အပိုင်း ၇၆
Viewers 12k

🧑‍⚕️Chapter 76



ကျန်းရွှိ ရေချိုးပြီးနောက် စာကြည့်ခန်းတွင်ခဏထိုင်ခဲ့ကာ အိပ်ခန်းသို့ပြန်မသွားမီအချိန်ဆွဲနေခဲ့သည်။ သူ အကြောပြတ်ရာ သက်သာသည့် ခရင်မ်ပုလင်းနှစ်ခုကိုကောက်ယူကာ သူတို့ကိုထပ်ခါထပ်ခါကြည့်လိုက်သည်။
ဤဆေးကိုသူ၏လူနာများအားမကြာခဏ ညွှန်းပေးလေ့ရှိသော်လည်း သူ၏အလှည့်တွင်မူ သူ ရှက်ရွံ့နေသည်ဟုခံစားခဲ့ရသည်။

အချိန်ကြာမြင့်စွာ သောကပွါးနေပြီးနောက် သူ့ အင်္ကျီ၏ အနားကွပ်ကို ကြယ်သီးဖြုတ်လိုက်ကာ ပြူထွက်နေသော သူ၏ဗိုက်အားငေးကြည့်နေမိသည်။

တံခါးခေါက်သံက ကျန်းရွှိ ၏ အတွေးများကိုရုတ်တရက်ပြတ်တောက်စေခဲ့သည်။ သူ အရာရာကိုဘေးဖယ်ပစ်လိုက်ကာ သူ့ကိုယ်သူ စောင်နှင့်လျင်မြန်စွာဖုံးအုပ်လိုက်ပြီး လည်ချောင်းကိုရှင်း၍ ပြောလိုက်သည်။

"ဝင်လာလေ"

ရှန့်ဖန်းယွိ သည် လမ်းလျှောက်နေစဉ် သမ်း၍ပင် ဝင်လာသည်။

"ဘာလို့စောင်အုပ်ထားတာလဲ မပူဘူးလား"

သူ ပြုတ်ကျနေသောအကြောပြတ်ရာပျောက်သော ခရင်မ်ဘူးကို ကောက်ယူကြည့်လိုက်သည်။ 

"မင်းသုံးပြီးပြီလား"

"ငါမသုံးချင်ဘူး"

ရှနိ့ဖန်းယွိသည် ပုလင်းတစ်လုံးကိုကောက်ယူခဲ့ကာ ကျန်းရွှိ ၏အိပ်ရာအစွန်းတွင်ထိုင်ခဲ့သည်။ 

"များလာရင် မင်းစိတ်ချမ်းသာရမှာမဟုတ်ဘူး"

ကျန်းရွှိသည် သူ၏ မျက်နှာအားစောင်းကာ

"မဟုတ်ပါဘူး များမလာပါဘူး"

ရှန့်ဖန်းယွိကစောင်ကိုမြှောက်လိုက်သည်။

"ငါမင်းကို လိမ်းပေးရမလား"

အချိန်ကြာကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းရွှိသည် သေနေသည့်အလား မျက်နှာကျက်ကိုစိုက်ကြည့်နေတော့သည်။

သူ၏ဝမ်းဗိုက်က နွေးထွေးနေသည်။ ရှန့်ဖန်းယွိသည် ခရင်မ်ကို အသုံးမပြုမီ နွေးသွားစေရန် သူ၏လက်တွင်ထည့်၍ ပွတ်ခဲ့သည်။

ခဏအကြာတွင် ရှန့်ဖန်းယွိ၏ လှောင်ပြောင်ရယ်မောသံများသည် သူ၏နားများထံသို့ရောက်လာသည်။ 

"မင်းက သဘောကောင်းတဲ့ လူစွမ်းကောင်းပုံပေါက်နေတာလား"

"မင်းစကားမပြောရင်ဘယ်သူမှမင်းကိုစကားမပြောနိုင်ဘူး"

