အပိုင်း ၇၂
Viewers 11k

🧑‍⚕️Chapter 72




ရှန့်ဖန်းယွိသည် ကျန်းရွှိ အလုပ်မှပြန်လာသောအခါညစာတန်းပြင်လိုက်သည်။

မနေ့က ရှန့်ဖန်းယွိသည် သူ့အား ယနေ့ တက်ရောက်ရန်ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတချို့ရှိ၍ တနေ့လုံးနားရက်ရစေရန် တခြားတယောက်နှင့်အချိန်စာရင်း အပြောင်းအလဲများပြုလုပ်ခဲ့သည်ဟုပြောခဲ့သည်။ သူသည် မူလက ရှန့်ဖန်းယွိ နောက်ကျလိမ့်မည်ဟုထင်ခဲ့သည်။ သို့သော်သူအလုပ်ဆင်းတော့မည့်အချိန်တွင် ရှန့်ဖန်းယွိ က သူ့အား ညစာကို အိမ်ပြန်၍စားရန်တောင်းဆိုခဲ့သည်။

ကျန်းရွှိသည် အစိမ်းရောင် ငရုတ်ပွကြော်များကိုအလွန်ကြိုက်သောကြောင့် ထိုအစားအတွက် သူ၏အစာအိမ်အား တမင်အလွတ်ထားကာအိမ်သို့စောစီးစွာပြန်လာခဲ့သည်။

မျှော်လင့်မထားဘဲနှင့်… သူထိုင်ချလိုက်သည့်နောက် စားပွဲပေါ်တွင်ဟင်းပွဲများစွာရှိသည်ကိုသဘောပေါက်လိုက်သည်။ သို့သော် ထိုအစိမ်းရောင် ငရုတ်ပွကြော် ပန်းကန်လုံးဝမရှိပေ။

ထိုကိစ္စသည် ကျန်းရွှိအား အနည်းငယ်စိတ်ပျက်စေခဲ့သည်။သူသည် ရှန့်ဖန်းယွိအား အမှတ်တမဲ့မေးလိုက်မိပြန်သည်။
"ဒီနေ့ မင်းရဲ့ ငရုတ်ပွစိမ်းကြော်တွေရော မကြွားတော့ဘူးလား"

ကျန်းရွှိသည် ထိုဟင်းပွဲနှင့် ပတ်သက်၍ ထင်မြင်ချက်ကောင်းကောင်းရှိကြောင်း သိပြီးကတည်းကပင် ရှန့်ဖန်းယွိသည်သူ့အတွက်မကြာခဏလုပ်ပေးခဲ့ကာ ထိုဟင်းပွဲနှင့် ပတ်သက်၍ အမြဲတစေ ရေးကြီးခွင်ကျယ်လုပ်တတ်သည်။ သူသည် သူ့အဘိုး၏ချက်ပြုတ်စွမ်းရည်ထက်ပင် သာလွန်ကြောင်းပြောတတ်သေးသည်။

"ငါ….အစိမ်းရောင်ငရုတ်ပွတွေရှာမတွေ့ခဲ့လို့ပါ…"

ရှန့်ဖန်းယွိ သည်ခဏမျှ တွန့်ဆုတ်နေခဲ့သည်။ သူသည် ကျန်းရွှိအတွက် ပြောင်းဖူးတစ်ဇွန်းခပ်လိုက်ကာ…

"ဒါလေးမြည်းကြည့်…"

ကျန်းရွှိ သည် ပန်းကန်လုံးထဲရှိအဝါရောင်လိမ္မော်ရောင်ပြောင်းဖူးစေ့များကိုကြည့်လိုက်သည်။ သူ၏အမူအရာသည်အနည်းငယ်သိမ်မွေ့သည်။

သူသည်ယနေ့ ရှန့်ဖန်းယွိနှင့်ပတ်သက်၍ တစ်ခုခုမှားနေသည်ဟုခံစားခဲ့ရသော်လည်း သူ့အားတနေ့လုံး ဘယ်နေရာမှာရှိနေလဲဟုမေးမြန်းခြင်းကယဉ်ကျေးမှုမရှိရာရောက်သည်။

ထိုကဲ့သို့သောအတွေးသည် ကျန်းရွှိ ရဲ့စိတ်ထဲမှတဆင့် ဖျက်ကနဲပေါ်လာကာ သူ၏အာရုံကြောများ ရုတ်တရက်တုန်လှုပ်သွားသည်။

