အပိုင်း ၁၂၄
Viewers 13k

Chapter 124



ကျုံးယို့ယို့သည် တုံးအသူမဟုတ်ပါ။ ဤလူသုံးယောက်‌ ထိုစကားတွေကို ပြောလာသည့်အခါ သူမ ချက်ချင်းပင် ကိစ္စတစ်ခုလုံးလုံးနီးပါးကို ခန့်မှန်းသွားနိုင်ခဲ့သည်။ ကျုံးရှီယို့က သူမအတွက် ရန်ဖြစ်ခဲ့ခြင်းဖြစ်နိုင်သည်လား ။ ဤကျောင်းသားသုံးယောက် သူမနောက်ကွယ်၌ စော်ကားပုတ်ခတ်နေပြီး ကျုံးရှီယို့က ဤကဲ့သို့ ရိုက်နှက်ခဲ့သည်။


အရင်ဘ၀၌ ဖြစ်စေ ယခုဘ၀၌ဖြစ်‌စေ ချင်းယောင်ထံမှလွဲပြီး ကာကွယ်ပေးခံရသည့် ခံစားချက်ကို မခံစားခဲ့ရဟူ၍ ပြောနိုင်သည်။ သူမသည် အချိန်ခဏကြာ ရှုပ်ထွေးသွားခဲ့ကာ ကျုံးရှီယို့ကို အသက်မပါစွာ ကြည့်လိုက်ပြီး ဘာမှမပြောနိုင်ခဲ့ချေ။


ကျုံးရှီယို့သည် သူမ သူကို ကြည့်နေသည်ကိုမြင်‌သော် မလုံမလဲခံစားရပြီး ဘာကိုမှ မပြောရဲချေ။  


မကြာခင် ကျောင်းသားသုံးယောက်၏ မိဘများ ရောက်ရှိလာကြသည်။ မိဘများက ဘာဖြစ်ခဲ့သည်ကို မသိရှိကြသေးချေ။ သူတို့က လူသွားလမ်း၌ ရပ်နေကြပြီး ကျိန်ဆဲနေကြသည်။   ဆရာနှစ်ယောက်သည် သူတို့ကို မြန်မြန် တွန်းထုတ်လိုက်ရပြီး ကော်ရစ်ဒါက ငြိမ်သက်သွားသည်။ 


သူနာပြုဆရာမက ကျုံးရှီယို့ကို ဆေးကုသဆောင်သို့ ပြန်သွားရန် ပြောခဲ့ပြီး သွေးဖိအားကို တိုင်းတာနေသည်။


ကျုံးရှီယို့က ၀န်းရံခံထားရပြီး ခြေနှစ်လှမ်းခန့် လျှောက်လိုက်ပြီး‌နောက် ကျုံးယို့ယို့က ထိုနေရာ၌ မတ်တပ်ရပ်နေသေးပြီး လိုက်ပါမလာသည်ကို မြင်သော်  သူ၏နှလုံးသားလေးက တင်းကြပ်သွားပြီး တိုးညင်းစွာဖြင့် ခေါ်လိုက်သည်။

" မမ " 


ကျုံးယို့ယို့သည် မျက်ခုံးများကို ပင့်လိုက်ပြီး ရပ်တန့်သွားပြီးနောက် သူ၏နောက်မှ လိုက်လာသည်။


ကျုံးရှီယို့သည် ယခုအခါမှသာလျှင် စိတ်အေးသွားသည်။ သူက ဆေးရုံကုတင်၏ အစွန်အဖျား၌ ထိုင်ချလိုက်ပြီး သူ၏ခေါင်းကို ငုံ့၍ ပခုံးများကို ကျုံ့ကာ နာခံစွာဖြင့် သူနာပြုဆရာမအား သွေးဖိအားတိုင်းတာစေသည်။ ကျုံးယို့ယို့ကိုလည်း တိတ်တိတ်လေး မော့ကြည့်လိုက်သည်။


" အဲဒါအတွက်ကြောင့်လား "

ကျုံးယို့ယို့သည် သူ၏ဘေးနား၌ လက်မောင်းများကို ပိုက်ထားကာ ခံစားချက်မရှိသောအသံဖြင့် မေးလာသည်။


