အပိုင်း ၂၄၄
Viewers 87k

Chapter 244



နောက်လဝက်ခန့် ရိုက်ကူးပြီးနောက် အဖွဲ့နှင့် လင်းလော့ချင်းက အခန်းများပြောင်းလဲကာ ရိုက်ကူးရေးအတွက် နေရာအသစ်တစ်ခု ပြောင်းလိုက်သည်။ 


လင်းလော့ချင်းက အနီးရှိ တောင်နှင့် မြစ်များကို ကြည့်ပြီး ဓာတ်ပုံတစ်ပုံရိုက်ကာ ကျိယွီရှောင်စီ ပို့လိုက်သည်။ 


[ငါတို့ ရိုက်ကူးရေးက နေရာအသစ် ပြောင်းသွားပြီ~~ မလှဘူးလား...]


ကျိယွီရှောင်က အခုတစ်လော ထန်ကျားကျိနှင့် ကျိကျန်းဟုန်ကို စောင့်ကြည့်ကာ အလွန်အလုပ်များနေ၍ လင်းလော့ချင်းထံ အလည်သွားရန် အချိန်မရှိပါပေ။ ထို့ကြောင့် သူက လင်းလော့ချင်းအား အားနာနေလေသည်။ 


"ငါအခုတစ်လော အလုပ်များနေလို့ ဖေးဖေးနဲ့ ရှောင်ယွီကို ခေါ်ပြီး မင်းဆီမလာနိုင်တာ တောင်းပန်ပါတယ်..."

သူက ဖုန်းခေါ်လိုက်သည်။ 


လင်းလော့ချင်းက သဘောထား အပြည့်နှင့် ဆိုလိုက်၏။ 


"ရပါတယ်... ငါတို့ပြီးသွားမှ လာရင်လည်း အတူတူပါပဲ... ပြီးတော့ ဒီဒရမ်မာက အခန်းတွေ ပြောင်းတာ အရမ်းမြန်တယ်... မင်းငါ့ကို လာတွေ့ချင်ရင်လည်း လေယာဉ်စီးလာမှ ရမှာ.. အဲ့ဒါက ဒုက္ခအရမ်းများတယ်... ငါ ရုပ်ရှင်စရိုက်တဲ့နေရာကို ငါတို့ပြန်လာတော့မှပဲ ငါ့ကိုလာတွေ့တာ ပိုကောင်းတယ်..."


"ဟုတ်တယ်..."

ကျိယွီရှောင်က အချိန်ကို တွက်ကြည့်လိုက်သည်။

"မင်းပြီးတာနဲ့ ငါမင်းကို သေချာပေါက် အမြန်ဆုံး ပြန်လာတွေ့မယ်..."


"ဟုတ်ပြီ..."

လင်းလော့ချင်းက စိတ်ကြည်စွာနှင့် ပြန်ဖြေလိုက်သည်။


သူက သူ့ဆံနွယ်များထဲတွင် လေတိုက်နေသည်ကို ခံစားရပြီး စိတ်ရောကိုယ်ပါ သက်သောင့်သက်သာ ဖြစ်လာလေသည်။ 


"မင်းနေကောင်းလာရင် ရှောင်ယွီနဲ့ ဖေးဖေးကို ထွက်ကစားဖို့ ခေါ်သွားမယ်... ငါတို့အရင်က မိသားစုလိုက် ခရီးမသွားဖူးသေးဘူး..."


"ဟုတ်ပြီ..."

ကျိယွီရှောင်က ပြန်ဖြေလိုက်သည်။ 


သူတို့ မိသားတစ်စုလုံးက တစ်ခါမှ အတူတကွ ခရီးမသွားဖူးသာ်သာမက သူနှင့် လင်းလော့ချင်းမှာလည်း နှစ်ဦးတည်း မသွားဖူးပေ။ သူပြန်ကောင်းလာပါက သူသွားချင်သည့် နေရာများကို အဖော်လုပ်ပေးကာ သူကြည့်ချင်သည့် ရှုခင်းများကို အတူတကွ ကြည့်ပေးလို၏။ 


၄င်းကိုတွေးလိုက်ရာ ကျိယွီရှောင်က သူ့ခြေထောက်များကို တိတ်တဆိတ်ကြည့်လိုက်သည်။ 


သူက ယခုတွင် အကွားအဝေးတစ်ခုသို့ ပြင်ပအကူအညီအပါပဲ လမ်းလျှောက်နိုင်နေလေပြီ။ အရှိန်က အနည်းငယ် နှေးသော်လည်း သူ ပြန်ကောင်းလာရန် နီးကပ်လာသည်က သိသာလှ၏။ 


