Chapter 133
လေဆိပ်သို့သွားနေသောလမ်းတွင် ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းလာခဲ့သည် ။ရာသီဥတုသည် မှောင်ရိပ်သန်းနေပြီး အနက်ရောင်တိမ်စိုင်များသည်လည်း မကောင်းသည့်ကိစ္စတစ်စုံတစ်ရာ ဖြစ်လာတော့မည့်အတိုင်းပင် အလွန်ကျဆင်းနေခဲ့သည် ။
ရလဒ်အနေဖြင့် ကျုံးယို့ယို့ လေဆိပ်သို့ရောက်သောအခါတွင် လေယာဥ်ထွက်ခွာမည့်အချိန်သည် နှောင့်နှေးသွားမည်ဖြစ်ကြောင်း သတင်းကြားလိုက်ရသည် ။ သူမ နှင့် ရှောင်ကျောက်သည် အနီးနားရှိ ဟိုတယ်တွင် တစ်ညတည်းခိုရန်လိုအပ်ပြီး နောက်ရက်တွင် Zမြို့သို့ ပြန်ရမည် ဖြစ်သည် ။
ထိုညတွင် ကျုံးယို့ယို့သည် ချင်းယောင်အား အခြေအနေကို သိရှိနိုင်ရန် ဖုန်းခေါ်ဆိုခဲ့သည် ။ သူမ ဖုန်းမှတစ်ဆင့် ရှင်းရှင်းလင်းလင်းမကြားရသော်လည်း သူမသည် လတ်တလောအခြေအနေအား အကြမ်းဖျင်းအားဖြင့် နားလည်လိုက်သည် ။
သူမ ပြိုင်ပွဲတွင် ပါဝင်နေသည့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် ကျုံးမိသားစု၌ ထိုကဲ့သို့ အပြောင်းအလဲကြီးဖြစ်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ ။
လတ်တလောအခြေအနေမှာ ကျုံးမိသားစုသည် ယွမ်သိန်းတစ်ထောင်အား ထိုင်ကျင်းလမ်းဟောင်းတွင် ရင်းနှီးမြှုပ်နှံထားပြီး ဖြိုချခြင်း နှင့် တည်နေရာပြောင်းရွှေ့ခြင်းတို့ကို စီစဥ်လုပ်ဆောင်ထားသော်လည်း ထိုအရာများ ပြီးစီးသွားကာ အရာအားလုံး အဆင်ပြေချောမွေ့သွားသောအခါတွင် ထိုနေရာ၌ အလုပ်သမားများ မတော်တဆမှု ဖြစ်ပွားခဲ့သည် ။ လူနှစ်ယောက်သည် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသွားပြီး ကိုယ်လက်အင်္ဂါချို့ယွင်းသွားခဲ့သည် ။
ဤထိခိုက်မှုသည် ရုတ်တရက် ဖြစ်ပွားခဲ့ပြီး စနက်တံကဲ့သို့ပင် အရာအားလုံးအား တစ်ချိန်ထဲနှင့်ပင် ပေါက်ကွဲသွားစေခဲ့သည် ။
အစပိုင်းတွင် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသောသူနှစ်ယောက်၏ မိသားစုများသည် ဆူပူသောင်းကျန်းမှုများ လုပ်လာကြပြီး နောက်တွင် နစ်နာကြေး ရသွားခဲ့သည် ။
ဤအလုပ်သမားနှစ်ယောက်သည် ကျုံးမိသားစု၏ ဝါရင့်အလုပ်သမားများ ဖြစ်နေဆဲပင် ။ ဝူသာ့ကျန်းသည် အသက်ငါးဆယ်အရွယ်ဖြစ်ပြီး ဘိလပ်မြေလောင်းထားသော အချပ်ထူများ အပေါ်မှ ပြုတ်ကျလာခြင်းကြောင့် သွေးထွက်သံယိုဖြစ်ခဲ့ရပြီး အခြားတစ်ယောက်မှာ လီဟိုင် ဟုခေါ်သော သူဖြစ်သည်။ သူသည် ထိခိုက်ဒဏ်ရာသာရခဲ့သော်လည်း ခြေထောက်နှစ်ဖက်လုံးရှိ အရိုးများတစ်စစီဖြစ်၍ကျိုးပဲ့ဒဏ်ကို ခံစားခဲ့ရသည် ။
