အပိုင်း ၁၈၈
Viewers 15k

Chapter 188

(ဝေ့ထင်၏ အာမခံချက်)


ဝေ့ရွှယ် လုပ်ရပ်က ဤအရာကို ဦးတည်နေတာပင်။သူမဘက်က အမှန်တရားကိုသာ ပြောနေခြင်းဖြစ်သည်။


ဝေ့ထင် ကသာ ဝေ့ရွှယ်၏ သရုပ်မှန်ကိုသိသွားပါက ဝေ့ရွှယ် ဘယ်လိုဖြစ်သွားမလဲဆိုသည်ကို စုမုန့် သိ‌ချင်နေမိသည်။တခြားသူသာဆိုလျှင်၊ သူမ သိချင်စိတ်ဖြစ်မိမှာ မဟုတ်ဘဲ၊ဂရုမစိုက်စွာပင် ငွေကိုသာ သည်းကြီးမည်းကြီး ဆက်ရှာနေမှာပင်။သို့သော်လည်း ဝေ့ရွှယ် က ခြွင်းချက်ဖြစ်သည်။ ဝေ့ရွှယ် ကသာ သူမ၏ အာရုံစိုက်မှုကို အပြည့်အဝခံယူထိုက်သော တစ်ဦးတည်းသောသူ ဖြစ်သည်။ နေ့စဉ်မပြတ်ပင် အရင်ဘဝက သူမအပေါ် ဝေ့ရွှယ် ရန်ငြိုးကြီးခဲ့သည်ကို အမြဲသတိရနေခဲ့၏။


 !!


စုမုန့် သည် ဝေ့ထင် အား မည်သည့်အရာကိုမှ ဖုံးကွယ်မထားရန် ဆုံးဖြတ်ပြီး အရာအားလုံးကို ပြောပြခဲ့သည်။


"အရင်တုန်းက ကျွန်မ အရမ်းပြင်းထန်တဲ့ ပန်ကရိယ(မုန့်ချိုအိတ်)ရောင်ရောဂါကို ခံစားခဲ့ရတယ်…အစားလည်း မစားရ၊မသောက်ရဘူးလို့ ဆရာဝန်က ပြောတယ်…ဆေးရုံတက်ရမယ်တဲ့...မဟုတ်ရင် အသက်အန္တရာယ်ရှိမယ်လို့ပြောတယ်...အဲ့ဒီတုန်းက ကျွန်မက အရမ်းအားနည်းနေတော့ မူးမလဲခင် သူနာပြုဆရာမကို ဖုန်းဆက်ခိုင်းခဲ့သေးတယ်…ဒါပေမယ့် နိုးလာတဲ့အခါ ရှင့်ကို မတွေ့ရဘူး…သူနာပြုဆရာမက ပြောတာကတော့ ရှင် သိပေမယ့် မလာချင်ဘူးလို့ ပြောတယ်"


 “အဲဒီအချိန် ဆေးရုံတက်နေတုန်းကပဲ ရုတ်တရက်ကြီး ထပ်ပြီး နေမကောင်းဖြစ်သွားတယ်… ဆရာဝန်က တစ်ခုခုစားမိလို့ နေမကောင်းတာလို့ ပြောပေမယ့် အဲဒီနေ့က ဝေ့ရွှယ် ပေးတဲ့ ရိုးရိုးယာဂုပဲ စားခဲ့တာ… ရိုးရိုးယာဂုကတော့ ဘာမှ မဖြစ်ပါဘူး၊ဒါဆို ရှင်  အကြောင်းပြချက်ကို သိလောက်ပြီထင်တယ်"


သူမက ဝေ့ထင် အား အတိတ်က မေ့ထားခဲ့သမျှကို အသေးစိတ်ရှင်းပြလိုက်သည်။ အဆုံးတွင် သူတို့နှစ်ဦးသည် အရာအားလုံးမှာ ဝေ့ရွှယ် နှင့် ပတ်သက်ကြောင်း သဘောပေါက်သွားကြသည်။


အဖြစ်အပျက်တစ်ခုက  တိုက်ဆိုင်မှုဖြစ်ရင်တောင် ဒီလောက်အများကြီးက တိုက်ဆိုင်တာဖြစ်နိုင်ပါ့မလား…


အဘိုးဝေ့၏ မွေးနေ့ပွဲမစခင်က ဝေ့ထင် သည် ဝေ့ရွှယ် ဤမျှ ဆိုးဝါးမှန် မသိခဲ့ပေ။စုမုန့် က သူ့ကို ငယ်ငယ်လေးကတည်းက ချစ်ခင်တွယ်တာခဲ့သည့် ညီမဖြစ်သူကို ရုတ်တရက် ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့သော အဖြစ်အပျက်ကို သူသိလိုက်ရ၏။


 ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဝေ့ထင်က 


"မုန့်အာ၊ ကိုယ် ဒီကိစ္စတွေကို သေချာစုံစမ်းလိုက်မယ်…ပြီးရင် ဝေ့ရွှယ် အတွက် ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးပါ့မယ်…သေချာတာကတော့ မင်းကို အများကြီး ဒုက္ခမပေးမိဘူး ဆိုတာ သေချာတယ်"


စုမုန့် ထိုအရာများကို ဖြတ်သန်းခဲ့ရသည့်အချိန်၌ သူမ ခံစားခဲ့ရပုံကို ပြန်လည် တွေးကြည့်မိသည်။ ထိုအရာများ ဖြစ်ပျက်ခဲ့သည်မှာ ကြာပြီဖြစ်၍ သူမ ၎င်းတို့အား တမင်တကာ မေ့ပစ်ထားခဲ့သည်။  ထိုစဉ်က ဘယ်လိုခံစားရလဲဆိုသည်ကို သူမ မမှတ်မိတော့။


 "မေ့လိုက်ပါ…ရှင် ကျွန်မအတွက် ဘာမှလုပ်ပေးစရာ မလိုဘူး...ကျွန်မတို့က ကိုယ့်လမ်းကိုယ်ပဲ မကြာခင်မှာ သွားတော့မယ်မလား”  


 ယခုအချိန်တွင် ဝေ့ထင်ကို သူမ  ဂရုမစိုက်တော့ပေ။ သူမ အန္တရာယ်ကြုံလာသောအခါတိုင်း၊ပထမဆုံး တွေးမိသော လူမှာ ဝေ့ထင်မဟုတ်တော့ပေ။စုမုန့်၏ လျစ်လျူရှုစကားကို ကြားလိုက်ရလျှင် ဝေ့ထင် ပိုပို၍ စိုးရိမ်လာသည်။


 "မုန့်အာ၊ မင်းစိတ်ထိခိုက်နေတာကို အခုပြောဖို့ နည်းနည်းနောက်ကျနေပြီဆိုတာ ကိုယ် သိပေမယ့် ထပ်ပြီးထပ်မမှားတော့ဘူး ဆိုတာတော့ ကိုယ် ပြောချင်တယ်"


 “တစ်ကယ်တော့ အစကတည်းက ကိုယ်တို့ကွာရှင်းဖို့ မစဉ်းစားဖူးဘူး…ကိုယ် မင်းကို  မမုန်းဘူး၊ မင်းနဲ့ ဘယ်လို ပေါင်းသင်းရမယ်ဆိုတာ ကိုယ် မသိခဲ့တာပါ…ကိုယ်တို့ လက်ထပ်ပွဲကို အဘိုးက ဆုံးဖြတ်ခဲ့တာပါ…လက်မထပ်ခင်ကလည်း ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး..."


 “ကိုယ် လူတစ်ယောက်ကို ဘယ်လိုချစ်ရမှန်း မသိဘူး…ကိုယ် အရင်က သူများတွေကို မေးကြည့်တော့ မိန်းကလေးတိုင်း ပိုက်ဆံကို ကြိုက်တယ်တဲ့…သူတို့တွေ ကြိုက်တာဝယ်ဖို့ ပိုက်ဆံရှိသရွေ့ အရမ်းပျော်နေကြလိမ့်မယ်တဲ့ …  အဲဒီတုန်းက ကိုယ် အဲ့ဒီအဖြေကို တစ်ကယ်ယုံခဲ့တာဆိုတော့ မင်းကို ပိုက်ဆံပဲပေးခဲ့ပြီး ဂရုမစိုက်မိခဲ့ဘူး"


 “ပြီးတော့ အဲဒီတုန်းက မင်းနဲ့ပတ်သက်တဲ့အကြောင်းတွေက အကုန် သတင်းကောင်းတွေမို့လို့ သိပ်ပြီး မတွေးခဲ့ဖူးဘူး…မင်း အဆင်ပြေနေတယ်လို့ပဲ ထင်ခဲ့တယ်…ကိုယ့်ရဲ့ မိုက်မဲတဲ့ အတွေးကြောင့် ကိုယ်တို့ကြားမှာ နားလည်မှုတွေ အများကြီး လွဲခဲ့မယ်ဆိုတာလည်း မသိခဲ့ဘူး"


