အပိုင်း ၇၄
Viewers 11k

Chapter 74



အေးစက်တည်ငြိမ်နေသူတစ်ဦး သည်စိတ်ကူးယဉ်ဆန်ဆန် နှင့် တစ်ခုခုကို ရုတ်တရက်ပြောသောအခါ အလွန်ထူးဆန်းနေသည်။ ရှန့်ဖန်းယွိသည် စကားပြန်မပြောနိုင်ဘဲ သူ၏နှလုံးသားထဲတွင်အနည်းငယ်ကလိကလိဖြစ်နေသည်။

"အခုတလော မင်းဘာဖြစ်နေလဲဆိုတာ ငါမသိဘူး…ဒါပေမယ့်ငါတို့အရင်ကလို ပြန်ဖြစ်နိုင်မယ်လို့မျှော်လင့်တယ်"

ရှန့်ဖန်းယွိ သည် ဖြည်းညင်းစွာ အသက်ခပ်ပြင်းပြင်း ရှူ၍ သူ၏လည်စည်းအား ဆွဲတင်လိုက်သည်။

နောက်ဆုတ်၍မရတော့သည့်ကိစ္စဖြစ်ကြောင်းလည်း သူသိသည်။ သူသည် စည်းကျော်သွားခဲ့သော သူ၏ခံစားချက်များအားပြန်သိမ်းဆည်း ရန် ကြိုးစားခဲသော်လည်း အမြစ်တွယ်၍ ချိုးဖောက်သွားသောအခါ သူလုပ်နိုင်သမျှသည် အချည်းနှီးသာ ဖြစ်မည်ဟုထင်ရသည်။ ထို့အပြင် ထိုအကြောင်းအား ဝန်မခံခြင်းနှင့်ရှောင်ထွက်ခြင်း မှ လွဲ၍ သူဘာလုပ်နိုင်မည် ကို မသိတော့ပေ။

သူ၏အတွေးများအလယ်တွင် လမ်းပျောက်နေစဉ် ကျန်းရွှိက ရှန့်ဖန်းယွိဘက်သို့ ရုတ်တရက်လှည့်ကာ အသံခပ်တိုးတိုးဖြင့်…

"ဒီနေ့ညတော့ ငါကြိုက်တဲ့ ငရုပ်ပွအစိမ်းကြော် စားချင်တယ်"

ရှန့်ဖန်းယွိ သည် ကျန်းရွှိအား ညစာစားရန်ခေါ်သည့်အခါတိုင်း ကျန်းရွှိ သည် ထိုသို့သောစကားများကိုတစ်ခါမျှ ကိုယ်တိုင်အရင်စ၍ မပြောခဲ့ဖူးပေ…။ ရှန့်ဖန်းယွိသည်ခဏမျှအံ့အားသင့်သွားသည်။

သူကထိုဟင်းပွဲအား မည်သို့ချက်ရမည်ကို မသိ၍ မဟုတ်ပေ။ သို့သော် မည်သည့်အရာက မှားနေခဲ့သည်ကို သူနားမလည်ခဲ့ပေ။ ထို ငရုတ်ပွအစိမ်းကြော် ဟူသောစကားလုံးကိုကြားသည့်အခါတိုင်း သူ၏အဘိုးက ထိုဟင်းကို အနာဂတ်ဇနီးအတွက်လုပ်ပေးရန် အမြဲမှာကြားပြောဆိုခဲ့ဖူးသည်ကို မှတ်မိနေသည်။

အသုံးမ၀င်သောအပြစ်ကြောင့်သူသည် ကျန်းရွှိ၏မျက်လုံးများအား ကြည့်ရန်အနည်းငယ်ကြောက်ရွံနေခဲ့သည်။ သို့သော် ကျန်းရွှိသည်လက်မလျှော့သေးပဲ သူနှင့် အကြည့်ဆုံရန် သေချာပင်ထပ်၍မေးသည်။

"အဆင်ပြေရဲ့လား"

"နောက်တခါမှပေါ့" ရှန့်ဖန်းယွိသည် တံတွေးမြိုချကာ
"ဒီည…..ဒီညက….."

