲ့ သူမရဲ့ရည်ရွယ်ချက်ကောင်းက အဆိုးဖြစ်သွားလိမ့်မယ်လို့တော့ မမျှော်လင့်ထားမိဘူး ...
" အဖွား ...သူအခန်းထဲမှာ အခန်းကတ်ကျန်ခဲ့လို့ ...သူ့အတွက် တံခါးဖွင့်ပေးလို့ရနိုင်မလား ... "
သူမ မေးလိုက်သည် ။ ဝေ့ထင်အတွက် အခန်းတံခါးဖွင့်ပေးဖို့ စုမုန့်ဆုံးဖြတ်လိုက်ပြီး သူ့ကို ပြန်သွားခိုင်းလိုက်မည် ဖြစ်သည် ။မဟုတ်လျှင် သူမ၏အခန်းကို သူလိုက်လာနိုင်တော့မှာ မဟုတ်ပေ ။
" ရတယ် ... ဒါပေမယ့် ပစ္စည်းကိရိယာတွေက အစောင့်ခန်းထဲမှာ ... မင်းတို့ အလျင်မလိုဘူးဆိုရင် ငါမင်းကို ဆေးထည့်ဖို့ အရင်ကူညီပေးမယ် ..."
အဖွားအိုက ခေါင်းညိတ်လိုက်သည် ။
" ငါအရံအခန်းကတ်ကို ဘယ်မှာထားမိလဲဆိုတာ ငါမေ့သွားတယ်...ဒါကြောင့် ငါအဲ့ဒါကို ရှာဖို့လိုတယ်...အဲ့ဒါက အချိန်နည်းနည်းကြာလိမ့်မယ် ... "
ထိုအရာကို စုမုန့်ကြားသောအခါ သူမ သက်ပြင်းချလိုက်သည် ။ ထိုကဲ့သို့ဖြစ်လာပြီဆိုမှတော့ သူမကိုဆေးထည့်ဖို့ အရင်ကူညီတာကသာ ကောင်းလိမ့်မည် ။ သူမသာ အတွေးမမှားလျှင် သူမ၏ဒဏ်ရာမှာ သွေးထပ်ထွက်နေပြီ ဖြစ်သည် ။
" အပြင်မှာ အရင်စောင့်နေ ... ကျွန်မတို့ ဆေးထည့်ပြီးမှ ဝင်လာခဲ့ ... "
ဝေ့ထင်ကို စုမုန့် ညွှန်ကြားလိုက်သည် ။ သူမယခုတွင် ဝေ့ထင်နှင့် ဘာမှလုပ်စရာမရှိဘဲ အထူးသဖြင့် သူမ အမုန်းဆုံးသူထံမှ အခွင့်အရေးယူခံလိုက်ရတာမျိုး မဖြစ်ချင်ပေ ။
" ကောင်းပြီ "
သူပြောလိုက်သည် ။ ဝေ့ထင် သဘောတူညီသလို သူ၏ခေါင်းကို ညိတ်ပြလာသည် ။
ဝေ့ထင် လက်ခံလိုက်တာကိုတွေ့သောအခါ စုမုန့် တံခါးဖွင့်ပြီး အထဲကို ဝင်သွားခဲ့သည် ။ အဖွားအို ဝင်သွားပြီးနောက်တွင် သူမ တံခါးကို ဆောင့်ပိတ်လိုက်သည် ။ သူမ ဝေ့ထင်ကို အထဲဝင်ခိုင်းဖို့ ရည်ရွယ်ချက်မရှိပေ ။
စုမုန့် ဆေးများကို ထုတ်လိုက်ပြီး အဖွားအိုကို ကမ်းပေးလိုက်သည် ။
" ကျွန်မရဲ့ ဒဏ်ရာက အရမ်းမပြင်းထန်ပါဘူး ... ဒါကြောင့် ဆေးနည်းနည်းထည့်ပြီးရင် ကျွန်မသက်သာသွားမှာပါ ...ရှင်အလုပ်များသွားပြီ... ကျေးဇူးပါ ... "
အဖွားအိုကို စုမုန့်ကျေးဇူးတင်သလို ပြုံးပြလိုက်ပြီး သူမ၏ရှပ်အင်္ကျီကို ချွတ်ကာ တစ်ဖက်သို့လှည့်လိုက်သည် ။စုမုန့်၏နောက်ကျောမှ ဒဏ်ရာတို့ကို ကြည့်ပြီး အဖွားအိုမှာ အံ့သြသလိုပြောလာခဲ့သည် ။
" မိန်းကလေး... မင်းရဲ့ဒဏ်ရာက အရမ်းပြင်းထန်တယ် ... အဲ့ဒါက တစ်ခုခုနဲ့သေချာပေါက် ရိုက်မိခဲ့တာဖြစ်မယ် ...မင်းဘယ်လောက်တောင် ချုပ်လိုက်ရလဲ ... "
" ကျွန်မလည်း မသေချာဘူး ... ချုပ်လို့ပြီးတဲ့အထိ ကျွန်မသတိလစ်နေခဲ့တာ ...ကျွန်မနိုးလာတော့ အားလုံးက ပြီးသွားပြီ ..."