"မုန့်အာ… ကိုယ် မင်းကို အစကတည်းက မမုန်းခဲ့ပါဘူး ဆိုတာ ကိုယ် ကျိန်ပြောရဲပါတယ်… တခြားသူကို လက်ထပ်ဖို့နေနေသာသာ ကိုယ်တို့ လမ်းခွဲဖို့ကိုတောင် တစ်ခါမှ မတွေးဖူးဘူး…အခု နားလည်မှုလွဲနေတာကို သိပြီဆိုတော့ ကွာရှင်းပြတ်စဲတာကို ရပ်နိုင်မလား”


ဝေ့ထင် ၏ စကားကို ကြားပြီးနောက် စုမုန့် နှလုံးသားမှာ တုန်လှုပ်သွားသည်။ဝေ့ထင်သည် သူမကိုမုန်းတီးသောကြောင့် လျစ်လျူရှုခဲ့သည်ဟု သူမ အမြဲတမ်းထင်ခဲ့သည်။ ဝေ့ထင်သည် ဒေါသကြီးတတ်သော်လည်း အဘက်ဘက်မှ ပြည့်စုံသူပင်။သူ့က်ု ချစ်နေကြသည့် မိန်းမတွေကလည်း ဘေးမှာ ဝိုင်းနေကြ၏။ထို့ကြောင့်၊သူ့ဘေးနာက အလွန်လှပြီး ဆက်စီကျသော မိန်းကလေးအနုပညာရှင်များကို တွေးတောရင်း ဝေ့ထင် ကို သံသယရှိနေဆဲဖြစ်သည်။


ဝေ့ထင်က အစကတည်းက တခြား အတွေးတွေ မရှိခဲ့ဘူးဆိုရင် သူ ဘာလို့ အရင်ကတည်းက ဒီနာမည်ကြီးမင်းသမီးတွေနဲ့ အရမ်းရင်းနှီးနေတာလဲ… သူ သူမကို ထပ်ပြီး လိမ်ညာနေတော့မှာ မဟုတ်ဘူးလား…


 “နားလည်မှု လွဲမှားတာတွေကို ဖြေရှင်းပြီးသွားပြီမလား…ဒါဆို တခြားအကြောင်းပြောကြည့်ရအောင်…ရှင် ခုနကပြောခဲ့တဲ့စကားတွေကို ပေါင်းစပ်ကြည့်လိုက်ရင် ကျွန်မမှာ ရှင်နဲ့ပတ်သက်တဲ့ သံသယတွေရှိနေတုန်းပဲ"

 

ထို့နောက် စုမုန့် သူ့ကို အရာအားလုံးပြောပြဖို့  ဆုံးဖြတ်လိုက်လေတော့သည်။အကယ်၍ အရာအားလုံးဟာ ဝေ့ထင် နှင့် တစ်ကယ်မသက်ဆိုင်ဘူးဆိုလျှင် သူ့ကိုလွှတ်လိုက်ပြီး ဝေ့ရွှယ် ကိုသာ ကလဲ့စားချေရမည်ပင်။ယခုဆိုပြိုင်ဘက် တစ်ယောက်လျော့သွား၍ နောင်တွင် ကလဲ့စားချေရန် သူမအတွက် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။


(ဝေ့ထင်၏ အချစ်ဝန်ခံစကား...)


စုမုန့် မေးခွန်းကိုကြားလျှင် ဝေ့ထင်က မျက်မှောင်ကြုတ်ပြီး 


“ဘယ်လို...နာမည်ကြီး မင်းသမီး တစ်ယောက်နဲ့ ကိုယ်ကတွဲနေတာ ဟုတ်လား...ကိုယ့်ကို  အသေးစိတ်ရှင်းပြနိုင်မလား...ကိုယ်ကတော့ ဘယ်နာမည်ကြီး အမျိုးသမီး အနုပညာရှင်နဲ့မှ ထိတွေ့ဆက်ဆံဖူးတယ်မထင်ဘူး”


ထိုအရာကိုတော့ သူ ဝန်မခံချင်ပေ။သို့သော်လည်း၊သူ့မှာ နာမည်ကြီး အမျိုးသမီးတစ်ယောက်ကိုမှ သူ စိတ်မဝင်စားခဲ့ပေ။


 "ရှင် ဖုကျဲရဲ့ ကလပ်မှာ ရှိနေတုန်းက နာမည်ကြီး အနုပညာရှင် မိန်းကလေးတွေက ရှင့်ကို ကပ်‌နေကြတာ…ကျွန်မလည်း  မနာလိုစိတ်ကြောင့် မင်းသမီးတစ်ယောက်နဲ့ ရန်ဖြစ်ဖူးတယ်လေ…ရှင်က ကျွန်မကို အရှက်ခွဲတယ်လို့မြင်ပြီး အခန်းပြင်ခေါ်ထုတ်သွားခဲ့တာ"


စုမုန့် ထိုအချိန်က အလွန်ရှက်ရွံ့နေခဲ့ရသောကြောင့် ထိုအဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။


 !!


