အပိုင်း ၉
Viewers 12k


Chapter 9



ထိုမြွေများမှာ အကြံအစည်နှင့်ပင် တမင်လုပ်ထားကြသည်ဟူ၍ ယင်ရှောင်ရှောင်း တွေးနေမိသည်။ တစ်ကောင် မျက်လုံးပွင့်လာသည်နှင့် ကျန်မြွေများလည်း နိုးလာကြလေသည်။

အေး ငါလှုပ်နေတုန်းကကျ ဘာလို့မနိုးကြတာလဲ.. အခုတော့ ကျောတွေနာနေပြီကွ..

ထိုသို့နှင့် အရုဏ်တက်ချိန်တွင် မြွေပေါက်လေး ငါးကောင်နှင့်အတူ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ ယင်ရှောင်ရှောင်း၏ ရှုံ့မဲ့နေသည့် မျက်နှာအား မြင်တွေ့ကြလေသည်။

ရှောင်ရှောင်းက ဘာလို့များ စိတ်တိုနေပုံဖြစ်နေတာလဲ..

အေး.. မင်းလာပြီး မြွေတွေနဲ့ တစ်ညလုံး အရုဏ်တက်တဲ့အထိ ရစ်ပတ်ခံပြီးနေကြည့်လိုက်လေ..

ယင်တပိုင်၊ ဟွားရှောင်ဟွားနှင့် ကျန်မြွေပေါက်လေးများမှာ ယင်ရှောင်ရှောင်းအား စိတ်ဆိုးအောင် မပြုလုပ်မိစေရန် သတိထားနေကြသည်။ သို့သော်လည်း ယင်ရှောင်ယိ၏ အပြောအရ ယမန်နေ့က သူငယ်ချင်းအသစ်တစ်ကောင် ရလာခဲ့ပြီး ထိုသူငယ်ချင်းနှင့် အတူကစားချင်လားဟု မေးလာလေသည်။ လွန်စွာသတိရှိလှသည့် ယင်ရှောင်ရှောင်းမှာ ထိုအဖွဲ့မှ ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်သည်။ အခြားမြွေများ၏ ရယ်မောသံမှာ အိပ်ရေးမဝသေးသည့် ယင်ရှောင်ရှောင်းအား ပိုမိုကာ သောကဖြစ်စေလေသည်။

“ရှောင်ယိရေ.. သားပြောနေတာ ဘေးအိမ်က စန်းဟုန်မိသားစုရဲ့ မြွေပေါက်လေးတွေအကြောင်းလား..”

ယင်ရှောင်ယိ သူငယ်ချင်းအသစ် မိတ်ဖွဲ့ခဲ့သည်ဟူ၍ ပြောနေခြင်းအား ကြားလိုက်သည့်အခါ ဟွားရှောင်ဟွားမှာ သူ့ကလေးများထက် သုံးလပိုကြီးသော ဘေးအိမ်ရှိ မြွေပေါက်လေး လေးကောင်အား ချက်ချင်းတွေးမိသွားသည်။

“...”

ယင်ရှောင်ယိမှာ သူငယ်ချင်းအသစ်များအား မည်သူဖြစ်ကြောင်း မေးဖို့ရန် မေ့လာခဲ့ခြင်းပင်။

“ဟုတ်တယ် ပါပါး”

ယင်ရှောင်စစ် ပြန်ဖြေလိုက်ပြီး ရှောင်ယိ၏ အကျပ်ရိုက်နေခြင်းအား ဖြေရှင်းပေးလိုက်သည်။

“ပါပါးသိပြီ.. စန်းဟုန်မိသားစုက မြွေပေါက်လေးတွေကတော့ တကယ်ကို လိမ္မာကြတယ်..”

ဟွား‌ရှောင်ဟွား အမြီးဖြင့် မြေပြင်အား တဖြတ်ဖြတ်ရိုက်နေလေသည်။

“ဒါပေမဲ့လည်း ပါပါးတို့ရဲ့ အကောင်ပေါက်လေးတွေကတော့ အကောင်းဆုံးပေါ့.. အထက်မြက်ဆုံးနဲ့ ချစ်စရာအကောင်းဆုံးလေးတွေ..”

ကလေးများမှာ ခေါင်းလှည့်ကာဖြင့် ဟွားရှောင်ဟွားအား မကျေနပ်ခြင်းကြောင့် အမြီးများ ရိုက်နေကြသည်။

“အဲလိုမဟုတ်ဘူးလားဟင်..”