စုမုန့် ဂရုမမူသလိုဘဲ ပြောလိုက်သည် ။အဖွားအိုက သူမ၏ သစ်သားလိုမာကြောသော လက်ကို ဆန့်ကာ စုမုန့်၏ နောက်ကျောကို ညင်သာစွာထိလိုက်ပြီး ပြောလိုက်သည် ။
" တကယ်အသားအရေကောင်းတာပဲ ...အဲ့ဒီပေါ်မှာ ဒဏ်ရာတွေရှိနေတာကတော့ သနားစရာပဲ ...သနားစရာပဲ... "
အဖွားအိုမှာ စုမုန့်၏နောက်ကျောကို အာရုံစိုက်လွန်းနေပြီး သူမဆေးထည့်ဖို့ကိုပင် မေ့သွားရသည် ။
သူမ၏ လက်များမှာ ကြမ်းတမ်းသည် ။ စုမုန့်၏နောက်ကျောမှာ ဒဏ်ရာကြောင့် နာကျင်နေပြီးသား ဖြစ်ပြီး ယခုတွင် ထိုအရာကို သူမထိတွေ့လိုက်သောအခါ သူမလောင်ကျွမ်းနေသောအာရုံကို ခံစားမိလိုက်သည် ။
ပိန်သောအဖွားအိုက ထိုမျှလောက် သန်မာလိမ့်မည်ဟု စုမုန့် မမျှော်လင့်ခဲ့ပေ ။သူမ လုံးဝကို လှုပ်နိုင်ခဲ့ခြင်းမရှိပေ။စုမုန့်တွင် ရွေးချယ်စရာမရှိတော့ဘဲ သူမကို သတိပေးလိုက်ရသည် ။
" အဖွား ... ကျေးဇူးပြုပြီး ကျွန်မကို ဆေးအရင်ထည့်ပေးပါ ...ကျွန်မအဆင်ပြေနေသ၍ အဲ့ဒါက သနားစရာမကောင်းတော့ပါဘူး ...အများဆုံးမှ အမာရွတ်လောက်ပဲ ကျန်မှာပါ ဘာပဲဖြစ်ဖြစ် ကျွန်မကအဝတ်တွေဝတ်ထားပြီး ဘယ်သူမှလဲ မြင်မှာမဟုတ်ပါဘူး ..."
" မိန်းကလေး မင်းအဲ့ဒီလိုတွေးလို့မရဘူး ..."
အဖွားအိုက သူမ၏မျက်နှာကို သနားသလိုကြည့်လာသည် ။
" မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ရှင်းလင်းနေသင့်တယ် ...အဲ့ဒီနေရာမှာ အမာရွတ်ရှိနေရင် သူမက အမုန်းခံရလိမ့်မယ် ..."
" ငါငယ်ငယ်တုန်းက ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်ရှိခဲ့တယ် ... အဲ့ဒါက ငါ့အဖေရိုက်လိုက်လို့ ...အစတုန်းကတော့ ငါအများကြီးမတွေးခဲ့ဘူး... ဒါပေမယ့် ငါမမျှော်လင့်ထားတာက လက်ထပ်ပြီးသွားတော့ အဲ့ဒီအမာရွတ်ကြောင့် ငါ့ယောကျ်ားက ငါ့ကိုအထင်သေးလေ့ရှိတယ်...ပြီးတော့ သူကအမာရွတ်ကို တကယ်စိတ်ထဲထားနေတာ ငါသိလိုက်ရတယ် ...ဒါကြောင့် ငါရိုးရာဆေးတွေကို ရှာခဲ့တယ်... လဝက်လောက်ကြာတော့ အမာရွတ်ပျောက်သွားခဲ့တယ် ... "
xxxxxxxxx