သူသည် ဆေးရုံသို့ပို့ဆောင်ခံရကာ ခြေထောက်များ ဖြတ်တောက်၍ ကုသခဲ့ရသည် ။ သူသည် အနာဂတ်တွင် မတ်တပ်ရပ်နိုင်ပါတော့မည်လားဆိုတာသူ မသိပါ ။
ဧက ထောင်ပေါင်းများစွာရှိသော ဤကြီးမားသည့်ပရောဂျက်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် ပုံမှန်အားဖြင့် အန္တရာယ်များပြီး မတော်တဆမှုသည် အသေးအဖွဲပင်ဖြစ်စေ ကြီးမားသည်ဖြစ်စေ နှစ်အနည်းငယ်အတွင်းတွင် မကြာခဏဖြစ်လေ့ဖြစ်ထရှိသည် ။
ယခင်အချိန်များတွင် ကိုယ်ပိုင်ဝင်ငွေအား တိုက်ရိုက်ရနိုင်ခြင်းမှာ ဖြစ်နိုင်ချေရှိသည် ။အဆုံးတွင် အလုပ်သမားများအားလုံးသည် စာချုပ်တွင် လက်မှတ်ထိုးထားကြပြီး သူတို့ကိုယ်တိုင်သာ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည် ။
သို့သော် ဤတစ်ကြိမ်တွင်တော့ ကိစ္စရပ်သည် ပျားတူကောင်၏အသိုက်ကို ထိုးမိလိုက်ခြင်းဖြစ်သည် ။
ထိုလူနှစ်ယောက်သည် ဤကဲ့သို့အန္တရာယ်များသော ပရောဂျက်တွင် အကြောင်းပြချက်တစ်ချို့ကြောင့် လက်မှတ်မထိုးခဲ့ပေ ။ သူတို့သည် ထိုနေရာ၏ တာဝန်ခံအား ရှာတွေ့ခဲ့သော်လည်း သူသည် နိုင်ငံခြားသို့ ထွက်သွားခဲ့ပြီ ဖြစ်သည် ။ ဤအရာသည် ကြိုတင်အစီစဥ်ချထားသည်ကို ပြသနေပြီး ဤပရောဂျက်သည် ကျုံးမိသားစုကိုင်ထားခြင်းဖြစ်ကြောင်း တစ်စုံတစ်ယောက်မှ အစောကတည်းကပင် သိရှိနေခဲ့ခြင်းဖြစ်မည် ။ ထို့နောက် စောစောစီးစီးထဲကပင် လူလွှတ်ထားခြင်းပြီး ဤပြဿနာတွင် အချို့လူများပါဝင်နေခဲ့သည် ။
စာချုပ်အား လက်မှတ်မထိုးထားလျှင် အလုပ်သမားထိခိုက်ဒဏ်ရာရသွားပါက ကျုံးကုမ္ပဏီဘက်မှ ရှစ်ဆယ်ရာခိုင်နှုန်း တာဝန်ရှိသည် ။
ပို၍ ဖြည့်စွက်ရလျှင် ဤလူများသည် အကြောင်းအရာအားသိနေသောကြောင့် ရည်ရွယ်ချက်ရှိရှိပင် ထိုအရာများအား ဖြစ်ပွားစေခြင်းဖြစ်လိမ့်မည် ။ဝူသာ့ကျန်း နှင့် လီဟိုင်၏ မိသားစုဝင်များသည် ဦးဆောင်၍ ပထမဆုံးနစ်နာကြေးအားရပြီးသည့်နောက်တွင် ဆက်၍ ဆူညံပူညံလုပ်နေကြဆဲပင် ဖြစ်သည် ။ ကျုံး ဘက်မှသဘောတူညီခြင်းမရှိဘဲ ထိုင်ကျင်းလမ်းဟောင်းတွင် ဒါဇင်နှင့်ချီသောအလုပ်သမားသည် လမ်းဆိုင်းဘုတ်များကိုင်ကာ လှုံ့ဆော်လျက် ချီတက်လာကြသည် ။
