အပိုင်း ၁၉၁
Viewers 15k

Chapter 191

(ဝေ့ထင်က မလွှတ်ပေးပါ)


စုမုန့် အသက်ပြင်းပြင်းရှူပြီး ပြုံးလိုက်သည်။  


“ကျွန်မ ဆေးရုံတက်တဲ့ကိစ္စတွေကိုတောင် ကျွန်မကိုယ်တိုင် မစစ်ဆေးရသေးဘူးလေ…အဲ့ဒါကို စစ်ဆေးကြည့်ပြီးရင် ပြန်လာမယ်…ပြီးတော့ ဆေးလည်းသောက်ရဦးမှာပဲဟာ…အပြီးထွက်သွားတာမဟုတ်ပါဘူး"


သို့သော်လည်း ကျူးရွှင်းသည် သူမအား ခွင့်မပြုသေး။စုမုန့်သည် ကျူးရွှင်းကို တစ်ချက်ကြည့်လိုက်ပြီး  စကားပြောချင်စိတ်မရှိတော့သဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိသည်။


ကျူးရွှင်းသည် စုမုန့်ကို အမြန်တားဆီးပြီး ပြန်သွားအောင် တွန်းပို့ချင်သော်လည်း၊ယခုမူ သူ့လက်မှာ လေထဲမှာသာ ရပ်တန့်‌နေရပြီး မထိဝံ့ပေ။ သူမကို စကားဖြင့်ဆွဲဆောင်ရန်သာ ကြိုးစားနိုင်ခဲ့သည်။


 !!


 “ဥက္ကဌဝေ့က သခင်မလေးကို အပြင်မထွက်စေချင်တာက သခင်မလေးအတွက်ပါ…ယာဉ်မတော်တဆမှုမှာ သခင်မလေး ဒဏ်ရာအပြင်းအထန်ရခဲ့တာလေ…ပြန်ကောင်းမလာခင်မှာ ထပ်ပြီးအပြင်ထွက်တယ်မလား… အခုလည်း ဒဏ်ရာတွေပြန်ဖြစ်နေတော့ အပြင်မထွက်ခင် ဆေးရုံမှာ အနားယူသင့်တယ်”


 “ဥက္ကဌဝေ့က ကျွန်တော့်ကို ဒီတာဝန်တစ်ခုပဲပေးထားပါတယ်… ကျွန်တော် မလုပ်နိုင်ရင် ဥက္ကဌဝေ့က ကျွန်တော့်ကို ခွင့်လွှတ်မှာမဟုတ်ဘူး… ဒါ​ကြောင့်​ ကျွန်​​တော့်​အတွက်​ အလုပ်​လုပ်​ရတာ မလွယ်လို့ တစ်​ခါတစ်​​လေတော့ ကူညီ​ပေးပါ"


ကျူးရွှင်းသည် စုမုန့်နှင့် အချိန်အတော်ကြာ စကားပြောခဲ့သည်။ကျူးရွှင်းက သူအလုပ်ထုတ်ခံရမည်ဟု ပြောသောအခါ စုမုန့် ဆေးရုံတံခါးမှ ထွက်လာခဲ့ချိန်ဖြစ်သည်။သူမ ရုတ်တရက်ရပ်လိုက်ပြီး မလှုပ်မယှက်နိုင်ဖြစ်သွားရ၏။


ကျူးရွှင်းသည် ဝေ့ထင်၏ ဝန်ထမ်းတစ်ဦးမျှသာဖြစ်သည်။သူဌေးခိုင်းသမျှကို သူ လုပ်ရကာ သူ့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။


ကျူးရွှင်း၏တာဝန်ကို သူမ စိတ်မဝင်စားသော်လည်း ဝေ့ထင် လာမည်ဟုပြောသောကြောင့် မထွက်သွားမီ သူလာမှာကို စောင့်နေဖို့ ဆုံးဖြတ်လိုက်သည်။ထိုအတိုင်းတွေးပြီး သူမ အခန်းထဲသို့ပြန်သွားရန်ပြင်လိုက်၏။  သို့သော် သူမ လှည့်မထွက်မီ တံခါးဝမှ ဝေ့ထင် လျှောက်လာသည်ကို တွေ့လိုက်ရ၏။