"အစ်ကို.."

ရှန့်ဖန်းယွိသည် နှလုံးခုန်သံများပင်လွဲမှားကုန်ကာ သူငြင်းဆန်မည့်စကားလုံးများသည်လည်း သူ၏လည်ချောင်းထဲသို့ပြန်ဝင်သွားကာထွက်မလာတော့ပေ…။

ကျန်းရွှိသည် သူ့အားမည်သို့ခေါ်လိုက်သည်….။

အစ်ကို…ဟူ၍…။

ရှန့်ဖန်းယွိ သည် သူ၏ ဦးခေါင်းထက်တွင် လှပသောမီးရှူးမီးပန်း အခု တစ်သောင်းတင်ထားသကဲ့သို့ခံစားခဲ့ရသည်။ သူ၏ဦးနှောက်တွင်အပူရှိန်ကြောင့် လျှပ်စီးပတ်လမ်းတိုဖြစ်တော့မည့်သကဲ့သို့ ထိုမီးပန်းများသည် အဆက်မပြတ်ပေါက်ကွဲနေသည့်အတိုင်းပင်…။

ကျန်းရွှိ၏ အကြည့်သည် သန့်ရှင်း၍ မည်သည့်အတွေးမျှမပါပေ။ သို့သော် ရှန့်ဖန်းယွိသည် သူ၏ "အစ်ကို" ဟူသော ခေါ်သံ ကြောင့် ချာချာလည်သွားကာ သူ၏ကိုယ်တွင်းအင်္ဂါများသည်နဂါးငွေ့တန်းထက်ပင်ကျော်လွန်၍ လွင့်မျောနေသကဲ့သို့ ခံစားနေရသည်။ သူသည်ခေါင်း၏နောက်ကျောတွင် ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပြီး ခေါင်းမှခြေဖျားအထိထုံသွားကာ သူ၏အမည်ကိုမေ့သွားရသကဲ့သို့ ပင် ခံစားရသည်။

ထိုအခေါ်သည် အသုံးများသည့် အခေါ်အဝေါ်သာဖြစ်မည်။

ဆေးဝါးလုပ်ငန်းမှထိုအရောင်းကိုယ်စားလှယ်များသည် အမြဲတမ်းထိုကဲ့သို့ အခေါ်အဝေါ်မျိုးများကိုပြောကြလိမ့်မည်။ လမ်းတွေပေါ်များတွင်ပို၍ပင်ဆိုးဦးမည်။

သို့သော် ရှန့်ဖန်းယွိသည် သူ၏ပုံမှန်အသိစိတ်အာရုံသို့ အချိန်ကြာမြင့်စွာပြန်လာနိုင်ခြင်းမရှိခဲ့ပေ။

ကျန်းရွှိ၏ မိသားစုအိမ်တွင်ပြောခဲ့ဖူးသည့် နှလုံးသားမှနှလုံးသားထံသို့ ပုံပြင်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။ သူသည်အစ်ကိုကြီးဖြစ်လျှင်ကောင်းလိမ့်မည်ဟု မရည်ရွယ်ဘဲပြောခဲ့ဖူးသည်။

သို့မဟုတ် ကျန်းရွှိသည် သူ့ထက်အသက်နှစ်တစ်ဝက်မျှ ပိုကြီးသောကြောင့် ဖြစ်နိုင်သည်။ သို့သော် အရှိန်အဝါနှင့်နေတတ်သော ကျန်းရွှိကဲ့သို့ သူတစ်ဦး အနေဖြင့် သူ့ထက်အသက်ငယ်သော ရှန့်ဖန်းယွိအား အစ်ကိုဟု ခေါ်ရန် ခဲယဉ်းသည်။

သို့မဟုတ် …ကျန်းရွှိဖြစ်နေခြင်းကြောင့်လား…။

ရှန့်ဖန်းယွိက သူ၏ နှလုံးသားသည် ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့်သကဲ့သို့ပင် ခံစားနေရသည်။

ရီဝေနေသော ရှန့်ဖန်းယွိအားကြည့်ကာ ကျန်းရွှိက…

"ဘာမှမဖြစ်ဘူး…အဆင်မပြေရင် ဒီညပြန်မလာလည်းရတယ်"