ကျန်းရွှိ၏စကားများထွက်သွားသည်နှင့် ဗိုက်ထဲမှ ကလေးလေးသည် အနည်းငယ်ကန်နေသည်။

သူ၏ဝမ်းဗိုက်ပေါ်ရှိအဆီသည်ပါးလွှသောကြောင့် ကလေး၏လှုပ်ရှားမှုများအား အပြင်မှ အလွယ်တကူမြင်ရနိုင်သည်။ ၎င်းသည် ဝမ်းဗိုက်မျက်နှာပြင်ပေါ်တွင်ပြတ်ပြတ်သားသားမမြင်နိုင်သော်လည်း လက်ဖြင့်ထိကြည့်သောအခါအလွန်ရှင်းရှင်းလင်းလင်းခံစားနိုင်သည်။

ရှန့်ဖန်းယွိ မနေနိုင်ပဲ ရယ်မောလိုက်မိသည်။

" သူမက မင်းအတိုင်း တစ်ပုံစံတည်းပဲ"

ကျန်းရွှိ အနည်းငယ်စိတ်ပူနေကာ

"သူမက ဘာလို့ လူတွေကို မမှတ်မိတာလဲ"

ငါးလေမြာက်တွင် ကလေး၏ အကြားအာရုံသည် ဖွံ့ဖြိုးပြီးသားဖြစ်ကာ သူတို့ကိုသယ်ထားသူသည်မည်သူဖြစ်ကြောင်းကိုပြောပြရန်အသံအပေါ်မှီခိုနိုင်သည်။ လူနာများကသူတို့၏ကလေးငယ်များသည်သူတို့ထိတွေ့သောအခါရွေ့လျားသည်ဟုဆိုကြသော်လည်း ခင်ပွန်းသည်ကြိုးစားသောအခါဘာမျှဖြစ်မလာပါ။ အဘယ့်ကြောင့်ဆိုသော် မိခင်ဖြစ်သူက ထိခြင်းမဟုတ်သောကြောင့်ဖြစ်သည်။

ကျန်းရွှိ သည် သူ၏ဝမ်းဗိုက်အတွင်းရှိ ကလေးသပလုံးဝလုံခြုံနေသည်ဟု အဘယ့်ကြောင့်ခံစားနေရသည်ကို နားမလည်ပေ။ ရှန့်ဖန်းယွိသည် သူမနှင့်အပြန်အလှန်ဆက်သွယ်သောအခါ သူမသည် မကြောက်ရုံသာမက တက်တက်ကြွကြွပင်ဖြစ်နေသေးသည်။

" ဆိုလိုတာကငါ့သမီးကငါ့ကိုယုံတယ်” 

ရှန့်ဖန်းယွိက ကျန်းရွှိ၏ ဘောင်းဘီအားခပ်ဖြည်းဖြည်းပုတ်ကာ 

"ငါ့ကို အဲ့အောက်တွေရော လိမ်းပေးစေချင်လား"

အကြောပြတ်ရာများသည် ဝမ်းဗိုက်ပေါ်တွင်သာမက ပေါင်နှင့်တင်ပါးများတွင်ပါတွေ့ရှိရတတ်သည်။

ကျန်းရွှိ သည် ရှန့်ဖန်းယွိ ၏လက်ကိုရိုက်ချကာ

" သွားအိပ်လိုက်ပါတော့"

ရှန့်ဖန်းယွိ ပြုံးဖြီးကာ သက်ပြင်းချ၍ ကြမ်းပြင်ပေါ်တွင်အိပ်လိုက်သည်။

ကံကောင်းထောက်မစွာ ကျန်းရွှိက သူ့အား လိမ်းပေးပါရန် မတောင်းဆိုခဲ့ပေ…။ မဟုတ်လျှင် သူသည် ကျန်းရွှိအား နောက်ထပ် စွမ်းဆောင်မှုတစ်ခု ထပ်ပြုမိပေလိမ့်မည်။

မှောင်မိုက်သောအခန်းထဲတွင် နှင်းခေါင်းလောင်းပန်း နှင့် နှင်းဆီ အဆီတို့၏ ရနံ့များ ခပ်ပါးပါး ရနေကာ ရှန့်ဖန်းယွိ၏ လက်ချောင်းထိပ်များသည် လည်း အနည်းငယ် ပူနေသေးပုံရသည်။

သူ၏နားထဲတွင်တကျိကျိ အသံကြားနေရသည်။ ကျန်းရွှိဆေးသောက်နေခြင်းဖြစ်ကြောင်း ရှန့်ဖန်းယွိသိသည်။

