🍵Chapter 111
- သူ့ပါးများက သိသိသာသာပင် နီရဲလာသည်ကိုမြင်သောအခါ ထုံရွှယ်လူကအံ့ဩသွားသည်။
-
ဝမ်ရူကွေ့၏ကြောင်အနေသောအကြည့်ကို မြင်သောအခါ အဖိုးဝမ်ကခေါင်းကိုက်လာသလိုတောင်ခံစားမိသွားသည်။
“မင်းကိုယ်မင်း မြက်နုလေးကိုသဘောကျနေတာကို သတိမထားမိတာတော့ မဟုတ်ပါဘူးနော်”
ဝမ်ရူကွေ့က အပြင်ဘက်တွင်တည်ငြိမ်နေသော်လည်း သူ့ရင်ထဲတွင်မူ ဗြောင်းဆန်နေပြီဖြစ်သည်။
သူတကယ်ဘဲ ရဲဘော်ထုံကို သဘောကျနေတာလား။
လူတစ်ယောက်ကိုသဘောကျတယ်ဆိုတာက ဘယ်လိုမျိုးလဲ။
ဝမ်ရူကွေ့က စစ်မှုထမ်းအိမ်ရာမှ ပြန်ထွက်လာသည့်အချိန်ထိ မှင်တက်နေမိဆဲဖြစ်သည်။
သူက သူ့အဖိုးဆီအလည်ပြန်လာပြီးပါက တိုက်ရိုက်ပင်ဌာနသို့ပြန်ရန် စီစဉ်ထားခဲ့၏။
သို့သော် အပြင်သို့ရောက်သောအခါ သူ့ခန္ဓာကိုယ်က မထိန်းချုပ်နိုင်စွာပင် မြို့တောင်ဘက်သို့ လျှောက်သွားလေသည်။
ဝမ်နျန်ကျန်းအား ဝက်သားနှပ်လုပ်ပေးရန်အတွက် ထုံရွှယ်လူသည် စားသောက်ဆိုင်တွင် စားစရာများကို အိုးကြီးများဖြင့်ချက်ထားလိုက်သည်။ ထို့နောက်သူမက အကျိုးအမြတ်အတွက် အိမ်ပြန်ပြီးအလုပ်လုပ်ရန် နားချိန်တစ်ချို့တောင်းလိုက်သည်။
သူမက ပျာပျာသလဲချက်ပြုတ်ပြီး အချိန်တိုလေးအတွင်းတွင် ဝမ်နျန်ကျန်းအား ချက်ပြုတ်ပြီးသောဝက်သားနှပ်များကို လက်လွှဲပေးလိုက်သည်။
ထို့နောက် သူမကအချိန်ရသေးသဖြင့် နောက်မကျခင်တွင် ခွေးပေါက်လေးအား ရေချိုးပေးရန် ရေနွေးအနည်းငယ်တည်လိုက်သည်။
ခွေးပေါက်လေးသည် အိမ်သို့ခေါ်လာကတည်းက ရေမချိုးပေးရသေးသဖြင့် အနံ့ထွက်နေပြီဖြစ်သည်။
သူမက ရေချိုးပေးနေရင်းတန်းလန်းတွင် တံခါးခေါက်သံကိုကြားလိုက်ရ၏။
သူမလက်က ဆပ်ပြာပေနေကာ ခွေးပေါက်လေးကိုလွှတ်ပေးလိုက်ပါကလည်း အရှုပ်အထွေးများလုပ်လာနိုင်၏။
ထို့ကြောင့် ဝေ့ကျူးကျူးနှင့် ထုံမျန်မျန်တို့က စိတ်ပါဝင်စားစွာပင် သူမအတွက် တံခါးသွားဖွင့်ပေးလိုက်ကြသည်။
ထုံရွှယ်လူက ဆပ်ပြာအနည်းငယ်ကို ခွေးလေးပေါ်တွင်ပွတ်လိုက်ပြီး တစ်ချိန်တည်းတွင် ခွေးပေါက်လေးအားစကားပြောနေ၏။
“ဘယ်လိုခံစားရလဲ ခွေးပေါက်လေး”
