အပိုင်း ၁၇၆
Viewers 15k

Chapter 176



စုမုန့်၏ ကံကောင်းမှုအပေါ်တွင်သာ သူအာရုံစိုက်ထားသော်လည်း အချိန်ကြာပြီးနောက်တွင် အကြောင်းအရင်းကို သူရှာမတွေ့ခဲ့ပေ ။


စုမုန့် အချိန်အတော်ကြာအောင် စကားမပြောခဲ့ပေ ။သူမ ပြုံးကာ ပြောလိုက်သည် ။


" ဘာဖြစ်လို့လဲ ... တာအိုအဖိုး ...အဲ့ဒါကို ရှင်မမြင်နိုင်ဘူးဆိုရင် ရှင်ကလုံလုံလောက်လောက် အင်အားမရှိသေးဘူးပဲ ရှင်အလှောင်ခံရမှာတော့ မဟုတ်ပါဘူး ... "


စုမုန့်၏စကားလုံးတို့မှာ ထေ့ငေါ့နေခဲ့သည် ။အပေါ်ယံတွင် သူမက သူ့ကိုနှစ်သိမ့်နေသော်လည်း တကယ်တမ်းတွင် သူမက ပျက်ရယ်ပြုနေခြင်းဖြစ်သည် ။


တာအိုဆရာ၏ တိုက်ခိုက်လိုသောစိတ်မှာ ချက်ချင်းမြင့်တက်လာခဲ့သည် ။ဤကဲ့သို့ ကိစ္စအသေးလေးကိုတောင် သူမကိုင်တွယ်နိုင်လျှင် သူ၏ဆရာအတွက် သူကအလွန်ရှက်ရစရာဖြစ်နေလိမ့်မည် ။ သူ၏စိတ်ထဲတွင် တစ်စုံတစ်ယောက်၏ ပင်ကိုယ်စရိုက်က ဆိုးနေလျှင်တောင် အဆင်ပြေသော်လည်း အင်အားတော့ရှိဖို့လိုသည် ။


အခြားသူများ၏ ကံကောင်းမှုကိုကြည့်ဖို့ သူ့လှည့်ပတ်ကြည့်လိုက်သည် ။ စုမုန့်မှလွဲ၍ အခြားသူများ၏ကံကောင်းမှုကို သူရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ 


စုမုန့်က သူမ၏ ကံတရားကိုပိတ်ပင်နိုင်တဲ့ ရတနာတစ်မျိုးကို ယူလာခဲ့တာများ ဖြစ်နိုင်မည်လား ...


တာအိုဆရာက စုမုန့်ကို မေးလိုက်သည် ။


" ဒါကို ရှင်းအောင်လုပ်ရအောင် ... ငါတို့ ဘာကာကွယ်နိုင်တဲ့ပစ္စည်းကိုမှ ယူလို့မရဘူး ...မဟုတ်ရင် အဲ့ဒါကစည်းမျဥ်းနဲ့ မကိုက်ညီဘူး ..." 


" စိတ်မပူပါနဲ့ ... ကျွန်မဆီမှာ ဘာမှမရှိဘူး ...ကျွန်မကို ဖမ်းလာတုန်း အဖွားအိုက စစ်ဆေးပြီးသား ဖြစ်လိမ့်မယ်ဆိုတာ ကျွန်မယုံတယ် ...ဒါကြောင့် ရှင်စိတ်ချလို့ရပါတယ် ... " 


စုမုန့် သူ့ကို စိတ်ချအောင်ပြောလိုက်သည် ။ရတနာတစ်ခုကြောင့်သာမဟုတ်လျှင် စုမုန့်၏ကံကြမ္မာက ကွဲပြားနေသည် ။သူ့ထံတွင် ရွေးချယ်စရာမရှိတော့ပေ ။ သူမမြင်နိုင်ဘူးဆိုတာကိုသာ တိုက်ရိုက်ထုတ်ပြောလိုက်လျှင် ထိုအရာက အလွန်ရှက်စရာကောင်းလိမ့်မည် ။


" မင်းရဲ့ ဝိသေသလက္ခဏာရှစ်ခုကိုပြောပြ ..အဲ့ဒါဆို ပိုပြီးတော့ တိကျလိမ့်မယ် ... " 