ထန်ကျားကျိကို ဖြေရှင်းပြီးသည့်အခါ သူက လင်းလော့ချင်းရှေ့တွင်ရပ်ကာ သူ့ဆီသို့ တစ်လှမ်းခြင်းတိုးသွားပြီး သူ့ရှေ့တွင် လမ်းလျှောက်နိုင်မည်ဖြစ်သည်။  


၄င်းက သိပ်မဝေးတော့ပါချေ။ ကျိယွီရှောင်က လုချောင်း ဤမနက်သူ့အား ပြောသည်ကို ပြန်အမှတ်ရသွားသည်။ ထန်ကျားကျိမှာ ထောင်ချောက်ထဲသို့ ခြေတစ်ဖက် ဝင်နေပြီဖြစ်ကာ တခြားခြေတစ်ဖက်အတွက် စောင့်ရန်သာ လိုပေ၏။ 


"ငါ မင်းနဲ့ အမြန်ဆုံး တွေ့ရမှာပါ..."

သူက ညင်သာစွာ ဆိုလိုက်သည်။


"အဲ့ဒါက အရမ်းမြန်စရာမလိုပါဘူး... မင်းရဲ့ အလုပ်ကလည်း အရမ်းအရေးကြီးတယ်လေ... မင်းအလုပ်ကို အရင်ဂရုစိုက်ပါ... မင်းအချိန်ရှိမှ ငါ့ကိုလာတွေ့... ငါတို့မှာ အချိန်တွေအများကြီး ရှိပါသေးတယ်... စိတ်မပူနဲ့..."


"ဒါပေမဲ့ ငါစိတ်မအေးဘူး..."

ကျိယွီရှောင်က ပြုံးလိုက်သည်။ 

"ငါမင်းကို မတွေ့ရရင် နေ့တိုင်း စိတ်မအေးဘူး..."


လင်းလော့ချင်း၏ မျက်နှာက ချက်ချင်း နီရဲသွားပြီး အပျော်လွန်သွားသည်ဟု ခံစားရကာ တီးတိုးဆိုလိုက်သည်။

"အိုး..."


လေညင်းက တိုက်ခတ်လာပြီး သူ့မျက်နှာထက်မှ အပြုံးနှင့် တောင်ကြားသို့ ဖြတ်သန်းသွားကာ နွေဦးပန်းပွင့်များကို အဝေးသို့ တိုက်ခတ်သွားသည်။ 


******

ကျိလဲ့ယွီက လက်ဆေးပြီး ရေချိုးခန်းထဲမှ ထွက်လာသည်။ အတန်းထဲသို့ အလျင်အမြန် ပြန်သွားရမည့်အစား သူက စာသင်ဆောင်၏ ဘေးသို့ လျှောက်လာပြီး နံရံကိုမှီကာ အနီးရှိ ရှုခင်းကို ကြည့်နေလိုက်၏။ 


သူက အနည်းငယ် ငိုက်မြည်းကာ ပျင်းရီစွာ သန်းဝေလိုက်သည်။ 


ဖြတ်သွာသည့် အတန်းဖော်တစ်ယောက်က သူ့ကို နှုတ်ဆက်ကာ အတူတူဆော့ချင်လားဟု မေးလာသော်လည်း ကျိလဲ့ယွီက ငြင်းဆိုလိုက်ပြီး လက်ပိုက်ကာ အနီးရှိ သစ်ပင်ကို ကြည့်နေလိုက်သည်။ 


သူက အသက်ပြင်းပြင်းရှုကာ နိုးနိုးကြားကြား ဖြစ်အောင်လုပ်လိုက်သည်။ သို့မဟုတ်ပါက သူက နောက်အတန်းထဲတွင် ထပ်မံအိပ်ပျော်သွားမည်ဖြစ်ကာ လင်းဖေးက သူ့အား မနှစ်မြို့သော မျက်လုံးများဖြင့် ကြည့်လာပေလိမ့်မည်။


၄င်းကို တွေးမိကာ ကျိလဲ့ယွီက တိတ်တဆိတ် နှုတ်ခမ်း ဆူလိုက်သည်။ သူအိပ်ချင်၍ မဟုတ်ပေ။ ယခုက နွေရာသီဖြစ်ကာ အိပ်ရန်အချိန်ကောင်း ဖြစ်နေ၍ပင်။ ထို့အပြင် သူတို့ဆရာမ၏ နှေးကွေးလှသော စာသင်သံများက ပို၍ပင် အိပ်ချင်စေ၏။ 


ဘာပဲနေနေ သူက အဲ့ဒါတွေလည်း သိနေတာပဲကို... ဘာလို့ သူ့ကို မကျေမနပ်ဖြစ်နေရတာလဲ... 