ခွေးပေါက်လေးက မျက်လုံးေမှးကာ ချိုအီနေသောအသံဖြင့်ဟောင်လာ၏။
ထုံရွှယ်လူ၏နှလုံးသားက ခွေးပေါက်လေး၏ချစ်စရာကောင်းမှုကြောင့် တုန်လှုပ်သွားသည်။ ရုတ်တရက် သူမတို့က ခွေးပေါက်လေးအားနာမည်မပေးရသေးသည်ကို သတိရသွား၏။
“အိုးဟုတ်သား ငါတို့တွေနင့်ကိုနာမည်မပေးရသေးဘူးဘဲ၊ ဘာနာမည်လိုချင်လဲ၊ ဝမ်ချိုင်(ချမ်းသာကြွယ်ဝမှု)လား လိုင်ဖူ(ကောင်းချီးမင်္ဂလာ)လား”
ထုံရွှယ်လူက သူမဘာသာနာမည်များကိုရေရွတ်ရင်း တခစ်ခစ်ရယ်လိုက်သည်။
သူမက ရုတ်တရက်ဆိုသလိုပင် ခွေးပေါက်လေး၏နဖူးပေါ်မှ အသည်းပုံစံဖြစ်နေသော အနက်ရောင်အမွှေးတစ်စုကိုမြင်သွားသည်။ သူမစိတ်ထဲအကြံတစ်ခုပေါ်လာ၏။
“ရှောင်ကွေ့လို့ခေါ်ရင်ရော ဘယ်လိုလဲ”
ခွေးပေါက်လေးက ထိုအမည်ကို အလွန်သဘောမကျပုံရကာ အကြိမ်အနည်းငယ်ဟောင်လာ၏။
“ဝုတ် ဝုတ် ”
ထုံရွှယ်လူက ခွေးပေါက်လေးကို ညှိနှိုင်းရန်ကြိုးစားလိုက်သည်။
“ငါပြောပြမယ် ငါကဝမ်ရူကွေ့လို့ခေါ်တဲ့လူကိုသိတယ်၊ သူကအရမ်းကိုကြည့်ကောင်းတာနော် တကယ်လို့နင်သာ သူ့နာမည်ကိုယူလိုက်ရင် နင်လည်းတစ်နေ့နေ့ကျရင် ခန့်ညားတဲ့ခွေးကြီးအဖြစ် ကြီးထွားလာမှာပေါ့”
ထိုသို့ပြောလိုက်ပြီးနောက်တွင် သူမက တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရ၏။
သူမခေါင်းမော့လိုက်သောအခါ ဝမ်ရူကွေ့၏အနက်ရောင်မျက်လုံးများနှင့် ဆုံသွားသည်။
ထုံရွှယ်လူ “……………”
ထုံရွှယ်လူ.. ငိုသာငိုလိုက်ချင်တော့သည်။QAQ
ဘာလို့ သူမကိုယ်သူမ အရှက်ခွဲမိတာတွေကိုဘဲ လုပ်နေမိတာလဲ။
သို့သော်ငြား သူမကရှက်ရွံ့ရန်ငြင်းဆန်နေသရွေ့ ခွေးပေါက်လေးကသာရှက်နေရမည့်သူဖြစ်သည်။
(Tn: တရုတ်စကားပုံတစ်ခုပါ ငါကရှက်ရွံ့ဖို့ကိုငြင်းနေသရွေ့ အခြားသူတွေကသာ ရှက်ကြလိမ့်မယ်)
ထိုအကြံဖြင့် ထုံရွှယ်လူက ပြုံးကာမေးလိုက်သည်။
“ရဲဘော်ဝမ်ပါလား ဒီကိုဘာကိစ္စများရှိလို့ရောက်လာတာလဲ”
သူမ၏ကြည်လင်နေသောမျက်လုံးများနှင့် အကြည့်ဆုံသွားသောအခါ ဝမ်ရူကွေ့တစ်ယောက် သူ့နှလုံးသားက ရင်ဘတ်ထဲမှ ပေါက်ထွက်လာလုမတတ် ခုန်နေသည်ကို ခံစားမိသွားသည်။
