Chapter 130
သူမသည် အောင်ပွဲခံကာ ပြန်လာခဲ့သော်လည်း သိသိသာသာပင် လူအများက သူမကို အာရုံမစိုက်ကြပေ။ သူမပတ်ဝန်းကျင်မှာရှိသည့် ပြည်နယ် H က လူများသည် သူတို့၏စိတ်ပျက်အားငယ်မှုတွင် နစ်မြုပ်နေကြသည်။ ပြိုင်ပွဲက ဒီလောက်ပြင်းထန်မည်ဟု မမျှော်လင့်ထားချေ။ ဖိုင်နယ်မရောက်ခင် အုပ်စုအဆင့် ပထမအချီမှာ ဖယ်ထုတ်ခံလိုက်ရသည်။
ထို့ကြောင့် မည်သူက ချောင်လန်၏ ရှေ့ကကင်မရာကို အခွင့်ကောင်းယူရန် ချီးကျူးစကားပြောလိုစိတ် ရှိနေမည်နည်း။
ထို့အပြင် နာ့ချောင်လန်သည် ကင်မရာဆရာ၏ မျက်နှာသာ ပေးခြင်းမခံရတော့ပေ။
ကင်မရာ၏မှန်ဘီလူးက ကျုံးယို့ယို့ဆီသို့သာ မကြာခဏ ရောက်ရှိနေသည်။
ချောင်လန်ဘက်ခြမ်းက အေးစက်သွားသည်။ ဤကဲ့သို့ သဘောထားကွဲလွဲမှုက သူမကို အရမ်းဒေါသထွက်စေသည်။
သူမက လူများဝိုင်းရံလျက် အလယ်တွင် ရက်ကွန်းခေါင်းစွပ်နှင့် ကျုံးယို့ယို့ကို တစ်ချက်ကြည့်လိုက်ပြီး နှလုံးသားထဲတွင် အမည်မသိမီးတောက်တစ်ခု ခံစားလိုက်ရသည်။
ဧရိယာ B တွင် လူ ၁၀၀ မှ ၂၇ ယောက်သာကျန်ရှိတော့သည့်တိုင်အောင် ထုတ်ပယ်သွားမည်ဖြစ်ပြီး ထို ၂၇ ယောက်က စတုတ္ထနေ့တွင် ဒုတိယအချီ ယှဉ်ပြိုင်မည်ဖြစ်သည်။
ဤအလှည့်ကို ကျပန်းမသတ်မှတ်ထားဘဲ လွတ်လပ်စွာရွေးချယ်နိုင်သည်။ မူလက နာ့ချောင်လန်သည် ပြည်တွင်း၏ ထိပ်ဆုံး ၂၀ သို့ ၀င်ရောက်နိုင်သည့် အလားအလာပိုရှိရန် အားနည်းသောပြိုင်ဘက်ကို ရွေးချယ်သင့်သည်ဟု သိထားသော်လည်း သူမသည် မျိုသိပ်ထားနိုင်ခြင်းမရှိပေ။
ကျုံးယို့ယို့နှင့်အတူ စောင့်ဆိုင်းနေသည့် တခြားပြိုင်ပွဲဝင်တွေနှင့် ကျုံးယို့ယို့ကို အထူးအာရုံစိုက်ပေးသည့် ရှိုးမန်နေဂျာတို့ကိုမြင်သည့်အချိန်အတိုင်း ကျုံးယို့ယို့နှင့် ယှဉ်ပြိုင်ရန် စိတ်ပိုင်းဖြတ်ထားသည်။
ဤအကြိမ်တွင် ကျုံးယို့ယို့နှင့် ကျန့်ကျီရိတို့က သက်ဆိုင်ရာပြိုင်ဘက်ခေါင်းဆောင်များကို ရွေးချယ်ပြီးနောက် သူမသည် ကျုံးယို့ယို့ အဖွဲ့သို့ တိုက်ရိုက်ရွေးချယ်ခဲ့သည်။
“သေရမှာကို တကယ် မကြောက်ဘူး "
" ဘာတွေပြောနေတာလဲ၊ သူကလည်း ပြည်နယ် H မှာ နံပါတ်တစ်၊ သူက ပြည်နယ် Z ထဲက တစ်ယောက်ကို ဖြုတ်ချပစ်နိုင်တာလဲ ဖြစ်နိုင်တာပဲ "
ပထမအချီမှာ ကျုံးယို့ယို့ကို ရှုံးနိမ့်ခဲ့သည့် ပြိုင်ပွဲဝင်တော်တော်များများက လူသားစားပန်းပွင့် ကျုံးယို့ယို့ကို ရှောင်သင့်တယ်လို့ ညည်းတွားနေကြပေမယ့် ချောင်လန်ကတော့ တကယ်ကို အံ့သြစရာကောင်းလောက်အောင် စိန်ခေါ်ခဲ့သည်။
