အပိုင်း ၁၂၃
Viewers 14k

Chapter 123



ကျုံးယို့ယို့ အံ့အားသင့်သွားခဲ့သည်။ 


ကျုံးရှီယို့သည် စိတ်တိုလွယ်သည့်သူဖြစ်သော်လည်း ကျုံးမိသားစု၌  ကြီးစွာ သင်ကြားပေးခံခဲ့ရပြီး စည်းကမ်းလွယ်လွယ်ကူကူ ရန်ဖြစ်မည့် လူမျိုး မဟုတ်ချေ။ ရန်ပွဲ၌ပါ၀င်ခဲ့လျှင် ကျုံးပါပါးသည် သေချာပေါက် သူ‌၏ခြေလက်များကို ဖယ်ရှားပစ်လိမ့်မည်။ မည်သည့်အရာက ကျုံးရှီယို့ကို ‌ဒေါသထွက် စေပြီး ထိုလူသုံးယောက်ကို ဆေးရုံပို့ရသည်အထိ ရိုက်နှက်စေရသနည်း။ ကျုံးယို့ယို့သည် ကျုံးမိသားစုဆီမှ ထွက်ခွာလာခဲ့ပြီးဖြစ်သော်လည်း အကယ်၍ ကျုံးရှီယို့သည်လည်း ဒဏ်ရာရခဲ့ပါက  ထိုင်ကြည့်နေခြင်းက မဖြစ်နိုင်ချေ။


သူမသည် မျက်မှောင်ကြုတ်သွားပြီး ဆရာလီသုန်းဖျင်ဆီသို့ ရှင်းပြရန် ပြန်သွားပြီးသည့်နောက် ကျင်းမင်ဆိုသည့် ဒုတိယနှစ်ကျောင်းသားနှင့်အတူ ဆေးရုံသို့ အလျင်အမြန်လာခဲ့သည်။ 


လမ်းတစ်လျှောက် ကျင်းမင်သည် ထိုအချိန်က  အခြေအနေပြင်းထန်ပုံကို သူမအား ပြောပြခဲ့ပြီး သူမသည် နားထောင်ရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။


အဘယ့်ကြောင့်ဆိုသော် ကျုံးရှီယို့သည် အထက်တန်းဒုတိယနှစ် ပြိုင်ပွဲဆိုင်ရာအတန်းမှ ဖြစ်ပြီး ထိုအတန်းမှ‌ ကျောင်းသားအများစုသည် စာလေ့လာခြင်း၌သာ အာရုံစူးစိုက်ကြပြီး မလိုအပ်သည့် ပြင်ပကိစ္စရပ်များ၌ ပါ၀င်ကြမည်မဟုတ်ဘဲ အားလပ်ချိန်၌  ဆရာများကလည်း ထိုနေရာများကို ကင်းလှည့်မည်မဟုတ်ချေ။ ထိုအရာက ကျုံးရှီယို့ ထိုသူတို့ သုံးယောက်နှင့် ခိုက်ရန်ဖြစ်ပွားကာ အလဲထိုးခဲ့သော်လည်း ကျောင်းသားများကသာ ၀င်ဆွဲ၍ ဆရာများ အချိန်မီ ရောက်မလာရသည့် အကြောင်းအရင်းဖြစ်သည်။ 


ဤအရာက ပညာရေးဆိုင်ရာဌာနမှူးသည် လူအုပ်ကြီးကို တွန်းဖယ်ကာ ထိုးဖောက်၀င်ရန် ဖြစ်စေခဲ့ပြီး အလွန်နောက်ကျသွား‌ခဲ့သည်။ အတန်းသားတစ်ယောက်သည်   နှာခေါင်းရိုး ကျိုးသည်အထိ အထိုးခံထားရပြီး နေရာတိုင်း၌ သွေးစက်များရှိကာ အလွန်ကြောက်စရာကောင်းလှသည်။


