Chapter 127
နာ့ချောင်လန်၏လေသံထဲတွင် ပုတ်ခတ်ပြောဆိုခြင်းကို လူတိုင်းကြားနိုင်သော်လည်း သူမက ပြုံးရီရင်း နောက်ပြောင်နေသကဲ့သို့ ပြောခဲ့သည်။သို့သော်လည်း ပြည်နယ် Z မှ နံပါတ်တစ်ဘော့စ်က ပါးစပ်ကို ဖွင့်လိုက်သောအခါ အမှန်တကယ်ပင် မယဉ်ကျေးသည့် ဝံပုလွေဖြစ်သည်။
လူတိုင်းက ဤနေရာကို တစ်ယောက်ပြီး တစ်ယောက်ကြည့်လာကြပြီး သူတို့၏စိတ်ထဲတွင် ရှိုးကြည့်နေသကဲ့သို့ဖြစ်သည်။
ချောင်လန်၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားသည်။ ရောင်စုံအဝါးကွက်များနှင့်သူ၏အသေးစိတ်အချက်အလက်များကို သူမ မသိသော်လည်း ထိုလူဝင်လာပြီးနောက် သူမ ကြည့်လိုက်အခါ အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကိုသာ ၀တ်ဆင်ထားသဖြင့် သူ၏ပုံပန်းသွင်ပြင်ကောင်းသည်မှလွဲ၍ မိသားစုနောက်ခံမရှိဟု ခံစားမိသည်။
ကျောင်းများ၌ လုံ့လဝီရိယရှိရှိနှင့် ကြိုးစားအားထုတ်သည့် စာကြမ်းပိုးတစ်ယောက်ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ တသီးတသန့်နေတတ်သည့် သူတစ်ယောက်သည် သူမနှင့် ငြင်းခုံဖို့ နေနေသာသာ လူအများရှေ့၌ ကျယ်ကျယ်လောင်လောင်ပင် ပြောဆိုဝံ့မှာ မဟုတ်ချေ။
ထို့ကြောင့် သူမအနိုင်ကျင့်လိုက်ခြင်းဖြစ်သည်။
သို့သော် ဤကောင်မလေးက ဤမျှလောက်ရိုင်းစိုင်းမည်ဟု မမျှော်လင့်ထားချေ။
ကျုံးယို့ယို့ သူမနှင့် စကားများကာ အချိန်မဖြုန်းဘဲ ကျောင်းလွယ်အိတ်ကိုသာ ကိုင်ကာ ပစ္စည်းများဆီသို့ ဦးတည်သွားလိုက်သည်။
ကျုံးယို့ယို့ထွက်သွားပြီးနောက်
ချောင်လန်၏ မျက်နှာက တင်းမာနေဆဲဖြစ်သည်။ သူမသည် ပြည်နယ်တွင် ထိပ်တန်းသုံးဦး ဖြစ်ခဲ့ပြီး ထိုသို့သောသဘောထားမျိုး မည်သူမျှ မပေးဝံ့ခဲ့ပေ။
သူမကို ဝိုင်းဖွဲ့စုရုံးလာသူအားလုံးက H ခရိုင်မှ ဖြစ်ကြသည်။ တစ်စုံတစ်ယောက်က သူမ၏အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး " ကောင်းပါပြီ၊ အဲဒီလူရဲ့အဆင့်ထိ မနှိမ့်ချနဲ့။ သူက တော်တော်ရိုင်းတာပဲ၊ ဟာသတစ်ခု ပြောလိုက်ရုံပဲ မဟုတ်လား၊ အဲ့လိုဖြစ်ဖို့လိုအပ်လို့လား "
