Chapter 129
မိုးခြိမ်းသံကြောင့် ငြိမ်သက်နေသော အခြေအနေမှ ပြန်လည်သက်သာလာရန် တစ်တန်းလုံးသည် ငါးမိနစ်လုံးလုံး အချိန်ယူခဲ့ရသည်။
' ဘုရားသခင်'
“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဟားဟား ”
' ကြည့်အုံး ဒါက လူပြောတဲ့စကားလား '
" ကျုံးယို့ယို့ သူရဲ့ အထောက်အထားကို ဖုံးကွယ်ရာမှာ တကယ်တော်တာပဲ "
' သူတို့ကို ဖုံးကွယ်ထားရတာ ပျော်စရာ ကောင်းရဲ့လား။ ပြည်နယ်မှာရှိတဲ့ အဆင့်တစ်က အရမ်းအံ့သြဖို့ကောင်းတယ်။ အကြိုဗိုလ်လုပွဲစဉ်မှာ သူမက ရှိုးတစ်ခုလုံးက သယ်ဆောင်သွားပြီး ရှစ်ကျစ်ထန်နဲ့ ကျန့်ကျီရိတို့ကို စက္ကန့်ပိုင်းအတွင်း အနိိုင်ပိုင်းပစ်လိုက်တယ်။ သူတို့မျက်လုံးတွေနဲ့ မျက်မြင်တွေ့ကြုံခဲ့ရတယ်။ ဒီဖုန်းမခေါ်ခင် သူမက သူတို့ကို အတွေးပေါင်းတစ်ရာပေးခဲ့ပေမယ့် ဘော့စ်က ကျုံးယို့ယို့လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ အရုဏ်ဦးေတးသံရှင်များကလပ်ကို စိတ်အားထက်သန်စွာ တက်ရောက်ပြီး အရုဏ်ဦးက သူတို့အတန်းထဲမှာ နေ့ရောညပါ အတူတူကုန်ဆုံးနေတဲ့ အတန်းဖော်ဖြစ်ကြောင်း သိလိုက်ရတာနဲ့ ဘာကွာသေးလို့လဲ "
တစ်တန်းလုံး ငြိမ်သက်သွားကြသည်။
" ကျုံးယို့ယို့က ဖုံးဖိထားလွန်းတယ်မဟုတ်လား။ သူမက နိုင်ငံတော်အဆင့်ချန်ပီယံဆုရမှ ခေါင်းစွပ်ကို ချွတ်ပြပြီး ငါတို့ကို ထိတ်လန့်သွားအောင် လုပ်ဖို့ကြံနေတာလား "
ကျုံးယို့ယို့၏ ပြောင်မြောက်သော ကိုယ်ရည်ကိုယ်သွေးဖြင့် ၎င်းသည် အမှန်တကယ် ဖြစ်နိုင်သည်။
" ငါတို့ကို အကြာကြီး လျှို့ဝှက်ထားနိုင်ခဲ့တာ ရယ်စရာကောင်းလိုက်တာ "
" ဟုတ်တယ် "
အတန်းခေါင်းဆောင်က အသက်ပြင်းပြင်းရှူလိုက်ပြီး " ကျုံးယို့ယို့ပြန်လာတဲ့အခါ ငါတို့မသိသလို ဟန်ဆောင်ပြီး သူမနှင့် ကျီစားရအောင် "
လီသုန်းဖျင် စာသင်ခန်းထဲသို့ လှမ်းကြည့်လိုက်သောအခါ အတန်းထဲက ကျောင်းသားအားလုံး ရန်ကျီအန်း၏အနီးတဝိုက်မှာ စုရုံးနေသည်ကို တွေ့လိုက်ရသည်။ သူတို့ထဲက တစ်ယောက်က အရေးကြီးသည့် အမျိုးသားလျှို့ဝှက်ချက်တချို့ကို သိနေသကဲ့သို့ဖြစ်နေပြီး အမူအရာများသည် အလွန်တရာမှ တုန်လှုပ်ေနရုံသာမက အမြှောက်များဖြင့် တရစပ် ပစ်ခတ်နေသော စစ်မြေပြင်ဆီသို့ ရုတ်တရက် ဆွဲငင်ခံရသကဲ့သို့ ရှုပ်ထွေးသော စိတ်ခံစားမှုများနှင့် စိတ်လှုပ်ရှားမှုများကို ပြသနေသည်။