သူထိုအရာကို တိုက်ရိုက်မမြင်ရဘူးဆိုမှတော့ သူမ၏ ဇာတာခွင်ကိုသာ သူအသုံးပြုရလိမ့်မည် ။


" တာအိုဆရာအဖိုးက ဖုန်းရွှေအသိုင်းအဝိုင်းမှာ အတော်ဆုံးထဲက တစ်ယောက်ဖြစ်နေပြီဆိုမှတော့ လက္ခဏာရှစ်ခုကို မလိုသင့်တော့ဘူးမလား ...ရှင့်လို အင်အားကြီးတဲ့သူအတွက် ရုပ်ပိုင်းဆိုင်ရာကြည့်ရုံနဲ့တင် လုံလောက်နေပြီလေ၊ မဟုတ်ဘူးလား ... " 


စုမုန့် သူ့ကိုတိတ်တဆိတ်ဝေဖန်လိုက်သည် ။ထင်ထားသည့်အတိုင်းပင် တာအိုဆရာမှာ အခြားသူများက သူ၏အင်အားကို မေးခွန်းထုတ်လာခြင်းကို သည်းမခံနိုင်ပေ ။ အခြား လက္ခဏာများကို မေးဖို့ သူအလွန်ရှက်ရွံ့နေခဲ့သည် ။


ကံမကောင်းစွာဖြင့် သူဘယ်လောက်ပဲကြိုးစားပါစေ ၊ စုမုန့်၏ ကံကြမ္မာကို သူမမြင်ရပေ ။


အကယ်၍ ၎င်းကတကယ်အလုပ်မဖြစ်လျှင် တာအိုဆရာက ခန့်မှန်းဖို့သာ ဆုံးဖြတ်လိုက်သည် ။သူလေးနက်သော အမူအရာဖြင့် အလွတ်ပြောချလိုက်သည် ။


" မင်းရဲ့ကံကြမ္မာက ထူးဆန်းတယ် ...မင်းရဲ့ဘဝမှာ ကြီးမားတဲ့အခွင့်အရေးတစ်ခုရှိပုံရပြီးတော့ အဲ့ဒါက မင်းရဲ့ကံကြမ္မာနဲ့ ကံကောင်းမှုကို အခြားသူတွေနဲ့ ကွဲထွက်စေတာပဲ ... ငါသာ မမှားဘူးဆိုရင် မင်းရဲ့ဘဝက ကံဆိုးမှုတွေ  စိတ်သောကရောက်စရာတွေနဲ့ပြည့်နေလိမ့်မယ် ... မင်းရဲ့ချစ်သူဆီကနေ လှည့်စားခံရလိမ့်မယ် ... မင်းယုံကြည်တဲ့သူဆီကနေ သစ္စာဖောက်ခံရလိမ့်မယ် ...ပြီးရင် စိတ်မချမ်းသာစရာသေခြင်းမျိုးနဲ့ အဆုံးသတ်ရလိမ့်မယ် ... "


ဝေ့ထင်၏ မျက်ခုံးတို့မှာ တာအိုဆရာ၏စကားတို့ကိုကြားပြီးနောက် တွန့်သွားခဲ့သည် ။ဤစကားလုံးတို့က သူ့ကို အလွန်မသက်မသာဖြစ်စေပြီး ဤကိစ္စတွေအကြောင်းသူသိပ်မသိသော်လည်း စုမုန့်၏ အလေးအနက်ဖြစ်နေသောအမူအရာကို မြင်ရသောအခါ တာအိုဆရာမှာ အနည်းအကျဥ်းတော့ မှန်နေတာကို သူသိလိုက်သည် ။


တာအိုဆရာ၏စကားတို့မှာ မှန်လားဆိုတာ သူမသိပေ ။ သို့သော် ဘယ်တစ်ခုပဲဖြစ်နေပါစေ အားလုံးက ခြောက်ခြားဖွယ်ကောင်းနေသည် ။အထူးသဖြင့် စိတ်မချမ်းသာစရာစေခြင်းဆိုသည့် နောက်ဆုံးတစ်ခုပင် ဖြစ်သည် ။ စုမုန့်၏ အနာဂတ်တွင် ထိုအရာကပါဝင်နေခြင်းလား ။