"ငါလာမှာ…ငါ…လာပြီး…မင်းအတွက်အဲ့ဟင်း ကျိန်းသေပေါက် လုပ်ပေးမယ်" သူ အာရုံထွေပြားစွာဖြင့် ပြန်ဖြေလိုက်သည်။

ယခုအချိန်တွင်သူ ဟင်းချက်သည့်အပြင် ကမ္ဘာကိုပင် နှစ်ကြိမ်ပတ်နိုင်သည်။

ကျန်းရွှိက သူ့အား နားမလည်နိုင်စွာ ကြည့်လိုက်ပြီး နောက်ဆေးရုံ၏ ဘေးမှအဆောင် သို့ လမ်းလျှောက်သွားလိုက်သည်။

ယွီဆန်း ၏စာအုပ်သည်နောက်ဆုံးတွင် တစ်ကြိမ်တစ်ခါမျှ ယုံကြည်စိတ်ချရသည်။

သူ၏နောက်ဆုံးကြိုးပမ်းမှု မအောင်မြင်ခဲ့စဉ်က ကျန်းရွှိ သည်ရက်အနည်းငယ်မျှ မယုံကြည်နိုင်ခဲ့ပေ။ သို့သော် သူသည် စာအုပ်ကိုထပ်မံဖွင့်လှစ်ခဲ့သည်။ စာအုပ်အားပြန်မချမချင်း တအုပ်လုံးအလွတ်ရသည် အထိ ဖတ်ခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် သူသည် ရှန့်ဖန်းယွိ၏ ရှက်ကိုးရှက်ကန်း သဘောထားနှင့် အတော်လေး မသက်မသာဖြစ်ခဲ့ရသည်။ ရှန့်ဖန်းယွိထံတွင် သူနှင့်သဘောထား မတိုက်ဆိုင်သည်မျိုး တစ်ခုခု ရှိခဲ့လျှင် ရှန့်ဖန်းယွိအနေနှင့် ယခု လုပ်နေသကဲ့သို့ပင် သူဘာလုပ်နေသည်ကို တွေးမိစေရန် တမင်ထားခဲ့ကာ ကျန်းရွှိအားစိတ်ခံစားမှုဆိုင်ရာစာအုပ်အချို့ကိုပါ ဖတ်၍ ဆက်ဆံရေးတစ်ခုအား မည်သို့ထိန်းသိမ်းရမည့်အကြောင်းများပါ လေ့လာကာ ဒုက္ခများစေမည့်အစား ပွင့်ပွင်းလင်းလင်းသာ အမှန်အတိုင်း ပြောဆိုစေချင်သည်။

ဒေါက်တာ ကျန်းထံ တွင်သူငယ်ချင်းများနှင့်လုပ်ဖော်ကိုင်ဖက်များ အလွန်ပေါများသည်။

အကယ်၍ ရှန့်ဖန်းယွိမဟုတ်သော အခြားသူနှင့် သိကျွမ်းလျှင်လည်း ကျန်းရွှိသည် သူ့ကိုယ်သူခပ်ကွာကွာ နေအုံးမည် ဖြစ်သည်။ သူက အလွန် အလုပ်ရှုပ်သောကြောင့် ထိုအချိန်များအား မဖြုန်းတီးချင်ပေ။

သို့သော် ရှန့်ဖန်းယွိနှင့်ပတ်သက်၍မူ ... ကျန်းရွှိသည်သည်သူနှင့်ခပ်ကွာကွာနေရန် တွန့်ဆုတ်နေမိသည်ကို နားလည်သဘောပေါက်မိသောကြောင့်အနည်းငယ်စိတ်ပျက်နေမိသည်။

အကယ်၍ ရှန့်ဖန်းယွိ သည် နောက်တစ်ပတ်အကြာတွင်လည်း ထိုကဲ့သို့ ခပ်ကွာကွာနေမည့်ပုံ ပုံစံမျိုး ဖြစ်နေခဲ့လျှင် သူ၏သဘောအတိုင်းပင် နေပေးလိုက်တော့မည်။

ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ အစ်ကိုဟူသော အခေါ်အဝေါ်ကြောင့် အံ့ဩနေရာမှ အသိစိတ်ပြန်ဝင်လာချိန်တွင် တစ်ဖက်လူသည်လမ်းလျှောက်ထွက်သွားပြီဖြစ်သည်။

ရှန့်ဖန်းယွိ သည် ကျန်းရွှိ၏ နောက်ကျော အတွင်းလူနာအဆောက်အဦး ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ခဲ့သည်။ရုတ်တရက်အသံထွက်လာသော၍ကြည့်လိုက်သောအခါ ကျုံးလန်ဖြစ်နေသည်။

"စီနီယာ…ဒီမှာ ဘာလုပ်နေတာလဲ"

ရှန့်ဖန်းယွိ သူမအား ကြည့်ရန်ခေါင်းကိုစောင်းလိုက်ပြီးနောက် တွေးမိတွေးရာ ဆင်ခြေတစ်ခုထွက်လာကာ…

"နေပူဆာလှုံနေတာလေ"

ကျုံးလန် သည် သူနှင့်အတူရယ်မောနေကာ

"လစာနဲ့ နေပူဆာလှုံနေတာလား… စီနီယာ့ကို ဒါရိုက်တာချွေ့ဆီ သတင်းပို့ပစ်မယ်"

သူမသည်စိုးရိမ်ပူပန်မှုမရှိပဲအရာအားလုံးကိုလွှမ်းမိုးနိုင်ခဲ့သည်ဟုထင်ရသော ဒေါက်တာလင်း၏ ရုပ်ထုအရှေ့တွင်ရှိနေသည်။ ကျုံးလန်သည် သူမ၏နှုတ်ခမ်းပေါ်တွင်အပြုံးလှလှတစ်ခုရှိကာ သူမ၏သပ်သပ်ရပ်ရပ်ဖြီးထားသော ဆံထုံးသည် နေ၏အလင်းရောင်အောက်တွင်တောက်ပြောင်နေသေးသည်။

ကျန်းရွှိသည် ရုတ်တရက် အကြံရကာ…
"ဒီနေ့အလုပ်ပြီးရင်နင် အားလား"

ကျုံးလန် ကသူ့အား ရှန့်ဖန်းယွိထိုသို့ ပြောမည်ဟုမမျှော်လင့်ထားပေ။

"ဟင်…ဟုတ် အားမယ်ထင်တာပဲ…ဘာဖြစ်လို့လဲ စီနီယာ…"

ရှန့်ဖန်းယွိကပြန်ပြောလိုက်သည်။
"နင့်ကိုထမင်းကျွေးချင်လို့ "

........

ရိုးရှင်းစွာအလှဆင်ထားသောစားသောက်ဆိုင်တွင် ရှန့်ဖန်းယွိ သည် ကျုံးလန်ထံသို့ မီနူး လွှဲပြောင်းပေးကာ

" စားချင်တာ မှာနော်…ငါကျွေးမယ်"

"စီနီယာ တကယ်ရက်ရောနေပါလား…စီနီယာ ကျွန်မကို လိုက်နေတာမဟုတ်ရင် တစ်ခုခုတောင်းဆိုစရာရှိလို့မလား"

ကျုံးလန်က ရယ်နေသည်။
ရှန့်ဖန်းယွိသည်ခပ်တိုးတိုးပင် "အင်း" ဟုပြန်ဖြေလိုက်သည်။

ကျုံးလန်သည် စားပွဲထိုးကိုခေါ်ကာစျေးအကြီးဆုံးဟင်းလျာများကိုမှာယူခဲ့သည်။ သူမ၏မေးစေ့အားလက်ပေါ်တင်ကာ ရှန့်ဖန်းယွိအားလှောင်ပြုံးဖြင့်

"ဒါဆို ကျွန်မ ယဉ်ကျေးဖို့မလိုဘူး မလား"

ရှန့်ဖန်းယွိက သူ့လက်အား မြှောက်ကာ ပြုံးပြရင်း

"ငါ့ရဲ့ ဧည့်သည်လောက်တော့လုပ်ပါ"