"ဟုတ်တယ် ချောင်လန် အဲ့သူက အကြံအစည်များတယ်လို့ ထင်တာပဲ။ ဒီခန်းမမှာ ပြိုင်ပွဲဝင် တစ်ရာကျော်၊မိတ်ကပ်ဆရာတွေနှင့် အစီအစဉ်လက်ထောက်ဆရာတွေက လူအများကြီးရှိနေတာ လူတိုင်းကို ဘယ်လိုမှတ်မိနိုင်မလဲ၊ ဒီလိုမျိုး သူဆီ အာရုံစိုက်အောင်လုပ်လိုက်ရင် လူတိုင်း သူမကိုချက်ချင်း သတိထားမိစေသွားတယ်လေ ၊ ဟုတ်တယ်မလား "
ချောင်လန်၏အမူအရာသည် နောက်ဆုံးတွင် ပြေလျော့သွားပြီး ပြုံးကာ " ငါဘာမှမဖြစ်ပါဘူး "
သို့သော် သူမ၏အကြည့်များသည် ကျုံးယို့ယို့ပေါ်တွင် ရှိနေဆဲပင်။
ယှဉ်ပြိုင်သူများသည် ပြိုင်ဆိုင်ရန် စတင်ပြီဖြစ်သည်။ Arena Challenge စနစ်၏ ပုံစံမှာ တစ်ကြိမ်လျှင် နယ်မြေတစ်ခု၌ အုပ်စုလေးစုရှိသည် ။ အုပ်စုတစ်ခုစီ၏ ခေါင်းဆောင်သည် ပြိုင်ပွဲဝင်တစ်ဦးကို ကျပန်းရွေးချယ်ပြီး စိန်ခေါ်ယှဥ်ပြိုင်မည်။ ထို့နောက် ပြိုင်ပွဲဝင် ခြောက်ဦးယှဥ်ပြိုင်သွားကြမည်ဖြစ်ပြီး ဆိုလိုသည်မှာ တစ်ချိန်တည်းတွင် အုပ်စုတစ်စု၌ရှိသည့် လူအရေအတွက်သည် ခုနစ်ယောက်ဖြစ်သည်။
ရမှတ်များကို မှန်ကန်စွာဖြေဆိုသောမေးခွန်းအရေအတွက်အလိုက် စုဆောင်းရရှိမည်ဖြစ်သည်။ နောက်ဆုံးတွင် ရမှတ်အမြင့်ဆုံးသူသည် အနိုင်ရရှိပြီး အနိမ့်ဆုံးရမှတ်ရှိသူက ဖယ်ရှားခံရသည်။
မနက်ခင်းပိုင်း၌ အုပ်စုလေးစုနှင့်နေ့လည်ခင်းပိုင်းတွင် သုံးအုပ်စုရှိမည်ဖြစ်သည်။
ဒုတိယကြိမ် အခွင့်အရေး မရှိချေ။
ပြိုင်ဆိုင်မှုသည် ပြင်းထန်သည်ဟူ၍ ဆိုနိုင်သည်။
ပြိုင်ပွဲ၀င်များ ခေါ်ထုတ်ခံရသည်နှင့်အမျှ စောင့်ဆိုင်းခန်းထဲရှိ ကျန်လူများက ပို၍ပို၍ စိတ်လှုပ်ရှားတုန်လှုပ်လာကြသည်။ တင်းမာသောလေထုက ထောင့်တိုင်းလိုလိုတွင် ပြည့်နှက်နေသည်။ စကားသံများ ပိုမိုတိတ်ဆိတ်လာပြီး ပြိုင်ပွဲများက စိတ်လှုပ်ရှားနေကြကာ သန့်စင်ခန်းသို့ မကြာခဏ သွားနေကြသည်။
အုပ်စုဖွဲ့ခြင်းမှာ လုံးဝ ကျပန်းဖြစ်သည်။ ယနေ့ရိုက်ကူးမှုအခြေအနေအရ အုပ်စုခုနစ်စုဖြစ်သည့် လူ ( ၄၉ )ဦးသာ မှတ်တမ်းတင်ရိုက်ကူးခံရမည်ဖြစ်ပြီး ကျန်တစ်ဝက်က သဘက်ခါအထိ စောင့်ရမည်ကို စိုးရိမ်မိသည်။