' သူမအတွက် ရန်ဖြစ်ကာ သူမကို ကာကွယ်ပေးပြီး၊ သူကိုယ်သူ ဒီလိုမျိုးဖြစ် စေတာက သူမဆီက ကျေးဇူးတင်စကားပြောသည်ကို ကြားချင်လို့ကြောင့်လား ဒါမှမဟုတ် သူ့ကိုယ်သူ အရူးလုပ်နေတာလား   '


ကျုံးရှီယို့ တစ်ခဏခန့် တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာပြီးသည့်နောက် ပြောလာသည်။ " အဲဒါကြောင့် "


သူကမျက်လုံးများကို အောက်သို့ကြည့်နေပြီး သူနာပြုဆရာမထွက်သွားပြီး‌သည့်နောက် သတ္တိများစုစည်းပြီးသည့်ပုံပေါ် သည်။ သူက သူမကို မော့ကြည့်လိုက်ပြီး ရွှင်လန်းခြင်းမပါ၀င်သည့်အသံဖြင့် ပြောလိုက်သည်။ 


" ကျွန်တော် အရင်က အမှားလုပ်ခဲ့မိတယ် ကျွန်တော်သိပါတယ် အဲဒါကို အစာထိုးပြန်လုပ်ပေးလို့မရနိုင်ဘူးဆိုတာ ဒါပေမဲ့ အခုအချိန်ကစပြီး အစ်မကျွန်တော့်ကို ဘယ်လိုပဲ မောင်းထုတ်ပါစေ အစ်မက ကျွန်တော့်အစ်မဖြစ်နေပြီး တခြားသူတွေက အစ်မကို အနိုင်မကျင့်စေရဘူး "

  

ကျုံးယို့ယို့သည် သူ့ကို ကြည့်နေပြီး မည်သည့်စကားမှ မပြောချေ။ သူ၏ ခြောက်သွေ့နေသည့် နှုတ်ခမ်းများကို ကြည့်လိုက်ပြီး ထို့နောက် ကုသဆောင်အပြင်ဘက်ရှိ ရေသန့်စက်ဆီသို့ သွားလိုက်သည်။ 

 

ကျုံးရှီယို့သည် ရုတ်တရက် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏ ။ သူက ကျုံးယို့ယို့ ဤနေရာ၌ ခဏသာလျှင် ရှိသေးသော်လည်း ပြန်တော့မည်ဟူ၍ ထင်သည်။  မတ်တပ်ရပ်လိုက်ပြီး အသနားခံသည့် မျက်လုံးများဖြင့် ကြည့်ကာ ကျုံးယို့ယို့၏ လက်ကောက်၀တ်ကို လှမ်းကိုင်လိုက်သည်။ 


" မမ ဒီမှာရှိတာ ခဏလေးပဲ ရှိသေးတာကို ပြန်တော့မှာလား "


'ရက်စက်လိုက်တဲ့ အမျိုးသမီး '


" လွှတ်လိုက် " ကျုံးယို့ယို့က ပြောခဲ့သည်။


" မလွှတ်ဘူး " ကျုံးရှီယို့သည် ခေါင်းမာမာဖြင့် သူမကို ကြည့်နေသည်။ လူဆိုးလူပေဖြစ်ရန် လိုအပ်သည့်အချိန်၌ လူဆိုးလူပေဖြစ်ရပေမည်။ "ကျွန်တော်လွှတ်တာနဲ့ မမက ချက်ချင်းထွက်သွားမှာ "


 " နင် ငါ့လက်ကိုလွှတ်မပေးရင် နင့်ဖို့ ရေဘယ်လိုယူပေးရမှာလဲ ။ နင်က အသံတွေဆူညံအောင်လုပ်နေခဲ့တာ ရေဆာတယ်မလား " ကျုံးယို့ယို့သည် ဒေါသထွက်စွာပြောလိုက်၏။


ကျုံးရှီယို့သည် ကြောင်အသွားပြီး ကျုံးယိူ့ယို့ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။ ရုတ်တရက် သူ၏ နှလုံးသားက မီးရှုးမီးပန်းများပါက်သကဲ့သို့ လှိုင်းတပိုးထလာသည်။ သူက ကျုံးယို့ယို့၏ လက်ကို  ပီတိဖြာစွာဖြင့် လွှတ်လိုက်ပြီး ရူးကြောင်ကြောင်နိုင်သည့် အပြုံးကိုပြသရင်း " ကောင်းပြီလေ မမကို  သွားခွင့်ပြုလိုက်မယ် ။ ရေယူပြီးပြန်လာခဲ့နော် "