သူတို့နှစ်ဦး သည်ဆေးရုံကိစ္စများနှင့် ပတ်သက်၍ စကားပြောခဲ့ကြသည်။ အချိန်အတော်ကြာမျှ စားနေကြပြီးနောက် ကျုံးလန်က …

"စီနီယာ …ဘာလို့တူကို မရွေ့သေးတာလဲ"

သူသည် ကျန်းရွှိနှင့် အတူ စားရအုံးမည်ဖြစ်သည်။ထို့ကြောင့် ရှန့်ဖန်းယွိသည် သည်းခံထားလိုက်သည်။
"ငါမဆာပါဘူး"

ကျုံးလန်ကသူ့အား အဓိပ္ပာယ်အပြည့်ပါသောအကြည့်ဖြင့်ကြည့်ကာ…" စားလို့တောင်မဝင်ရလောက်အောင် ပြဿနာကြီးတစ်ခုရှိနေပုံရတယ်"

သူမအစားကို ပို၍မြန်မြန်စားလိုက်ပြီး သူမစားပြီးသွားသောအခါ ကျုံးလန်သည် ဟင်းချိုတစ်ဇွန်းခပ်သောက်ကာပါးစပ်ကိုတစ်ရှူးဖြင့်သုတ်လိုက်သည်။

"စီနီယာ…စီနီယာ့ကိုကူညီဖို့ ကျွန်မလုပ်နိုင်တာတစ်ခုခုရှိရင်ပြောကြည့် ကျွန်မအကောင်းဆုံးကြိုးစားပေးမယ်"

"စိတ်ပိုင်းဆိုင်ရာခံစားချက်ကိစ္စ တချို့အကြောင်း ငါမေးချင်တာ…နင့်ရဲ့ ကိုယ်ရေးကိုယ်တာတွေပါ ပါနိုင်တယ်… အဲ့တော့ နင်မပြောချင်ရင် ငြင်းလို့ရတယ်…"

ကျုံးလန်သည် ပြုံး၍ သေချာပြင်ထိုင်လိုက်ကာ "စိတ်ခံစားမှုနဲ့ပတ်သက်တဲ့ မေးခွန်း….ကျွန်မကိုမေးမို့…. ကျွန်မတို့က လိင်ပိုင်းဆိုင်ရာတိမ်းညွတ်တဲ့ လမ်းခြင်းမတူကြဘူးလေ…စီနီယာ့ကို ကျွန်မ ဘယ်လိုကူညီနိုင်မှာလဲ…"

သူမသည်စကားပြောလေလေ ပို၍ ပင်စပ်စု ချင်လာလေဖြစ်နေသည်။
"မဟုတ်မှ စီနီယာ ကြိုက်တဲ့သူရှိနေတာလား…"

"သူက ယောကျာ်းလေးတယောက်ပဲ…ငါ..ငါ…ငါသူ့ကိုကြိုက်နေပြီထင်တယ်"

ရှန့်ဖန်းယွိက စိတ်မတင်မကျဖြစ်ကာပြောပြသည်။

သူမသည် ရှန့်ဖန်းယွိ၏ နောက်ဆုံးစကားလုံးများကိုကြားလိုက်ရသည့်အခါ မျက်လုံးများပင်ပြူးကျယ်သွားသည်။

"နင့်ကိုမေးချင်တယ် နင်ကလိင်တူကြိုက်တယ်ဆိုတာသိသွားတဲ့အခါ နင့်ရဲ့ခံစားချက်တွေကိုဘယ်လိုအတည်ပြုခဲ့တာလ"

ရှန့်ဖန်းယွိ သည် အသက်ပြင်းပြင်းရှူကာ

"ငါ....ငါ တခဏတာ အသစ်အဆန်းလို့တွေးတာမျိုး စပ်စုချင်တာမျိုး စိတ်သက်ရာရဖို့အတွက်နဲ့ စိတ်ထွက်ပေါက်လိုတွေးနေတာမျိုး မဟုတ်ဘူးဆိုတာကို အတည်ပြုချင်လို့…ဒါမှမဟုတ် သူငယ်ချင်းတွေ ကြား အရမ်းပူးကပ်နေတော့ သံယောဇဉ်တွယ်ပြီး ဒီလိုမျိုး ဇဝေဇဝါဖြစ်သွားတာလား ငါသူ့ကိုတကယ်ကြိုက်နေတာလား…."

