Chapter 128
ကျုံးယို့ယို့ အံ့အားသင့်သွားသည်။သူမ၏ အကြီးကျယ်ဆုံးအရည်အချင်းမှာ ပြိုင်ပွဲများတွင် ထူးချွန်ခြင်းဖြစ်ပြီး အခြားအရည်အချင်းများရှိလျှင်ပင် ခေါင်းစွပ်၀တ်ထားချိန်တွင် ဖျော်ဖြေရန်ခက်ခဲမည်ဖြစ်သည်။
တခြားကောင်လေးက ပြောလာ၏။
" ငါတို့မှာ တခြားအရည်အချင်းတွေေတာ့ မရှိဘူး၊ ဂိမ်းဆော့ရင်ကော ဘယ်လိုလဲ "
"အဲဒါကောင်းတယ်" ကင်မရာဆရာကပြောသည်။
"မြန်မြန်လုပ်၊ အဲဒါက အထက်တန်း ကျောင်းသားတွေရဲ့ သင်ရိုးညွှန်းတမ်းပြင်ပဘဝကို ပြသနိုင်တာယ် "
ကျုံးယို့ယို့ ခေါင်းကိုက်သွား၏ ။သူမသည် မသန်မစွမ်းဟု ယူဆနိုင်သည်။ မည်သည့်ဂိမ်းကို ကစားသည်ဖြစ်စေ၊ Honor of Kings ဖြစ်စေ၊ ကြက်စားသည့်ဂိမ်းဖြစ်စေ ကစားပုံက ဆိုးရွားလှသည်။ ဤအချိန်မှာ ထိုကောင်လေးက သူ၏လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသည့် စစ်မြေပြင်မှာ ကစားရန် စိတ်လှုပ်ရှားနေသည်။ သူ၏ဘေးနားက ကျန့်ကျီရိသည်လည်း လက်ကိုင်ဖုန်းကို ထုတ်ပြီး အင်တာနက်နှင့် ချိတ်ဆက်ကာ စတင်ကစားနေသည်။
သူမသည် အကြောင်းပြချက်မရှိဘဲ အားနည်းလာသည်။ သူမ၏လူသစ်ဂိမ်းကစားခြင်းစွမ်းရည်သည် နိုင်ငံတ၀န်းပရိသတ်များရှေ့မှောက်တွင် ကျရှုံးသွားနိုင်မည်လား။
"မင်းက ဘာလို့ အဲ့နားမှာ ကြောင်အပြီးရပ်နေရတာလဲ ၊ မင်းလဲလာလေ " ကင်မရာဆရာက တိုက်တွန်းသည်။
ကျုံးယို့ယို့ ငိုချင်သော်လည်း မျက်ရည်မထွက်သောကြောင့် တစ်ဖက်သို့ လှည့်ကာ ချင်းယောင်ထံ အလျင်အမြန်စာပို့လိုက်ပြီး ဖုန်းခေါ်ခိုင်းလိုက်သည်။
ဤပြိုင်ပွဲအစီအစဉ်သည် တိုက်ရိုက်ကြယ်ပွင့်ပရိုဂရမ်တစ်ခုဖြစ်သည်။ အဓိကအရာများကို တိုက်ရိုက်ထုတ်လွှင့်ခြင်းမရှိသော်လည်း လူကြိုက်များမှုကို ဆွဲဆောင်ရန်အတွက် ၎င်းတို့ကို အချိန်မီပြသသည်။ ပထမအုပ်စု၏ပြိုင်ပွဲသည် နံနက်ပိုင်း၌ ပြီးဆုံးလုနီးပါးဖြစ်ပြီး စိတ်၀င်စားစရာအကောင်းဆုံးများကို တည်းဖြတ်ပြီး နေ့လည်ပိုင်း၌ အွန်လိုင်းပေါ်တွင် တင်သည်။
ကျုံးယို့ယို့နှင့် အခြားသူများ ဂိမ်းကစားနေသည့် မြင်ကွင်းတစ်ခုလုံးကို ဖန်သားပြင်ပေါ်တွင် မှတ်တမ်းတင်ထားသည်။
အောက်ဖော်ပြပါ မှတ်ချက်များသည် အံ့အားသင့်နေကြသည်။
" ယို့ယို့လုမင်အကောင့်က ဘာဖြစ်တာလဲ။ ကစားပုံကအရမ်းမိုက်တယ် "
"လူတစ်ယောက်က ဂိမ်းတစ်ပွဲလုံးကို သယ်ဆောင်သွားသလိုပဲ။ တစ်ယောက်ထဲနဲ့ ကျန်သုံးယောက်က အားထုတ်စရာမလိုဘူး "
"ဒါပေမယ့် zz လို့ အမည်ပေးထားတဲ့ ဒီကောင်က အရမ်းဆိုးချက်ပဲ၊ သူ့ကို ယို့ယို့လုမင်က သုံးခါလောက် ကယ်တင်ခဲ့ရတယ် .."