သူက ဘာတွေဖြစ်နေသည်ကို အံ့သြပြီး အသံကျယ်လောင်စွာဖြင့် စကားအနည်းငယ်အော်ပြောလိုက်သည်။
သို့သော် အတန်းထဲက မည်သူမှ သူ၏စကားကို မကြားကြချေ။ တစ်ချို့လူတွေသည် အကြောင်းအရာတစ်ခုခုကိုတောင် ပြောနေကြပြီး "ကျုံးယို့ယို့" ဟုသည့် စကားသုံးလုံးက ဆက်တိုက်ဆိုသလို ထွက်ပေါ် နေသည်။
' ကျုံးယို့ယို့က ဘာဖြစ်လို့လဲ ။ သူမက တုပ်ကွေးဖြစ်ပြီး အိမ်မှာ အနားယူဖို့ ခွင့်ယူခဲ့တာ မဟုတ်ဘူးလား '
လီသုန်းဖျင်သည် ကျောက်သစ်ပုန်းကို သုံးမြောင်းထောင့်ပေတံဖြင့် ခေါက်လိုက်ကာ " နားထောင်ကြ ၊ မင်းတို့ဘာဖြစ်နေကြတာလဲ၊ ကျုံးယို့ယို့ဆီက သင်ယူလို့မရဘူးလား။ သူမအိမ်မှာ တုပ်ကွေးဖြစ်နေတာေတာင် သူ့အတန်းဖော် ယွမ်ယွမ်ကို စားပွဲပေါ်က စာရွက်တွေ သိမ်းဆည်းပေးဖို့ အကူအညီတောင်းခဲ့သေးတယ် "
"..." တစ်တန်းလုံးက လီသုန်းဖျင်ကို ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ကြည့်နေကြသည်။
' သူမက တုပ်ကွေးကြောင့် အိမ်မှာရှိတယ် '
ရန်ကျီအန်း၏ ယခုအချိန် စိတ်အခြေအနေက ရှုပ်ထွေးနေသည်။ ကျုံးယို့ယို့သည် ပြည်နယ်၏ နံပါတ်တစ်ဘော့စ်ဖြစ်မည်ဟု တကယ်ပင် မမျှော်လင့်ထားချေ။ တစ်ချိန်တည်းမှာပင် ပြီးခဲ့သည့်မြို့တွင်းအဆင့်၌ ပထမအဆင့်ရခဲ့သော ကျုံးယို့ယို့သည် သူ၏ ရှေ့၌ မြင်နေရသည့် လက်လှမ်းမမှီသော တောင်တန်းကြီးအဖြစ် ရှိနေသကဲ့သို့ ခံစားရမှုက ပေါက်ဖွားလာသည်။
သို့သော် ယခု သူမသည် ပြည်နယ်အဆင့်၌ နံပါတ်တစ်ဖြစ်ကြောင်း ရုတ်တရက် တွေ့ရှိပြီးနောက် ထိုတောင်ကြီးသည် ဧဝရတ်တောင်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။
လက်လှမ်းမမီနိုင်ပေ။