ဒုတိယအကျော့မှာ အုပ်စုတစ်ခုစီမှ တစ်ဦးသာ အသက်ရှင်ကျန်တော့မည်ကို သူမ မသိသည်လား။ ဤအရာက စိတ်လိုက်မာန်ပါဖြစ်လွန်းသည်။
သူမနှင့် ကျုံးယို့ယို့တို့ထဲက တစ်ယောက်သည် သေမည် သို့မဟုတ် အသက်ရှင်လိမ့်မည်။ ယခုက ကြည့်ကောင်းမည့် ရှိုးတစ်ခုပင်။
စုစုပေါင်းအဖွဲ့ လေးဖွဲ့ရှိ၏။ ကျုံးယို့ယို့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံပြီးနောက် သူမ၏အဖွဲ့သည် လူသားစားပန်းများကဲ့သို့ ကြောက်စရာကောင်းသော အုပ်စုအဖြစ် လက်တွေ့တွင် ပြောင်းလဲသွားခဲ့ပြီး ထည့်သွင်းပြောသည်နှင့် ကြောက်ရွံ့မှုကို ခံစားစေသည်။သူမ၏အဖွဲ့သို့သွားရန် မည်သူမျှ ဆန္ဒမရှိကြဘဲ အခြားသုံးအုပ်စုထံ ပြေးထွက်သွားကြသည်။ ရလဒ်အနေဖြင့် အခြားအုပ်စုသုံးဖွဲ့တွင် လူခုနစ်ဦးပြည့်သွားပြီးနောက် ကျန်နှေးေကွးသောသမားများသည် သူမ၏အဖွဲ့တွင် ပါဝင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
ထို့ကြောင့် နာ့ချောင်လန်အပါအဝင် သူမ၏အဖွဲ့တွင် လူခြောက်ဦးသာ ရှိသည်။
ကျုံးယို့ယို့ အနည်းငယ်ရယ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။ ပထမအချီတွင် သူမသည် ရက်စက်လွန်းလှသောကြောင့် ထိုကစားသမားများသည် ကျန့်ကျီရိ၏အဖွဲ့ထဲသို့ တိုးဝင်ချင်ကြသည်...။
ဒုတိယအကျော့ ပြိုင်ဆိုင်မှုမှာ ပို၍ပင် ပြင်းထန်သည်ဟု ဆိုနိုင်ပြီး အားလုံးက သူတို့၏ နှလုံးသားထဲတွင် စစ်ပွဲသံကို စတင် လောင်ကျွမ်းစေသည်။ ၎င်းသည် နိုင်ငံတွင်း ထိပ်ဆုံးအေယာက် ၂၀ သို့ တက်ရောက်နိုင်မတက်ေရာက်နိုင်ကို တိုက်ရိုက်အဆုံးအဖြတ်ပေးမည့်ဂိမ်းဖြစ်သည်။ ယခုအချိန်ကို ပရိသတ်ထောင်ပေါင်းများစွာက စောင့်စားကြည့်ရှုသင့်သည်။
စင်မြင့်ပေါ်တွင် ပြိုင်ပွဲဝင်များစွာ မတ်တပ်ရပ်လျက် V ပုံသဏ္ဍာန်ဖြင့် စီစဥ်ထားသည်။ ဖန်သားပြင်ကြီးကြီးပေါ်ရှိ မေးခွန်းများနှင့် အစီအစဉ်တင်ဆက်သူသည် တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်ရှိနေသည်။ ဖန်သားပြင်ပေါ်ရှိ အပြာရောင်အလင်းတန်းသည် ပြိုင်ပွဲဝင်တစ်ဦးစီ၏ မျက်နှာပေါ်တွင် လင်းလက်နေသဖြင့် ၎င်းတို့ကို တင်းမာစေပြီး အလွန်အမင်း တုန်လှုပ်စေသည်။
ပြိုင်ပွဲ၀င်အားလုံးက ဖော်ပြသည်ဖြစ်စေ မပြသည်ဖြစ်စေ အလွန်သတိရှိနေကြသည်။ ဤနည်းအားဖြင့် အခြားသူများက သူတို့ကဲ့သို့ကြောက်ရွံ့နေကြသည်ကို သိရခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုရစေမည်ဖြစ်သည်။