သူမက သူ့ကိုခန့်ညားတယ်လို့ပြောတယ်။
သူက ခန့်ညားတယ်တဲ့။
ခန့်ညားတယ်တဲ့။
အဲ့ဒါက သူမရင်ထဲမှာ သူကအထူးနေရာတစ်ခုမှာရှိနေတယ်လို့ဆိုလိုချင်တာလား။
သူက သူမအားကြောင်အစွာစိုက်ကြည့်နေသည်ကိုမြင်သောအခါ ထုံရွှယ်လူက မကောင်းသောခံစားချက်များရလာ၏။ သူ သူမကိုစိတ်ဆိုးသွားတာလား။
“ရဲဘော်ဝမ် ကျွန်မကဒီအတိုင်းစတာပါ၊ ‘ကွေ့’က ရှင့်အမည်ထဲက 'ကွေ့'မဟုတ်ပါဘူး၊ ကျွန်မဆိုလိုချင်တာက လိပ်ဆိုတဲ့ ‘ကွေ့’ပါ’
သူမပြောပြီးပြီးချင်းပင် သူမကိုယ်သူမပြန်ရိုက်ချင်မိသွားသည်။
သူမဘာတွေပြောနေတာလဲ၊ သူမပိုပြီး ရှေ့နောက်မညီတာတွေပြောလေလေ အခြေအနေကပိုပိုပြီး ကို့ရိုးကားယားနိုင်လာလေဖြစ်သည်။
သူမက ချောင်းဟန့်လိုက်သည်။
“ကြည့်ပါဦး ကျွန်မကထပ်ပြီးအမှားပြောမိပြန်ပြီ၊ ကျွန်မပြောတဲ့ 'ကွေ့'က Osmanthusပင်က 'ကွေ့'ကိုပြောချင်တာပါ၊ ကျွန်မကဒီခွေးလေးကို ရှောင်ကွေ့လို့နာမည်ပေးဖို့လုပ်နေတာလေ၊ ရှင်ရောဘယ်လိုထင်လဲ”
ဝမ်ရူကွေ့ ; “! ! !”
အမှန်ပင် သူကထိုအကြောင်းကိုမကြားလိုက်ပေ။ သူသိသမျှမှာ သူမက သူ့ကိုခန့်ညားသည်ဟု ပြောလာခဲ့၍ သူ့ရင်ထဲတွင် ကျယ်လောင်စွာရင်ခုန်သွားခြင်းဖြစ်သည်။ ထိုစကားကိုသာသူကြားခဲ့ပြီး ကျန်သောအရာများကိုမူသူမကြားတော့ပေ။
နောက်ဆုံးတွင် သူက သူမရှင်းပြချက်ကိုနားလည်သွားသည်။
သူမက ခွေးကို ‘ရှောင်ကွေ့’လို့ နာမည်ပေးဖို့ စဉ်းစားနေတာလား။
သူမက ခွေးကို သူ့နာမည်စာလုံးယူပြီး အမည်ပေးချင်နေတာက သူမက သူ့ကိုစိတ်ဝင်စားနေလို့ဆိုပြီး အဓိပ္ပါယ်ယူလိုက်လို့ရလား။
ထိုအတွေးက ချက်ချင်းဆိုသလိုပင် သူ့ပါးမှနားရွက်တစ်လျှောက် နီရဲသွားစေ၏။
ဒုတ် ဒုတ် ဒုတ် ဒုတ်။။။
ဝမ်ရူကွေ့က သူတို့နှစ်ယောက်သည် အနည်းငယ်ဝေးနေသောနေရာတွင် ရပ်နေမိသည့်အတွက် ဝမ်းသာသွားသည်။ မဟုတ်ပါက သူ့ရင်ခုန်သံကိုတောင် သူမကြားသွားနိုင်ပေသည်။
သူ့ပါးများက သိသိသာသာပင်နီရဲလာသည်ကိုမြင်သောအခါ ထုံရွှယ်လူကအံ့သြသွားသည်။
သူတကယ်ဘဲ သူမကိုစိတ်ဆိုးနေတာလား
သူ့ပုံစံက စိတ်သဘောထားသေးသိမ်တဲ့ပုံလဲ မပေါ်ပါဘူး။
ဒါဆိုရင်လည်း ထပ်ပြီးတော့ သူမမှားပြန်ပြီပေါ့။