ကျုံးယို့ယို့က မေးသည်။

" ဘာလို့ ရန်ဖြစ်ခဲ့တာလဲ "


ကျင်းမင်သည်တောင်မှ နားမလည်နိုင်ခဲ့ပါ။ ကျုံးရှီယို့သည် စိတ်တိုလွယ်ပြီး စိတ်လိုက်မာန်ပါလုပ်တတ်သော်လည်း သူသည် ပြဿနာဖန်တီးလေ့ရှိသူတစ်ယောက်မဟုတ်ချေ။ ကျင်းမင်ကပြော၏ ။ 


" ကျွန်တော် လည်းမသိဘူး။ ကျွန်တော်ကြားတာက သူတို့သုံးယောက် အိမ်သာထဲမှာ အတင်းအဖျင်းပြောနေခဲ့ကြတယ်ဆိုတာပဲ ။ကျုံးရှီယို့က အဲ့ဒါကို နားမခံနိုင်ဘဲ စပြီး ထိုးခဲ့တာ ။  မိသားစုက ပါ၀င်မလာရင်တောင်မှ ကျောင်းကတော့ သူ့ကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးအရ အရေးးယူလိမ့်မယ် "


ကျုံးယို့ယို့သည် ဆေးရုံသို့ ရောက်သွားသည့်အချိန်တွင် အရိုးနှင့်အာရုံကြောအရေးပေါ်ဌာန၌ ကျုံးရှီယို့၏ဆရာနှစ်ယောက်က စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ ကျုံးယို့ယို့က ထိုနေရာသို့ လျှောက်လှမ်းသွားခဲ့ပြီး ကျုံးရှီယို့၏ ဒဏ်ရာက အသေးအဖွဲ့မဟုတ်သည်ကို သူမ သဘောပေါက်ခဲ့သည်။


သူ၏ညာဘက် လက်မောင်းမှာ ကျောက်ပတ်တီးရှိ‌‌နေပြီး အရိုးအနည်းငယ် အက်သွားပုံပေါ်၏ ။ ခန့်ညားသည့်  နှာတံမြင့်မြင့်လေးပေါ်၌ ပလာစတာတိပ်ကို ကပ်ထားရပြီး သွေးထွက်နေလျက်ရှိကာ သူ၏ ပုံပန်းသွင်ပြင်ကို သိသိသာသာ ထိခိုက်နေသည်။


ကျုံးယို့ယို့၏ ခံစားချက်များက ရောထွေးနေသည်။ သူမသည် ဤမောင်အပေါ်၌ ကောင်းမွန်သည့် ထင်မြင်ချက်နှင့် နွေးထွေးသည့် ခံစားချက်မရှိသော်လည်း ဤကဲ့သို့ ထိုးခံထားရသည်ကို မြင်သော် သူမ၏ နှလုံးသားထဲ၌ ၀မ်းနည်းဒေါသ တစုံတရာရှိနေသည်။


ကျုံးရှီယို့သည် ရန်ဖြစ်သည့် အကြောင်းရင်းကို မေးမြန်းနေသည့် ဆရာများကို မျက်နှာထားတင်းတင်းဖြင့် ဖြေ‌ဆိုနေခဲ့သည်။ သို့သော် ထိုအချိန်၌ ကျုံးယို့ယို့ လာနေသည်ကိုမြင်သော် သူ၏ မျက်နှာက ပြောင်းလဲသွားပြီး နူးညံ့ကာ ခံပြင်းမှုအနည်းငယ်က ရောထွေးနေသည်။ သူက  လျင်လျင်မြန်မြန် မတ်တပ်ထရပ်လိုက်ပြီး " အစ်မ ဘာလို့ ဒီရောက်နေတာလဲ ။ ဘယ်ကောင်က အစ်မကို ဒီကို ခေါ်လိုက်တာလဲ "