ပထမအုပ်စုကို ခေါ်ထုတ်ပြီး ဒုတိယလူအုပ်စုကို အတည်ပြုပြီးနောက် ကျန်သည့် (၅၁)ဦးမှာ အနည်းငယ် ငြိမ်သက်သွားသည်။ ၎င်းတို့၏ အသံသွင်းရိုက်ကူးချိန်ကို သဘက်ခါ၌ စီစဉ်ထားပြီး ပတ်၀န်းကျင်ဧရိယာနှင့် ရင်းနှီးကျွမ်း၀င်စေရန် စောင့်ဆိုင်းဧရိယာအတွင်း ရှိနေကြသည်။ ကံကောင်းစွာဖြင့် စတင်သည့် ယနေ့၌ ချက်ချင်း မယှဉ်ပြိုင်စေပေ။
ကျုံးယို့ယို့သည် သဘက်ခါ စာရင်းတွင် ပါဝင်နေသည်။ သူမက နာမည်ကဒ်ကို ဟိုရွှေ့ဒီရွှေ့လုပ်နေရင်း ထောင့်တစ်နေရာ၌ အလုပ်ရှုပ်နေသည့် မိတ်ကပ်ဆရာများကို လှမ်းကြည့်လိုက်ကာ လက်ကိုင်ဖုန်းကိုထုတ်၍ ရှောင်ကျောက်ထံသို့ စာတိုတစ်စောင် ပို့လိုက်သည်။
ကျန့်ကျီရိသည် လူအုပ်ထဲမှ သူမ၏ ရက်ကွန်းခေါင်းစွပ်ကို တွေ့ရှိခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ယခင်ရိုက်ကူးမှုများမှ တစ်ဦးနှင့်တစ်ဦး သိရှိပြီးဖြစ်သောကြောင့် ကျန့်ကျီရိက သူမထံသို့ လာနှုတ်ဆက်သည်။ ထို့နောက် အနီးနားတွင်နေကာ ပြိုင်ပွဲမေးခွန်းများကို စတင်လုပ်ဆောင်သည်။
ကျုံးယို့ယို့က သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း ' ဒီလူက ဘာလို့ ဒီလောက် ရင်းနှီးနေသယောင် လုပ်နေတာလဲ '
ကျုံးယို့ယို့ ကျန့်ကျီရိ၏ အတွေးများကို တကယ်ပင် သေချာမသိပေ။
အကြိုဗိုလ်လုပွဲစဥ်၌ သူမကို နင်းခြေအနိုင်ယူရန် မဆိုထားနှင့် သူမကသာ လမ်းတစ်လျှောက်လုံး သူ့အား အနိုင်ပိုင်းသွားခဲ့သည်။ သူမက တကယ်ပင်မည်သူမှ မယှဥ်နိုင်သည့် သူဟူသည် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ ဤသည်မှာ ကျန့်ကျီရိ၏ မိမိကိုယ်ကို အထင်ကြီးလေးစားခြင်းမှာ သိသာထင်ရှားသောထိုးနှက်ချက်ဖြစ်သည်။သို့သော် ကျန့်ကျီရိ သူမကို သဘောမကျစေရန်က ခက်ခဲပေမည်။ ကျန့်ကျီရိသည် ငယ်စဉ်ကတည်းက ထူးချွန်ထက်မြက်သူဖြစ်ပြီး သူ့ထက် သာလွန်သောမိန်းကလေးဟူ၍ မရှိဟု ဆိုနိုင်သည်။ တစ်ရက်၌ တစ်ယောက်က ရုတ်တရက် ပေါ်လာကာ ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိရသလိုပင်။
သူက ကျုံးယို့ယို့ဘေးရှိ နံရံကို မှီပြီး လက်တစ်ဖက်က မေးခွန်းတွေရေးရန် ပြိုင်ပွဲမေးခွန်းလွှာကို ကိုင်ထားပြီး သူလေးစားရသည့် မိန်းကလေးနှင့် ဘေးချင်းဆိုင် တိုက်ခိုက်နေသလို ခံစားရသည်...
