Chapter 181
(ကျွန်ုပ်၏ အထောက်အထား ပျောက်ဆုံးလုနီးပါး)
"ခင်ဗျား ကျွန်တော့်ကိုမချစ်ဘဲ ဘာလို့မွေးထားတာလဲ…ကလေးမွေးပြီး ကလေးကို ဂရုမစိုက်ဘူး၊ ကျွန်တော့်ကိုအရမ်းအနိုင်ကျင့်ပြီး လမ်းလွဲအောင်လုပ်တာ ခင်ဗျားအပြစ်ပဲ… ဒါတောင် လမ်းတွေပေါ်ကနေ သယ်လာတဲ့ ဒီကလေးကိုပဲ ဂရုစိုက်ပြီး ကိုယ့်သားကို ဂရုမစိုက်ဘူး"
သူ့စကားအဆုံးတွင် ရှောင်ဖုန်း ငိုတော့သည်။
စုမုန့် သည် ရှောင်ဖုန်း ၏ကံကြမ္မာကို ဖတ်ဖူးသည်။ သူက အကြွေးလာတောင်းသည့် ကလေးမဟုတ်ပေ။ သူ ငယ်ငယ်တုန်းက ကံကြမ္မာဆိုးရှိခဲ့၍၊ သူ့ပတ်ဝန်းကျင်ကို ကံဆိုးမှုလေးတွေ ယူဆောင်လာပေးခဲ့ရုံပင်။သို့သော် ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ခဲ့ပေ။ သူကြီးပြင်းလာသည့်အခါ အဆင်ပြေသွားလိမ့်မည်။ထိုရှေ့ဖြစ်ဟောဆရာက လိမ်နေခြင်းပင်။
!!
သူမသည် ရှောင်ဖုန်း ၏ ကလေးဘဝအတွက် စိတ်မကောင်းဖြစ်ခဲ့သော်လည်း ရွေးချယ်စရာမရှိပေ။ သူ အမှားလုပ်ထားသည်။ သူ့အကြွေးတွေကို သူ့အမေဆီသွားပြီး တောင်းနိုင်ပေမယ့် သာမန်လူများက အပြစ်မရှိပေ။
"တခြားသူတွေရဲ့ကံကို အသုံးပြုပြီး ရှောင်ယွီကို ကယ်တင်နိုင်မယ်လို့ ရှင် ပြောခဲ့တယ်မလား… ဒါပေမယ့် ဒါက မဖြစ်ဘူး…ဒါက ရှောင်ယွီရဲ့ ကံကို ရေရှည်မှာ တခြားလူက စုပ်ယူနိုင်စေမယ့် နည်းလမ်းတစ်ခုပဲ မဟုတ်လား… အပြစ်မဲ့လူတွေရဲ့ ကံကြမ္မာကို ရှင်တို့ သူဌေးက ရသွားမယ်မလား…ကြားထဲက နစ်နာတာက ရှောင်ယွီပေါ့"
"မှန်တယ်"
ရှောင်ဖုန်း သူ့ကိုယ်သူ ကာကွယ်ဖို့ မရည်ရွယ်တော့ပေ။လောလောဆယ် သူ အကုန် ပြောထားပြီးသားပင်။စုမုန့်က သူ့ကို ထောင်မပို့လျှင်တောင်၊သူလည်း အပြင်မှာ ကြာကြာနေနိုင်မှာ မဟုတ်တော့။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ထား၍၊သူ့သူဌေးက သူ့ကို သတ်ပစ်မှာ သေချာ၏။
“ငါကို ထောင်ထဲပို့လိုက်…ဒီနည်းနဲ့ဆို အသက်နည်းနည်းရှည်နိုင်တယ်…ငါထောင်ထဲမသွားရရင် အသက်လည်း ရှည်နိုင်မှာ မဟုတ်ဘူး”