မီးမောင်းထိုးပြထားတဲ့ အောက်ခြေအပိုင်းသည် ကျုံးယို့ယို့နှင့် တခြားသူများ ဂိမ်းကစားနေကို ကြည့်နေခြင်းဖြစ်ပြီး မည်သည့်နံပါတ်က မည်သူ၏နံပါတ်လဲဆိုသည်ကို မပြောနိုင်သော်လည်း ကစားသမားလေးယောက်ထဲ၌ ရက်ကွန်းခေါင်းအုံးဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ပဲရှိက သူတို့သည် zz က ကျုံးယို့ယို့ဖြစ်မည်ဟူ၍ တွေးလိုက်ကြသည်။ စစ်မြေပြင်တစ်ခုလုံးကို လူတစ်ဦးတည်းနှင့် လျှပ်စီးလို သတ်နိုင်သူက ကျုံးယို့ယို့၏ဘေးမှာ အေးဆေးတည်ငြိမ်နေသည့် ကျန့်ကျီရိဖြစ်လိမ်မည်။
ကျန်တဲ့ နှစ်ယောက်ကတော့ "သတ်ပစ်၊ မြန်မြန်၊ မြန်မြန်" ဟူ၍ အော်ဟစ်နေသည့် သူတို့၏ဘေးက ကောင်လေးတွေ ဖြစ်နိုင်သည်။
သို့သော် မည်သူသိမည်နည်း။
မိနစ်အနည်းငယ်အကြာ၌ ဗီဒီယိုထဲမှ ကျန့်ကျီရိက ခေါင်းမော့ကာ ကျုံးယို့ယို့ကို မယုံကြည်နိုင်စွာကြည့်လိုက်ပြီး "မင်းက ပလက်တီနမ်အဆင့်ပဲရှိသေးတယ် ၊ ဘာလို့ ကစားပုံက အရမ်းကောင်းနေတာလဲ "
အောက်ကမှတ်ချက်များ - "……………"
" ဘာ ၊ ပလက်တီနမ်အဆင့်နဲ့ မြွေတစ်ကောင်လို လျှောက်လှမ်းနေတဲ့သူက ဦးခေါင်းစွပ်နဲ့ စောင်းထားတဲ့ ဒီရောင်စုံ၀ါး၀ါးကွက်ကြီးနဲ့သူလား ”
" ဖာ့ခ် မဖြစ်နိုင်ဘူး ၊ ဒါက အထင်ကြီးဖို့ေကာင်းလွန်းတယ် ။ ဒီလုပ်ဆောင်ချက်နဲ့ဆို ပလက်တီနမ် အဆင့်ပဲ ဘယ်ဖြစ်နိုင်ပါ့မလဲ ၊ အရံအကောင့်နဲ့ ကစားနေတာပဲ ဖြစ်ရမယ် "
" နတ်ဘုရားကတော့ တကယ့်ကို နတ်ဘုရားပဲ ၊ ပြိုင်ပွဲမှာ ပြည်နယ် ပထမအဆင့်ရတာထားပါတော့၊ ဒါပေမဲ့ ဂိမ်းကစားတာေတာင်မှ စကေးတွေက အံ့ဩစရာကောင်းလွန်းတယ် "
နာ့ချောင်လန်သည် ဟိုတယ်သို့ပြန်လာပြီးနောက် ဗီဒီယိုဖိုင်ကိုကြည့်ရန် ဖုန်းအားဖွင့်လိုက်သည်။ ကင်မရာဆရာသည် သူမအား ရိုက်ချက်များစွာ ရိုက်ကူးခဲ့သော်လည်း တည်းဖြတ်ပြီးနောက် ဗီဒီယိုဖိုင်သည် သုံးမိနစ်ထက် မကျော်လွန်ခဲ့ပေ။ ဆန့်ကျင်ဘက်တွင် အင်တာနက်သုံးစွဲသူအများအပြားက ဂိမ်းရိုက်ကူးခြင်းကို စိတ်ဝင်စားကြသောကြောင့် ပရိုဂရမ်အဖွဲ့သည် ၎င်းကို ပျော်ရွှင်စွာ လွှင့်တင်ခဲ့ပြီး ကလစ်အရေအတွက်များက လျင်မြန်စွာ မြင့်တက်လာသည်။
