Chapter 131
ကျုံးယို့ယို့ ဦးဆောင်သောအဖွဲ့သည် လှည့်ကွက်အလှည့်အပြောင်းများဖြင့် အသင်းအားလုံးကြားတွင် အမိုက်ဆုံးဖြစ်သည်။ ယခုပြိုင်ပွဲအချိန်သည် အခြားအချိန်များနှင့် နှိုင်းယှဉ်ပါက ဆီမီးဖိုင်နယ်အတွင်း ကြည့်ရှုသူ သိသိသာသာ ပိုများသည်။ ကြည့်ရှုသူသည် အရာများစွာကို ဆုံးဖြတ်ပေးကာ နောက်ဆက်တွဲ အာရုံဆွဲေဆာင်မှုက ပြောစရာပင် မလိုချေ။
ဤအခိုက်အတန့်တွင် အခန်း (၁၉)မှလူများနှင့် ဤအဖွဲ့၏ပါဝင်သူများသာမက တင်ဆက်သူအပါအ၀င် အားလုံးသောသူတို့သည် နောက်ဆုံးရလဒ်ကြောင့် တုန်လှုပ်သွားပြီး ဖန်သားပြင်ရှေ့ရှိ အခြားကြည့်ရှုသူများအားလုံးကိုလည်း ဤအံ့အားသင့်ဖွယ်ရာ အလှည့်အပြောင်းများဖြင့် အပျင်းပြေစေသည်။
အွန်လိုင်းထုတ်လွှင့်မှုတွင် မှတ်ချက်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ " ရက်ကွန်းခေါင်းဆောင်းကို ၀တ်ထားသူက တကယ်ကို စကေးရှိတယ်ဟ၊ ဟားဟား၊ ငါ့ကို သေလောက်အောင် ရယ်နေရစေတယ် "
" မိုက်လိုက်တာ၊ အဲဒါက ပြီးပြည့်စုံတဲ့ စိုးမိုးမှုပဲ "
" ငါ သူ့ကို အကြိုဗိုလ်လုပွဲကတည်းက လောင်းထားတာ ။ အခု သူမ ငြိမ်နေတာတွေ့တော့ တော်တော်လေး တုန်လှုပ်သွားတယ်။ ဟားဟား၊ အခုတော့ ငါ လူမှားပြီး လောင်းထားမမိဘူးထင်တယ် "
ဒုတိယအကျော့ပွဲစဉ်သည် လျင်မြန်စွာပြီးဆုံးခဲ့ပြီး အထူးသဖြင့် ကျုံးယို့ယို့အဖွဲ့အတွက် အငြင်းပွားမှုမရှိဘဲ ပြီးဆုံးသွားသည်။
ကင်မရာများစွာနှင့် ပရိသတ်အများအပြားရှိ နေပြီး ချောင်လန်သည် ခံတွင်းခြောက်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် စင်ပေါ်မှ သူမ မည်သို့ဆင်းလာသည်ကို မသိချေ။
သူမ စောင့်ဆိုင်းခန်းသို့ ပြန်လာပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်မောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူမက ဤအခိုက်အတန့်တွင် နောင်တအပြည့်ဖြင့် သွားများကို အံကြိတ်ထားသည်။ လုံလုံလောက်လောက်အားအင်ရှိသော်လည်း အဘယ့်ကြောင့် ထိုမိန်းကလေး၏ လက်ထဲတွင် ကျရှုံးခဲ့ရသနည်း။ ဆယ်မိနစ်အတွင်း ထိုမိန်းကလေး မေးခွန်းသုံးခု၏အဖြေကို မည်သို့ဖြေရှင်းနိုင်သည်ကို ဘုရားသခင်သာ သိတော်မူလိမ့်မည် ။