သူသည် ရှန့်ဖန်းယွိ ဘယ်ဆီဘယ်ဝယ်ရောက်နေသည့်ကိစ္စနှင့် ပတ်သက်၍ မည်သည့်အချိန်က စတင်စိတ်ဝင်စားခဲ့မိသနည်း…။

ထိုကိစ္စသည်မသင့်လျော်လွန်းလှပေ။ ထို့ပြင် အရွယ်ရောက်ပြီးသူနှစ်ဦး အကြားရှိသင့်သောလူမှုရေးအကွာအဝေးထက်ပင် ကျော်လွန်နေပြီဖြစ်သည်။

ကျန်းရွှိ ကထိုစိတ်လှုပ်ရှားမှုများအား ပြန်တွန်းလှန်ရန်ကြိုးစားခဲ့သည်။ သို့သော် ခဏမျှကြိုးစားပြီးနောက် သူထပ်၍သိချင်သေးကြောင်းသဘောပေါက်လိုက်သည်။
အလွန်များပြားလွန်းသည်။

အစာစားချိန်တွင် အလွန်တိတ်ဆိတ်နေကြောင်း သဘောပေါက်လိုက်ပြီး ကျန်းရွှိသည် ရှန့်ဖန်းယွိတိတ်ဆိတ်နေကြောင်း ပထမဆုံးအကြိမ်သတိထားမိသွားသည်။အခန်းထဲတွင်မည်သည့် အသံမျှမကြားရပေ။

ကျန်းရွှိ သည် နောက်ပြောင်ခြင်းမရှိပဲ ရုပ်တည်ဖြင့် စားနေသော ရှန့်ဖန်းယွိအားကြည့်လိုက်သည်။ သူသည် တည်ကြည်လေးနက်ပုံပေါ်ကာအစားဝါးနေသည်ကိုပင် အာရုံစိုက်မနေပေ…။

သူသည် ရှန့်ဖန်းယွိအား စိတ်ဆိုးစေခဲ့မိသည်လား…။

ပထမဦးစွာ သူသည်ကျန်းရွိနှင့်အတူအိပ်ရန်ငြင်းဆန်ခဲ့သည်။ ယခုသူအကြိုက်ဆုံးအစားအစာလည်း ချက်ပြုတ်ပေးသည်မဟုတ်တော့ပေ…။ ယခင်က ရှန့်ဖန်းယွိ သည် ခွင့်ရက်ကို သူနှင့်အတူတူကျရန် စီစဉ်နေကျဖြစ်သည်။ သို့သော်ဤတစ်ကြိမ်တွင် အခြားကိစ္စများကလက်ဦးမှုယူသွားကာ သူတို့၏အားလပ်ချိန်များအား ခွဲထုတ်လိုက်သည်။

ပထမဆုံးအနေဖြင့် ကျန်းရွှိ သည် သူနှင့် ရှန့်ဖန်းယွိ အတူတူအချိန်ဖြုန်းခဲ့သည်များကို ပြန်တွေးနေမိသည်။
ထို့နောက်သူ၏မျက်နှာပေါ်တွင် နားမလည်၍ အလွန်ရှုပ်ထွေးစိတ်ပျက်နေပုံပေါ်နေသည်။

သူသည် အမှန်တကယ်ပင် ရှန့်ဖန်းယွိအကြောင်း တွေးနေမိသည်လား…။လက်မခံနိုင် ဖွယ်ရာပင် ဖြစ်သည်။

ရှန့်ဖန်းယွိ သည်အသည်းငယ်တတ်သူမဟုတ်ပေ…။ ရှန့်ဖန်းယွိ နာကျင်သွားရန် သူဘာလုပ်ခဲ့မိသနည်း…။

မှန်သည်။ ကျန်းရွှိသည် သဘောထားသေးသိမ်တတ်သူဖြစ်သည်။ သို့သော် ရှန့်ဖန်းယွိသည် သူ့အား ၁၀ နှစ်ကျော်မျှသိခဲ့သည်။ ရှန့်ဖန်းယွိအနေနှင့် လွန်ခဲ့သောနှစ်ရက်အတွင်း ရုတ်တရက်စိတ်တိုလာခြင်း သည် ဖြစ်နိုင်သည်လား…။