အကဖျော်ဖြေသည်လား။ ဘယ်လိုအကမျိုးဖျော်ဖြေသနည်း။ Z ပြည်နယ်၏ ပထမဆုံးရသူအနေနှင့် သူမသည် အာရုံစူးစိုက်မှုကို ဘယ်လိုဆွဲဆောင်ရမည်လဲကို သိပေသည်။ ဂိမ်းတစ်ခုကစားခြင်းလေးကတောင် ကလစ်ပေါင်းများစွာကို ဆွဲဆောင်ခဲ့သည်။
နာ့ချောင်လန်က ဒေါသထွက်စွာ ဖုန်းကို လွှင့်ပစ်လိုက်တယ်။
အတန်း (၁၉)မှလူတွေသည် ဤသတင်းကို မတွေ့ရှိကြသေးချေ။ မကြာသေးမီက QYXLPသည် ပြည်နယ်တစ်ဝှမ်းရှိ အထက်တန်းကျောင်းသူကျောင်းသားများ၏ အသိုင်းအဝိုင်းတွင် နတ်ဘုရားနှင့်တူသော တည်ရှိမှုတစ်ခုဖြစ်သည်။ သူမက အကြိုဗိုလ်လုပွဲစဉ် လုံးဝလွှမ်းမိုးထားပြီး ကျန့်ကျီရိနှင့် ရှစ်ကျစ်ထန်ကဲ့သို့ ပြည်နယ်တစ်ခုလုံးတွင် အထင်ကရပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံထားရသော နှစ်ယောက်စလုံးသည် သူမကို မထင်မှတ်ပဲ ရှုံးသွားခဲ့သည်။
ယခုအချိန်တွင် မကျေပွဲပြန်လည်စတင်နေပြီဖြစ်သည်။ သူတို့သည် အတန်းထဲတွင်ရှိနေသေးသော်လည်း နေ့လည်စာစားချိန်၌ အတန်းအတွင်းရှိ ကျောင်းသားများသည် တိုက်ပွဲမည်သို့ဖြစ်နေသည်ကိုကြည့်ရန် ၎င်းတို့၏ လက်ကိုင်ဖုန်းကို မဖွင့်ဘဲ မနေနိုင်ကြပေ။
ကောင်လေးများသည် ဂိမ်းကို သဘာ၀အလျောက် စိတ်ဝင်စားကြပြီး ၎င်းတို့၏ ပြည်နယ်ရှိ နတ်ဘုရားအဆင့် ကစားသမားများ၏ အံ့သြဖွယ်လုပ်ဆောင်မှုများကြောင့် လျင်မြန်စွာ ဆွဲဆောင်ခံရသည်။
“ ဝိုး ကောင်မလေးတွေလည်း ဂိမ်းဆော့တာ အရမ်းတော်တာလား"
"ဒါက လက်ဖြောင့်သေနတ်ပစ်သမားမလား။ ခေါင်းကို တစ်ချက်တည်းနဲ့ထိဖို့ မှန်ဘီလူးသုံးဖို့တောင် မလိုအပ်ဘူးလား "
' ဝိုး ' များက ပါးစပ်မှ အထပ်ထပ်အခါခါ ထွက်လာသောကြောင့် ဒါဇင်နှငိ့ချီသည့်လူများက ဝိုင်းပြီးကြည့်လာနေကြသည်။