သူက စုမုန့် ကို ပြောသည်။ ထိုစဉ် အဘွားကြီးက ရှောင်ဖုန်း ကိုကြည့်ပြီး တစ်ခုခုပြောဖို့ ပါးစပ်ကိုဟလိုက်သော်လည်း အဆုံးမှာတော့ ခေါင်းငုံ့ပြီး ဘာမှမပြောပေ။ရှောင်ဖုန်း က အဘွားကြီးကိုကြည့်ရင်း နောင်တရ၍ စကားမပြောခြင်းဖြစ်သည်ဟု ထင်လိုက်မိသည်။ သူ စိတ်ထဲက ရယ်လိုက်မိသည်။သားအရင်းကို ကောက်လာသည့် ကလေးထက် နိမ့်ကျစွာထားခြင်းက ရယ်စရာကောင်းလှ၏။
တစ်ခဏလောက်တော့ အခန်းက တိတ်ဆိတ်သွားပြီး အသက်ရှူသံကိုတောင် ကြားရမတတ်ပင်။
လူတိုင်းမှာ ကိုယ့်အတွေးကိုယ်စီရှိကြပြီး စက္ကန့်အနည်းငယ် ငြိမ်သက်သွားသည်။ထို့နောက် ဝမ်လဲ့က ပြောသည်။
“ငါတို့ ရဲခေါ်ပြီးပြီ၊ ဒါပေမယ့် အနီးဆုံးရဲစခန်းက ဒီကနေ တော်တော်ဝေးပြီး အဲဒီကိုရောက်ဖို့ တစ်နာရီလောက်ကြာတယ်… ဆရာမ ကျွန်တော်တို့ ဒီမှာ ရပ်ပြီး သူတို့ကို စောင့်ကြည့်နေဦးမှာလား”
စုမုန့် ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစား၍ ရှောင်ဖုန်း နှင့်တာအိုအဘိုးကြီးကို ကြည့်လိုက်သည်။
“ရဲတွေမလာမချင်း သူတို့ကို ကြိုးချည်ပြီး ဒီအခန်းထဲမှာ ချည်ထားလိုက်ပါ”
သူမ စကားဆုံးသောအခါ ဝေ့ထင်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဘုရားကျောင်းက ဘယ်မှာလဲဆိုတာ သိနိုင်မလား… ဒီမှာ wifi လည်းမရှိဘူး၊ ဘာမှ စစ်ဆေးလို့ မရဘူးဖြစ်နေတယ်"
“ဒီမှာ ကြိုးမဲ့ကွန်ရက်တစ်ခုရှိတယ်၊ ဒါပေမယ့် ပိတ်ထားတယ်… အဲ့ဒီပိတ်ထားတဲ့ဟာကိုပိတ်ပြီးရင် သုံးလို့ရတယ်”
ဘေးနားမှ ကြိုးကို ကောက်ကိုင်လိုက်ပြီး ရှောင်ဖုန်း နှင့် တာအိုအဘိုးကြီး တို့အား ချည်နှောင်ရင်း ဝေ့ထင် က ပြောလိုက်သည်။ကြိုးချည်ပြီးပြီးချင်းမှာ အနှောင့်အယှက်ပေးသည့် ကိရိယာကို ပိတ်ပစ်ဖို့ စီစဉ်ခဲ့၏။
ဝမ်လဲ့က ကြိုးနှင့်ချည်နေသော ဝေ့ထင်အား သံသယတွေအပြည့်နှင့်ကြည့်လိုက်သည်။ ဝေ့ထင်ကို သူစစတွေ့ကတည်းက ဝေ့ထင်ဟာ သာမန်လူတွေနှင့် မတူဘူးဟု ခံစားရသည်။သူ့နောက်ကျောပြင်က ကြီးမားကျယ်ပြန့် ပြီး သာမန် CEO တစ်ယောက်လိုမဟုတ်ဘဲ နားမလည်နိုင်လောက်အောင် ဖြောင့်မတ်တည်ကြည့်သည့် သဘောကို ခံစား၍ရနေသည်။