ကျုံးယို့ယို့သည် ပြည်နယ်၏နံပါတ်တစ်နေရာ၌ ဘယ်တော့မှ ရပ်တန့်မည်မဟုတ်သည်ကို ရန်ကျီအန်း ရှင်းရှင်းလင်းလင်းသိထားသည်။ သူမက ယခုတွင် နိုင်ငံတွင်း ထိပ်ဆုံး ၅၀၀ စာရင်း၌ ဝင်ထားသည်။ ဆီမီးဖိုင်နယ်၌ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့လျှင် နိုင်ငံတွင်းအဆင့် ထိပ်ဆုံး ၂၀ စာရင်းဝင်ဖြစ်သွားနိုင်သည်။ ဤနည်းအားဖြင့် သူ့ကို အမည်းရောင်အစက်ကလေးအဖြစ်သို့ ပြောင်းလဲစေမည်ဖြစ်သည်။
ကျုံးယို့ယို့သည် တစ်တန်းလုံး၏ အသိမှတ်ပြုခြင်းကို အထပ်ထပ်အခါခါ အသစ်ဖြစ်စေသည်။
ဤကဲ့သို့တွေးတောရင်း ရန်ကျီအန်းသည် သူ၏ ကျစ်လစ်သိပ်သည်းစွာ မှတ်စုထုတ်ခဲ့သော မေးခွန်းများကို ကြည့်လိုက်ပြီး ရုတ်တရက် စိတ်ဓာတ်ကျချင်စိတ် ရှိလာသည်။ ပန်းတိုင်က တကယ်ပင် အလှမ်းဝေးလှသည်။
ရွှီရှောင်ယွဲ့သည် အတန်းထဲတွင် မယုံကြည်နိုင်ဆုံးေသာလူဖြစ်ပြီး ဤအချက်ကို ဝန်ခံလိုစိတ် အနည်းဆုံးရှိသူ ဖြစ်သည်။ သူမသည် အလွန်ရှက်သွားပြီး ငိုလုမတတ်ဖြစ်ကာ စားပွဲပေါ်တွင် မှောက်နေရင်း အခြားသူများနှင့် စကားပြောရန် ငြင်းဆိုနေသည်။
ကျုံးယို့ယို့က သူမသည် မျက်နှာသာပေးမှုပေါ်မှ ပြုတ်ကျသွားသည်ကို မသိသေးချေ။ သူမသည် နောက်နေ့ရိုက်ကူးရေးအတွက် ပြင်ဆင်ရန်အာရုံစူးစိုက်နေသည်။ ရှောင်ကျောက်ကို အကူအညီတောင်းကာ ပို့ခိုင်းသည့် အချိုရည်တွေသည် အကျိုးသက်ရောက်မှုရှိနေဆဲဟူ၍ ပြောရမည်။ ဟုတ်၏။ ရိုက်ကူးရေးမစခင် တွင် အနည်းဆုံးတော့ ရှိုးမန်ေနဂျာနှင့်မိတ်ကပ်ဆရာများက သူမကို အထူးဂရုစိုက်ကြသည်။
မိတ်ကပ်ဆရာက သီးသန့်အနေဖြင့် လာရန်ခေါ်ကာ လည်ပင်းပေါ်၌ ပေါင်ဒါမှုန့်များလိမ်းပေးခဲ့သည်။ သို့သော် ကျုံးယို့ယို့ကိုယ်တိုင်က သဘာဝအတိုင်း ဖြူစင်သော အသားအရေရှိပြီးဖြစ်ကာ မိတ်ကပ်သည် သူမအတွက် အလှဆင်မှုတစ်ခုသာဖြစ်သည်။
ချောင်လန်သည် ထိုအရာကို အဝေးကနေ မြင်နေရပြီး စိတ်မသက်မသာဖြစ်နေသည်။
ကျုံးယို့ယို့သည် မည်သည့်အရာကိုမဆို အမြဲတမ်း ပထမဆုံးလုပ်သူဖြစ်သောကြောင့် သူမ ဘာလုပ်ရမည်မှန်းမသိ ရှုပ်ထွေးနေသည်။
