အပိုင်း ၆
Viewers 12k


Chapter 6



“ကလေးတွေ လာစားမယ်..”

ယင်တပိုင် ယူလာသည့် အစာအား ချကာခေါ်လိုက်သည်။

ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် ဟွားရှောင်ဝူတို့မှာ ယင်တပိုင်နံဘေး ဝိုင်အုံလျက်ရှိကြပြီး ယင်ရှောင်ယိနှင့် ယင်ရှောင်စစ်တို့မှာ သူတို့၏နောက်မှ လိုက်လာကြသည်။ ယင်ရှောင်ရှောင့် ခေတ္တတုံ့ဆိုင်းနေမိပြီးနောက် သူတို့နှင့်အတူ လိုက်ပါသွားသည်။ သူ၏ခန္ဓာကိုယ်အားဆန့်ကာဖြင့် မြွေပေါက်လေး ငါးကောင်နှင့်အတူ ယင်တပိုင် ဆောင်လာသည့် အစာအား ကြည့်လိုက်သည်။

ယင်ရှောင်ရှောင်း ဖျော့တော့လာပြီး ချက်ချင်းဆိုသလို ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်သည်။ တံတွေးမျိုချပြီးနောက် လှည့်ကာြဖင့် အဝေးသို့ထွက်သွားလေသည်။

ဂူအတွင်းသို့ဝင်ကာ ပျောက်ကွယ်သွားကာနီးလေးမှာပင် ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဟွား၏ အမြီးနှင့်ပတ်ကာ ဆွဲထုတ်ခြင်းခံလိုက်ရသည်။

“ယင်ရှောင်ရှောင်း.. မြန်မြန်လေး သွားစားလိုက်.. မင်းတို့တွေ မွေးလာတဲ့အချိန်ကပဲ အစာစားရသေးတာ.. အဲဒါကြောင့် အခု ပိုစားဖို့လိုအပ်တယ်..”

မိုးနတ်မင်းကြီးရေ..

ဒီမှာဗျ.. ကျုပ်ရဲ့ခန္ဓာကိုယ်က မြွေဖြစ်နေပေမဲ့ ဝိညာဉ်က လူသားဖြစ်နေတုန်းပဲဗျ..

အသားစိမ်း ငါးစိမ်းစားဖို့နေနေသာသာ အခု ကြွက်ကို အစိမ်းလိုက်စားစေချင်နေတာလား..

ကျုပ်ကို သတ်ဖို့ ကြံစည်နေတာမလား..

သခင်လေးရေ.. ကျုပ်က အဲဒီကြွက်အစိမ်းကို ဘယ်တော့မှ စားမှာမဟုတ်ဘူး သိရဲ့လား..

ကြားလိုက်ရသည့်အတိုင်းပင် ဖြစ်သည်။ မြွေပေါက်လေးများ ဝိုင်းရံနေကြသည့် အစာပုံမှာ အမှန်တကယ်တွင် ကြွက်သေများဖြစ်သည်။ တိရိစ္ဆာန်အရောင်းဆိုင်များရှိ ဟမ်းစတားကဲ့သို့ ချစ်စဖွယ်အကောင်လေးများမဟုတ်ဘဲ မြင်သည်နှင့် အော်ဟစ်ကာ လူတိုင်း “သ-တ်” ချင်ကြသည့် ကြွက်ရုပ်ဆိုးများဖြစ်ပေသည်။ ထို့ကြောင့် ယခုလက်ရှိ ယင်ရှောင်ရှောင်း၏ စိတ်အခြေအနေအား လူတိုင်းနားလည်နိုင်ကြပေလိမ့်မည်။

ကြွက်ကို အစိမ်း စား.. ကျွတ် ကျွတ်..

အရမ်းးးး အရမ်းကို သာမာန်ဆန်လွန်းပါတယ်နော်.. ပုံမှန်ဖြစ်လွန်းလို့ အန်ချင်သလိုတောင် ခံစားနေရတယ်..

“ငါဒါကို စားမှာမဟုတ်ဘူး.. ငါဒါကို မစားနိုင်ဘူး..”

