Villain Shizun (Extra 7-3)
ငါမင်းကို လွှတ်ပေးလိုက်ပြီးတော့ အဝေးမှ နေခိုင်းထားတယ်လေ... ဘာလို့ မကျေနပ်သေးတာလဲ... ဘာလို့ ငါ့ရှေ့မှာ ဒီလိုမျိုး ပြန်ပေါ်လာရတာလဲ... ငါ မင်းကို ဘာမှမလုပ်နိုင်ဘူးများ ထင်နေလား...
ယွီဖူရှန့် လက်မြှောက်လိုက်ပြီး ဝတ်ရုံနက်ဝတ် နတ်ဆိုးကျင့်ကြံသူများစွာကို ဆင့်ခေါ်လိုက်သည်။
" ဒီလူ့ကို မြို့ထဲကမောင်းထုတ်လိုက်... အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ်ရတယ်... သူ့ကိုဒဏ်ရာရသွားအောင်လုပ်နိုင်တဲ့ ဘယ်သူမဆို ဆုကြေးငွေချီးမြှင့်ခံရမယ်... သူ့ကို ဒဏ်ရာအပြင်းထန်ဆုံးရသွားအောင် လုပ်တဲ့သူကတော့ ဆုကြေးငွေအမြင့်ဆုံးရမယ်... မြို့ထဲက ဘယ်သူမဆို ဝင်ပါလို့ရတယ်..."
ယွီဖူရှန့်က စကားဆုံးသည်နှင့် ဝတ်ရုံလက်ကို တစ်ချက်ခါပြီး ထွက်သွားသည်။
ကျီမြို့တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး တစ်ခဏတွင်းချင်းမှာပင် လက်ညှိုးပေါင်းများစွာက ဖန်ကျုံးချင်းထံသို့ ညွှန်ပြလိုက်ကြသည်။
ညအချိန်ရောက်သည့်အခါမှ မြို့တွင်းရှိ ဆူညံသံများ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
တောက်ပနေသည့် လရောင်အောက်တွင် ဖန်ကျုံးချင်းက ယွီဖူရှန့်၏စံအိမ်သို့ရောက်လာပြီး သူ၏ အဖြူရောင်ဝတ်ရုံတွင်လည်း သွေးတစ်စက်မှ စွန်းပေနေခြင်း မရှိပေ။
သူ့ကျင့်ကြံဆင့်က မဟာယနအဆင့်သို့ ရောက်ရှိနေပြီးဖြစ်၍ ထိုလူများက သူ့အတွက် ခြိမ်းခြောက်ဖွယ်ရာ မဟုတ်ပေ။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးမဖြစ်သွားစေရန် သူ့ခွန်အားကို ထိန်းချုပ်လိုက်ရသောကြောင့်သာ သူတို့ကိုကိုင်တွယ်ရသည်က နှေးကွေးသွားခြင်းဖြစ်သည်။
တစ်မျိုးလုံးမှ နတ်ဆိုးကျင့်ကြံသူများ အတူတကွတိုက်ခိုက်လျှင်ပင် ဖန်ကျုံးချင်းကို မယှဉ်နိုင်သည့်အကြောင်း ယွီဖူရှန့်သိသည်။ သူ ဤသို့စမ်းသပ်လိုက်ရခြင်းမှာ ဖန်ကျုံးချင်းက မည်မျှအထိ ဆုံးဖြတ်ချက်ပြတ်သားကြောင်း သိရှိလို၍ဖြစ်သည်။
ဖန်ကျုံးချင်း အခန်းတံခါးဖွင့်ပြီး ဝင်လာသည်နှင့် ယွီဖူရှန့်၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်မှာ လှောင်ပြောင်ခြင်းလား ပျော်ရွှင်ဝမ်းမြောက်သွားသည်လား မရှင်းလင်းလှပေ။
ဖန်ကျုံးချင်းက ဒဏ်ရာမရခဲ့သော််လည်း ဝိညာဉ်စွမ်းအင်က ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့ရသည်။ သူ့မျက်နှာက ဖြူဖျော့နေလျက်ဖြင့် ပြောလာသည်။
" မင်း ဒီမှာ ကြာကြာနေမယ်ဆိုရင် တစ်ယောက်ယောက်ကတော့ မင်းကို အနှေးနဲ့အမြန် သတိထားမိသွားမှာပါပဲ... ငါနဲ့ ပြန်လိုက်ခဲ့ပါ..."
" သတိထားမိသွားရင်လည်း ငါ ဂရုမစိုက်ပါဘူး..."
ယွီဖူရှန့်က လက်ဖက်ရည်ခွက်ကိုချပြီး တည်ငြိမ်နေသည့်အသံဖြင့် ပြောလိုက်သည်။
" ငါအခု ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေထိုင်နေရပြီလေ မင်းကဘာလို့ ခေါင်းမာနေရတာလဲ..."
