အပိုင်း ၇၅
Viewers 11k

🧑‍⚕️Chapter 75


ရှန့်ဖန်းယွိ ကစိုးရိမ်ပူပန်စွာ ပြန်ခေါ်သော်လည်း ဖုန်းကိုသုံးကြိမ်ဆက်တိုက်ချပစ်လေသည်။ သူသည် သူ့အား ကြက်သေသေကာ ငေးကြည့်နေသောကျုံးလန်အား အမောတကောပြန်လှမ်းကြည့်လိုက်သည်။

သူမသည်ထလာကာ ရှန့်ဖန်းယွိ၏ ဖုန်းအား လက်ညှိုးထိုးပြရင်း…

"စီနီယာနဲ့ ….. အဲဒီ….မရေမရာ သူငယ်ချင်း….ဟုတ်တယ်မလား…အခု စီနီယာနဲ့ အတူတူနေနေပြီး စီနီယာရဲ့ ဘယ်ဆီဘယ်ရောက် နေတဲ့အကြောင်း မေးနေတာပေါ့…ဟုတ်တယ်မလား"

သူမသည် တဖက်မှ စကားပြောသံမကြားလိုက်သော်လည်း ရှန့်ဖန်းယွိ ပြန်ပြောသည်ကိုကြားရရုံမျှနှင့်ပင် ထိုသို့ ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။

သူမစကားပြောပြီးသည်နှင့် ရှန့်ဖန်းယွိ ပြန်ဖြေရန်ပင် အချိန်မရလိုက်..။ သူတို့နှစ်ယောက်၏ ဘေးစားပွဲတွင် ထိုင်နသော မိတ်ကပ်လိမ်းထား၍ဆံပင်ခပ်မြင့်မြင့်စီးထားသည့်မိန်းမတစ်ယောက်က ရုတ်တရက်ထလာသည်။သူမ၏ဒေါက်မြင့်ဖိနပ်ဖြင့်လမ်းလျှောက်လာကာ ရှန့်ဖန်းယွိဆီသို့ မရောက်မီရပ်လိုက်သည်။ သူမသည် မျက်ခုံးတစ်စုံကို ဖြည်းဖြည်းပင့်ကာ ခေါင်းကိုဆတ်ခနဲ ခါ၍ သူ့အားကိုပြစ်တင်ဝေဖန်ခဲ့သည်။

" သူက နင့်ကိုအိမ်မှာ စောင့်နေတာလား…သူက နင်နဲ့ ညစာစားဖို့ အိမ်မှာ စောင့်နေတဲ့အချိန် နင်က ဒီမှာ အေးအေးလူလူ လာစားနေတယ်ပေါ့…"

ရှန့်ဖန်းယွိ သည် ရုတ်တရက်ပေါ်လာကာ စိတ်ရှုပ်နေပုံရသော အမျိုးသမီးကိုကြည့်လိုက်သည်။

ထို အမျိုးသမီးသည် ရှန့်ဖန်းယွိအား စိတ်ရှုပ်ရန် အချိန်ပင်မပေးပါ။ သူမပါးစပ်အား ဖွင့်လိုက်သည်နှင့် စက်သေနတ်ပစ်သကဲ့သို့ အသက်ပင်မရှုတော့ပဲ ဆက်တိုက်ပြောနေတော့သည်။

"နင် ငါ့ရည်းစားကိုလိုက်နေတုန်းက နင်က တက်ကြွတယ် ယဉ်ကျေးတယ် ရိုးရှင်းတယ်လို့ တွေးနေသေးတာ ဒါပေမဲ့ အခု နင်က ဟိုတယောက်ကို ကြိုက်လား မကြိုက်လား တောင်ဝေခွဲမရပဲ ရှက်ကိုးရှက်ကန်းဖြစ်နေတာ…နင်သူ့ကိုတကယ်မကြိုက်မှတော့ ငါ့ရည်းစား လန်လန်းကို ဒီလိုဒုက္ခခံ ခေါ်ပြီး မေးတော့မလား"

"လန်လန်းက ပါးပါးနပ်နပ်ပြောတတ်ပေမယ့် ငါကတော့ မတူဘူး…ငါနင့်ကိုတိုက်ရိုက်ပဲပြောမယ်….နင်ဒီလိုတွေဖြစ်နေတာ နင်သူ့အပေါ်ခံစားချက်တွေရှိနေလို့…အဲ့ဒါ နင်သူ့ကိုကြိုက်နေတာ…ယောကျာ်းပီသစမ်း…သူရဲဘောကြောင်လုပ်မနေနဲ့…နင်ဝန်ခံရမှာတွေ မျက်နှာလွှဲထားရမှာတွေ ဘာမှလုပ်မနေနဲ့..နင့်ဘာသာ လိုက်ရမယ့်လူကို လိုက်…အချိန်တွေဖြုန်းမနေနဲ့…"

