🍬Chapter 67
-----------
မက်မွန်ပွင့်ဝိုင်က အင်မတန်မှ လတ်ဆတ်ကာ၊ ချိုမြမြနှင့် ပန်းရနံ့လေးများ မွှေးပျံ့နေလေသည်။ သူတို့နှစ်ဦးသား တစ်ခွက်ပြီးတစ်ခွက်၊ တစ်ခွက်ပြီးတစ်ခွက် သောက်နေကြသည်။ ဆိုင်ရှင်မှ ထိုဝိုင်က အနည်းငယ်ပြင်းကြောင်းပြောထားသည်ကိုတော့ မေ့လျော့သွားခဲ့ကြပြီဖြစ်သည်။
ငါးကြင်းထောင်းအား တူဖြင့်ထိုးဆွနေကာ ယဲ့ရှန်ရှန်က ရီဝေဝေဖြင့် "လော့ယန်တိတိ၊ မင်းက မင်းရဲ့ချန်အန်းကို တကယ်ကြီးရှာတွေ့သွားပြီပဲ....။"
ရွှီလော့ယန်အရှေ့မှလေထုက လှုပ်ခါနေသော်လည်း သူက အားတင်းကာ နံရိုးကိုက်နေဆဲ။
"အန်း... ငါလည်း အဲ့ဒါက တကယ်အံ့ဩစရာလို့ထင်တယ်....."
သူ့မျက်လုံးများက ယဲ့ရှန်ရှန်လက်ထဲကိုင်ထားသည့် တူတစ်စုံဆီသို့ရောက်သွားကာ သူကမနေနိုင်ဘဲထပ်ပြီး ကြွားဝါလိုက်ပြန်သည်။
"ချန်အန်းက ငါ့နာမည်ထိုးထားတဲ့ တူတစ်စုံကိုလည်း လုပ်ပေးသေးတယ်။"
နောက်ချက်ချင်းဆိုသလိုပင်၊ သူ့ခေါင်းထဲ အတွေးများ ယောက်ယတ်ခတ်သွားပြီး ရွှီလော့ယန်က မေးလာပြန်သည်။
"မင်း အန္တာတိကမှာတုန်းက အေးလား။ "
"အင်း။ ငါ တအားချမ်းခဲ့တာ ရေခဲပြင်တွေဆီ စူးစမ်းဖို့သွားတုန်းက လေတိုက်လို့ လွင့်သွာစတော့မလိုဘဲ"
"အရမ်း စိတ်လှုပ်ရှားစရာကောင်းတာပဲလား။"
ရွှီလော့ယန်က လက်ပေါ်မေးထောက်လိုက်သည်။
"ရှန်ရှန်၊ မင်း ကိုယ်ပွားခြင်းပညာရပ်ကို သိတာလား။ မင်း နှစ်ကိုယ်ခွဲသွားတာကို ငါမယုံနိုင်သေးဘူး။"
ယဲ့ရှန်ရှန်က စားပွဲပေါ်မှောက်ကျသွားကာ လက်ညှိုးဖြင့် ဖုန်းကို တတောက်တောက်နှိပ်နေပြီး "ငါမရတော့ဘူး။ ငါနေလို့မကောင်းတော့ဘူး။ ငါ့အကိုကြီးကို ရှာပြီး ငါ့ကိုလာခေါ်ခိုင်းရမယ်။"
မိနစ်နှစ်ဆယ်ခန့်ကြာသော်၊ သီးသန့်ခန်း၏တံခါးက ပွင့်သွားပြီး အနက်ရောင်လက်လုပ် အနောက်တိုင်းဝတ်စုံပြည့်ကို ဝတ်ဆင်ထားသောသူ ဝင်လာလေသည်။ ရွှီလော့ယန်က ဘယ်သူလဲမှတ်မိသွားပြီး နှုတ်ဆက်လိုက်သည်။
"မစ္စတာကုန်း၊ ရှန်ရှန်ကို လာကြိုတာလား"
ရွှီလော့ယန်၏စကားကိုကြားသည်နှင့် ယဲ့ရှန်ရှန်က ကြိုးစားပန်းစားခေါင်းထောင်လာကာ ကုန်းယွဲ့အား ပြုံးပြလာသည်။