သို့သော် ပြည်နယ် Z မှ ကျုံးယို့ယို့သည် တစ်ခုတည်းသောခြွင်းချက်ဖြစ်သည်။ သူမသည် ခေါင်းစွပ်ကိုဝတ်ဆင်ထား၍ သူမ၏အမူအရာကို မည်သူမျှ ရှင်းလင်းစွာမမြင်ရချေ။ အောင်ပွဲခံလက်မှတ်ရထားသကဲ့သို့ ငြိမ်သက်နေသည့် လက်ချောင်းများကြားမှ သေးငယ်သောလှုပ်ရှားမှုေလးပင် မရှိဘဲ ထိုနေရာတွင် မတ်မတ်ရပ်နေသည်။
သူမစိတ်လှုပ်ရှားမှုဖြစ်မဖြစ်နှင့် သူမ၏ အမူအရာက မည်သို့ဖြစ်သည်ကို မည်သူမှ မသိကြပေ။ ဘာပဲဖြစ်ဖြစ် သိခဲ့လျှင်တောင် ကျုံးယို့ယို့၏ တုံ့ပြန်မှုကို မမြင်နိုင်ဘဲ အခြားပြိုင်ပွဲဝင်ငါးယောက်ကို ပို၍ တုန်လှုပ်သွားစေသည်။
' သေစမ်း ဒီလိုမှန်းသိ သူတို့လည်း ခေါင်းစွပ် စွပ်ခဲ့ပါတယ် '
ဤအခိုက်အတန့်၌ မီးဆိုင်းများအောက်တွင် ရာနှင့်ချီသော ကင်မရာများက ၎င်းတို့ကို ဘက်ပေါင်းစုံမှ ၃၆၀ ဒီဂရီဖြင့် ရိုက်ကူးနေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို အခန်း(၁၉)မှလူများ၊ မင်းသယ် အသက်မွေးမှုပညာအထက်တန်းကျောင်းမှလူများ၊ နိုင်ငံတစ်ဝှမ်းမှ ပရိသတ်များအားလုံးသည် ဖန်သားပြင်ပေါ်ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသည်။
ဆယ့်ကိုး
……
သုံး၊ နှစ်၊ တစ်
တင်ဆက်သူသည် စည်းကမ်းချက်များကို စတင်ကြေညာသည်။
ဒုတိယအချီပြိုင်ပွဲနှင့် ပထမအချီအကြား ကွာခြားချက်မှာ ပထမအချီတွင် သတ်မှတ်ထားသည့်အချိန်အတွင်း ဖြေဆိုသောမေးခွန်းအရေအတွက်ပေါ်မူတည်၍ ရမှတ်များကို စုဆောင်းထားပြီး အများဆုံးရရှိသူများမှာ သိသာထင်ရှားသည်။ ဤအကြိမ် မေးခွန်းများက ပထမအချီထက် ခက်ခဲပေသည်။
ဒုတိယအချီကို အချိန်ဆယ်မိနစ်သာ ပေးထားပြီး ဆယ်မိနစ်အတွင်း မေးခွန်းသုံးခုကို ခက်ခဲမှုသုံးမျိုးခွဲ၍ ဖန်သားပြင်ကြီးပေါ်တွင် ပြသမည်ဖြစ်သည်။ အနိမ့်ဆုံးခက်ခဲမှုအဆင့်သည် နိုင်ငံေတာ်အဆင့်ဆီမီးဖိုင်နယ်သို့ရောက်ရှိပြီး သူများက ၎င်းတို့ကိုဖြေရှင်းရန် သာလွန်သည့် ဉာဏ်ရည်များရှိပြီး အလွန်ကောင်းမွန်သည်။ ခက်ခဲမှုအမြင့်ဆုံးသည် လူများစွာအတွက် ဖြေရှင်းရန် အလွန်ခက်ခဲကာ အနည်းငယ်သောသူများသာ ဖြေဆိုနိုင်ကြသည်။ ဖြေရှင်းနိုင်လျှင်တောင် အချိန်တိုအတွင်း မဖြစ်နိုင်ပေ။
စည်းမျဉ်းမှာ ပြိုင်ပွဲ၀င်များစွာသည် ၎င်းတို့ထဲမှ တစ်ခုကို ရွေးချယ်နိုင်ပြီး ထိုအရာကို ဖြေရှင်းနိုင်သရွေ့ အဆင့်ကို အောင်မြင်မည်ဖြစ်သည်။ သို့သော် စာမေးပွဲကို အောင်မြင်သည်က ဖိုင်နယ်သို့ မဦးတည်ပေ။