"လန်လန်းပြောခဲ့တာတွေထဲ မှားတယ်လို့ထင်ပြီး နင်သူ့ကိုကြိုက်လား မကြိုက်ဘူးလား အတည်ပြုချင်သေးတယ်ဆိုရန် နင်သိဖို့ အလွယ်ကူဆုံးနည်းလမ်းက နင်သူ့ကို ချစ်ချင်လား…သူ့ကို နင့်ချစ်သူဖြစ်စေချင်လား…နင်တို့နှစ်ယောက်ကို ချည်နှောင်ထားမယ့် ဆက်ဆံရေးတစ်ခုအဖြစ် ခေါင်းစဉ်တပ်ချင်လား…ရည်းစားတွေပဲ လုပ်ကြတာတွေ လုပ်ချင်လား…နင်ကသူ့အတွက် သူကလည်းနင့်အတွက်ဆိုတာမျိုး…ဘယ်သူကမှ နင်တို့နှစ်ယောက်ကြား ဝင်မစွက်ဖက်တော့တာမျိုး"

ချစ်ခြင်းမေတ္တာသည်တစ်ဦးနှင့်တစ်ဦး ပိုင်ဆိုင်လိုသောဆန္ဒနှင့်အတူလာသည်။ မည်မျှပင်တကိုယ်ကောင်းဆန်၍ တုံ့ပြန်မှုမရှိသည့်သော်လည်း ထိုပိုင်ဆိုင်ချင်စိတ်သည် မျက်နှာတွင်ပေါ်နေမည်ဖြစ်ကာ ဖုံးကွယ်၍မရပေ။

"လင်းချန့်…."
ကျုံးလန် သည်လှပသောမိန်းမအား ပြုံးပြကာ ရှန့်ဖန်းယွိအား တောင်းပန်ခဲ့သည်။

"တောင်းပန်ပါတယ် စီနီယာ…စီနီယာ ညစာကျွေးမယ် ခေါ်နေတာကိုကြားတော့ စီနီယာ ကျွန်မကိုလိုက်နေတယ်ထင်လို့ စိုးရိမ်ပြီး သူက စောင့်ကြည့်ဖို့လာခဲ့တာပါ"

ရှန့်ဖန်းယွိ သည် ကျုံးလန် ၏စကားများကို မတုံ့ပြန်နိုင်ခဲ့သေးပေ။ သူသည် ကျုံးလန်၏ ကောင်မလေးအား ကြက်သေသေကာ ကြည့်နေမိသည်။ လင်းချန့် ပြောခဲ့သည့်စကားလုံးများသည်လည်း သူ၏စိတ်ထဲတွင် အုတ်များစီနေကဲ့သို့ပင်ဖြစ်နေသည်။ အချိန်ခဏမျှတွေဝေနေပြီးနောက် သူ၏ရှေ့တွင် သည်းထန်စွာရွာသွန်းနေသောမိုးသည် ရုတ်တရက်ပါးသွားကာ နောက်ကွယ်မှရွာ၏အလှသည် တဖြည်းဖြည်းပေါ်လာခဲ့သည်။ထို့နောက်အပျက်အစီးများသည် ဝုန်းကနဲ ဝင်တိုက်မိကြကာ ဖုန်မှုန့်များလည်း ရှင်းလင်းသွားပြီး ရှန့်ဖန်းယွိအား စကားလုံးများနှင့် ချန်ထားခဲ့သည်။(တင်စားတာပါ)

"ငါအခုနားလည်သွားပြီ"

ရှန့်ဖန်းယွိ မတ်တပ်ထရပ်လိုက်သည်နှင့် ထိုင်ခုံပင်ကျွိခနဲမြည်သွားသည်။သူသည် ထို အမျိုးသမီး နှစ်ဦးအား..