"အကိုကြီး၊ ရောက်လာပြီလား"
ထိုသို့ဆိုကာ၊ သူ့အသံကအနည်းငယ်ကျယ်လာပြီး စိတ်ကောက်စွာဖြင့် "ကျွန်တော်ခေါင်းနာနေတယ်" ဟုပြောကာ၊ မတ်တပ်ရပ်ရန် ကြိုးစားလေသည်။
ကုန်းယွဲ့က သူ့အနားအပြေးလေးလာကာ သူ့လက်များဖြင့် တွဲလိုက်ပြီး နူးညံ့စွာဖြင့် "နေလို့မကောင်းရင် ကိုယ့်ပေါ်လှဲနေလိုက်လေ။"
ယဲ့ရှန်ရှန်က လေးတိလေးကန်ဖြင့် ခေါင်းညိတ်ကာ "အမ်း...မလှဲချင်ဘူး အဖက်ခံချင်တာ။"
"ကောင်းပြီ"
ယဲ့ရှန်ရှန်ကို ပွေ့ဖက်ကာ၊ ကုန်းယွဲ့က သိသိသာသာပင် မူးနေသည့် ရွှီလော့ယန်ကို လှမ်းကကြည့်လျက်၊ "ငါ ကျန်းသုန့်ကို ဖုန်းခေါ်ပေးရမလား"
ရွှီလော့ယန်က ခေါင်းခါလိုက်ပြီး "မလိုပါဘူး ကျေးဇူးပါ မစ္စတာကုန်း။ ရှန်ရှန်ကိုခေါ်ပြီး အရင်ပြန်တော့လေ။"
ကုန်းယွဲ့က သူ့ကိုယ်ကိုပွတ်သပ်နေသည့် ယဲ့ရှန်ရှန်ကို ကြည့်ကာ တံခါး၌ရပ်နေသည့် ကိုယ်ရံတော်အား "တံခါးမှာပဲစောင့်နေ၊ ရွှီလော့ယန်ကို လာကြိုတဲ့လူရောက်မှ ပြန်လာခဲ့" ဟု အမိန့်ပေးလိုက်သည်။
သီးသန့်ခန်း၏တံခါး ထပ်ပိတ်သွားသည့်အခါ၊ ရွှီလော့ယန်က လက်ကျန်မက်မွန်ပွင့်ဝိုင်ကို သောက်လိုက်ကာ စားပွဲ၌ တစ်ယောက်တည်း ထိုင်နေလေ၏။ သူက ရုတ်တရက်ဆိုသလို နည်းနည်းလောက်ဝမ်းနည်းလာသလိုမျိုး ခံစားရသည်။
သူတို့အားလုံးက အရွယ်ရောက်ပြီးသူများဖြစ်ကာ၊ ကိုယ်စီကိုယ်စီလုပ်စရာအလုပ်များရှိပြီး၊ နေ့တိုင်း တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေစရာမလိုကြောင်း သူသိနေသည်။ ထို့ကြောင့် ရွှီလော့ယန်က ချီချန်အန်းအား နေ့တိုင်းဖုန်းခေါ်သော်လည်း ထိုလူလည်း အလုပ်များနေသည်ကို သိနေသဖြင့် ပျော်ရွှင်စရာကိစ္စများကိုသာ ပြောပြကာ၊ အကြာကြီးလည်း ဖုန်းသိပ်မပြောပေ။
သူသောက်ထားတာကြောင့် သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်း လျော့နည်းသွားသည်မှာဖြစ်နိုင်သလို၊ ကုန်းယွဲ့က ယဲ့ရှန်ရှန်ကို လာကြိုသွားသည်ကို မြင်လိုက်ရခြင်းကြောင့်လည်းဖြစ်နိုင်သည်။ ရွှီလော့ယန် သူ့ခံစားချက်များကို မထိန်းချုပ်ထားနိုင်တော့ပေ။