ယင်ရှောင်ရှောင်း နောက်တစ်ဖန် ဂူအတွင်းသို့ ထွက်ပြေးရန်ကြိုးစားပြန်သည်။ ဟွားရှောင်ဟွား ယင်ရှောင်ရှောင်းအား အမြီးဖြင့် ဆွဲယူကာ သူ၏နောက်တွင် ထားလိုက်သည်။ ထို့နောက်တွင် ဒေါသတကြီးဖြင့် ပြောလေသည်။

“ယင်ရှောင်ရှောင်း.. အရှုပ်တွေ လုပ်မနေနဲ့.. ဒါတွေက အရသာရှိပြီး အာဟာရဖြစ်စေတယ်.. မြန်မြန်သွားစားလိုက်..”

“ကြွက်တွေမစားချင်ဘူး.. ကြွက်ကိုမစားချင်ပါဘူးဆို..”

ယင်ရှောင်ရှောင်း ခန္ဓာကိုယ်အား လူးလွန့်ကာဖြင့် ဟွားရှောင်ဟွား၏ ဖမ်းချုပ်ထားမှုမှ လွတ်မြောက်ရန် ကြိုးစားနေသည်။

“တပိုင်!!!”

ဟွားရှောင်ဟွား ခေါင်းလှည့်ကာ ယင်တပိုင်အား ဒေါသတကြီး အော်လိုက်သည်။ ယင်တပိုင်မှာ ချက်ချင်းဆိုသလို ကြွက်သေတစ်ကောင်အားချီကာ ဟွားရှောင်ဟွားထံ ရောက်လာသည်။ ဟွားရှောင်ဟွားမှာ ခေါင်းမော့ထားသည်ကြောင့် ယင်တပိုင် ထိုကြွက်သေအားယူကာ ဟွားရှောင်ဟွားကြောင့် လေထဲတွင် တန်းလန်းဖြစ်နေသည့် ယင်ရှောင်ရှောင်းထံ ချဥ်းကပ်လိုက်သည်။

ယင်ရှောင်ရှောင်း၏ အကြည့်မှာ ခန္ဓာကိုယ်မှ သွေးတစ်စက်စက်ကျနေသည့် ကြွက်သေထံတွင် မြဲမြံလျက်ရှိသည်။ ယင်တပိုင်မှာ ထိုကြွက်အား သူ၏ပါးစပ်ထဲ၌ ကိုက်ချီထားခြင်းဖြစ်သည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်း ရုန်းကန်ကာဖြင့် ထိတ်လန့်တကြား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက်တွင်မူ..

ယင်ရှောင်ရှောင်း မူးမေ့သွားပြန်သည်။

ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ် ရုတ်တရက် ပျော့ခွေသွားသည်ကြောင့် ဟွားရှောင်ဟွား ကြောက်လန့်တကြားဖြစ်သွားပြီး သူ့အား မြေပေါ်သို့ အလျင်စလိုချကာ မျက်နှာအား ပွတ်သပ်နေလေသည်။

အိုး.. တော်ပါသေးရဲ့.. မေ့သွားရုံလေးပဲ..

“ရှောင်ရှောင်းရဲ့ ခန္ဓာကိုယ်က တကယ်ကို အားနည်းတာပဲ.. ဘာလို့များ ခဏခဏ မူးမေ့နေရတာလဲနော်..”

ဟွားရှောင်ဟွားမှာ ယင်ရှောင်ရှောင်းအား အကြိမ်ပေါင်းများစွာ ရစ်ခွေလိုက်သည်။ ယင်ရှောင်ရှောင်း၏ ပါပါးဖြစ်သူမှာ မကြာခဏဆိုသလို မူးလဲနေတတ်သည့် သားဖြစ်သူအတွက် စိုးရိမ်နေခြင်းဖြစ်သည်။

ဟွားရှောင်ဟွားမှာ ယင်တပိုင် မြေပြင်ပေါ်သို့ပစ်လိုက်သည့် ကြွက်သေအား ကြည့်လိုက်သည်။

ဟုတ်တယ်.. အဲဒါ ဟွားရှောင်ဟွား.. ဒါ အမှန်တရားပဲ.. နားလည်ပြီလား..

“ဟွားရှောင်ဝူ ဒီကိုလာဦး..”

ဟွားရှောင်ဟွားမှာ ယင်ရှောင်ရှောင်း၏ အော်သံကြောင့် အံ့အားသင့်လျက်ရှိကြသည့် မြွေပေါက်လေးများအား အော်လိုက်သည်။ ဟွားရှောင်ဝူ ခေါင်းတယမ်းယမ်းဖြင့် ရောက်လာသည်။

“သားသားဘာလုပ်ပေးရမလဲ ပါပါး..”

“အဲဒီ ကြွက်သေကို မင်းစားလိုက်..”