ဟွန့်...


သူက ၄င်းကို တွေးနေစဉ်မှာပင် သူ့အိတ်ထဲမှ ဖုန်းက မြည်လာလေ၏။ 


ကျိလဲ့ယွီက ဖုန်းကို ထုတ်ကြည့်လိုက်ရာ ကျိမူခေါ်လာသည်ကိုတွေ့သော်လည်း မကိုင်ပဲ အသံတိတ်ခလုပ်ကို နှိပ်လိုက်သည်။


ကျိမူက ထပ်မံ ခေါ်လာပြန်သည်။ 


နောက်ထပ်အတန်း ရှိနေသေး၏။ 


ကျိလဲ့ယွီက တွေးတောလိုက်သည်။ 

ကျိယွီရှောင်နဲ့ ဆိုင်တာ တစ်ခုခုဆိုရင်ရော...


သူက ကျိမူကို စိတ်မဝင်စားပေမဲ့ ကျိယွီရှောင်နဲ့ တစ်ခုခုဆိုင်နေရင် ဘယ်လိုလုပ်မလဲ...


ကျိယွီရှောင်က သူအား အလွန်ငယ်သေးသည်ဟု တွေးကာ သူ့ကို ကာကွယ်ရသည်ကို နှစ်ခြိုက်သည်အား သူ ကောင်းကောင်းသိ၏။ သို့ဖြစ်၍ ကျိယွီရှောင် သူ့အား မပြောသည့်အရာများစွာ ရှိနေဆဲဖြစ်ကာ ဤအချိန်တွင် သူက တခြားအရာများကို ရှာဖွေရန်လိုပေသည်။ 


သို့ဖြစ်၍ ကျိမူတတိယအကြိမ်ခေါ်လာရာ သူက ဖုန်းကိုင်လိုက်သည်။


"ဟယ်လို..."

အနီးရှိ ရှုခင်းကို ကြည့်ကာ သူက နာနာခံခံ ဆိုလိုက်သည်။


"ဦးဦး သားကို ရှာနေတာလား..."


"ဟုတ်တယ် ရှောင်ယွီ... ဦးဦးပြောစရာရှိလို့..."


"ဘာကြီးလဲ..."

ကျိလဲ့ယွီက မေးလိုက်သည်။ 


ကျိမူက သက်ပြင်းချကာ အနည်းငယ် ကူကယ်ရာမဲ့နေဟန်ရပြီး တစ်ချိန်တည်းမှာပင် ဒေါသထွက်နေဟန်လည်း ရ၏။

"တကယ်တော့ သားနဲ့မဆိုင်ပါဘူး... အဓိကက ယွီရှောင်က တကယ်ကို အဲ့လို မလုပ်သင့်တာ... သူက ဘယ်လိုလုပ်ပြီး ဒီလောက် အမှုမဲ့အမှတ်မဲ့ နေရတာလဲ... သူက သားကို လုံးဝ ကလေးတစ်ယောက်လို မဆက်ဆံဘူး... ဘယ်လိုဖြစ်တာလဲ..."


ကျိလဲ့ယွီ - ... သူက သူနဲ့ သူ့ဦးလေးကြားက ဆက်ဆံရေးကို ပြဿနာရှာဖို့ ကြိုးစားနေတာလား...


ငါတို့နောက်တစ်ခါတွေ့ရင် သူ လှေကားကနေ လှိမ့်ဆင်းလို့ရတယ်...(တွန်းချမယ်ပြောတာ🥲)


သူက စကားမဆိုရာ ကျိမူက သူပြောသည်ကို နားမလည်ခြင်းဟုတွေးကာ သူ့အတွက် စိတ်ပူဟန်ဆောင်ပြီး ဆက်ပြောလိုက်သည်။ 

"ရှောင်ယွီ... ဒါကြားပြီးရင် စိတ်မကောင်းမဖြစ်နဲ့နော်... ယွီရှောင်က မင်းကို ဘယ်လိုပဲ ဆက်ဆံဆက်ဆံ ကျန်တဲ့ မိသားစုတွေက မင်းကို ချစ်နေတုန်းပဲနော်... ဦးဦးရောပဲ... နားလည်တယ်မလား..."


