Chapter 179
(ခေါင်းလောင်းသံ ရုတ်တရက်မြည်ခြင်း)
ဒီတစ်ခါတော့ ရှောင်ဖုန်း သည် ဝေ့ထင် ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရဲသွား၏။ သူ့ကိုကြည့်ပြီး စုမုန့် တစ်ခုခုကို ကြောက်သွားသလို ခံစားလိုက်ရသည်။
ဒီအဖြစ်အပျက်မှာ တခြားတစ်ယောက်ယောက် ပါဝင်ပတ်သက်နေတာများလား… ရှောင်ဖုန်း ပြောခဲ့တဲ့သူဌေးဆိုတဲ့ လူနဲ့လည်း ပတ်သက်နိုင်သလား...
ဒီတစ်ကြိမ်မှာတော့ စုမုန့် ဘာပဲပြောပြော၊ ရှောင်ဖုန်းက စကားတစ်ခွန်းမှ ပြန်မပြောပေ။အနားမှာရှိနေသည့် ဝမ်လဲ့ကလည်း ဘေးနားမှ တာအိုအဖိုးကြီးကိုကြည့်လိုက်ရင်း ရုတ်တရက် အကြံတစ်ခုရသွားသည်။
“ဆရာမ သူ ဘာမှ မပြောရင်လည်း ကိစ္စမရှိပါဘူး….ဒီတာအိုအဖိုးကြီးကလည်း ချုပ်ကိုင်ထားသူမဟုတ်လား…ကျွန်တော်တို့ သူ့ကို မေးလို့ရတယ်"
ဝမ်လဲ့သည် စကားဆုံးသောအခါတွင် တာအိုအဖိုးကြီး၏ ပါးစပ်မှ စက္ကူများကို ထုတ်ယူလိုက်သည်။တံတွေးများစိုနေတာကြောင့်၊စက္ကူတို့ကို ရွံရှာစွာ ချက်ချင်းပစ်ချပြီး တာအိုအဖိုးကြီး၏ အဝတ်ပေါ်မှာ သုတ်လိုက်သည်။ ထို့နောက် သူက
“တာအိုအဖိုးကြီး...ခင်ဗျား ကျွန်တော်တို့ကို မပြောရင် ခင်ဗျား သေသွားရင် ခင်ဗျားရဲ့သင်္ချိုင်းကို ကျွန်တော်တူးမယ်…ခင်ဗျားတို့ ဒီလုပ်ငန်းခွင်ထဲက လူတွေက ဒါမျိုးကို အယုံကြည်ဆုံးပဲမလား"
“ငါလည်း မသိဘူး…ငါက အလုပ်သမားတစ်ယောက်ပဲ.သူဌေးပြောသမျှကို ငါလုပ်ရတာ. ဒါက ငါနဲ့ဘာမှမဆိုင်ဘူး"
တာအိုအဖိုးကြီးသည် ဝမ်လဲ့က သူ့အားရိုက်မည်စိုး၍ အမြန်ရှင်းပြသည်။
အဘွားကြီးက သူတို့စကားတွေကို ဘေးနားမှ နားထောင်နေခဲ့သည်။ အဆုံးမှာတော့ သူမလည်း သဘောပေါက်သွားသည်။သူမ၏သားနှင့် တာအိုအဖိုးကြီးတို့သည် သူ့သမီးကို အန္တရာယ်ပြုဖို့ ကြံစည်ခဲ့ကြသူများဖြစ်သည်။
“မင်း…မင်း…”
အဘွားကြီး ဒေါသထွက်ကာ စကားပင်မပြောနိုင်တော့ဘဲ ချောင်းလည်းဆိုးနေကာ စိတ်တည်ငြိမ်အောင် အတော်ကြာအောင် အချိန်ယူခဲ့ရသည်။
"ဒါကြောင့် မင်းက ရှောင်ယွီ ကို ကုသမယ်ဆိုတဲ့ ဆင်ခြေသုံးပြီး မင်းက ငါ့ကို တစ်ချိန်လုံး လိမ်နေခဲ့တာပေါ့… ဒါပေမယ့် တကယ်တမ်းတော့ မင်းက သမီးလေးကို အန္တရာယ်ပြုဖို့ ဒီမှာ ရောက်နေတာပေါ့...အဟွတ် အဟွတ်"