"နင်တို့ပဲစားလိုက်တော့…ငါဘေလ်ရှင်းထားလိုက်မယ်…ငါအရင်ပြန်ပြီနော်"

ရှန့်ဖန်းယွိ အိမ်သို့ဒုန်းဆိုင်းပြန်လာခဲ့သည်။စျေးအောက်ဘက်တွင် လတ်တဆတ်သော ငရုတ်ပွစိမ်းများတွေ့သောအခါ သူ၏မျက်ခုံးများအား စိတ်ပျက်စွာတွန့်ရင်း အိတ်ကြီးနှင့်တစ်အိတ်ဝယ်လာလိုက်သည်။ သူတံခါးဖွင့်ဝင်သွားသည်နှင့် ဧည့်ခန်းထဲတွင် စိတ်မပါစွာထိုင်နေသော ကျန်းရွှိအားတွေ့လိုက်သည်။

သူပြန်လာသည်ကို မြင်သည်နှင့် ကျန်းရွှိသည် သူ့အား တချက်လှမ်းကြည့်ပြီးနောက် ကွန်ပျူတာဆီသို့ပြန်၍အကြည့်လွှဲလိုက်သည်။ထို့နောက် အသံခပ်မာမာနှင့်ပင်…
"မင်းဘာတွေသွားလုပ်နေလို့လဲ"

သူသည် ရှန့်ဖန်းယွိတယောက် ကုန်စုံဆိုင်သို့ စျေးသွားမဝယ်ခဲ့ကြောင်း သိသည်။သို့သော် သူ၏ ကြီးပြင်းဖြတ်သန်းလာမှုများအရ ထိုအခြေအနေသည် ထိုသို့မေးမြန်ရန်မသင့်ကြောင်းလည်း နားလည်သည်။အကယ်၍ မေးခဲ့လျှင်လည်း သူသည် ကျန်းရွှိအပေါ်တွင် လိမ်ညာအုံးမည်ဖြစ်သည်။

"ငါတောင်းပန်ပါတယ်..မင်း စောစောစီးစီးပြန်လာမယ်လို့မထင်ခဲ့ဘူး"
မမျှော်လင့်ပဲ ရှန့်ဖန်းယွိက ပျာယာခတ်သောအသံဖြင့်ရှင်းပြသည်။

"ငါ မင်းကိုလိမ်မပြောခဲ့သင့်ဘူး…ငါကျုံးလန်ကိုအပြင်မှာထွက်စားဖို့ ခေါ်ခဲ့တာ…မင်းဖုန်းဆက်နေတဲ့အချိန်ငါတို့တွေ အတူရှိနေကြတုန်း…"

ထိုစကားကိုကြားနာပြီးနောက် ကျန်းရွှိသည် ရှုပ်ထွေးစွာဖြင့်…
"အို့…"

ရှန့်ဖန်းယွိသည် သူ့အားရှင်းပြရန် အစပြုကြိုးစားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ထို့ပြင် သူတို့နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး ထိုသို့အပြန်အလှန်အစီရင်ခံရန်လည်း မလိုအပ်ပါ။

ထိုကဲ့သို့သောရိုးသားမှုသည် ကျန်းရွှိ၏ မကျေမနပ်ဖြစ်မှုများအား လျော့သွားစေသော်လည်း သူ၏ ပြောပြချက်ကြောင့် မပျော်နိုင်သေးပါ။
သူသည် ကျုံးလန်အား အဘယ့်ကြောင့် ညစာအပြင်ထွက်စားရန် ခေါ်ခဲ့သနည်း။ ကျုံးလန်ထံသို့ သွား၍ မေးရမည်လား…။

မျှော်လင့်မထားပဲ ရှန့်ဖန်းယွိ သည် ကျန်းရွှိစိတ်အား ဖတ်နိုင်သကဲ့သို့ ဆက်လက်ရှင်းပြခဲ့သည်။

"ဒါပေမယ့်ငါဘာမှမစားခဲ့ဘူး…ငါလည်းသူမအပေါ်ဘာရည်ရွယ်ချက်မှမရှိပါဘူး…ငါသူ့ကိုမေးချင်တဲ့မေးခွန်းတချို့ ရှိလို့ပါ…. ခဏစောင့်…ချက်ချင်းချက်ပြုတ်လိုက်အုံးမယ်… ငါတို့ နာရီဝက်အတွင်း စားလို့ရမှာပါ"

ကျန်းရွှိ ရုတ်တရက်ကြည့်လိုက်ချိန်တွင် ရှန့်ဖန်းယွိက ဟင်းသီးဟင်းရွက်များသယ်ကာ မီးဖိုချောင်ထဲသို့ ၀င်သွားပြီဖြစ်သည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိ ပြန်လာ၍ သူ့အား လိမ်ပြောလျှင် သူ့ခရီးဆောင်အိတ်နှင့်အတူ ဒီည ပင်နှင်ချမည်ဟုတွေးနေခဲ့သည်။ ရှန့်ဖန်းယွိ ကသူ့အားဝန်ခံသည်နှင့်တပြိုင်နက် သူ၏စိတ်များပြေလျော့သွားသည်။

စားပွဲပေါ်တွင်သူမျော်လင့်ထားသော ငရုတ်ပွစိမ်းကြော်များဖြစ်သည်။ ရှန့်ဖန်းယွိက သူ၏ပန်းကန်ထဲသို့ တစ်ခုပြီးတစ်ခု ထည့်ပေးနေကာ…

"ဒါ စားကောင်းလား… အခုကစပြီး မင်းတစ်ခုခုစားချင်ရင် ငါ့ကိုပြော ငါအကုန်ချက်ပေးမယ်.."