ခဏလောက် မတတ်နိုင်စွာ နှုတ်ခမ်းများက ကွေးသွားလေသည်။
ဤခေါင်းစွပ်အောက်ရှိသူသည် သူ၏ သူငယ်ချင်း ဟယ်ယိခန်း ဟိုးအရင်တချိန်က ကြိမ်းမောင်းခဲ့သည့် ကျုံးမိသားစု၏ အကြီးဆုံးသမီးမှန်း သိလျှင် သူ မည်ကဲ့သို့ တွေးလိမ့်မည်နည်း။
မကြာခင်မှာပဲ ရှောင်ကျောက်က စောင့်ဆိုင်းဧရိယာရှိ ၀င်ပေါက်တံခါးမှ ခေါင်းတိုးကြည့်ကာ ကျုံးယို့ယို့ တည်နေရာကို ရှာလိုက်ပြီး အချိုရည်နှင့် နို့လက်ဖက်ရည်ဘူးများကို အမြန်သယ်ယူလာသည်။ နို့လက်ဖက်ရည်များသည် အင်တာနက်နာမည်ကြီးစတိုးဆိုင်များတွင် စျေးအကြီးဆုံးဖြစ်ပြီး အရသာအားလုံးရှိသည်။
ကျုံးယို့ယို့က မိတ်ကပ်ပညာရှင်၊ရှိုးမန်နေဂျာ ဓာတ်ပုံဆရာများဆီ အချိုရည်များ ပို့ပေးရန် တောင်းဆိုလိုက်သည်။
ရှောင်ကျောက်ပေးပို့ပြီး သိပ်မကြာခင်မှာပဲ စတိုးဆိုင်က ပြင်ဆင်ထားသည့် နို့လက်ဖက်ရည်ဖျော်ရည် ဒုတိယအသုတ်ကို ထပ်မံပေးပို့လိုက်သည်။
" ဘာလို့အများကြီးဝယ်ခဲ့တာလဲ " ကျုံးယို့ယို့ မေးလိုက်သည်။
ရှောင်ကျောက်က ကျုံးယို့ယို့အတွက် ဗီတာမင်စီ သံပုရာတစ်ခွက်ကို ချန်ထားရင်း "စာမှာ အနည်းငယ်လောက် ဝယ်လာဖို့ပြောတာ ဘယ်လောက်လဲသေချာမသိတာနဲ့ အများကြီး ထပ်ဝယ်ခဲ့တာပါ၊ ဘာပဲဖြစ်ဖြစ် ဒါက သူဌေးရဲ့ ပိုက်ဆံတွေပဲ ၊ ဘာကြောက်စရာရှိလို့လဲ "
ကျုံးယို့ယို့က ပြုံးလိုက်ပြီး စောင့်ဆိုင်းနေသော ကျောင်းသားများထံ လက်ကျန်အပိုကို ပို့ပေးရန် တောင်းဆိုလိုက်သည်။
" ငါ့ဖို့လား " ကျန့်ကျီရိလိမ္မော်သီးဖျော်ရည်ကို ကိုင်ပြီး မေးလိုက်သည်။
"ဟုတ်တယ်" ကျုံးယို့ယို့က ရှင်းပြန်ရန် ရည်ရွယ်ချက်မရှိဘဲ မရေမရာ ပြောလိုက်တယ်။
စောင့်ဆိုင်းနေသည့်နေရာများတွင် လူဦးရေများစွာရှိပြီး လေအေးပေးစက်မရှိဘဲ လေဝင်ပေါက်အနည်းငယ်သာရှိသည်။ ဧပြီလတွင် ရာသီဥတုက အနည်းငယ်အေးနေသော်လည်း အားလုံးက ရေငတ်ပြီး ချွေးထွက်များကာ ရပ်နေကြသည်။
အအေးအချို့ကို ပေးပို့ပြီးနောက် စိတ်အားထက်သန်မှုလှိုင်းလုံးက ပေါ်ပေါက်လာပေမည်။
ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ စိတ်ကြိုက်ဖျော်ရည်ကို ရွေးချယ်ရန် ရှောင်ကျောက်ထံသို့ ပြေးသွားကာ တချို့က ကျုံးယို့ယို့အား ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်စကားပြောရန် ရောက်လာကြသည်။
ရှိုးမန်နေဂျာ၏လက်ထဲရှိ ကော်ဖီအေးကို ရှောင်ကျောက်မှ ကိုယ်တိုင်ပေးပို့ခဲ့သည်။ ရက်ကွန်းခေါင်းစွပ်ဝတ်ထားသည့် ပြိုင်ပွဲဝင်က လူတော်လူကောင်းဖြစ်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထား ချေ။ သူမကို သင်ခန်းစာပေးခဲ့သော်လည်း စိတ်ထဲ၌ တေးမှတ်မထားရုံသာမက အချိုရည်ကိုလည်း ဝယ်ကာ ပေးလာသည်။