ဖန်ကျုံးချင်း၏နှုတ်ခမ်းများ ပွင့်ဟလာသည်။
" မင်းအခု ကောင်းကောင်းမွန်မွန် မနေရပါဘူး..."
ယွီဖူရှန့်သူ့ကိုလှောင်လိုက်ပြီးနောက် ကောင်းသည်ဆိုးသည်ကို စကားအခြေအတင်မများလိုတော့၍ သူ့ကိုကျောပေးထားလိုက်သည်။ သူ့လက်ချောင်းသွယ်သွယ်များက သစ်သားစားပွဲကိုခေါက်နေ၍ အသံတစ်ခု ထွက်ပေါ်နေပေသည်။
" ငါမင်းကို ထပ်မတွေ့ချင်တော့ဘူးလို့ ပြောထားတယ်လေ ဘာလို့ ဒီကိုရောက်လာပြန်တာလဲ..."
ဖန်ကျုံးချင်း : " မင်းကို လာရှာတာလေ..."
" မင်း ငါ့ကိုတွေ့ပြီးပြီပဲ... ပြီးတော့ ငါ့ဘဝအတွက် စိတ်ပူဖို့ မလိုတော့ဘူးလို့လည်း ငါပြောတယ်လေ ဘာလို့ မထွက်သွားသေးတာလဲ... တခြားလူတွေက ရွေးချယ်မှုတစ်ခု လုပ်ပြီးသွားပြီဆိုရင် မင်း သူတို့ကို မနှောင့်ယှက်ဘူးမလား... ဘာလို့ ငါ့ဆုံးဖြတ်ချက်ကိုကျတော့ ဝင်နှောင့်ယှက်နေတာလဲ..."
ဖန်ကျုံးချင်း ခဏတာ ငြိမ်သက်သွားပြီးနောက် ယွီဖူရှန့်၏ကျောပြင်ကိုကြည့်ကာ မည်သို့ရှင်းပြရမည်ကို မသိပေ။
သူ ငယ်ရွယ်စဉ်က သူ့ဆရာနှင့်အတူ ဂိုဏ်းပြင်ထွက်ချိန်၌ နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ ပြန်ပေးဆွဲခံလိုက်ရသည်ကို မှတ်မိနေသေးသည်။ ထိုနတ်ဆိုးကျင့်ကြံသူက သူ့လောက်နီးပါး မသန်မာသော်လည်း ဉာဏ်များပြီး ကလိန်ကကျစ်ဆန်သူဖြစ်သည်။ သူ ထောင်ခြောက်ထဲရောက်သွားခဲ့ပြီး တစ်ဖက်လူက သူ့ကိုအန္တရာယ်ပြုချင်သည်အား သတိထားမိချိန်၌ အလွန်နောက်ကျသွားပြီဖြစ်သည်။
နတ်ဆိုးကျင့်ကြံသူက သူ့ကိုစားချင်ပုံရသော်လည်း ချက်ချင်းမစားသေးဘဲ တစ်နေရာတွင် ဖွက်ထားလေသည်။
သူပျောက်သွားပြီး နာရီဝက်အတွင်းမှာပင် ချင်းလင်ဂိုဏ်းမှ လူအားလုံးက သူ့ကိုရှာဖွေကြတော့သည်။ သူတို့ နေရာတစ်ခုလုံးကို မြေလှန်ရှာသော်လည်း အစအနတစ်ခုကိုမှ ရှာမတွေ့ချေ။
နတ်ဆိုးပေါင်းများစွာက ချင်းလင်ဂိုဏ်း၏ စုံစမ်းရှာဖွေမှုတွင် ပစ်မှတ်ဖြစ်လာသော်လည်း အချိန်ကုန်လွန်သွားသည်အထိ သူရှိနေသည့်နေရာကို မသိကြရပေ။
ထိုအချိန်အတောအတွင်းတွင် ဖန်ကျုံးချင်းက အေးစက်စိုစွတ်ကာ သူ့လက်ချောင်းများပင် သူ ပြန်မမြင်ရသည်အထိ မှောင်မိုက်နေသောနေရာ၌ ပိတ်လှောင်ခံထားရခြင်းဖြစ်သည်။ အပြင်ဘက်တွင် အချိန်မည်မျှ ကုန်လွန်သွားကြောင်းလည်း သူ မသိချေ။
ဆယ်ရက်မြောက်နေ့တွင် ချင်းလင်ဂိုဏ်းရှိလူအားလုံး စိတ်ဓာတ်ကျနေချိန်၌ ယွီဖူရှန့်က သူ့ကိုရှာတွေ့သွားသည်။
