Chapter 186
( မရပ်မနား သွေးထွက်ခြင်း)
"ဘာဖြစ်လို့လဲ"
စုမုန့်စကားမဆုံးခင် ဝေ့ထင်က သူမဆီ လှမ်းလာနေပြီဖြစ်သည်။ ထို့နောက် သူမ မျက်နှာကို ကိုင်ကာ နှာခေါင်းကို တစ်ရှူးဖြင့် သုတ်ပေးလိုက်သည်။
ဝေ့ထင်က ရုတ်တရက် သူမနှာခေါင်းကို ဘာလို့လာသုတ်ရတာလဲ…သူမ နှာရည်ယိုနေလို့လား
ထိုသို့တွေးနေရင်း နှာသီးဝကနေ စိမ့်ထွက်လာသည့် အရည်နွေးနွေးတစ်ချို့ကို သူမ ခံစားလိုက်ရသည်။ဝေ့ထင် စိတ်ထဲမှာ သူမအား ဘယ်လိုထင်သွားမည်ကို သူမ ဂရုမစိုက်သော်လည်း သူ ကိုယ်တိုင်ကိုယ်ကျ နှာရည်များအား သုတ်ပေးနေခြင်းက ရှက်စရာကောင်းသည်။
ဝေ့ထင်က
“မလှုပ်နဲ့… ဘာလို့ ရုတ်တရက်နှာခေါင်းသွေးထွက်လာတာပါလိမ့်"
"နှာခေါင်းသွေးထွက်နေတယ် ဟုတ်လား"
စုမုန့် ခြောက်ကပ်စွာ ရယ်မောလိုက်ပြီး သူမဘာသာ သုတ်ရန် တစ်ရှူးကို ယူလိုက်သည်။ သို့သော် သူမ လက် မြှောက်လိုက်သည်နှင့် ပြင်းထန်သော လှိုင်းတစ်ချို့က သူမအား ရေလွှမ်းမိုးသွားသလို ခံစားလိုက်ရသည်။သူမဘာမှ မလုပ်နိုင်ခင်မှာ အမြင်အာရုံတွေ မှောင်မည်းလာပြီး မူးမေ့လဲသွားရ၏။
စုမုန့် ရုတ်တရက် မူးလဲသွားသည်။ ဝေ့ထင် က စုမုန့် ရုတ်တရက် လဲကျသွားချိန်မှာ နှာခေါင်းထဲက သွေးတွေကို တစ်ရှူးနှင့် သေချာသုတ်နေချိန်ပင်။ ကံကောင်းစွာနှင့် သူ အမြန်တုံ့ပြန်ပြီး သူမ ခန္ဓာကိုယ်ကို ဖမ်းထားလိုက်သည်။ ထို့နောက် သူမ ခန္ဓာကိုယ်ကို စစ်ဆေးပြီး အသက်ရှူနှုန်း ပုံမှန် ဟုတ်၊မဟုတ် သေချာကြည့်သည်။ပြီးလျှင် သူမကို ပွေ့ချီကာ အခန်းထဲမှ ပြေးထွက်လာခဲ့သည်။
ဘုရားကျောင်းတွင် အရေးပေါ်ဆရာဝန်မရှိသဖြင့် လူနာတင်ယာဉ်ကလည်း ဤနေရာကို မရောက်နိုင်ပေ။ရောက်နိုင်လျှင်ပင် ဤနေရာအထိ မောင်းလာ၍မရနိုင်။ ထို့ကြောင့် ဝေ့ထင် သည် စုမုန့်ကို ထမ်းပြီး တောင်ပေါ်မှ ပြေးဆင်းသွားသည်။တောင်ပေါ်ကဆင်းရခြင်းက တက်ရတာထက် ပိုလွယ်သည်။ကုန်းဆင်းဖြစ်၍ သူ အားသိပ်စိုက်စရာမလိုဘဲ စုမုန့်ကို ပွေ့ချီသွားခဲ့၏။
တောင်ခြေကိုရောက်သည့်အခါ သူ စုမုန့် ကို ကားထဲသေချာထည့်လိုက်သည်။ပြီးလျှင် ထိုင်ခုံခါးပတ်ကို ပတ်ပြီးနောက် ယာဉ်မောင်းထိုင်ခုံဆီသို့ အလျင်အမြန် လျှောက်သွားကာ အမြန်မောင်းထွက်လိုက်၏။