စုမုန့်ကို ဝေ့ထင် လေးလေးနက်နက်ကြည့်လိုက်ပြီး ဤသို့ဖြစ်ခွင့်မပြုလိုက်ဖို့ သူရင်ထဲတွင် တိတ်တဆိတ်ကျိန်ဆိုလိုက်သည် ။  တာအိုဆရာက အမှန်ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ ၊ သူဤအရာကို မှတ်ထားရမည် ။ သူပြန်ရောက်သောအခါတွင် စုမုန့်၏လုပ်ဆောင်ချက်များကို သူပိုအာရုံစိုက်ရမည့်ပုံပင် ။


စုမုန့်၏ မျက်နှာကအလေးအနက်ဖြစ်နေခဲ့သည် ။ တာအိုဆရာက သူမ၏ကံကောင်းမှုကို မှန်အောင်ပြောလိုက်နိုင်သောကြောင့် မဟုတ်ပေ ။ တာအိုဆရာက သူမ၏အတိတ်ဘဝက ကံတရားကို မှန်အောင်ပြောလိုက်နိုင်သောကြောင့်သာဖြစ်သည် ။


သူမ၏ အတိတ်ဘဝတွင် အမေဝေ့ထံမှ သူမအနိုင်ကျင့်ခံခဲ့ရပြီး ဝေ့ရွှယ်ထံမှ သစ္စာဖောက်ခံခဲ့ရသည် ။အဆုံးတွင် ဝေ့ရွှယ်ထံမှ သူမသေလောက်အောင်နှိပ်စက်ခံခဲ့ရသည် ။သို့သော် သူမ၏ ပြန်လည်မွေးဖွားမှုဖြင့် သူမလက်ရှိဘဝ၏ ကံကြမ္မာမှာ ပြန်ပြောင်းလဲသွားခဲ့သည် ။


" မင်းဘယ်လိုထင်လဲ ...ငါပြောတာမှန်တယ်မလား ..."


စုမုန့်၏ အလေးအနက်ဖြစ်နေသောအမူအရာကို တာအိုဆရာက သတိထားမိပြီး ချက်ကောင်းကိုရိုက်လိုက်မိပြီဟု သူတွေးလိုက်သည် ။ သူ ဂုဏ်ယူစွာဖြင့်ပင် မေးလိုက်သည် ။


" ရှင်ကအကြောင်းအရာနဲ့လွဲနေပြီ ...ကျွန်မတို့ ဒီနေ့ရဲ့ကံတရားကို ကြည့်ဖို့ သဘောတူထားတာ... ရှင်က ဘယ်နှစ်နှစ်စာလောက် တွက်ချက်နေတာလဲ ... အတည်ပြုဖို့အတွက် ရှင်က ကျွန်မကို အဲ့ဒီလောက်နှစ်အကြာကြီးစောင့်ခိုင်းချင်တာလား ..."


စုမုန့် လက်ပိုက်ပြီး တာအိုဆရာကို အပြုံးဖြင့် ကြည့်လိုက်သည်။ သူမက လုံးဝစိတ်ပူနေသည့်ပုံမပေါ်ပေ ။


သူမကို အရူးလုပ်ဖို့ တာအိုဆရာက တစ်ခုခုပြောလိုက်ချင်သော်လည်း စုမုန့်မှာ အလွန်အလေးအနက်ဖြစ်နေပြီး ယနေ့အတွက်ကံတရားကိုသာပြောဖို့ တိုက်တွန်းနေခဲ့သည် ။


ရွေးချယ်စရာမရှိတော့ဘဲ တာအိုဆရာမှာ ခဏလောက်တွေးဆလိုက်ပြီး ဟန်ဆောင်ကာ ပြောလိုက်သည် ။


" ငါ့ရဲ့ ရှာတွေ့ချက်အရ မင်းရဲ့ဒီနေ့ ကံတရားက မကောင်းဘူး ...ဒီည ပြဿနာတစ်ခုခုတွေ့လိမ့်မယ် ..."