ထိုနေရာတွင် ပိတ်ဆို့မှုများ ရှိနေပြီး အနောက်တွင် ကားမီးလုံးများ ရိုက်ခွဲမှုများဖြစ်ကုန်ကျပြီး ဝရုန်းသုန်းကားဖြစ်နေကြသည် ။
ကိစ္စများသည် ပို၍ ကြီးလာကာ ကျုံးကုမ္ပဏီ၏ စတော့ရှယ်ယာများသည် လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် ထိုးကျသွားခဲ့သည် ။
တစ်ချိန်ထဲတွင် ပရောဂျက်သည် ရပ်ဆိုင်းရန်ဖိအားပေးခံရပြီး တိကျသောစစ်ဆေးမှုများ ရှိလာခဲ့သည် ။စစ်ဆေးမှုအတွက် ပရောဂျက်တစ်ခုလုံးသည် တစ်ရက်ခန့်နှောင့်နှေးကာ ယွမ်သန်းနှင့်ချီ ဆုံးရှုံးလိုက်ရသည် ။
ထိုအရာအားကြည့်ရသည်မှာ ကိစ္စတစ်ခုလုံးတွင် နောက်ကွယ်၌ တစ်စုံတစ်ယောက်ကြိုးကိုင်နေသည်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်သည် ။
ပါပါးကျုံးသည် ထိုလူအား ခန့်မှန်းနေသော်လည်း သူသည် မတတ်သာစွာပင် ရန်ပုံငွေများကို ကယ်ပေါက်ရရန် ထည့်နေရပြီး ပြဿနာဖြစ်စေသော အလုပ်သမားများကို ဖိနှိပ်ရန် ရှေ့နေ့များကို ပေးနေရသည် ။ ထိုအန္တရာယ်များသော စာချုပ်ကို ချုပ်ဆိုထားခြင်းမရှိသောကြောင့် ကျုံးဘက်မှ အလွန်ထိခိုက်နစ်နာလျက်ရှိသည် ။
သူသည် သူ၏လူများအား အလုပ်သမားကိုယ်စားလှယ်ကို ရှာဖွေရန် အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့သော်လည်း ဘာမှထိရောက်ခြင်းမရှိပေ ။ဤလူအုပ်စုသည် ပြဿနာအား လုံးဝမဖြေရှင်းချင်နေခြင်းသာ ဖြစ်သည် ။
ဝူသာ့ကျန်း ၊ လီဟိုင် နှင့် သူတို့၏ မိသားစုဝင်များသည် သေလောက်အောင်ပင် ခါးခါးသီးသီးဖြစ်နေကြသည် ။ ထိုအရာသည် ဆောက်လုပ်ရေး ပြဿနာသာဖြစ်ကြောင်း တိုက်တွန်းနေကြသည် ။ ထိုအချိန်တွင် မျက်မြင်သက်သေလည်း ရှိမနေခဲ့ပေ ။ ထိုအရာသည် ပရောဂျက်ရှိ ဘိလပ်မြေအချပ်ထူများအမှန်ပင်ပြုတ်ကျခြင်းလား သို့မဟုတ် အလုပ်သမားနှစ်ယောက်သည် ထိန်ချန်ထားခြင်းတစ်စုံတစ်ရာရှိနေလားဆိုသည်ကို မသိနိုင်ပေ ။
ဤလူနှစ်ယောက်၏ မိသားစုဝင်များသည် အခြားအလုပ်သမားများကိုပါ လှုံ့ဆော်ခဲ့ပြီး မီးတောက်အား ပို၍ အရှိန်မြင့်စွာ တောက်လောင်စေခဲ့သည် ။