သူသည် လူသေတွေကိုသာ မကြာခဏ ထိတွေ့ဆက်ဆံရသော်လည်း၊ သူ့အလုပ်ထဲမှာ အငြိမ်းစားစစ်သားတွေ အများကြီးရှိသည်။ ဝေ့ထင် သူ့ကို ပေးနေသည့် ခံစားချက်က ထိုအငြိမ်းစား စစ်သားတွေနှင့် တူလွန်းလှသည်။သူ သင်္ချိုင်းတွင်းသို့ ဆင်းသွားသောအခါ ဝေ့ထင်၏ မကြောက်မရွံ့သော အသွင်အပြင်နှင့် သူနှင့်အတူ ယူဆောင်လာသော တောင်တက်ကြိုးနှင့် စစ်တပ်သုံး ဂေါ်ပြားအားလုံးသည် မရိုးရှင်းကြောင်း ပြသနေသည်။ ယခု ကြိုးချည်သည့်ပုံစံကို မြင်လိုက်ရ၍ ဝမ်လဲ့ သိချင်စိတ်ဖြင့် မေးလိုက်မိ၏။
“ဥက္ကဌဝေ့ အရင်က စစ်မှုထမ်းဖူးလား…ခင်ဗျားရဲ့နည်းပညာက စစ်တပ်မှာရှိခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ အရမ်းတူတယ်"
စုမုန့်က သူမကိုကျောပေးနေသော ဝေ့ထင် ကိုကြည့်ရန် ဆတ်ခနဲ ခေါင်းလှည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ဝေ့ထင်၏ နောက်ကျောသည် နားမလည်နိုင်လောက်အောင် ရင်းနှီးနေသည်ဟု သူမ ခံစားမိသည်။
အရင်က သူ့ကို ဘယ်မှာတွေ့ဖူးပါလိမ့်…
ဝမ်လဲ့က မေးခွန်းမေးသောအခါ ဝေ့ထင်သည် တာအိုအဘိုးကြီးကို ကြိုးချည်နေချိန်ဖြစ်သည်။သူ ဝမ်လဲ့၏ စကားကိုကြားသောအခါ အလိုလိုခေါင်းလှည့်ကြည့်လိုက်ရာ၊ စုမုန့်က သူ့ကို ခေါင်းမှခြေဖျားထိကြည့်နေသည်ကိုတွေ့လိုက်ရသည်။သူ့ခန္ဓာကိုယ်သည် ခဏမျှ အေးခဲသွားသော်လည်း ပုံမှန်အတိုင်း အမြန်ပြန်ဖြစ်သွားသည်။
“ငါက…”
ဝေ့ထင် စကားစလုဆဲဆဲ အချိန်မှာ ရှောင်ဖုန်း၏ ဆက်သွယ်ရေးကိရိယာမှ ထပ်မံမြည်လာ၏။
"ငါတို့ ဘာလုပ်သင့်လဲ"
ရှောင်ဖုန်း ထိတ်လန့်စပြုလာသည်။ ယခုဆို၊ ဝေ့ထင်က သူ့လက်များကို ချည်နှောင်ထား၍ အိတ်ကပ်ထဲမှ ဆက်သွယ်ရေးကိရိယာကို လုံးဝမထုတ်နိုင်တော့ပေ။ ဝေ့ထင် က ဘာမှမပြောဘဲ ကိရိယာကိုထုတ်ပြီး ရှောင်ဖုန်း နားဘေးမှာ ထားလိုက်သည်။
ဤကိရိယာက စစ်တပ်တွင် အသုံးများသော ဆက်သွယ်ရေးစက်ဖြစ်သောကြောင့် ဝေ့ထင်သည် အခြားသူများထက် ဤအရာနှင့် ပိုရင်းနှီးသည်။သာမန် ကွန်ယက် ပိတ်ဆို့ထားသည့် ကိရိယာများကြောင့်လည်း ထိခိုက်မည်မဟုတ်ပေ။ ကွန်ရက်မရှိလျှင်တောင် ဆက်သွယ်၍ရသော စက်မျိုးပင်။
"ရှောင်ဖုန်း၊ အဖွဲ့ခေါင်းဆောင်တွေစုပြီးပြီ"
တစ်ဖက်က အသံက ပျော့ပျောင်းနေသေးသော်လည်း၊ အသံက လေးနက်သည်။
ရှောင်ဖုန်းသည် ဝေ့ထင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ငါတို့ပဲ ကျန်တာပေါ့?"