ထိုကိစ္စသည် သူနှင့် ဘာမျှမဆိုင်ပေ။ ရှန့်ဖန်းယွိ၏ ကိုယ်ပိုင်ပြဿနာပင်ဖြစ်သည်။

"ကျန်းရွှိ…"

သူစဉ်းစားနေစဉ် ရှန့်ဖန်းယွိက သူ၏အတွေးများကိုရုတ်တရက်ကြားဖြတ်၍ ပြောသည်။

"ဟမ်…"
ကျန်းရွှိက သူ့အားကြည့်ရန် မျက်ခုံး ပင့်လိုက်သည်။

"မင်းတယောက်ယောက်ကို ဘယ်တုန်းက နောက်ဆုံးသဘောကျခဲ့ဖူးလဲ"

ကျန်းရွှိ သည်သူ၏ပြောင်းဖူးစေ့များ ကိုမျိုချလိုက်ကာ ရှန့်ဖန်းယွိ ၏မေးခွန်းကြောင့်အနည်းငယ်အံ့အားသင့်သွားသည်။

ရှန့်ဖန်းယွိသည် ဘာလုပ်ဖို့ကြိုးစားနေသည်လဲ..။သူ့ခံစားချက်များအကြောင်း ပြောပြနေသည်လား..။

အကယ်၍ ယခင်ကကဲ့သို့သာဆိုလျှင် သူသည်ထိုကဲ့သို့သောအတင်းအဖျင်းမေးခွန်းတစ်ခုအား ဖြေဆိုရန် စိတ်အနှောင့်အယှက်ဖြစ်မည်မဟုတ်သော်လည်း ယနေ့ ဖြစ်နေသော စိတ်အခြေအနေကြောင့် ကျန်းရွှိ သည်ခဏမျှစဉ်းစားပြီး ရှန့်ဖန်းယွိ အပေါ် ပို၍ စိတ်ရှည်သင့်ကြောင်းဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့်သူသည်ခဏငြိမ်နေပြီးနောက် တည်ငြိမ်ပြတ်သားစွာပြောလိုက်သည်။

"ကျုံးလန်"

"ကျုံးလန်ကိုမင်းသဘောကျနေတယ်ဆိုတာကို ဘယ်လိုသိတာလဲ…" ရှန့်ဖန်းယွိကမေးလိုက်သည်။

"…" ကျန်းရွှိသည် ပြောစရာစကားမဲ့သွားသော်လည်း စိတ်ရှည်ရှည်ထားကာ ပြန်ဖြေပေးလိုက်သည်။
"သူမနဲ့အတူတူ သွားရတာ သက်တောင့်သက်သာရှိပြီး အဆင်ပြေတယ်"

"အဲ့ဒါဆို စီနီယာ အစ်ကိုဝူ နဲ့ရော သက်တောင့်သက်သာရှိပြီး အဆင်ပြေလား …စီနီယာအစ်ကို ဝူကိုရော သဘောကျလား…"

ကျန်းရွှိ၏ စိတ်ရှည်မှုများ မှေးမှိန်သွားသည်။

"မင်းဘာတွေပြောနေတာလဲ…စီနီယာ အစ်ကိုဝူက လက်ထပ်ပြီးသားလေ"

"အဲ့ဒါဆို ငါ့ကိုရော…"

"မင်းကိုက ဘာလဲ"

"ငါနဲ့ရော…ငါနဲ့အတူတူဆို သက်တောင့်သက်သာ ဖြစ်လား အဆင်ပြေလား"

ကျန်းရွှိသည် ခဏမျှ ငြိမ်နေပြီးနောက် အလွန်နူးညံ့သော အသံဖြင့် ဖြေလိုက်သည်။
"အင်း…"

ရှန့်ဖန်းယွိက
"ငါမလက်ထပ်ရသေးဘူး…ငါ့ကိုရောသဘောကျလား "

ကျန်းရွှိ : "……"

သူသည် သူ၏ပြောင်းဖူးစေ့များကို စားနေရင်းတန်းလန်းတွင် သီးသွားခဲ့သည်။ ထို့ကြောင့်သူ၏ပါးစပ်ကိုဖုံးအုပ်ရန် တစ်သျှူးကိုလျင်မြန်စွာဆွဲထုတ်ကာ ပြင်းပြင်းထန်ထန်ချောင်းဟန့်လိုက်သည်။ သီးထားသောကြောင့်သူ၏မျက်နှာသည် နီရဲနေသည်။