 ခင်ပွန်းဖြစ်သူက အခြားအမျိုးသမီးတစ်ဦးနှင့် တရင်းတနှီး နေနေသည်ကို၊ဇနီးဖြစ်သူက ဒေါသထွက်မိသည်ကိုပင်၊ခင်ပွန်းက ဇနီးသည်ကိုသာ တားမြစ်ခဲ့သည်။  ဒါကို ဘယ်သူက လက်ခံနိုင်မှာလဲ…


သူမ စကားဆုံးပြီးနောက်၊ ဝေ့ထင် သည် သူမ ပြောနေသည့်အကြောင်းအရာကို နောက်ဆုံးတွင် မှတ်မိသွားသည်။


 “ကိုယ်က တခြားအမျိုးသမီးတွေနဲ့ ထိတွေ့ဆက်ဆံတာမျိုး တစ်ခါမှ မလုပ်ဖူးဘူး…အဲဒီတုန်းက မင်း ကိုယ့်ကို အထင်လွဲသွားတာ.အဲ့ဒီ အမျိုးသမီးက ဖုကျဲတို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူပဲ…ကိုယ်တို့ စီးပွားရေးကိစ္စ ဆွေးနွေးနေတုန်း မင်းရောက်လာပြီး သူမ မျက်နှာကို ဒဏ်ရာရအောင်လုပ်ပြီး ရန်ဖြစ်တယ်မလား…ဖုကျဲမှာ ငွေအမြောက်အမြား ဆုံးရှုံးသွားနိုင်တဲ့အတွက် မင်းကို ကိုယ် ခေါ်သွားခဲ့တာ"


ဝေ့ထင် ထိုနေ့မှ မြင်ကွင်းကို ပြန်သတိရမိသည်။ ထိုအချိန်တွင် သူစိတ်မဆိုးခဲ့သော်လည်း စုမုန့်ကြောင့် အလုပ်ပျက်သွားမှာ စိတ်ပူမိသည်။


ဖုကျဲ၏ နောက်ခံမိသားစုမျိုးရိုးသည် ထင်ထားသည့်အတိုင်း မရိုးရှင်းပေ။ သူသည် ပုံမှန်အားဖြင့် ဂရုမစိုက်တတ်ဘဲ ပေါ့ပျက်ပျက်နေတတ်သော်လည်း၊ စီးပွားရေး သူဌေးများအားလုံးက သူ့ကို မျက်နှာသာပေးကာ အလေးပေးကြရသည်။


စုမုန့် ကလည်း အကြောင်းရင်းကို မသိပေ။ ထိုအချိန်တွင် ဝေ့ထင်သည် သူမအား အရှက်ရစေသည်ဟု ထင်သောကြောင့်၊သို့မဟုတ် ထိုမင်းသမီးကို ချစ်နေတာကြောင့် သူမကို ခေါ်ထုတ်သွားသည်ဟု ထင်ခဲ့သည်။ အကြောင်းပြချက်ကို နားလည်ပြီးဖြစ်၍ သူမ အနည်းငယ်ရှက်ရွံ့သွားသည်။သူမကသာ ဒုက္ခပေးခဲ့သူဖြစ်သည်။ ထိုနေ့က မြင်ကွင်းကို ပြန်တွေးကြည့်လျှင် ထိုမင်းသမီးက ဝေ့ထင်ကို အတင်းကပ်နေသော်လည်း‌ေဝ့ထင်သည် သူမကို တစ်ချိန်လုံး ဂရုမစိုက်ဘဲ လျစ်လျူရှုခဲ့သည်။


 "မင်း ကိုယ့်ကို နောက်ထပ် အထင်အမြင်လွဲမှားနေတာ ရှိသေးလား…ဒါဆို အားလုံးရှင်းသွားတဲ့အခါ ကိုယ်တို့ပြန်စလို့ရမလား”