ဆေးရုံသို့သွားရာလမ်းတွင် ဝေ့ထင် နောက်ကြည့်မှန်ထဲမှတစ်ဆင့် စုမုန့်ကို အခါအားလျော်စွာ ကြည့်နေရသည်။ သူသည် အများအားဖြင့် ရင်ထဲက ခံစားချက်ကို ထုတ်ဖော်မပြတတ်သော်လည်း ယခုအချိန်မှာတော့၊ ကြောက်ရွံ့ဟန်နှင့် စိုးရိမ်ဟန်တို့ မျက်နှာမှာ ပေါ်လျက်ပင်။သူ့နဖူးမှာပင် ချွေးစို့နေရသည်။
စုမုန့် ၏နှာခေါင်းသည် မရပ်မနား သွေးထွက်နေပြီး ရပ်တန့်သွားမည့် လက္ခဏာမပြသေးပေ။အခန်းထဲက မထွက်လာခင်က သူမကို ပေးထားသည့် တစ်ရှူးက အခုဆို သွေးတွေရွှဲနေရပြီ။
သူမ ဒဏ်ရာရခဲ့လျှင် သူလည်းနာကျင်ရသည်ကို ပြန်တွေးမိသည်။ သို့သော်လည်း၊ယခုအချိန်မှာတော့ သူလည်း ဒဏ်ရာရထားသလို၊သူ့လက်ချောင်းတွေမှာ နာကျင်ရသည်ကလွဲ၍၊စုမုန့် ဘယ်ဝေဒနာကို ခံစားနေရမှန်း မသိပေ။မည်သို့ပင်ဆိုစေ၊လက်ချောင်းလေး နာကျင်ရုံဖြင့် သူမ မေ့လဲသွားဖို့မကောင်းပေ။ယခု သူ့နှလုံးသားထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ စုမုန့် အဘယ်ကြောင့် မူးလဲသွားသည်ကို သူ မသိ။သူ တစ်ကယ်ကို နားမလည်နိုင်ခဲ့ပေ။ ဆေးရုံရောက်သည်အထိ အခြေအနေကို စောင့်ကြည့်နေရမည်ဖြစ်သည်။ သူ့မျက်ခုံးများသည် တွန့်ချိုးလုနီးပါး ဖြစ်နေရလေပြီ။
ဤနေရာမှာ အတော်ဝေးလံခေါင်သီလှ၍၊ဆေးရုံတောင်မှ သေးသေးလေး ဖြစ်ကာ ခေတ်မမီပေ။သို့သော် လောလောဆယ်တွင် ဆေးရုံကြီးများသို့ မသွားနိုင်သေး။ ဆေးရုံကြီးတွေ အားလုံးက မြို့လယ်မှာ ရှိပြီး အတော်ဝေးသည်။ ဝေ့ထင် သည် စုမုန့် ကို မကြည့်ရက်နိုင်တော့ဘဲ သွေးထွက်လွန်ခြင်းကို ကုသရန် အနီးဆုံး ဆေးရုံသို့ ခေါ်သွားခဲ့သည်။
ကံကောင်းထောက်မစွာ၊ ဆေးရုံသည် သေးငယ်သော်လည်း အရေးပေါ်တုံ့ပြန်မှုကတော့ ကောင်းမွန်နေသေးသည်။ စုမုန့်ကို ဆရာဝန်တွေနှင့် သူနာပြုများက သူမကို ခေါ်သွားကြသည်။ဝေ့ထင် အပြင်မှာ စိုးရိမ်တကြီး စောင့်နေစဥ်၊စုမုန့် ကို လူနာဆောင်ထဲသို့ တွန်းပို့လိုက်သည်။
စုမုန့် ကို ချီလာရ၍ သူ့အင်္ကျီအဖြူက သွေးတွေ စွန်းထင်းနေရသော်လည်း၊ သူ ဂရုမစိုက်ဘဲ တံခါးကို ငေးကြည့်နေဆဲပင်။ ခဏအကြာတွင် သူ တစ်ခုခုကို တွေးမိပြီး ရုတ်တရက် သူ့ဖုန်းကို ထုတ်ကာ ကျူးရွှင်း အား ဖုန်းဆက်လိုက်သည်။
“ငါ့ဆီကို ရဟတ်ယာဉ် အမြန်ပို့ပေးစမ်းကွာ"