ကျန်းရွှိ သည် သူ၏ပန်းကန်လုံးရှိ တောင်လိုပုံနေသော ငရုတ်ပွစိမ်းကြော်များအား ကြည့်ကာ ရှန့်ဖန်းယွိအား သူသည်အစိမ်းရောင်တီကောင် မဟုတ်ကြောင်း…ထိုဟင်းအားကြိုက်သည်ဆိုရုံနှင့် ထိုမျှစားနိုင်မည်မဟုတ်ကြောင်းပြောပြချင်ခဲ့သည်။

ရှန့်ဖန်းယွိသည် သူ၏အတွင်းစိတ်မှ ပြောဆိုဝန်ခံချက်များအားကြားနိုင်မည်မဟုတ်ပေ…။

"ငါနားမလည်နိုင်တဲ့ အရာတချို့ရှိတယ်… မင်းလည်းသဘောပေါက်တယ်မလား…ဒါပေမယ့် နောက်တခါဆို ငါဒီလိုမျိုး မလုပ်ဘူး..."

သူသည် ကျန်းရွှိ၏ မျက်လုံးများသို့ကြည့်ကာ လေးနက်စွာထပ်ပြောလိုက်သည်။

"…ငါကတိပေးတယ်"

ကျန်းရွှိသည် ရှန့်ဖန်းယွိအား ရုတ်တရက်ကြည့်လိုက်သည်။ ရှန့်ဖန်းယွိ အတွေးလွန်နေသည်လား…။

ရှန့်ဖန်းယွိနှင့်ပတ်သက်၍ သူ၏ဦးနှောက်ရှိ သတိပေးချက်များသည်အလုပ်ဖြစ်သေးသည်လား…။

သူက ရှန့်ဖန်းယွိထံမှ ခပ်ခွါခွါနေရန် မလိုအပ်ကြောင်း သဘောမပေါက်ခင်က ထို ထူးခြားဆန်းကြယ်သော အချစ်စွမ်းအားနှင့်ပတ်သက်၍ ညည်းညူနေခဲ့ရသည်။

ဤသဘောပေါက်မှုသည် ကျန်းရွှိအား ပိုမိုလွယ်ကူစွာခံစားရစေပြီး သူ၏အစားအစာများကိုပင်ပို၍ စားနိုင် လာခဲ့သည်။

သူ၏ တူများအား ဘေးချထားပြီးနောက် ရှန့်ဖန်းယွိအား

" 4D အာထရာဆောင်းရိုက်ဖို့ အတွက် မနက်ဖြန်ငါနဲ့အတူလိုက်ခဲ့"

မျက်စိတမှိတ်အတွင်းမှာပင် ကလေးသည်သူ့ခန္ဓာကိုယ်အတွင်းတွင် ငါးလကျော်နေခဲ့ပြီဖြစ်သည်။ 4D အာထရာဆောင်း သည်သန္ဓသေား၏ အမျိုးမျိုးသောကိုယ်တွင်းအင်္ဂါများနှင့်အာရုံငါးခု အား ပိုမိုရှင်းလင်းစွာပြသနိုင်သည့်အကြီးစား စကင်ဖတ်စစ်ဆေးမှုတစ်ခုဖြစ်သည်။ ထို့ပြင်အစောပိုင်းအဆင့်တွင် သန္ဓသေား၏ ပုံသဏ္ဍန် မမှန်တတ်ခြင်းအား ဖော်ထုတ်ပေးနိုင်သေးသည်။

ကျန်းရွှိ သည် တကယ်တမ်း အနည်းငယ်စိတ်မသက်မသာဖြစ်ခဲ့သည်။ ဖြစ်နိုင်သည်မှာ အလုပ်မှ စိတ်အပြောင်းလဲ သို့မဟုတ် အခြားကိစ္စတစ်ခုခုကြောင့်ဖြစ်မည်။ သို့သော် သန္ဓသေားတစ်ခါလှုပ်သွားသည့် အချိန်မှစ၍ ကျန်းရွှိသည် ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့်ပတ်သက်၍ပို၍ပို၍ သိချင်သွားသည်။