ဝေ့ထင်သည် သူမကို စိုက်ကြည့်နေရင်း စိတ်တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားနေသော်လည်း သူ့မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုကို စုမုန့် မြင်နေရဆဲဖြစ်သည်။တစ်မိုးအောက် ဝေ့ထင်က ဒီအချိန်မှာ သူမကို တောင်းပန်ဝန်ခံဖို့ သူ့မာနကို စွန့်လွှတ်ခဲ့တာလား…  ထိုသို့သော အရာများကို သူ ပြောလာမည်ဟု သူမ မထင်ထားပေ။သူက အစကနေ အဆုံးအထိ အရာအားလုံးနဲ့ ဘာမှမဆိုင် ဘူး‌ဆိုတော့ သူ့ကို ခွင့်လွှတ်ပြီး သူနဲ့ ပြန်တွဲဖို့ ကြိုးစားရမှာလား…


တစ်ကယ်တမ်း ဝေ့ထင် ကသာ သူမကို စေတနာထားလျှင် ပြန်စရကျိုးနပ်သည်။ဒီလိုချောမော၊သစ္စာရှိ အရမ်းမိုက်တဲ့ ခင်ပွန်းကို ဘယ်သူက မလိုချင်မှာလဲ…ဒါပေမယ့်နည်းနည်းတော့ ရှက်စရာကောင်းတယ်…


 "စုမုန့် မင်း ဘာမှမဖြစ်​​စေရဘူး"  


သူတို့နှစ်ယောက်ကြားက တင်းမာမှုတွေ နည်းနည်းလျော့သွားချိန်မှာ ဘန်းကနဲ အသံတစ်ခု တံခါးပေါက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။


စုမုန့် နှင့် ဝေ့ထင် တို့နှစ်ယောက်စလုံး တံခါးဆီသို့ လှမ်းကြည့်ကြသည်။တံခါးကို အပြင်ကနေ ဆောင့်ဖွင့်လိုက်ပြီး လူတစ်ယောက်က လမ်းလျှောက်တုတ်နှင့် ဝင်လာသည်။ထိုသူသာ ဟန်ချက်ပျက်သွားပါက  လဲကျသွားမှာ သေချာ၏။ သို့သော်လည်း ရှန့်ကျန်း သည် အလွန်ပင် ဟန်ချက်ညီညီ လျှောက်နိုင်လေသည်။ သူသည် စုမုန့် ကုတင်ဘေးသို့ နဲ့တဲ့တဲ့ လျှောက်လာ၏။စုမုန့် ကုတင်အနီးကို ရောက်သည့်အခါ၊သူက သူမ လက်ကို ဆုပ်ကိုင်ထားပြီး သူ့မျက်နှာပေါ် တင်ထားလိုက်သည်။ 


 “စုမုန့် မသေပါနဲ့...မင်း သေရင် ကိုယ့်ရဲ့ကံကောင်းတဲ့ကြယ်လေး ပျောက်ကွယ်သွားရင် ကိုယ် အရင်လို ဖြစ်နေပါဦးမယ်"


ရှန့်ကျန်း သူ့မျက်လုံးများကိုမှိတ်ထားပြီး မိသားစုဝင်တစ်ဦးသေဆုံးသွားသလိုမျိုး ဝမ်းနည်းစွာ ငိုကြွေးလေတော့သည်။သူ့ဘေးမှာ တစ်ယောက်ယောက် ရပ်နေမှန်းတောင် မသိသေး။ စုမုန့် ကတော့ ရှန့်ကျန်းကို အံ့အားသင့်ကာ ကြောင်ကြည့်နေမိ၏။ နေရာတွင် ရပ်ကာ၊ငိုနေသူ ရှန့်ကျန်းအား အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။


 ကံအားလျော်စွာ၊ စုမုန့် နှင့်ဝေ့ထင်သာ အခန်းထဲတွင် ရှိနေ၍ပင်။တခြားတစ်ယောက်ယောက်ရှိလျှင် ရှန့်ကျန်း ကြောင့် အံ့သြသွားလိမ့်မည်။


 "ပြီးပြီလား"  


ဝေ့ထင် အံအားသင့်ပြီးနောက် ရှန့်ကျန်းကို အေးစက်စွာ မေးလိုက်သည်။


 “မဟုတ်ဘူး…စုမုန့်က ကျွန်တော့်ရဲ့ ကယ်တင်ရှင်ပါ…သူမ သေခါနီးနေပြီမို့ နောက်ဆုံးအခိုက်အတန့်အထိ သူမနဲ့ အတူရှိနေရမှာပဲ…”


သူ စကားမဆုံးခင်မှာ သူ့နားကို တစ်စုံတစ်ယောက်က လိမ်ဆွဲလိုက်သည်။သူ နာကျင်လွန်း၍ စကားကိုတောင် ဆုံးအောင်မပြောနိုင်တော့။သူ့ နားရွက်က နာကျင်လွန်းတာကြောင့် သူ မတ်တပ်ရပ်ပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။



xxxxxx