အခြားတစ်ဖက်တွင်၊ ကျူးရွှင်း သည် ဝေ့ထင် ၏စကားကြောင့် ထိတ်လန့်သွားသည်။ ဝေ့ထင် တစ်ခုခုဖြစ်သွားပြီဟု သူတွေးပြီး တုန်လှုပ်ချောက်ချားစွာ မေးလိုက်သည်။
" ဘော့စ် ရဟတ်ယာဉ် လိုချင်တယ် ဟုတ်လား…စစ်တပ်အဆင့်လား ဒါမှမဟုတ် သာမန်အဆင့်လား”
ရုတ်တရက်ကြီးမို့ ကျူးရွှင်း အနည်းငယ် အံ့အားသင့်သွားသည်။ ဝေ့ထင်က အေးစက်စွာပြောသည်။
"သာမာန်ဟာမျိုးပါပဲ… ကဲ၊ချက်ချင်း ဒီနေရာကို အမြန်ပို့”
“ဟုတ်”
တိကျသေချာသော အဖြေကိုရရှိသဖြင့် ကျူးရွှင်း ချက်ချင်းတုံ့ပြန်ခဲ့သည်။သူ ဖုန်းချပြီး သူ့တာဝန်ကို ထမ်းဆောင်ရန် စီစဉ်ခဲ့သည်။ ဝေ့ထင် ၏ အသံသည် ငြိမ်သက်နေသော်လည်း ကျူးရွှင်း သူနှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့သူဖြစ်၍၊ဝေ့ထင် အတော်လေး ကြောက်ရွံ့နေပုံရမှန်း ခန့်မှန်းမိသည်။ဝေ့ထင် ယခုလို တစ်ခါမှ မတုန်လှုပ်ဖူးပေ။ ဝေ့ထင် က အကြောင်းပြချက်ကိုမပြောသော်လည်း၊ စုမုန့် တစ်ခုခုဖြစ်သွားနိုင်သည်ဟု သူ ခန့်မှန်းမိသည်။
ဝေ့ထင် ဖုန်းချသွားပြီးနောက် တင်းတင်းကြပ်ကြပ် ပိတ်ထားသော တံခါးကို ကြည့်လိုက်ရင်း အနည်းငယ် စိတ်ရှုပ်သွားသည်။ စုမုန့် မတော်တဆမှုဖြစ်စဉ်ကတည်းကထက် ပို၍စိတ်ရှုပ်သွားရ၏။
မိနစ်နှစ်ဆယ်ကြာလျှင်၊ လူနာဆောင်တံခါးက မပွင့်သေးဘဲ သူ တောင်းထားသည့် ရဟတ်ယာဉ်က ရောက်လာသည်။ဆေးရုံအပြင်ဘက်မှာ ဟင်းလင်းပြင်ရှိ၍ ရဟတ်ယာဉ်ကို အပြင်ဘက်တွင် ရပ်ထားပြီး မကြာမီ ကျူးရွှင်း လည်း ရောက်လာသည်။
"ဘော့စ် ရဟတ်ယာဉ်ရောက်ပါပြီ"
ကျူးရွှင်း သည် ကားပေါ်မှ ဆင်းကာ ဆေးရုံထဲသို့ အမြန်သွားခဲ့သည်။ ဝေ့ထင် ပြောထားသည့်နေရာအတိုင်းပင် လူနာဆောင်တံခါးဝသို့ သူရောက်လာသည်။
"သခင်မလေး ဒဏ်ရာရသွားတာလား"
ကျူးရွှင်း တံခါးကို စိုးရိမ်ဟန်ဖြင့် စိုက်ကြည့်ရင်း ရပ်နေသော ဝေ့ထင် ကို မေးလိုက်လေသည်။
(ဝေ့ထင်၏ ညွှန်ကြားချက်...)
“အင်း…ဆရာဝန် ထွက်လာတာကို စောင့်ရအောင်… အဆင်မပြေရင် ငါတို့ဆေးရုံကို သွားလိုက်မယ်”
ဝေ့ထင် က အသံနက်ကြီးဖြင့် အမိန့်ပေးသည်။
“ဟုတ်!”
ကျူးရွှင်း ကလည်း သဘောတူပြီး စောင့်ဆိုင်းရန် ဝေ့ထင် အနားတွင် ရပ်လိုက်သည်။ နောက်ထပ် ဆယ်မိနစ်လောက်ကြာလျှင်၊တံခါးက ပွင့်သွားပြီး ဆရာဝန် ထွက်လာသည်။
" အခြေအနေ ဘယ်လိုလဲ"
ဝေ့ထင်သည် ရှေ့သို့သွားပြီး မေးလိုက်သည်။
!!