သူ၏ ထူးခြားသောအခြေအနေကြောင့် အာထရာဆောင်းရိုက်လျှင်လည်း ပုံမှန်မိခင်များထက် ပို၍ မကြာခဏရိုက်ရလေ့ရှိသည်။သူ၏ယခင်ရလဒ်များမှာကောင်းမွန်သော်လည်း ကျန်းရွှိ အနေနှင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်းမာရေးနှင့်မညီညွတ်သောအပြုအမူများ၏ဆိုးကျိုးများကို မစိုးရိမ်မိရန် ခက်ခဲနေဆဲပင် ဖြစ်သည်။

ထို့အပြင်ယခင်က အာထရာဆောင်း သည် 2D ဖြစ်ပြီး၎င်းသည်ရှင်းလင်းပြီးတိကျမှုမရှိပေ။ 4D အာထရာဆောင်း သည် မှော်ဝင်မှန်နှင့်တူသည်။ ယခင်က မမြင်ဖူးသော သန္ဓသေားပုံပျက်မှုအများစုကို 4D အာထရာဆောင်းတွင်တွေ့နိုငိသည်။

အကယ်၍ ပုံပျက်နေသောကလေးကိုတွေ့ရှိပါက ကျန်းရွှိသည် ကိုယ်ဝန်ဆောင်ခြင်းကိုရပ်ဆိုင်းရန်ခက်ခဲသောဆုံးဖြတ်ချက်ချရမည်။

ပထမဆုံးအနေဖြင့် မည်သည့်အရာကိုမျှမကြောက်တတ်ပဲ သူ့အားသူကိုးတတ်သော ဒေါက်တာ ကျန်းသည် ထိုစစ်ဆေးချက်အား တယောက်တည်းမကြည့်ချင်ပေ။

ရှန့်ဖန်းယွိ က ကျန်းရွှိအား အလွယ်တကူ စိတ်ဆိုးပြေမည်ဟုမမျှော်လင့်ခဲ့ပေ။ သူသည် ကျန်းရွှိအားသူနှင့်အတူစိတ်ပြေစေရန် ပြင်ဆင်ခဲ့သည်။ သို့သော်နောက်ဆုံးတွင် ကျန်းရွှိ သည်အစောပိုင်းကဖြစ်ပျက်ခဲ့သောကိစ္စကြောင့်သူ့အား ဒေါသမထွက်ပေ။ ထို့အပြင် သူသည်ကိုယ်ဝန်ဆောင်ခြင်းနှင့်ပတ်သက်သည့် စစ်ဆေးမှုများလုပ်ဖို့ရာ သူနှင့်အတူ ပထမဆုံးအကြိမ်လိုက်ခဲ့ရန်ပင် ရှန့်ဖန်းယွိအားခေါ်ခဲ့သေးသည်။

အဖက်မလုပ်တတ်သော ကြောင်လေးသည် သူ့အပေါ်သို့ ရုတ်တရက် ခုန်ချချင်ကာ ထူးထူးခြားခြားရင်းနှီးလိုသည့် အတိုင်းပင် ဖြစ်နေသည်။ သူ၏ ဦးနှောက်သည် လွင့်မျောနေကာ သူ၏စိတ်နှလုံးတစ်ခုလုံးသည်ပျားရည်လူးထားသကဲ့သို့ ချိုမြိန်နေသည်ဟု လည်းခံစားရသည်။

တိမ်တိုက်များပေါ်တွင်လွင့်မျောနေသည်ဟု ခံစားရပြီးနောက် ရှန့်ဖန်းယွိသည်ရုတ်တရက်တစ်ခုခုကိုသတိရသွားကာ…

"ထန်ခယ် က ငါ့ကို ဘာလို့ ခုထိ မဆက်သွယ်သေးတာလဲ"

ကျန်းရွှိ အသံတိတ်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့အား ဤအချိန်လာပြရန် တိုက်တွန်းခဲ့သူမှာ ထန်ခယ် မဟုတ်ခဲ့ပေ။ ကျန်းရွှိသည်သူ့ဘာသာ ရက်များပြန်စစ်၍ ထပ်စစ်ဆေးရန် အချိန်တန်ပြီဟုတွေးကာ ရောက်လာခြင်းဖြစ်သည်။

သို့သော် သူသည် ရှန့်ဖန်းယွိအား ထိုသို့ပြောပြမည်မဟုတ်ပေ။ သူသည် ရှန့်ဖန်းယွိအား ကြည့်လိုက်ကာ အေးအေးလူလူပင်ပြောလိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ သူက ငါ့ကို ပိုယုံကြည်လို့တဲ့"

"ဟုတ်ပါပြီ… မင်းဟာယုံကြည်စိတ်ချရဆုံးပဲ"
ရှန့်ဖန်းယွိက သူ့အား မေးခွန်းများထပ်မမေးပဲ အလိုက်သင့်သာ ထပ်၍ပြောသည်။