ရှန့်ဖန်းယွိက သူ၏ကျောအားပုတ်ကာပြောသည်။
"ဖြည်းဖြည်းစား…"

ကျန်းရွှိ စိတ်အေးတည်ငြိမ်သွားသည့်အချိန်တွင်သူ၏မျက်လုံးထောင့်များသည်မျက်ရည်ဝဲနေပြီဖြစ်သည်။သူသည် တစ်သျှူးကိုယူ၍သုတ်လိုက်သောကြောင့် အနည်းငယ်နီရဲသွားသည်။ ရှန့်ဖန်းယွိ ကသူ့အားငေးနေရာမှ ချက်ချင်းအကြည့်လွှဲလိုက်သည်။

"မင်းဘာတွေ ငြူစူပြီး အလိုမကျဖြစ်နေတာလဲ…မင်းဘာပြောချင်နေတာလဲ…"
ကျန်းရွှိသည်စားပွဲမှထ၍ မတ်တပ်ရပ်ကာမေးလိုက်သည်။

" ဘာမှမဟုတ်ဘူး ငါနောက်နေတာ…မင်းဒီနေ့သိပ်မပြုံးဘူးနော်"
ရှန့်ဖန်းယွိက မျက်နှာအားတဖက်သို့လှည့်သွားကာ ပြောသည်။

"ဒီနေ့တစ်နေ့လုံး မင်း ငါ့ကိုခုမှ ပထမဆုံးအကြိမ်တွေ့တာပါ"
ကျန်းရွှိက မျက်နှာသေနှင့်ထောက်ပြပြောလိုက်သည်။

ယနေ့ မနက်သူအိပ်ယာမှထသောအခါ ရှန့်ဖန်းယွိကထွက်သွားပြီးဖြစ်ကာ စားပွဲပေါ်တွင်သာ မနက်စာသာ ထားသွားသည်။ သူ ညနေခင်းဘက် အလုပ်မှပြန်လာမှသာ သူတို့နှစ်ဦးသည် ယနေ့အတွင်း ပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်သည်။

"ငါနဲ့ပြဿနာရှိလို့လား…"
ကျန်းရွှိကရှင်းရှင်းလင်းလင်းမေးလိုက်သည်။

"မရှိပါဘူး" ကျန်းရွှိသည် သူ၏ အကြည့်များကိုအောက်စိုက်ကာ ဟင်းလျာများနှင့် တူများကိုစီလိုက်သည်။ ရှန့်ဖန်းယွိသည် သူအလုပ်တွင်မရှိခြင်းကို ကျန်းရွှိသိသွားပြီဖြစ်ကြောင်း သဘောပေါက်ကာ…

"အလုပ်နဲ့ပတ်သက်တဲ့ပြဿနာပါ"

ကျန်းရွှိ ကသူ့အား တိတ်တိတ်နေ၍ လှမ်းကြည့်လိုက်သည်။ ထို့နောက် ရှန့်ဖန်းယွိအား မဝံ့မရဲနှင့် ပြောလိုက်သည်။

"ငါ ကူညီပေးနိုင်တဲ့အရာတစ်ခုရှိရင် မင်းငါ့ကိုပြောလို့ရတယ်"

"ရပါတယ် မလိုပါဘူး"

ကျမ်းရွှိအနေနှင့် ရှန့်ဖန်းယွိအား ကူညီရန် ပထမဆုံးအကြိမ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကာ သူ့အတွက် လုပ်လေ့လုပ်ထမရှိသော ကိစ္စဖြစ်သည်။ သို့သော် ရှန်းဖန်းယွိပြောစကားကို ကြားရသောအခါ အံ့အားသင့်သွားပြန်သည်။

ကျန်းရွှိသည် သူ၏တူများကို ခပ်အေးအေးပင် ပြန်ချထားလိုက်ကာ တဖက်သို့လှည့်၍ စာကြည့်ခန်းထဲသို့ထွက်သွားသည်။

သူသည် တံခါးကိုဖွင့်ထားကာ တံခါးအပြင်ဘက်မှ ရှန့်ဖန်းယွိ၏ ဟင်းပန်းကန်များအား ဆေးကြောသန့်စင်နေသည့်အသံများကို တဝက်တပြတ် ကြားရသည်။ ခဏမျှအကြာတွင် အရာအားလုံးတိတ်ဆိတ်သွားသည်။ သို့သော် ရှန့်ဖန်းယွိသည် စာလုပ်ရန် ဝင်မလာခဲ့ပါပေ။