ကျင်းမင်က သူ၏ မျက်လုံးတွေကို ဝေ့ကာ အပေါ်သို့ ကြည့်လိုက်ပြီး ဘေးဘက်သို့ ထွက်ရပ်နေလိုက်သည်။


ကျုံးရှီယို့၏ အပြုအမူက ထိုကဲ့သို့ဖြစ်စေကာမူ ကျင်းမင်က ကျုံးယို့ယို့ကို ခေါ်ဆောင်လာခဲ့သည့်အပေါ် အံ့ဩကျေနပ်နေခဲ့သည်။ ထိုအရာကို သူ မမြင်ခဲ့သည်  ထင်နေသည်လား။


 ကျုံးယို့ယို့သည် သူ၏ ကျောက်ပတ်တီးကို ကြည့်ပြီးနောက် မေးလိုက်သည်။ " ဘာလို့  နင့်မိဘ‌ကို မဆက်သွယ်တာလဲ "


" ကျွန်တော်တို့ရဲ့ ပါးနဲ့မားပါ " ကျုံးရှီယို့က အမှန်ပြင်ပေးလိုက်၏။ " ကုမ္ပဏီမှာ ပြဿနာတစ်ခုခုရှိနေတယ်ထင်တယ် ပါးရဲ့ စိတ်အခြေအနေက မကောင်းဘူး ။ ပြီးတော့ သူက မနေ့က အလုပ်ခရီး ထွက်သွားတာ ကျွန်တော်နဲ့ အဆက်အသွယ် မရ‌သေးဘူး "


ကျုံးယို့ယို့သည် လူအများ၏ ရှေ့၌ သူနှင့် အငြင်းအခုံမဖြစ်ချင်ပေ။


ကျုံးရှီယို့သည် နိုင်ငံသားကဒ်ပြားပေါ်၌ အရွယ်မရောက်သေးသူ ဖြစ်ပြီး ကျောင်း၌ ရန်ပွဲဖြစ်သည့်အခါ လူကြီးတစ်ယောက်သည် ကျောင်း၌ ရှိနေပေးရမည်။ မိဘနှစ်ပါးကလည်း အိမ်၌ မရှိကြသောကြောင့် ကျင်းမင်က သူမကို ဤသို့ ခေါ်လာခဲ့သည်။ 


သူမသည် အကူအညီမဲ့ခံစားရသော်လည်း  ကျုံးရှီယို့က ဒဏ်ရာပြင်းထန်စွာ ရထားသောကြောင့် ဤအချိန်၌ လျစ်လျူရှု၍ မရနိုင်ချေ။ သူမသည် ဆရာနှစ်ယောက်နှင့်အတူ ဆေးရုံစရိတ်‌ပေးရန်  သွားခဲ့ပြီး ရန်ဖြစ်မှုကြောင့် ဆေးရုံတင်ခံရသည့် တစ်ဖက်က ကျောင်းသားသုံးယောက်ကို လှမ်းကြည့်လိုက်သည်။


သူတို့ မည်မျှခန့် ဆိုးဆိုး၀ါးဝါး အရိုက်ခံထားရသည်ကို သူမ  မသိသော်လည်း မြင်မြင်ချင်း၌ပင် ထိတ်လန့်သွားခဲ့သည်။


ကျုံးရှီယို့သည် ရန်ပွဲ၌ အတော်လေးကြမ်းတမ်းသည်ကို ပြသခဲ့သည်။ သူ ရိုက်ခဲ့သော သုံးယောက်ထဲမှ တစ်ယောက်သည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး  စမ်းသပ်စစ်ဆေးရန်နှင့် CT စကန်ရိုက်ရန်အတွက် ဆေးရုံ၌ ရှိ‌နေရမည်။ အခြားနှစ်ယောက်သည် ပြာနှမ်းနေသောနှာခေါင်းများ၊ ဖူးယောင်နေသော မျက်နှာများအပါအ၀င် ဒဏ်ရာရမှုအခြေအနေအမျိုးမျိုးရှိနေသည်။ သူတို့နှင့် နှိုးင်ယှဉ်မည်ဆိုလျှင် ကျုံးရှီယို့က အသေးအဖွဲ အရိုးအနည်းငယ် အက်ရုံသာဖြစ်ပြီး အခြေအနေကောင်းသည်ဟု မှတ်ယူနိုင်သည်။ 