ဘာကိုဆိုလိုသနည်း။ အဖွဲ့ထဲက တစ်ယောက်ယောက်က အခက်ခဲဆုံး ပြဿနာကို ဖြေရှင်းနိုင်ပါက တခြားသူများသည် လွယ်ကူသည်ထဲက ပြဿနာတစ်ခုကို ဖြေရှင်းနိုင်လျှင်တောင် ဖယ်ထုတ်ခံရလိမ့်မည်။
ယင်းသည် အကျဉ်းသား၏ ဘေးကျပ်နံကျပ်ဖြစ်မှု အမျိုးအစားသစ်တစ်ခုဟု ဆိုနိုင်သည်။
အကယ်၍ ပြိုင်ပွဲ၀င်များအားလုံးသည် အပြိုင်အဆိုင်မရှိကြဘဲ အရိုးရှင်းဆုံးမေးခွန်းကိုဖြေရန် အချင်းချင်းသဘောတူပါက လူတိုင်းသည် စာမေးပွဲအောင်မြင်ပြီး ဖိုင်နယ်သို့ဝင်ရောက်နိုင်သည်။
သို့သော်အဓိကအချက်သည် အခက်ခဲဆုံးမေးခွန်းကို လူတစ်ယောက်ကသာ ဖြေရှင်းပြီး ဖြေရှင်းနိုင်သွားလျှင် ရိုးရှင်းသည့်မေးခွန်းကို ဖြေဆိုသူများက ထုတ်ပယ်ခံရမည်။
နောက်ဆုံးတွင် ၎င်းသည် ရသစုံရှိုးပွဲဖြစ်ပြီး ပြိုင်ပွဲဝင်များ၏ လူသားဆန်မှုကို စမ်းသပ်မည့် ထွင်လုံးများဖန်တီးပေးမည်ဖြစ်သည်။
တခြားအဖွဲ့တွေကို မသိနိုင်ပေမယ့် ဤအဖွဲ့ထဲက လူခြောက်ယောက်သည် ရက်ကွန်းခေါင်းစွပ်ကို ဝတ်ထားသည့် ရက်စက်ကြမ်းကြုတ်တဲ့ဝံပုလွေက အခက်ခဲဆုံးမေးခွန်းကို သေချာပေါက်ဖြေနိုင်လိမ့်မည်။ ' သူ့မျက်လုံးတွေ လင်းလာတာကို သူတို့ မမြင်မိလိုက်ဘူးလား။ သူမမျက်လုံးတွေကို သူတို့ ဘယ်လိုမြင်လဲ မမေးနဲ့။ အခက်ခဲဆုံးမေးခွန်းက ဖန်သားပြင်ကြီးမှာ ပေါ်လာတဲ့အခါ သူမ က သေချာပေါက်ကို စိတ်လှုပ်ရှားနေခဲ့တာ "
အရိုးရှင်းဆုံးမေးခွန်းကို ဖြေလျှင်တောင် အသုံးမဝင်ချေ။ ပြည်နယ် Z မှာ ပထမအဆင့်ရသည့် ဝံပုလွေက အခက်ခဲဆုံးမေးခွန်းကိုဖြေပြီးသည်နှင့် သူတို့အားလုံး သူမကို ရှုံးသွားပေမည်။
ထို့ကြောင့် လူတိုင်း၏ ပထမဆုံးတုံ့ပြန်မှုက နာကျင်မှုကနေ သင်ယူပြီး အခက်ခဲဆုံးလမ်းကို ရွေးချယ်ဖို့ ကြိုးစားခြင်းဖြစ်၏ ။
ချောင်လန်သည် ကျူံယို့ယို့ကို ယှဉ်ပြိုင်လိုသည်မှာ ပြောစရာပင်မလိုပြီး သူမက အရှုံးပေးမည်မဟုတ်သဖြင့် အခက်ခဲဆုံးကို သေချာပေါက် ရွေးချယ်လိမ့်မည်။
တင်ဆက်သူက ဤအဖွဲ့သည် တခြားအဖွဲ့များထက် ပို၍စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရပြီး သူတို့အားလုံးက အခက်ခဲဆုံးကို တညီတညွတ်တည်း ရွေးခဲ့ကြသည်ကို တွေ့ရပြီးနောက် နောက်ပြောင်လိုက်သည်။ " တကယ့်ကို အကောင်းဆုံးအဖွဲ့ပါပဲ။ အခက်ခဲဆုံးကို ရွေးခဲ့တာလား။ မင်းတို့က ရည်မှန်းချက်ကြီးတာပဲ "
ကျုံးယို့ယို့နှင့် ချောင်လန်မှလွဲ၍ ကျန်လေးဦး - "..."