ကျိလဲ့ယွီက ချိုသာစွာ ဆိုလိုက်သည်။ 

"ဟုတ်..."


သို့သော် သူ့မျက်လုံးထဲတွင် မည်သည့် ခံစားချက်မှ မရှိချေ။ 


သူက ကျိမူမှာ သူနှင့် သူ့ဦးလေးကြားမှ ဆက်ဆံရေးကို မည်သို့ ခလောက်ဆန်မည်နှင့် နောက်တစ်ကြိမ် သူ့ကိုတွေ့ပါက မည်သို့ လက်စားချေရမည်ကို ဆုံးဖြတ်လို၍ တိတ်တဆိတ် နားထောင်နေလိုက်သည်။ သို့သော် ကျိမူထပ်ပြောလိုက်သည့် စကားက သူ့ကို နေရာတွင် မရပ်နိုင်အောင်ဖြစ်သွားစေ၏။  


"ရှောင်ယွီ သားရဲ့ မိဘတွေကို သတ်ခဲ့တဲ့ လူရဲ့ သားက သားနဲ့တစ်ကျောင်းတည်း တက်နေတာ သိရဲ့လား... ကျိယွီရှောင်က ဘယ်လိုလုပ်ပြီး သူနဲ့ သားကို တစ်ကျောင်းတည်း တက်ခွင့်ပြုထားရတာလဲ... သူဘာတွေ တွေးနေတာလဲ... သူက လင်းလော့ချင်းရဲ့ သားကိုပဲ စိတ်ထဲထားပြီး သူ့ကိုကျောင်းပြောင်းဖို့ ကူညီပေးချင်တယ်ဆိုရင်တောင် သားကို သူနဲ့အတူတူ ဒီကျောင်းကို တက်ဖို့ ခွင့်မပြုသင့်ဘူး... သူက အတော်လေး မသင့်တော်တာပဲ..."

 

ကျိလဲ့ယွီက ကြောင်အသွားပြီး လက်များကို တင်းတင်း ဆုပ်ထားလိုက်သည်။

"သူက ဘယ်အတန်းနဲ့ ဘယ်အခန်းမှာလဲ... သူ့နာမည်က ဘာလဲ... သူရုပ်က ဘယ်လိုမျိုးလဲ..."


"ဒုတိယတန်း အခန်းသုံးမှာ...."

ကျိမူက ပြန်ဖြေလိုက်သည်။

"သိပ်ပြီး စိတ်မပူပါနဲ့ ရှောင်ယွီ... ဦးဦးက သားကို ကျောင်းပြောင်းဖို့ ကူညီပေးမယ်... အချိန်ရောက်ရင် သားဦးဆီလာပြီး ကျောင်းအသစ်တစ်ခု ကူရွေးပေးမယ်နော်..."


"မလိုပါဘူး..."

ကျိလဲ့ယွီ၏ မျက်လုံးမျက အေးစက်နေပြီး အနီးရှိသစ်ပင်ကို ကြည့်လိုက်သည်။ 


"သူ့နာမည်ဘာလဲနဲ့ သူဘယ်လိုရုပ်လဲပြောပြ..."


"သူက သာမန်ကောင်လေးတစ်ယောက်ပါပဲ... သူ့နာမည်က ဖန်ရှင်းတဲ့... ရှောင်ယွီ... သားဘာလို့ ဒါတွေ မေးနေတာလဲ... သူ့ကို ဂရုမစိုက်နဲ့ သူနဲ့ဝေးဝေးနေနော် သိလား... သူ့အဖေက လူသတ်သမား... သားအန္တရာယ် ရှိနိုင်တယ်... ဦး သားကို ကျောင်းပြောင်းမပေးခင်အထိသူနဲ့ဝေးဝေးနေပြီး ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်နော်... နားလည်လား..."


"နားလည်ပါပြီ..."