ဖန်ကျုံးချင်းက သူ့ဦးခေါင်းထက်မှ လှုပ်ရှားမှုအချို့ကိုကြား၍ မော့ကြည့်လိုက်သည့်အခါ အလင်းတန်းတစ်ခု ဖြာကျလာသည်ကို မြင်လိုက်သည်။ အလင်းရောင်ကို ရုတ်ချည်းမြင်လိုက်ရ၍ အမှောင်ထုထဲတွင် အချိန်အတန်ကြာအောင် နေခဲ့ရသောကြောင့် ကျင့်သားမရဖြစ်နေ၍ မျက်လုံးများ မဖွင့်နိုင်လုနီးပါးဖြစ်သွားရသည်။
သူ မိန်းမောမှင်သက်နေမိစဉ်တွင် အနီရောင်မျက်လုံးများနှင့်လူငယ်ဘေးက အပေါက်ထဲသို့ ခေါင်းပြူလာသည်။
ထိုအချိန်က ယွီဖူရှန့်မှာ သူ ရှိနေသည့်နေရာသို့ ခုန်ဆင်းလာပြီး ခြေကျင်းဝတ်နှင့် လက်ကောက်ဝတ်များတွင် တုတ်နှောင်ထားသည့် ဝိညာဉ်ကြိုးများကို ဆွဲဖြတ်ပေးခဲ့သည်။ ဖန်ကျုံးချင်း ပြန်လည်မတုံ့ပြန်နိုင်မီအချိန်မှာပင် အရိုးအသားထဲစိမ့်ဝင်သွားမတတ်အားမျိုးဖြင့် ခပ်ပြင်းပြင်း ပွေ့ဖက်ခံလိုက်ရပေသည်။
ဖန်ကျုံးချင်းက ယွီဖူရှန့်၏ရင်ဘတ်နှင့်ဖိကပ်ပြီး အဖက်ခံထားရသောကြောင့် တစ်ဖက်လုံး၏ နှလုံးခုန်သံများက ကျယ်လောင်နေသည်ကို သတိပြုမိနေသည်။ သူ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး အဘယ့်ကြောင့် ယွီဖူရှန့်၏စိတ်အခြေအနေက အတက်အကျပြင်းထန်နေသည့်အကြောင်း တွေးနေမိသည်။ ထိုအချိန်တွင် ယွီဖူရှန့်က သူ့ကိုပြောလာသည်။
" မကြောက်နဲ့တော့ အားလုံးအဆင်ပြေသွားပါပြီ..."
ဖန်ကျုံးချင်းက ပြန်ဖြေလိုက်သည်။
" ငါ မကြောက်ပါဘူး..."
၎င်းက အမှန်တရားပင်ဖြစ်သည်။ သူက ငယ်ရွယ်စဉ်တည်းက စိတ်ခံစားချက်များနှင့်ပတ်သက်၍ အားနည်းသူဖြစ်သည်။ ခဏအကြာတွင် သေရမည်ဆိုလျှင်ပင် သူ့စိတ်ထဲ၌ ကြောက်ရွံ့တုန်လှုပ်မှု တစ်စိုးတစ်စိမှ ရှိမနေချေ။
သို့သော်လည်း ဤသို့အုံ့မှိုင်းပြီး မှောင်မိုက်နေသည့်နေရာကို သူ သဘောမကျပေ။
သူ့စကားကိုကြားသည့် နှုတ်ခမ်းပါးများ အနည်းငယ်တုန်ယင်သွားပြီး အလွန်အကျည်းတန်သည့် အပြုံးတစ်ခု ပြုံးပြလိုက်သည်။
" ဒါပေမဲ့ ငါကတော့ ကြောက်နေခဲ့တာ... မင်း မကြောက်တတ်ဘူးဆိုတာကိုသိလို့ ငါပိုကြောက်နေခဲ့တာ..."
ဖန်ကျုံးချင်း သဘောမပေါက်နိုင် ဖြစ်သွားရသည်။ သူက ဤနေရာတွင် ပိတ်လှောယင်ခံထားရသူဖြစ်ပြီး သေရေးရှင်ရေးကို မသိနိုင်သူဖြစ်သည်။
ဘာလို့ ယွီဖူရှန့်ကကြောက်နေရတာလဲ...
သူ ခဏစဉ်းစားလိုက်ပြီးနောက် နှစ်သိမ်ဘပေးဟန်ဖြင့် ယွီဖူရှန့်ပခုံးကို ပုတ်ပေးလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
" မင်း ငါ့ကိုဘယ်လိုရှာတွေ့တာလဲ..."
" မင်းက ငတုံးလေးဆိုတာ ငါသိလို့လေ..."