အဘွားကြီး ချောင်းဆိုးပြန်သည်။
ထိုစကားကို ကြားသွားသော စုမုန့် မျက်မှောင်ကြုတ်လိုက်သည်။ ကိစ္စက ပိုပိုပြီး ရှုပ်ထွေးလာတယ်လို့ သူမ ဘာကြောင့် ခံစားရတာလဲ…ဒါလေးက အသေးအမွှားကိစ္စတစ်ခုလို့ သူမ ထင်ခဲ့တာ…ဒါပေမယ့် နက်နက်နဲနဲ လေ့လာပြီးမှ တစ်ခုခုမှားနေပြီ မလား…
"ကြည့်ရတာ ဒီဘုရားကျောင်းကိုသွားပြီး ကိုယ့်ဘာသာကြည့်ရမယ်ထင်တယ်"
သူမက ဝေ့ထင်ကို တိုးတိုးလေးနှင့် အလွန်နူးညံ့သော အသံဖြင့် ပြောသောကြောင့် သူမ အသံကို အခြားမည်သူမှ မကြားရပေ။
ဝေ့ထင်ကလည်း ခေါင်းညိတ်လိုက်ပြီး
"ဒါဆို မင်းသူတို့ကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ…ရဲကို လွှဲပေးမလား ထားခဲ့မှာလား”
သူမ ခေါင်းလှည့်လိုက်ပြီး ရှောင်ဖုန်း နှင့် တာအိုအဖိုးကြီးကိုကြည့်လိုက်သည်။သူမက ခဏလောက်စဉ်းစားပြီးမှ ပြန်ဖြေ၏။
“ဒါက အရမ်းလေးနက်တယ်…ရဲစခန်းကို လွှဲပေးရမယ်… နောက်ပြီး၊ကျွန်မတို့နောက်က သင်္ချိုင်းမှာလည်း တစ်ခုခုမှားနေသလိုမျိုး ခံစားရတယ်… ဒီဟာကို တူးဖော်ပိုင်ခွင့် မရှိဘူးလေ၊ ဒါကြောင့် ရဲတွေ လာစုံစမ်းလိမ့်မယ်”
“ကောင်းပြီ”
သူမ သိလိုသည့် မေးခွန်းအားလုံးကို မေးထားပြီး ဖြစ်သော်လည်း၊ကျန်လူများက မဖြေချင်သေးသောကြောင့်အချိန်မဖြုန်းရန် ဆုံးဖြတ်လိုက်သည်။
"ဆရာမ ရဲခေါ်နေတာလား…ကျွန်တော် ဒီနေရာကို သိတယ်…တည်နေရာကို ဘယ်လိုပြောပြရမလဲဆိုတာ ကျွန်တော် သိတယ်”
စုမုန့်က ရဲကို ခေါ်မည်ဆို၍ ဝမ်လဲ့ သူ့ဖုန်းကို ချက်ချင်းထုတ်ပြီး ရဲကို ဖုန်းဆက်လိုက်သည်။သို့သော် လိုင်းတစ်ခုမရှိကြောင်း သူသိလိုက်ရသည်။သူက စုမုန့်ကို တောင်းပန်ပြီး
“ဆရာမ ဘာလိုင်းမှ မရှိဘူး…ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
"အရေးပေါ်အကူအညီကို ဘယ်လိုခေါ်ရမလဲ မသိဘူးလား… ရဲခေါ်တာ လိုင်းရှိစရာ မလိုဘူးဆိုတာ ရှင် မကြားဖူးဘူးလား"
ထိုအခါ ဝမ်လဲ့က သူ့နဖူးကို ထိတ်လန့်တကြား ပြန်ရိုက်လိုက်ရင်း ပြောသည်။
“ဆရာမ ကျွန်တော့်အလုပ်က ဘာလဲဆိုတာ သိတယ်မလား…ဘာပဲဖြစ်လာဖြစ်လာ၊ကျွန်တော် ရဲစခန်းကို ဖုန်းဆက်လို့မရဘူး…မဟုတ်ရင် ကျွန်တော်လည်း ဖမ်းဆီးချုပ်နှောင်ခံရလိမ့်မယ်”
