Chapter 170
" မိန်းကလေး မင်းရဲ့ဒဏ်ရာက အရမ်းနက်တာကိုငါမြင်တယ် ...နောက်ကျရင် အဲ့ဒါက သေချာပေါက် အမာရွတ်ကျန်ခဲ့လိမ့်မယ် ...မင်းငါ့ရဲ့ ရိုးရာဆေးနည်းကို လိုချင်လား ... "
အဖွားအို၏ စကားတို့ကိုကြားသောအခါ စုမုန့်အနည်းငယ် နားလည်လိုက်သည် ။ အဖွားအိုက ဤအခွင့်အရေးကို အသုံးချကာ သူမကို ပစ္စည်းများရောင်းချင်နေခဲ့သည် ။ ဟိုတယ်၏စီးပွားရေးကို ကြည့်မည်ဆိုလျှင် ဧည့်သည်အနည်းငယ်သာရှိသောကြောင့် သူတို့ပိုက်ဆံများများရှာနိုင်မည်မဟုတ်ပေ ။ ထို့ကြောင့် သူတို့တစ်ခြားနည်းလမ်းကို အသုံးပြုကာ ပိုက်ဆံရှာခြင်းမှာ နားလည်လို့ရပေသည် ။
ထို့နောက် ပိုက်ဆံနှင့်ပက်သက်လာလျှင် နှစ်ဖက်စလုံးက လိုလားကြသည် ။အကယ်၍ သူတို့သာမလိုချင်လျှင် သူတို့တိုက်ရိုက်သာ ငြင်းလိုက်လို့ရသည် ။
စုမုန့် ခေါင်းခါလိုက်သည် ။
" ရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါပဲ ... ဒါပေမယ့် ကျွန်မမလိုပါဘူး ...ဒါက အမာရွတ်လေးပါပဲ ကျွန်မအပေါ်သက်ရောက်မှုမရှိပါဘူး ပြီးတော့ သူက ရှင့်ခန္ဓာကိုယ်ပေါ်က အမာရွတ်ကို လက်မခံနိုင်ရင် ရှင့်ရဲ့ ယောကျ်ားက ယောက်ျားကောင်းတစ်ယောက်မဟုတ်ဘူးဘဲ ...တစ်ခြားသူတစ်ယောက်ကို ကျေနပ်အောင်လုပ်ပေးနေဖို့ မလိုပါဘူး ..."
" အခုခေတ်လူငယ်တွေက တကယ်ခေတ်ဆန်တာပဲ .... ငါကအိုနေပြီး မင်းရဲ့အတွေးတွေကို နားမလည်ပါဘူး ..."
အဖွားအိုက သူမစိတ်ကို ဖတ်လိုက်နိုင်ပုံရကာ အပြုံးဖြင့်ဆက်ပြောလိုက်သည် ။
" မိန်းကလေး ...ငါမင်းကို ပိုက်ဆံတောင်းမှာ စိတ်ပူနေတာ မဟုတ်လား... စိတ်မပူပါနဲ့ ...အခုလေးတင် မင်းက ငါ့ကို မျက်နှာသာကြီးကြီးပေးထားတာ ဒါကြောင့်ငါမင်းကို လိမ်မှာမဟုတ်ပါဘူး ... ငါကတကယ် မင်းကို ရိုးရိုးသားသားညွှန်းပေးတာပါ...အလကားပါ ...ဒီရိုရားဆေးနည်းက အရမ်းအဖိုးတန်တယ် တစ်ခြားသူတွေ ဘယ်လောက်ပဲတောင်းဆိုနေပါစေ ငါရောင်းမှာမဟုတ်ပါဘူး ... "
စုမုန့် သူမကို ငြင်းလိုက်ချင်သော်လည်း အဖွားအိုက သူမအတွက် ဆုံးဖြတ်ခဲ့သည် ။
" မင်းသွားတဲ့အခါကျရင် ငါမင်းကို ပေးလိုက်မယ် ... "