ပုံမှန်အားဖြင့် ရှန့်ဖန်းယွိသည် အစည်းအဝေးမရှိလျှင် ဧည့်ခန်း သို့မဟုတ် ထမင်းစားခန်းတွင် အလုပ်မလုပ်တတ်ပေ။သို့သော်လည်း ယနေ့တွင် ရှန့်ဖန်းယွိ အပြင်ဘက်တွင်စကားပြောနေသည့်အသံမျိုး မကြားရပေ။

သူသည် အစည်းအဝေးတက်နေခြင်းလည်း မဟုတ်ပေ။
သို့သော် သူသည် စာလေ့လာရန်လည်း ရောက်မလာခဲ့ပေ။

ကျန်းရွှိသည် မျက်လုံးများကိုပင့်ကာ သူ၏မျက်နှာချင်းဆိုင်ရှိ စားပွဲအလွတ်နှင့်ကုလားထိုင်အား ကြည့်ကာ သူ့အနားရှိအနီရောင်နှင်းဆီပန်းစည်းကိုလည်း ကြည့်လိုက်သည်။ တစ်ချိန်ကတောက်ပနေသော အဖူးအပွင့်များသည် အရင်ကဲ့သို့ အရောင်များမရှိတော့ပဲ ညှိုးနွမ်းပျက်စီးနေကြကာ သူတို့၏ နောက်ဆုံးအကြွင်းအကျန်များအဖြစ် တွယ်ကပ်နေကြသည်။

သူသည် ရုတ်တရက်မတ်တပ်ရပ်လိုက်ကာ ညှိုးနွမ်းနေသော ပန်းစည်းတစ်ခုလုံးအား သူ့နောက်ရှိ ပိတ်ခါနီးတံခါးဆီသို့ ပစ်ထည့်လိုက်သည်။ထို့နောက် သူသည် တံခါးကိုပိတ်ရန် မတ်တပ်ရပ်လိုက်သည့်အချိန်တွင် ဆိုဖာပေါ်တွင်ထိုင်နေသော ရှန့်ဖန်းယွိ သည်အသံကြားရာသို့လှည့်ကြည့်ကာ …"ဘာဖြစ်တာလဲ"

ကျန်းရွှိက သူ့အား အဓိပ္ပာယ်ပြည့်ဝသော အကြည့်ဖြင့် ကြည့်ကာ စာကြည့်ခန်းတွင် ပြန်ထိုင်နေလိုက်သည်။နောက်တဖန် လှည့်၍ပင်မကြည့်။

"အကိုရွှိ…ဒီမှာ နို့လက်ဖက်ရည်…"

ကျန်းရွှိ သည် နေ့လယ်ခင်း ခွဲစိတ်ခန်းမှ ထွက်လာသောအခါ ရုံးခန်းတွင် နို့လက်ဖက်ရည်ကမ်းပေးနေသော ယွီဆန်းနှင့် ဆုံသည်။

သူသည် ယခု အစားလျှော့စားရမည့်အကြောင်းကိုတွေးကာ မသောက်နိုင်သဖြင့် လက်ခါပြကာ ယွီဆန်း၏သဘောကောင်းမှုကို ယဉ်ယဉ်ကျေးကျေးငြင်းပယ်လိုက်သည်။

"ဒီနေ့ ဘာလို့ ကျန်းမာရေးကိုအဲ့လောက်သတိထားနေတာလဲ…မင်းကော်ဖီသောက်တာကို မမြင်ရတာတောင်ကြာပြီ"

ကျန်းရွှိသည် ဝိုးတိုးဝါးတားနှင့် "ဟမ်.." ဟုသာပြန်ပြော၍ ပုံမှန်ရေအေးတစ်ခွက်အားမော့သောက်ကာ ယွီဆန်းအား…

" ပျော်စရာ ကိစ္စတစ်ခု ရှိနေတာလား"