ထိုအလုပ်သမားများသည် သူတို့ကိုယ်တိုင်တွင်အလုပ်အရမ်းကြိုးစားကြသည် ။ အလုပ်ကြိုးစား၊ငွေရှာပြီး စာဖတ်ခြင်းနှင့် ဗဟုသုတနည်းကာ အချို့လူချမ်းသာများကို မုန်းတီးနေကြသည် ။သူတို့ မလှုံ့ဆော်ခံရဘဲ နေနိုင်မည်လား ။ ထိုအရာသည် တစ်စုံတစ်ယောက်မှ ရေအားမွှေနှောက်သွားခဲ့သည်နှင့် တူညီပြီး နှိုးဆွစေနိုင်မည့် သတိထားမိစေခြင်းအား ထုတ်လွှတ်ခဲ့ခြင်းဖြစ်သည် ။ ထို့ကြောင့် ကိစ္စတစ်ခုလုံးသည် အချိန်ကြာလာသည်နှင့် အမျှ ပို၍ ဆိုးရွားလာခဲ့သည် ။ လွန်ခဲ့သော ငါးရက်မှ ယနေ့အထိ စောင့်ကြည့်နေခဲ့ပြီး ကျုံး၏ စတော့ရှယ်ယာများသည် အောက်ဆုံးအဆင့်သို့ ကျသွားခဲ့သည် ။
ထိုအရာသည် အလွန်ရှုပ်ထွေးနေပြီး ပါပါးကျုံးသည် အလွန်အလုပ်များနေခဲ့သည် ။သူ့အတွက် အထူးဆန်းဆုံးအရာမှာ ထိုင်ကျင်းလမ်းဟောင်းပရောဂျက်စတင်သည့်အချိန်မှ စပြီး သူသည် ထိုအရာအား လူသိရှင်ကြားမလုပ်ခဲ့ပေ ။မည်သည့် အပြင်ကုမ္ပဏီကမှလည်း ထိုအရာကို မသိကြပေ ။ ဤနေရာအား ပို၍ကောင်းမွန်အောင် ပြင်ခြင်းကို ကြည့်ပြီး ထိုအရာသည် အစိုးရပရောဂျက်သာ ဖြစ်သည်ဟု သူတွေးခဲ့သည် ။
သူသည် ပရောဂျက်အား လျှို့ဝှက်စွာလုပ်ခဲ့ပြီး ထိုမှသာလျှင် ပြိုင်ဘက်များအားလုံးသည် သူ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်သည့် ဂေါက်ကွင်းကိုသာ အာရုံစိုက်မိနေလိမ့်မည် ။ ဘယ်သူကများ ရုတ်တရက်ကြီး အတွင်းသတင်းများကို သိနိုင်မည်နည်း ။ ထိုအရာသည် ပုံမှန်သာဖြစ်သည် ။ အဘယ်ကြောင့်ဆိုလျှင် အတွင်းသတင်းများပေါက်ကြားသွားလျှင် အခြားကုမ္ပဏီများသည် အခွင်အရေးအား အသုံးချကာ သူတို့၏လူများကိုဖြန့်လိမ့်မည် ဖြစ်သည် ။
ပါပါးကျုံးသည် ခဏတာလောက် အဖြေရှာမရခဲ့ပေ ။ သစ္စာဖောက်သည် သူ၏ ကုမ္ပဏီအတွင်းမှ ထွက်ပေါ်လာခြင်းသာ ဖြစ်လိမ့်မည်ဟုတွေးခဲ့ပြီး ကုမ္ပဏီအတွင်းတွင် လွန်ခဲ့သော ရက်များအတွင်း၌ သူ၏ မျက်နှာသည် မှေးမှိန်နေခဲ့ပြီး ကျုံးမိသားစုတစ်ခုလုံးသည် အချည်းအနှီးဖြစ်နေခဲ့သည် ။
" ကိုယ်မင်းပြန်လာမှာကို စောင့်နေတာ ။ ဒါပေမဲ့ ရှောင်ကျောက်က မသေမသပ်လုပ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး "
ချင်းယောင်သည် သက်ပျင်းချကာ ပြောလိုက်သည် ။ " ဒီလို ရန်ပုံငွေကွာဟမှုကြီးနဲ့ မင်းအဖေက သေချာပေါက် ကြံမိကြံရာလုပ်နိုင်တယ် ။သူမနေ့က ကိုယ့်ကိုတောင် ဆက်သွယ်သေးတယ် ။ "
မိုးရွာသွန်းနေဆဲဖြစ်ပြီး ကျုံးယို့ယို့သည် ဟိုတယ်တွင် နေနေရဆဲဖြစ်သည် ။ သူမသည် ရေမိုးချိုးပြီးသွားသောအခါ ခေါင်းအားသုတ်လိုက်ပြီး ချင်းယောင်ပြောသည်ကို ကြားလိုက်ပြီးသောအခါ သူမဘာမှပြန်မပြောလိုက်ပေ ။