" ဟုတ်ပြီ... ငါပြီးပြီ ... မင်းအလှည့်ပဲ ..."


 တာအိုဆရာက စုမုန့်ကို ဘဝင်ခိုက်စွာကြည့်လိုက်သည် ။စုမုန့် ဘာပြောပြောကိစ္စမရှိပေ ။သူဂရုစိုက်နေသ၍ ထိုအရာမှာ အမှန်တကယ်ဖြစ်လာလိမ့်မည် မဟုတ်ပေ ။ အဆုံးတွင် ကံတရားကို ပြောင်းလဲလို့ရနိုင်သည်။


စုမုန့် သူ့ကို ခေါင်းအစ ​ခြေအဆုံးကြည့်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည် ။


" တာအိုဆရာအဖိုး...ရှင့်ရဲ့ မျက်ခုံးနှစ်ခုကြားနေရာက အနက်ရောင်ပြောင်းနေပြီ ...ရှင်မကြာခင် ကံဆိုးတော့မယ်ဆိုတာ ကျွန်မ ကျိန်းသေပေါက်ပြောရဲတယ် ... ရှင်နာရီပိုင်းအတွင်း အန္တရာယ်ကြုံရလိမ့်မယ်..."


" မင်း .." 


သူမ၏စကားလုံးတို့ကိုကြားလိုက်ရချိန်တွင် စုမုန့်က သူ့ကိုကျိန်စာတိုက်နေတာလို့ တာအိုဆရာတွေးမိလိုက်သည် ။ ဝေ့ထင်သူ့ကို စူးရှစွာကြည့်လိုက်သည့်အချိန်တွင် သူမကို သူကျိန်ဆဲမိတော့မလိုပင် ။ သူချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး ဆက်မပြောရဲတော့ပေ ။


တာအိုဆရာ ဘာကိုပြောချင်နေလဲဆိုတာကို သိသောကြောင့် စုမုန့်ပြုံးလိုက်သည် ။


" ရှင်က နှလုံးသားမဲ့တဲ့လုပ်ရပ်တွေ အများကြီးလုပ်ခဲ့တာ အနာဂတ်မှာ ရှင်ပိုကောင်းတဲ့ဘဝနဲ့ နေချင်တယ်ဆိုရင် ရှင့်ပါးစပ်နဲ့ ကောင်းတဲ့အရာတွေကို များများပြောပြီး သူတော်ကောင်းတရားတွေကို စုဆောင်းဖို့လိုတယ် ...မဟုတ်ဘဲ ရှင့်ပါးစပ်နဲ့အမှားတွေ ဆက်လုပ်နေမယ်ဆိုရင် ရှင်​ပြဿနာအကြီးကြီးတက်လိမ့်မယ် ..."


ထိုစကားလုံးများက တာအိုဆရာ၏ ဝမ်းဗိုက်ထဲတွင် ဒေါသများ ပြည့်သွားစေသော်လည်း ထိုအရာကို သူမထုတ်ဖော်ရဲပေ ။ ထို့ကြောင့် သူသည်းခံလိုက်ဖို့သာ တတ်နိုင်သည် ။ 


စုမုန့် ပြောလိုက်သည် ။


" ကောင်းပြီ ... ရလဒ်ကိုစောင့်ပြီး ဘယ်သူ့ရဲ့ ဟောစတမ်းကအရင်မှန်မလဲဆိုတာ ကြည့်ရအောင် ...ဒါကြောင့် ရှင်မှန်နေရင်တောင် မနက်ဖြန်မတိုင်ခင်အထိ ထွက်သွားဖို့ကို စောင့်နေရမယ် ..."


မနက်ဖြန်အထိလား ...