ယွီဖူရှန့်က သူ့ကို ပိုမိုတင်းကြပ်စွာဖြင့် ပွေ့ဖက်ထားလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
" အင်အားကြီးတဲ့ နတ်ဆိုးဖြစ်နေရင်တောင်မှ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ဆို လွယ်လွယ်ဖမ်းခေါ်ခံသွားရဖို့ မဖြစ်နိုင်ဘူးလေ... ဘာလှုပ်ရှားမှုမှ မရှိဘဲ ပါသွားတယ်ဆိုတည်းက တစ်ယောက်ယောက် အရူးလုပ်တာ ခံလိုက်ရလို့ပဲပေါ့... တခြားလူတွေက နတ်ဆိုးကြီးတွေဆီမှာပဲ ရှာကြပြီး ဉာဏ်များတဲ့ နတ်ဆိုးငယ်တွေကိုကျ မေ့နေတာ..."
ယွီဖူရှန့်မှာ ဓားဂိုဏ်းကဖြစ်သောကြောင့် ဤကိစ္စက ကြီးကြီးကျယ်ကျယ်မဖြစ်လာပါက ဖန်ကျုံးချင်း ပျောက်သွားသည်ကို သိလိုက်မည် မဟုတ်ပေ။ သူ သိချိန်တွင် ဖန်ကျုံးချင်းက အစအနပျောက်သွားခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
လူငယ်လေးက မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် အလိုမကျမှုများဖြင့် ပြည့်နေသည်။
ဖန်ကျုံးချင်း ပါးစပ်ဟလိုက်ပြီး သူက ငတုံးတစ်ယောက်မဟုတ်ကြောင်း ပြောချင်လာသည်။ အားလုံးက သူ့ကို ပါရမီရှင်လေးဟု ခေါ်ကြပေသည်။
သို့ရာတွင် ထိုစကားများပြောလိုက်မိပါက ရှေ့တည့်တည့်တွင်ရှိနေသူ၏ စိတ်အခြေအနေကို သက်ရောက်သွားမည်စိုး၍ ပါးစပ်ပိတ်ထားပြီး သူပြောသည်များကို လက်ခံသည့်အနေဖြင့် "အင်း" ဟုသာ ပြောလိုက်သည်။
ယွီဖူရှန့်က သူ့ကိုရှာတွေ့ကာ သူ မနှစ်သက်သည့်နေရာမှ ခေါ်ထုတ်ပေးခဲ့ခြင်းဖြစ်၍ ဤတစ်ကြိမ်က သူ့အလှည့်ဟု ဖန်ကျုံးချင်း တွေးထားပေသည်။
သို့ရာတွင် ယွီဖူရှန့်က သူ့ကိုဒေါသထွက်နေသည့်ပုံစံဖြင့် သူနှင့်အတူ မလိုက်လာချင်ခဲ့ပေ။
ဖန်ကျုံးချင်းက လူများကို မြှောက်ပင့်ရန်မဆိုနှင့် မည်သို့ဖျောင်းဖျပြောဆိုရမည်ကိုပင် မသိသူတစ်ယောက်ဖြစ်သည်။ သူနှင့်အတူ ပြန်လိုက်ခဲ့ရန် ခေါ်သည်မှာလွဲ၍ အခြားအရာများကို မစဉ်းစားမိတော့ပေ။
သူ တွေးတောနေစဉ်၌ ယွီဖူရှန့် သူ့နားကပ်လာသည်။
သူ့မျက်ဆံများက မည်းနက်နေပြီး အခန်းတံခါးကိုလည်း ပိတ်ထားလိုက်ပြီဖြစ်သည်။ ယွီဖူရှန့်က သူ့နားကပ်လာသောကြောင့် ကျယ်ဝန်းလှသောအခန်းကြီးမှာ ရုတ်တရက် ကျဉ်းမြောင်းသွားသည်ဟုပင် ခံစားရပေသည်။
ဖန်ကျုံးချင်းက အနည်းငယ်စိတ်မသက်မသာဖြစ်လာ၍ နောက်ပြန်ဆုတ်လိုသော်လည်း သူ့တံတောင်ဆစ်ကို ဖမ်းဆွဲခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ယွီဖူရှန့်က ခေါင်းလှည့်လာပြီး သူ့နားရွက်ဖျားကို ကိုက်ဆွဲလိုက်သည်။
ယွီဖူရှန့်က ခေါင်းငုံ့ထားပြီး ရုန်းကန်နေသည့် ဖန်ကျုံးချင်းကို ချုပ်ထားကာ ဖြူဖွေးနေသည့် နားရွက်လေးကိုငုံထား၍ နူးညံ့သောအသားကို အရသာခံနေသကဲ့သို့ တဖြည်းဖြည်းကိုက်နေသည်။
ဖန်ကျုံးချင်း၏နားရွက်မှ အနီရောင်သွေးစက်များက ကြမ်းပြင်ပေါ်သို့ တတောက်တောက်ကျလာသည်။
ယွီဖူရှန့်က ထိုသွေးများကို လျှာဖျားဖြင့်လျက်လိုက်ပြီး အရသာခံနေလေသည်။
ယွီဖူရှန့်က နှုတ်ခမ်းထောင့်ကို လက်ညှိုးဖြင့်သုတ်ပြီး ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူ့လက်ဖျားမှ သွေးစက်များကို မြင်လိုက်ရသည်။
" မင်းကိုဘာလို့ ထွက်သွားခိုင်းပြီး ငါ့ရှေ့မှာ ထပ်ပြီး ပေါ်မလာနဲ့လို့ ပြောခဲ့တာလည်း သိလား..."