ဟွားရှောင်ဟွား ယင်တပိုင်ထံသို့ ပြေးသွားပြီးနောက် သူ၏အမြီးအား ကိုက်လိုက်သည်။ နစ်နာသူ ယင်တပိုင်မှာ အုပ်စုခွဲသွားသည့် မြွေပေါက်လေး ခြောက်ကောင်အား လှည့်ကြည့်လိုက်သည်။

“ပါပါး.. သားတို့သူငယ်ချင်းအသစ်တွေနဲ့ သွားဆော့တော့မယ်..”

ယင်ရှောင်စစ်မှာ သူတို့သွားမည့်နေရာအား ပြောသွားသေးသည်။ ပါးစပ်ထဲတွင် အမြီးအားကိုက်လျက်နှင့် ဟွားရှောင်ဟွား ယင်တပိုင်အား ဂူထဲသို့ ဆွဲလာလေသည်။

‘ဟမ့်.. ဟမ်... ကလေးတွေ မရှိတုန်း မင်းနဲ့ငါ ရှင်းစရာရှိတာလေးတွေ ရှင်းကြတာပေါ့ကွာ..’ ဟွားရှောင်ဟွား၏ အတွေးမှာ ဤသို့ဖြစ်သည်။

“အာ.. ဟုတ်ပြီကွ.. ကလေးတွေ သွားဆော့တုန်း ကိုယ်တို့တွေ ကွိစိကွစလေးတွေ လုပ်လို့ရပြီပေါ့.. ဟိဟိ” ယင်တပိုင်၏ စိတ်ကူးမှာ ဤသို့ဖြစ်သည်။

သူတို့အမှန်တကယ် ပြုလုပ်ကြသည့်အရာမှာ... အဟမ်း အဟမ်း.. ကလေးများအတွက် မသင့်လျော်ပါချေ။ ကလေးများနှင့် မသင့်လျော်သည့်အတွက်ကြောင့် ယင်ရှောင်ရှောင်း ဘာလုပ်နေလဲ ကြည့်ကြပါမယ်။

ယင်ရှောင်စစ်မှ ဦးဆောင်ကာ ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့က နောက်မှလိုက်လေသည်။ ဟွားရှောင်ဝူမှာ ယင်ရှောင်ရှောင်းနှင့် နီးနီးကပ်ကပ် ရှိနေပြီး ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့၏ကြားတွင်ဖြစ်သည်။ ယင်ရှောင်ယိမှာ အားလုံး၏ နောက်ဆုံးမှ လိုက်ပါလာသည်။

သင့်တော်ကောင်းမွန်သည့်စကားလုံးများဖြင့် ဖော်ပြရမည်ဆိုလျှင် ယင်ရှောင်ယိမှာ အဆော့မက်သည့် ညီငယ်လေးများ ထွက်ပြေးသွားမည် လမ်းပျောက်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အားလုံး၏နောက်တွင် လိုက်ပါလာခြင်းဖြစ်သဖြင့် အလွန်ကောင်းမွန်သင့်လျော်သည့် အစ်ကိုကြီးတစ်ကောင်ဖြစ်လေသည်။

ဘယ်လိုတောင်ထိမိလိုက်တဲ့ ဇာတ်ကွက်လဲနော်..

သို့သော်ငြား အမှန်တရားမှာ အမြဲဆိုသလို ကြမ်းတမ်းလှသည်။ ကလေးထိန်းအဖြစ် အနောက်ဆုံးတွင် လိုက်ပါရခြင်းထက် ယင်ရှောင်ယိမှာ အမှန်တကယ်တမ်းတွင် ယင်ရှောင်စစ်၏နေရာအား မနာလိုဖြစ်နေခြင်းပင်။

ကြည့်လိုက်ပါဦး.. အဲကောင်ကို ကြည့်ကြပါဦး.. အရှေ့ဆုံးကနေ သွားနေလိုက်တာမြန်း..

ခေါင်းကိုမော့ ရင်ကိုကော့ပြီး အတော်လေး ဂုဏ်ယူနေတယ်ပေါ့လေ..

အရမ်းကို ခံ့ညားနေလိုက်တာနော်..