ထို့နောက်တွင် အဖွားအိုက ဆေးကိုယူပြီး စုမုန့်ကို စလိမ်းပေးသည် ။ အဖွားအိုက အရမ်း ကျွမ်းကျင်နေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ ။စုမုန့်ပေါ်သို့ သူမအလွန်ညင်သာစွာဆေးထည့်ပေးသည် ။အတွင်းမှ နာကျင်မှုများကလွဲလျှင် စုမုန့် တစ်ခြားဘာမှမခံစားရပေ ။
စုမုန့် ဆေးနှင့်ပတ်တီးစည်းခဲ့သည် ။ ထို့နောက်တွင် သူမ၏အဝတ်အစားများကို ဝတ်လိုက်ပြီး အဖွားအိုကို ထပ်ကျေးဇူးလိုက်သည် ။
" မိန်းကလေး ...မင်းနဲ့အပြင်ကလူငယ်လေးရဲ့ဆက်ဆံရေးက ဘာလဲ ...ပြီးတော့ နောက်ထပ်လူငယ်လေးနှစ်ယောက် မင်းတို့အနောက်ကတောင်ကိုသွားတာ ငါတွေ့လိုက်တယ် ... အဲ့ဒီမှာ သစ်ပင်တွေနဲ့ ဘိန်းတွေကလွဲရင် ဘာမှမရှိပါဘူး ... သင်္ချိုင်းတောင်မရှိပါဘူး ... မင်းတို့အဲ့ဒီကို ဘာသွားလုပ်ကြတာလဲ ... "
ထို့နောက် စုမုန့်အထင်လွဲမည်စိုးသောကြောင့် သူမရှင်းပြလိုက်သည် ။
" မိန်းကလေး ...ဒီမိန်းမက စူးစမ်းချင်ရုံပါ ...အဲ့ဒါကြောင့် ငါမင်းကိုမေးကြည့်တာပါ ...မင်းငါ့ကိုမပြောပြနိုင်ရင်လည်း ငါမမေးခဲ့သလိုပဲ ဟန်ဆောင်လိုက်ပါ ... ငါမင်းကို သတိပေးစရာတစ်ခုတော့ရှိတယ် ...ဝမ်လဲ့လို့ခေါ်တဲ့ လူငယ်က အရင်ကလည်း လာခဲ့ဖူးတယ် ...သူက အဲ့ဒီအချိန်တုန်းက ထိတ်လန့်နေပြီးတော့ နောက်ထပ်လူတစ်ယောက်လည်းပါလာသေးတယ် ...သူထွက်သွားပြီး မကြာဘူး ...ငါကိစ္စတစ်ခုကို တွေ့လိုက်တယ် ... အဲ့ဒါဘာလဲ မင်းသိလား ..."
စုမုန့် ဘာမှမပြောဘဲ အဖွားအိုကိုကြည့်လိုက်သည် ။သူမ မသိသလို ခေါင်းခါပြလိုက်သည် ။
အဖွားအိုက သက်ပြင်းချပြီး အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည် ။
" သူထွက်သွားပြီးရက်အနည်းငယ်ကြာတော့ သူနဲ့ပါလာတာတဲ့ လူငယ်က သေသွားတယ် ... ပုံတွေကလည်း ဝါးတားတားပဲထွက်လာပြီး မှတ်တမ်းက သူဘယ်လိုသေသွားတယ်ဆိုတာ မပြောထားပေမယ့် အဲ့ဒီလူက အရမ်းစိတ်မချမ်းသာစရာကောင်းတဲ့နည်းလမ်းနဲ့သေသွားတယ်ဆိုတာ ဝိုးတဝါးမြင်လိုက်ရတယ်...ရဲတွေပြောတာကတော့ လူသတ်ခံရတာ...ပြီးတော့ နည်းလမ်းတွေက အရမ်းပါးနပ်တယ် ...သူတို့အခုထိ လူသတ်သမားကို ရှာမတွေ့သေးဘူး ..."
" အဲ့ဒီလူက သေသွားပြီလား ..."
စုမုန့် မျက်မှောင်ကြုတ်လိုက်သည် ။
" အင်း ...သူသေသွားပြီ ... သူက ခြောက်ခြားစရာကောင်းတဲ့သေခြင်းနဲ့ သေသွားတာ ...