( သူဌေးက လူချောပဲ)
"ကောင်းပြီ တခြားအဖွဲ့ခေါင်းဆောင်တွေကို ချက်ချင်းအကြောင်းကြားလိုက်မယ်"
ထိုသို့ပြောပြီး တစ်ဖက်လူက တိတ်သွားသည်။
"ဘာကိုဆိုလိုတာလဲ"
ဝေ့ထင်သည် သူတို့စကားကို နားထောင်ပြီး တစ်ခုခု မှားယွင်းနေကြောင်း သိသည်။သူ၏ အတွေ့အကြုံအရ၊ သာမန်ထင်ရသော စကားများသည် လျှို့ဝှက်ကုဒ်တစ်ခုဖြစ်ကြောင်း သေချာသည်။
စကားပြောပြီးနောက် ရှောင်ဖုန်း ရုတ်တရက် တိတ်ဆိတ်သွားသည်မှာ ထူးဆန်းလှသည်။ ဝေ့ထင် ကိုကြည့်သော သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှု မရှိဘဲ ဂုဏ်ယူလိုသည့် အရိပ်အယောင် ပေါ်လာသည်။ သူ့ကို ကြည့်ပြီး စုမုန့် ရုတ်တရတ် မကောင်းသည့် ခံစားချက်များဖြစ်သွားရ၏။
!!
"အကူအညီတောင်းလိုက်တာလား"
ဝေ့ထင်က အေးစက်စွာမေးသည်။
“ မင်းတို့ ဒီလောက်မတုံးဘူးဆိုလည်း ငါတို့သူဌေးမလာခင် ငါတို့ သွားခွင့်ပြုတော့...ဒါဆို မင်းတို့ရဲ့အသက်ကို ငါချမ်းသာပေးမယ်...ဟိုတယ်နောက်ဘက်က သင်္ချိုင်းကုန်းကို မြင်ဖူးတယ် မဟုတ်လား…မင်းတို့လုပ်ရပ်ကို အခုမရပ်ရင် နောင်ဆို အဲ့ဒီမှာ သွားနေရမယ်"
"အဲဒီနေရာကရှင်နဲ့ပဲ သက်ဆိုင်တာ...ရှင် သွားနေရမှာ"
စုမုန့်ကလည်း မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
"ဟားဟား... မဟုတ်ရင် သင်္ချိုင်းဘေးမှာ ဟိုတယ်တစ်လုံး ဘယ်သူက ဆောက်မှာလဲ…အဲဒါက ငါတို့ သတ်ထားတဲ့ အလောင်းတွေကို ဖုံးကွယ်ဖို့ပဲ”
ရှောင်ဖုန်း က ဂုဏ်ယူစွာပြောသည်။
ရှောင်ဖုန်း ၏ စကားကြောင့် ဝမ်လဲ့ သည် ရှုပ်ထွေးနေပြီဖြစ်သည်။ သူသည် ဖြစ်စဉ်အစအဆုံး ရှိနေသော်လည်း၊ သူ နားမလည်နိုင်သေးဘဲ ရှောင်ဖုန်းကိုမေးသည်။
"ဒါဆို မင်းက ကြောက်ဟန်ဆောင်နေတာလား... မင်းသူဌေးကိုစောင့်နေတာပေါ့"
ရှောင်ဖုန်း ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် မင်း လူတွေကို ဖုန်းနဲ့ဆက်သွယ်တာ ဒါပထမဆုံးအကြိမ်ပဲလေ"
“မဟုတ်ဘူး၊သူ မခေါ်လည်း သူတို့တွေက လာမှာပဲ…သူ က အချိန်ကုန်ဖို့ပဲ သရုပ်ဆောင်လိုက်တာ"
စုမုန့်က ဝမ်လဲ့ အမေးကို ဝင်ဖြေလိုက်သည်။
“မှန်တယ်၊ မင်းက အရမ်းလှပြီး ဦးနှောက်လည်း ကောင်းတယ်နော်… ငါတို့ သူဌေးက မင်းကို ကြိုက်သွားမယ်ထင်တယ်...သူ မင်းကို သတ်မှာ မဟုတ်...”