ဆရာများထဲမှ တစ်ယောက်သည် သူတို့၏ ဒေါသထွက်နေမှုကို ကျုံးယို့ယို့အား ဖော်ပြခဲ့သည်။  " ကျုံးယို့ယို့ မင်းရဲ့မောင်ကို အနည်းဆုံး အသိတရားရှိအောင်‌ေဖျာင်းဖျပြီး သူရန်ဖြစ်ရတဲ့ အကြောင်းအရင်းကို မေးမြန်းလိုက်အုံး ။ သူက ဘာမှ‌ကို မပြောဘူး။  အပြုအမူကလည်း အရမ်းအထက်စီးဆန်နေတယ် ။ ငါတို့ဆရာတွေက သူ့ကို ကာကွယ်ပေးချင်ရင်တောင် ဒီလိုပုံစံနဲ့ဆို ဘယ်လိုလုပ်ရမလဲ " 


ကျုံးယို့ယို့၏ မျက်ခုံးများ တွန့်သွားခဲ့ပြီး ပြန်‌ဖြေ၏ ။ " ဟုတ်ကဲ့ "


လက်ပတ်တီးနှင့် ကျုံးရှီယို့သည် သူမနောက်မှ လိုက်လာခဲ့ပြီး ဆရာက ကျုံးယို့ယို့၏ရှေ့၌ သူ့အား ဆူပူနေသည်ကို ကြားရသည့်အခါ ရှက်နေခဲ့သည်။


 သူ အရှက်ရသည့်အကြောင်းအရင်းသည် ရန်ဖြစ်‌သော ကြောင့် မဟုတ်ချေ။ ထိုသုံးယောက်က အတော်လေး စော်ကားပုတ်ခတ်ပြောဆိုနေခဲ့ကြကာ အကုန်လုံးကို ထိုးခဲ့သည်ကို သူ နောင်တမရပေ။ ရှက်ရသည့် အကြောင်းအရင်းသည် သူက ရန်ဖြစ်ခဲ့ပြီး ဒဏ်ရာမရ မဖြစ်ရုံသာမက အရိုးကပင် ကျိုးခဲ့သည်။ ထို့အပြင် သူထံ၌  ပိုက်ဆံအိတ်လည်း မရှိသဖြင့် ကျုံးယို့ယို့က ဆေးရုံစရိတ်များကို ပေးချေခဲ့ရသည်။ သူက ထိုကိစ္စကြောင့် ရှက်‌ကိုးရှက်ကန်းဖြစ်နေခြင်းဖြစ်သည်။


သူ၏ခေါင်းကို မမော့နိုင်ဘဲ ကျုံးယို့ယို့ကို ဆေးရုံသို့ခေါ်လာခဲ့သည့် ကျင်းမင်ကို စိုက်ကြည့်နေခဲ့သည်။


ကျုံးယို့ယို့သည် သူမ၏ ခေါင်းကိုလှည့်လိုက်ပြီး သူကို ကြည့်ကာ မေးလာသည်။

" ကျုံးရှီယို့ ပြော ဘာလို့ ရန်ဖြစ်ခဲ့တာလဲ "


" ကျွန်တော် " ကျုံးရှီယို့သည် တီးတိုးရေရွတ်လိုက်ပြီး ထို့နောက် ဘာမှဆက်မပြောခဲ့ချေ။