ကျိလဲ့ယွီက တည်ငြိမ်စွာ ဆိုလိုက်သည်။ 


ဖုန်းပြောပြီးနောက် သူက ဖုန်းချကာ နောက်လှည့်ကာ အပေါ်ထပ်ရှိ ဒုတိယတန်း အခန်းသုံးသို့ သွားလိုက်သည်။ 



ကျိမူက တစ်ခုခုပြောချင်သေးသော်လည်း ကျိလဲ့ယွီက ဖုန်းချလိုက်ပြီဖြစ်သည်။


သူက လျင်မြန်စွာ ပြန်ခေါ်လိုက်‌သော်လည်း ကျိလဲ့ယွီကမူ ဖုန်းမကိုင်တော့ချေ။


ကျိလဲ့ယွီက ကြောက်နေပြီး စိတ်မသက်မသာဖြစ်နေတာလား...


ကျိမူ အံ့ဩသွားသည်။ 


ကျိလဲ့ယွီက ‌အရမ်းငယ်သေးလို့ ဒါတွေ ကြားလိုက်ရတော့ စိတ်မသက်မသာဖြစ်နေမှာပဲ...ဒါတွေကို ချေဖျက်ဖို့ အချိန်ယူရလောက်တယ်...


ကျိမူ သက်ပြင်းချလိုက်သည်။ ကျိလဲ့ယွီကသာ ကျိယွီရှောင်နှင့် အလွန်နီးကပ်မနေခဲ့လျှင် သူက ထိုနည်းလမ်းမျိုးကို မသုံးချင်ပေ။ နောက်ဆုံးတွင် ကျိလဲ့ယွီက ကလေးတစ်ယောက်သာဖြစ်ပြီး အလွန်ငယ်သေးလေသည်။ ကလေးတစ်ယောက်အပေါ် ထိုနည်းလမ်းမျိုးကို အသုံးပြုရန် မလိုအပ်ချေ။


အဆင်ပြေပါတယ်...


ကျိမူက သူ့ကိုယ်သူ နှစ်သိမ့်ပေးလိုက်သည်။ ကျိလဲ့ယွီ သူ့ဆီရောက်လာသောအခါ သူက ကျိလဲ့ယွီကို အလျော်ပြန်ပေးမည်ဖြစ်၏။ ထိုအချိန်ရောက်လာလျှင် သူက ကျိလဲ့ယွီကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပေမည်။


ကျိလဲ့ယွီက အပေါ်ထပ်သို့ အလွန်လေးလံသော ခြေလှမ်းများဖြင့် တက်နေမိသည်။


မကြာမီ သူ ဒုတိယတန်း တန်းခွဲသုံးသို့ ရောက်သွားလေသည်။ အခန်းက လှေကားဘေးတွင် ရှိနေခြင်းဖြစ်သည်။ အရှေ့နှင့်အနောက် တံခါးများက ပွင့်နေပြီး စာသင်ခန်းအပြင်ဘက်နှင့် အတွင်းဘက်တွင် ကျောင်းသားများက ကစားနေကြ၏။


သူက နောက်တံခါးဆီသို့ လျှောက်သွားပြီး တံခါးရှေ့တွင် ရပ်လိုက်သောအခါ အတန်းထဲရှိ မြင်ကွင်းကို ရှင်းလင်းစွာမြင်လိုက်ရပြီး ကောင်လေးတစ်ယောက်၏အသံကိုလည်း ကြားလိုက်ရလေသည်။


"မင်း ဘာလို့ ကျောင်းကို ပြောင်းလာတာလဲ...ဘာလို့ ငါတို့အခန်းကို ပြောင်းလာတာလဲ...သူတို့ ပြောတာက‌တော့ မင်းအဖေက လူသတ်သမားဆို...အဲ့ဒါ အမှန်ပဲလား..."


ကျိလဲ့ယွီက အသံကြားရာနေရာသို့ ကြည့်လိုက်‌သောအခါ နံရံနားရှိ ကောင်လေးဘေးတွင် ကောင်လေးအချို့က ဝိုင်းရံထားသည်ကို တွေ့လိုက်ရလေသည်။


"ပြောလေ..."


ထိုကောင်လေးက ဆက်ပြောလိုက်သည်။


"မင်းအဖေက လူသတ်သမားလား...သူက လူဘယ်လောက်သတ်ခဲ့တာလဲ...မင်းကရော...မင်းက လူသတ်သမားရဲ့သားမလား...မင်းက မကောင်းတာတွေ လုပ်ဖူးရမယ်...မကောင်းတာတွေ လုပ်ဖူးတယ်မလား...


“င့ါ‌ဘောပင်ကို ပြန်ပေး..."