ရှောင်ဖုန်း စကားမဆုံးခင်မှာ ဝေ့ထင် က သူ့ဗိုက်ကို လက်သီးနှင့်ပိတ်ထိုးလိုက်၏။
ဝေ့ထင်သည် သူ၏ ခွန်အားတစ်ဝက်ကျော်ကို ထိုးရာတွင် အသုံးပြုခဲ့ခြင်းဖြစ်၍ ရှောင်ဖုန်း ဗိုက်ထဲတွင် စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။ချက်ချင်းပင် ချိုမြိန်သော အရသာတစ်ချို့သည် ပါးစပ်ထောင့်မှ ဖြည်းညှင်းစွာ ထွက်ကျလာသည်။သူ ချောင်းဆိုးကာ နည်းနည်းသက်သာသွားပြီးနောက် ဝေ့ထင်ကိုကြည့်ပြီး ဒေါသတကြီးနှင့်
"မင်း…"
သို့သော် ဝေ့ထင်၏ အေးစက်သောမျက်လုံးများကို သူတွေ့လိုက်သောအခါတွင် ကျန်စကားလုံးများကို ဗိုက်ထဲသို့ ချက်ချင်းပြန်မျိုချလိုက်ပြီး ဘာမှထပ်မပြောဝံ့တော့ပေ။
ဝမ်လဲ့ သည် ရှောင်ဖုန်း ၏ နာကျင်နေသော အမူအရာကို ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ရှောင်ဖုန်း သည် ဝေ့ထင်ထံမှ ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ခံရသည်ကို မြင်လိုက်ရသဖြင့် သူက လျင်မြန်စွာ သတိပေးလိုက်၏။
"မင်း ရူးနေလား… ဒီအချိန်မှာ မင်းတို့ သူဌေးအကြောင်း မပြောရဘူး...မင်းသေချင်လား"
ရှောင်ဖုန်း သူ့ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်လိုက်ပြီး ဘာမှ မပြောတော့။
ထို့နောက် ဝမ်လဲ့ က စုမုန့် ကို အမောတကောပြောလိုက်သည်။
“ဆရာမ ကျွန်တော်တို့ မြန်မြန် ပြေးရအောင်… သူ့သူဌေးရောက်လာရင် ကျွန်တော်တို့ သေသွားလိမ့်မယ်"
ထိုစဉ် ကားသမားက သူ့ကိုကြည့်ကာ မေးသည်။
"သူဌေး…ရဲကို ခေါ်လိုက်လား"
ရှောင်ဖုန်း: “ရဲကို ခေါ်မယ် ဟုတ်လား..သူတို့ ဘယ်အချိန်ရောက်မယ်ဆိုတာ မင်းတို့ သိလို့လား... ငါတို့လူတွေ မင်းတို့ကို သတ်ပြီးဖျောက်ထား ရင်တောင်မှ ဒီလို့လူသူဝေးတဲ့တောင်မှာ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”
သူတို့စကားပြောနေစဉ်တွင် စုမုန့်၏ နားရွက်များ တစ်ချက် ဆတ်ကနဲလှုပ်သွားသည်။ အပြင်မှ လှုပ်ရှားသံတစ်ချို့ကို သူမကြားလိုက်ရခြင်းဖြစ်သည်။ သူမ သာမက ဝေ့ထင် လည်း ကြားနေရသည်။နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။