ယနေ့ သောကြာနေ့သည် အပတ်စဉ်သန့်ရှင်းရေးနေ့ဖြစ်ပြီး ယွမ်ယွမ်သည် ယနေ့အတွက် တာဝန်ကျကျောင်းသူဖြစ်၏။ ကျုံးယို့ယို့က တုပ်ကွေးရောဂါကြောင့် စာသင်ခန်းသို့ နှစ်ရက်တာမျှ မလာသည်ကို သူမတွေ့လိုက်ရသည်။ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က ပေးခဲ့သည့် မပြီးဆုံးသေးသော စာရွက်များသည် စားပွဲပေါ်၌ စုပုံနေကာ သူမက မကူညီဘဲမနေနိုင်သဖြင့် လျှောက်လှမ်းပြီး ရှုပ်နေသည့်စားပွဲခုံကို ရှင်းလင်းပေးလိုက်သည်။
သူမ စားပွဲဆီသို့ လျှောက်သွားပြီး စားပွဲကို ထိမိသည်နှင့် စားပွဲထဲရှိ ကျောင်းဝတ်စုံက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ယွမ်ယွမ်က မြန်မြန်ကောက်ယူလိုက်သည်။
သို့သော် ယခုအခိုက်အတန့်၌ သစ်သားဆိုင်းဘုတ်လေးတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဘုတ်ခနဲ အသံတစ်ခုထွက်ပေါ်လာသည်။
သူမက ခဏတာ အံ့အားသင့်သွားပြီး မည်သည့်အရာမှန်း သဘောမပေါက်ပေ။ လက်ရာသေသပ်စွာ ထုတ်လုပ်ထားသည့် အမှတ်တံဆိပ်တစ်ခုနှင့် တူသည်။
သို့သော် စာသင်ခန်းတံခါးဝမှ ဝင်လာသော ရွှီရှောင်ယွဲ့သည် ကျုံးယို့ယို့၏ ထိုင်ခုံတွင် တစ်စုံတစ်ခုကို ကိုင်ဆောင်ထားသည့် ယွမ်ယွမ်ကို တွေ့လိုက်ရပြီး စိတ်ဝင်တစားဖြစ်ကာ လှမ်းကြည့်ပြီးလုယူသွားသည် " ဘာကြည့်နေတာလဲ "
ရွှီရှောင်ယွဲ့ ရုတ်တရက် အံ့အားသင့်သွားသည်။ ' ဟုတ်တယ် ၊ဟုတ်တယ်၊ ဒါက QYXLP ရဲ့ နာမည်ကဒ်ပြားပဲ '
ယွမ်ယွမ်က ထိတ်လန့်တုန်လှုပ်သွားသည်မဆိုထားနှင့် ရွှီရှောင်ယွဲ့သည်တောင် လျှပ်စီးလက်ပြီး စကားထစ်သွားပုံရသည်။ " ဘာဖြစ်လို့လဲ၊ ဘာလို့ဒီနာမည်ကြီးတဲ့ကဒ်ပြားတံဆိပ်က ဘာလို့ ကျုံးယို့ယို့ရဲ့လက်ထဲမှာ ရှိနေရတာလဲ။ ဘော့စ်က ပြိုင်ပွဲကို မသွားဘူးလား။ အခု သူမ နာမည်တံဆိပ် မတပ်ထားတော့ ပြိုင်ပွဲမှာ ဘယ်လိုလုပ် ပါဝင်နိုင်မှာလဲ "
"မဟုတ်ဘူး၊ မဟုတ်ဘူးမလား၊ အဓိကအချက်က ကျုံးယို့ယို့က ဘာလို့ဒီမှာရှိမနေတာလဲ "
ရွှီရှောင်ယွဲ့သည် အလွန်ထိတ်လန့်သွားပြီး သူမအော်လိုက်သောအခါ စာသင်ခန်းရှိလူတိုင်းက သူမကို ဝိုင်းဖွဲ့လာကြသည်။