သူ၏ ရန်ဖြစ်ရသည့်အကြောင်းရင်းက ရှင်းရှင်းလင်းလင်းပြောရန် အနည်းငယ် ခက်ခဲနေသည်။ သူက မည်ကဲ့သို့ ပြောနိုင်မည်နည်း။ ထိုသုံးယောက်သည် သူမ‌ေနာက်ကွယ်မှာ သူမအကြောင်း မကောင်းသည်များကို ပြောနေခဲ့သောကြောင့် ထိုအချိန်၌ သူက သည်းမခံနိုင်ခဲ့ဘဲ တဟုန်ထိုး သွားကာ ထိုးခဲ့သည်ဟူ၍လား။ ထိုစကားက ဘာကြောင့် မူကြိုကျောင်းသားကလေးကဲ့သို့ ဖြစ်နေရသနည်း။


ကျုံးယို့ယို့က သူကိုစိုက်ကြည့်နေပြီး ကျုံးရှီယို့သည် စ်ိုးရိမ်စွာဖြင့် စကားလမ်း‌ေကြာင်း ပြောင်းလိုက်သည်။

" အစ်မ ကျွန်တော် ဘယ်လိုလုပ်ရမလဲ ပါးသာသိရင် ကျွန်တော့်ကို သတ်လိမ့်မယ် ဒါမှမဟုတ် ကျွန်တော် အစ်မအိမ်မှာ လိုက်နေရမလား "


ထိုစကားများထွက်လာသည့်အခါ ကျုံးရှီယို့သည် သူ့စကားနှင့်သူ စိတ်လှုပ်သွားခဲ့သည်။ သူ၏ မျက်လုံးများက တောက်ပနေပြီး ' ဟုတ်တယ် ဒဏ်ရာက အဆိုးထဲကအကောင်းပဲ ။  အကယ်၍ ကျုံးယို့ယို့က သူကို အိမ် ခေါ်သွားရန် ဆန္ဒရှိမည်ဆိုလျှင် အဲဒါက ရှေ့ဆက်ဖို့ ခြေလှမ်းကြီးကြီးမားမား တစ်ခုမဟုတ်ဘူးလား ။ "


"နင်က တစ်လက်မ တိုးယူချင်နေတာလား " ကျုံးယို့ယို့က ဒေါသထွက်စွာ ပြုံးနေခဲ့ပြီး ပြောသည်။ "  ဆေးရုံကပြန်တဲ့အခါ  လက်ထောက်ကို ဖုန်းဆက်ပြီး နင့်ကို လာခေါ်ခိုင်း "


ကျုရှီယို့သည် ချက်ချင်း ၀မ်းနည်းသွားပြီး မူလတန်းကလေးကဲ့သို့ ခေါင်းကို ငုံ့နေခဲ့သည်။


သူ၏ဘေးမှ ဆရာနှစ်ယောက်နှင့် ကျင်းမင်သည် အံ့ဩသွားကြသည်။ ကျုံးရှီယို့သည် ပုံမှန်ချိန်တွင် ယခုနှင့် ကွဲပြားသည့် အကျင့်စရိုက်ရှိသည်။ သူက ခါတိုင်းချိန်တွင် မောက်မာပြီး အထက်စီးဆန်သည် ။ သူသည် ယေဘုယျအားဖြင့် အေးစက်စက်ဖြစ်ကာ ဖော်ရွေသည့် မျက်နှာထားရှိသည်က ရှားပါးပြီး ဖော်ဖော်ရွေရွေမရှိသည့် လူချမ်းသာ ဒုတိယမျိုးစက်၏ ပုံသေကားချပ်ပုံရိပ်နှင့် အခြေခံအားဖြင့် ကွက်တိကျနေပြီး သူ၏ သူငယ်ချင်းများနှင့်တောင်မှ ထိုကဲ့သို့ပုံစံမျိုးရှိနေဆဲဖြစ်သည်။ 