ဖန်ကျုံးချင်း : " ငါ့ကို မုန်းလို့ဆို..."
" မင်း အဲဒါကို တကယ်ယုံတာလား..."
ယွီဖူရှန့်ရယ်လိုက်ပြီး သူ့ရှေ့မှလူ၏ နူးညံ့သောမေးဖျားလေးကို လက်ဖြင့်အသာပွတ်လိုက်သည်။
" ငါမင်းကို လွှတ်ပေးခဲ့တယ်ဆိုတာ အခွင့်အရေးတစ်ခု ပေးခဲ့တာပဲ... ငါမင်းကို နာကျင်အောင် မလုပ်ချင်လို့လေ..."
ဖန်ကျုံးချင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့မေးစေ့ကိုကိုက်နေသည့်လက်ကို ဆုပ်ကိုင်လိုက်သည်။ ယွီဖူရှန့်က သူ့ကိုနာကျင်အောင် ပြုလုပ်မည်ဟု တစ်ကြိမ်မှ မတွေးထားခဲ့ဖူး၍ ထိုအချိန်က တစ်ဖက်လူပြောခဲ့သောစကားမှာ သူ့အတွက် ခြိမ်းခြောက်စရာ ဖြစ်မနေခဲ့ပေ။
" မင်း ငါ့ဆီကို ရောက်လာပြီဆိုတည်းက ကိုယ့်သဘောနဲ့ကိုယ် ငါ့ရှေ့ ပြန်ရောက်လာတယ်ဆိုတာကို သိတယ်မလား..."
ယွီဖူရှန့်၏ အပြုံးက အနည်းငယ်ပျောက်ကွယ်သွားပြီး အကြည့်များလည်း စူးရှလာသည်။
" ငါ့ကိုယ်ငါ တစ်ကြိမ်လောက် ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပေမယ့် အမြဲတမ်းတော့ ထိန်းချုပ်နိုင်မယ်လို့ မဆိုလိုဘူးနော်... ဒီတစ်ကြိမ်တော့ ငါမင်းကို လွှတ်ပေးတော့မှာ မဟုတ်ဘူး..."
ဖန်ကျုံးချင်းက နက်စွေးစွေးမျက်ဝန်းများကို ကြည့်လိုက်ချိန်တွင် အန္တရာယ်အငွေ့အသက်ကို နောက်ကျပြီးမှ သိလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
" မင်း ငါနဲ့တိုက်ခိုက်ချင်နေတာလား..."
ဖန်ကျုံးချင်းက သူတို့နှစ်ယောက်အကြားမှ ခွန်အားကွာဟချက်ကို သတိပေးလိုက်သည်။
" ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံဆင့်က မင်းထက် မြင့်တယ်လေ..."
ယွီဖူရှန့်က ပြုံးလိုက်သော်လည်း စကားတစ်ခွန်းမှမပြောဘဲ ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းပါးများက အစောပိုင်းတွင် ဖန်ကျုံးချင်း၏သွေးများပေနေသောလက်ဖျားကို ဖိကပ်လိုက်သည်။ ၎င်းက မြတ်နိုးမှုအရိပ်အမြွက်အချို့ ပါဝင်နေသော အနမ်းတစ်ခုနှင့် တူပေသည်။
ဖန်ကျုံးချင်း၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကာ တဆတ်ဆတ်တုန်ယင်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများက ထူးဆန်းလာပြီး ဝိညာဉ်စွမ်းအားကလည်း အထိန်းအကွပ်မဲ့လာသည်။
သူ မိန်းမောမှင်သက်နေလျက် အစောပိုင်းက ယွီဖူရှန့်ယူသွားသော သွေးတစ်စက်ကို သတိရသွားသည်။
" ဒါဘယ်လို မန္တန်မျိုးလဲ..."
ယွီဖူရှန့်က သူ့လက်ကိုဆန့်ထုတ်ပြီး လဲကျလုဆဲဆဲဖြစ်နေသော ဖန်ကျုံးချင်း၏လက်ကောက်ဝတ်ဖြူဖြူလေးကို ဖမ်းဆွဲကာ သူ့ကိုယ်ပေါ်တွင် မှီစေလိုက်သည်။
" နတ်ဆိုးမန္တန်တွေထဲက တစ်ခုလေ... ကျုံးချင်း မင်းက ငါနဲ့ရှိနေတဲ့အချိန်ဆို အရမ်း အကာအကွယ်မဲ့လွန်းတယ်... တော်တော်လေး တုံးအတာပဲ..."