သူသည်ရုတ်တရက်သူ၏လက်ကို မြှောက်ကာ လက်ချောင်းများကို တိတ်တဆိတ်ပြန်နမ်းလိုက်သည်။ ထို့နောက်သူ၏မျက်လုံးများကိုပိတ်ရန်မျက်ခွံများကိုလျော့ချလိုက်သည်။

သို့သော်ည၏တိတ်ဆိတ်မှုသည်သူ၏မငြိမ်မသက်ဖြစ်နေသောနှလုံးခုန်သံအား ဖုံးကွယ်မရပေ။

သူတဖက်သို့ ပြန်လှည့်ကာ အိပ်ရာပေါ်မှ ကျန်းရွှိအား ကြည့်ကာ စိတ်ထဲမှ ပြောနေလိုက်သည်။

"ငါမင်းကိုကြိုက်တယ်လို့ပြောရင်မင်းငါ့ကိုယုံမှာလား….ငါမင်းကို သဘောကျရုံတင်မကဘူး…မင်းကိုလည်း လိုက်ချင်တယ်…မင်းနဲ့အတူရှိချင်တာ…မင်းစိတ်ဆိုးမှာလား…. မင်းစိတ်ဆိုးသွားလည်း ငါမင်းကို သဘောကျတဲ့စိတ်ကို ရပ်လို့မရတော့ဘူး"

ရှန့်ဖန်းယွိ မျက်လုံးများ ပိတ်လိုက်သည်။ထိုအချိနွတွင် ကျန်းရွှိ သည်ဆေးပုလင်းအား အိပ်ရာပေါ်တင်၍ အဖုံးဖွင့်လိုက်သည်ကို သူကြားလိုက်ရသည်။ 

——-

4D အာထရာဆောင်း အခန်းတွင် ကျန်းရွှိ ၏မျက်လုံးများသည်ရွေ့လျားခြင်းမရှိဘဲ ပုံပေါ်တွင်သာစွဲမြဲနေသည်။

သူတို့သုံးယောက် ပထမဆုံးအကြိမ်အဖြစ် ကျန်းရွှိဗိုက်ထဲမှ ကလေးလေးအား ရှင်းလင်းစွာမြင်ရပြီဖြစ်သည်။ 4D အာထရာဆောင်းသည် 3D ပုံများအား ရုပ်ထွက်အားပိုကောင်းစေသည့် ရုပ်လွှာရှုထောင့်များထပ်ပေါင်းထည့်ထားသောကြောင့်ဖြစ်သည်။

သမီးလေး၏မျက်လုံးများက ပိတ်နေသည်။ နှာတံလေး ပေါ်လာကာ ပါးစပ်ပေါက်လေးသည် အနည်းငယ်ပွင့်နေသည်။ သူတို့ ကလေးလေး ဘာတွေးနေသည်ကို ပင် သိချင်သွားကြသည်။

ကျန်းရွှိ ၏နှလုံးက လျင်မြန်စွာခုန်နေသည်။ ထန်ခယ်ကရုတ်တရက်မျက်မှောင်ကြုတ်၍ ရှုထောင့် တစ်နေရာအား ညွှန်ပြကာ တစ်ခုခုမှားနေသည် ဟုပြောလာမည်ကို စိုးရိမ်နေမိသည်။

သူသည် စစ်ဆေးသည့် ကုတင်ဘေးဘောင်တွင်တင်ထားသော ရှန့်ဖန်းယွိ၏ လက်အား ရုတ်တရက် ထိမိသွားသောကြောင့် ရှန့်ဖန်းယွိတယောက် သူ၏ ခံစားချက်များကိုပါ ခံစားမိသည်လား မပြောတတ်ပေ။ထန်ခယ်သည် စိတ်လှုပ်ရှားကာ တံတွေးမျိုချ နေသော ကျန်းရွှိအားလှည့်ကြည့်လိုက်သည်။ 

"အားလုံးတော်တော်လေးကောင်းပါတယ်"

ထန်ခယ် သက်ပြင်းရှည်ချကာ စီဒီခွေအား ကျန်းရွှိထံသို့လွှဲပြောင်းပေးလိုက်သည်။ သူ လေးနက်သောအကြည့်များအားဖယ်ထုတ်ကာ စိတ်သက်သာရာဖြင့် ပြုံးပြလိုက်သည်။