“လူနာကို အပြည့်အစုံ စစ်ဆေးပြီး ဆေးရုံမှာရှိတဲ့ ထိပ်တန်းဆရာဝန်အားလုံးကလည်း ကြိုးစားစစ်ဆေးကြည့်ပေမယ့် မေ့မြောရတဲ့ အကြောင်းရင်းကို မသိပါဘူး…သူမ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အများကြီးရှိပေမယ့် မူးမေ့လဲသွားတဲ့အထိ မပြင်းထန်ဘူး… ကံကောင်းပြီး သွေးထွက်တာရပ်သွားပေမယ့် လူနာက နိုးလာမယ့် လက္ခဏာမပြသေးပါဘူး”
“ကျွန်တော်တို့ ဆေးရုံရဲ့ စက်ပစ္စည်းတွေက မလုံလောက်သေးဘူးလေ...ခင်ဗျားတို့အခုလုပ်ဖို့ အကောင်းဆုံးက လူနာကို တခြားဆေးရုံကို လွှဲဖို့ပါပဲ… လိုအပ်ရင် ကျွန်တော်ချက်ချင်းဆက်သွယ်ပေးလိုက်မယ်"
ဆရာဝန် ပြောပြီးသည်နှင့်၊ စုမုန့်ကို သူနာပြုတစ်ယောက်မှ အခန်းထဲကနေ တွန်းထုတ်လာ၏။
"ကျွန်တော် ခေါ်သွားလိုက်ပါ့မယ်"
ဝေ့ထင် ပြောပြီးသည်နှင့်၊ စုမုန့် ကို ပွေ့ပြီး ဆေးရုံက အမြန်ထွက်လာခဲ့သည်။ ကျူးရွှင်းမှာ အခြားတာဝန်ရှိသောကြောင့် ဝေ့ထင်နှင့် လိုက်မသွားခဲ့ဘဲ ဆရာဝန်ကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ငွေပေးချေရန် ထွက်သွားခဲ့သည်။
ဝေ့ထင် သူမကို ပွေ့ခေါ်ပြီး ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ယခုအချိန်မတိုင်ခင်က ကျူးရွှင်း ဆေးရုံကို အကြောင်းကြားထားပြီးသားပင်။
ရဟတ်ယာဉ်က အလွန်မြန်သည်။ မိနစ် 20 မပြည့်ခင်မှာပဲ ဆေးရုံကို ရောက်လာသည်။ထိုအချိန်တွင် ထန်ယုသည် သူမကို စောင့်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ဝေ့ထင် မှစုမုန့် ကို သယ်ဆောင်လာသောအခါ၊သူ ဘာမှ မပြောဘဲ သူမအား လူနာဆောင်ထဲသို့ တွန်းပို့ရန် သူနာပြုကို အမိန့်ပေးခဲ့သည်။စမ်းသပ်စစ်ဆေးခြင်းက တော်တော်ကြာသည်။တစ်နာရီခန့်အကြာတွင် နောက်ဆုံး၌၊အခန်းတံခါးပွင့်လာပြီးထန်ယု မျက်နှာ မကောင်းဘဲ ထွက်လာလေသည်။ေဝ့ထင် က ချက်ချင်း ရှေ့ကိုလျှောက်ပြီး မေးလိုက်၏။
“ဘယ်လိုနေလဲ”
“သူမရဲ့ အခြေအနေက အရမ်းကြီးမကောင်းပေမယ့် အသက်အန္တရာယ်တော့ မရှိပါဘူး…သူမရဲ့ မူလဒဏ်ရာက ပြန်ပွင့်လာပြီး နည်းနည်း ရောင်လာပေမယ့် ခဏလောက် အနားယူပြီးရင် သက်သာသွားမှာပါ”
တိန့်ယွီ ရှင်းပြပြီးသည်နှင့် ရှုံ့တွနေကာ ဒေါသထွက်နေပုံဖြင့်ပြောသည်။
"ဥက္ကဌဝေ့နဲ့ မစ္စစုနဲ့က ဆက်ဆံရေးကောင်းလားဆိုတာ ကျွန်တော်မသိပေမယ့် သူမက လူနာ တစ်ယောက်ပါ...သူမ ဒဏ်ရာတွေက မသက်သာသေးဘူး…ခင်ဗျားက သူမရဲ့ ခင်ပွန်းဖြစ်နေပြီဆိုတော့ ကျန်းမာရေးကို ဂရုစိုက်ပေးရမယ်"