ဤကဲ့သို့သွေးနည်းစနစ်များက ပထမဆုံးသားကောင်ဖြစ်ဖူးသည့်လူများအပေါ် အလွန်အသုံးဝင်သည်။ ဖန်ကျုံးချင်းကဲ့သို့လူမျိုးသည်ပင် ခုခံရန် အလွန်ခက်ခဲနေမိသည်။
သို့ရာတွင် သူ့ထိန်းချုပ်နိုင်သည့် ဝိညာဉ်စွမ်းအင် အနည်းငယ်ရှိသည့်အပြင် ထိပ်တန်းအဆင့်မန္တန်များစွာလည်း ရှိနေသေးသည်။ ယွီဖူရှန့်က သွေးနည်းစနစ်ကို အသုံးပြုပြီးသော်လည်း စိတ်အေးလက်အေးဖြစ်မနေဘဲ ပိုမိုသတိထားလာကာ ဖန်ကျုံးချင်း ပြန်လည်တိုက်ခိုက်လာမည်ကို ခုခံရန် ပြင်ဆင်ထားသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူထံတွင် ဝှက်ဖဲမည်မျှရှိကြောင်း သူ မသိနိုင်၍ဖြစ်သည်။
သို့ရာတွင် နာကျင်မှုက သတိလစ်လုဆဲဆဲ အခြေအနေထိဖြစ်လာ၍ ဖန်ကျုံးချင်းက သူ့ကို သတ်ဖြတ်လိုစိတ် ရှိရန်မဆိုနှင့် ရန်လိုမှုအရိပ်အယောင် တစ်ခုကိုမှ မပြသနိုင်ဖြစ်နေသည်။
ဤအခိုက်အတန့်တွင် ယွီဖူရှန့်က ရယ်ရငိုရမည်မသိတော့ဘဲ နှလုံးသားထဲ၌ ခံစားချက်များစွာ ရောပြွန်းနေသည်။ သို့ရာတွင် ဖန်ကျုံးချင်းကို ဤနေရာမှ ထွက်သွားခိုင်းရလောက်သည်အထိ သူ သဘောထားမကြီးနိုင်တော့ပေ။
သူ ဖန်ကျုံးချင်းကို ပွေ့ချီလိုက်ပြီးနောက် နူးညံ့သော အိပ်ရာကျယ်ကြီးပေါ် ချထားပေးလိုက်သည်။
အပြင်ဘက်တွင်လည်း မှောင်မည်းလာပြီဖြစ်ကာ တိမ်မည်းများက ညကောင်းကင်ယံကို လွှမ်းခြုံထားသည်။
ဖန်ကျုံးချင်း၏ မျက်တောင်ရှည်များ အနည်းငယ် တုန်ယင်လာသည်။ သူ ပြန်နိုးလာချိန်၌ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မနေတော့သော်လည်း ခြေလက်များကာပျော့ခွေနေပြီး ဝိညာဉ်စွမ်းအင်က လှည့်ပတ်မှု မရှိတော့ပေ။
သူ ခေါင်းစောင်းငဲ့ပြီး ဝိညာဉ်စွမ်းအင်များ ပြန်လည်ရရှိအောင် တိတ်ဆိတ်စွာလုပ်ဆောင်နေလျက် ယွီဖူရှန့်ကို သင်္ကာမကင်းဖြစ်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ယွီဖူရှန့်က အိပ်ရာဘေးတွင်ရပ်နေပြီး သူ နိုးလာသည့်အချိန်မှစ၍ စကားတစ်ခွန်းမှ မပြောပေ။ သူ၏ မျက်ဝန်းထဲတွင် မည်သည့်ခံစားချက်ကိုမှ မပြသနေသော်လည်း သူ့ကိုယ်မှထုတ်လွှတ်နေသည့် အေးစက်မှုတစ်မျိုးကို ခံစားနေရသည်။ သူ ယခုချိန်၌ မည်သည့်စကားပြောသည်ဖြစ်စေ မည်သည့်အပြုအမူမျိုးကို ပြုလုပ်သည်ဖြစ်စေ တစ်ဖက်လူက အရိုးထဲစိမ့်နေအောင် အေးစက်လှသည့် ခံစားချက်မျိုးဖြင့်သာ ပြန်လည်တုံ့ပြန်ပေမည်။
ဖန်ကျုံးချင်းက ထိုမျက်ဝန်းများ နွေးထွေးလာအောင် မည်သို့ပြုလုပ်သင့်သည်ကို မသိပေ။ ခဏစဉ်းစားနေပြီးသည့်နောက် သူ မေးလိုက်သည်။
" မင်း ငါနဲ့တူတူ အိပ်ချင်လို့လား..."