သူမကသာ သူ့ကိုခွေးပေါက်လေးနှင့် နှိုင်းယှဉ်ပြီးပြောခဲ့သောသူဖြစ်သည်။
ထုံရွှယ်လူက ခနလောက်တွေးကြည့်လိုက်ပြီးနောက် ကိစ္စများကိုပိုမရှုပ်လာခင် ရှင်းလင်းရန်ဆုံးဖြတ်လိုက်သည်။
“ရှောင်ကွေ့ဆိုတာက သိပ်မကောင်းဘူးလို့တော့ ကျွန်မထင်တယ်၊ ရဲဘော်ဝမ်က ပညာတတ်ဘဲ၊ ရှင်ရော နာမည်တစ်ခုလောက်ပြောကြည့်ပါလား”
ဝမ်ရူကွေ့က စိတ်စုစည်းပြီးနောက် ရုတ်တရက်အကြံရသွား၏။
“ဒါဆိုရင် ကျွန်တော်တို့သူ့ကို ရှောင်လူလို့ခေါ်ရင်ရော”
သူမက သူ့နာမည်ကိုပေးရန်လုပ်ခဲ့၏။
သူမနာမည်ကိုပေးရန် ပြန်အကြံပေးခြင်းမှာ မှန်ကန်သောအရာဖြစ်သည်။
ထုံရွှယ်လူ: “…….”
အဲ့လောက်ကြီးလဲ မလိုပါဘူး။
ထုံရွှယ်လူက သူမ၏ဝမ်ရူကွေ့အပေါ်နားလည်မှုများက အသစ်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ လူကြီးလူကောင်းဆန်သော မျက်နှာအောက်တွင်ဆိုးသွမ်းမှုလေးရှိနေ၏။
တစ်ဖက်တွင် ဝေ့ကျူးကျူးက ဝမ်ရူကွေ့၏အလှတရားကြောင့် ဖမ်းစားခံနေရ၏။
သူမကရုတ်တရက်အသိဝင်လာပြီး ဝင်ပြောလာ၏။
“အမကြီးရွှယ်လူက ရှောင်ကွေ့(လိပ်)လို့နာမည်ပေးချင်တယ်၊ အကိုလှလှလေးကလည်း ရှောင်လူလို့နာမည်ပေးချင်တယ်ဆိုတော့ နာမည်နှစ်ခုလုံးကိုပေါင်းပြီး လူကွေ့လို့ခေါ်ရင်ရောဘယ်လိုလဲ”
ထုံရွှယ်လူ “…………”
အစိမ်းရောင်လိပ်လား။
(Tn:luက အရောင်အားဖြင့်အစိမ်းရောင်လို့ အဓိပ္ပါယ်ရပါတယ်)
ဘာကြီးလဲ။
အိုးမဖြစ်ဘူး၊ ချက်ချင်းအဲ့နာမည်ကို ပြန်ရုတ်သိမ်းလိုက်ပါ၊ ကျေးဇူးပြုပြီး။
ဝမ်ရူကွေ့၏မျက်လုံးများက အရောင်တောက်လာ၏။ ၎င်းတို့ကတောက်ပလွန်းသဖြင့် ညကောင်းကင်မှ ကြယ်များနှင့်တောင် ယှဉ်ပြိုင်နိုင်ပေသည်။ သူ့အကြည့်က ထုံရွှယ်လူကိုလန့်သွားစေသည်။
ထုံရွှယ်လူက လျင်မြန်စွာပြောလိုက်သည်။
“ဒါမှမဟုတ် ကျွန်မတို့တွေသူ့ကို လမုန့်လေးလို့ဘဲခေါ်လိုက်ကြတာပေါ့”
ဆောင်းလယ်ပွဲတော်သို့ရောက်တော့မည်ဖြစ်သဖြင့် သူမကလမုန့်တစ်ချို့စားချင်မိသည်။
ဝမ်ရူကွေ့က အနည်းငယ်စိတ်ပျက်သွားသလိုခံစားလိုက်ရသည်။ အမှန်တိုင်းပြောရလျှင် သူက လူကွေ့ဟူသောအမည်ကို အတော်လေးသဘောကျပေသည်။