ဝေ့ထင် တကယ်ရောက်လာတာပဲ…


ဝေ့ထင် ရောက်လာသည်ကိုမြင်မှ ကျူးရွှင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ဤမစ်ရှင်က လူသတ်မှုကို စုံစမ်းရတာထက်တောင် ပိုခက်ခဲနေသည်။


 "ဘာလို့ အခန်းထဲမှာ မနေရတာလဲ… မင်းဒီမှာ ဘာလုပ်နေတာလဲ"  


စုမုန့် ရှေ့မှာရောက်လာသည့် ဝေ့ထင်က အပြစ်တင်သည့် လေသံနှင့် မေးခွန်းထုတ်လိုက်သည်။


 “ကျွန်မမှာ လုပ်စရာရှိသေးတယ်၊ အိမ်ပြန်ရမယ်” ​ 


စုမုန့်က ပြန်ဖြေသည်။


ကျူးရွှင်းသည် ဝေ့ထင်ကိုမြင်သောအခါ လိမ္မာပါးနပ်စွာဖြင့် ဘေးနားတွင် အသာ ရပ်လိုက်သည်။ဝေ့ထင် အား ဤကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းခွင့်ပေးလိုက်ခြင်းက ပိုကောင်းပေသည်။


 “တစ်ခုခုရှိလို့ရှိရင် ကိုယ့်ကို ပြောပြလို့ရတယ်လေ…ကိုယ်က မင်းကို ကူညီဖြေရှင်းပေးမယ်…  ဒါပေမယ့် မင်းအခု ပြန်ကောင်းမလာသေးဘူး ဆိုတော့ ဆေးရုံမှာပဲ အနားယူသင့်တယ်"  


သူက မျက်မှောင်ကြုတ်ပြီး လေးနက်စွာ ပြောလေသည်။


 "ကျွန်မ နေကောင်းပါတယ်…ဒဏ်ရာတွေကိုလည်း ဆေးလိမ်းပြီးပြီ…ဆေးအချိန်မှန် သောက်ရင် နေကောင်းသွားမှာပါ"  


စုမုန့်သည် သူနှင့် စကားမပြောချင်တော့သဖြင့် ဆေးရုံမှ ထွက်လာခဲ့သည်။သို့သော် ဝေ့ထင်က သူမကို  လွှတ်မပေး။သူမက သူ့စကားကို လျစ်လျူရှုပြီး ထွက်သွားဖို့ပြင်နေတာကြောင့် သူမ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။


 "ပြန်သွားပြီး အနားယူပါလား" 


ဝေ့ထင် မနေ့က ဆရာဝန်ပြောခဲ့သည့်စကားတို့ကို တွေးမိ၏။သူမ ပြန်လည်သက်သာလာဖို့ ဆေးရုံမှာ ဆက်နေရမည်ဟု ဆရာဝန်က အသေအချာပြောခဲ့ခြင်းပင်။သူမ ကျန်းမာရေးအတွက် သူမ လုပ်ချင်သမျှကို လုပ်ခွင့်မပေးထားချေ။


 "ဝေ့ထင် လွှတ်စမ်းပါ"  


စုမုန့် မျက်မှောင်ကြုတ်ကာ အော်လိုက်သည်။


 "ဒါဆို မင်းပြန်လိုက်ခဲ့"  


ဝေ့ထင်ကလည်း နောက်မဆုတ်ပေ။


 နှစ်ဖက်စလုံး အလျှော့ပေးချင်စိတ်မရှိတာကြောင့် အခြေအနေက ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်သွားသည်။သူတို့နှစ်ယောက်မှာ ဆေးရုံဧည့်ခန်းအလယ်မှာ ရပ်နေကြသည်ဖြစ်၍၊ ဆရာဝန်တွေနှင့် လူနာတွေက စူးစိုက်ကြည့်နေကြသည်။


 “ကျွန်မအပြင်ကို အပြီးသွားတာမဟုတ်ဘူး…ကျွန်မမှာ လုပ်စရာရှိလိ့ပါ…ကျွန်မ ပြန်လာတာနဲ့ ဆေးလည်းသွင်းမယ်၊ဆေးလည်းသောက်မယ်လေ"