ရှန့်ဖန်းယွိ၏ အရင်းနှီးဆုံးသူငယ်ချင်းအတော်များများသည် ပုံမှန်အဖြောင့်များသာဖြစ်ကြသည်။ ပထမဆုံးအနေနှင့် လိင်တူကြိုက်သူများသည် လူနည်းစုအုပ်စုသာဖြစ်သည်။ ဒုတိယ အနေနှင့် လိင်တူချစ်သူယောက်ျားအများစုသည် ခင်မင်ရင်းနှီးရာမှ ကျော်လွန်သော ခံစားချက်များတိုးတက်လာမည် ကို ရှောင်ရှားရန် သာမန်အဖြောင့်ယောက်ျားလေးများထံမှ လူမှုရေးအကွာအဝေးကိုဆက်လက် ထိန်းသိမ်းထားတတ်ကြသည် ဖြစ်သည်။ ရှန့်ဖန်းယွိကိုယ်တိုင်သည် ထိုသို့ မိမိ၏ စိတ်အား ဆန်းစစ်နေသော ဖြောင့်နေသည့်ယောကျာ်းများသည်လည်းလျှပ်စီးတလျှပ်အတွင်းပြောင်းလဲနိုင်ကြောင်း ဖော်ပြပေးနေသည့် ဥပမာကဲ့သို့ပင်ဖြစ်နေသည်။

ထို့ကြောင့် ယခု သူစဉ်းစားမိသည်က သူ၏လိင်ပိုင်းဆိုင်ရာ ခံယူမှုအကြောင်း ဖွင့်ပြောပြနိုင်သည့်သူမှာလည်း ကျုံးလန် တစ်ယောက်သာရှိသည်ကို သဘောပေါက်လိုက်သည်။

ကျုံးလန်သည် စားသောက်ပြီးနောက် ရှန့်ဖန်းယွိအနေနှင့် သူမထံ ထိုသို့မေးမြန်းပေးခြင်းအား အလွန်ဝမ်းသာသွားသည်။ သူမသည် ရှန့်ဖန်းယွိ၏ ထင်ရှားသောစကားလုံးများမှ အချက်အလက်များကို ခွဲထုတ်ရန် ကြိုးစားနေသည်။ ထို့နောက်လက်ဖက်ရည်အား နှစ်ငုံမျှငုံသောက်လိုက်ကာ ရှန့်ဖန်းယွိ နားလည်နိုင်လောက်သော စကားလုံးများဖြင့်မေးလိုက်သည်။

"စီနီယာ သူ့ကိုနမ်းချင်လား…သူ့ကိုနမ်းပြီး ပွေ့ဖက်ထားချင်လား"

"သူ့ကိုနမ်းပြီး…သူ့ကို..ပွေ့ဖက်…"
ရှန့်ဖန်းယွိသည် ကျုံးလန်၏စကားများကို အသံနိမ့်ဖြင့်ဖြင့် ထပ်ခါတလဲလဲရွတ်နေသေးသည်။

သူသည်ကျန်းရွှိအားမနမ်းရသေးပေ။

အဖြစ်မှန်ကိုတစ်နည်းနည်းနှင့် အခြေခံထားသော စိတ်ပျက်ဖွယ်အိပ်မက်များထဲတွင်ပင် ကျန်းရွှိအား သူနမ်းခဲ့သည်နှင့်ပတ်သက်၍ ဘာမျှမမှတ်မိတော့ပေ။
သူနမ်းချင်ခဲ့သည်လား…။

သူ အရင်ကမစဉ်းစားခဲ့ဘူးပေ။ သို့သော် ရှန့်ဖန်းယွိသည် ယခုအချိန်တွင် ပြန်ဖြေရန် အနည်းငယ်ကြောက်ရွံ့နေမိသည်။ ကျုံးလန်သည်လည်း သူ၏အမူအရာကိုကြည့်ကာ ဆက်လက်၍ မေးသည်။