"ခင်ဗျားတို့ ဘယ်သွားတာလဲ၊ ဘာကိစ္စ အရေးကြီးသလဲဆိုတာတော့ မသိဘူး… ဒီခရီးကြောင့် ကျွန်တော့်လူနာရဲ့ ဒဏ်ရာက ပိုဆိုးလာတယ်… ဒါကြောင့် မစ္စစု လုံးဝပြန်ကောင်းမလာမချင်း သူမကို ထပ် ခေါ်မထုတ်သွားတော့ဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်"
တိန့်ယွီ၏ ပြစ်တင်စကားကို ဝေ့ထင် စကားတစ်ခွန်းမျှ မချေပဘဲ နှုတ်ဆိတ်နေသည်။
"ဒါဆို ဘာလို့ ရုတ်တရက် မူးလဲသွားတာလဲ"
ဝေ့ထင်က တိန့်ယွီ စကားကို သဘောတူကာ ခေါင်းညိတ်လိုက်ပြီး ဆက်မေးသည်။
“ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပြီးနောက်မှာတော့ အဖြေက သူမရဲ့ သွေးက အားနည်နေတယ်…ဒဏ်ရာတွေကလည်း ရောင်ရမ်းနေတော့ ရုတ်တရက် မူးလဲသွားတာဖြစ်တယ်”
"ဒီအကြောင်းပြချက်နှစ်ခုပဲလား…ဒါဆို ဟိုဘက်ဆေးရုံမှာတုန်းက ဘာကိုမှမတွေ့ဘူးလို့ ဘာလို့ပြောတာလဲ… တကယ်က ဒီအကြောင်းပြချက်နှစ်ခုသာရှိရင်၊ အဲ့ဒီဆေးရုံငယ်လေးတစ်ခုကလည်း သိသင့်တယ် မဟုတ်လား… တခြားပြဿနာတွေ ရှိနိုင်လား"
"ဆေးရုံသေးသေးလေးလား…"
တိန့်ယွီသည် ဝေ့ထင်ကို အံ့ဩသလို ကြည့်သည်။
“စောစောက စစ်ဆေးနေတုန်း မစ္စစု နိုးလာတယ်…တစ်ကယ်လို့ အဲ့ဒီ ဆေးရုံငယ်လေးက မတွေ့ဘူးလို့ ဆိုလိုတာက သူတို့ရဲ့ ပစ္စည်းကိရိယာတွေက ဟောင်းနေလို့ဖြစ်မယ်… မစ္စစု ရဲ့ ခန္ဓာကိုယ်က ကောင်းပါတယ်”
"အခု ဝင်ကြည့်လို့ရမလား"
စုမုန့် နေကောင်းနေပြီး နိုးလာသည်ဟုကြားမှ ဝေ့ထင် ချက်ချင်းပဲ စိတ်လျှော့လိုက်သည်။
“ဒါပေမယ့် သူမအနေနဲ့ အနားယူဖို့နဲ့ ပြန်လည်သက်သာလာဖို့ လိုတယ်... သူမကို မနှောင့်ယှက်ရင် ပိုကောင်းပါတယ်…အခု နေကောင်းနေပေမယ့် အရမ်းအားနည်းနေပါသေးတယ်”
တိန့်ယွီက သူ့ကို သတိပေးသည်။
“ကောင်းပါပြီ”
ဝေ့ထင်က ခေါင်းညိတ်လိုက်ပြီး တံခါးကို ညင်သာစွာ တွန်းဖွင့်ကာ ဝင်ရန် ပြင်ဆင်လိုက်သည်။
"နေပါဦး"
သူ မဝင်ခင်မှာ တိန့်ယွီ က ရုတ်တရက် သူ့ကို အော်လိုက်၏။
"ဘာဖြစ်လို့လဲ"
ဝေ့ထင် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေမိသည်။
"ဥက္ကဌဝေ့ အခု ခင်ဗျားရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူ ထင်တယ်...မစ္စစု ကိုတွေ့ပြီးရင် ခင်ဗျားလည်း ဆေးစစ်ကြည့်ဖို့ အကြံပြုချင်ပါတယ်”
“ကောင်းပြီ”
"ဒါဆိုလည်း ဝင်လို့ရပါတယ်"
ထို့နောက် တိန့်ယွီက ခေါင်းညိတ်ပြီး ထွက်သွားလေသည်။
စုမုန့် သည် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသည်။သူမ မျက်နှာက အားနည်းသလ်ို ညှိုးငယ်နေပြီး နှုတ်ခမ်းတွေတောင် ဖြူဖျော့နေရဟည်။ နဂိုက ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က ပိုတောင် ပိန်သွားသလိုပင်။ယခု သူမ၏
လက်ရှိအခြေအနေသည် ကားမတော်တဆမှုဖြစ်ခဲ့သည့်နေ့ကို ပြန်လည်အမှတ်ရစေသည်။
xxxxxx