သို့သော်လည်း ကံမကောင်းစွာဖြင့် ယင်ရှောင်ယိမှာ လမ်းမေ့သွားခြင်းဖြစ်သဖြင့် ရွေးချယ်စရာမရှိဘဲ အနောက်ဆုံးမှ လိုက်ရလေတော့သည်။ သို့သော်လည်း ဤသည်ကပင် သူ၏ ဂုဏ်သိက္ခာအား ပြန်လည်ရရှိကာ ညီငယ်လေးများ၏ မြှောက်ပင့်မှုအား ရရှိနိုင်ပေမည်။

ယင်ရှောင်ယိ၏ ဘဝတွင် အဆုံးဝါးဆုံးသောအရာနှင့် သူအများဆုံး ညည်းညူတတ်သည့်အရာ ပေါ်လာပြီဖြစ်သည်။ ထိုအရာမှာ လမ်းမမှတ်နိုင်ခြင်းပင်။ ဂုဏ်ယူပါတယ်နော်..။

အိမ်နီးချင်းများဟု ဆိုသော်လည်း မိသားစုနှစ်ခု၏ တည်နေရာမှာ အတော်လေး ဝေးကွာလွန်းလှသည်ဟု ဆိုရမည်ပင်။ မြွေပေါက်လေးများ၏ သွားလာနှုန်းမှာလည်း မြန်ဆန်ခြင်းမရှိသည်ကြောင့် အချိန်အတန်ကြာသည့်တိုင်အောင် မရောက်နိုင်သေးချေ။ ယင်ရှောင်ရှောင်းမှာ တဖြည်းဖြည်း ပိုမိုကာ ပူပြင်းလာနေသည့် နေအားမော့ကြည့်လိုက်သည်။ သူတို့နောက် လိုက်လာမိခြင်းအား နောင်တရနေမိခြင်းပင်။

အိမ်မှာနေခဲ့ပြီး တစ်ရေးတစ်မော အိပ်နေရ ကောင်းသားနော်..

အဲလိုဆို အခုလိုမျိုး နေရောင်အောက်မှာ ပြေးလွှားနေရတာထက် ပိုကောင်းမှာသေချာတယ်..

ယင်ရှောင်ရှောင်း အိမ်ပြန်ဖို့ရန် လှည့်လိုက်စဉ်မှာပင် ယင်ရှောင်စစ်အသံထွက်ပေါ်လာသည်။

“နောက်ဆုံးတော့ ရောက်ပြီဟေ့.. သူတို့ကို မြင်နေရပြီ..”

ထို့နောက်တွင် စကားပြောခြင်းအားရပ်ကာဖြင့် ထိုနေရာသို့ အရင်ဆုံးသွားလိုက်လေသည်။

ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာ ချက်ချင်းဆိုသလို ယင်ရှောင်စစ်အား လိုက်မီသွားကြသည်။ ယင်ရှောင်ရှောင်းမှာမူ ဟွားရှောင်ဝူ၏ ဆွဲသွားခြင်းခံလိုက်ရသည်။

ဟွားရှောင်ဝူ၏ဆွဲသွားခြင်းခံရသဖြင့် ယင်ရှောင်ရှောင်းမှာ အနောက်မှနေ ယင်ရှောင်စစ်သွားသည့် ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ မြွေပေါက်လေးအနည်းငယ်ခန့်အား မြင်လိုက်ရပြီး အရောင်များမှာ.. အနီနှင့်အပြာ ဖြစ်ပုံရသည်။

မြွေပေါက်လေးများအားလုံး ထိုနေရာသို့ ရောက်ရန်အတွက် မိနစ်အနည်းငယ်မျှ အချိန်ယူလိုက်ရသည်။ ဟွားရှောင်ဝူ၏ ဆွဲခေါ်သွားမှုကြောင့် ယင်ရှောင်ရှောင်းမှာ မူးဝေကာ ဝေဝါးလျက်နှင့် မြေပြင်တွင် မိနစ်အနည်းငယ်ခန့် အနားယူလိုက်ရသည်။ သက်သာလာပြီးသည့်နောက်တွင် ခေါင်းမော့ကြည့်လိုက်သည့်အခါ ဟွားရှောင်ဝူမှာ စိတ်လှုပ်ရှားကာ အပြစ်တင်နေသည့် မျက်နှာနှင့် သူ့အားကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

အလိုလိုက်ခံထားရသည့် ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဝူအား ရှောင်တိမ်းလိုက်သည်။ ထိုသို့ငြင်းပယ်ခံရခြင်းကြောင့် ဟွားရှောင်ဝူမှာ စိတ်ထိခိုက်သွားပြီး ယင်ရှောင်ရှောင်းနောက်သို့ တကောက်ကောက်လိုက်လေသည်။

“ရှောင်ရှောင်းရေ.. ရှောင်ရှောင်းလေး.. စိတ်မဆိုးပါနဲ့နော်.. ကောကောက.. ကောကောက အဲလိုဖြစ်ဖို့ မရည်ရွယ်ပါဘူး.. စစ်ကောကောက သွားကြမယ်ဆိုလို့ စိတ်လှုပ်ရှားသွားလို့ပါ.. ရှောင်ရှောင်းလေးက ကောကောကို ခွင့်လွှတ်ပေးပါနော်..”