" ဘာလို့ ရုတ်တရက်ကြီး ကလေးမွေးဖွားတာနဲ့ပတ်သက်ပြီးတော့ မင်းရဲ့စိတ်က ပြောင်းလဲသွားတယ်ဆိုတာငါမသိပေမယ့် သူတကယ်ကျန်းမာပါတယ်"

ကျန်းရွှိ ကသူ့အား ပြန်ပြောင်းချင်သည် ဟု စာတစ်စောင်ရုတ်တရက်ပို့လိုက်သည့်နေ့ကဖြစ်သည်။ ရှန့်ဖန်းယွိသည် နောက်တစ်နေ့တွင်ရောက်လာကာ ကျန်းရွှိ၏ခရီးဆောင်အိတ်အားလုံးအား သူ့အိမ်တွင်ပြန်ထားပေးခဲ့ကြောင်းပြောလာသည်။ ကျန်းရွှိက သူတို့၏ကလေးအားဆက်မွေးရန် ဆုံးဖြတ်ထားကြောင်းပါပြောပြထားသည်။

ထန်ခယ် အံ့ဩတုန်လှုပ်သွားသောကြောင့် ကျန်းရွှိ၏မက်ဆေ့ခ်ျများအား ခဏခဏ ဆွဲချကာ ဖတ်နေခဲ့မိသည်။

ကလေး၏ကျန်းမာရေးအကြောင်းအားကြားပြီးနောက် တစ်ဦးကို တစ်ဦး ကြည့်နေကြသော အမျိုးသားနှစ်ဦးအား ထန်ခယ်လှမ်းကြည့်လိုက်သည်။ သူ အကြည့်လွှဲကာ အနောက်သို့ဆုတ်လိုက်သော်လည်း ထိုနှစ်ယောက်သည်အချင်းချင်း စိုက်ကြည့်နေဆဲဖြစ်သည်။ သူတို့အား သူကြည့်နေသည်ကို တစ်ယောက်မျှ မမြင်သေးပေ။

"…"

"ဒီတော့ "

 သူ ဝင်ရောရန် ကြိုးစားလိုက်သည်။

 "မင်းတို့ တစ်ခုခုစားပြီး အောင်ပွဲခံချင်သေးလား"

ကျန်းရွှိ သူ၏ အကြည့်အား ရုပ်သိမ်းကာ ချွေးထွက်နေသော လက်ဖမိုးများကိုသုတ်လိုက်သည်။ ထို့နောက် CDကို ရှန့်ဖန်းယွိထံသို့ပေးလိုက်သည်။

 ရှန့်ဖန်းယွိကပြုံး၍ပြောလာသည်။

"ငါ ရှန်းချီ မှာစားဖို့မှာထားပြီးပြီ…ငါတို့သွားကြမလား"

ကျန်းရွှိ ကခေါင်းညိတ်ကာ ထန်ခယ်အား…

"ငါတို့ အရင်သွားနှင့်မယ်နော်"

"…မင်းတို့ငါ့ကို အတူခေါ်သွားမှာ မဟုတ်ဘူးလား"

ရလဒ်အနေနှင့် သူမတ်တပ်ရပ်လိုက်သည်နှင့် ရှန့်ဖန်းယွိ သည်အနီရောင် အထုပ်ကလေးအား သူ၏အိတ်ကပ်ထဲသို့ရုတ်တရက်ထည့်ပေးလိုက်သည်။

"မင်း…" ထန်ခယ်က..

"ပုဂ္ဂလိကဆေးရုံတွေက အနီရောင်စာအိတ်တွေကိုလည်းလက်မခံပါဘူး"

 ရှန့်ဖန်းယွိကပြောသည်။
"ဒါက ဒေါက်တာ ထန် အတွက်မဟုတ်ပါဘူး…ထန်ခယ် အတွက် "

" ကျန်းရွှိကို ပြန်လာဖို့ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…သူ့ရဲ့ ကျန်းမာရေးကိုအမြဲတမ်းဂရုစိုက်ပေးလို့လည်း တကယ်ကျေးဇူးတင်ပါတယ်"