အချိန်အတော်ကြာအောင် တည်ဆောက်ခဲ့သော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် ဂုဏ်ယူမှုတို့သည် ထိုအချိန်တွင် လုံးဝပြိုကွဲသွားသည်။
သူမသည် ဤပြိုင်ပွဲအတွက် အချိန်အတော်ကြာအောင် ပြင်ဆင်ထားသမျှ ဘာမှဖြစ်မလာခဲ့ဘဲ ထိပ်ဆုံးနှစ်ဆယ်၀င် မဟုတ်တော့ကြောင်း တွေးမိသောအခါတွင် နှာခေါင်းနာပြီး ငိုချင်လုနီးပါး ငိုချင်လာသည်။
ဤကဲ့သို့ဖြစ်မည်ဆိုတာ သိခဲ့ရင်သူမအနေနှင့် QYXLP အဖွဲ့ကို ရွေးချယ်မည်မဟုတ်ပေ။
သူမကို မည်သည့်အဖွဲ့သို့မဆို ပြောင်းလိုက်လျှင် အခက်ခဲဆုံးမေးခွန်းကို ဖြေရှင်းနိုင်ပြီး နိုင်ငံတွင်း ထိပ်ဆုံး ၂၀ စာရင်းဝင်အောင် လုပ်နိုင်မည်ဟူ၍ သူမ ပြောနိုင်၏။ ဤအရာများအားလုံးက သူမအပြစ်များပင်။ သူမ ဘာကြောင့် စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသနည်း။
ချောင်လန်သည် ကျုံးယို့ယို့အဖွဲ့မှ အခြား အဖွဲ့ဝင် လေးဦးနှင့်အတူ အတူတကွ ထွက်လာသည်။ သူတို့အားလုံးသည် အကြည့်ချင်းဖလှယ်ကြပြီး မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ်အမူအရာကို ရှိနေကြသည်။
ပရိသတ်များစွာရှေ့မှာ ထိုကဲ့သို့ ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းရခြင်းသည် စိတ်ပိုင်းဆိုင်ရာအရည်အသွေးစမ်းသပ်မှုတစ်ခုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအားထုတ်မှု၏ နှိပ်စက်ညှဉ်းပန်းမှုတစ်ခုဟူ၍ ပြောရပေမည်။ ပြီးနောက် ရှိသမျှ အလွန်အာရုံစိုက်ရမည်။ မကြာသေးခင်ကတစ်ခု ပြီးသွားသည့်အခါ သူတို့၏ဦးနှောက်များအားလုံး နာကျင်နေပြီး နားထင်များကလည်း ရုတ်တရက် ကိုက်ခဲနေသည်။
ယောင်္ကျားလေးများထဲမှ တစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အခေအနေက အရမ်းမကောင်းချေ။ ထိုသူက မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်ဘဲ ဘေးဘက်သို့ သွားကာ ထိုင်ချလိုက်ရသည်။
"မေ့လိုက်တော့ " ခါးခါးသီးသီး ပြုံးကာ ပြောလိုက်သည်။ " ငါတို့ကိုယ်ပိုင်အရည်အချင်းက အခြားသူေတွထက် နိမ့်ကျတာက အမှန်ပါပဲ။ နိုင်ငံတွင်း ထိပ်ဆုံး ၂၀ စာရင်းဝင်ရန် အနီးအနားထိ ရောက်လာတာပဲ မဆိုးပါဘူး "
"ဒါပေမယ့် အဲဒီမိန်းကလေးက အရမ်းသန်မာလွန်းတယ်၊ မေးခွန်းသုံးခုလုံးကို ဆယ်မိနစ်အတွင်း ဘယ်လိုဖြေနိုင်မှာလဲ။ ခေါင်းစဉ်ကိုသိပြီးသားမဟုတ်ရင် လူသားမဟုတ်ဘူးပဲ..”
" အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့ " အခြားကောင်လေးတစ်ယောက်က မကြည်လင်သည့် မျက်နှာဖြင့် ဘေး၌ ရပ်နေပြီး လက်ပိုက်ထားရင်း ပြောသည်။ "ဒီ နိုင်ငံတွင်း ပြိုင်ဆိုင်မှုပွဲကြီး၊ လူတွေက ကောင်းကင်ကိုတောင် ကာနိုင်တဲ့ မှောင်ခိုဈေးကွက် သူဌေးကြီးလို့ ထင်နေတာလား။ ဘယ်လိုလုပ် မေးခွန်းတွေကို ကြိုပြီး သိမှာလဲ။ မင်းကျရှုံးမှုအတွက် ဆင်ခြေ တွေ ပေးမနေနဲ့ "
ကောင်လေးက သက်ပြင်းချကာ ခေါင်းကိုငုံ့ကာ စကားရပ်လိုက်သည်။
သူတို့နှစ်ယောက်လုံးက ပြည်နယ်၏ ဂုဏ်ယူစရာများဖြစ်ေသာေကြာင့် ရှုံးနိမ့်ခြင်းကို ဝန်ခံန်က မခက်ခဲပေမယ့်လည်း ဤကဲ့သို့ေသာ ရှုံးနိမ့်မှုကို ဝန်ခံရန်ကတော့ တကယ်ပင် လက်မခံနိုင်ချေ။
စောင့်ဆိုင်းခန်းအပြင်၌ ရှိနေကြသည့် မီဒီယာ သတင်းထောက်များကို ကြည့်လိုက်သည်နှင့် နာ့ချောင်လန်၏စိတ်မှာ တုန်လှုပ်ချောက်ချားသွားပြီး ပြိုင်ပွဲမစခင် မူလက ကျေနပ်မှုသည် စိတ်ဓာတ်ကျခြင်းအဖြစ် ပြောင်းလဲသွားသည်။
ပရိုဂရမ်၌ ပါ၀င်မယှဉ်ပြိုင်မီ သူမစိတ်ထဲ၌ အကြိမ်ရေ တစ်ရာခန့် အစမ်းလေ့ကျင့်ခဲ့သညါ။ သူမ နိုင်ငံတွင်း ထိပ်ဆုံး အဆင့် ၂၀ ထဲသို့ ၀င်ရောက်နိုင်သောအခါ သို့မဟုတ် ချန်ပီယံဆုကို ရရှိသည့်အခါ သူမ မည်ကဲ့သို့ တံခါးမှထွက်လာမည်၊ သတင်းမီဒီယာများနှင့် ရုပ်မြင်သံကြား၌ လူထုရှေ့တွင် မည်သို့ပြောကြားမည် ။ ပရိသတ်အား စာလေ့လာမှုအေတွ့အကြံုများကို ပြောကြားရင်း စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ကာ ပေါ့ပါးဟန်ဆောင်မည်။ သို့သော် ယခုမူ အာရားလုံး အချည်းနှီးဖြစ်သွားခဲ့ချေပြီ။
ကျုံးယို့ယို့သည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ထွက်လာသည့် နောက်ဆုံးသူဖြစ်သည်။
သူမသည် ခေါင်းစွပ်ကိုဝတ်ထားသဖြင့် အနည်းငယ် အိုက်နေသည်။ ပုစ္ဆာဖြေရှင်းရန် အာရုံစိုက်နေချိန်မှာ ချွေးများ အလွန်ထွက်နေခဲ့ပြီး သူမကိုယ်သူမ လက်ဖြင့် ယပ်ခက်နေရသည်။
မကြာခင် ရှောက်ကျောက်က အအေးဘူးနှင့် အမြန်ရောက်လာပြီး " မမလေးကျုံး အဲဒါ ဘယ်လိုလဲ " ဟု စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
" ဒါပေါ့ အားလုံးအဆင်ပြေတယ် " ကျုံးယို့ယို့က ဆီမီးဖိုင်နယ်ပြီးသွားပြီး မကြာခင်မှာ ချင်းယောင်ကိုပြန်တွေ့နိုင်မယ်ထင်ရင်း ကျုံးယို့ယို့က အပြုံးလေးဖြင့် ပြောသည်။ " ခေါင်းစွပ်ကို ကိုင်ထားပေးပါအုံး အရမ်းလေးလွန်းတယ် "