ယွီဆန်း နောက်ဆုံးအကြိမ်ရာထူးတိုးမြှင့်ခံရသောအခါဌာနရှိလူတိုင်းအား မုန့်ကျွေးခဲ့သေးသည်မှာ သိပ်မကြာသေးပေ။ ထို့ကြောင့် ကိစ္စကြီးမဟုတ်ခဲ့လျှင် ယွီဆန်းသည် နောက်တဖန်ပိုက်ဆံဖြုန်းလိမ့်မည်မဟုတ်ပေ။

ယွီဆန်း ၏မျက်လုံးများသည် အပြုံးများနှင့်ပြည့်နှက်နေသည်။

"အကိုရွှိ…ကျွန်တော် တယောက်ယောက်နဲ့တွေ့နေပြီ"

ကျန်းရွှိ သည် အနည်းငယ်အံ့အားသင့်ခဲ့သော်လည်းသူ၏မျက်လုံးများတွင်ပျော်ရွှင်မှုများရှိနေသည်။
" ဂုဏ်ယူပါတယ်ကွာ"

ယွီဆန်းသည် အမြဲတမ်းအလုပ်ကြိုးစားနေကာ နှစ်ပေါင်းများစွာလက်တွဲဖော်ရှာရန်ပင် အချိန်မရှိခဲ့သည်ကို ကျန်းရွှိသိသည်။ သူတို့ညတိုင်းညစာအတူတူစားသည့်အခါတိုင်းတွင် ယွီဆန်းက သူနှစ်ပေါင်းများစွာတိတ်တခိုးသဘောကျနေရသော မိန်းကလေးတစ်ဦး အကြောင်းမကြာခဏပြောဆိုလေ့ရှိသည်။ သူဝန်မခံရသေးခင် ထိုမိန်းကလေး လက်ထပ်သွားမည်ကိုလည်း စိုးရိမ်နေခဲ့သည်။

"ကျွန်တော့်မှာ ပိုက်ဆံရော အချိန်ရော အများကြီးမရှိတဲ့အတွက် သူ့ကို ဒုက္ခမပေးချင်ခဲ့တာ…ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော် အမြဲတမ်းဆရာဝန်တစ်ယောက်အနေနဲ့ ငှါးရမ်းခံရတဲ့အခါကျ သူ့ကိုချစ်ကြောင်းဝန်ခံခဲ့တယ်လေ…သူကသူ့ကို အရင်လိုက်ရမယ်လို့ပြောခဲ့တာ…ကျွန်တော်ကတော့ သူငြင်းလိုက်တယ်ထင်သွားတာ…ဒါပေမယ့်..မမျှော်လင့်ဘဲ ... "

ယွီဆန်းသည် ထိုအကြောင်းအား ပြောပြလေလေ သူ၏ မျက်နှာ နီလာလေလေဖြစ်သည်။ သူသည် သူ၏အပြုံးအား မဖုံးကွယ်နိုင်ပေ။

" ဒါပေမယ့်ကျွန်တော် သူမကိုရနိုင်ခဲ့တယ်"

"ကျွန်တော့်ကောင်မလေးကငါ့ကိုပြောတယ်…ကျွန်တော်ကအရမ်းရိုးရှင်းပြီး စိတ်ဝင်စားဖို့မကောင်းဘူးတဲ့ "

ချိုမြိန်သော စိတ်အနှောင့်ယှက်ဖြစ်စရာကြောင့် ထိုသို့သော စကားလုံးများဖြစ်နေသော်လည်း ယွီဆန်း၏ မျက်နှာတွင် အပြုံးများပြည့်နေသေးသည်။ သူသည် သူ၏ အလုပ်နေရာရှိ စာအုပ်စင်မှစာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ ကျန်းရွှိ ဖတ်ရန် ပေးလိုက်သည်။

" အဲ့ဒါကြောင့် လူတွေ သူတို့ဆက်ဆံရေးကို ဘယ်လိုထိန်းသိမ်းပြီး ပြုပြင်တယ်ဆိုတာကိုကြည့်ဖို့ ကျွန်တော်ဝယ်ခဲ့တာ"

ကျန်းရွှိသည် တချက်စစ်ကြည့်လိုက်သည်။ ထိုစာအုပ်သည် စိတ်ထိခိုက်နေသော ဂုရုတယောက်ထံမှ ကြက်သားစွပ်ပြုတ်ချက်နည်း နည်းလမ်းများ အကြောင်းဖြစ်လောက်သည်၊