ထန်ခယ် သည်ကြီးမားသောအနီရောင်စာအိတ်ကိုမှုန်မှိုင်းသောအကြည့်ဖြင့် ထိလိုက်ကာ ဘေးချင်းယှဉ်လမ်းလျှောက်နေသောလူနှစ်ယောက်အား ကြည့်ရင်း ဘ၀ သည်လျှို့ဝှက်ဆန်းကြယ်သည်ဟုရုတ်တရက်ခံစားမိသည်။

သူသည် ကျန်းရွှိ၏ ရုတ်တရက် စိတ်ပြောင်းလဲခြင်းနှင့် သူတို့နှစ်ဦးအကြားဆက်ဆံရေးရုတ်တရက်ဖြတ်လိုက်ကြခြင်းသည်သူနှင့် ဘာမျှမဆိုင် ဟု ခံစားခဲ့ရသည်။ သို့သော် ရှန့်ဖန်းယွိ၏စကားများသည်အလွန်ထူးဆန်းသည်။

ထန်ခယ်က ထိုကိစ္စများကြားမှ လွတ်လပ်သော သစ္စာတရားအကြောင်းအား ကြားခဲ့ရသည်ကို ဝန်မခံလိုပေ။

သူတို့သည် နှစ်ပေါင်းများစွာ ကောင်းသောမိတ်ဆွေများဖြစ်ခဲ့ကြသောကြောင့် ကျန်းရွှိ ၏ကျန်းမာရေးကိုစိုးရိမ်ခဲ့ခြင်းဖြစ်သည်။သူ ရှန့်ဖန်းယွိ၏ ကျေးဇူးတင်စကားအား ဘယ်အချိန်တွင် လိုအပ်ခဲ့သနည်း။

ဒေါသထွက်နေသော ဒေါက်တာ ထန်ခယ် သည် A မြို့ရှိဇိမ်ခံစားသောက်ဆိုင်သို့ သူကိုယ်တိုင်ကားမောင်းခဲ့ကာ ရှန့်ဖန်းယွိ၏အနီရောင်စာအိတ်ကြီးကိုပါ ထုတ်ယူခဲ့ပြီး စားပွဲတစ်ခုမှာလိုက်သည်။

"လောင်ဇီက သူ့ဘာသာ စားနိုင်တယ်"

———
ထိုအချိန်တွင်

နောက်ဆုံးတွင်စိတ်သက်သာရာရသွားသော ကျန်းရွှိ နှင့် ရှန့်ဖန်းယွိ တို့သည် ရှန်ချီ စားသောက်ဆိုင်၌တစ်ဦး နှင့်တစ် ဦး မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ကူချင်၏ကြော့ရှင်းသောအသံနှင့်အတူ ရေတံကောင်းမှကျလာသောအသံများသည် သူတို့၏ နားစည်များထဲသို့စီးဝင်နေသည်။စံပယ်လက်ဖက်ရည်၏ မွှေးရနံ့ခပ်သင်းသင်းသည် သူတို့၏ နှုတ်ခမ်းနှင့် သွားများအကြားတွင် ဝေ့ဝဲနေသည်။

ပတ်ဝန်းကျင်မှလေထုအခြေအနေကောင်းနေ၍ သို့မဟုတ် ကလေး၏ကျန်းမာရေး ကောင်းသည့်သတင်းကြောင့် ကျန်းရွှိစိတ်ကြည်လင်နေ၍ ဖြစ်မည်။ သူက ရနံ့မွှေးသော လက်ဖက်ရည်ခွက်ကို ကိုင်ကာ ရှန့်ဖန်းယွိအား ရှားရှားပါးပါး စိတ်ကြည်လင်စွာ ကြည့်နေသည်။

သူ၏မျက်လုံးများမှ အကြည့်သည် နွေးထွေးလွန်းသောကြောင့် ရှန့်ဖန်းယွိသည် အံ့အားသင့်၍ အကြည့်လွှဲလိုက်ရာ သူ၏အကြည့်သည်ကျန်းရွှိ၏စိုစွတ်သောနှုတ်ခမ်းများပေါ်သို့ ကျသွားသည်။

သူ ရုတ်တရက် ကျုံးလန်၏ စကားများအား ပြေးသတိရသွားသည်။
" သူ့ကို နမ်းပြီး ပွေ့ဖက်ချင်လား"