ဟွားရှောင်ဝူ၏အသံမှာ ထိုနေရာရှိ မြွေပေါက်လေးများ၏ အာရုံကို အောင်မြင်စွာ ဆွဲဆောင်လိုက်နိုင်သည်။

“...”

ယင်ရှောင်ရှောင်းမှာ မျက်နှာတွင် မျဉ်းကြောင်းများပင်ပေါ်လာသည်။ (-_-|||) ဟွားရှောင်ဝူအား ကမ္ဘာ့အပြင်ဘက်ထိရောက်အောင် အမြီးနှင့် ရိုက်ပစ်လိုက်ချင်သည်။

“ရှောင်ရှောင်းရေ.. ရှောင်ရှောင်းက ကောကောကို ဘာမှလည်း မပြောဘူးနော်.. ခွင့်မလွှတ်ဘူးလားဟင်.. ကောကောတို့ အဆင်ပြန်ပြေမှာလားလို့..”

ဟွားရှောင်ဝူမှာ ယင်ရှောင်ရှောင်းနောက် ဆက်တိုက်လိုက်နေလေသည်။

ယင်ရှောင်ရှောင်း၏မျက်နှာမှာ ပို၍ပင် ဆိုးဝါးလာလေသည်။

ဟွားရှောင်ဝူ စကားဆက်ပြောချင်သော်လည်း ယင်ရှောင်ယိ၏ အမြီးဖြင့်ဆွဲခြင်း ခံလိုက်ရသည်။

“ရှောင်ဝူ စကားပြောတာ ရပ်လိုက်တော့.. ရှောင်ရှောင်းရဲ့မျက်နှာက ပိုပိုဆိုးလာနေတာ မမြင်ဘူးလား..”

ထို့နောက်တွင်မှ ဟွားရှောင်ဝူ ပါးစပ်ပိတ်သွားလေသည်။

ယင်ရှောင်ရှောင်းမှာ စိတ်နေမှနေ ဟွားရှောင်ဝူအား ဆူပူကြိမ်းမောင်းနေခြင်းဖြစ်သည်။

အဲဒီကောကောက ငါ့ကို သူစိမ်းတွေရှေ့ မျက်နှာပျက်အောင်လာလုပ်နေတယ်.. အရမ်းကောင်းတယ်နော် ရှောင်ဝူကောကော.. 😊

ရှောင်ရှောင်းမှာ မြွေစိမ်းများရှေ့တွင် အရှက်ရသည်ဟု ခံစားရခြင်းကြောင့် အလွန်စိတ်ဆိုးဒေါသထွက်နေခြင်း ဖြစ်သည်။

“ဒီလေးကောင်က ကောကောနဲ့ ရှောင်စစ်တို့နဲ့ မနေ့ကမှ သူငယ်ချင်းဖြစ်လာကြတာလေ..”

မည်သူမျှ စကားပြောမလာသည်ကြောင့် ယင်ရှောင်ယိ စပြောလိုက်သည်။ မြွေပေါက်လေး လေးကောင်ထံသို့ သွားပြီးနောက် တစ်ကောင်ချင်းစီ ညွှန်ပြကာဖြင့် ပြောလေသည်။

“ဒါက လန်ယိယိ.. ဟုန်အာအာ.. လန်စန်းစန်းနဲ့ လန်စစ်စစ်..”

ထို့နောက်တွင် သူ၏မိသားစုမှ မြွေပေါက်လေးများအား ညွှန်ပြကာဖြင့်..

“မင်းတို့အားလုံး ငါနဲ့ ရှောင်စစ်ကို သိထားပြီးသားနော်.. ဒီဟာကတော့ ဟွားရှောင်အာ.. ဟွားရှောင်စန်းနဲ့ ဟွားရှောင်ဝူ..”

ထို့နောက်တွင် ယင်ရှောင်ရှောင်းအား ရည်ရွယ်ချက်ရှိရှိ သူ့နံဘေးသို့ ဆွဲခေါ်လိုက်သည်။

“ဒါလေးကတော့ ယင်ရှောင်ရှောင်း.. ငါတို့မိသားစုရဲ့ အငယ်ဆုံးလေး..”