သင်္ချိုင်းတွင်း၌ လုယက်မှုသည် သာမန်ခိုးခြင်းထက် ပိုမိုပြင်းထန်သည်။ဤသည်မှာ သက်ရှိလူတွေကို ရည်ရွယ်ချက်ရှိရှိ နာကျင်အောင် လုပ်သည်နှင့် အတူတူဟု ဆိုကြသည်။အကယ်၍ အုတ်ဂူဖောက်သည့် သူက ရဲများကို ရဲခေါ်ဝံ့ပါက ကိုယ်သေတွင်း ကိုယ်တူးခြင်းပင်။
စုမုန့် သက်ပြင်းချပြီး သူမကိုယ်တိုင်ပင် ရဲကိုခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဖုန်းခေါ်ဆိုပြီးလျှင်၊သူမသည် အခြေအနေကို အတိုချုံးရှင်းပြပြီး ယခု လိပ်စာအား ပြောပြရန် ဝမ်လဲ့ထံ ဖုန်းပေးခဲ့သည်။
ဝမ်လဲ့က ရဲများဆီ လိပ်စာကို သတင်းပို့နေချိန်မှာပင်၊ရှောင်ဖုန်း၏ ခန္ဓာကိုယ်ကနေ ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာလေသည်။အသံက အကျယ်ကြီးမဟုတ်သော်လည်း၊အားလုံးကြားနိုင်၍ သူ့ကိုကြည့်နေမိကြသည်။ ဝမ်လဲ့ကလည်း ရဲကို သတင်းပို့ပြီးနောက် ရှောင်ဖုန်းကို လှမ်းကြည့်လိုက်သည်။
ရှောင်ဖုန်းသည် အားလုံးက သူ့ကို ကြည့်နေကြသည်ကို မြင်လိုက်ရပြီး သူ့မျက်နှာမှာ ရုတ်တရက် နီရဲလာသည်။သူ ကြောက်နေတာလား၊မကြောက်ဘူးလား မသိရသော်လည်း၊ထုတ်ကြည့်ရန် ရည်ရွယ်ချက်မရှိဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်ကာ မလှုပ်မရှားဖြစ်နေသေးသည်။
စုမုန့် က "ဖုန်းလာတာလား"
"မဟုတ်ဘူး... မဟုတ်ဘူး၊ ဒါက အချက်ပေးအသံပါ" ရှောင်ဖုန်းက လျင်မြန်စွာ ငြင်းဆိုလိုက်သည်။
"ဖုန်းခေါ်တာမဟုတ်ရင်လည်း ဘာလို့ပြန်မပိတ်တာလဲ"
စုမုန့်က ဝေ့ထင်ကို တစ်ချက်ကြည့်လိုက်သည်။ ဝေ့ထင်ကလည်း သူမ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။
“ကြည့်လိုက်"
ဝေ့ထင်က အေးစက်စွာ အမိန့်ပေးသည်။
ရှောင်ဖုန်း သည် ဝေ့ထင် ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးကတည်းက သူ့ကို ကြောက်နေပြီဖြစ်သည်။ထို့ကြောင့် သူ ရွေးချယ်စရာမရှိတော့ဘဲ လက်ကိုင်ဖုန်းကဲ့သို့ ပုံသဏ္ဍာန်ရှိပြီး လက်ဝါးတစ်ဝက်ခန့်သာ ရှိသော အနက်ရောင် လေးထောင့်ပစ္စည်းကလေးကို သူ့အိတ်ကပ်ထဲမှ တုန်တုန်ယင်ယင် ထုတ်ယူလိုက်သည်။ အမှန်ပင် ၊ဤပစ္စည်းလေးမှ အသံထွက်လာခြင်းဖြစ်သည်။ရှောင်ဖုန်း အသံမြည်သံကို အလွန်ကြောက်နေပုံရသည်။
(အထက်အောက် ဆက်ဆံရေး ...)