"ဒါဆို ငါမနက်ဖြန်စစ်ဆေးမှုမတိုင်ခင် စီဒီအလွတ်သွားဝယ်ထားလိုက်မယ်…ငါတို့သမီးလေးရဲ့ အာထရာဆောင်း ပုံတွေထည့်ထားပြီး သူ့ရဲ့အခြေအနေကို ငါတို့လေ့လာကြည့်ကြတာပေါ့…"

ကျန်းရွှိ ကသူ့အား အပြစ်တင်တော့မည့်အချိန်မှာ ရှန့်ဖန်းယွိက ရုတ်တရက်ထပ်ပြောသည်။

"အကယ်၍ သူသာ မင်းနဲ့ တူရင် အရမ်းလှတဲ့ သမီးမိန်းကလေးဖြစ်လာမှာ"

ကျန်းရွှိက သူ၏ ပြောမထွက်ရသေးသော စကားတွေကိုရုပ်သိမ်းလိုက်သည်။ သူ၏စိတ်ထား အနည်းငယ်ပို၍ နူးညံ့သိမ်မွေ့သွားသည်။

ဒီည ရှန့်ဖန်းယွိဘာဖြစ်နေတာလဲ…။သူအလွန်ပင် စကားကောင်းကောင်းပြောနေသည်။ထို့ပြင် သူသည် မည်သည့်အကြောင်းကိစ္စနှင့်မျှ ပတ်သက်၍ ရန် လည်း မဖြစ်ပေ။

ရှန့်ဖန်းယွိ သူ၏ခေါင်းအား လက်တစ်ဖက်ဖြင့်ထောက်ကာ သူ၏နှုတ်ခမ်းပေါ်တွင်လည်း အပြုံးတစ်ခုဖြင့် ကျန်းရွှိ မျက်နှာအား ငေးကြည့်နေသည်။

သူ၏မျက်လုံးထဲတွင် ကျန်းရွှိထက် ပို၍ ကြည့်ကောင်းသည့်သူ မည်သူမျှမရှိချေ။

သူက သမီး ဖြစ်သူသည် ကျန်းရွှိနှင့် တူလျှင် ပိုကောင်းလိမ့်မည်ဟုတွေးနေခဲ့သည်။

ယခုအချိန်တွင် ကျန်းရွှိ၏ စိတ်အခြေအနေကောင်းနေသောကြောင့် သူ၏ ဗိုက်အား ထိခွင့်ပြုကာ သူမ၏နှလုံးခုန်သံကိုနားထောင်ခွင့်ပြုလိုက်သည်။ ကလေး၏သန္ဓသေားလှုပ်ရှားမှုသည်နေ့တိုင်း မကြာခဏဖြစ်လာသည်။ ရှန့်ဖန်းယွိသည် သန္ဓသေားနှလုံးခုန်သံကိုနားထောင်နေစဉ် ကလေးကန်သည့်အခါတိုင်း ထူးခြားသည်ဟုခံစားခဲ့ရသည်။ အလွန်ကောင်းသော ကလေးငယ်၏ တုံ့ပြန်မှု ဖြစ်သည်။

သူသည် ကျန်းရွှိ ဘေးတွင်ထိုင်ကာ သူ၏အကြည့်သည် ကျန်းရွှိဗိုက်ပေါ်သို့ရောက်နေသည်။ ထို့နောက် ဟင်းချိုအား တစ်ငုံချင်းသောက်လိုက်ကာ…သူ၏ဗိုက်အား ကြည့်ခွင့်ပေးလိုက်သည်။

ငါးလကိုယ်ဝန်သည် အနည်းငယ်သိသာထင်ရှားသော်လည်း ကံကောင်းထောက်မစွာ ပင်ဆောင်းရာသီနီးလာပြီဖြစ်သောကြောင့် ကျန်းရွှိသည် ရှန့်ဖန်းယွိ ကသူ့အတွက် ၀ယ်ပေးခဲ့သောအဝတ်အစားများနှင့်အားကစားအင်္ကျီများစွာကိုသာ ၀တ်ဆင်လေ့ရှိသည် ထို့ကြောင့်သာ သူ့ ဗိုက်အား ဖုံးထားနိုင်ခဲ့သည်။