မိန်းကလေး မင်းက ငါ့ကို ကယ်ဖို့ အန္တရာယ်များတဲ့ကြားကအရိုက်ခံရပြီးတော့ မင်းကလူကောင်းလည်းဖြစ်နေတာကို ငါသိလို့ ဒါကိုပြောပြတာပဲ ...ငါက အရမ်းအိုနေပါပြီ ...ဒီအကြောင်းနဲ့ပက်သက်ပြီး မင်းကို ငါလိမ်စရာမရှိပါဘူး ... ပြီးတော့ မင်းကို လိမ်လို့လည်း ငါ့အတွက်ကောင်းလာမှာမှ မဟုတ်တာ ... "
" တကယ်က မင်းဒီကိုရောက်ထဲက ငါမင်းကိုရှာနေခဲ့တာ ...အပြင်ကလူငယ်လေးနဲ့ မင်းကအရမ်းရင်းနှီးတယ်ဆိုတာ ငါတွေ့ရတယ်... ဒါပေမယ့် ဝမ်လဲ့လို့ခေါ်တဲ့တစ်ယောက်နဲ့တော့ မင်းက မရင်းနှီးဘူး ... နောက်ထပ်တစ်ခုရှိသေးတယ် ၊ မင်းသတိထားမိလားတော့ ငါမသိဘူး ... ဝမ်လဲ့ မင်းကိုကြည့်တဲ့ပုံက အရမ်းထူးဆန်းတယ် ... ဒါပေမယ့် ဘာကထူးဆန်းနေတာလဲဆိုတာကိုတော့ ငါမပြောနိုင်ဘူး ။ "
" ငါဘာတွေးနေလဲဆိုတာ မင်းသိသင့်တယ် ...မင်းအသေးစိတ်အကြောင်းအရာကို သိရင် ငါမှားနေတယ်ဆိုတာကို လက်ခံပေးမယ် ...ဒါပေမယ့် မင်းမသိရင်တော့ အဲ့တာကို သတိပေးချက်အနေနဲ့ မှတ်ယူလိုက်ပါ ..."
အဖွားအိုက ထိုအရာကိုအလေးနက်ပြောနေပြီး လုပ်ကြံပြောနေတာနှင့် မတူပေ ။
စုမုန့် သူမကိုကြည့်ကာ ဘာမှမပြောလိုက်ပေ ။ သူတို့မလာခင်က ဂူသင်္ချိုင်းကိုအတူလာဖူးသောသူငယ်ချင်းအကြောင်း ဝမ်လဲ့ကပြောပြဖူးသည် ။ သို့သော် သူငယ်ချင်းက နိုင်ငံခြားကို ထွက်သွားပြီဟု ဝမ်လဲ့ပြောခဲ့သည် ။
သူ့အဖော်၏သေဆုံးခြင်းအကြောင်း သူမသိခဲ့ခြင်းလား သို့မဟုတ် သူမကို သူတမင်တကာ အမှန်ကိုမပြောခဲ့ခြင်းလား ။ အဖွားအို၏ပြောစကားအရ ထိုလူ၏သေဆုံးမှုမှာ ဝမ်လဲ့နှင့် သက်ဆိုင်နေသည် ။အကယ်၍ ထိုလူကို သေစေခဲ့သောသူမှာ ဝမ်လဲ့သာဖြစ်နေလျှင် ထိုသူငယ်ချင်းအကြောင်းသူဘာလို့အစပျိုးပြီး သူမကို ပြောပြခဲ့ရသနည်း ။
အကယ်၍ သူသာ ပြောခဲ့လျှင် ၎င်းကကိစ္စများကို ရှုပ်စေရုံသာရှိမည် ။သူသာမပြောခဲ့လျှင် အစကတည်းက စုမုန့်လည်း သိမည်မဟုတ်ဘဲ သူ့ကိုပါလုံးဝသက်ရောက်မှုရှိလိမ့်မည်မဟုတ်ပေ ။
၎င်းက အမှန်ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ သူမအကြောင်းအရင်းကို မသိပေ ။ထို့ကြောင့် သူမပုံမှန်သာပြောလိုက်နိုင်သည် ။
" အဖွား ...ရှင့်မှာအဲ့ဒီမှတ်တမ်းရှိသေးလား ...အကယ်၍ ရှိသေးတယ်ဆိုရင် ကျွန်မကို ကြည့်ခွင့်ပေးပါလား ..."
ထိုလူ၏သေဆုံးမှုမှာ သူမနှင့်ဘာမှမသက်ဆိုင်သော်လည်း သူမတွင် အတည်ပြုစရာတစ်ခုရှိနေသေးသည် ။
" ရတယ် ...ဒါပေမယ့် အဲ့ဒါက အစောင့်ခန်းထဲမှာ...ငါခဏနေကြရင် မင်းကိုပေးမယ် ..."