အမေး‌ခံနေရသော ကောင်လေးက ပြောလိုက်လေသည်။


" မင်း ငါ့မေးခွန်းကို မဖြေရသေးဘူး..."


ထိုကောင်လေးက ထိုင်ခုံပေါ်တွင် မတ်တပ်လိုက်ပြီး ဘောပင်ကို မြင့်မြင့်မြှောက်ကာ ပြောလိုက်သည်။


"မင်း အရင်ဖြေ...ငါ ပြောတာမှန်တယ်မလား..."


ထိုအခါ ကောင်လေးတစ်ယောက်က ထရပ်လိုက်သည်။ ထိုကောင်လေးက ကျိလဲ့ယွီနှင့် အရပ်တူတူလောက်သာရှိသည်။ ထို့အပြင် သူက ပိန်ပါးလေသည်။ ကျိလဲ့ယွီဘက်မှကြည့်လျှင် ထိုကောင်လေး၏ကျောကိုသာ မြင်ရပြီး မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။


ထိုကောင်လေးက ဘောပင်ကို လှမ်းဆွဲနေ၏။


သူက ဖန်ရှင်းလား...


သူ့မိဘတွေကို သတ်ခဲ့တဲ့လူရဲ့သားလား...


ကျိလဲ့ယွီ လက်သီးဆုပ်လိုက်သည်။ ထိုတစ်ခဏတွင် သူက တစ်ဖက်လူဆီသို့ ‌အပြေးအလွှားသွားကာ ခေါင်းကို နံရံ‌ပေါ် ပစ်တိုက်ပေးလိုက်ချင်မိသည်။


သေစမ်း...


သူ့အဖေက သူ့မိဘတွေကို သတ်ခဲ့တယ်...သူ့ရှုရှုကိုလည်း လမ်းမလျှောက်နိုင်အောင် လုပ်ခဲ့တယ်...သူက သေသင့်တယ်...သူက အသက်မရှင်သင့်ဘူး...


ဒါပေမဲ့ သူက ဘာလို့အသက်ရှင်နေသေးတာလဲ...


သူက ဘာဖြစ်လို့ အတန်းထဲမှာ ထိုင်နေသေးတာလဲ...


ကျိလဲ့ယွီ၏နှလုံးသားထဲ၌ အမုန်းတရားများ ပြည့်နှက်လာလေသည်။ သူက ကောင်လေးအချို့ဖန်ရှင်းကို ကြမ်းပြင်ပေါ် တွန်းချကာ လှောင်ရယ်နေသည်ကို ကြည့်နေလိုက်၏။


သူ့နှလုံးသားထဲရှိသားရဲက သူ့ရှေ့မှလူကို ဆုတ်ဖြဲပစ်ရန် အဆက်မပြတ် ‌ဟိန်းဟောက်ကာ တောင်းဆိုနေလေသည်။


သေစမ်း...


သေစမ်း...


သူ့မိဘတွေက သေသွားတာ...သူ့မိသားစု၀င်နှစ်ယောက်က သေသွားတာ...ဘာလို့ အသက်တစ်သက်ပဲ အစားပြန်ရတာလဲ...


အသက်နှစ်သက်ကို အစားပြန်ပေးသင့်တယ်...


သူ့သားကလည်း သေသင့်တယ်...


ကျိလဲ့ယွီက အံကြိတ်ကာ သူ့ရှေ့ရှိလူကို စူးစူးဝါးဝါးစိုက်ကြည့်နေပြီး တစ်ဖက်လူ၏အသွေးနှင့်အသားကို ဆုတ်ဖြဲပစ်ချင်နေ၏။


ထိုစဉ် ခေါင်းလောင်းသံ မြည်လာလေသည်။


ခေါင်းလောင်းသံကြောင့် ကျောင်းသားများက အခန်းထဲသို့ ၀င်လာကြ၏။


ထိုအခါ ကျောင်းသားတစ်ယောက်က ကျိလဲ့ယွီကို ၀င်တိုက်မိသွားပြီး မေးလိုက်သည်။


"အတန်းဖော် ဘယ်သူကို ရှာနေတာလဲ..."