ဝေ့ထင် က တံခါးကို ခပ်ဟဟဖွင့်ပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။ အပြင်ဘက်က စင်္ကြံမှာ ဘယ်သူမှ မရှိသော်လည်း၊ ဟိုတယ် ဧည့်ခန်းထဲမှာ လူတွေအများကြီး စကားပြောသံကို ကြားနေရသည်။ ရှောင်ဖုန်း ၏ သူဌေးက အမှန်ပင် ရောက်လာပုံရသည်။ဤမျှမြန်မြန်ရောက်လာဖို့ မမျှော်လင့်ထားပေ။
ဝေ့ထင်သည် တစ်ယောက်ယောက် အပြင်သို့ ထွက်လာသံကို ကြားသောအခါ၊ သူ လှည့်ပြန်သွားလိုက်၏။ထို့နောက် တာအိုအဘိုးကြီးနှင့် ရှောင်ဖုန်း တို့၏ ပါးစပ်ကို ပိတ်ဆို့ပြီး သူတို့နှစ်ယောက်အား ကုတင်အောက်တွင် ထည့်ထားလိုက်သည်။
"ဘာလဲ"
ဝမ်လဲ့ သည် ဝေ့ထင်ကို စိတ်ရှုပ်စွာ ကြည့်နေရင်း မေးလိုက်သည်။
"မျက်စိနောက်လို့"
ဝမ်လဲ့..“…”
ဘာဖြစ်တာလဲ...ကြည့်ရတာ ဝေ့ထင်က သူတို့နှစ်ယောက်ကို ဖွက်ဖို့ ကြိုးစားနေတာ ထင်တယ်..
ရှောင်ဖုန်း၏သူဌေးသည် ဤဟိုတယ်နှင့် အလွန်ရင်းနှီးသူဖြစ်ကောင်းဖြစ်နိုင်သည်။သူတို့က မြေအောက်ခန်းကို အမြန်ရှာတွေ့သွား၏။ ဝေ့ထင် ၏ ကန်ချက်ကြောင့် တံခါးက လှုပ်နေပြီဖြစ်ကာ၊ အပြင်မှ တွန်းလိုက်ရုံနှင့် တံခါးက ပြုတ်ကျသွားသည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်တပ်ထားသော ယောက်ျားကြီး တစ်ဒါဇင်ကျော် ဝင်လာခဲ့သည်။
ဝမ်လဲ့ သူ့နဖူးကို ကူကယ်ရာမဲ့ ကိုင်ထားမိသည်။ သူတို့ အလိမ်ခံနေရပြီမလား... ဝေ့ထင်သာ ထိုအချိန်က တံခါးကို မကန်ပစ်ခဲ့ပါက၊ထိုသူများအား ခဏကြာအောင် တားဆီးထားနိုင်ပေမည်။
အနောက်တိုင်း ဝတ်စုံဝတ်ထားသော အမျိုးသားများသည် နှစ်တန်း စီကာရပ်နေကြသည်။တန်းစီပြီးသောအခါ နောက်ဆုံးရှိ လူက ဖြည်းညှင်းစွာ ဝင်လာသည်။
စုမုန့် ထိုသူကို ကြည့်လိုက်သည်။နောက်ဆုံး ဝင်လာသူမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်နှင့် သွယ်လျသော အသွင်အပြင်ရှိသည်။သူမ အံ့သြမိသည်က၊ထိုလူမှာ ယောက်ျားလည်းမဆန်၊မိန်းမလည်းမဟုတ် ဖြစ်နေခြင်းပင်။နားလည်လွယ်အောင်ပြောရလျှင်၊သူသည် ယောက်ျားတစ်ယောက် အနေဖြင့် ပြစ်မျိုးမှဲ့မထင်ချောမောနေခြင်းပင်။
xxxxx