ရှိုးမန်နေဂျာသည် ခုနက ဘာမှမဖြစ်ခဲ့သလို လမ်းလျှောက်လာရင်း သူ၏ သဘောထားက သိသိသာသာ ပိုကောင်းလာသည်။ ကျုံးယို့ယို့ ပြုလုပ်ထားသည့် နာမည်တံဆိပ်ကို ယူလိုက်တယ်ပြီး " ငါ မထင်ထားခဲ့ဘူး။ မင်းက ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ တော်တော့်ကို ကျွမ်းကျင်ပါတယ်။ ဒါပေမယ့် ကဒ်မှာ ရွှေဘောင်တစ်ခု ပျောက်နေတယ်။ မင်းအတွက် ငါသွားညှိပေးမယ် "
ကျုံးယို့ယို့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်းပေါ်လာသည် "ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် လောင်ရှီး "
" လောင်ရှီး " ဟူသော ခေါ်သံသည်သူ၏နှလုံးသားကို ရောက်ရှိသွားပြီး ကျုံးယို့ယို့၏ ပုခုံးကို လက်ဖြင့် ပုတ်ကာ ထွက်ခွာသွားသည်။
အချိုရည်တွေ အများကြီးဝယ်လာခဲ့သောကြောင့် ချောင်လန်နှင့် သူမ၏ပတ်ဝန်းကျင်က လူတွေလည်း ရရှိကြသည်။ လူတော်တော်များများက ကျုံးယို့ယို့ကို ကြည့်ပြီး သူတို၏အမူအရာတွေက ပိုရှုပ်ထွေးလာသည်။
" အစ်မချောင်လန် မမျှော်လင့်ထားဘူး။ ဒီမိန်းကလေးက ကိစ္စတွေကို ကိုင်တွယ်ရာမှာ အတော်လေး ကျွမ်းကျင်တယ်။ ကြည့်ကြည့်လိုက်၊ အားလုံးကို သူ့ဘက် အနိုင်ယူသွားတယ် "
" ဒါက အချိုရည်အနည်းငယ်ပဲလေ တစ်ခွက်ဆယ်ယွမ်ထက် မကြီးဘူး၊ စုစုပေါင်းဆို ယွမ်တစ်ထောင် ၊ နှစ်ထောင်ထက် မပိုပါဘူး "
ချောင်လန်က ဘာမှပြန်မပြောပေမယ့် သူမ၏မျက်နှာအမူအရာက ဆိုးရွားနေသည်။ သူမက အချိုရည်ကိုယူပြီး ထောင့်နားကို လျှောက်သွားကာ စားပွဲပေါ်တင်လိုက်ပြီး မသောက်လိုက်ချေ။
ဧည့်ကြိုနေရာ၌ အစီအစဉ်ကို အသံသွင်းရိုက်ကူးလုပ်ပြီး တိုက်ရိုက်ထုတ်လွှင့်နေသည်။ စောင့်ဆိုင်းဧရိယာ၌ ကင်မရာဆရာသည်လည်း အလုပ်ရှုပ်နေပြီး နောက်ကွယ်က ဗွီဒီယိုတွေကို ကင်မရာကိုင်ကာ ရိုက်ကူးနေပြီး ချွေးများထွက် နေ၏ ။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်အများစုသည် ရုပ်ရည်ချောမောခြင်း မရှိကြပေ။ ပုံမှန်အားဖြင့် ကင်မရာဆရာသည် ကင်မရာ၌ ပိုကောင်းမွန်သည့် ချောင်လန်ကဲ့သို့ သာလွန်သူများကို ရွေးချယ်ကြလေ့ရှိသည်။ ထို့ကြောင့် ကျုံးယို့ယို့ မရောက်မီတွင် နာ့ချောင်လန်သည် ပေါ်လွင်မှုအရှိဆုံးဖြစ်သည့် ပြိုင်ပွဲ၀င်ဖြစ်သည်။
သို့သော် ကျုံးယို့ယို့က ရှောင်ကျောက်ကို အချိုရည်တွေ ယူလာခိုင်းခဲ့သည်။ ဖျော်ရည်သောက်ပြီးသည့်အခါ ကင်မရာဆရာက ပြည်နယ် Z ၏ ပထမအဆင့်ရရှိသူ ပြိုင်ပွဲ၀င်ကို သဘာဝကျစွာ သတိထားမိပြီး ကင်မရာပစ္စည်းတွေကိုသယ်ယူကာ ကျုံးယို့ယို့ဆီသို့ လျှောက်လှမ်းသွားသည်။