ပုံမှန်အားဖြင့်သူသည် ထိုကဲ့သို့ စာအုပ်မျိုးအား အပိုကြည့်ရှုမည်မဟုတ်သော်လည်း အကြောင်းပြချက်အချို့ကြောင့် သူသည်ယနေ့တွင်ထိုစိတ်အား ခဏရပ်နားထားကာ " ဒီစာအုပ်က အသုံးဝင်လား "ဟုမေးလိုက်သည်။

ချစ်ခြင်းမေတ္တာ၏ချိုမြိန်မှုအတွက် နစ်မြှုပ်နေသောသူက

"ဒါပေါ့…ဆက်ဆံရေးတွေဆိုတာ အမြဲထိန်းသိမ်းထားဖို့လိုတယ်လေ"
ပြောပြီးသွားသောအခါ ယွီဆန်းက သူတစ်ခုခုမှားနေကြောင်းသဘောပေါက်ကာ

"အကိုရွှိ…ဘာဖြစ်လို့လဲ…အကိုရွှိ တယောက်ယောက်ကို လိုက်ဖို့ စဉ်းစားနေတာလား"

ကျန်းရွှိ သည်သူ၏ အကြည့်အား ရုပ်သိမ်းကာ…
"မေးရုံပဲမေးကြည့်တာပါ"

" ဒါမှမဟုတ်….အကို့ရဲ့သူငယ်ချင်းတွေနဲ့ပြဿနာရှိနေလို့လား"
ယွိဆန်း သည် နီးကပ်စွာလိုက်နေကာ

"ဒီစာအုပ်ထဲမှကျွန်တော်ဖတ်ကြည့်တာတော့ သူငယ်ချင်းတွေနဲ့ ရည်းစားတွေဆက်ဆံရေးကြားမှာ တူတာတွေအများကြီးရှိတယ်တဲ့"

ကျန်းရွှိ၏လက်သည် ဘောပင်အား အချိန်ကြာကြာကိုင်ထားပြီးနောက် သူသည် မျက်လုံးများကိုပင့်ကြည့်ကာ ယွီဆန်းအား….

"ဟို….ငါ့ရဲ့ တဝမ်းကွဲ….."

ယွီဆန်း သည် ကျန်းရွှိ ပြောသောအခါ ချက်ချင်းသဘောပေါက်လာသည်။ ကျန်းရွှိ၏ ပုံစံအရ သူ၏ရိုးသားပြီးရိုးရှင်းသောဝမ်းကွဲညီအစ်ကိုတွင် အမှတ်လျော့နိုင်မည့်အခြေအနေသည် အနှေးနှင့်အမြန်ပင် ဖြစ်လာနိုင်သည်။

"အကိုရွှိ အကိုကနွေးထွေးပြီး ဟက်ဟက်ပက်ပက်ရှိရမယ်လေ…အကိုကအိမ်ရှင်လေ…ဧည့်သည်တွေကို လျစ်လျူရှုလို့မရဘူးလေ"

ပြောသည့်သူက ထိုအတိုင်း မရည်ရွယ်ပဲ နှင့်ပြောလိုက်သော်လည်း နားထောင်နေသည့်သူသည် တစ်ခုခုစိတ်ထဲထိသွားသည်။

ယွီဆန်းက မရည်ရွယ်ပဲ ပြောခဲ့သော်လည်း အကြောင်းပြချက်အချို့ကြောင့် အိမ်ကနေထွက်ပြေးခဲ့သည့်နေ့ကိုသာ ကျန်းရွှိသတိရခဲ့သည်။

ရှန့်ဖန်းယွိ ၏ ကြေကွဲဖွယ်စကားလုံးများကသူ့အား အလွန်လှုံ့ဆော်ပေးခဲ့ပြီး သူပြန်ခေါ်ခဲ့သည့်နေ့နောက်ပိုင်းတွင် ထိုစကားလုံးများကိုမှတ်မိခြင်းမှမိမိကိုယ်ကိုသတိမဲ့စွာတားဆီးရသည်။ ထိုစကားလုံးတချို့အားပြန်မှတ်မိလာခြင်းသည် ယခုအချိန်မှသာဖြစ်သည်။