စုမုန့် သည် ဝေ့ထင်၏ ချုပ်ကိုင်မှုမှ မလွတ်မြောက်နိုင်သေးပေ။သူ့မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုများကို မြင်လိုက်ရ၍၊သူမ သဘောထားမှာ ပျော့ပျောင်းသွားသလိုလည်း ဖြစ်လာ၏။သူမအား အမှန်တစ်ကယ် ဂရုစိုက်သူကို  အရှက်ရစေခြင်းက မကောင်းပေ။ သို့သော် ဝေ့ထင်၏ ဒေါသသည် မြည်းတစ်ကောင်လိုပင်။ခေါင်းမာပြီး တစ်ယူသန်နိုင်လှသည်။သူမ ဘာပဲပြောပြော သူမကို လွှတ်မပေးသေးပေ။ 


တိန့်ယွီ၏ စကားများကို ဝေ့ထင် မှတ်မိနေသေးသည်။ စုမုန့် ဒဏ်ရာကို ထပ်ခါတလဲလဲ သွားပြီး ဆွဲဖြဲမိပါက၊အသက်အန္တရာယ်ရှိလိမ့်မည်ဟု ပြောထားခြင်းပင်။ယခုဆို သူမ၏ ဒဏ်ရာက ပိုးကူးစက်နေပြီဖြစ်သည်။သူမ သဘောအတိုင်းသာ ဆက်လုပ်နေလျှင် သူမ ကျန်းမာရေးမှာ ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ပေ။သူမ ဒေါသကို သူသိသည်၊ ထို့ကြောင့် သူ့ကို မုန်းသွားလျှင်ပင် မလွှတ်ပေးနိုင်ပေ။


စုမုန့်က အခန်းထဲမပြန်ချင်ဘဲ အတင်းငြင်းနေသေးသဖြင့် ဝေ့ထင် သူမနှင့် စကားပြောပြီး အချိန်မဖြုန်းတော့ဖို့ ဆုံးဖြတ်လိုက်သည်။ သူက သူမ လက်ကို အနည်းငယ်ပိုတင်းကျပ်စွာ ကိုင်လိုက်ရာ သူမ ရုတ်တရက် ဟန်ချက်ပျက်သွားသည်။ထို့နောက် သူမ ခါးကိုဖက်၍ ပွေ့ချီလိုက်သည်။


 "မင်းတစ်ယောက်တည်း မပြန်ချင်တော့ဘူးဆိုတော့ ကိုယ်က မင်းကို ကူညီရမှာပေါ့"


ထို့နောက် သူက မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ဤသို့ဖြင့် ဝေ့ထင်က စုမုန့်ကို လူနာခန်းထဲ ပြန်ခေါ်သွားလိုက်သည်။


စုမုန့် “…”


သူမ ဘာလို့ နေအိမ်အကျယ်ချုပ် ကျခံနေရသလိုမျိုး ဖြစ်နေရတာလဲ…


သူတို့နှစ်​​ယောက်​သား အခန်းထဲသို့  ပြန်​​ရောက်​​သာအခါ ကျူးရွှင်း ထွက်​သွားပြီဖြစ်သည်။ယခုဆို VVIPလူနာဆောင်တစ်ခုလုံးတွင် စုမုန့် နှင့် ဝေ့ထင်သာရှိနေလေတော့သည်။


( အားလုံးဖြေရှင်းပြီးပါပြီ)


 "မင်း အပြင်ထွက်ချင်‌နေတာကို ကိုယ် သိတယ်…  လင်းအိုက် နဲ့ ဟုန်စစ် ကြောင့် ဟုတ်တယ်မလား”  


ဝေ့ထင်သည် စုမုန့်အား ကုတင်ပေါ်မှ ဆင်းရန် တားကာ သူမ ပခုံးကို အသာအယာ ဖိလိုက်သည်။


 "သိပြီးသားဆိုလည်း ဘာလို့ ကျွန်မကို အပြင်ထွက်ခွင့်မပြုတာလဲ…သူတို့ နှစ်ယောက်လုံးကို ခေါ်ထားပေမယ့် ကျွန်မ လာမခေါ်ကြဘူး… သူတို့ ဒုက္ခရောက်နေတာဖြစ်နိုင်တယ်” 