ထိုစကားများကြောင့် ဟွားရှောင်ဝူမှာ ပျော်ရွှင်စွာဖြင့် ကြွက်သေအား ပါးစပ်ဖြင့်ကိုက်ချီသွားလေတော့သည်။

ယင်တပိုင်မှာ ဟွားရှောင်ဟွားအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေမိသည်။

“သူ့အစာကို ရှောင်ဝူကို ပေးလိုက်တော့ ရှောင်ရှောင်းက ဘာစားရမလဲ..”

ဟွားရှောင်ဟွားမှာ ယင်တပိုင်အား အဓိပ္ပါယ်ပါပါနှင့် အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်ပြီး လျစ်လျူရှုကာ ထွက်သွားလေသည်။

ယင်တပိုင်မှာ စိတ်လွတ်သွားမတတ်ပင်။

ဒီမှာ ဟွားရှောင်ဟွား..

အဲဒီ ဥတွေ ရလာကတည်းက မင်းကိုယ့်ကို ပိုပိုပြီး လျစ်လျူရှုလာတာ သိရဲ့လား..

ကိုယ့်နေရာ ကိုယ်ပြန်သိမ်းပိုက်မှ ဖြစ်တော့မယ်.. သေချာပေါက် ပြန်သိမ်းပစ်မှာ..

ယင်ရှောင်ရှောင်းနိုးလာသည့်အခါတွင် ချက်ချင်းဆိုသလို ထိုကြွက်သေအား ရှာဖွေသော်လည်း မည်သည့်နေရာတွင်မျှ ရှာမတွေ့သဖြင့် ယင်ရှောင်ရှောင်း စိတ်သက်သာရာ ရမိတော့သည်။ သို့သော်လည်း...

ယင်ရှောင်ရှောင်း ဆာလောင်မှုကြောင့် မျက်နှာရှုံ့မဲ့လာသည်။

ယင်ရှောင်ရှောင်း ခန္ဓာကိုယ်အား ရစ်ခွေလိုက်ပြီး သူ၏ ပုံစံမှာ ကာတွန်းကားထဲမှ ဆိတ်ငပျင်းလေး၏ ဆံပင်နှင့်ပင် တူနေတော့သည်။

မြွေများအတွက် အစားအစာ ‌ပေါများသည်ဟု ဆိုရမည်ပင်။ မြွေပေါက်လေးများ ဥပေါက်လာသည့်အခါ သူတို့၏ ဥခွံများအား ပြန်လည်စားသောက်ကြပြီး အချိန်အတိုင်းအတာ တစ်ခုထိတိုင်အောင် စားသောက်ရန် မလိုချေ။ ယခုအခါတွင် သူတို့အနေဖြင့် ငါးရက် ခြောက်ရက်ခန့်မျှ အစာမစားဘဲ နေနိုင်ပြီဖြစ်သည်။ သူတို့ကြီးပြင်းလာသည့်အခါတွင် လိုအပ်သည့် အစာပမာဏမှာလည်း တိုးမြင့်လာမည်ဖြစ်ပြီး သားကောင်အရွယ်အစားမှာလည်း ကြီးလာပေမည်။ ထို့ကြောင့် အစာတစ်ကြိမ်စားရုံမျှနှင့် ငါးရက်မှ ခြောက်ရက်ခန့် မစားသောက်ဘဲ နေနိုင်ရန် လုံလောက်ပေသည်။

ဥပေါက်ပြီးသည့်အချိန်မှစကာ ယခုချိန်အထိတိုင် ယင်ရှောင်ရှောင်း သူ၏ဥခွံကိုသာလျှင် စားသောက်ရသေးသည်။ ယင်တပိုင်မှာ ယနေ့တွင် ရှောင်ရှောင်းအတွက် အစာရှာဖွေရန် ထွက်သွားခဲ့ခင်းဖြစ်သော်လည်း အခြားကလေးများအတွက်ပါ အစာအလုံအလောက် ရရှိခဲ့သည်။ ထို့အပြင် ယင်ရှောင်ရှောင်းမှာ ကံမကောင်းစွာဘဲ ကြွက်များကို စားသောက်ရမည့်အစား မူးမေ့သွားလေသည်ကြောင့် ကျန်မြွေပေါက်လေးများအတွက် အကျိုးရှိသွားလေသည်။

ယင်ရှောင်ရှောင်း နိုးလာပြီး မကြာခင်မှာပင် ဟွားရှောင်ဟွား ပြန်ရောက်လာသည်။

ယင်တပိုင်မှာ ဟွားရှောင်ဟွား ဆွဲယူလာခဲ့သည့်အရာအား အဝေးမှနေ မြင်နေရသည်။

အဲဒါ ဘာလား.. ငှက်သိုက်ကြီးလား..