ယွီဖူရှန့်က ချောင်းယွင်တောင်ထွတ်သို့ ညအချိန်တွင် မကြာခဏ ရောက်လာတတ်ပြီး အထူးသဖြင့် မိုးရွာသွန်းနေသည့်ညများတွင် ပိုအလာများသည်။ သူရောက်လာသည့်အချိန်တိုင်း အိပ်မပျော်သည်မှာ လဝက်ခန့်ရျှပြီဟုဆိုကာ ဖန်ကျုံးချင်း၏ဘေးတွင် ဝင်အိပ်လေ့ရှိသည်။
မူလတွင်မူ ဖန်ကျုံးချင်းက သူ့အိပ်ရာထက်၌ အခြားလူတစ်ယောက်ရှိသည်ကို ကျင့်သားမရသော်လည်း ကြိမ်ဖန်များစွာဖြစ်လာသည့်အခါတွင်မူ အသားကျသွားတော့သည်။
ထိုအကြောင်းစဉ်းစားမိသောအခါ ယွီဖူရှန့်က သူ့အပေါ်ဝတ်ရုံကို မန္တန်သုံး၍ ချွတ်ခိုင်းကာ အိပ်ရာပေါ် လှဲခိုင်းထားရခြင်းမှာ သူ အချိန်အတန်ကြာအောင် အနားမယူထားရသောကြောင့် ဖန်ကျုံးချင်းကို သူ့အိပ်ရာပေါ်တွင် သူနှင့်တူတူအိပ်ခိုင်းလိုသောကြောင့်ဖြစ်မည်ဟု ထင်လိုက်မိသည်။
သူ့မှန်းဆချက်ကို ပြောပြပြီးသောအခါ ယွီဖူရှန့်က ထရယ်လိုက်သည်။
" မင်းဘာလို့ ရယ်နေတာလဲ..."
" သနားစရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် စောင့်ရှောက်လာခဲ့တဲ့ ရတနာလေးကို မထိရက်မကိုင်ရက် ဖြစ်နေတာကို ရယ်တာပါ... အဲဒီရတနာလေးက တစ်နေ့မှာ သူ့အနားကိုရောက်လာမယ်လို့ သူ အမြဲတမ်းအိမ်မက်မက်နေခဲ့တာလေ..."
ယွီဖူရှန့်က အိပ်ရာဘေးတွင် ရပ်နေရာမှ အနားကပ်လာသည်။ သူ၏ အေးစက်စက်လက်ချောင်းများဖြင့် ဖန်ကျုံးချင်း၏ ဖြူဖွေးသောပါးပြင်ကို ထိကြည့်လိုက်သည်။
" ဒါပေမဲ့ အဲဒီရတနာလေးက အညှာအတားကင်းပြီး နှလုံးသားမဲ့တယ်လေ... သူက ဘယ်သူ့ကိုမှ မစောင့်နေဘူး... အဲတော့ နောက်ဆုံးမှာ သနားစရာကောင်းတဲ့ကောင်လေး သေသွားခဲ့တယ်..."
ဖန်ကျုံးချင်း အံ့အားသင့်သွားမိသည်။
" ဘာလို့ သေသွားတာလဲ..."
ယွီဖူရှန့်၏မျက်လုံးများ မှေးကျဉ်းသွားပြီး အေးစက်စက်ပုံစံဖြစ်လာသည်။
" ဘာလို့လဲဆိုတော့ အဲဒီရတနာလေးကို သူကိုယ်တိုင် ဖျက်ဆီးလိုက်မိလို့ပဲ..."