ပန်းကန်လုံးပေါ်မှ ပန်းချီကို အကြာကြီး စိုက်ကြည့်နေပြီးနောက်၊ ရွှီလော့ယန် သူ၏ဖုန်းကိုထုတ်ယူလိုက်သည်။ ဖုန်းစခရင်ပေါ်ရှိ missed call များကို မမြင်မိဘဲ ဖုန်းခေါ်ဆိုသည့်ခလုတ်ကိုသာ တန်းနှိပ်လိုက်ကာ စဉ်းတောင်မစဉ်းစားတော့ဘဲ နံပါတ်အတန်းလိုက်ကို နှိပ်လိုက်လေသည်။
သို့သော်သူက ဖုန်းခေါ်ဆိုမှု မပြုလုပ်ခဲ့ပေ။ သူက ဖုန်းထဲရှိ နံပါတ်အတန်းလိုက်ကိုသာ ကြည့်ကာ၊ ချီချန်အန်းနှင့် ဖုန်းပြောနေသလိုမျိုး ဟန်ဆောင်လျက် စကားများပြောနေလေသည်။
"ရှန်ရှန်ကို သူ့ကောင်လေးက လာခေါ်ပြီး အိမ်ပြန်သွားပြီ။ ချန်အန်းကောကော၊ မင်းငါ့ကို ဘယ်အချိန်မှ လာခေါ်မှာလဲ။"
သီးသန့်ခန်း၏ တံခါးဝ၌။ ချီးချန်အန်းမှာ S မြို့မှ အမြန်ပြန်လာခဲ့ပြီး အိမ်ပြန်ရောက်သည့်အခါ အိမ်မှာ မည်သူမျှရှိမျနသည်ကိုသာ တွေ့လိုက်ရသည်။ ထို့ပြင် သူဖုန်းခေါ်တော့လည်း ဖုန်းကိုင်မည့်သူမရှိပေ။ သို့နှင့် ကျန်းသုန့်အား ရွှီလော့ယန် ဘယ်မှာရှိနေသလဲဟု မေးမြန်းကာ အပြေးလေးရောက်လာချိန်တွင်၊ ရွှီလော့ယန်၏ ဝမ်းနည်းစွာညည်းတွားနေသည့်စကားများကို ကြားလိုက်ရသည်။ထိုအခိုက်၌ လွန်ခဲ့သည့်ရက်များမှ စုပုံနေသည့် ပင်ပန်းမှုများက ယူပစ်လိုက်သလိုပင်။
သီးသန့်ခန်း၏ တံခါးကိုပိတ်ကာ သူလျှောက်ဝင်သွားပြီး၊ ထိုကောင်လေးကို ထိတ်လန့်စေမိမည်ကို စိုးရိမ်စွာနှင့် သူ့အသံက ညင်သာနေပေသည်။
"လော့ယန်၊ ကိုယ်မင်းကို အိမ်ခေါ်ပြန်သွယးဖို့ ရောက်လာပြီလေ။"
ရွှီလော့ယန်က ရှုပ်ထွေးစွာဖြင့် သူ့ရဲ့ဖုန်းကိုကြည့်လိုက်၊ လေကာအင်္ကျီရှည်ကိုဝတ်ကာ သူ့ရှေ့၌ ရပ်နေသည့် ခရီးပန်းလာသည့် ချီချန်အန်းကို မော့ကြည့်လိုက်ဖြင့် "မင်း.... ငါ့ကိုလာကြိုဖို့ teleport နဲ့ ရောက်လာတာလား"
ချီချန်အန်းမှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းသာချလိုက်မိသည်။
"မင်းကိုယ့်ကို မင်းဘာသာမင်း အတွေးမလွန်စေရပါဘူးလို့ ကတိပေးထားတယ်မဟုတ်လား။"
"ဒါဆို မင်းဒီကို ပျံလာတာလား။"
ချီချန်အန်းက လက်လျော့လိုက်လေပြီ။
သူက စားပွဲပေါ်မှ ကုန်နေပြီဖြစ်သော် ဝိုင်ကရားကိုသာ လှမ်းကြည့်ကာ "မတ်တပ်ကော ရပ်နိုင်သေးရဲ့လား။"