တာအိုဆရာမှာ သူလှည့်စားခံလိုက်ရပြီဖြစ်တာကို သတိထားမိသွားသည် ။ အကယ်၍ သူသာ မနက်ဖြန်မှ ထွက်သွားခွင့်ရလျှင် သူ့ကိုထွက်ခွင့်မပေးတာနှင့် ဘာများကွာခြားတော့မည်နည်း ။ဒီလူများက ရဲကို ခေါ်လိုက်မည်ကို သူအစောကြီးကတည်းက ခန့်မှန်းမိပြီးသားဖြစ်သည် ။


သူက လူများကိုထိခိုက်စေခဲ့ခြင်းက တိကျသည့်သက်သေမရှိပေမယ့် ၊ အကယ်၍ ရဲများကသာ စုံစမ်းချင်လျှင် သူတို့ရှာတွေ့သွားနိုင်သည် ။ တာအိုဆရာမှာ အနည်းငယ်မစိုးရိမ်မိဘဲ မနေနိုင်ပေ ။


သူအချိန်တိုအတွင်း ထွက်မသွားနိုင်တာကို သိရသောအခါ တာအိုဆရာ၏ ရင်ထဲတွင် မီးလောင်ကျွမ်းနေသလို ခံစားနေရသည် ။ သူ၏ ရင်ဘက်နှင့် တင်ပါးမှ နာကျင်မှုတို့နှင့်ပေါင်းပြီး ကုတင်ပေါ်တွင်သာ သူထိုင်နေချင်တော့သည် ။သူ့ထံတွင် ရွေးချယ်စရာမရှိပေ ။ အခန်းထဲမှ တစ်ခုတည်းသောကုလားထိုင်က ရှောင်ယွီယူထားသောကြောင့် ကုတင်ပေါ်တွင်သာ သူထိုင်နေလိုက်သည် ။


တာအိုဆရာက ကုတင်ရှိရာဘက်သို့ လျှောက်သွားလိုက်သည် ။ သူ၏ ခြေထောက်ကို ဂရုမစိုက်မိသောကြောင့် ဝေ့ထင်လွှင့်ပစ်ထားသော သံချိန်းကြိုးကို ခလုတ်တိုက်မိသွားသည် ။ ရလဒ်အနေဖြင့် မြေကြီးနှင့် သူပူးကပ်သွားသည် ။ သူ၏ ပါးစပ်နှင့် နှာခေါင်းတို့က ချက်ချင်း သွေးထွက်လာပြီး သွေးတိတ်အောင် သူအလျင်အမြန်လုပ်လိုက်သည် ။


တာအိုဆရာ၏ နှခေါင်းက သွေးထွက်လာတာကို မြင်ရသောအခါ ဝမ်လဲ့ရယ်လိုက်သည် ။ တာအိုဆရာကို သူလှောင်ရယ်လိုက်သည် ။


" ကောင်းပြီ ...ဆရာမအနိုင်ရတယ်လို့ ငါကြေငြာတယ် ..

ဝဋ်လည်တာက ဒီလောက်မြန်လိမ့်မယ်လို့ ငါမထင်ထားဘူး ...မင်းမြင်လား ....မင်းဒါကို မငြင်းနိုင်တော့ဘူးလေ ... ဒါပေမယ့် သွေးထွက်တာကလည်း ဒီမှာ အန္တရာယ်ဖြစ်တာပဲ မဟုတ်လား ..."


သူ၏ သွေးထွက်သည့်အန္တရာယ်က ရုပ်ရှင်ဆန်နေသော်လည်း စုမုန့်၏အင်အားကို တာအိုဆရာကနောက်ဆုံးတွင် လက်ခံလိုက်ရသည် ။သူက အနည်းငယ် မလိုလားရုံသာဖြစ်သည် ။


" ကောင်းပြီ ...ချီစွမ်းအင်ကိုရှာဖွေတဲ့နေရာမှာ ငါကမင်းလောက်မတော်ဘူးဆိုတာကို ဝန်ခံပါတယ် ..."


ယခုလေးတင် တာအိုဆရာလဲကျသွားသောအခါ သူ မတော်တဆ လျှာကို ကိုက်လိုက်မိသောကြောင့် စကားကို ရှင်းလင်းအောင်မပြောနိုင်ပေ ။


သူစကားပြောပြီးသောအခါ နှာတရှုံ့ရှုံ့လုပ်နေပြီး လေရှူသွင်းကာ လျှာမှနာကျင်မှုကို လျော့ကျအောင် လုပ်လိုက်သည် ။ထို့နောက် သူဆက်ပြောလိုက်သည် ။ 


" ဒါပေမယ့် ငါက အရောင်အဝါတွေကိုပဲ ကြည့်နိုင်တာ ။  ကျန်တဲ့နေရာတွေမှာ ငါကမင်းလောက်မနိမ့်ပါဘူး ..." 