သို့သော်သူ ခွဲစိတ်ခန်း သို့ ဝင်ချိန် ပါးလွှာသော အပေါ်ထပ်များ ဝတ်ရသောအခါ အဝတ်အစားများကို ခပ်လျော့လျော့သာ ချည်လေ့ရှိသည်။ ကျန်းရွှိက ကသူနာပြုအားခွဲစိတ်ခန်း ဝတ်ရုံ၏အပြင်ဘက် ဝတ်ရုံကိုပေးရန်အလျင်အမြန်တောင်းဆိုနိုင်သည်။ သို့သော်တစ်ခါတစ်ရံသူနာပြုသည် အလွန်တင်းတင်းကျပ်ကျပ်ချည်နှောင်ထားခြင်းသို့မဟုတ်ဖြည်းဖြည်းချင်းချည်ပေးလျှင် တစ်စုံတစ်ယောက်သည် ထိုဗိုက်အား မြင်နိုင်သေးသည်။

"ဒီနေ့ ယွီဆန်းက ငါ့ကို ဗိုက်ခေါက်ကြီးလာပြီဆိုပြီးပြောနေတာ.…ဂျင်မ် ကစားမယ့်ကဒ်ရဖို့ အနောက်တံခါးကိုသွားချင်လားလို့တောင်မေးနေသေးတယ်"

ကျန်းရွှိက ညှိုးငယ်စွာပြောသည်။

"အဲ့ဒါက အသည်းအဆီဖုံးတာလိုမျိုး တခြားရောဂါတွေ ဘာတွေ မဟုတ်ဘူးလား ဆိုတာ သူမသိချင်ခဲ့ဘူးဆိုတော့ ငါ အံ့ဩလိုက်တာ…ယွီဆန်းက ခုချိန်ထိ အသေးစိတ်ရောဂါရှာဖွေစစ်ဆေးတဲ့နေရာမှာ အရမ်းမရသေးဘူး…မင်းသူ့ကို ပြန်ပြီးဝေဖန်ပေးလိုက်သင့်တယ်…"

ကျန်းရွှိ ကသူ့အားကြည့်လိုက်သောအခါ ရှန့်ဖန်းယွိသည်ချက်ချင်းပင်လေးနက်စွာပြန်ကြည့်လာသည်။

"မင်းဆေးရုံမှာ ဘယ်လောက်ကြာကြာ ဆက်လုပ်ဖို့ စီစဉ်ထားလဲ"

"ငါခွင့်ရက်တောင်းရအုံးမယ်"

"မင်းအတွက် ရဖို့နည်းလမ်းတစ်ခုရှာလိုက်မယ်"

ရှန့်ဖန်းယွိပြောလိုက်သည်။"မင်းရဲ့ခန္ဓာကိုယ်ကအဆင်မပြေတော့ဘူးလို့ခံစားရရင်ငါ့ကိုပြော… မင်းအတွက်တောင်းပေးမယ်"

ထန်ခယ် သည် ရှန့်ဖန်းယွိအား ခွင့်ရက်ယူရန်ပြဿနာ ဖြေရှင်းရန် ပြောခဲ့သော်လည်း ကျန်းရွှိသည် ရှန့်ဖန်းယွိကိုင်တွယ်နိုင်သည်ဟုမယုံကြည်သေးပါ။ ကျန်းရွှိက သူ့အားရယ်ကာ…
"မင်းအဖေက ဆေးရုံ အုပ်ကြီး မလို့လား"

"ငါ့အဖေက ဆေးရုံအုပ် မဟုတ်ပေမယ့် ငါမင်းအတွက် အလုပ် တစ်ခုတော့ရှာလို့ရပါသေးတယ်…ဒါပေမယ့် ငါအဲ့လိုရှာပေးရင် မင်း အခြေအနေတချို့ကိုတော့ သဘောတူပေးရမယ်"

ကျန်းရွှိက ဂရုမစိုက်သယောင်လုပ်ပြသော်လည်း…ရှန့်ဖန်းယွိက…

"ပထမဆုံး အနေနဲ့ မင်းဘယ်လောက်ထိ အလုပ်လုပ်ချင်တာလဲ"

"တစ်လ ဒါမှမဟုတ် နှစ်လလောက်ပေါ့"
ကျန်းရွှိက သူမလုပ်နိုင်လောက်ဟုသာ ထင်ကာ ခပ်ပေါ့ပေါ့ပြောသည်။

သူကယခုကတည်းကပင် အနည်းငယ်ပင်ပန်းနေပြီဖြစ်သည်။ သန္ဓသေားနှင့် ရေအိတ်အတွင်းမှ အရည်၏အလေးချိန်သည် သူ၏ဝန်အား ပိုလေးစေသည်။ သူ တဖြည်းဖြည်းအချိန်ပို၍ လျှော့ချထားကာ သူ၏လုပ်ဖော်ကိုင်ဖက်များကို ထို ဗိုက်ခေါက်ဖြင့်လှည့်စားနိုင်ဆဲဖြစ်သည်။ သို့သော်သူ ကိုယ်ဝန်ဖြင့် နောက်ကျချိန်ထိအလုပ်ဆင်းနေလျှင် ဒါရိုက်တာချွေ့သည် သူ့အား ပြင်းထန်သောဖျားနာမှုရှိမရှိမေးမြန်းရန်လာလိမ့်မည်။