စုမုန့် မျက်နှာက ကြည်ကြည်သာသာပင်။


 "စိတ်မပူပါနဲ့၊ ကိုယ် သူတို့ကို ကြည့်ထားဖို့ လူတစ်ယောက် ပို့ပြီးပြီ…လင်းအိုက်ရဲ့ညီမက အိမ်ထောင်ပြုမလို့လေ...ဒါကြောင့် သူမက မင်းကို မင်္ဂလာဆောင် ဖိတ်ချင်တာပါ…  ဖုန်းဆက်တာနဲ့ပတ်သတ်လို့ကတော့..." 


ဝေ့ထင် ခဏရပ်ပြီး စုမုန့်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ စုမုန့် လည်း သူ့မျက်လုံးထဲက အကြည့်ကြောင့် စိတ်ရှုပ်သွားရသည်။


 !!


 နှစ်စက္ကန့်အကြာတွင် သူက ဖြည်းညှင်းစွာပြောသည်။


"လင်းအိုက်က ဟုန်စစ်နဲ့ တွဲနေကြပြီလေ…သူတို့ ရေကစားဖို့ ထွက်ကြရင်း  သူမရဲ့ဖုန်းက ရေကန်ထဲကို ပြုတ်ကျသွားရော…ဖုန်းကတ် ပြောင်းလိုက်ပေမယ့်လည်း မင်းကို ပြောပြဖို့ အချိန်မရှိဘူးလို့ ပြောတယ်”


စုမုန့် “…”


 "ဒါပဲလား"  


သူမ မယုံနိုင်ဖြစ်သွားသည်။ ရှန့်ကျန်း သည် လင်းအိုက် တစ်ယောက် ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်ခဲ့ရကြောင်း လျှို့ဝှက်ဆန်းကြယ်သောပုံစံဖြင့် သူမအား ပြောပြခဲ့၍၊သူမလည်း တစ်ကယ်ထင်နေခဲ့၏။ 


 “ဒါတွေက သူတို့ရဲ့ ဖုန်းနံပါတ်အသစ်တွေပါ…မင်းသူတို့ကို ဖုန်းဆက်ပြီး မေးချင်လည်း မေးလို့ရတယ်" 


ဝေ့ထင်က ဖုန်းနံပါတ်နှစ်ခုရေးထားသည့် ကတ်သေးသေးလေးကို ထုတ်ယူလိုက်သည်။ဤနံပါတ်များအား သူ၏ လက်အောက်ငယ်သားက ပေးထားခြင်းပင်။ စုမုန့်က သူတို့ ဘေးကင်းကြောင်း အတည်ပြုဖို့ ဖုန်းဆက်လိုဆက်ငြားဟူ၍ ပြင်ဆင်ထားတာပင်။


 "ဟဲလို၊ အခုပြောနေတာ ဘယ်သူလဲ"  


 လင်းအိုက် အသံက ဖုန်းတစ်ဖက်ကနေ ထွက်လာသည်။


 " စုမုန့်ပါ…ညီမနဲ့ အစ်ကိုဟုန်က အစ်မကို တွေ့ဖို့ ဆေးရုံကိုလာခဲ့တယ်လို့ ရှန့်ကျန်းဆီက ကြားတယ်… အစ်မလည်း ညီမ ပြောစရာတစ်ခုခုရှိမယ်လို့  တွေးမိတာပါ…ဆက်သွယ်လို့ မရလို့စိတ်ပူနေမိတာ…အခုမှပဲ ညီမတို့ ဖုန်းနံပါတ်တွေ ပြောင်းသွားတာဆိုတာ သိရတယ်"  