“ဖြေလိုက်လေ”
ဝေ့ထင်က အေးစက်စွာ အမိန့်ပေးသည်။
ရှောင်ဖုန်း ဝေခွဲမရသလို ဖြစ်နေပုံရသည်။သူသည် ဆက်သွယ်ရေးကိရိယာ ၏ ခလုတ်ပေါ် လက်တင်ကာ ခဏမျှတွေးနေရင်း ဝေ့ထင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
"ဒါက ကျွန်တော်တို့သူဌေးရဲ့ဖုန်းနံပါတ်ပါ...ခင်ဗျားတို့ ဒီကိုရောက်နေမှန်းသိရင် သူ လိုက်လာမှာသေချာတယ်...ငါ့အနေနဲ့ကတော့ မင်းတို့ကို ဖမ်းမမိစေချင်ဘူး…”
သူ့စကားမဆုံးသေးဘဲ စုမုန့်ကို အကူအညီတောင်းသလိုမျိုး တစ်ချက်ကြည့်သည်။
စုမုန့် က သူဘာကိုဆိုလိုမှန်းချက်ချင်းသဘောပေါက်ပြီး
"ရှင့်ကို လွှတ်ပေးစေချင်တယ်၊ဒါဆို ရှင့်ရဲ့သူဌေးက ကျွန်မတို့အကြောင်း မသိတော့ဘူး၊ ဒါမှ နောက်ဆိုလည်း သူက ကျွန်မတို့ကို ဘာဒုက္ခမှ ပေးမှာ မဟုတ်ဘူးလို့ ပြောချင်တာမလား"
!!
“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါဆိုလိုတာက အဲဒါပဲ…မင်းမြင်တယ်မလား…ငါတို့ကြားမှာ ရန်ငြိုးမရှိဘူးလေ၊ ဒါကြောင့် အဆုံးမှာ နှစ်ဖက်စလုံးအတွက် မကောင်းနိုင်လောက်အောင် အကျည်းတန်တဲ့အရာတွေကို လုပ်စရာမလိုဘူး… မင်းတို့ ငါ့ကိုလွှတ်ပေးရင် ငါ သူဌေးကို အလုပ်ရှုပ်နေလို့ အချိန်ကြာနေတာဆိုပြီး ပြောလိုက်မယ်"
ရှောင်ဖုန်း ကလည်း စုမုန့် အတိုင်း မျက်နှာထားကို လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
စုမုန့် နှင့် ဝေ့ထင် တို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြရင်း တစ်ဖက်လူ တွေးနေပုံကို ကြည့်ရုံဖြင့် သဘောပေါက်နေကြသည်။
"ကျွန်မတို့ကို စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့အတွက် ဘာတွေဖြစ်လာမလဲဆိုတာကို ရှင်က စိတ်ပူနေစရာ မလိုပါဘူး…ကဲ အခုပဲ ဖုန်းကိုင်လိုက်တော့...အချိန်ဖြုန်းမနေနဲ့… ရှင် ဘာပြောရမလဲဆိုတာ သိသင့်တယ်"
ရှောင်ဖုန်းက ဖုန်းလက်ခံဖြေကြားဖို့ ငြင်းဆိုခဲ့မည်ဆိုလျှင် အန္တရာယ်ရှိမည် ဆိုသည်ကို စုမုန့် သိထားသည်။ အကြောင်းမှာ သူက ဤနေရာကို မစ်ရှင်လုပ်ဖို့ ရောက်လာတာကြောင့်ပင်။ဖုန်းမကိုင်လျှင် သူ့သူဌေးက သံသယဖြစ်လိမ့်မည်။ သူမ၏ခြိမ်းခြောက်မှုအောက်တွင် ရှောင်ဖုန်း တုန်လှုပ်ကာ ဖုန်းခေါ်ဆိုမှုကိုဖြေကြားခဲ့သည်။