စုမုန့် သူ့ကို လျစ်လျူရှူလိုက်ပြီး အဖွားအိုဆီသို့ လျှောက်သွားလိုက်သည် ။


" အဖွား ...ကျွန်မဖုန်းရွှေဘယ်လိုဖတ်ရမလဲသိတယ်ဆိုတာ ရှင်အခုယုံပြီမဟုတ်လား ... ရှောင်ယွီရဲ့ ဇာတာခွင်ကို ကျွန်မကို ပြောပြပါ ... ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်မသူ့ကို ကူညီနိုင်တယ် ...ဒီကိစ္စက သူမနဲ့ဘာမှ မဆိုင်ဘူး ...သူမကလည်း နစ်နာသူပဲ ...ဒီအရာအတွက် သူမမှာ တာဝန်မရှိပါဘူး ..." 


" ဟီးဟီး... မမလှလှ  ... လှတယ် ...အရမ်းလှတာပဲ ... " 


ရှောင်ယွီ၏ ရှေ့တွင် စုမုန့်ဆောင့်ဆောင့်ထိုင်ချလိုက်သည် ။ ရှောင်ယွီကပြုံးပြီး တစ်ခုခုကိုပြောနေခဲ့သည် ။


စုမုန့် သူ့ကိုငြင်သာစွာပြုံးပြလိုက်ပြီး ရှောင်ယွီ၏အပြုံးက ပိုကျယ်လာခဲ့သည် ။


ရှောင်ယွီက စုမုန့်ကို သဘောကျနေသည်မှာ ထင်ရှားသည် ။အဖွားအိုက သူမကို ထိုကဲ့သို့တွေ့ရပြီးအံ့သြနေမိသည် ။


စုမုန့်အတွက် ရှောင်ယွီ၏ မေတ္တာက သူမ အစီအစဥ်တစ်ခုလုံးကို စောင့်ကြည့်ခဲ့သည့်အချက်နှင့် အတူတူပဲဖြစ်ပြီး တာအိုဆရာ၏ အင်အားက စုမုန့်ထက်နိမ့်နေတာကို သတိထားမိသွားစေသည် ။ဤတစ်ကြိမ်တွင် စုမုန့်၏စကားလုံးတို့ကို သူမယုံကြည်သွားခဲ့သည် ။


တစ်လျှောက်လုံး တာအိုဆရာက ရှောင်ယွီကို ကယ်တင်နေခြင်းဆိုသည့် ယုံကြည်မှုက ပြိုကွဲသွားခဲ့သည် ။ သူမ အလွန်ယုံကြည်ခဲ့ရသည့်သူကတစ်လျှောက်လုံး သူမကို လိမ်ညာနေခဲ့လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ ။


အဖွားအိုက တာအိုဆရာကို ကြည့်လိုက်ပြီးနောက် စု​မုန့်​ကို ရှောင်ယွီ၏ဇာတာခွင်ကို ပြောပြလိုက်သည် ။


" အဖွား ...ကျွန်မရှောင်ယွီကို ကူညီပေးရင်တောင် ရှင့်ရဲ့အမှားအတွက် အကျိုးဆက်ကိုတော့ ရှင်လက်ခံရလိမ့်မယ် ...ဒါပေမဲ့ စိတ်မပူပါနဲ့...အတိတ်မှာ ရှင်ကကောင်းတဲ့အရာတွေအများကြီး လုပ်ထားခဲ့တာကြောင့် မကြာခင်မှာ ရှင်ပျောက်ကွယ်သွားရင်တောင် ရှင့်ရဲ့ ကုသိုလ်တွေနဲ့  မကောင်းတဲ့အရာတွေက အချင်းချင်း ချေဖျက်သွားပါလိမ့်မယ် ...  အဲ့ဒါက ရှင်ရဲ့ကံကြမ္မာကို ပုံမှန်လူတစ်ယောက်လို ပြန်ဖြစ်စေလိမ့်မယ် ...ရှင်ဝဋ်လည်တာကို ခံစားရမှာ မဟုတ်ပါဘူး ..."