ထိုစကားများကြောင့်လော ယွီဖူရှန့်၏ အေးစက်စက်အကြည့်များကြောင့်လော မသိသော်လည်း ဖန်ကျုံးချင်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ ထို့နောက် အိပ်ရာအတွင်းဘက်ထဲ တိုးသွားပြီး သူ့စိတ်ထဲ အန္တရာယ်ရှိသည်ဟု အလိုလို ခံစားနေရသူနှင့် ဝေးဝေးနေလိုက်သည်။
သို့သော် သူ နောက်ဆုတ်လိုက်သည်နှင့် သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲခံလိုက်ရသည်။
ယွီဖူရှန့်က တဖြည်းဖြည်းအုပ်မိုးလာပြီး ဖန်ကျုံးချင်းကို အိပ်ရာပေါ်ဖိကပ်လိုက်ကာ မေးစေ့ကို လက်ဖြင့်ဆုပ်ကိုင်ပြီး နူးညံ့သော နှုတ်ခမ်းပါးများကို နမ်းလိုက်သည်။
အိပ်ရာပေါ်တွင် အတူတူအိပ်ခြင်းတစ်မျိုးတည်းသာမက စုံတွဲကျင့်ကြံခြင်းကိုပါ ပြုလုပ်၍ ရနိုင်သည်ကို ဖန်ကျုံးချင်းသိထားပြီဖြစ်သော်လည်း ယွီဖူရှန့်က သူ့ကို ဤသို့ဆက်ဆံလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူ့အတွင်းဝတ်ရုံများ စုတ်ပြဲသွားသည့်အခါ ဖန်ကျုံးချင်း၏စိတ်ထဲ အနည်းငယ်လန့်သွားမိသည်။ သူ့လက်ကောက်ဝတ်များကို လက်တစ်ဖက်ဖြင့် အချုပ်ခံထားရ၍ လက်ဆစ်များ ဖြူဖျော့လာသည်အထိ ရုန်းကန်နေပြီး ခေါင်းခါယမ်းကာ သူ နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့သော အချစ်ဆုံးသူငယ်ချင်းကို တားဆီးရန် ကြိုးစားနေသည်။
သို့ရာတွင် ယွီဖူရှန့်၏လှုပ်ရှားမှုများက ရပ်တန့်မသွားဘဲ သူ့လက်ကောက်ဝတ်များကိုချုပ်ထားကာ ခန္ဓာကိုယ်ပေါ်မှ အတွင်းဝတ်ရုံကိုပါ ချွတ်လိုက်ပြီးနောက် မျက်ဆံများ မည်းနက်လာသည်။
သူတို့နှစ်ယောက်လုံးထံမှ အဝတ်အစားများက အိပ်ရာဘေးသို့ ပြုတ်ကျကုန်၏။ ဖန်ကျုံးချင်း၏ မျက်လုံးများကလည်း နီရဲလာပြီး အနက်ရောင်ဆံနွယ်များကလည်း အိပ်ရာပေါ် ပြန့်ကျဲကုန်ကာ ကျောက်စိမ်းတမျှဖြူဖွေးသည့် ကျောပြင်လေးတွင်လည်း နီရဲနေသည့် အမှတ်အသားများဖြင့် ပြည့်ကုန်သည်။
ဖန်ကျုံးချင်း၏ အတွေးများ ကမောက်ကမဖြစ်ကုန်သည်။ သူ့ခါးတစ်ဝိုက်ကို ပွေ့ဖက်ခံလိုက်ရသည့်အချိန်တွင် ရေခဲရေဖြင့် တစ်ကိုယ်လုံးကိုအပက်ခံလိုက်သကဲ့သို့ လန့်သွားပြီး ကြက်သီးထဖွယ်ရာ ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာသည်။
သူ အသည်းအသန်ကြိုးစားရုန်းကန်တော့သည်။
" ရပ်လိုက်... ယွီဖူရှန့် ငါ့ကို အဲလိုမလုပ်ပါနဲ့..."
ယွီဖူရှန့်က သူ့နားကပ်လာပြီး ဖန်ကျုံးချင်း၏ကျောပြင်ကို သူ့ရင်အုပ်ဖြင့်ဖိကပ်ကာ ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။ ထို့နောက် ဖန်ကျုံးချင်း၏နားထဲသို့ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ငါ့ကို စိတ်ပျော့အောင်လုပ်မယ့်စကားတွေ တစ်ခွန်းမှ မဟနဲ့..."
ဖန်ကျုံးချင်း ကြောက်လန့်တကြားဖြင့် ခေါင်းခါလိုက်မိ၏။ နောက်အခိုက်အတန့်တွင် သူ့မျက်နှာက စက္ကူတစ်ရွက်သဖွယ် ဖြူဖျော့လာပြီး နာကျင်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။
သို့ရာတွင် ထိုနာကျင်မှုက အစပိုင်းသာ ရှိသေးသည်။
ဖန်ကျုံးချင်း မျက်လုံးများ အနည်းငယ်ပြူးကျယ်လာပြီး နှဖူးတွင်လည်း ချွေးစေးများပြန်လာသည်။ သူ့လက်ချောင်းများကို တင်းကြပ်စွာဆုပ်ထားမိ၍ လက်တစ်များပါ ဖြူဖွေးလာတော့သည်။
ဖန်ကျုံးချင်းကို အပြည့်အဝ ပိုင်ဆိုင်လိုက်ရပြီးသည့်နောက်တွင် ယွီဖူရှန့်က သက်ပြင်းတိုးတိုးချလိုက်ပြီး သူ့မျက်ခုံးများ တွန့်ချိုးနေရာမှ ပြေလျော့သွားကာ စိတ်ကျေနပ်မှု အရိပ်အယောင်အချို့ ပြသလာသည်။။
တစ်ချိန်တည်းမှာပင် သူ့လက်ခုံပေါ်သို့ စိုစွတ်နေသည့် အရည်အချို့စီးကျလာသည်။
၎င်းက ပူနွေးနေသော်လည်း ခဏအကြာတွင် အေးစက်သွားတော့၏။