ဤသည်က ယခင်က တစ်ခါမှမဖြစ်ဖူးသည့်ပုံစံမျိုးဖြစ်သည် .... အရမ်း... ကျိုးနွံ‌ပြီး၊ သနားစရာကောင်းပြီး၊အသနားခံရန် စိတ်ထက်သန်နေသည်။

အရာရာတိုင်း၌ အောင်နိုင်သူတစ်ဦးရှိသည်မှာ မှန်နေလေ၏ ။


စမ်းသပ်စစ်ဆေးပြီးသည့်နောက် ထိုသုံးယောက်သည်လည်း ပြန်လာခဲ့သည်။ တစ်ယောက် သို့မဟုတ် နှစ်ယောက်က သူတို့၏ ခေါင်း၌ အဖြူရောင် ပတ်တီးများရှိနေကြပြီး ကျောက်ပတ်တီးများလည်းရှိကြ၏။ သူတို့၏ နှာခေါင်းများက ဒဏ်ရာဒဏ်ချက်များ ရှိနေကာ မျက်‌နှာများက ဖူးရောင်နေခဲ့ပြီး သနားစရာကောင်းနေခဲ့သည် ။ လမ်းလျှောက်လာသည့်အခါ ကျုံးရှီယို့က စိုက်ကြည့်လိုက်‌သော‌ကြောင့် တုန်လှုပ်သွားကြပြီး အနီးအနား၌ မတ်တပ်မရပ်ရဲခဲ့ကြပေ။ကျုံးရှီယို့ကို မြင်သည်နှင့် သူတို့ကိုယ်ပေါ်ကို ကျရောက်ခဲ့သည့် မိုးစက်များကဲ့သို့‌ လက်သီးချက်များကို အမှန်ရမိစေပြီး နာကျင်မှုက မခံမရပ်နိုင်အောင်ပင်။


သူတို့သည် ပါးစပ်ထဲ၌ ငွေဇွန်းကိုက်ပြီး မွေးဖွားလာသည့် ကျုံးယို့ယို့နှင့် ကျုံးရှီယို့တို့လို လူချမ်းသာများကို တကယ် အသားမကျနိုင်ဘဲ သူတို့၏ နောက်ကွယ်၌ ညစ်ပတ်သည့် မပြောဘဲ မနေနိုင်ကြချေ ။ သို့သော် ယနေ့ သေနတ်ပစ်ခံရလိမ့်မည်ဟူ၍ မထင်ထားခဲ့ကြချေ။ ထို့အပြင် ပို၍ မမျှော်လင့်ခဲ့သည်က အိမ်သို့ လမ်းတစ်၀က်မှ ၀င်ရောက်လာခဲ့သည့် ကျုံးယို့ယို့ကို ကျုံးရှီယို့မှ ကာကွယ်လွန်းသည်ဆိုသည်ကိုပင်။ 


ကျောင်းသားသုံးယောက်က ကျုံးရှီယို့ကို ကြောက်လန့်နေကြသည်ကိုမြင်သောအခါ ထိုအရာက တောင်တန်းများ၏ ရှင်ဘုရင်ကို ‌‌ေတွ့ရသည့် ကြွက်ပမာဖြစ်နေသည်။ ကျုံးမိသားစု၏ သခင်ငယ်လေးက သူတို့ကို ဆိုးဆိုးဝါးဝါး ရိုက်နှက်ခဲ့ပြီး ယခု၌ ထိုသူတို့က သူ့အား ကြောက်လန့် နေကြသည် ။ ထိုသုံးယောက်၌ စိတ်ဒဏ်ရာပင် ကျန်ရစ်ခဲ့နိုင်သည်။


ဆရာများထဲမှ တစ်ယောက်က ပြော၏။

" ကျုံးရှီယို့ မင်းရဲ့ အတန်းဖော် သုံးယောက်ကို တောင်းပန်လိုက် "


ကျုံးရှီယို့က ဒေါသထွက်စွာဖြင့် ပြော၏။

" တောင်းပန်ရမယ် ဟုတ်လား မဖြစ်နိုင်ဘူး "