ကျုံးယို့ယို့သည် ရေယူရန်အတွက် ကုသဆောင်အပြင်ဘက်သို့ ထွက်သွား၏ ။ ကျင်းမင်သည် ကျုံးရှီယို့ဆီသို့ လာခဲ့ပြီး " ကျစ် ကျစ် ကျစ် " အသံဖြင့် မနှစ်မြို့စွာ ပြောလာသည်။ " နှစ်နှစ်သားကလေးလိုမျိုး ပြုံးမနေနဲ့ ။ သူနာပြုဆရာမကို မင်းကိုကြည့်နေတယ် မင်းမှာ ကျုံးမိသားစုရဲ့ သခင်လေးဆိုတဲ့ မျက်နှာ မရှိတော့ဘူးလား "


ကျုံးရှီယို့၏ နှုတ်ခမ်းများက အလွန်အမင်း ကော့တက်သွားပြီး မျက်၀န်းထဲက ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်‌ပေ။ သူက မျက်ခုံးများကို ပင့်ကာ ကျင်းမင်ကို ကြည့်လိုက်သည်။ထိုအကြည့်၌ ' ငါ့မှာ အစ်မ ရှိတယ် မင်းမှာ မရှိဘူး " ဟူသည့် အရိပ်အယောင် ရှိနေလေသည်။


" အဲဒါမင်းလေ မင်းကဘာလုပ်နေတာလဲ ။ ငါ့အစ်မက ဒီမှာရှိတာကြာလှပြီ ။ မင်းကရေ‌လေးတစ်ခွက်တောင်ခပ်မပေးဘူး ။ အခု‌တော့ သူမက ကိုယ့်ဘာသာ သွားယူနေရပြီ "  

" ဘာလို့ လာအော်နေတာလဲ "

ကျင်းမင်က အော်ငေါက်လိုက်သည်။

" ငါက မင်းအခိုင်းအစေမဟုတ်ဘူး " 


ကျုံးရှီယို့က အဆင်ပြေသည်ကို မြင်သည့်အခါ သူသည် စိတ်သက်သာရာ ရသွားသည်။ ကျုံးရှီယို့၏ လက်မောင်းက ပတ်တီးကိုင်ထားရပြီး မကြာခင် အဆင်ပြေသွားလိမ့်မည်။


သူတို့နှစ်ယောက်သည် စကားပြောရင်း ရီမောနေကာ သတိမထားမိကြချေ။။ ကျုံးယို့ယို့က ရေခွက်တစ်ခွက်နှင့် ပြန်ရောက်လာသည့်အခါ ကုသဆောင်အခန်းတံခါး၏ စင်ပေါ်၌ တင်ထားလိုက်ပြီး လှည့်ထွက်သွားသည်။

  

ကျုံးရှီယို့သည် ကျင်းမင်နှင့် ဟာသများလုပ်ကာ ပျော်ရွှင်နေပြီး ကျုံးယို့ယို့ ပြန်ရောက်လာမည်ကို မျှော်လင့်ချက်ကြီးစွာ စောင့်စားနေသည်။ သို့သော် တစ်မိနစ်၊သုံးမိနစ်၊ဆယ်မိနစ်ကြာသွားသည့်တိုင်အောင် စောင့်နေခဲ့သော်လည်း ကျုံးယို့ယို့က ပြန်ရောက်မလာချေ။ 


ကျုံးယို့ယို့ကိုရှာရန် ပြေးထွက်ပြီးနောက် စင်ပေါ်က အေးစက်သွားပြီဖြစ်သည့် ရေနွေးတစ်ခွက်ကို တွေ့လိုက်ရသည်။

  

"..." သူသည် ရုတ်တရက် ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်သွား၏ ။  