' နားထောင်ပါအုံး။ ဒါက လူ့ဘာသာစကားလား။ အတင်းအကြပ်ခိုင်းခံရတာကို မမြင်ဘူးလား။ သူတို့ကို ဆွဲထုတ်ပြီး ပြေးခိုင်းတာကို မင်းမမြင်ဘူးလား '
……
သဲနာရီသည် ဆက်တိုက်ကျဆင်းနေပြီး လေထုသည် အလွန်တင်းမာနေသည်။
ချောင်လန်၏ တစ်ကိုယ်လုံး တင်းမာနေပြီး သူမသည် တစ်မိနစ် သို့မဟုတ် နှစ်မိနစ်စီတိုင်း ကျုံးယို့ယို့ကို ကြည့်ပြီး စိတ်ထဲတွင် မြန်မြန်ဆန်ဆန် တွက်ချက်ကာ ပုံသေနည်းများကို အောက်တွင် အမြန်ရေးနေလေသည်။
ဤမေးခွန်းတွင် လက်ရှိခေတ်ခွဲခြမ်းစိတ်ဖြာမှု ပါဝင်သည်။ ၎င်းတွင် နှိုင်းရသီအိုရီနှင့် အကြွင်းမဲ့ သီအိုရီတို့သည် လူများကို မူးဝေစေပြီး အမျိုးမျိုးသော ရှုပ်ထွေးသည့် တွက်ချက်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ကံကောင်းထောက်မစွာ ချောင်လန်သည် ကောင်းမွန်စွာ ပြင်ဆင်ထားသည်။ အချိန်အနည်းငယ်ပိုပေးပါက ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဤမေးခွန်းကို သူမ သေသေချာချာ နားလည်ကာ ယခု၌ သူမမှာ ဆယ်မိနစ်သာ
ရှိသော်လည်း သူမ ဖြေဆိုနိုင်၏ ။
သူမက လျင်မြန်စွာ တွက်ချက်ကာ ရင်များခုန်နေပြီး အောင်ပွဲနှင့် မဝေးတော့ဟု စိတ်လှုပ်ရှားစွာ ခံစားရသည်။
' မေးပါရစေ၊ သူမအပြင် ဒီမေးခွန်းကို ဆယ်မိနစ်အတွင်း ဘယ်သူဖြေနိုင်မလဲ '
ပြည်နယ် Z မှ ရက်ကွန်းခေါင်းစွပ်သည် ၎င်း၏အမည်နှင့်အညီ ဖြေရှင်းနိုင်လျှင်ပင် ၎င်းကို သူမနှင့် ပူးတွဲဟု ယူဆမည်ကြပြီး သူတို့နှစ်ဦးသည် နိုင်ငံတော်အဆင့် ဖိုင်နယ်သို့ အတူတကွ ဝင်ရောက်ကြမည်ဖြစ်သည်။
ဤနေရာတွင် ကျန်လေးယောက်မှာ ပိတ်မိနေပြီး သူတို့၏ စိတ်များက တုန်လှုပ်နေသည်။
အမှန်မှာ ဤဉာဏ်ရည်ဉာဏ်သွေးပြိုင်ပွဲသည် လူတစ်ဦး၏ အလုံးစုံအရည်အသွေးကို စမ်းသပ်ခြင်းဖြစ်သည်။ အနည်းငယ်ရိုးရှင်းသောမေးခွန်းသည် ကြည့်ရှုသူအများအပြားရှေ့တွင် လွယ်ကူစွာဖြေရှင်းနိုင်သည်။ ဤမျှရှုပ်ထွေးခက်ခဲသောမေးခွန်းအတွက် သူတို့ကို အချိန်အနည်းငယ်ပေးပြီး အလုံးစုံတိတ်ဆိတ်မှုထဲတွင် သူတို့သည်လည်း လုပ်နိုင်သည့် အခွင့်အလမ်း ရှိနေဆဲပင်။
သို့သော် သူတို့အားလုံး အရမ်းစိတ်လှုပ်ရှားနေကြပြီး လက်ချောင်းများက တောင့်တင်းနေရာ ထိုမေးခွန်းကို တွေးတောရန် စိတ်အာရုံကို ၁၀၀ ရာခိုင်နှုန်း မည်ကဲ့သို့ စူးစိုက်နိုင်မည်နည်း။
လူနှစ်ယောက်က တစ်ဝက်တစ်ပျက် ဖြေရှင်းပြီးသည့်နောက် ရိုးရှင်းသည့် တစ်ခုဆီကို ပြောင်းလဲလိုက်သည်။
မြင်းသေတစ်ကောင်ကို အသက်ရှင်နေသယောင် သဘောထားရန် ကြိုးစားနေသည်။ သူတို့သည် သေချာပေါက် အခက်ခဲဆုံးတစ်ခုကို ဖြေနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အရိုးရှင်းဆုံးတစ်ခုကို လက်လွှတ်မခံသင့်ပေ။ ကျုံးယို့ယို့နှင့်ချောင်လန်တို့လို အထင်ကြီးလောက်သည့် ပါဝင်သူတွေသာလျှင် အခက်ခဲဆုံးတစ်ခုကို ဖြေရှင်းနိုင်လောက်ပေမည်။ သို့သော် သူတို့သည်လည်း ၀သယောင်ဟန်ဆောင်ဖို့ မျက်နှာကို ရောင်ကိုင်းစေခြင်းလည်းဖြစ်နိုင်၏။