ကျိလဲ့ယွီက ပြန်မဖြေပေ။ သူက တန်းခွဲသုံးရှေ့မှ လှည့်ထွက်လာပြီး အောက်ထပ်သို့ ပြန်ဆင်းလိုက်ကာ သူ့အတန်းရှိရာသို့ သွားလိုက်သည်။


ကျိလဲ့ယွီက စာသင်ခန်းထဲသို့ တိတ်တဆိတ် ပြန်၀င်လာပြီး စားပွဲပေါ် မှောက်အိပ်လိုက်သည်။


လင်းဖေးက ကျိလဲ့ယွီကို ကြည့်လိုက်သော်လည်း ကျိလဲ့ယွီ စာမသင်ချင်သောကြောင့် ထိုသို့နေနေသည်ဟု တွေးကာ ဂရုမစိုက်တော့ပေ။


ကျိလဲ့ယွီက စာသင်ရခြင်းကို မကြိုက်သောကြောင့် ထိုသို့လုပ်လေ့ရှိပြီး လင်းဖေးကလည်း ယင်းကို ကျင့်သားရနေပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူက ကျိလဲ့ယွီကို ပြန်သင်ပေးမည်ဖြစ်သောကြောင့် ကျိလဲ့ယွီက စာလိုက်နားထောင်သည်ဖြစ်‌စေ နားမထောင်သည်ဖြစ်စေ ပြဿနာမရှိချေ။


တစ်ဖက်တွင် ကျိလဲ့ယွီက မျက်လုံးမှိတ်ထားသော်လည်း အိပ်မပျော်ချေ။ သူ့နှလုံးသားထဲရှိ ဒေါသနှင့်အမုန်းတရားများက အချိန်အ‌တော်ကြာသွားသည့်တိုင် မတည်ငြိမ်နိုင်သေးပေ။


သူ့မျက်လုံးထဲတွင် ထိုစဉ်က မြင်ကွင်းကို ပြန်မြင်ယောင်လာလေသည်။ သူ့မိဘများ၏မျက်လုံးများ ပိတ်နေပြီး ကျိယွီရှောင်ကလည်း ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေလေသည်။ သူက သူတို့ကို မြင်နေရသော်လည်း ဘာမှလုပ်မပေးနိုင်ပေ။ သူက သူ့မိဘများ၏လက်ကို ကိုင်ထားသော်လည်း မိဘများက ပြန်နိုးမလာတော့ချေ။


သူက 'မားမား၊ပါးပါး'ဟု ထပ်ခါထပ်ခါ အော်ခေါ်နေသော်လည်း မိဘများက သူ့ကို ကလေးဟု ပြန်ခေါ်မလာတော့ပေ။


သူ သတိမေ့မျောနေရာမှ နိုးလာသောအခါ မိဘနှစ်ပါးက ‌‌ဆုံးပါးသွားပြီး ကျိယွီရှောင်ကလည်း ဆေးရုံပေါ်တွင် ကိုမာဖြစ်နေသည့် အနေအထားဖြစ်နေ၏။ သူက ကျိယွီရှောင်နိုးလာမည့်အချိန်ကို မသိသောကြောင့် ကျိယွီရှောင်ဘေးတွင် ညတိုင်းအိပ်ကာ သူ့မိဘများကဲ့သို့ သူ့ဆီမှ ထွက်မသွားရန် စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ရလေသည်။


သူနှင့် အရင်းနှီးလူနှစ်ယောက်ကို ညတွင်းချင်း ဆုံးရှုံးလိုက်ရပြီး သူ့ကမ္ဘာပြိုပျက်ခဲ့ရသည်။


သူက သူတို့ကားကို ၀င်တိုက်ခဲ့သည့်လူအား အလွန်မုန်းတီးခဲ့ပြီး ထိုလူက ထောင်ထဲတွင် ကိုယ့်ကိုကိုယ် သတ်သေ‌သွားကြောင်း သိလိုက်ရသည့်အခါ အလွန်ပျော်ရွှင်ခဲ့ရလေသည်။


ယခု သူက ထိုလူ၏သားကို တွေ့လိုက်ရလေသည်။ သူ့မိဘများကို သတ်ခဲ့ပြီး သူ့ဦးလေးကို မတ်တပ်မရပ်နိုင်အောင်လုပ်ခဲ့သည့်လူ၏သားကို သိလိုက်ရလေသည်။


သူ့သားက အသက်ရှင်နေပြီး ခြေလက်တွေက အကောင်းကြီးပဲ...


သူက ဘာလို့ လုံခြုံနေပြီး ကျန်းမာနေရတာလဲ...


သူက ဘာလို့ အသက်ရှင်နေရတာလဲ...