ကျင်းမင်သည် ကျုံးရှီယို့၏ စိတ်ဓာတ်ကျနေပုံကို မြင်လိုက်ရပြီး မခံစားနိုင်ချေ။ သူသည် ကျုံးမိသားစုထံ၌ ဘာဖြစ်ခဲ့သည်ကို မသိရှိဘဲ သတင်းအကြောင်းများမှသာ အကြမ်းဖျင်း သိရှိနိုင်ခဲ့သည်။သို့သော် သူသည် ကျူံရှီယို့၏ သူငယ်ချင်းဖြစ်သောကြောင့် ကျုံးရှီယို့၏ဘက်၌ ရှိပေးခဲ့သည်။ ကျုံးရှီယို့၏ သူငယ်ချင်းရှုထောင့်မှကြည့်ပါက သူသည်လည်း ကျုံးယို့ယို့က တကယ်ပင် ရက်စက်သည်ဟူ၍ ခံစားရသည်။  


သူက ရှေ့သို့ လှမ်းလာပြီး ကျုံးရှီယို့ကို နှစ်သိမ့်ပေးချင်သည်။ သို့သော် ကျုံးရှီယို့က တက်ကြွနေပြီး " ဘာပဲဖြစ်ဖြစ် ငါ့အစ်မနဲ့ငါ့ရဲ့ ဆက်ဆံရေးက နည်းနည်းလေးတော့ ပြေလျော့သွားပြီ ထင်တယ် " ထိုသို့တွေးလိုက်သည့်အခါ ကျုံးရှီယို့သည် ချက်ချင်းပင် တက်ကြွနေသည်။


ထိုသို့တွေးရင်း ကျုံးရှီယို့သည် ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် ဖန်ခွက်ကို ကောက်ယူလိုက်ပြီး ဘယ်ညာသို့ကြည့်လိုက်ရင်း ပြောလာသည်။


 "ကြည့်  ဒီလို လှည့်ကွက်လေးက အသုံး၀င်သေးတယ် "

"..." 

ကျင်းမင်က မျက်လုံးများကို ဝေ့လိုက်ပြီး ဒေါသထွက်စွာဖြင့် " အေး အေး နောက်တခါ မင်းနေရာတင်ပဲ ပွဲချင်းပြီးသေရင် ပိုပြီးအကျိုးရလဒ်ရှိလောက်တယ် ။ "


ပြောဆိုပြီးသည့်နောက်တွင် သူသည် ကျုံးရှီယို့၏ မျက်လုံးများက လင်းလက်နေသည်ကို တွေ့လိုက်ရသည်။ သူက ပါးစပ်ကို ချက်ချင်းပိတ်လိုက်ပြီး ဘာကိုမှ ထပ်မပြောတော့ချေ။ ထို့အပြင်သူသည် ဤရူးကြောင်ကြောင်ဦး‌နှောက်နှင့်သူက တစ်ခုခုလုပ်မည်ကို တကယ်ပင် ကြောက်ရွံ့၏ ။


ကျုံးယို့ယို့သည် ဆေးရုံမှ ထွက်လာပြီးသည့်နောက်တွင် ကျုံးပါပါး၏ လက်ထောက်ကို ဖုန်းခေါ်လိုက်သည်။ လက်ထောက်သည် အံ့ဩသွားခဲ့သည်။ မမလေးကျုံးယို့ယို့သည် ကျုံးမိသားစုအိမ်မှ ထွက်ခွာသွားခဲ့ကတည်းက ကျုံးပါပါးကို  သူမဘက်မှ စတင်ဆက်သွယ်ခဲ့ခြင်းမရှိခဲ့ချေ။ သူသည် ဤဖုန်းကောလ်ကို ကျူံပါပါးဆီသို့ပင် လွှဲပြောင်းပေးလိုသော်လည်း ကျုံးယို့ယို့က သူကို ဟန့်တားလိုက်သည်။


" မလိုဘူး " ကျုံးယို့ယို့က ပြော၏ ။ " ကျုံးရှီယို့က တစ်ခုခုဖြစ်သွားလို့ သူကိုလာပြီး ဖြေရှင်းပေးလိုက်ပါ "