အဖွားအိုက ပြုံးလိုက်သည် ။
" သေချာပေါက် မင်းအလျင်လိုနေမယ်ဆိုရင်တော့ ငါနဲ့လိုက်ခဲ့လို့ရတယ် ...မင်းပြီးသွားပြီဆိုရင် ချက်ချင်းထွက်သွားလို့ရတာပေါ့ ... ဒါပေမယ့် မိန်းကလေး မင်းက အပြင်ကလူငယ်လေးနဲ့ နည်းနည်း ဝေးကွာနေတယ်လို့တော့ ငါမြင်တယ် သူ့ကိုလိုက်ခဲ့ဖို့ မင်းမေးချင်လား ... "
အဖွားအိုက လူတွေကိုအကဲခတ်တဲ့နေရာမှာ အရမ်းတော်နေလိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့ပေ ။ ဒီလိုအရာကိုတောင် သူကပြောနိုင်သည် ။
စုမုန့် သူမ၏နားရွက်ကို ထိလိုက်ပြီး ခေါင်းခါလိုက်သည်
။
" ဟင့်အင်း ...ကျွန်မဘာသာပဲ သွားမယ် ..."
" ဒါပေမယ့် အရံသော့ကလည်း အစောင့်ခန်းထဲမှာပဲ ... သူ့အခန်းကို သူပြန်မသွားနိုင်သေးဘူး သူငါတို့နဲ့ လိုက်လာဖို့လိုရင်ဘယ်လိုလုပ်မလဲ ..."
အဖွားအိုက စိတ်ပူနေပုံရသည် ။
" အဲ့ဒါက အဆင်ပြေပါတယ် ...ကျွန်မသူ့ကို ပို့ပေးလိုက်မယ် ..."
စုမုန့် အပြုံးဖြင့် ပြောလိုက်သည် ။အဖွားအို၏ အမူအရာမှာ အလွန်ထင်ရှားနေသည် ။ ဝေ့ထင်ကို သူမနှင့် အတူလိုက်ပါစေချင်ပုံရသည် ။စုမုန့်၏ မျက်လုံးတို့ ကျဥ်းမြောင်းသွားသည် ။
" ကောင်းပြီ ...အဲ့တာဆို ငါဆင်းပြီး အရင်ရှာလိုက်မယ် ။ မင်းပြီးမှ အဲ့ဒီကိုပဲတန်းလာလို့ရတယ် ...အစောင့်ခန်းရဲ့ တည်နေရာက ဧည့်ကြိုခန်းထဲမှာ မှတ်ထားတယ် ...အဲ့ဒါကြောင့် ရှာရလွယ်ပါတယ် ... "
အဖွားအိုက စုမုန့်ကို ပြုံးပြပြီး ထွက်သွားသည် ။
သူမထွက်သွားသည့်နောက်မှ စုမုန့်လိုက်လာပြီးနောက် နံရံတွင် ဝေ့ထင်ပျင်းရိစွာမှီနေတာကို တွေ့လိုက်သည် ။
စုမုန့်ထွက်လာတာကို ဝေ့ထင်တွေ့လိုက်ရပြီး မတ်မတ်ရပ်လိုက်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည် ။
" မင်းဘာလို့အရမ်းကြာနေတာလဲ ... "
ဓါတ်လှေကားနားတွင် ရပ်နေသော အဖွားအိုကိုကြည့်ကာ စုမုန့်ပြုံးလိုက်သည် ။
" ကျွန်မ အဖွားနဲ့ စကားစမြည်ခဏလောက်ပြောနေတာ အဲ့ဒါကြောင့် နည်းနည်းကြာသွားတယ် ...ဒီမှာ ဘာလိုင်းမှမမိလို့ ကျွန်မဖုန်းခေါ်လို့မရဘူး ...ဝမ်လဲ့ နဲ့တစ်ခြားတစ်ယောက်ကို ဒီညထွက်မယ်ဆိုတာ ကျွန်မကိုကူညီပြီး သတင်းပို့ပေးအုန်း ..."