သူသည်ခွဲစိတ်မှုဗီဒီယိုကိုဒေါင်းလုပ်ဆွဲရန်ကြိုးစားသောအခါ လိုင်းကြပ်နေသည်။ ရှန့်ဖန်းယွိ က သူသည်အိမ်တွင် ဧည့်သည်သာ ဖြစ်သည်ဟုပြောခဲ့ဖူးသည်။ သူ့အိမ်ရှိဝိုင်ဖိုင်လည်းသိသည်။သူသာလျှင်မသိခြင်းဖြစ်မည်။

အဘယ့်ကြောင့်ဆိုသော်…သူသည် ရှန့်ဖန်းယွိအား အရေးမပါသော ဧည့်သည်အဖြစ် ခံစားခဲ့ ရစေသည်။

"အကိုရွှိ…အကိုရွှိက အဲ့လို ဆက်ဆံရေးတွေဆို ပြန်မပြင်ချင်တော့တာကို နားလည်ပါတယ်…ဒါပေမယ့် ခံစားချက်တွေဆိုတာကအပြန်အလှန်ရှိကြရတာလေ"

"အဲ့တာဆို ပေးလေ"

"ဟင်"

ကျန်းရွှိသည် ယွီဆန်းလက်ထဲ ရှိစာအုပ်အား မျက်လုံးများဖြင့် ညွှန်ပြလိုက်သည်။

ယွီဆန်း သည် သူ၏လက်ထဲမှ စာအုပ်အားကြည့်လိုက်သောအခါ စိတ်ထိခိုက်နေသော ဂုရုကြီးသည် မျက်နှာဖုံးပေါ်တွင်အဓိပ္ပာယ်ပြည့်ဝစွာပြုံးနေသည်ကိုတွေ့လိုက်ရသည်။

— — — — — -

ရှန့်ဖန်းယွိ က ကျန်းရွှိသည် မကြာသေးမီကမှ တစ်ခုခုကြောင့် မြှောက်ပေးခံနေရသည်ဟု သံသယဝင်နေသည်။

ညဘက်တွင် သူသည်ရေချိုးပြီးနောက် ဆိုဖာပေါ်တွင်ထိုင်ကာ သူ့ကျောင်းသားများ၏ စာတမ်းများအားစိစစ်နေလိုက်သည်။ထိုအချိန်တွင်စာကြည့်ခန်းတွင် အလုပ်လုပ်လေ့ရှိသော ကျန်းရွှိသည် လက်ထဲတွင် ကွန်ပြူတာကိုပိုက်ကာ ရုတ်တရက် သူ့နားတွင်လာထိုင်သည်။

သူဘာမှမပြောမီတွင် ကျန်းရွှိ က သူ့အားအသီးဖျော်ရည်တစ်ခွက်ကမ်းပေးခဲ့ကာ

"ဒီနေ့ ဆေးပညာဆိုင်ရာ တက္ကသိုလ်မှာ အတန်းသွားရသေးတယ်မလား…လည်ချောင်းရှင်းလိုက်"

ရှန့်ဖန်းယွိ သည် သရဲကိုမြင်တွေ့လိုက်ရသကဲ့သို့ ဖန်ခွက်အား တုန်ခါနေသောလက်များဖြင့်ယူခဲ့သည်။ မမျှော်လင့်ဘဲ ကျန်းရွှိ သည်ဖန်ခွက်ကိုပြန်မယူသည့်အပြင် ရေနှင့်လည်း ပြန်မပက်ခဲ့ပေ။

သူသည် သတိကြီးစွာသောက်ပြီးသောအခါ သူ၏ ဘေးတွင်ကျန်းရွှိထိုင်နေသည်ကို သူသဘောပေါက်ခဲ့သည်။ ဆိုဖာသည် အရမ်းကြီးသော်လည်း သူတို့ကြားတွင် ခေါင်းအုံးပင် ညှပ်ထား၍ မရတော့ပေ။ ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ အသက်ရှူသံကိုပင်ကြား၍ သူ၏ခန္ဓာကိုယ်အပူချိန်ကိုပင် ခံစားနိုင်သည်။

သူသည် ကျန်းရွှိဘာစဉ်းစားနေသည်ကိုသူမသိပေ။ သူသည် စိတ်စွဲနေမိသည်လား …စိတ်ကစဉ့်ကလျားဖြစ်နေသည်လား အရေးမကြီးတော့ပေ။ သူ၏ ဦး နှောက်သည် သူ့အား ကျရှုံးနေသည်ဟုသာ သတိပေးနေပုံရသည်။