မိနစ်အနည်းငယ်ကြာ အချိန်တစ်ဝက်ကျော်ကျော် ကုန်ဆုံးသွားပြီး ပြိုင်ပွဲဝင်တစ်ဦးသည်အရိုးရှင်းဆုံးတစ်ခုကိုပင် မစွမ်းဆောင်နိုင်ဘဲ စွန့်လွှတ်လိုက်ရသည်။
ပရိသတ်အားလုံး ရင်ခုန်သံတွေကိုသာ ကြားနေရသည် ။
ပြိုင်ပွဲ၀င်များ၏နဖူးများက ချွေးစေးများနှင့် ရွှဲနေသည်။
ဤနေရာတွင် အခန်း(၁၉)မှကျောင်းသားများသည်လည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှုသည် ကျုံးယို့ယို့၏အဖွဲ့ကို ရိုက်ကူးမှုဖြစ်နေသည်။ ရက်ကွန်းေခါင်းဆောင်းတွင် ရောင်စုံကွက်ဧရိယာများလွန်းသောကြောင့် ပရိုဂရမ်အဖွဲ့မှ ကျုံးယို့ယိူ့အား ရိုက်ချက်များစွာမပေးခဲ့ချေ။ တခြားပြိုင်ပွဲ၀င်များ၏ အံကြိတ်ပြီး တင်းမာနေသည့် ရိုက်ချက်များသာ အများကြီးဖြစ်သည်။
အခန်း(၁၉) မှ လူများသည် အလွန်ထိတ်လန့် တုန်လှုပ်ကြပြီး အသက်ရှုမဝဝံ့ကြချေ။ နိုင်ငံ တော်အဆင့်၏ထိပ်ဆုံး အယောက် ၂၀ နေရာကို တိုက်ရိုက်အဆုံးအဖြတ်ပေးမည့် ဆီမီးဖိုင်နယ် ဒုတိယအကျော့၏ ရလဒ်သည် မည်သို့ဖြစ်မည်ကို မသိကြသေးပေ။
" စက္ကန့်သုံးဆယ်ကျန်ပါတယ်၊ လူတိုင်း မင်းတို့ရဲ့အဖြေတွေကို စစ်ဆေးပါ " တင်ဆက်သူက သတိပေးသည်။
အခက်ခဲဆုံးမေးခွန်းအတွက် အချိန်ကုန်ခံပြီး ဖြေနေသော သူများနှင့် အရှုံးပေးခဲ့သည့် ပြိုင်ပွဲဝင်တွေအားလုံး အရှက်ရသွားကြသည်။ သူတို့သည် လူများဝိုင်းအုံခြင်းထဲမှ သေချာပေါက်ရုန်းထွက်နိုင်မည် မဟုတ်ကြောင်း သိကြသည်။
မမျှော်လင့်စွာဖြင့် လမ်းတလျှောက် ဤနေရာတွင်သာ ရပ်နိုင်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ကြချေ။
လမ်းခုလတ်တွင် လွယ်ကူသောမေးခွန်းများကို ရွေးချယ်ခဲ့သည့် အခြားပြိုင်ပွဲဝင်နှစ်ဦးမှာ ချွေးသီးများထွက်ကာ ရေးသားနေဆဲဖြစ်သည်။
ထိုအချိန်တွင် နာ့ချောင်လန်သည် ရုတ်တရက် ပြုံးကာ သူမ၏လက်ထဲမှ စာရွက်ကို ကိုင်ေမြှာက်လိုက်ပြီး "အခက်ခဲဆုံးမေးခွန်းကို ဖြေပြီးပြီ" ဟူ၍ ပြောလိုက်သည်။
ပရိသတ်များနှင့် ပြိုင်၀င်များအားလုံး အသက်ပြင်းပြင်းရှူလိုက်ကြသည်။
သူတို့သည် ရက်ကွန်းခေါင်းစွပ်ဝတ်ထားေသာ အေးအေးဆေးဆေးဖြစ်နေသည့် မိန်းကလေးကို ကြည့်ပြီး နောက်ဆုံးအနိုင်ရသူမှာ ရက်ကွန်းမိန်းကလေးဖြစ်မည်ဟု တွေးထားသော်လည်း ပြည်နယ် H မှ မိန်းကလေးက ၎င်းကို ပထမရလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
တင်ဆက်သူသည်လည်း အံ့အားသင့်သွားပြီး " ဒီပြိုင်ပွဲ၀င်က တကယ်ကို သန်မာတာပဲ၊ ဒါပေမယ့် ဆယ့်ငါးစက္ကန့်ကျန်သေးတယ် " ဟု ချီးကျူးခဲ့သည်။
နောက်ဆုံး တစ်ဆယ့်ငါးစက္ကန့်တွင် လူတိုင်း၏ အာရုံကြောများ တင်းမာသွားသည်။