"ရပ်နိုင်တယ်။ ငါ ထိုက်ချိဓားသိုင်းကွက် နည်းနည်းတောင် လုပ်ပြလို့ရသေးတယ်။"
သူ့အား လှမ်း၍ ကူလိုက်ကာ ချီချန်အန်းက စိတ်ရှည်ရှည်ဖြင့် ညှိနှိုင်းလာလေသည်။
"ကားကို အပြင်မှာရပ်ထားတယ် မင်းကို ကိုယ်ပြန်ခေါ်သွားမယ်နော် ဟုတ်ပြီလား။"
"အင်း။" ယခုအချိန်၌၊ ရွှီလော့ယန်မှာ ခေါင်းရှင်းရှင်းနှင့်ပြောနေကာ အရမ်းကြီးမူးမနေတော့ပေ။
သူ့အတွေးများက နည်းနည်းကပ်သပ်နေကာ၊ ယခင်ကထက်ပို၍ ရဲတင်းနေခြင်းသာ။ ကားရပ်ထားရာနေရာ၊ အပြင်သို့ထွက်လာပြီးနောက်၊ အနားတဝိုက် မည်သူမျှမရှိကြောင်းတွေ့သောအခါ၊ သူက ချီးချန်အန်း၏ အင်္ကျီလက်ကိုဆွဲကာ "ချန်အန်း ကောကော"
"ဟင်"
ရွှီလော့ယန်၏မျက်လုံးများက တောက်ပနေပြီး နူးညံ့စွာဖြင့် ပြောလာသည်။
"ငါ ဝိုင်တွေအများကြီးသောက်ထားပြီးတော့ ငါ့နှုတ်ခမ်းတွေ အရမ်းပူနေတယ် မင်း သူတို့ကို အေးသွားအောင် နမ်းပေးဖို့ လိုတယ်။"
ညသန်းခေါင်ချိန်ဖြစ်ကာ၊ အနားတဝိုက် မည်သူမျှမရှိသော်လည်း၊ အပြင်တွင်ရှိနေသည်က မလုံခြုံပေ။ သို့နှင့် ချီချန်အန်းက သူ့အား စိတ်ရှည်လက်ရှည်ဖြင့် ချော့မော့လေသည်။
"အိမ်ပြန်ရောက်တဲ့အခါမှ အေးသွားအောင်လုပ်ပေးမယ်လေ ဟုတ်ပြီလား။"
ရွှီလော့ယန်က အကျိုးအကြောင်းမဆင်ခြင်နိုင်တော့ပေ။
"မရဘူး။ အခုပဲ မဟုတ်ရင်....မဟုတ်ရင် ငါ မသွားတော့ဘူး။"
ထိုသို့ပြောကာ သူ့ကဲ့လက်ညှိုးလေးကိုဆန့်၍၊ ချီချန်အန်း၏လက်ညှိုးထံချိတ်ကာ အသာအယာ လှုပ်ခါလိုက်လေသည်။
သူ့လက်ညှိုးမှအနည်းငယ် ယားယံမှုက ပျံ့နှံ့လာကာ၊ ချီချန်အန်း၏မျက်ဝန်းများက နက်မှောင်လာလေသည်။ S မြို့၌၊ ရွှီလော့ယန် လက်မှတ်ထိုးထားပေးသည့်ထီးကို သူနေ့တိုင်းဆောင်းခဲ့ပြီး သူ့စိတ်ထဲမှအတွေးများက ရူးသွပ်တော့မတတ်ပင်။
ထို့ပြင်၊ သူက မည်သည့်အခါကမျှ ရွှီလော့ယန်၏တောင်းဆိုမှုတို့ကို မငြင်းဆိုနိုင်ခဲ့ပေ။
သို့နှင့်၊ သူ့အား အလင်းကွယ်သည့်ထောင့်တစ်ထောင့်သို့ ဆွဲခေါ်သွားကာ၊ ရွှီလော့ယန်၏ အံ့အားသင့်နေသည့်ဟန်နောက်၊ ချီချန်အန်းက သူ၏လေကာအင်္ကျီကိုချွတ်ကာ၊ သူတို့နှစ်ဦး၏မျက်နှာနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တေယ်များများကို ကာလိုက်ပြီး ခေါင်းကိုငုံ့ကာ ရွှီလော့ယန်၏ ပူနွေးနေသည့်နှုတ်ခမ်းများကို စိတ်အားထက်သန်စွာဖြင့် နမ်းရှိုက်လေတော့သည်။