လူတိုင်း၏အာရုံကိုဆွဲဆောင်ရန် ခေါင်းစွပ်ကို ပထမဆုံးဝတ်ဆင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် အခြားသူများ မည်သို့ပင်အတုယူခဲ့ပါစေ၊ သူမ ပထမဆုံးအကြိမ် လုပ်ခဲ့ချိန်ကလို လူပြောများသည့် အကြောင်းအရာကို ဖြစ်ပေါ်စေမည်မဟုတ်ပေ။ သူမသည် လူတိုင်းအတွက် အဖျော်ယမကာဝယ်ပေးသည့် ပထမဆုံးသူလည်းဖြစ်သည်။ ချောင်လန်သည် ယခုအချိန်တွင် ထိုကဲ့သို့လိုက်လုပ်လျှင် အခြားသူများက လှောင်ပြောင်ရယ်မောနေမည်ဖြစ်သည်။
သို့သော် အရာအားလုံးသည် ခွန်အားပေါ်မှာမူတည်နေပါသေးသည်။ နာ့ချောင်လန်က ဒေါသတကြီးတွေးေနသည်။ သူမသည် H မြို့တွင် နံပါတ်တစ်ဖြစ်ခဲ့ပြီး Z မြို့တွင် နံပါတ်တစ်ဖြစ်သည့် သူနှင့်ယှဉ်ပြိုင်ရန် မည်သို့ပင်ဖြစ်စေ ပြိုင်ဆိုင်နိုင်သည့် ခွန်အားရှိသည်။
ဤနေ့တွင် ရိုက်ကူးရေးမှာ ယခင်နေ့နှင့် အတူတူပင် ဖြစ်သည်။ ကျန်ရှိသော လူ ၅၀ သို့မဟုတ် ထိုထက်ပိုများသည့် လူများကို အုပ်စုကြီး ရှစ်စုခွဲကာ တစ်အုပ်စုလျှင် ငါးယောက်မှ ခုနစ်ယောက်အထိ ခွဲထားသည်။
ကျုံးယို့ယို့ကို သူမ အပါအဝင် စုစုပေါင်း ခုနစ်ယောက်ဖြင့် တတိယအုပ်စုတွင် နေရာချထားခဲ့ပြီး နာ့ချောင်လန်နှင့် ကျန့်ကျီရိတို့သည် ပဉ္စမနှင့် သတ္တမမြောက်အုပ်စုများ၏ ချန်ပီယံများဖြစ်ကြပါသည်။
ဤအဖွဲ့များကို ကျပန်းသတ်မှတ်ထားပြီး ကျုံးယို့ယို့အဖွဲ့တွင် ပါ၀င်သော အခြားခြောက်ယောက်မှာ ခေါင်းဆောင်းကြီးဝတ်ထားသည့် ကျုံးယို့ယို့၀င်လာသည်ကို မြင်သောအခါ တုန်လှုပ်သွားကြသည်။ ' ဒီတစ်ယောက်နဲ့ တစ်အုပ်စုတည်းကျတာ ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ '
ဤမိန်းကလေးက နာမည်ကြီး၏။ သူမ မည်မျှတောင် နာမည်ကြီးသနည်းပြောရလျှင် အရင်က သူမနှင့်တိုက်ခိုက်ဖူးခြင်း မရှိလျှင်တောင် ထိုအချိန်က သူမ၏စံချိန်ကို ကြားဖူးကြမည်ပင်။
Z ပြည်နယ်ရှိ အခြားကစားသမားများသည် ချေမှုန်းခံခဲ့ရပြီး ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပေ။
တတိယနေရာမှ ကစားသမားသည် အမှတ် ၂၀ကို ရရှိရန် အရုဏ်တက်ချိန်ထိ ရုန်းကန်ခဲ့ပြီး လက်တစ်ကမ်းအကွာ၌ ရှိနေခဲ့သော်လည်းသော်လည်း မက်မွန်သီးကို ယူပြေးသည့် မျောက်ပမာပြုလုပ်ခဲ့လေသည်။