"ကျန်းရွှိ" သူခပ်တိုးတိုခေါ်လိုက်သည်။

"ဟမ်…"
 ကျန်းရွှိက သူ့အား ကြည့်နေတုန်းပင်…။

 ထိုပုံစံလေးကြောင် ကျန်းရွှိအား လက်မောင်းမှကိုင်ကာ စိုစွတ်နေသော နှုတ်ခမ်းများကိုထိချင်လာအောင်ပြုစားခံလိုက်ရသကဲ့သို့ဖြစ်နေသည်။

ဤအတွေးကြောင့် ရှန့်ဖန်းယွိ သူ၏အကြည့်အား သတိကြီးစွာရှောင်ရှားလိုက်သည်။ ကျန်းရွှိက သူ၏မျက်နှာအမူအရာပြောင်းသွားသည်ကို ရှင်းရှင်းလင်းလင်းမြင်သွားသည်။

"ဘာလဲ"

ရှန့်ဖန်းယွိက သူ၏ပုံမှန်မဟုတ်မှုကို ဖုံးကွယ်ရန်သင့်လျော်သောဆင်ခြေတစ်ခု ကြိုးစားရှာဖွေနေခဲ့သည်။နောက်ဆုံးတွင်သူ၏ခေါင်းအား ချာချာလည်စေ ပြီးနောက်…ကျန်းရွှိ ၏အာရုံကိုပျံ့လွင့်စေရန် အတွက် သူ၏သမီးအကြောင်းအားအသုံးပြုရန် ရွေးချယ်လိုက်သည်။

သူ စီဒီကို အိတ်ထဲမှထုတ်ကာ၎င်းတို့ကြားတွင်တင်ထားလိုက်သည်။ထို့နောက် ဘေးတွင်ခွက်တစ်ခွက်ထားကာ ရနံ့မွှေးသော လက်ဖက်ရည်အချို့လောင်းထည့်လိုက်သည်။

"ငါတို့သမီးလေးအတွက် ခွက်တိုက်ကြမယ်လေ"

မျှော်လင့်ထားသည့်အတိုင်း ကျန်းရွှိ၏အာရုံစိုက်မှုသည် သူ၏သမီးထံသို့ရောက်သွားကာ ခေါင်းညိတ်လိုက်သည်။ သမီးလေးအတွက် ခွက်ချင်းတိုက်ရန် လက်ကိုရှေ့သို့ဆန့်လိုက်သည်။

ရှန့်ဖန်းယွိက သမီးလေး အားကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး သက်ပြင်းချလိုက်သည်။ သို့သော်သူသည်သက်ပြင်းချ၍ မပြီးဆုံးမီ ကျန်းရွှိကရုတ်တရက်…

 "မင်းကြမ်းပြင်ပေါ်မှာအိပ်တာ အခုကစပြီးတော်သင့်ပြီ"

"ဟွန်…"

ကျန်းရွှိ ကသူ့အား အဓိပ္ပာယ်ပြည့်ဝသော အကြည့်ဖြင့်ကြည့်လိုက်သည်။ သူနှင့် ရှန့်ဖန်းယွိ တို့သည်ယခုအခါမိသားစုတစ်စုဖြစ်ပြီးကလေးအား ၄ လအကြာတွင် မွေးဖွားတော့မည်။ သူ ကလေး၏ ဖခင်အား နေ့တိုင်းကြမ်းပြင်ပေါ်တွင် အိပ်ခွင့်မပြုနိုင်ဟု တွေးမိသည်။၎င်းက မိသားစုချင်း သဟဇာတဖြစ်စေမည့် ဆုံးဖြတ်ချက်မျိုးဖြစ်သည်။ ရာသီဥတုပို၍အေးလာလျှင် ရှန့်ဖန်းယွိ အအေးမိနိုင်သည်။

သူ၏အသံသည် သိပ်ကြင်နာမှုမရှိသောကြောင့် ရှန့်ဖန်းယွိက သူ့အား ငြင်းပယ်ခဲ့ခြင်းဖြစ်မည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် ဒီတစ်ကြိမ် ဆွေးနွေးမှုတွင် သူ၏အသံကိုပြောင်းလဲခဲ့ပြီး ရှန့်ဖန်းယွိအားထိုကိစ္စနှင့် ပတ်သက်၍ ထပ်မံပြောဆိုရန်လည်း ရည်ရွယ်လိုက်သည်။