နားကွဲမတတ် ပေါက်ကွဲသံများကြားရပြီးနောက်၊ တစ်ဖက်ဆက်သွယ်သူထံမှ စူးရှသော အသံတစ်ခုထွက်ပေါ်လာသည်။ယောက်ျားလား မိန်းမလား မသိ။ ဖုန်းထဲက ပထမဆုံးထွက်လာသည့် အသံကတော့ အတော် နွဲ့သည်။
"ငါ့ရဲ့ ရှောင်ဖုန်းလေး ဘာလို့ အခုမှ ဖုန်းကိုင်တာလဲ… ဘာကိစ္စရှိလို့လဲ"
ထိုအသံကိုကြားလျှင် ဝမ်လဲ့နှင့် ဘေးနားမှာ ရပ်နေသည့် ကားမောင်းသမားက ရယ်မောလိုက်သည်။သူတို့၏ သူဌေးက အတော်ကြောက်စရာ ကောင်းလိမ့်မည်ဟု ထင်နေသော်လည်း၊တစ်ကယ်တမ်း အခြောက်ကြီးလိုဖြစ်နေလေသည်။
စုမုန့် နှင့် ဝေ့ထင်တို့မှာ ငြိမ်သက်နေပြီး ဆက်သွယ်ပြောဆိုသူ၏ အသံကို ဘာမှတုံ့ပြန်ခြင်းမရှိပေ။ရှောင်ဖုန်း သည် တစ်ဖက် အသံကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
"အခု ပြောနေတာာ အစ်ကိုဆွန်းလား"
ထိုသို့ပြောပြီးနောက် သူက စုမုန့် နှင့် ဝေ့ထင် ကို မော့ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် အေးစက်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။
“အစ်ကိုဆွန်း၊ ကျွန်တော့် ညီအစ်ကိုတွေနဲ့ ကိစ္စလေးက မပြေလည်သေးဘူးဖြစ်နေတာ.. အခု မပြီးသေးပေမယ့် မကြာခင် ကျွန်တော် ဖြေရှင်းလိုက်ပါ့မယ်... သူဌေးကမေးရင် ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် ကာပြီး ပြောပေးပါဦး...ကျွန်တော် အစ်ကို့ ကျေးဇူးကို သတိရနေမှာပါ”
ရှောင်ဖုန်း၏စကားကိုကြားလျှင် တစ်ဖက်မှလူက သက်ပြင်းတစ်ချက်ချကာ
“မင်းတို့အတွက် ငါ အချိန်ဆွဲပေးလို့ပေမယ့် မင်း အမြန်လုပ်ရမယ်နော်… မပျင်းနေနဲ့…ကျန်တဲ့ ညီအကိုတွေက ပြီးသွားပြီလို့ ပြောကြတယ်… မင်းတစ်ယောက်ပဲကျန်တော့တယ်…သူဌေးရဲ့ ဒေါသကို မင်းသိတယ်မလား"
စုမုန့် သည် တစ်ဖက်မှ နူးညံ့သော အသံကို ကြားလိုက်သောအခါ၊ထိုလူသည် လက်ကလေးကိုဟန်ပါပါ မြှောက်ကာဖြင့် ကနွဲ့ကလျပြောနေမည့်ပုံစံကို တွေးကြည့်လို့ရနေပြီဖြစ်သည်။
အစ်ကိုဆွန်းက သူ့ကို ကူညီပေးဖို့ သဘောတူကြောင်း ရှောင်ဖုန်း ကြားလျှင် မြန်မြန်ကျေးဇူးတင်စကားပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် အစ်ကိုဆွန်း… စိတ်မပူပါနဲ့ ကျွန်တော် အစ်ကို့ကိုလည်း ဒုက္ခရောက်အောင် မလုပ်ပါဘူး"
"ဒါဆို မင်းသတင်းကို ငါစောင့်နေမယ်"
"ဒါဆို ရပြီ မဟုတ်လား"