ဆရာများသည် ကျုံးယို့ယို့ကို ကူညီရန်အတွက် ကြည့်လိုက်ကြပြီး ကျုံးယို့ယို့ကို ရှေ့သို့ လာရောက်ကာ ကျုံးရှီယို့ကို တောင်းပန်‌ရန် ပြောစေလိုကြသည်။


ကျုံးယို့ယို့ စကားမပြောမီ ကျုံးရှီယို့က ထိုသုံးယောက်ကို စိုက်ကြည့်လိုက်၏။ အတန်းဖော်သုံးယောက်သည် ရုတ်တရက် တုန်လှုပ်သွားခဲ့ကြပြီး ရုတ်ချည်း  တစ်ညီတစ်ညွတ်တည်း သူတို့အားလုံးက ကျုံးယို့ယို့ကို ဦးညွတ်လိုက်ပြီး ခေါင်းသုံးလုံးသည် ကြက်သွန်မြိတ်ကဲ့သို့ စီတန်းနေပြီး

" အစ်မ ကျုံးယို့ယို့ ကျွန်တော်တို့ တောင်းပန်ပါတယ်  ကျွန်တော်တို့ ပါးစပ်တွေက အရမ်းညစ်ပတ်လွန်းတာပါ  "

 

ဒဏ်ရာအဆိုးဆုံးရသည့်တစ်ယောက်၏ ခြေထောက်များသည် ကြောက်လန့်မှုကြောင့် ပျော့ခွေသွားပြီး ဒူးထောက်လျက်သား လဲကျခဲ့သည်။

...….

စာရေးဆရာ၌ ပြောစရာရှိ၏ :


ကျုံးယို့ယို့ : သူ့ကိုယ်သူ အရမ်းဟုတ်လှပြီထင်နေတဲ့မောင်နဲ့ ဘယ်လိုစကားပြောရမလဲ

 

ကျုံးရှီယို့ : ငါ့အစ်မအပေါ် ကောင်းပေးချင်တယ် ။ ခရစ်စတယ်ပန်းသီး၀ယ်ပြီး ပြတင်းပေါက်ကနေ ပေးချင်တယ်   Σ(っ°Д°;)っ


ကျင်းမင် : လက်လျော့လိုက်စမ်းပါ။ မင်းအစ်မက မင်းကို ကြည့်‌တောင်မကြည့်ဘူး


ကျုံးရှီယို့ : ငါ့နောက်ကွယ်မှာ ငါ့အစ်မကို မကောင်းပြောတဲ့ ‌‌ ကောင်တွေအကုန်လုံးကို ထိုးပစ်မယ် Σ(っ°Д°;)っ


ကျင်းမင် : လက်လျော့လိုက်စမ်းပါ မင်းအစ်မက မင်းကို ကြည့်တောင် မကြည့်ဘူး


ကျုံးရှီယို့ : အစ်မ ကျွန်တော် ထိခိုက်ထားတယ် ။ အစ်မအိမ်မှာ နေလို့ရမလား Σ(っ°Д°;)っ


ကျုံးယို့ယို့ : ထွက်သွား


ကျုံးရှီယို့ : ဟီးဟီး ငါ့ အစ်မက ငါ့ကို ကြည့်‌ နေတယ် (*/ω\*)


ကျင်းမင် :... ဒီကလေးက ဂေါက်နေတာလား ရူးမိုက်နေတာလား....


(ကျုံးယို့ယို့ရဲ့ အကောင့်နာမည်ကလေ webnovelမှာက  QYXLW‌ တွေဖြစ်နေတယ်   ခုတရုတ်၀က်ဆိုဒ်ဘက်ကြည့်ရင်းနဲမှ  Qín Yào xiǎo lǎopó ဆိုပြီး QYXLP ဖြစ်နေတယ်🥺)