ယင်တပိုင် ကြက်သေသေနေမိသည်။

ရှောင်ဟွားက ငှက်ဥတွေ စားချင်နေတာများလား..

ဒါပေမဲ့လည်း သူစားချင်နေတယ် ဆိုရင်တောင် အသိုက်တစ်ခုလုံးကို ယူချလာဖို့ မလိုဘူးလေ..

စားချင်တယ်ဆိုရင်လည်း နေရာမှာပဲ စားလိုက်ပေါ့လို့..

ဟွားရှောင်ဟွား ငှက်သိုက်အား ဆွဲလာရင်း ခန္ဓာကိုယ်အား ရစ်ခွေကာဖြင့် နံဘေးတွင် အနက်ရောင်တိမ်တိုက်တစ်ခု ရှိနေသည့် ဟွားရှောင်ဟွားအား ကြည့်လိုက်သည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်းထံသို့ လျှင်မြန်စွာ သွားကာ ငှက်သိုက်အား ပစ်ပေးလေသည်။

“စား..”

ယင်ရှောင်ရှောင်းမှာ သူ၏အရှေ့တွင် ရုတ်တရက်ပေါ်လာသည့် ငှက်သိုက်အား ကြည့်လိုက်သည်။ ထိုငှက်သိုက်ထဲတွင် ဖြူဖွေးတောက်ပသည့် ဖွံ့ဖွံ့ထွားထွား ငှက်ဥ လေးဥ အာ.. ငါးဥ ရှိနေလေသည်။

ယင်ရှောင်ရှောင်း သွားရည်ယိုလာတော့သည်။

ဥများမှာ အစိမ်းဖြစ်ကာ အခွံမာဖြင့် ဖုံးအုပ်ထားသော်ငြား ကြွက်များထက် ပိုမိုကောင်းမွန်သည်မှာ သံသယဖြစ်ဖွယ်ရာပင် မရှိချေ။ ဤသည်မှာ ယင်ရှောင်ရှောင်း၏ အဆိုဖြစ်သည်။

သို့နှင့်ပင် ယင်ရှောင်ရှောင်း အသိုက်ပေါ်သို့ တက်လိုက်ပြီး ဥများအား ဖောက်ကာဖြင့် စားလိုက်လေသည်။

ယင်ရှောင်ရှောင်း၏ ပြည့်ဖောင်းနေသည့် ဝမ်းဗိုက်လေးမှာ မြေပြင်အား ပွတ်တိုက်နေလေသည်။ ဆာလဖာအရသာဖျော့ဖျော့နှင့် အတွင်းရှိ အနှစ်မှာ အတော်လေး စေးကပ်ကပ်ဖြစ်ခြင်းကြောင့် အော့အန်ချင်စရာ ကောင်းသော်ငြား ကောင်းမွန်လှသည်ဟု ဆိုရပေမည်။ သို့သော်လည်း သူ့အနေဖြင့် ဆာလောင်မှုမရှိတော့ပေဟု ဆိုနိုင်သော်ငြား ဝလင်အောင် စားသောက်ပြီးစီးခြင်း မရှိသေးချေ။

ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဟွားအား သနားစဖွယ်ကောင်းစွာ ကြည့်လိုက်သည်။

ဟွားရှောင်ဟွား သူ၏အမြီးဖြင့် ယင်ရှောင်ရှောင်းအား ရစ်ခွေကာပွေ့ဖက်လိုက်သည်။

“မနက်ဖြန်ကျ သားသားအတွက် ပိုပြီး များများလေး ရှာပေးမယ်နော်.. အခုတော့ ဒီလောက်ပဲစားထားလိုက်ဦး..”

ယင်ရှောင်ရှောင်း ရှုံ့မဲ့ကာဖြင့် ထွက်သွားလေသည်။

“ယင်ရှောင်ရှောင်းက ငှက်ဥတွေစားရတာ ကြိုက်တာပေါ့..”