ယင်ရှောင်ရှောင်း : “...”

ဝသဖ မြွေပွေးတွေ.. သူတို့ရဲ့ နာမည်ပေးပုံက နည်းနည်းလေးတော့ တစ်ခုခုပဲနော်..

ယင်ရှောင်ရှောင်းမှာ မြွေများ၏ နာမည်ပေးစွမ်းရည်အား လက်မခံနိုင်ဖြစ်နေစဉ်မှာပင် လန်ယိယိ သူ့ရှေ့သို့ရောက်လာလေသည်။

“မင်းက ယင်ရှောင်ရှောင်းမလား.. ငါက လန်ယိယိပါ.. မင်းကိုတွေ့ရတာ အရမ်းဝမ်းသာတာပဲ..”

ယင်ရှောင်ရှောင်းမှာ လန်ယိယိအား ခေါင်းအစ အမြီးအဆုံး ကြည့်လိုက်သည်။

ဘာကြောင့်များ ဒီကောင့်ဆီက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ခံစားနေရတာလဲနော်..

ယင်ရှောင်ယိမှာ ယင်ရှောင်ရှောင်းအား သူ၏အမြီးဖြင့် ပုတ်နေဆဲဖြစ်သည်ကြောင့် ယင်ရှောင်ရှောင်း ဖျစ်ညှစ်ကာဖြင့် ပြောလိုက်ရသည်။

“ဟလို.. ငါလည်းပဲ တွေ့ရတာ အရမ်းဝမ်းသာပါတယ်..”

ယင်ရှောင်ရှောင်းမှာ အခွင့်သာသည်နှင့် ထွက်သွားတော့မည်ဟု ဟွားရှောင်ဝူ ခံစားမိနေသည်ကြောင့် ယင်ရှောင်ရှောင်းနှင့် လန်ယိယိတို့ကြား တိုးဝင်လိုက်သည်။

“လန်ယိယိ မလား.. ငါက ရှောင်ရှောင်းရဲ့ ငါးကောင်မြောက်အစ်ကို ဟွားရှောင်ဝူပါ..”

ဟွားရှောင်ဝူအား မြင်ပြီးနောက်တွင် လန်ယိယိ၏ နှုတ်ခမ်းများမှာ အင်တင်တင်ဖြင့် ပြန်စေ့သွားလေသည်။

“အာ.. ဟွားရှောင်ဝူက... ရှောင်ရှောင်းရဲ့ ငါးကောင်မြောက် အစ်ကိုပေါ့..”

ယင်ရှောင်ရှောင်း သူ၏အရှေ့ရှိ မြွေနှစ်ကောင်အားကြည့်လိုက်ပြီး သူတို့၏ ခေါင်းမှအစ အမြီးထိတိုင် ရည်ရွယ်ချက်များ ရှိနေပုံပင်။

ပြဿနာတစ်ခုခု ရှိနေတာလား..

အခုလေးတင်မှ ပထမဆုံး တွေ့ကြတာလေ..

ဘာလို့များ ရန်လိုနေတယ်လို့ ခံစားနေရတာတုန်း..

ကောင်းပြီလေ ဘာပဲဖြစ်ဖြစ် ငါ့ကိစ္စလည်း ဟုတ်မနေဘူး..

ထိုသို့စဉ်းစားရင်းဖြင့် ယင်ရှောင်ရှောင်း ထွက်သွားလေသည်။

ဟေ့ ဟေ့ ယင်ရှောင်ရှောင်း.. မင်းကတော့ တစ်ခုခုပဲနော်.. ဘာလို့များ မင်းကိစ္စမဟုတ်ဘူးလို့ ထင်ရတာတုန်း.. ဦးနှောက်မကောင်းဘူးလား..

“ငါ့ဖေဖေနဲ့ ပါပါးက အမဲလိုက်သွားကြတယ်..”

ဟုန်အာအာမှာ ယင်ရှောင်စစ်နောက်လိုက်ကာဖြင့်ပြောသည်။

“အဲတော့ အိမ်မှာ ငါတို့ပဲရှိနေတာဆိုတော့ အတူတူဆော့လို့ရတယ်..”

“ကောင်းတာပေါ့..”

“ဆော့ကြမယ်ဟေ့..”

ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့မှာ ဟုန်အာအာ၏အပြောအားကြားပြီး ရောက်လာကြလေတော့သည်။