လေထုသည် ပြတ်ခါနီးသည့် ကြိုးတစ်ချောင်းနှင့်တူသည်။
နာ့ချောင်လန်သည် အခက်ခဲဆုံးမေးခွန်းကို ဖြေရှင်းခဲ့သည်။ သူမသည် သူမ၏လက်နှစ်ဖက်ကို စားပွဲပေါ်တင်ကာ မျက်လုံးများနှင့် မျက်ခုံးများပေါ်၌ အားရကျေနပ်မှုကို ဖော်ပြထားရင်း ဆန့်ကျင်ဘက်၌ရှိသည့် ကျုံးယို့ယို့ကို ကြည့်လိုက်သည်။
သူမ၏ယုံကြည်မှု အပြည့်ရှိသည့်အကြည့်ကို မြင်လိုက်ရချိန်တွင် ရက်ကွန်းခေါင်းစွပ်ကို ၀တ်ဆင်ထားသော ကျုံးယို့ယို့သည် လျင်မြန်စွာ ရေးသားနေဆဲဖြစ်ပြီး အခန်း (၁၉)မှာရှိသည့် သူများ၏ခံစားချက်များ အေးခဲသွားခဲ့သည်..။
တောင်တစ်ေတာင်တိုင်းတွင် သူထက်ပိုမြင့်မားသည့်တောင်များ ရှိကြသည်မှာ မှန်ပေသည်။
သူတို့၏မျက်လုံးထဲ၌ ပြည်နယ် Z ၏နံပါတ်တစ်သည် အလွန်ေတာ်နေပြီးဖြစ်သည်။ သူတို့အတန်းထဲမှ အရမ်းတော်နေပြီဖြစ်သည့် ကျုံးယို့ယို့သည် ဤလွှမ်းမိုးချုပ်ကိုင်တတ်သည့် မိန်းကလေးကို ရှုံးရတော့မည်လား။
ဘယ်လောက်တောင် ဒေါသထွက်စရာ ကောင်းလိုက်လေသနည်း။
လူတိုင်းသည် လက်သီးများကို ဆုပ်ကိုင်ထားပြီး ရလဒ်ကို မကြည့်နိုင်ရဲကြပေ။
တစ်ဆယ့်ငါးစက္ကန့်အကြာတွင် ပြိုင်ပွဲဝင်များ၏ အဖြေများကို သိမ်းဆည်းလိုက်သည်။
ကျုံးယို့ယို့သည်လည်း သူမ၏ အဖြေစာရွက်ကို လက်လှမ်းပေးလိုက်ပြီး အလွန်ငြိမ်သက်နေပုံပေါ်သော ချောင်လန်ကို မော့ကြည့်လိုက်သည်။
ချောင်လန်သည် အခက်ခဲဆုံးမေးခွန်းကို ဖြေရှင်းနိုင်ခဲ့သည့်အတွက် အလွန်ဂုဏ်ယူမိသလို ခံစားရပြီး နှာမှုတ်လိုက်သည်။ ပြည်နယ် Z ၏ နံပါတ်တစ်က သူမကို ကျော်လွန်သွားနိုင်ပါ့မည်လား။ အလွန်ဆုံးဖြစ်နိုင်သည်က ပူးတွဲအနိုင်ရခြင်းပင်။
တင်ဆက်သူက " ကောင်းပြီ၊ ဒိုင်လူကြီးတွေကို ငါးမိနစ်ပေးပါ။ ငါးမိနစ်အကြာမှာတော့ အဆင့်သတ်မှတ်ချက်တွေကို ဖန်သားပြင်ပေါ်မှာ ကြေညာပါမယ် "
ပရိသတ်များအတွက် ဤငါးမိနစ်ကို အခြားအဖွဲ့များသို့ လွှဲပြောင်းပေးချင်ကြပြီး ဤစင်မြင့်အတွက်သည် အလွန်အမင်းေလးလံ စေသည့် ငါးမိနစ်ဖြစ်သည်။
ဤငါးမိနစ်ကြာအတောအတွင်း ကစားသမားခြောက်ဦး၌ မတူညီသည့်အမူအရာများရှိနေကြသည်။
အခန်း (၁၉)မှသူများသည် အခြားအဖွဲ့များ မည်သို့လုပ်ဆောင်နေသည်ကို မမြင်လိုကြပေ။ သူတို့သည် ဤအဖွဲ့၏အခြေအနေကို ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်နေကြသည်။ သူတို့အားလုံးက နှလုံးသားထဲမှာ ညည်းတွားနေကြပေသည်။ ' ကျုံံးယို့ယို့က ထိပ်ဆုံး ၅၀၀ စာရင်းထဲမှာ ရပ်တန့်သွားေတာ့မှာလား။ ကျေးဇူးပြုပြီး မဖြစ်ပါနဲ့...'
ရန်ကျီအန်းနှင့် ရွှီရှောင်ယွဲ့တို့ နှစ်ယောက်လုံး တီဗွီကို ကြည့်နေကြသည် ။ မသိနိုင်သော ကံကြမ္မာကို စိတ်ထင့်မှုသည် သူတို့၏နှလုံးသားထဲတွင် ချိတ်ဆွဲထားသော ကျောက်တုံးကြီးတစ်ခုလိုပင်။
ကျုံးယို့ယို့ က ဤနေရာမှာရပ်သွားခဲ့လျှင်....