"...ဒါက ငါတို့ပြည်နယ် နံပါတ်တစ် ဘော့စ်ရဲ့ နာမည်တံဆိပ်မဟုတ်ဘူးလား "
ရန်ကျီအန်းသည် ရုတ်တရက် သူ့စိတ်ထဲမှာ အန္တရာယ်များသည့် မှန်းဆချက်တစ်ခု ဝင်လာသည်။ မဖြစ်နိုင်ဟူ၍ သူထင်သော်လည်း အကြောင်းတစ်ခုခုကြောင့် သူ၏ခေါင်းထဲမှာ နောက်ထပ်အသံတစ်ခုက သူမှန်းဆထားသည့်အတိုင်း ဖြစ်နိုင်ချေရှိသည်ဟူ၍ ပြောနေသည်။ ကျုံးယို့ယို့ မဟုတ်လျှင် မည်သူဖြစ်နိုင်မည်နည်း။ ထို့အပြင် ကျုံးယို့ယို့သည် ဤရက်များ၌ ခွင့်ယူကာ အတန်းမတက်သည်ကလည်း တိုက်ဆိုင်မှုပင်ဖြစ်သည်လား....။
သူက ခေတ္တရပ်လိုက်ပြီးလက်ဖဝါးကိုဖိလိုက်သည်။ ထို့နောက် အတန်းကို တိတ်ဆိတ်စေရန် အချက်ပြပြီး လက်ကိုင်ဖုန်းကို ထုတ်ကာ ကျုံးယို့ယို့၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
ဖုန်းခေါ်ဆိုမှုမှာ လျင်မြန်စွာ ချိတ်ဆက်သွားသည်။ မွန်းလွဲပိုင်းဖြစ်နေပြီဖြစ်သည်။ ကျုံးယို့ယို့သည် စောင့်ဆိုင်းဧရိယာသို့ ယခုမှ ရောက်ရှိခါစဖြစ်ပြီး ရန်ကျီအန်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိသည်။ သူမက လက်ကိုင်ဖုန်းကိုယူကာ တိတ်ဆိတ်သောထောင့်တစ်ခုဆီသို့ လှမ်းသွားသည်။ "ဟေး ရန်ကျီအန်း ဘာကိစ္စရှိလို့လဲ "
ရွှီရှောင်ယွဲ့သည် အကြောင်းတစ်ခုခုကြောင့် အနည်းငယ်တုန်လှုပ်သွားသည်။ ထိုအရာက သူမအမြဲလေးစားခဲ့သော နတ်ဘုရားကြီးက သူမဘေး၌ ရှိနေသည့်အခါ ခံစားရမည့် စိတ်လှုပ်ရှားမှုကဲ့သို့ပင်။
ရန်ကျီအန်းက ဘောင်းဘီ၏ချုပ်ရိုးတွေကို လက်ချောင်းများနှင့် ပွတ်သပ်ရင်း ခေတ္တရပ်တန့်ကာ မေးလိုက်သည်။
" ကျုံးယို့ယို့ မင်း အအေးမိတာသက်သာလာပြီလား "
ကျုံးယို့ယို့က အပြစ်ရှိသလိုခံစားရပြီး ပြောလိုက်၏။ " အဖျားက သက်သာလာပါပြီ ၊ စိုးရိမ်ပေးလို့ ကျေးဇူးနော်၊ ဒါပေမဲ့ ငါခေါင်းကိုက်နေသေးတာမို့ လောလောဆယ်တော့ အတန်းမတက်နိုင်သေးဘူး "
ရန်ကျီအန်းက ခေါင်းညိတ်ပြီး "ကောင်းကောင်းအနားယူပါ"