သူမသည် တကယ်ရက်စက်ကြမ်းကြုတ်သည့်သူဖြစ်သည်ဟု ပြောနိုင်သည်။
ပြည်နယ်တစ်ခုစီတွင် ပထမရသူတစ်ဦးစီ ရှိသည်။ ကျုံးယို့ယို့နှင့်အဖွဲ့တစ်ဖွဲ့တည်းဖြစ်သော လူခြောက်ဦးသည် အခြားပြည်နယ်များတွင် တတိယနှင့် ပဉ္စမမြောက်များဖြစ်ကြသည်။ ကျုံးယို့ယို့ စင်ပေါ်တက်လာသည်နှင့် တပြိုင်နက် အားအင်အရှိန်အဟုန် ပျက်သွားသည် ။
မျှော်လင့်ထားသည့်အတိုင်း ကျုံးယို့ယို့သည် မကြာမီ ဤအဖွဲ့မှ ခွဲထွက်သွားသည်။ စုစုပေါင်း လူခုနစ်ယောက်ရှိပြီး သူမ၏ ဖြေဆိုမှုရမှတ်များ၌ အခြားခြောက်ဦးစလုံးမှာအပြိုင်အဆိုင်မရှိ ရှုံးနိမ့်သွားသည်။
ဤအဖွဲ့သည် မေးခွန်းအားလုံးကို ကျုံးယို့ယို့မှ အမြန်ဖြေဆိုသွားပြီး ကျန်ခြောက်ယောက်ကို အခွင့်အရေး မပေးခဲ့ရာ ထိုသူတို့သည် ရှစ်အုပ်စုအနက်မှ အမြန်ဆုံးနီးပါး ပြီးဆုံးသွားသည်။
မူလက အခန်း (၁၉) ရှိ လူအများအပြားက ဤပြိုင်ပွဲအစီအစဥ်ကို မကြည့်ကြဘဲ ရွှီရှောင်ယွဲ့နှင့်ရန်ကျီအန်းသာ ကြည့်ကြသော်လည်း ယခုအခါ ကျုံးယို့ယို့သည် ပြည်နယ်တွင် နံပါတ်တစ်ဖြစ်ကြောင်း သိရှိပြီးနောက် အခန်း (၁၉)သည် ကာယပညာအတန်းချိန်ကို လစ်ကြကာ စာသင်ခန်းတံခါးကို ပိတ်၍ ဘယ်ဘက်အပေါ်ထောင့်တွင် ချိတ်ထားသည့် တီဗီကို စုထိုင်ကာကြည့်ကြသည်။
ကမ္ဘာ့ဖလားပွဲစဥ်ကို စုေ၀းထိုင်ကြည့်ကြစဥ်က ခံစားချက်နှင့် မခြားပေ။ မတူတာတစ်ခု ပြောရမည်ဆိုလျှင် ပြိုင်ပွဲများထဲမှတစ်ယောက်သည် အတန်းဖော်တစ်ဦးဖြစ်သောကြောင့် ၎င်းတို့တွင် မိန်းမောသည့် ခံစားချက်တစ်ခု ထပ်မံရှိမှုဖြစ်သည်။
ကျုံးယို့ယို့သည် ရန်သူများ ၀ိုင်းနေသည့် ဤအဖွဲ့မှ ကျွမ်းကျင်စွာ ထိုးဖောက်ထွက်သွားသည်ကို တွေ့လိုက်သောအခါ အားလုံး၏ မျက်လုံးများက တောက်ပလာသည်။
အံ့မခန်းဖြစ်ပြီး သူတို့အခန်း(၁၉)၏ ဂုဏ်ယူစရာပင်။
ယခုအချိန်တွင် အခန်း(၁၉)မှ လူများသည် တကယ်ပင် အပြင်သို့ ခုန်ထွက်ကာ အော်ဟစ်လိုကြသည်။ သူတို့အတန်းမှသူသည် ပြည်နယ်တစ်ခုလုံး၌ ပထမဖြစ်သည်။ အခြားအတန်းများသည် အခန်း(၁၉)ကို နှိမ့်ချပြီး ၎င်းတို့အား ပုံသေအားဖြင့် ညံ့သောအတန်းဟူ၍ သတ်မှတ်ထားကြသည်။