"သူ့အကြောင်းတွေးနေရရင် ပျော်လား…သူ့ကိုတွေ့နေရရင်ပျော်လား…သူ့ခံစားချက်တွေကို ဂရုစိုက်မိလား…သူ့ကိုပျော်အောင်လုပ်ပေးချင်လား…သူနဲ့အရာအားလုံးမျှဝေချင်လား…သူနဲ့အတူ ဘဝကိုအကြာကြီး ဖြတ်သန်းချင်လား…သူ့ကိုတသက်လုံးကာကွယ်ပေးချင်လား…သူ့ကိုပြဿနာတွေမရှိပဲနေစေချင်လား…သူ့ကိုပျော်ရွှင်တဲ့ဘဝမှာနေစေချင်လား…သူ့အကြောင်းပဲ အမြဲတမ်းအရင်ဆုံးတွေးမိလား…အကြောင်းပြချက်မရှိပဲ သူနဲ့ပတ်သက်သမျှအရာရာတိုင်းကောင်းတယ် အဆင်ပြေတယ်လို့တွေးမိလား"

"ပြီးတော့ ... သူ့အိပ်ယာမှာ အတူအိပ်ပြီး သူနဲ့ အဆင့်ကျော်တာတွေ လုပ်ချင်လား"

ရှန့်ဖန်းယွိသည် သူ၏မျက်လုံးများကိုအောက်ငုံ့ထားကာ သူ၏ဖုန်းမျက်နှာပြင်ကိုကြည့်နေသည်။

"ချီး…." ကျုံးလန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့်ပြောမိသွားကာ သူမ၏ပါးစပ်အား ပြန်အုပ်လိုက်သည်။

"တောင်းပန်ပါတယ် ကျွန်မ တော်တော် အံ့ဩသွားလို့"

သူမ ရှန့်ဖန်းယွိအား နှစ်ပေါင်းများစွာသိကျွမ်းခဲ့သည်။ သူမစတင်အလုပ်ဝင်ချိန် မှစ၍ ရှန့်ဖန်းယွိသည် စမ်းသပ်မှုများကိုလက်ချင်းယှဉ်၍ အတူဆောင်ခဲ့သည့် စီနီယာ အစ်ကိုဖြစ်သည်။ သူမသည် ဆေးရုံသို့ဝင်ရောက်ပြီးနောက် ကျန်းရွှိ ၏အဖွဲ့သို့ သွားခဲ့သော်လည်း ရှန့်ဖန်းယွိနှင့်ရင်းနှီးနေဆဲဖြစ်သည်။

သူမသည် အမြဲတမ်း လိင်တူစိတ်ဝင်စားခြင်းခံရသော်လည်းတစ်နေ့တွင် ရှန့်ဖန်းယွိကဲ့သို့ လူမျိုးကလည်း လိင်တူစိတ်ဝင်စားကြောင်း သူမရှေ့တွင် ဝန်ခံလာလိမ့်မည်ဟုမထင်ခဲ့ပါ။

ကျုံးလန် ၏ပထမဆုံးတုံ့ပြန်မှုမှာ

"စီနိယာ အစ်ကို ကျန်းရော သိနေသေးလား "

ပထမဦးစွာ သူလပေါင်းများစွာလိုက်နေသည့်မိန်းကလေးသည်လိင်တူချစ်သူဖြစ်ကြောင်းနှင့် ယခုသူမ၏ ခေါင်းစဉ်သည် လိင်တူချစ်သူဖြစ်ကြောင်းသိလိုက်သည်။

ကျုံးလန်က ကျန်းရွှိသည် ရှန့်ဖန်းယွိအကြောင်းသိလျှင့် လန့်သေလောက်မည်ထင်နေလေသည်။

ရှန့်ဖန်းယွိက ကျုံးလန် တစ်ခုခုအား ခန့်မှန်းမိကြောင်း သဘောပေါက်ကာ ခေါင်းကိုဖြေးဖြေးခါ၍

" သူသိတယ်လိူ့ မထင်ဘူး"

"ဒါဆို ကောင်းတယ်"