" အိုခေ " ရှောင်ကျောက်က သူ၏လက်ထဲမှာရှိသည့် ပစ္စည်းတွေကို အမြန်ချပြီး ခေါင်းစွပ်ကြီးကို ကူကိုင်လိုက်သည်။
ကျုံးယို့ယို့သည် အအေးတစ်ဘူးကိုကိုင်ကာ ရှောင်ကျောက်၏ဘေးတွင် လျှောက်လာသည်။ ရှောင်ကျောက်သည် လမ်းလျှောက်ရင်း သူမ၏ဦးထုပ်ကို ကိုင်ကာ မြေအောက်ကားပါကင်ထိ လျှောက်လှမ်းလာသည်။
"..." ဤမြင်ကွင်းက နာ့ချောင်လန်နှင့် တစ်ဖွဲ့တည်းမှ သူတို့၏ အကြည့်များ အောက်သို့ ရောက်ရှိသွားပြီး လူတွေကို စိတ်ရှုပ်ထွေးစေသည်။
သူတို့သည် ရေအေးဖြင့် သွန်းလောင်းခံရသကဲ့သို့ စိတ်ပျက်လက်ပျက်ဖြစ်ကာ မျက်ရည်ကျလုမတတ် ဖြစ်နေကြသည်။ ပြည်နယ် Z ၏ နံပါတ်တစ်က သူ၏ ဦးခေါင်းကို ကိုင်ထားရန် အာရုံစိုက်နေဆဲဖြစ်သည်လား။ ရှုံးနိမ့်သွားသည့် ပြိုင်ဘက်ကို လေးစားမှု အနည်းငယ် ပြသေးသင့်သည်။
ကျုံးယို့ယို့ဘက်တွင် ပြိုင်ဆိုင်မှု ပြီးသွားသော်လည်း အခန်း (၁၉)မှ ကျောင်းသားများသည် ယခုထိ ဒီရေ၏ နောက်ဆက်တွဲတွင် နှစ်မြုပ်နေကြဆဲဖြစ်ပြီး အချိန်အတော်ကြာ သည်ထိ ပြန်လည်မသက်သာလာသေးကြချေ။ သူတို့သည် သူတို့၏ အကြိုက်ဆုံး ကစားသမားများ အလှည့်အပြောင်းများနှင့် နောက်ဆုံး၌ ချန်ပီယံကို ဆွတ်ခူးနိုင်ခဲ့သည့် ပြင်းထန်သော ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်နေရသကဲ့သို့ အားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
" ကျုံးယို့ယို့က တကယ်ကို အံ့သြဖို့ကောင်းတာပဲ၊ မယုံနိုင်စရာပဲ။ ငါတို့အတန်းထဲက ကျုံးယို့ယို့ကလေ "
"အခု ငါစဉ်းစားနေတာ ဆရာလီသာ နိုင်ငံ့ပြိုင်ပွဲက ကျုံးယို့ယို့ဆိုတာကို သိလိုက်ရတဲ့အခါ ဘယ်လိုအမူအရာမျိုးပြမလဲဆိုတာကိုလေ "
အတန်းထဲက ကျောင်းသားတွေက မရယ်ဘဲ မနေနိုင်ကာ " ဟားဟား၊ ဆရာလီက အနှေးနဲ့ အမြန် သိလိမ့်မယ်၊ အဲအချိန်က သေလောက်အောင် မကြောက်နဲ့ "
ရှစ်ယိမုန့်သည် စာသင်ခန်း၏ နောက်ဆုံးတန်းရှိ စားပွဲပေါ်တွင် ထိုင်နေကာ သူ့ရှေ့က အတန်းဖော်များ၏ ကုလားထိုင်ပေါ်၌ ပျင်းရိစွာ ခြေဆန့်လိုက်သည် ။ လက်များကို အိတ်ကပ်ထဲထည့်ကာ ပြုံးပြသော်လည်း ဤတစ်ခါတွင်အလွန်အမင်း တိတ်ဆိတ်ေနသည်။