ခဏအကြာတွင် သူမ မေးလိုက်သည် ။ " ချင်းယောင် ၊ နင်အကူအညီပေးမယ်လို့ ကတိပေးလိုက်သေးလား ။ "
" အခုထိဘာမှပြန်မပြောရသေးဘူး ။ကိုယ်အဲ့တာကို စဥ်းစားနေတုန်း ။ " ချင်းယောင်ပြောလိုက်သည် ။
" ကိုယ်ရန်ပုံငွေအတွက် ကူညီပေးနိုင်တယ် ။ ပြဿနာမရှိပါဘူး ။ ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင်တောင် လူထုအမြင်မှာ ဖြေရှင်းဖို့ ဘာနည်းလမ်းမှ မရှိသေးဘူး ။ ရှယ်ယာရှင်တွေက လူထုဘက်က အမြင်ကိုပဲ ကြည့်ကြတာ ။ ဒီအချိန်တွင်းမှာ ထိုင်ကျင်းလမ်းဟောင်း အပိတ်ခံရနိုင်တယ် ။ ထိတ်လန့်မှုအများကြီးကို ဖြစ်စေပြီး ကျုံးရဲ့ ရှယ်ယာအများကြီးကို ထိုးကျသွားစေခဲ့တာ ။ ကျုံးဘက်က ရှင်းလင်းမှုကို လုပ်ခဲ့ပြီးသွားပြီ ။ ဒါပေမဲ့ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရသွားတဲ့ အလုပ်သမားတွေကတော့ သဘောတူမှာမဟုတ်ဘူး ။ သူတို့က တတ်နိုင်သမျှ မြန်မြန်ရှာမတွေ့ဘူးဆိုရင် သူခိုးက လူပြန်ဟစ်ပြီးတော့ သက်သေတွေကိုပါ အတုလုပ်လာလိမ့်မယ် ။ ပို့ပေးနေတဲ့ ပိုက်ဆံတွေကလည်း ဖြုန်းတီးရာပဲ ကျနေမှာ ။ အဲ့တာ ယာယီအရေးပေါ်အခြေအနေကိုပဲ ဖြေရှင်းလို့ရမယ် ။ ကျုံးရဲ့ ဆောက်လုပ်ရေးက ယိုင်လဲသွားလိမ့်မယ် ။ "
ဤလူသည် အကောင်းအဆိုးများအား ဝေဖန်ပိုင်းခြားပြီးသောအခါတွင် အလွန်ပါးနပ်နေခဲ့သည် ။သို့သော် သူသည် မကြင်နာစွာပင် လူအိုကြီးအား ဤကဲ့သို့ ဖြစ်စေခဲ့သည် ။ကျုံးယို့ယို့ တိတ်တဆိတ်ပင်ပြောလိုက်သည် ။
" ဒီနည်းလမ်းကိုကြည့်ရတာ နင့်အတွက် ကူညီပေးလို့ ကောင်းကျိုမရှိနိုင်ဘူးပေါ့ ။ နင်ဘာလို့ တွ့န်ဆုတ်နေဖို့ စဥ်းစားနေရသေးတာလည်း "
ချင်းယောင်၏ အသံသည် စိတ်ဓါတ်ကျနေခဲ့သည် ။
" အကယ်၍ ကိုယ်သာမကူညီဘူးဆိုရင် ၊ ကိုယ့်အန်ကယ်က သေချာပေါက် ရှစ်မိသားစုကို ပြောင်းပြီးတော့ အကူညီတောင်းလိမ့်မယ် ။ ပြီးတော့ ကိုယ်လူအိုကြီးရှစ်က ရှစ်ကျစ်ထန်ကိုမင်းနဲ့လက်ထပ်ဖို့ တောင်းဆိုထားတဲ့ကိစ္စကို ကိုယ်စုံစမ်းပြီးသွားပြီ "
" ဆရာရှစ်က မီးလောင်ရာကနေ အခွင့်ကောင်းယူနေတာပဲ ။ ငါရှစ်ကျစ်ထန်ကို လက်ထပ်လိုက်သင့်လား ။ ဟာသတစ်ခုပါ "
ချင်းယောင် ရုတ်တရက် စနောက်လာခဲ့သည် ။
" ရှစ်ကျစ်ထန်လည်း ဒီကိစ္စကို သဘောတူတယ်ထင်တယ် ။ ကြည့်ရတာသူက မင်းနဲ့ စေ့စပ်ချင်နေတဲ့ပုံပဲ "
"..."