သို့သော် သူမမကြိုက်သဖြင့် သူမသဘောကျသောအမည်သာပေးလိုက်သည်။
ထုံမျန်မျန်က လမုန့်ဟူသည့်အသံကိုကြားသောအခါ တံတွေးမြိုချပြီး လက်ခုပ်တီးလိုက်သည်။
“လမုန့်တွေက အရသာရှိတယ်”
ဝေ့ကျူးကျူးကလည်း လမုန့်စားချင်၏။ သူမကခေါင်းညိတ်ကာ သဘောတူကြောင်းပြလိုက်သည်။
“ကောင်းပြီလေ ဒါဆိုရင်လမုန့်လေးပေါ့၊ လမုန့်လေးကြီးလာတဲ့အခါ သူ့ကိုသတ်ပြီးတော့ ခွေးသားလမုန့်အဖြစ်ပြောင်းလိုက်လို့ရတယ်”(🤣)
ဝမ်ရူကွေ့ : “……”
ထုံရွှယ်လူ:“……”
ညီမလေးဝေ့ကျူးကျူးရေ ဒီလိုမျိုးတွေဘဲပြောနေမယ်ဆိုရင် သူငယ်ချင်းလေးတွေရှာဖို့ ခက်ခဲလိမ့်မယ်နော်။
ဤသို့ဖြင့် နေရခက်မှုများက လွင့်ပြယ်သွားသည်။
ထုံရွှယ်လူက လမုန့်လေးကို လျင်မြန်စွာရေချိုးပေးလိုက်ပြီး ရေများကိုသဘက်ဖြင့်သုတ်ပေးလိုက်သည်။ ထို့နောက် သူမက ဝေ့ကျူးကျူးနှင့် ထုံမျန်မျန်တို့ကို လမုန့်လေးအား နေပူထဲတွင် အမွှေးခြောက်စေရန်အတွက် အပြင်ခေါ်သွားခိုင်းလိုက်သည်။ သူမကခွေးပေါက်လေးအား အအေးမမိစေချင်ပေ။
ဝေ့ကျူးကျူးသည် လမုန့်လေးက ရေချိုးပြီးသွားသောအခါ ပို၍ဆွဲဆောင်မှုရှိသွားသည်ဟုခံစားမိသွား၏။ ထို့ကြောင့် သူမက ချက်ချင်းဆိုသလိုပင် ဝမ်ရူကွေ့နှင့်သူ၏ခန့်ညားမှုအားလျစ်လျူရှူကာ လမုန့်လေးအား နေရောင်အောက်သို့ အခြောက်ခံရန်ခေါ်သွားလိုက်သည်။
ထုံမျန်မျန်က သူမနောက်မှ ကျီကျီကျာကျာပြောရင်းလိုက်သွားပြီး ကလေးမလေးနှစ်ယောက်က သူတို့အချင်းချင်းစကားဝိုင်းဖွဲ့နေကြသည်။
ထုံရွှယ်လူက ပစ္စည်းများကိုသန့်ရှင်းပြီးနောက် ထပ်မေးလိုက်သည်။
“ဒီနေ့ဘယ်လိုဖြစ်လို့ မြို့တော်ကိုပြန်ရောက်လာတာလဲ၊ ဌာနကခွင့်ရခဲ့တာလား”
ဝမ်ရူကွေ့က သူမကိုသန့်ရှင်းရေးလုပ်ရန်ကူညီပေးလာ၏။
“မဟုတ်ပါဘူး၊ ကျန်းမိသားစုရဲ့အပြစ်ဒဏ်ကို ဒီနေ့ချတာလေ၊ အဲ့ဒါကြောင့် တစ်ချက်လောက်လာစစ်ဆေးကြည့်ဖို့ ခွင့်ယူခဲ့တာ”
ထုံရွှယ်လူက ထိတ်လန့်သွားသည်။
“ကျန်းမိသားစုလား၊ ရှင်ပြောတာက ကျွန်မထင်နေတဲ့ကျန်းမိသားစုကိုပြောတာလား”