စုမုန့် နောက်ဆုံးတော့ စိတ်အေးလက်အေး ဖြစ်သွားရသည်။


လင်းအိုက် ကလည်း ချက်ချင်း ဝမ်းသာအားရနှင့် ပြောသည်။


“အစ်မ စုမုန့်၊ နောက်ဆုံးတော့ ပေါ်လာပြီပဲ..အစ်မ အဆင်ပြေရဲ့လား…အစ်မ ခန္ဓာကိုယ်က ဘယ်လိုနေသေးလဲ… ရုတ်တရက်ကြီး ယာဉ်မတော်တဆမှု ဘယ်လိုဖြစ်သွားတာလဲ…အဘိုးကော ပြောပြလို့ ညီမ အရမ်းစိတ်ပူသွားတာ… အစ်မကိုတွေ့ဖို့ ညီမတို့ဆေးရုံကို လာခဲ့တယ်လေ၊ အစ်မက အဲဒီမှာမရှိဘူး...အစ်မ ဖုန်းကိုလည်း ဆက်လို့မရဘူး"


"အစ်မရဲ့ကားမတော်တဆမှုအကြောင်းဘာလို့ မပြောတာလဲ…ဒီလောက်ကြီးဖြစ်သွားတာကိုတောင် ညီမတို့ မသိရဘူး…ဒါပေမယ့် အစ်မ နေကောင်းနေတာ တော်သေးလို့ပေါ့… မဟုတ်ရင် အစ်ကိုဟုန်နဲ့ ညီမတော့ သေလောက်အောင် စိတ်ပူနေမိမှာပဲ…”


လင်းအိုက်က စကားအကြာကြီးပြောနေတာကြောင့်၊ စုမုန့် စကားတစ်ခွန်းမှ မပြောနိုင်ခဲ့။အရင်က လင်းအိုက် စကားအများကြီး ပြောတတ်တာကို သူမ ဘာကြောင့် သတိမထားမိတာများလဲ…ဒီကလေးမ တော်တော်စကားများလာတယ်…နောက်ဆုံး၊သူမ ဝင်ပြော၍တောင်မရသဖြင့် လင်းအိုက် စကားကိုသာ ဖြတ်ပြောရတော့သည်။


  "ကောင်းပြီ ရှောင်အိုက်ရေ .. ခဏ…ဒီအကြောင်းကို နောက်မှပြောပြမယ်…အခု အစ်မဆီက ညီမ တစ်ခုခု လိုအပ်တာရှိလား…ညီမက အတင်းဆက်သွယ်နေတယ်လို့ ကြားလို့ပါ"


 “ဪ...ဘာမှ အရေးမကြီးပါဘူး…  အမှန်တော့ ညီမရဲ့ ညီမလေးရဲ့ မင်္ဂလာပွဲပါ… အစ်မကို မင်္ဂလာဆောင်ကို ဖိတ်ချင်ပေမယ့် အစ်မက  ရှေးဟောင်းပစ္စည်းဆိုင်မှာလည်းမရှိ၊ ဆေးရုံမှာလည်း မရှိတော့ ပြောပြလို့မရဘူးဖြစ်နေတာ…တော်သေးလို့ ရှန့်ကျန်းကိုတွေ့လိုက်ရတယ်လေ…အစ်မ အလုပ်ထွက်လုပ်နေတယ်တဲ့…ဒဏ်ရာကလည်း ပြဿနာမရှိတော့ဘူးလို့ သူကပြောတယ်… ညီမတို့လည်း ဒီတော့မှ စိတ်အေးသွားရတယ်"


ရှန့်ကျန်းက လင်းအိုက် အလျင်လိုနေပုံရသည်ဟုပြောခဲ့ခြင်းကို စုမုန့် သတိရမိသည်။ သို့ဖြစ်၍၊လင်းအိုက်မှာ တခြားပြောစရာ ရှိသည်ဟု ထင်နေသောကြောင့်...သူမက 


" ရှန့်ကျန်း ပြောတာက အဲဒီတုန်းက ညီမတို့ပုံက အရမ်းစိုးရိမ်နေပုံရတယ်လို့ပြောတယ်…ဘာများဖြစ်လို့လဲ"