ထိုလူက သူ့မိဘများကို သတ်ခဲ့သည့်အတွက် အသက်နှစ်သက်ပြန်ပေးဆပ်သင့်လေသည်။


ထိုလူ၏အသက်သာမက သူ့သားအသက်ပါ ပြန်ပေးဆပ်သင့်လေသည်။


ကျိလဲ့ယွီက လက်သီးကို တင်းတင်းဆုပ်ထားပြီး ဒေါသထွက်ကာ မကျေမချမ်းဖြစ်နေမိသည်။


ခေါင်းလောင်းမြည်သံ ထပ်ကြားလိုက်ရသောအခါ သူက စာသင်ခန်းထဲမှ ထွက်လာပြီး ဒုတိယတန်း

တန်းခွဲသုံးဆီသို့ ထပ်မံသွားလိုက်ပြန်သည်။ ထိုအခါ ယခင်နှင့်ဆင်သော မြင်ကွင်းကိုထပ်မံတွေ့လိုက်ရလေသည်။


ကောင်လေးတစ်‌ယောက်က ဖန်ရှင်း၏ဘောပင်ကို ဆတ်ခနဲဆွဲလုကာ တွန်းချလိုက်ပြီး ရယ်မောနေလေသည်။


"ပြန်တိုက်လေ...ပြန်မတိုက်ဘူးလား...ပြန်မတိုက်ရဲဘူးလား...မင်းအဖေက လူသတ်သမားဟာကို...မင်းက ဒါလေးတောင် မလုပ်ရဲဘူး‌လား..."


ဖန်ရှင်းက သူ့ကို ဝိုင်းရံထားသော ကောင်လေးအုပ်စုကို ကူရာမဲ့စွာ ကြည့်လိုက်ပြီး မျက်ရည်ဝဲလာလေသည်။


သူ ဘာမှ ပြန်မပြောနိုင်ပေ။


သူက အိမ်သာသို့သွားချင်သော်လည်း သူ့ကို လမ်းပိတ်ထားကြလေသည်။


သူက သူ့ရှေ့မှ ကောင်လေးကို တောင်းပန်လိုက်သည်။


"အိမ်သာသွားခွင့်ပေးပါ..."


တစ်ဖက်လူက ရယ်မောလိုက်သည်။


"ဘာလဲ...ကြောက်လွန်းလို့ သေးပေါက်ချချင်နေတာလား...ဒီမှာပဲ ပေါက်ကျလိုက်လေ..."


ဖန်ရှင်းက ပိုမို၀မ်းနည်းလာလေသည်။


"ဘာလဲ...မင်း ငိုတော့မှာလား..."


အုပ်စု၏ခေါင်းဆောင်ဖြစ်ဟန်ပေါ်သော ကောင်လေးက ပြောလိုက်သည်။


"ငါ ဘာလုပ်ရမလဲ...သူက ငိုတော့မယ်ကွ...ဟားဟား...မင်းက မိန်းကလေးလည်းမဟုတ်ဘဲနဲ့ ဘာလို့ငိုနေသေးတာလဲ..."


ထိုအခါ ဖန်ရှင်းက ကြောက်လန့်သွားပြီး မျက်ရည်များကို သုတ်လိုက်သည်။


ကျိလဲ့ယွီက ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်နေလေသည်။ သူ ဖန်ရှင်းက ကြမ်းပြင်ပေါ် တွန်းချခံရသည်ကအစ ငိုကြွေးသည်ကအလယ် အိမ်သာသို့ပြေးသည်ကအဆုံး အဖြစ်အပျက်အားလုံးကို မျက်နှာမလွှဲကြည့်နေလိုက်သည်။


****


စာရေးသူမှာ ပြောစရာလေး ရှိပါ

တယ် :

စိတ်မပူပါနဲ့ ရှောင်ယွီက တရားမဝင်တာ တစ်ခုမှ မလုပ်ပါဘူး... ကျိမူ သွေးထိုးတာလဲ ခံရမှာမဟုတ်ပါဘူး... ကျိမူက မကြာခင်မှာ သင်ခန်းစာရသွားမှာပါ... မနက်ဖြန်တောင် ဖြစ်ရင်ဖြစ်မှာ... မနက်ဖြန်မနက်ဆိုရင် တစ်ခန်းလုံးက ရှောင်ယွီနဲ့ ဖေးဖေးအကြောင်းဖြစ်လောက်မှာ... မကြိုက်ရင်တော့ ကဖို့ မမေ့နဲ့နော်~~