ရှောင်ဖုန်းသည် ဆက်သွယ်ရေးကိရိယာကို အိတ်ကပ်ထဲသို့ထည့်ကာ ဘေးဘက်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ စုမုန့်က လက်နှစ်ဖက်ကို ဟန်ပါပါ ပိုက်ထားရင်း အေးစက်စွာမေးလိုက်သည်။
"ပြောပါ ရှင့်ရဲ့တာဝန်က ဘာလဲ"
“ဒါ…”
ရှောင်ဖုန်း အကြပ်ရိုက်သွားပုံရသည်။ သူသည် တာအိုအဖိုးကြီးကို တစ်ချက်ကြည့်လိုက်သလို၊သူ့ကိုလည်း တာအိုအဖိုးကြီးက ကြည့်နေသည်။သူ၏ မျက်လုံးများသည် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး တာအိုအဖိုးကြီး၏ မျက်လုံးများက ခြိမ်းခြောက်လိုဟန်များ ပြည့်နေသည်။
စုမုန့် သူတို့ နှစ်ယောက်ကိုသေချာကြည့်နေမိသည်။
"သူတို့နှစ်ယောက်က ရာထူး အထက်အောက် ဖြစ်ပုံရတယ်"
သို့သော် ၎င်းသည် အစပိုင်းတွင် သူမ အထင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ တာအိုအဖိုးကြီးက ရှောင်ဖုန်း စကားကိုသာ နားထောင်မည်ဟု မူလက ထင်ခဲ့သော်လည်း ယခုအခါ တာအိုအဖိုးကြီးသည် ရှောင်ဖုန်းထက် ရာထူးပိုကြီးဖြစ်ကြောင်း သူမ သိလိုက်ရ၏။
ရှောင်ဖုန်းသည် သူမတို့အား လှည့်စားပြီး သူ့ကိုလွှတ်ပေးရန် တောင်းဆိုသော်လည်း၊စုမုန့်သည် သူ့အကြံကို တစ်ချက်ကြည့်ရုံဖြင့် မြင်သွားသည်။ စုမုန့်က သူထင်ထားတာထက် ပိုထက်မြက်သူပင်။ သူအချိန်ကုန်အောင် အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း၊ ဝေ့ထင်က သူ့ကို လွှတ်ဖို့ မရည်ရွယ် သေးချေ။အတန်ကြာလာသောအခါ၊ ဝေ့ထင်က သူ့ဆီ လျှောက်လာပြီး သူ့ကို ရိုက်တော့မှာမို့ အမှန်တရားကို ပြောပြရတော့သည်။
“တစ်ကယ်တော့ ငါလည်း ငါ့အစ်မကို မထိခိုက်စေချင်ပါဘူး…ငါ့သူဌေးက အတင်းအကြပ် ခိုင်းလိုက်တာပါ"
"တန်ဖုန်း...မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလား"
ရှောင်ဖုန်း က လျှို့ဝှက်ချက်ကို ပြောပြမည်ပြင်သောအခါ၊တာအိုအဖိုးကြီးသည် စောစောကလို အနိုင်ကျင့်ခံရမှာ ကြောက်ရွံ့နေပုံမရတော့ဘဲ အော်ပြောလေသည်။ သူ့အမူအရာကလည်း ချက်ချင်းပြောင်းသွားပြီး သူ့မျက်လုံးတွေကတောင် ပိုပြီး စူးရှပြင်းထန်လာခဲ့သည်။ တာအိုအဖိုးကြီး၏ သတိပေးစကားကိုကြားလျှင် ရှောင်ဖုန်း သည် ချက်ချင်းပင် တုန်လှုပ်သွားပြီး စကားဆက်မပြောရဲဘဲ ခေါင်းငုံ့ထားလိုက်သည်။
xxxxxx