အတန်းဖော်များက အတန်း၏ အာဏာရှင်ကြီးသည် မကြာသေးမီက ပို၍တိတ်ဆိတ်ငြိမ်သက်လာသည်ဟုသာ ခံစားနေကြရသည်။ သူသည် ရန်မဖြစ်မနှောက်ယှက်ရုံသာမက သေနတ်ပစ်ဂိမ်းကစားနေသော လူအုပ်စုနှင့်လည်း ကျယ်လောင်စွာ ဆူညံခြင်းမပြုပေ။ လစဉ် စာမေးပွဲ နောက်ဆုံး အကြိမ် ပြီး ကတည်းက ကျောင်းယူနီဖောင်ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီး ကောင်းမွန်သည့် ကျောင်းသားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
သူ၏လွှမ်းမိုးမှုအောက်တွင် သူနှင့်တွဲလေ့ရှိသော နောက်တန်းရှိ ယောက်ျားလေးများသည် လည်း အမှန်တကယ် ငြိမ်သက်သွားကြသည်။
ဤအတိုင်းဆက်သွား၍ မရချေ။ ခေါင်းဆောင်မရှိလျှင် ထိုအရာက ခေါင်းမဲ့နဂါးနှင့်တူပြီး မကောင်းတာလုပ်လျှင် ဦးဆောင်မည့်သူ မရှိပေ။
ခေါင်းဆောင်က စာကျက်သွားပြီဖြစ်ကာ သူတို့လည်း အတူတူ လေ့လာသင့်သလား။
ကျောင်းဆင်းသွားပြီဖြစ်ပြီး ဆီမီးဖိုင်နယ် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးနောက် အတန်းတွင်းရှိ ကျောင်းသားများသည် စာသင်ခန်းထဲတွင် တုံ့ဆိုင်းနေကြဆဲဖြစ်သည်။ လီသုန်းဖျင်သည် ဇနီး၊ သားသမီးများနှင့် အချိန်ဖြုန်းရန် အိမ်ပြန်သွားခဲ့ပြီဖြစ်သည်။ အတန်းထဲတွင် တက်ကြွစွာ စကားပြောနေကြချိန်တွင် အပြင်ဘက်၌ အဝါရောင်အလင်းတန်းများ ရုတ်တရက် လင်းထိန်သွားကာ အစောင့်အကြပ်က ဓာတ်မီးနှင့် လာနေပုံရသည်။
" ချီး " ရှစ်ယိမုန့်စားပွဲပေါ်မှ ချက်ချင်း ခုန်ဆင်းသွားပြီး ပရိုဂျက်တာနှင့် တီဗွီကို ပိတ်လိုက်သည်။
"အတန်း (၁၉)မှာ တစ်ယောက်ယောက် ရှိလား"
အစောင့်ကအပြင်ဘက်မှ အော်လိုက်သည်။ "ဘယ်သူလဲ၊ ကျောင်းဆင်းပြီးရင် အတန်းထဲဆက်ရှိေနလို့မရှိဘူး "
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန်အတွက် အတန်းတစ်ခုလုံး၏ သုံးပုံနှစ်ပုံသည် ကျောင်းဆင်းပြီးချိန်တွင် မပြန်ခဲ့ကြချေ။ ထို့ကြောင့် ဤပြိုင်ပွဲကို ကြည့်နေကြရင်း အချိန်ကိုတောင် မေ့သွားကြသည်။
အတန်းထဲကလူတွေ ရုတ်တရတ် စိတ်လှုပ်ရှားလာကြပြီး စားပွဲပေါ်က ခုန်ချကာ အရပ်ရပ်ကို ပြေးသွားကြသည်။
အစောင့်က ရှေ့ဘက်စင်္ကြံကနေ အမြန်ပြေးလာပြီး တစ်စုံတစ်ယောက်က ရှစ်ယိမုန့်ကို ရုတ်တရက် အော်လိုက်သည်။ " အစ်ကိုရှီ၊ ငါတို့ကို အစောင့်က ဖမ်းမိရင် မနက်ဖြန် ဖားခုန်ဖို့ တစ်တန်းလုံး ကစားကွင်းကို သွားရမှာ "