ထို့နောက် ချောင်လန်က စိုးရိမ်တကြီးဖြင့် ခြေထောက်နင်းကာ " ကင်မရာဆရာက အနားယူအုံးမယ်လို့ မပြောဘူးခဲ့လား၊ ဘာလို့ အခု ထွက်သွားတာလဲ "
နာ့ချောင်လန်အနီးပတ်ဝန်းကျင်ရှိ လူအနည်းငယ်သည် သူမ၏ပုံပန်းသွင်ပြင်ကကောင်းသောကြောင့် ကင်မရာကို အခွင့်ကောင်းယူရန် အနီးတဝိုက်တွင် စုရုံးခဲ့ကြသည်ဟု ဆိုနိုင်သည်။ရေပန်းစားနိုင်နေသမျှ နိုင်ငံတော်အဆင့်ဖိုင်နယ်သို့ မတက်ရောက်နိုင်လျှင်တောင် မျက်နှာကို ဖော်ပြနိုင်ပေမည်။
သိုသော် မည်သူသိမည်နည်း။ ရောင်စုံကွက်နှင့်လူပေါ်လာသည်နှင့် လူအုပ်ကြီး၏ အလယ်ဗဟိုသည် သူမဖြစ်သွားသလိုပင်။ သူမကို ဘေးပတ်ပတ်လည်တွင် ပြိုင်ပွဲ၀င်များသာမက ကင်မရာဆရာကပင် သူမဆီကို ဓာတ်ပုံရိုက်ကူးရန် ထွက်သွားသည်။
ယခုအချိန်မှာ ချောင်လန်၏မျက်နှာသည် အလွန်အမင်းရုပ်ဆိုးနေပြီး ပြောလာ၏ ။
" နင်တို့ နည်းလမ်းတစ်ခုခု စဉ်းစားကြဦး "
မိန်းကလေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရုတ်တရက် တစ်ယောက်ယောက်က အကြံဉာဏ်ရသွားသည်။ " အစ်မ ချောင်လန် အစ်မက အကတော်တယ်မဟုတ်ဘူးလား။ ကင်မရာဆရာလာတဲ့အခါ အစ်မမှာ တခြားပါရမီရှိပြီး ဖျော်ဖြေပြနိုင်တယ်လို့ ပြောလိုက်လေ "
"ဟုတ်တယ်၊ ဒါတွေက ရိုက်ကွင်းနောက်ကွယ်မှာ ပေါ်လွင်ထင်ရှားမယ့်ဟာလေးတွေ "
သူတို့ကဲ့သို့ ထိပ်တန်းကျောင်းသားတွေသည် အရည်အချင်းများ ပိုရှိလျှင် ပိုပြီးထူးချွန် ပြောက်မြောက်လာမည်။ ချောင်လန်သည်လည်း ဤအကြံပြုချက်ကိုကြားသည့်အခါ ကောင်းမွန်သည်ဟု ခံစားရသည်။ စိတ်အေးအေးထားလိုက်ပြီး နောက်မှ အမှတ်တမဲ့အနေနှင့် ဟန်ဆောင်ကာ ပြောရန် စီစဉ်လိုက်သည်။
သုံးယောက်သား စိတ်ပိုင်းဖြတ်ကာ ဤနေရာ၌ စောင့်နေလိုက်ကြသည်။
ထိုနေရာသို့ ကင်မရာဆရာသည် ကင်မရာနှင့်အတူ လျှောက်လာခဲ့ပြီး ကင်မရာမဖွင့်မီ သူက ကျုံးယို့ယို့နှင့် ကျန့်ကျီရိတို့ကို မေးသည်။
" ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုတစ်ခု ရိုက်ကူးဖို့ စီစဉ်ထားတယ်။ မင်းတို့က ကင်မရာထဲမှာ ပိုတက်ကြွဖို့လိုတယ် ။ စိတ်ဝင်စားစရာကောင်းတဲ့ဟာလေးတစ်ခုခုလုပ်ကြ "
ကျုံးယို့ယို့နှင့် ကျန့်ကျီရိတို့နှစ်ယောက်စလုံးသည် မေးခွန်းများဖြေရာတွင် နှစ်မြုပ်နေပြီး သူတို့ဘေးနားမှ လူအနည်းငယ်က စကားစမြည်ပြောနေကြသည်။ဤကဲ့သို့သော လှုပ်ရှားမှုကို ရိုက်ကူးရန်မှာ ပျင်းစရာကောင်းလှသည်။
ကင်မရာဆရာက ကျုံးယို့ယို့ကိုကြည့်ပြီး " ပြိုင်ပွဲဝင် မင်းမှာ အရည်အချင်းတစ်ခုခုရှိလား "