တင်ဆက်သူ : " ကြိုဆိုပါတယ်။ ငါးစက္ကန့်အတွင်း အဆင့်သတ်မှတ်ချက်တွေကို ကြေညာပါလိမ့်မယ်။ ကျေးဇူးပြုပြီး ဖန်သားပြင်ကို ကြည့်လိုက်ကြပါ "
ငါး--
အခန်း (၁၉) မှလူများသည် ချက်ချင်းခေါင်းများကို မော့လိုက်ကြသည်။
လေး--
ပရိသတ်များကြား မည်သည့်အသံမှ မကြားရပေ။ အားလုံးက စောင့်စားနေကြသည်။
သုံး--
ပြိုင်ပွဲ၀င်များသည် တောင့်တင်းနေပုံရသည်။
နှစ်--
နာ့ချောင်လန်သည် ကျုံးယို့ယို့ကို စိုက်ကြည့်နေဆဲဖြစ်ပြီး ကင်မရာက ဖြတ်သန်းသွားသည့်အခါ သူမက ဂုဏ်ယူစွာ ပြုံးလိုက်သည်။
တစ်--
ရက်ကွန်းခေါင်းစွပ်ဝတ်ထားသော ကောင်မလေးသည် ထိုနေရာတွင် ရပ်နေသည်။
……
ဖန်သားပြင်သည် ရုတ်တရက် လင်းလာပြီး ပေါ်လာသည်မှာ--
" ဘယ်လို..." ချောင်လန်၏ မာနကြီးသောအမူအရာသည် ချက်ချင်းဖျော့ဖျော့ဖြစ်သွားကာ သူမက အော်ဟစ်လိုက်သည်။
လူတိုင်းက မယုံနိုင်ဖြစ်ကြပြီး အခြားပြိုင်ပွဲ၀င်များအားလုံး ခေါင်းလှည့်ကာ ကျုံးယို့ယို့ကို ကြည့်ကြသည်။
ဖန်သားပြင်ပေါ်တွင် QYXLP(အခန်း (၃၉)၊ မင်းသယ်စီနီယာအထက်တန်းကျောင်း၊ ပြည်နယ် Z)သည် နာ့ချောင်လန်(အခန်း (၃)၊ စီနီယာအထက်တန်းကျောင်း၊ ပြည်နယ် H) အထက်၌ ရှိပြီး အခြားလူများစွာကို ဖော်ပြခြင်းမရှိဘဲ မီးခိုးရောင်အဝိုင်းများအဖြစ်သာ ပြသထားသည်။
အခန်း(၁၉) က " ဖာ့ခ် ကျုံးယို့ယို့ကွ ၊ ကျုံးယို့ယို့ "
တင်ဆက်သူက အနည်းငယ် အံ့အားသင့်သွားပြီး ဘေးက ကျုံးယို့ယို့ကို ကြည့်လိုက်သည်။ ဤအရာက မဖြစ်နိုင်ပေ။ ပြိုင်ပွဲဝင် ချောင်လန်က အခက်ခဲဆုံးမေးခွန်းကို ဖြေရှင်းပြီးပြီဆိုလျှင် ဤပြိုင်ပွဲဝင် မည်သည်ကိုလုပ်လုပ် ပူးတွဲသာလျှင် ဖြစ်နိုင်သည်။ ဤကဲ့သို့ ချေမှုန်းခြင်းက မဖြစ်နိုင်ချေ။
လူတိုင်း၏ သံသယများကိုမြင်သော ဒိုင်လူကြီးကိုယ်စားလှယ်က “ ဒီကျောင်းသူက မေးခွန်းသုံးခုလုံးကို ဆယ်မိနစ်အတွင်းမှာပဲ အဖြေရေးခဲ့တယ် ” ဟု ရှင်းပြလိုက်သည်။
ကျုံးယို့ယို့က ခေါင်းညိတ်ပြပြီး ရက်ကွန်းခေါင်းကို မော့ကာ လက်နှစ်ဖက်ကို ပိုက်ထားရင်း " ဒီထက် ခက်တဲ့ မေးခွန်းတွေ ရှိသေးလား " ဟု မေးလိုက်သည်။
လူတိုင်း: "…………
........
ဘာသာပြန်သူ၏ မှတ်စုများ :
[ 死马当成活马医 - မြင်းသေကို အသက်ရှင်နေသေးသယောင် သဘောထားခြင်း ]
- အဓိပ္ပါယ်က မျှော်လင့်ချက်မဲ့နေပြီးသား အခြေအနေကို ကုစားဖို့ကြိုးစားတဲ့ အချည်းအနှီးဖြစ်မှုပါ။
[ 打肿脸充胖子 - ၀သယောင်ဟန်ဆောင်ဖို့ မျက်နှာကို ရောင်ကိုင်းစေခြင်း]
-တစ်ဦးတစ်ယောက် အမှန်တကယ် တတ်နိုင်လုပ်နိုင်တာထက် ပိုပြီးတတ်နိုင်လုပ်နိုင်သလို ဟန်ဆောင်တာပါ။