ရှစ်ယိမုန့်သည် အတန်းရှိလူအုပ်စုကို အားကိုးရာမဲ့ စိုက်ကြည့်ကာ အရှေ့တံခါးဆီသို့ အမြန်ပြေးသွားသည်။ စားပွဲတစ်လုံးကို ဆွဲထုတ်ကာ တံခါးကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ပြီး တစ်၀က်ခန် ၀င်ခါနီးဖြစ်သည့် စောင့်ကို တံခါးအပြင်သို့ တွန်းလိုက်သည်။
" အ ၊ ငါ့ခေါင်း " အစောင့်က သူ့ဖူးကို ရိုက်ပြီး ဒေါသတကြီးဖြင့် " မင်းတို့တွေ ဘာလုပ်နေတာလဲ၊ နာမည်တွေ အားလုံး ငါ့အတွက် ချရေးကြစမ်း "
သို့သော် မည်သူက သူ့စကားကို နားထောင်မှည်နည်း။ အခန်း(၁၉ )ကျောင်းသားများသည် အခွင့်အရေးယူကာ ဝိုင်းအုံ ထွက်ပြေးကြပြီး ကစားကွင်းသို့ ခိုးဝင်ကြကာ အစောင့်အကြပ် လိုက်မမီနိုင်သည်ကို တွေ့လိုက်ရသဖြင့် ရယ်ရယ်မောမော လက်မောင်းတန်းကာ ကျောင်းတံခါးမှ ထွက်သွားကြသည်။
နောက်ဆုံးတွင် အစောင့်သည် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး ၎င်းတို့ကို ဖမ်းရန် လုံလောက်သော ကြံ့ခိုင်မှု မရှိပေ။
ရန်ကျီအန်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများကြားတွင် ရှားရှားပါးပါး ၀င်ရောေနသူဖြစ်သည်။ သူသည် ပတ်ဝန်းကျင်ရှိ ရယ်မောနေသော အတန်းဖော်များကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် နှုတ်ခမ်းထောင့်စွန်းကို မြှောက်သွားကာ ပြုံးလိုက်သည်။
ဤအကြိမ်က ပထမဆုံးအကြိမ်ပင်။
ယခင် အခန်း (၁၉) သည် အလွန်အမင်း ဖရိုဖရဲမဟုတ်သော်လည်း စုပေါင်းဂုဏ်ပြုမှု အနည်းငယ်ရှိသော အတန်းတစ်ခုဖြစ်သည်။လူတိုင်း၏အဆင့်များက မကောင်းကြဘဲ အပြင်၌ "ညံ့ဖျင်းသည့် အတန်း" ဟူ၍ ခေါ်ကြတာ ထုံးစံအတိုင်း ဒေါသစိတ်တွေ ခံစားရပြီး အပြင်ထွက်သည့်အခါ မင်းသယ်၏ အခန်း(၁၉)ဟု ပြောရမည်ကို ရှက်ခဲ့သည်။
အထက်တန်းကျောင်း ဒုတိယနှစ်၌ လီသုန်းဖျင်းက အဖွဲ့လိုက်လှုပ်ရှားမှုတွေကို အဆိုပြုခဲ့ပေမယ့် မည်သူမှ မပါဝင်ခဲ့ကြေချ။ အတန်းထဲမှ အဆင့်မကောင်းသူများသည် ထိုအရာများက ဂိမ်းကစားခြင်းများ၏ အချိန်ကို နှောင့်နှေးစေသည်ဟု ထင်မြင်ကြပြီး အမှတ်ကောင်းသူများသည်လည်း စာလေ့လာခြင်း၌ နှစ်မြှုပ်နေကြသည်။
သို့သော် ယခုအခါ တစ်ခုခု ပြောင်းလဲကွဲပြားသွားပုံရသည်။
ကျုံးယို့ယို့ကိုယ်တိုင်ကတောင် သူမအတန်းကို မည်မျှ စည်းလုံးညီညွတ်မှုပေးသည်ကို သိလိမ့်မည်မဟုတ်ပေ။