"အရမ်းခက်လို့မရဘူး မလား" ရှန့်ဖန်းယွိကမေးသည်။

"ငါအလုပ်လုပ်နိုင်သေးတယ်" ကျန်းရွှိ က သူ့နှုတ်ခမ်းများကိုတင်းတင်းစေ့ထားကာ စိုးရိမ်စွာပြောသေးသည်။ "လူနာတွေအများကြီးရှိသေးတယ်"

ကျန်းရွှိသည် ကျီဟွားဆေးရုံ ၏လုပ်ထုံးလုပ်နည်းဆိုင်ရာစည်းမျဉ်းများအရ ရှန့်ဖန်းယွိသည် မွေးလမတိုင်ခင်နှင့်မွေးပြီးနောက် တစ်လကြာမျှခွင့်ရရန် ကူညီပေးနိုင်လျှင် အံ့ဩစရာကောင်းတော့မည်ဟုတွေးမိသည်။

"မင်းလည်းလူနာတစ်ယောက်ပါ" ရှန့်ဖန်းယွိ ကပြောလိုက်သည်။

ကျန်းရွှိကသူ့အား စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။

ရှန့်ဖန်းယွိက ကျန်းရွှိသည် မာနကြီသော လူတစ်ယောက်ဖြစ်သည်ကိုသိထားပြီးသောကြောင့် သူဟာစိတ်ရင်းမှန်နှင့်ပင် အငြင်းပွါးစရာစကားများအား ကြိုတင် ရုပ်သိမ်းလိုက်သည်။

"ဒါဖြင့် မင်းပြောသလို လုပ်ကြတာပေါ့ "

ရှန့်ဖန်းယွိ သည်သူ၏လက်ဖျောက်တချက်တီးလိုက်ပြီးနောက်ကျန်းရွှိ၏ ပုခုံးအား ဖျစ်လိုက်ကာ

"မင်းရဲ့ အရှည်ဆုံးအားလပ်ရက် အတွက်ပြင်ဆင်ထား"

ထို့နောက် သူ ဟင်းလျာပန်းကန်များအား ရှင်းလင်းရန်ထရပ်လိုက်သည်။ ခဏမျှ အကြာတွင် သူကရုတ်တရက်တစ်ခုခုအား သတိရသွားသည်။

"ငါမင်းအတွက် အကြောပြတ်ရာ လိမ်းတဲ့ ခရင်မ် ၂ဘူး ဝယ်လာတယ်… ငါ အဲ့ဒါတွေကို မင်းရဲ့အိပ်ရာဘေးက စားပွဲပေါ်တင်ထားလိုက်မယ်…မင်းရေချိုးပြီးတဲ့အခါ လိမ်းဖို့ မမေ့နဲ့"

ကျန်းရွှိ၏ မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။

အကြောပြတ်ရာများ မဖြစ်အောင် ရှောင်ရှားရန်အရေးကြီးဆုံးမှာ ကိုယ်အလေးချိန်ကို ထိန်းချုပ်ရန်နှင့်ကြိုတင်ကာကွယ်သည့် လိမ်းဆေးကိုအသုံးပြုရန်ဖြစ်သည်။ သူသည် လေ့ကျင့်ခန်း များများလုပ်ကာ သင့်လျော်စွာစားသည်။ ထို့ကြောင့် သူ၏အလေးချိန်ကိုကောင်းစွာထိန်းထားနိုင်ခဲ့သည်။ ထို့အပြင်ကလေးသည်ကြီးမားလွန်းခြင်းမရှိသောကြောင့် အကြောပြတ်ရာ သက်သာသည့် ခရင်မ်ကို လိမ်းခြင်းဖြင့် ကျန်းရွှိသည် အနည်းနှင့်အများဆိုသလို ခံနိုင်ရည်ပိုရှိသွားသည်။

သူ၏ခန္ဓာကိုယ်အရေပြားအတွက် နောက်ဆုံးအသုံးပြုခဲ့သည့် ထူးထူးခြားခြားပစ္စည်းသည် သူ့ မိခင်ဖြစ်သူမှ သူ့အား လသားအရွယ်တွင်လိမ်းပေးသော မိတ်ပျောက် ပေါင်ဒါပင်ဖြစ်သည်။