မက်မွန်ဝိုင်၏ မွှေးပျံ့သည့်ရနံ့က ပျောက်ကွယ်မသွားသေးပေ၊ ခန္ဓာကိုယ်မှအပူချိန်ကြောင့် နွေးလာကာ၊ သူ့နှုတ်ခမ်းနှင့် သွားများကြား ခေါက်တုံ့ခေါက်ပြန်ဖြင့်၊ သူ၏ ပူလောင်နေသောအသက်ရှုသံတို့မှာလည်း သူတို့နှစ်ဦးစလုံးကို တပြိုင်နက် အရည်ပျော်သွားစေတော့မတတ်ပင်။
သူတို့ ဝေးကွာနေရသည်မှာ ငါးရက်ပင်မရှိသေးသည်က အထင်အရှားဖြစ်သော်လည်း နှစ်ပေါင်း ငါးရာမက ကြာမြင့်နေသည့်အလား။
ရွှီလော့ယန်က သူ့အနောက်မှ ကွန်ကရစ်နံရံထက်မှီကာ၊ ချီချန်အန်း၏လည်ပင်းထက် သူ့လက်များကို ရစ်သိုင်းထားပြီး သူ့လျှာထိပ်က ချီချန်အန်း၏လျှာဖြင့် ပတ်နွယ်နေလေသည်။ ချီချန်အန်း၏ အေးစက်စက်လက်များက သူ့ရှပ်အင်္ကျီအောက်မှ လျှောဝင်လာကာ၊ အထိမခံသည့် သူ့ခါးအနားရောက်လာသည်ကို ခံစားမိသောအခါ၊ သူ့ကိုယ်လေးက ဆတ်ခနဲတုန်သွားပြီး သူ့နှုတ်ခမ်းမှ တစ်ဝက်တစ်ပျက်ညည်းညူသံလေး ထွက်ကျလာလေသည်။
ရုတ်ချည်းနိုးထလာသည့်အလား၊ ချီချန်အန်း၏လျှာက ရွှီလော့ယန်၏ပါးစပ်အတွင်းမှ ထွက်သွားကာ၊ သူ့အား သူ့ရင်ခွင်ထဲ အသာအယာဆွဲမယူ၍၊ မျက်လုံးထောင့်လေးများကို ညင်သာစွာနမ်းလိုက်ကာ "နျောင်နျောင်၊ လိမ္မာနော် ကိုယ်နဲ့အတူ အိမ်ပြန်လိုက်ခဲ့ ဟုတ်ပြီလား။"
အနမ်းကြောင့် ခြေထောက်များပျော့ခွေသွားသည့် ရွှီလော့ယန်က ဂျီကျမနေတော့ဘဲ သဘောတူလိုက်လေသည်။
"အင်း အိမ်ပြန်ကြမယ်။ ဒါမှ ချီချီနဲ့ ရုပ်ရှင်တူတူကြည့်ရမှာ။"
သို့သော် ရွှီလော့ယန်က အရေးကြီးအခိုက်အတန့်များတွင် အမြဲလိုလို offline ဖြစ်သွားလေ့ရှိသည်။ ထို့ကြောင့် ချီချန်အန်းမှ သူ့ကို တစ်ဝက်မကာ တစ်ဝက်တွဲ၍၊ တံခါးမှဝင်လာသောအခါ၌ သူက လုံးဝကို အိပ်ပျော်သွားပြီဖြစ်သည်။
ချီချန်အန်းက သူ့အဝတ်အစားများကို လဲပေးကာ၊ သူ့မျက်နှာနှင့် လက်များကို တဘက်အစိုဖြင့် သုတ်ပေးပြီး အိပ်ရာထဲထည့်၍စောင်ဖြင့် မအုပ်ပေးခင် သူ့ခြေထောက်များကိုပါ ဆေးကြောပေးလိုက်သည်။