အရေပြားဒဏ်ရာ အနည်းငယ်နှင့်အတူ ကျုံးရှီယို့သည် ညာဘက်လက်မောင်း၌ အနည်းငယ်လေး အရိုးအက်သွားခဲ့သည်။ သူမ‌ ဆရာ၀န်ကို မေးမြန်းခဲ့ရာ ကံကောင်းစွာဖြင့် ကြီးမားသည့် ပြဿနာမဟုတ်ပေ။ အရိုးအကြောထိခိုက်ဒဏ်ရာများက သက်သာရန် ရက်ပေါင်းတစ်ရက်ခန့် ကြာ‌ေသာ်လည်း ဤအရွယ် ယောင်္ကျားလေးများက အားကောင်းသည့် ပြန်လည်သက်သာနှုန်းရှိပြီး ရက်ပေါင်းဒါဇင်အနည်းငယ် အနားယူလိုက်မည်ဆိုလျှင် အဆင်ပြေသွားလိမ့်မည်။


ကျုံးယို့ယို့သည် အတန်းများဆက်တက်ရန် ကျောင်းသို့ပြန်လာလိုက်သည်။ ဤကိစ္စသည် သူမအတွက် ပြီးသွားပြီဖြစ်သည်။ သို့သော် လူသားများက အပင်များ မဟုတ်ရာ မည်သို့ ခံစားချက်များကင်းမဲ့မည်နည်း။ ကျုံးရှီယို့ သူမအတွက် ရပ်တည်ပေးပြီး သူ၏မျက်နှာက ထိခိုက်ဒဏ်ရာရကာ ဖူးရောင်နေသည်ကို  မြင်ရသည့်အခါ သူမနှလုံးသားထဲ၌ လှိုင်ဂယက်မထဟူ၍ ပြောဖို့က မဖြစ်နိုင်ချေ။


သို့သော် ခွင့်လွှတ်မှုက မရှိ‌ချေ။ ယခု၌ ကျုံးမိသားစုအပေါ် သူမ၏ခံစားချက်များက အလွန်နည်းပါးသည်။


ချင်းယောင်သည် နေ့ခင်း၌ ကျုံးယို့ယို့ ဆေးရုံသို့ သွားခဲ့သည်ကို ကြားသိခဲ့ပြီးနောက်  တစ်ခုခု မကောင်းသည်က ဖြစ်ပွားခဲ့သည်ဟု ထင်၍ သူမကို ကြိုရန်  ဆေးရုံသို့ လျင်မြန်စွာ‌ေရာက်လာခဲ့သည်။ 


ကျုံးယို့ယို့ထံမှ ကျုံးရှီယို့သည် ‌ရန်ဖြစ်ပြီးနောက် ဆေးရုံသို့ရောက်သွားသည်ကို ကြားရသည့်အခါ ချင်းယောင် စိတ်မပူတော့ပေ။ သူသည် ယောက်ဖကောင်းတစ်ယောက်မဟုတ်ချေ။ သူတို့နှစ်ယောက်သည် အရသာရှိသည့်အစားအသောက်များ စားကြရန် သွားပြီးသည့်နောက် ချင်းယောင်က ကျုံးယိူ့ယို့ကို အိမ်ပြန်လိုက်ပို့သည်။ 


ကားပေါ်မှ မဆင်းမီ ‌ကျုံးယို့ယို့သည် တစ်ခုခုပြောချင်ပုံရကာ တုံ့ဆိုင်းနေသည်။


နောက်တစ်ပတ်သည် တစ်ပတ်ကြာနိုင်ငံတော်အဆင့်ယှဉ်ပြိုင်မှုဖြစ်ပြီး ကျုံးယို့ယို့သည် တံခါးပိတ်ရိုက်ကူးရေးအတွက် မြို့တော် C သို့သွားရောက်ရမည် ။  စည်းကမ်းချက်များက အကြိုဗိုလ်လုပွဲစဉ်နှင့် လုံးလုံး ကွာခြား၏ ။ ဤတစ်ခေါက်သည် နိုင်ငံတ၀န်းလုံးမှ လူပေါင်း ၅၀၀ကြား ပြိုင်ပွဲဖြစ်ပြီး စင်မြင့်က ဟင်းလင်ပြင်အဖြစ် ပြောင်းရွှေ့သွားပြီး  ထိုအရာက ကိုယ်ခံပညာဖလှယ်ယှဥ်ပြိုင်ပွဲကဲ့သို့ ဖြစ်နေသည်။ သိသိသာသာပင် ပြိုင်ပွဲက ပိုပြီး အကြိတ်အနယ်ရှိကာ ပြင်ထန်လိမ့်မည်။ 