သူက ရုတ်တရက် ထပ်မေးပြန်တယ်။ " " စကားမစပ် မကြာခင်က ပြည်နယ်တစ်ခုလုံးမှာ ပထမရခဲ့တဲ့ မျက်နှာမှာ ရောင်စုံအဝါးကွက်ကြီးနဲ့သူက...မဟုတ်မှလွဲ...မင်းလား "
ရန်ကျီအန်းက ရုတ်တတရက် မေးလိုက်ပြီး ကျုံးယို့ယို့မျက်နှာပေါ်က အပြုံးသည် တောင့်တင်းသွား၏ ။
' ဘာဖြစ်နေလဲ ရန်ကျီအန်းကဘယ်လို ခန့်မှန်းမိနေတာလဲ ။ ဒါပေမဲ့ အခုအချိန်မှာ အထောက်အထားကို ထုတ်ဖော်လိုက်မယ်ဆိုရင် မီဒီယာတွေက ကျုံးမိသားစုအကြောင်းမေးဖို့ကိုပဲ ဝိုင်းဝိုင်းလည်နေကြလိမ့်မယ် ' ကျုံးယို့ယို့သည် တတ်နိုင်သရွေ့ မဖော်ပြချင်ပေ။
သူမက အေးအေးဆေးဆေး ရယ်မောလိုက်ပြီး အရွှန်းဖောက်ကာ "ဟာဟား၊ အဲဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ နင် အတွေးလွန်နေတယ် "
ဖုန်းခေါ်ဆိုမှုက ပြီးဆုံးသွားသည်။
တစ်တန်းလုံး အသက်အောင့်ထားသည့်အခြေအနေမှ လွတ်မြောက်သွားကြသည်။ သူတို့အားလုံးသည်' မင်းကငါ့ကိုကြည့်၊ ငါကမင်းကိုကြည့်မယ်။ ငါတို့အားလုံး သန်းနှင့်ချီသော မြက်ခင်းပြင်ရွှံ့မြင်းတွေ ပြေးလွှားနေသည့်အခြေအနေမှာ ရှိနေတယ်' ဖြစ်နေကြ၏ ။
ပြည်နယ်၏ ထိပ်ဆုံးဘော့စ်က သူတို့အတန်းထဲက ကျုံးယို့ယို့ဖြစ်သည်ကို မယုံနိုင်ကြချေ။
' ဒါက ပြည်နယ်တစ်ခုလုံးမှာ ပထမအဆင့်ဖြစ်ပြီး တစ်ပြည်နယ်လုံးမှာ လူပေါင်း သန်းပေါင်း ဘယ်လောက်တောင်ရှိလဲ။ ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ရေတွက်ကြည့်လိုက်ပါ။ သူတို့ရဲ့ အတန်းဖော် ကျုံးယို့ယို့က ဘယ်လောက်ပဲ ထူးချွန်နေပါစေ ပြည်နယ်တစ်ခုလုံးမှာ ပထမနေရာကို ဘယ်လိုလုပ်ရနိုင်မှာလဲ၊ ရူးချင်စရာပဲ၊ အရူးပဲ၊ ကမ္ဘာကြီးက တကယ်ကို ရူးနေပြီ '
ကျုံးယို့ယို့က သူမ မဟုတ်ဟူ၍ ပြောခဲ့သည်။ ထို့ကြောင့် ပြည်နယ်ရှိ နံပါတ်တစ် ဘော့စ်သည် သူမ၏သူငယ်ချင်းဖြစ်နိုင်ပြီး ထို့အတွက်ကြောင့် သူမဆီ၌ နာမည်တံဆိပ် ရှိနေသည်လား။
သူတို့အားလုံးသည် ထိုင်ခုံတွေဆီ ပြန်သွားကြသော်လည်း စာကျက်ရန် လုံး၀ စိတ်မပါချေ။