"ငါ ပြောတုန်း…"

"အစ်ကို…"

ရှန့်ဖန်းယွိ သည် သူ့အားထပ်မံငြင်းဆန်လိုသည်ကိုမြင်သောအခါ ကျန်းရွှိ သူ၏ ဝှက်ဖဲကဒ်ကိုထုတ်သုံးပစ်လိုက်သည်။

သူက ယွီဆန်း ၏စာအုပ်ကိုနောက်ဆုံးအကြိမ်ဖတ်ပြီး ပေါ့ပေါ့ပါးပါး ပင် ကြိုးစားခဲ့သည်။ သို့သော် ရှန့်ဖန်းယွိ၏တုံ့ပြန်မှုသည်အထူးသဖြင့် သူအံ့အားသင့်သွားသည့်အချိန်မျိုးတွင် တည်တံ့လွန်းသည်။ ထို့အပြင် သူက တဖက်မှ အရင် စ၍ခေါ်ဆိုမှုကိုနှစ်သက်ပုံရသည်။

ကျန်းရွှိ က ရှန့်ဖန်းယွိ ၏ အားနည်းချက်များအား ချက်ချင်းသဘောပေါက်လာသည်။ ရှန့်ဖန်းယွိ၏ပုံမှန်မဟုတ်သောပုံစံများ ရပ်တန့်သွားကာ လွန်ခဲ့သောနှစ်ရက်အတွင်းပုံမှန်ဖြစ်နေသည်ကို မြင်ရသောအခါ သူသည် ထိုနည်းလမ်းများ ကိုအသုံးမဝင်နိုင်တော့ဟုထင်ခဲ့သည်။ မမျှော်လင့်ဘဲ ရှန့်ဖန်းယွိသည် အိပ်ခန်းထဲတွင် ရှက်နေသောမိန်းကလေးကဲ့သို့ပြုမူခဲ့ပြီး သူနှင့်အတူအိပ်ရန် ပြောသည့်အခါတိုင်း ခက်ခဲနေသည့်ပုံဖြစ်လာသည်။

မျှော်လင့်ထားသည့်အတိုင်း ရှန့်ဖန်းယွိသည် အစ်ကို ဟူသောစကားလုံးကိုကြားရသောအခါ သူ၏ပါးစပ်ကိုပိတ်လိုက်သည်။ ကျန်းရွှိက အလွန်ကျေနပ်အားရသွားကာ ရှန့်ဖန်းယွိ အားသူ၏အစီအစဉ်များနှင့် ပတ်သက်၍ ပြောပြခဲ့သည်။

"ကြမ်းပြင်ပေါ်က မင်းရဲ့အိပ်ရာရှိတဲ့နေရာမှာ ကလေးအိပ်ဖို့လှည်း လေး ထား ဖို့စီစဉ်ထားတယ်..အဲ့ဒါကြောင့်မင်းရွှေ့ဖို့လိုတယ်"

"ဒါပေမယ့်…" ရှန့်ဖန်းယွိသည်အနည်းငယ်ငြင်းဆန်ချင်နေဆဲဖြစ်သည်။

"အစ်ကို…အစ်ကို ရှန့် …အစ်ကို ဖန်းယွိ"

သူ့ကိုအကြိမ်များစွာခေါ်ပြီးနောက် ကျန်းရွှိသည်သူ၏အဖြေကိုစောင့်ရင်းတိတ်တဆိတ်ကြည့်နေလိုက်သည်။

ကျန်းရွှိ ၏အသံသည်ထိုနာမည်များကိုခေါ်သောအခါအလွန်ပေါ့ပါး၍ သဘာဝဆန်သည်။ သူ၏အသံသည် တမင်တကာသံရှည်ဆွဲ၍ညည်းတွားခြင်းမျိုး…ပြီတီတီအသံမျိုး မပေါက်ပေ။ 

သို့သော် သူ၏အသံသည် ပြီတီတီဖြစ်နေသောအသံများထက် ပို၍ နှစ်သက်ဖွယ်ကောင်းသည်။

ရှန့်ဖန်းယွိ ချောင်ပိတ်မိသွားသလိုမျိုး သူ၏ မြီးညောင်းရိုးများပင် ထုံကျဉ်သွားသည်ဟု ခံစားလိုက်ရသည်။သူပြောရမည့်စကားလုံးများကိုပါ မေ့သွားသည်။