ကျုံးယို့ယို့ ပြိုင်ပွဲအတွက် စိတ်မပူချေ။ သူမက သေသေချာချာ ပြင်ဆင်ထားပြီးဖြစ်ကာ သူမကိုယ်သူမ ယုံကြည်မှုရှိသည်။


ထို့အပြင် လီသုန်းဖျင်ထံမှ ခွင့်ရက်ယူရန်သည်လည်း အလွယ်လူကူသည်။ သူမလုပ်ရမည်က တုပ်ကွေးဖြစ်သည်ဟူ၍  လိမ်ညာပြောလိုက်ရန်သာ လိုအပ်သည်။ သူမ၏အဆင့်များကလည်း ကောင်းမွန်နေသဖြင့် လီသုန်းဖျင်က မေးခွန်းများမေးနေမည်မဟုတ်ချေ။


သူမစိုးရိမ်နေသည်က ချင်းယောင်ဘာဖြစ်နေသနည်းဆိုသည်ကိုပင်။


' သူမက QYXLP ဆိုတာ သိတယ်မဟုတ်ဘူးလား။ ဒါဆို ရိုက်ကူးရေးဖို့ တစ်ပတ်လောက်ဝေးနေမယ်ကိုလဲ သိမှာပဲကို ဘာလို့ ဒီညမှာ ဒီလိုကြီးဖြစ်နေတုန်းလဲ။ အေးအေးဆေးဆေးကြီးနဲ့ သူမကိုတောင် လိုက်ပို့ရမလား မမေးဘူး။ တကယ်ပဲ သူမတစ်ယောက်တည်း လေယာဉ်စီးရတော့မှာလား '

  

ကား‌ေပါ်က မဆင်းမီ သူမသည် ချင်းယောင်ကို ကြည့်လိုက်ပြီး " ချင်းယောင် ရှင် တစ်ခုခုမေ့နေတယ်လို့ မထင်ဘူးလား " 


ချင်းယောင်က ကြောင်အစွာ ပြုံးပြရင်း

" တစ်ခုခုမေ့နေတာလား " သူက ကားရှေ့ခေါင်းကို ကြည့်ရင်း ပြောသည်။ " ကားက ရေဆေးပြီး ဆီလည်း ဖြည့်ထားပါတယ်။ နက်ဖြန်တွေ့ကြမယ်နော် ယို့ယို့ "

 

ကျုံးယို့ယို့ : "...."

 

ကျုံးယို့ယို့သည် သူက တမင်တကာ  စကားလမ်းကြောင်း၍ မရအောင် လုပ်နေသည်ဟူ၍ ခံစားလိုက်ရသည်။ သူက တကယ်ပင် သူမ၏ အခြားပုံစံကိုသိရှိထားပြီး ပန်းတွေပို့သည်အထိ လုပ်ခဲ့တာတောင်မှ မသိချင်ယောင်ဆောင်နေ‌လေသည်။ ချင်းယောင်၌ ဤကဲ့သို့  ကျီစယ်တတ်မှုလေးရှိသည်ကို သူမ ယခင်က အဘယ့်ကြောင့် သတိမပြုခဲ့ရသနည်း။ ဤကဲ့သို့ ဆော့ကစားနေပြီး သူမ၏ လျှို့ဝှက်ချက်ကို တမင်တကာ မဖော်ထုတ်ခဲ့သည်လား ။ တကယ်ပင် နှိုးဆွပေးနိုင်သည်။ 


' ကောင်းပြီ သူ့သဘောအတိုင်းပဲ '


ကျုံးယို့ယို့၏ နှုတ်ခမ်းများက ကွေးညွတ်သွားပြီး " ဘာမှမဟုတ်‌ဘူး နက်ဖြန်တွေ့မယ်နော် "


သူမက ကားထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး တံခါးဖွင့်ကာ ကားထဲမှ ထွက်လိုက်သည်။

*

ကျုံးယို့ယို့ ထွက်သွားသည်နှင့် တပြိုင်နက် ချင်းယောင် သူ့ ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းဆက်လိုက်သည်။

" အဆင်သင့်ပဲလား "