ကျုံးယို့ယို့ အပြစ်ရှိသလို ခံစားလိုက်ရသည် ။
" ဒါပေမဲ့ ငါကတော့ လက်မခံချင်ပါဘူး "
ချင်းယောင် " ဟား..ဟား "
သို့သော် သူ၏ နှလုံးသားသည် ကျုံးယို့ယို့၏ ပြတ်သားသောငြင်းဆိုမှုကြောင့် နွေးထွေးသွားရသည် ။
ချင်းယောင်သည် ကျုံးယို့ယို့၏ အတိတ်မှသဘောကျခဲ့ရသည့်သူကြောင့် အမြဲစိုးရိမ်ခဲ့ရသည် ။ သဘာဝကျကျပင် သူသည် ကျုံးမိသားစု နှင့် ရှစ်မိသားစုကြားတွင် တည်မြဲသောဆက်ဆံရေးရှိလာမည်ကို မလိုလားပေ ။ ထို့ကြောင့် ပါပါးကျုံးသည် နောက်တွင် ကြံမိကြံရာလုပ်လာခဲ့လျှင် သူလာရလိမ့်မည်ဟု ခန့်မှန်းမိသည် ။
သူအနည်းငယ်ရယ်ချင်နေသည်ကို ကျုံးယို့ယို့သည် သူမ၏ နှလုံးသားထဲမှ သိနေခဲ့သည် ။ သို့သော် ယခုအချိန်တွင် လေထုသည် စီးပွားရေးပြဿနာရှိနေပြီး ထင်ထင်ရှားရှားပင် ရယ်မောနေရန် သင့်တော်သော အချိန်မဟုတ်ပေ ။ သူမသည် သက်သောင့်သက်သာရှိသော နည်းလမ်းဖြင့်ပင် ပြောလိုက်သည် ။
" ဒီကိစ္စက နင့်အပေါ်မှာ မူတည်နေပြီ ။ နင်ကူညီချင်တယ်ဆိုရင် ကူညီပေးလိုက် ။ ငါ့အကြောင်းကို ထည့်မတွေးနဲ့ "
" ကိုယ်ကဘာလို့ မင်းအကြောင်းကို မတွေးရမှာလဲ ။ မင်းက ကိုယ့်ရဲ့ အနာဂတ်ဇနီးလောင်းပဲလေ ။ ကိုယ့်မိန်းမကိုမွေးပေးတဲ့ မိသားစုကို ကူညီတာက နည်းလမ်းကျတာပဲ မဟုတ်ဘူးလား ။ "
ချင်းယောင်သည် ပြောင်ပြောင်ရှင်းရှင်းပင်ပြောလာခဲ့သည် ။ သူ၏ အသံသည် အနည်းငယ် မသက်မသာဖြစ်နေပြီး အမှန်တကယ်တွင် သူသည် တစ်ဖက်၌ ဖုန်းအားဖျစ်ညှစ်ထားခဲ့ပြီး
" ကိုယ့်မိန်းမ " ဟုခေါ်သော စကားလုံးကို ပြောလိုက်သောအခါတွင် သူ၏ နားများသည် နီရဲနေခဲ့သည် ။
သူအခုပြောလိုက်သော စကားတွင် ယုံကြည်မှုရှိခြင်းကင်းမဲ့နေပြီး သူသည် ကောင်းမွန်စွာ နောက်တစ်ခေါက်ထပ်ပြောလိုက်သည် ။
" မိန်းမ "
ချင်းယောင်၏ ဂရုစိုက်နေသော အတွေးများအား ကျုံးယို့ယို့သည် သတိမထားမိဘဲ သူမသည် ယခုတွင် အနည်းငယ်ရှုပ်ထွေးနေသည်ကိုသာ ခံစားခဲ့ရသည် ။