စိတ်တုန်လှုပ်ထိတ်လန့်မှုအများဆုံးမှာ ရန်ကျီအန်းနှင့် ရွှီရှောင်ယွဲ့တို့ဖြစ်သည်။ ရန်ကျီအန်းက မယုံနိုင်သော်လည်း မျှော်လင့်ထားသည်ကို သူခံစားရသည်။ ရွှီရှောင်သည် သူမ စိတ်ပိုင်းဆိုင်ရာလှည့်ဖြားခြင်းခံရသည်ဟု ခံစားနေရသည်။ ကျုံးယို့ယို့သည် အမှန်တကယ်ပင် ကြီးမြတ်သောနတ်ဘုရားဖြစ်လျှင် ဟိုအရင်အချိန်က သူမကို ဆဲဆိုကြိမ်းမောင်းပြီး အရူးအမူးစကားများ အမျိုးမျိုးပြောခဲ့ဖူးသည်။ ...ဘုရားရေ ။
ရွှီရှောင်ယွဲ့၏ မျက်နှာက ရုတ်တရက် နီမြန်းသွားခဲ့ပြီး ဒေါသ၊ မခံမရပ်နိုင်ဖြစ်စိတ်နှင့် ရှက်စိတ်များကြောင့် သူမ၏မျက်နှာကို ဖုံးကွယ်ထားသည်။
နေ့လည် လေးနာရီခန့်တွင် ရိုက်ကွင်းနောက်ကွယ်မှ ဗီဒီယိုလှိုင်းသစ်များ ထွက်ပေါ်လာသည်။ အသိပေးရန်ပင် မလိုအပ်ဘဲ လူတိုင်းနီးပါးက ၎င်းတို့၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ရိုက်ကွင်းနောက်ကွယ်မှ ဗီဒီယိုများကို တညီတညွတ်တည်း ဖွင့်လိုက်ကြသည်။
ရုတ်တရက် တစ်ယောက်ယောက်က "ဆယ့်လေးမိနစ်နဲ့ ငါးစက္ကန့်ကို ကြည့်လိုက် "
လူတိုင်းက ဗီဒီယိုကို နောက်သို့ ဆွဲယူကြသည်။
" သုညငါးစက္ကန့်နှင့် သုညခုနစ်စက္ကန့်ကြားကိုကြည့်ကြ "
ပြီးနောက် တွေ့လိုက်ရသည်...
ဖန်သားပြင်ထဲတွင် နောက်ဘက်၌ ရက်ကွန်းပုံခေါင်းဆောင်းကြီးနှင့်သူက ထောင့်စွန်းသို့ လျှောက်သွားကာ ဖုန်းပြောဆိုနေသည်။ အသံချဲ့လိုက်သည့်အခါ အမျိုးမျိုးသောဆူညံသံများနှင့်ရောထွေးနေသည့် သူမ၏ငြိမ်သက်သောအသံကို ယောင်ဝါးဝါးကြားနိုင်သည်။
" ဟားဟား၊ အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
" .... "
စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်နေ၏။
***
ဘာသာပြန်သူ၏မှတ်စု :
[ 千万匹草泥马奔腾 - သန်းနှင့်ချီသည့် မြက်ခင်းပြင်ရွှံ့မြင်းများ ကဆုန်ပေါက်ပြေးခြင်း ]
- အဓိပ္ပာယ်က ဖာ့ခ် your မား ပါ။ တရုတ်က ဆဲတဲ့စကားကို ဘန်းလို့ အသံထွက်ဆင်တင်တင်တွေကို သုံးကြတာပါ။