" ကောင်းပြီ "
သူပြောလိုက်သည် ။ ဝေ့ထင် ဘာမေးခွန်းမှ ထပ်မမေးဘဲ တစ်ခါတည်း သဘောတူလိုက်သည် ။ ဤအချိန်တွင် ဓါတ်လှေကားလည်း တက်လာပြီဖြစ်သည် ။ ဝေ့ထင် နှင့် အဖွားအိုက ဓါတ်လှေကားထဲသို့ အတူတကွဝင်သွားလိုက်သည် ။
" လူငယ်လေး ... မင်းမိန်းကလေးကို အများကြီးသဘောကျနေတယ်ဆိုတာ မြင်နေရတယ် သူမက မိန်းမကောင်းလေးပဲ မင်းသူမကို တကယ်သဘောကျရင် ပိုပြီးကောင်းကောင်းဆက်ဆံပေးလိုက်... "
အဖွားအိုသည် အရာအားလုံးကို ထိုးဖောက်မြင်နေရသလို သူမ၏အမူအရာမှာ ဖော်ပြထားသည် ။
ဝေ့ထင် စိတ်ထဲမထားသလိုသာ သူမကိုကြည့်လိုက်ကာ သူ၏နားရွက်ကို ထိလိုက်ပြီး သူမကို လျစ်လျူရှူလိုက်သည် ။ဝေ့ထင်၏ လျစ်လျူရှူမှုကို အဖွားအိုက စိတ်ထဲမထားပေ ။ သူမ တခစ်ခစ်ရယ်ကာ ပြောလိုက်သည် ။
" ဒီနေ့ခေတ်လူငယ်တွေက တကယ်ငါတို့မျိုးဆက်နဲ့ ကွာခြားတာပဲ ... လူငယ်တွေရဲ့အတွေးကို ငါတကယ် နားမလည်ဘူး ... "
အဖွားအို၏ သွင်ပြင်မှာ သူတို့မနေ့ကတွေ့ခဲ့ရသော ပုံစံနှင့် လုံးဝကွာခြားနေသည် ။သူမက ရုတ်တရက် တစ်ခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုပင် ။ သူမ ပြုံးလာရုံသာမက ၊ စကားလည်းပိုပြောလာသည် ။
ဓါတ်လှေကားထဲတွင် သူမ စကားများများပြောခဲ့သော်လည်း ဝေ့ထင်က သူမကို ဘာမှပြန်မပြောပေ ။ ဝေ့ထင်၏ ရိုင်းသောအမူအကျင့်ကို အဖွားအိုက စိတ်မဆိုးပေ ။ ဝေ့ထင် ဓါတ်လှေကားထဲကထွက်သွားမှ သူမ ပါးစပ်ပိတ်သွားသည် ။
သူတို့နှစ်ယောက်ထွက်သွားတာကို စုမုန့်လက်ပိုက်ကြည့်နေခဲ့သည် ။
သူမ၏ ပစ္စည်းများကို ထုတ်ပိုးပြီး အိပ်ယာပေါ်တွင် အနားယူဖို့ ထိုင်ချလိုက်သည် ။၎င်းက နောက်ထပ် အိပ်ေရးပျက်ရတဲ့ညဖြစ်လိမ့်မည်ဟု သူမကိုယ်သူမတွေးမိသည် ။
စုမုန့် ခဏလောက်စောင့်နေလိုက်သည် ။ အဖွားအို ပြီးသင့်ပြီဖြစ်တာကို သူမ သိလိုက်သောအခါ သူမ၏အိတ်များကို ကိုင်ဆွဲပြီး အောက်ထပ်သို့ဆင်းသွားသည် ။စုမုန့် ပထမထပ်ရှိ ဧည့်ကြိုခန်းကို ရောက်တာတောင် ဝေ့ထင်ကို သူမ မတွေ့ရသေးပေ ။ ဝေ့ထင်က အတော်လေးစဥ်းစားတတ်ပုံရသည် ။
စုမုန့် အစောင့်ခန်းကို ရှာတွေ့ပြီး ဟိုတယ်အတွင်း လျှောက်သွားလိုက်သည် ။
ဟိုတယ်က အပြင်မှကြည့်သောအခါ ကြီးသည်ဟုမထင်ရပေ ။ သို့သော် သူမ ဝင်သွားသောအခါ ၎င်းမှာ အတော်ဝေးဝေးသွားရသည် ။ အရေးပေါ်မီးများမှလွဲ၍ အထဲတွင် မီးများကို မဖွင့်ထားပေ ။အစိမ်းရောင်မီးများမှာ မှိန်နေပြီး မျက်လုံးအစုံလိုက်များက စိုက်ကြည့်နေသလိုပင်။