စုမုန့် စကားကိုကြားလျှင် လင်းအိုက် တိတ်ဆိတ်သွားကာ ခဏအကြာတွင်


 "တစ်ကယ်တော့ ရှန့်ကျန်းရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို မြင်လိုက်တော့လေ ညီမလည်း အရမ်းပျော်မပြချင်တာမျိုးပါ…သူ တစ်မျိုးထင်သွားမှာစိုးလို့လေ…ဒဏ်ရာအကြီးအကျယ် ရနေသူရှေ့မှာ ပျော်မနေသင့်ဘူးလားလို့ပါ…တခြားဘာမှတော့ မရှိပါဘူး"


လင်းအိုက် နှင့် ဖုန်းခေါ်ဆိုပြီးနောက် စုမုန့်က ဝေ့ထင်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ 


 "ကျေးဇူးတင်ပါတယ်"


မနေ့က ဝေ့ထင်ပြောခဲ့သည့် စကားတို့က အမှန်ဖြစ်လာမည်ဟု သူမ မမျှော်လင့်ထားပေ။သူ တစ်ကယ်ပဲ သူမကိစ္စတွေကို စိတ်ထဲထားပြီး ကူညီဖြေရှင်းပေးခဲ့သည်။


 “နောင်လည်း ကိုယ့်ကို ကျေးဇူးတင်မနေနဲ့… ဖြစ်နိုင်ရင် မင်း အရမ်းကြီး ကိုယ့်ရှေ့မှာ ‌ဖိအားပေးပြီးတော့ မနေပါနဲ့လား…မင်းကိုယ့်ရှေ့မှာဆို သက်တောင့်သက်သာ နေလို့ရပါတယ်"


ဝေ့ထင်သည် သူ့ဘေးက ကုလားထိုင်ပေါ်မှာ ထိုင်ပြီး စုမုန့် ကို အေးအေးဆေးဆေးကြည့်သည်။ ဝေ့ထင်၏စကားကြောင့် စုမုန့် အံ့သြသွားပြီး 


"ဘယ်လို ကျွန်မက ဘယ်လိုတွေ ဖြစ်နေလို့လဲ"


ဒဏ်ရာများကြားမှ သူမ အလုပ်လုပ်ရခြင်းအကြောင်းရင်းမှာ ဝေ့ရွှယ် နှင့် အမြန်ဆုံး ယှဉ်ပြိုင်နိုင်စေရန်အတွက် အပိုဝင်ငွေရှာရန်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဝေ့ရွှယ် သည် ဝေ့မိသားစုဝင်တစ်ဦးဖြစ်နေဆဲဖြစ်သည်။ဝေ့ရွှယ် အမှားလုပ်မိခဲ့လျှင်တောင်၊ထိုအမှားက ဝေ့မိသားစုကို အများကြီး မထိခိုက်စေသရွေ့၊ ဝေ့မိသားစုက သူမကို ကာကွယ်ပေးမှာပင်။သို့ဖြစ်၍၊ဝေ့မိသားစုက ကြားဝင်မစွက်ဖက်ပါက၊ သူမ၏ လက်ရှိအင်အားနှင့် ဝေ့ရွှယ်ကို အနိုင်ယူနိုင်မှာ သေချာသည်။


 “တစ်ကယ်တော့ မင်း ဒဏ်ရာကနေ ပြန်ကောင်းလာပြီးရင် မင်းအလုပ်ကို ဆက်လုပ်လို့ရပါတယ်…ကိုယ့်ပိုက်ဆံကို မင်းလက်မခံဘူးဆိုတာ ကိုယ် သိပါတယ်၊ ဒါပေမယ့် မင်း နေလည်းကောင်းလာရင် သေချာပေါက် အလုပ်တွေအများကြီးရလာလိမ့်မယ်"


ဝေ့ထင်သည် ငွေရှာရာတွင် စုမုန့် ၏ တပ်မက်မှုကို မြင်နိုင်သော်လည်း၊သူ့ပိုက်ဆံကို ယူမည်မဟုတ်သလို၊သို့မဟုတ် သူ့အကူအညီကိုလည်း လက်မခံကြောင်း သူ သိသည်။ ထို့ကြောင့် သူမ ပြန်လည်ကောင်းမွန်လာပြီးပါက၊သူမကိုသာ တိတ်တဆိတ် ကူညီရမည်ဖြစ်သည်။



xxxxxxx