အပိုင်း ၁၃၄
Viewers 14k

Chapter 134



  ချင်းယောင်၏ ဖုန်းမှတစ်ဆင့် ဖော်ပြချက်များအား ကျုံးယို့ယို့ကြားပြီးသွားသည့်နောက်တွင် ထိုအရာသည် အလွန်ပြင်းထန်ပြီး ထိတ်လန့်စရာကောင်းလိမ့်မည်ဟု သူမ မတွေးခဲ့ပေ ။


 သူမနှင့် ရှောင်ကျောက် လေဆိပ်မှ ထွက်လာသောအခါတွင် တိုက်ခန်းသို့ ပြန်မောင်းသွားခဲ့ပြီး သူတို့သည် ပိတ်ဆို့ထားသောထိုင်ကျင်းလမ်းဟောင်းမှ ဖြတ်ရန် ဖြစ်လာခဲ့သည် ။


သူတို့ ထိုနေရာသို့မရောက်ခင်တွင် အရှေ့တည့်တည့်တွင် ပိတ်ထားသည်ကို တွေ့လိုက်ရပြီး ထိုအရာသည် ပိတ်ဆို့မှုအတန်းအရှည်ကြီး ဖြစ်နေခဲ့သည် ။


အနည်းငယ်ဝေးသောနေရာတွင် အလုပ်သမားဝတ်စုံနှင့် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်ကျင်းလမ်းဟောင်းပေါ်တွင် တစ်ယောက်ကိုတစ်ယောက် လက်များချိတ်ထားကာ သူတို့၏ ဇနီး ၊ ကလေး နှင့် မိဘများသည်လည်း သူတို့အား ကိုင်ထားခဲ့ကြသည်ကို တွေ့နေရသည်။ သွေးကြောမျှင်အတန်းလိုက်သည် လမ်းတစ်လျှောက်တွင် ပိတ်ဆို့ထားခဲ့သည် ။


ထိုနေရာတွင် ကျုံးမိသားစုထံ၌ ဖြစ်ပျက်နေသည့် ရှယ်ယာများကျဆင်းသည့်ကိစ္စကြောင့်  သူတို့၏ ပိုက်ဆံများကို ဆုံးရှုံးလိုက်ရသော လူအုပ်စုလည်း ရှိနေခဲ့သည် ။ မျက်နှာများတွင် မျက်ရည်စီးကြောင်းနှင့် လမ်းတစ်ဖက်စီ၌ ထိုင်နေခဲ့ကြသည် ။


  ပြေလည်မှုရစေရန် ရဲအရာရှိအများအပြားစေလွှတ်ထားသော်လည်း ထိုအရာသည် အသုံးမဝင်ပေ ။ တွန်းအားပေးခြင်းသည် ပြဿနာများကိုသာ ပိုကြီးစေလိမ့်မည် ။ ငိုကြွေးခြင်း ၊ ဒေါသများနှင့် မေးခွန်းများဆက်တိုက်ထွက်ပေါ်လာခြင်းသည် လမ်းတစ်လျှောက်လုံး၌ ပရမ်းပတာအခြေအနေများ ဖြစ်ပေါ်စေခဲ့သည် ။


ကျုံးယို့ယို့သည် တစ်စုံတစ်ခုဖြစ်လာမည်ကို စိုးရိမ်နေပြီး ပြောလိုက်သည် ။

" ဒီလမ်းက မသွားနဲ့ ။  တစ်ခြားဘက်က ပတ်သွားလိုက် "


" ဟုတ်ပြီ " 

ရှောင်ကျောက်သည်လည်း ထိုအနေအထားတို့အား တွေ့ရသောအခါတွင် ချွေးများပင်ထွက်လာရသည် ။ထို့နောက်တွင် သူသည် ကျုံးယို့ယို့အား ဘာမှထပ်မပြောရဲတော့ပေ ။


 သူသည် ကျုံးယို့ယို့၏ အိမ်အခြေအနေကိုလည်း မသိပေ ။ ကျုံးယို့ယို့သည် ထိုကဲ့သို့ကိစ္စကြီးကြောင့် ပူပန်နေလိမ့်မည်ဟု သူတွေးခဲ့သည် ။ထို့ကြောင့် သူသည် အရှိန်တင်သည့်နေရာအား နင်းကာ ကျုံးယို့ယို့၏ အိမ်ကို အလျင်အမြန်ပြန်မောင်းသွားခဲ့သည် ။


သူသည် အခြားလမ်းများမှ အထူးကွေ့ပတ်သွားခဲ့သည် ။


သို့သော် လူအနည်းငယ်သည် ထိုနေရာတွင်ရပ်နေကာ အထူးသဖြင့်စောင့်မျှော်နေသကဲ့သို့ ရှိနေကြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ ။


ကားသည် ထောင့်ချိုးနားကိုသာ မောင်းသွားလိုက်ပြီး မည်သူက ပြေးလာပြီး အလုပ်သမားများကြားထဲတွင် အော်လိုက်သည်လည်း သူမသိပေ ။ 

"  အားလုံးပဲ ယွိမင်လမ်းကိုသွားကြ ၊ ကျုံးကော်ချန်ရဲ့ သမီးထွက်လာပြီ "