အတန်းခေါင်းဆောင်က လူတိုင်းကို ဟန့်တား ကာ ကျုံးယို့ယို့ကို လေးစားပြီး အချိန်အတိုင်းအတာတစ်ခုထိ မည်သူကိုမှ မပြောခိုင်းခြင်းကြောင့်သာ မဟုတ်လျှင် ထိန်းထားနိုင်မှာ မဟုတ်ချေ။
ဧကရာဇ်မင်းတစ်ပါးသည် ညီအစ်ကိုကောင်းများကြားတွင် ရုတ်တရက်ပေါ်လာသကဲ့သို့ ခံစားရပြီး အလွန်ဂုဏ်ယူဖွယ်ကောင်းလှသည်။
အခန်း(၁၉)မှ ကျုံးယို့ယို့က ပြိုင်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်လျက်ရှိပြီး ကြာမြင့်စွာ ဖုံးကွယ်ထားခြင်းကြောင့် သစ္စာမရှိဟုဆိုကာ ညည်းတွားကြသော်လည်း ကျုံးယို့ယို့အတွက် အလွန်ပျော်ရွှင်နေကြဆဲဖြစ်သည်။
ပထမပွဲစဉ်သည် အလွန်လျင်မြန်စွာ ပြီးဆုံးပြီး ပထမပွဲစဉ်မှ ထူးချွန်သူများသည် ဒုတိယပွဲစဥ်သို့ တက်ရောက်မည်ဖြစ်သည်။
ကျုံးယို့ယို့သည် သူမ၏ ပခုံးများကို ပွတ်သပ်ကာ စင်မြင့်မှ ဆင်းကာ နောက်ဘက်ရှိ စောင့်ဆိုင်းခန်းသို့ ပြန်လာသည်။ ကျန့်ကျီရိနှင့် ရှောက်ကျောက်အပြင် ကစားသမား အများအပြားက သူမကို ဝိုင်းဖွဲ့ကာ သူမ ခံစားရပုံကို မေးမြန်းကြသည်။ မိတ်ကပ်ပညာရှင်နှင့် လက်ထောက်ဆရာတို့က လာရောက်ပြီး စကားစမြည်ပြောကြသည်။
ကျုံးယို့ယို့သည် လူအများကို အချိုရည်များဖြင့် တိုက်ခဲ့ပြီး လွန်ခဲ့သည့် နှစ်ရက်အတွင်း လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် ပိုသိလာကြသည်။ ကျုံးယို့ယို့သည် နယ်မြေ B တွင် ထင်ရှားကျော်ကြားသော ပြိုင်ပွဲ၀င်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။
ကျုံးယို့ယို့က ပြုံးပြီး ' အဆင်ပြေသည်' ဟူ၍ပြောသည်။
ကျန့်ကျီရိသည် ဤနေရာတွင် ပြဿနာသိပ်မရှိချေ။ Z ပြည်နယ်သည် ပညာရေးတွင် အဓိကပြည်နယ်တစ်ခုဖြစ်သည်။ အခြားပြည်နယ်၊မြို့များနှင့် နှိုင်းယှဉ်ပါက Z ပြည်နယ်တွင် ထိပ်ဆုံးသုံးဦးမှာ အလေးချိန်အနည်းငယ်ရှိသည်။
ခဏကြာပြီးသည့်နောက် ချောင်လန်ပြန်ရောက်လာသည်။ သူမသည် အခြားလူခြောက်ဦးကို အနိုင်ပိုင်းကာ သူမ၏ကိုယ်ပိုင်အဖွဲ့က ကြီးကျယ်သော အောင်ပွဲတစ်ခုကို ရရှိခဲ့သည်။