ဝမ်ရူကွေ့က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် အဲ့ဒီကျန်းမိသားစုဘဲ ကျန်းဟွာရုံလေ”
ထုံရွှယ်လူက ပို၍ခေါင်းရှုပ်သွားသည်။
“သူက ရဲဘော်ဝမ်ကိုလည်း တစ်ခုခုပြစ်မှားထားတာလား”
ဝမ်ရူကွေ့က မှင်ရည်လိုနက်မှောင်သောမျက်လုံးများဖြင့် သူမကိုကြည့်ကာ အဖိုးဝမ်ပြောပြသည်ကို ပြန်တွေးကြည့်ပြီးနောက် ရုတ်တရက်ဆိုသလိုပင် သူမအတွက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောပြချင်လာ၏။
သူတို့တဝိုက်ရှိ အနေအထားက အပူချိန်မြင့်တက်လာကာ လေထုထဲတွင်တစ်ခုခုရှိနေသကဲ့သို့ လူတစ်ယောက်၏ပါးကိုနီရဲလာစေပြီး ရင်ခုန်သံများအား လျင်မြန်လာစေသည်။
ထုံရွှယ်လူက သူ၏အကြည့်ကြောင့် ပိုဦးနှောက်ခြောက်သွားသည်။ သို့သော်ငြား သူပြောလာသည်များကို ကြားလိုက်ရသောအခါ အရာအားလုံးရှင်းလင်းသွားသည်။
“မဟုတ်ဘူး၊ သူကျွန်တော်ကို မထိပါးခဲ့ပါဘူး၊ ဒါပေမယ့် သူကမင်းကိုထိပါးစေခဲ့တယ်လေ”
ဒုတ်။။။။
ထုံရွှယ်လူရင်ထဲတွင် တစ်စုံတစ်ခုက ဒုန်းစိုင်းမြည်နေသလို ခံစားလိုက်မိသည်။
“ကျန်းမိသားစုဝင်အားလုံးက ရဲစခန်းပို့ခံလိုက်ရတယ်၊ အဲ့ဒါက ရဲဘော်ဝမ်နဲ့များ တစ်ခုခုသက်ဆိုင်မှုရှိလား”
ဝင်စပြုနေသော နေမင်းကြီးက မှောက်ကျနေသော လိမ္မော်ရည်တစ်ခွက်လိုပင် ကောင်းကင်တစ်ခုလုံးအား အနီရောင်၊လိမ္မော်ရောင်များဖြင့် ဆေးခြယ်ထား၏။
ညနေခင်းနေရောင်က ဝမ်ရူကွေ့ပေါ်သို့ဖြာကျနေကာ သူ့မျက်နှာအားနီနေသည်ဟု ထင်ရစေ၏။
“အင်းးး”
ထို့နောက် သူက ပေဟယ်ရှိကျန်းတန့်ဟုန်ကိုသွားရှာရန်အတွက် ရထားဖြင့်သွားခဲ့ကြောင်း၊ ကျန်းတန့်ဟုန်က ကျန်းဟွာရုံကိုအမှုဖွင့်ကာ အနိုင်ယူနိုင်ရန်အတွက် အဖိုးဝမ်၊ဖူကျန့်ယိတို့နှင့်အတူ ဘယ်လိုလုပ်ခဲ့ကြောင်း စသဖြင့် သူမကိုအကုန်ပြောပြလိုက်သည်။
သူ့စကားလုံးများက သမာရိုးကျကာ တည်ငြိမ်အေးဆေး၏။ သူက ပြောပြစရာမလိုသကဲ့သို့ပင် သူဘယ်လောက်ကြိုးစားခဲ့သည်ဟူ၍ အလေးထားမပြောခဲ့ပေ။ ထုံရွှယ်လူက သူဘယ်လောက်ကြိုးစားခဲ့ရကာ သူမကြောင့် သူက ကြောက်မက်ဖွယ်အခြေအနေများကို ဘယ်လိုတောင်တွေ့ကြုံခဲ့ရမည်ဖြစ်ကြောင်းပြောနိုင်၏။