အနီးနားတွင် ဘာအသံမှ မကြားရပေ ။ စုမုန့် သူမ၏ခြေသံများကိုသာ ပြန်ကြားနေရသည် ။ ကော်ရစ်တာ၏ အဆုံးကိုရောက်သောအခါ စုမုန့် အစောင့်ခန်းကို ရောက်သွားခဲ့သည် ။ သူမ၏ လက်ကိုမြှောက်လိုက်ပြီး တံခါးကို နှစ်ခါမျှ ခေါက်လိုက်သည် ။မကြာမီတွင် အထဲမှလူက တံခါးဖွင့်ပေးလာသည် ။
ရုံးခန်းအတွင်းတွင် မီးများကိုပိတ်ထားသော်လည်း မှောင်မနေပေ ။ အဘယ်ကြောင့်ဆိုသော် စောင့်ကြည့်စစ်ဆေးမှုမှတ်တမ်းများကို ကွန်ပြူတာဖန်သားပြင်တွင် ဖွင့်ထားသောကြောင့် ဖြစ်သည် ။
" အဖွား အဲ့ဒီပစ္စည်းကို ရှာတွေ့ခဲ့လား ... "
စုမုန့် အထဲကို ကြည့်ကာ ဝင်သွားလိုက်သည် ။
" အမ်း ငါကအိုနေပါပြီ ...ငါ့ရဲ့ မှတ်ဉာဏ်တွေကလည်း မကောင်းတော့ဘူး ... ပြီးတော့ လက်တွေခြေထောက်တွေကလည်း အတူတူပဲ ... ငါဒီလောက်အကြာကြီးရှာနေတာတောင် အခုထိ မတွေ့သေးဘူး ... ဒါပေမယ့် ရှာစရာသေတ္တာကတစ်လုံးပဲ ကျန်ပါတော့တယ် ... ငါ့ရဲ့ကျောက တစ်ကယ်မရပ်ထားနိုင်တော့ဘူး ... မိန်းကလေး မင်းဘာသာသွားပြီး နောက်ဆုံးသေတ္တာတစ်လုံးကို ရှာကြည့်သင့်တယ် ..."
အဖွားအိုက သူမ၏ နောက်ကျောနှင့် ပုခုံးများကို ထုနေခဲ့သည် ။သူမက တကယ်ကို နာကျင်နေပုံရသည် ။
" ကောင်းပြီ ...ဒါဆို အဖွားအရင်နားနေလိုက်ပါ ... "
အဖွားအိုညွန်ပြသော သေတ္တာဆီသို့ စုမုန့်အရင်လျှောက်သွားပြီး ဖွင့်ကြည့်လိုက်သည် ။ ထို့နောက် စတင် လှန်လှောရှာဖွေတော့သည် ။
" အဖွား ဘာလို့မီးတွေကို မဖွင့်ထားတာလဲ ... ဒီမှာပစ္စည်းတွေအများကို သိမ်းထားရလို့လား ..."
စုမုန့်မေးကာ ရှာဖွေလိုက်သည် ။ ကွန်ပြူတာကဖွင့်ထားသော်လည်း သူမ၏နောက်ကျောက မီးရောင်ကို ကွယ်နေပြီး သေတ္တာထဲရှိပစ္စည်းများကို ရှင်းရှင်းလင်းလင်းမမြင်ရပေ ။
သူမ အစောင့်ခန်းကို မော့ကြည့်လိုက်သည် ။ဤနေရာမှာ ကုန်လှောင်ရုံလို့ခေါ်လျှင် ပိုသင့်တော်လိမ့်မည် ။ ၎င်းမှာ ပစ္စည်းများနှင့်ပြည့်နေပြီး အရမ်းရှုပ်ယှက်ခက်နေသောကြောင့် ဖြစ်သည် ။
အဖွားအိုက တခစ်ခစ်ရယ်လိုက်သည် ။ဤရယ်သံမှာ စုမုန့် အရင်က ကြားခဲ့ဖူးသော အသံနှင့် လုံးဝကွဲပြားနေသည် ။ သူမ၏ ယခင်ကကဲ့သို့ အိုမင်းသည့်အသံဖြစ်သော်လည်း ပို၍ငယ်ရွယ်နေပုံရသည် ။
စုမုန့် စူးစမ်းချင်မိသွားသည် ။ သူမနောက်သို့လှည့်ကြည့်ချင်သော်လည်း သူမ မလှည့်လိုက်ခင် သူမ၏လည်ပင်းအနောက်နေရာတွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီး ရီဝေဝေဖြစ်လာခဲ့သည် ။ ထို့နောက် သူမ သတိလစ်ကာ မြေပေါ်သို့ လဲကျသွားတော့သည် ။
xxxxxxxx