တစ်ဖက်တွင် သူမသည် ကျုံးမိသားစု၏ မျိုးရိုးအား ဆက်ခံပိုင်ခွင့်ရှိသည် ။ အကယ်၍ ကျုံးမျိုးရိုးသည် အကြိမ်ပေါင်းများစွာ ထိခိုက်နေမည်ဆိုလျှင် ရှယ်ယာများကို ထုတ်ပြောနေစရာမလိုပေ ။ သူမသည်လည်း ထိုအရာများကို မလိုချင်ပါ ။ သို့သော် သူမ လိုချင်ခဲ့မည်ဆိုလျှင် ထို့နောက်၌ သူမအမွေဆက်ခံရမည့် အရာသည် သေချာပေါက် ယိုင်နဲ့နေပေလိမ့်မည် ။ ထိုအရာသည် သူမအား ဘာလုပ်ပေးနိုင်မည်နည်း ။ ကောင်းကျိုးရော ဘာရှိမှာနည်း ။
နောက်တစ်ဖက်၌ သူသည် ကျုံးမိသားစု နှင့် ပါဝင်ပတ်သက်လိုခြင်းမရှိလျှင်တောင်မှ သူမသည် ဤတစ်ကြိမ်တွင် အပြင်ဘက်သို့ ဦးညွှတ်လိမ့်မည် မဟုတ်ပေ ။ သူမ နှင့် ကျုံးသည် ထိုကဲ့သို့ အကြီးအကျယ်မုန်းတီးခြင်းမျိုးမရှိဘဲ သူမသည်လည်း ကျုံးမိသားစုကို မယိုင်လဲစေလိုပေ ။ပါပါးကျုံး ဤကိစ္စတွင် လက်လျှော့သွားမည်ကိုလည်း မလိုလားချေ ။ ကျုံးမိသားစုသည် ဒေဝါလီခံရကာ ကျုံးရှီယို့သည် လွတ်လပ်ပြီးချမ်းသာသော သခင်လေးအဖြစ်မှ ဆင်းရဲသောကောင်လေးအဖြစ်သို့ ပြောင်းလဲ သွားပေလိမ့်မည် ။
နောက်တစ်မျိုးပြောရမည်ဆိုလျှင် ကျုံးမိသားစုသည် မူလကိုယ်ပေါ်တွင် အကြွေးတင်နေပြီး သူတို့ပြန်ပေးဆပ်ချင်လျှင်တောင်မှ ထိုအရာသည် သူတို့ကိုယ်တိုင်သာ လုပ်ရမည်ဖြစ်ပြီး ရှန်းမိသားစုမှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ ။
ထို့ကြောင့် သူမ သေချာပေါက် ကျုံးမိသားစုကို ကူညီရမည် ။
ထိုအရာသည် မျက်နှာသာပေးမှုသာဖြစ်ပြီး သူမဘယ်လိုများ ကူညီပေးနိုင်မည်နည်း ။
ထိုအရာအားတွေးမိသောအခါ ကျုံးယို့ယို့သည် ထိုင်ချကာ ပြောလိုက်သည် ။
" ချင်းယောင် နင်ရန်ပုံငွေကိစ္စကို ဆုံးဖြတ်လို့ရပါတယ် ။ ငါကြားဝင်မှာမဟုတ်ဘူး ။ "
" ငါမနက်ဖြန် အစောဆုံးလေယာဥ်နဲ့ ပြန်လာခဲ့မယ် "
ကျုံးယို့ယို့သည် ချင်းယောင်၏ ဆုံးဖြတ်ချက်ကို ကြားမဝင်ချင်သော်လည်း သူမသူ့ကို နားလည်နေသလိုပင် ချင်းယောင်သည်လည်း သူမကို နားလည်နေခဲ့သည် ။ သူမ ဤတစ်ကြိမ်တွင် ဘာစဥ်းစားနေလဲဆိုသည်ကို သူပြောနိုင်သည် ။
ချင်းယောင် ခဏရပ်လိုက်ပြီးနောက်မှ ပြောလိုက်သည် ။
" ကောင်းပြီ ။ စောစောအိပ်ယာဝင်တော့ "