ကျုံးလန် သည် စိတ်အေးသွားသည်။ သို့သော် သူမတစ်ခုခုသတိထားမိသည်။

"စီနီယာ….ဘာလို့ စိတ်လှုပ်ရှားနေတာလဲ…"

ကျန်းရွှိနာမည်ကြားသည်နှင့် ရှန့်ဖန်းယွိသည် ကျုံးလန်အား ဝန်ခံခဲ့သည့်အချိန်တုန်းကထက် ပို၍ပင် စိတ်လှုပ်ရှားနေပုံရသည်။

ရှန့်ဖန်းယွိသည် သူ၏ဖုန်းရုတ်တရက်မြည်လာသောအခါရှင်းပြရန်နည်းလမ်းရှာနေသည်။

"တောင်းပန်တယ်နော်…ငါဒီဖုန်းကို ကိုင်မှရမယ်…"

သူသည် ကျုံးလန်၏ ကန့်လန့်စစ်ဆေးချက်များကိုရှောင်ရှားကာ သက်ပြင်းချလိုက်သည်။ ဖုန်းဆက်လာသူမှာ ကျန်းရွှိဖြစ်သည်။

ရှန့်ဖန်းယွိသည် တံတွေးများ ပြန်မျိုချကာ လက်များသည်လည်း တုန်နေသည်။
"မင်းအိမ်မရောက်သေးဘူးနော်" ကျန်းရွှိက ပြောသည်။

ရှန့်ဖန်းယွိ ၏ ဖုန်းကိုင်ထားသော လက်ချောင်းများသည် တင်းကျပ်သွားကာ ဖုန်းပင်ကြေမွပျက်စီးမတတ်ဖြစ်နေသည်။

သူသည် ကျန်းရွှိအားယနေ့ အလုပ်မသွားမီက ညနေခင်းတွင်ညစာပြင်ဆင်ရန်စောစောပြန်လာမည်ဖြစ်ကာ သူ့အကြိုက် ငရုတ်ပွစိမ်းကြော်လုပ်ထားမည်ဟု စာပို့ထားသည်။ ထို့ကြောင့်သူသည် ကျန်းရွှိ နှင့်အတူမပြန်ခဲ့ပေ။ ကျန်းရွှိ၏ အကျင့်အရ သူသည်များသောအားဖြင့်ရှစ်နာရီခွဲလောက်ထိ အချိန်ပိုဆင်းကာ အလုပ်လုပ်တတ်သည်။ ထို့ကြောင့် ရှန့်ဖန်းယွိသည် ကျုံးလန်နှင့် ရက်ချိန်းယူခဲ့သည်။ သူ အချိန်မီလုပ်နိုင်ကြောင်းတွေးခဲ့သော်လည်း မမျှော်လင့်ဘဲ ၇နာရီသာရှိသေးကာ ကျန်းရွှိသည် အိမ်ပြန်ရောက်နေပြီဖြစ်သည်။

"ငါစားစရာတွေဝယ်ဖို့ ထွက်သွားတာ"
ရှန့်ဖန်းယွိသည် သူ၏နဖူးထောင့်မှချွေးများကိုသုတ်လိုက်သည်။

"မင်း ၆နာရီတုန်းက ထွက်သွားတာလေ"
အချိန်မှန်သူ ကျန်းရွှိက ပြောသည်။

"အနီးအနားက ဟင်းသီးဟင်းရွက်စျေးဆိုင်တွေမှာ အစိမ်းရောင်ငရုတ်ပွကြီးတွေမရှိဘူး ငါလည်း ပတ်ရှာကြည့်နေတာ"

အခြားတစ်ဖက်တွင်မူ ကြာမြင့်စွာတိတ်ဆိတ်စွာနေပြီးနောက်…

"ငါအခု ဟင်းသီးဟင်းရွက်ဈေးဆိုင်တွေနားရောက်နေတာ..ငရုတ်ပွ၂စည်းအတွက် ၃ယွမ်ကျတယ်"

ထို့နောက် ကလစ်တစ်ချက်နှိပ်ကာ သူ ဖုန်းကိုချလိုက်လေသည်။