" ဒါပေမယ့် ရှင့်ရဲ့ကံတရားကအရမ်းမဆိုးရင်တောင် ရှင်ဥပဒေကပေးတဲ့ ပြစ်ဒဏ်ကိုတော့ လက်ခံရလိမ့်မယ် ...ထောင်ထဲကို မလွဲမသွေသွားပါ...ရှင်တင်မဟုတ်ဘူး ... ရှင့်သား ရှောင်ဖုန်း နဲ့ တာအိုဆရာအဖိုးလည်း အတူတူပဲ ..." 


အဖွားအိုကို စုမုန့် တည်ငြိမ်စွာပြောလိုက်သည် ။ 


ရှောင်ဖုန်းက အထဲတွင် လှဲနေခဲ့သည် ။ သူ၏ မျက်လုံးကို တစ်ချိန်လုံးဖွင့်ထားသော်လည်း ဝေ့ထင်၏ တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်လွန်းသည် ။ သူ၏ခေါင်းထဲတွင် ရီဝေနေဆဲဖြစ်ပြီး စုမုန့်ပြောတာကို သူအာရုံမစိုက်နိုင်ပေ ။ သို့သော် တစ်ချိန်လုံးနိုးကြားနေသော တာအိုဆရာမှာ ထိုအရာကို ကြားပြီး အော်လိုက်သည် ။


" မင်းဘာလို့ စကားမတည်ရတာလဲ ...မင်းမနက်ဖြန် ငါ့ကိုလွှတ်ပေးမယ်လို့ပြောခဲ့တယ်လေ ...ဘာလို့ မင်းစကားတွေကို ပြန်ရုတ်သိမ်းနေတာလဲ ... " 


" ခင်ဗျား အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ ..."


တာအိုဆရာ၏ စုမုန့်ကိုမေးသောမေးခွန်းများကို ဝမ်လဲ့ကြားလိုက်ပြီး ချက်ချင်း ကြိမ်းမောင်းလိုက်သည် ။


 "  ခင်ဗျားက ဘဝကို စိတ်ကြီးဝင်ပြီးရှင်သန်နေတာလား ... အရမ်းအိုနေလို့ တစ်ခြားသူတွေ ဘာပြောလဲဆိုတာကို ခင်ဗျားနားမလည်တော့တာလား ...ဆရာမ ပြောတာ ခင်ဗျားနိုင်ရင် ခင်ဗျားကို လွှတ်ပေးမယ်လို့ ပြောခဲ့တာ ...ဒါပေမယ့် ခင်ဗျားနိုင်လို့လား ..."


" အဲ့ဒီလိုမဖြစ်စလောက်ကျွမ်းကျင်မှုလေးနဲ့ ခင်ဗျားက ဆရာမကို ဆန့်ကျင်ရဲသေးတာလား ...ခင်ဗျားက တစ်ကယ်ရှုံးဖို့ ထိုက်တန်တယ် ... ကျွန်တော် ခင်ဗျားကို ပြောချင်တာက ခင်ဗျားကို ကျွန်တော်တို့ စိတ်မဝင်စားနေဘူး ... ဘာလို့လဲဆိုတော့ ခင်ဗျားကို ကျွန်တော်တို့က ရဲလက်အပ်တော့မှာ ... "


ဝမ်လဲ့ပြောပြီးသွားသောအခါ စုမုန့်ဘက်သို့လှည့်ပြီး မျက်နှာချိုသွေးနေသော အမူအရာဖြင့် မေးလိုက်သည် ။


" ဆရာမ ...အဲ့ဒါက ခင်ဗျားပြောချင်တဲ့ ဆိုလိုရင်မဟုတ်လား ..."


တာအိုဆရာက ထွက်သွားဖို့အခွင့်အရေးအတွက် တိုက်ခိုက်ချင်သော်လည်း စုမုန့်ကို သူသဘောတူခဲ့သောကြောင့် စုမုန့်က သူ့ကိုလွှတ်ပေးဖို့ အစီစဥ်ရှိမည်မဟုတ်ပေ ။



xxxxxxx