သူ၏လျှာသည် ၉၉၉ခါမျှ ထုံး၍ချည်ထားသကဲ့သို့ခံစားလိုက်ရသည်။ သူမဖြည်နိုင်သည့် အရှုပ်အထွေးများဖြစ်သည့်အပြင် စကားမပြောနိုင်တော့ပေ။

ကမ္ဘာပေါ်၏ ဘယ်နေရာတွင် ကျန်းရွှိသည် ထိုအရာများကို သင်ယူခဲ့သနည်း။

ရှန့်ဖန်းယွိ၏ စိတ်သည်ကောင်းကင်နှင့်စစ်ထိုးနေသကဲ့သို့ဖြစ်သည်။

ကျန်းရွှိအား လိုက်ရန်ဆုံးဖြတ်ပြီးနောက်သူသည်အင်တာနက်ပေါ်တွင် အချက်အလက်အမြောက်အများကိုသုတေသနပြုခဲ့ပြီး အစီအစဉ်များစွာပြုလုပ်ခဲ့ကာ ရှင်းလင်းပြတ်သား၍ ပြီးပြည့်စုံသော စည်းကမ်းချက်များနှင့်လမ်းညွှန်တစ်ခုကိုပင် စုစည်းဖန်တီးထားခဲ့သေးသည်။

လမ်းညွှန်၏အရေးအကြီးဆုံးအချက်မှာ တစ်စုံတစ် ဦး အား လိုက်ဖမ်းခြင်းသည် တဖြည်းဖြည်းလုပ်ဆောင်ရမည်ဖြစ်ပြီး အလျင်စလိုမဖြစ်ရပေ။ မိမိသည် တဖက်လူအား မရေရာသော အကြောင်းပြချက်များနှင့် လိုက်နေသည်ဟု မခံစားစေရပါ။
ဖြောင့်မတ်သောလူငယ်သည်သူ၏နားအနီးသို့ငုံ့ကာ
 " အကယ်၍ မင်းသူနှင့်အတူအိပ်ရင် သူက မင်းရဲ့ညစ်ပတ်တဲ့အတွေးတွေကို သိသွားလိမ့်မယ်…မင်းလည်း ဇာတ်လမ်းပြီးသွားမှာ"

လူကြမ်းဖြစ်သောလူငယ်သည်သူ၏နားထဲသို့ဝမ်းသာအားရနှင့်…

"ဒါပေမယ့် သူကမင်းကို အစ်ကို လို့ခေါ်တယ်လေ"

ဖြောင့်မတ်သောလူငယ်သည်တဖန်ထပ်၍

" သူနဲ့မင်း နောက်ဆုံး အိပ်ခဲ့တုန်းက ဘာတွေ ဖြစ်ခဲ့လဲ မှတ်မိလား"

ဘုန်းတော်ကြီး၏ကျမ်းစာများကိုနားမထောင်သောမျက်နှာနှင့် လူကြမ်းလေးက ထပ်ခါတလဲလဲပင်ပြောလာပြန်သည်

"ဘာပဲဖြစ်ဖြစ် သူကမင်းကို အစ်ကိုလို့ ခေါ်တယ်လေ"

နောက်ဆုံး၌ဖြောင့်မတ်သောလူငယ်သည်လူကြမ်း၏လေးလံသောလက်သီးကြောင့် သေဆုံးသွားသည်။ ရှန့်ဖန်းယွိ သည် လက်ဖက်ရည်အပြည့်နှင့်ခွက်အား တကျိုက်တည်းမော့ သောက်လိုက်ပြီးနောက် ကျန်းရွှိအားပြန်ဖြေလိုက်သည်

"ကောင်းပြီလေ…ငါဒီည အိပ်ယာပေါ်မှာ အိပ်ပါမယ်"

ကျန်းရွှိ သည်ကျေနပ်ဖွယ်ကောင်းသောအဖြေရရှိခဲ့ပြီးသူ၏ပါးစပ်ထောင့်များအား ခပ်ရေးရေးကွေးကာ ပြုံးလိုက်သည်။

ဘယ်လောက်တောင်မှ အဆင်ပြေလိုက်လဲ…။