ယင်တပိုင် သံသယဝင်နေမိသည်။

“ဒါတွေက မလုံလောက်ဘူး.. သူဗိုက်ပြည့်ဖို့ဆို အတော်လေး စားရဦးမှာ.. သူတို့ဘာသူတို့လည်း အစာမရှာနိုင်သေးဘူး..”

“မင်းခေါင်းထဲမှာ အဓိပ္ပါယ်မရှိတာတွေပဲ ပြည့်နေလိုက်..”

ဟွားရှောင်ဟွား ခေါင်းမော့လာသည်။

“မနက်ဖြန်မနက်ကစပြီး ငါက ကလေးငါးကောင်အတွက် အစာရှာမယ်.. မင်းက ရှောင်ရှောင်းအတွက် ငှက်ဥရှာချေ..”

ဟွားရှောင်ဟွား ထွက်သွားသည်။ ယင်တပိုင်မှာ ဟွားရှောင်ဟွား၏ ယိမ်းထိုးနေသည့် နောက်ကျောအားကြည့်ကာဖြင့် စိတ်ရှုပ်ထွေးမှုတို့ဖြင့် ကျန်နေခဲ့လေသည်။

ငါတို့အိမ်ရဲ့ ငါးလီ(၂.၅ကီလို) အတွင်းမှာ ဘာအပင်မှတောင်မရှိဘူးဆိုတာ မင်းသိလားကွ..

အဟမ်း.. တပိုင်ရေ.. မာမား တစ်ခုတော့ ပြောချင်ပါတယ်နော်..

ရှောင်ရှောင်းရဲ့ စားသောက်ချင်စိတ်ကို ငှက်ဥတွေနဲ့ပဲ ဖြည့်တင်းဖို့ဆိုတာ အရမ်းခက်ခဲတယ်လေ..

မင်းအနေနဲ့ နေ့တိုင်းနေ့တိုင်းမှာလည်း ငှက်ဥတွေရှာဖို့ကို အတော်လေး ကြိုးစားရဦးမှာပါ.

ပြီးတော့လေ.. ဒီအခြေအနေက ရှောင်ရှောင်းတစ်ကောင် သူ့ဘာသာ အစာမရှာနိုင်သေးခင်အထိ ဖြစ်နေဦးမှာပါနော်..

ဟွားရှောင်ဟွားပေးထားသည့် ကြွက်အားစားသောက်ပြီးစီးသည့်အခါ ဟွားရှောင်ဝူမှာ လှုပ်ပင် မလှုပ်နိုင်တော့ချေ။ ယင်ရှောင်ရှောင်း ပျော်ရွှင်စွာ သွားလာနေခြင်းအား မြင်တွေ့လိုက်ရသည့်အခါတွင် ဟွားရှောင်ဝူမှာ အတူတကွ သွားရောက်ဆော့ကစားချင်လာမိသည်။ သို့သော်လည်း သူလှုပ်ရှားမှုပြုရန် ကြိုးစားသည့်အခါတိုင်းတွင် စူးရှသည့် နာကျင်မှုအား ခံစားရသည်ကြောင့် နောက်ဆုံးတွင် ထိုအကြံအား စွန့်လွှတ်လိုက်ရတော့သည်။

“မင်းစားတာ အတော်များသွားတယ် ရှောင်ဝူရေ..”

“သွားအိပ်လိုက်တော့.. မင်းလှုပ်တောင်မလှုပ်နိုင်တော့ဘူးလေ..”

ဟွားရှောင်ဟွားနှင့် ဟွားရှောင်ဝူတို့မှာ စည်းချက်ကျကျ ယိမ်းနွဲ့လှုပ်ရှားကာဖြင့် ထွက်ခွာသွားကြတော့သည်။

ထို့နောက် ဒုတိယညတွင် တူညီသည့် မုန့်ကြိုးလိမ်ထုံးတစ်ခု ဖြစ်လာပြန်သည်။ ယင်ရှောင်ရှောင်းမှာ ယခင်ကဲ့သို့ပင် ဟွားရှောင်အာ၊ ဟွားရှောင်စန်း၊ ယင်ရှောင်ယိနှင့် ယင်ရှောင်စစ်တို့၏အလယ်တွင် ရှိနေလေသည်။ ဟွားရှောင်ဝူမှာမူ...

“မုန့်ကြိုးလိမ်” ထုံး၏ နံဘေးတွင် လဲလျောင်းကာဖြင့် တစ်ဖြောင့်တည်း အနေအထားနှင့် တခူးခူးဟောက်ကာ အိပ်ပျော်နေလေတော့သည်။