အိပ်ခန်းတံခါးကို ဂရုတစိုက်ပိတ်ကာ၊ သူ၏နွမ်းနယ်နေသော မျက်ခုံးရိုးများကို ဖိနှိပ်ရင်း ချီချန်အန်းက ရေသွားသောက်ရန် ပြင်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက်၊ ရပ်တန့်သွားပြီး သံလိုက်လေးများဖြင့်ကပ်ထားသည့် အဖြူရောင်စာရွက်လေးများကို အချိန်ဇယားဘုတ်တွင် တွေ့လိုက်ရသည်။ ထိုစာရွက်များအားလုံးက ရွှီလော့ာန်၏ လက်ရေးဖြင့်ရေးသားထားလေသည်။
"အသာလေး လစ်ပြေးသွားပြီး၊ ငါ့ကို သူနဲ့အတူတူ လေဆိတ်ကို မခေါ်သွားတဲ့ မစ္စတာချီကို လွမ်းတယ်။ သုံးလပိုင်း ၂၇၊ မနက်ပိုင်း၊ ရွှီလော့ယန်။"
"မိုးလေဝသခန့်မှန်းချက်က S မြို့မှာ မိုးတွေရွာနေတုန်းပဲလို့ပြောတယ်။ မင်း ထီးရော ယူသွားရဲ့လား။ ၂၇, သုံးလပိုင်း၊ ညနေခင်း၊ ရွှီလော့ယန်။"
" ဒီနေ့ ကြော်ငြာရိုက်စရာရှိပေမယ့် အိပ်ရာထနောက်ကျသွားတယ် မနေ့ညတုန်းက မင်းကို အိပ်မက်မက်တာမို့ အိပ်ရာကနေမနိုးချင်းဘူး။ ၂၈၊ သုံးလပိုင်း၊ မနက်စောစော၊ ရွှီလော့ယန်။"
"အရမ်း ပင်ပန်းတာပဲ ဒါရိုက်တာက စံနှုန်းအရမ်းနိမ့်တာပဲ စိတ်ထားလည်းမကောင်းဘူး လက်ရာလည်းမကောင်းဘူး။ အချိန်လည်း မစီမံတတ်ဘူး ငါ့မှာ ငါးမိနစ်လောက် ဒေါသတွေ ထိန်းမနိုင်သိမ်းမရထွက်လိုက်ရသေးတယ်။ ဒါပေမယ့် မင်းအကြောင်းစဉ်းစားလိုက်တာနဲ့ ပျော်သွားပြန်ရော။ ၂၉၊ သုံးလပိုင်း၊ မနက်စောစော၊ ရွှီလော့ယန်။"
"မင်း အဲ့ဒီက အစားအသောက်တွေကို စားတတ်ပြီလား။ စိတ်အခြေအနေရော ကောင်းရဲ့လား။ ကောင်းကောင်းရော အိပ်ပျော်ရဲ့လား။ အေးနေသေးလား။ အရမ်းရော ပင်ပန်းနေသလား။ အလုပ်မှာ အရမ်းအလုပ်ရှုပ်နေတာလား။ ချန်အန်း၊ ငါမင်းကို အရမ်း လွမ်းတာပဲ။ ၃၀၊ သုံးလပိုင်း၊ မနက်စောစော၊ ရွှီလော့ယန်။"
"မင်္ဂလာနံနက်ခင်းပါ ငါ နောက်ကျပြန်ပြီ။ QAQ ၃၁၊ သုံးလပိုင်း၊ အာရုဏ်တက်ပြီးချိန်၊ ရွှီလော့ယန်။"
--------
ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး:
မက်မွန်ဝိုင် ပထမဆုံးခွက်ကို မသောက်ခင် ငါသန္နိဋ္ဌာန်ချလိုက်တယ် အရင်တစ်ခေါက်သောက်တုန်းကလို မမူးတော့မှာ သေချာတယ်လို့...။
__
Translated By IQ-Team.