 အသံသည် မြေမြှုပ်မိုင်း မြေပြင်ပေါ်ကို ပေါက်ကွဲစေလိုက်သကဲ့သို့ပင် ၊ ပေါက်ကွဲမှုသည် အလုပ်သမားများအား အလွန်ဒေါသထွက်စေခဲ့ပြီး လူအုပ်စုကြီးသည် သူမ တို့ရှိနေရာသို့ ပြေးလာပြီး ဝန်းရံလာကြသည် ။

လမ်းသွားလမ်းလာများကိုပင် ကြပ်ညပ်စေရုံမကဘဲ ကျုံးယို့ယို့၏ ကားကိုလည်း အရှေ့သို့သွားလို့မရအောင် တားဆီးထားခဲ့သည် ။


 ထိုလူများကြားတွင် အလွန်နက်မှောင်သော ငယ်ရွယ်သည့်အလုပ်သမားသည် တုတ်တံအား သူ၏လက်ထဲတွင် ကိုင်ထားဆဲဖြစ်ကာ ရှောင်ကျောက်၏ ကားအား ရုတ်တရက် ထုရိုက်လာခဲ့သည် ။ ထို့နောက် ကား၏ မီးသီးသည် ကြေမွသွားခဲ့သည် ။


ရှောင်ကျောက်သည် အလျင်အမြန်ဘရိတ်နင်းလိုက်ပြီး သူ၏ ခေါင်းအား ကာလိုက်ကာ အော်ဟစ်လိုက်သည် ။

" မင်းရူးနေတာလား "


 ကျုံးယို့ယို့သည် အပြင်ဘက်မှ ရှိနေသောသူကို စိုက်ကြည့်နေလိုက်သည် ။


သူမသည် လေဆိပ်မှတစ်ဆင့် ထိုလမ်းနှစ်လမ်းမှ ပြန်လာခဲ့သည် ။ ထိုင်ကျင်းလမ်းဟောင်းမှ လာရမည့်အစား သူမဤနေရာသို့သာ လာခဲ့သည် ။ သူမ ယနေ့တွင် လေဆိပ်မှပြန်လာမည်ကို မည်သူ သိသွားခဲ့ပါသနည်း ။ သူမသည် ဤကိစ္စတွင် မုန့်ရှစ်ရွှမ်နှင့်တစ်ခုခုပက်သက်နေရမည်ဟု သံသယဝင်ခဲ့သည် ။သို့သော် အခုချိန်တွင် သူမ သေချာပေါက် အတည်မပြုနိုင်သေးပေ ။


သူမ အလျင်အမြန်ပင် စိတ်ငြိမ်အောင်ထားလိုက်ကာ အပြင်သို့ထွက်ရန် ပြတင်းပေါက်အား မချလိုက်တော့ပေ ။


" ဆက်မောင်းလိုက် " ကျုံးယို့ယို့ပြောလိုက်သည် ။သူမသည် ကိုယ်ပေါ်မှ ကုတ်အင်္ကျီအားချွတ်လိုက်ကာ သူမ၏ ခေါင်းတွင် သုံးပတ်မျှပတ်လိုက်သည် ။ထို့နောက် အနောက်ထိုင်ခုံသို့သွား၍ တစ်ဝက်ခန့် ထိုင်ချလိုက်သည် ။ ထိုသို့ဆိုလျှင် အပြင်မှ လူများ သူမအား မမြင်နိုင်တော့ပေ ။ ထို့နောက် ရှောင်ကျောက်အား ပြောလိုက်သည် ။


" ကားမီးသီးကို ကုန်ကျစရိတ်ပြန်ပေးဖို့ ချင်းယောင်ကို ပြန်ကြည့်ခိုင်းလိုက် ။ သူတို့ကိုတော့ ဒီတိုင်းထားလိုက်တော့ ။ပြီးရင် လူတွေ အတင်းမတိုးလာတာသေချာအောင် ဖြေးဖြေးပဲ မောင်းလိုက် ။ ဒီလူတွေက သေရမှာ မကြောက်ဘူးဆိုတာကိုတော့ ကျွန်မ မယုံဘူး "


" ကောင်းပြီ "

  ထိုအမျိုးသမီးသူဌေးလေးသည် သူ့ထက်ပင် ပို၍ သတ္တိရှိနေသည်ကို ရှောင်ကျောက်တွေ့လိုက်ရသည် ။ နောက်ဆုံးတွင် သူတည်ငြိမ်သွားပြီး ကားအား စက်ပြန်နှိုးကာ အရှေ့သို့ ဖြေးဖြေးချင်း သွားလိုက်သည် ။


သို့သော် သူအရှေ့သို့ လက်မဝက်ခန့်ပင် မမောင်းလိုက်ရပေ ။ မကြာသေးခင်ကာ တမင်တကာ ပြဿနာဖြစ်အောင်လုပ်ခဲ့သော သူသည် ကားရှေ့သို့ လူကိုတွန်းပို့ကာ ကျယ်လောင်စွာ အော်လိုက်သည် ။

"  သူမကို သွားခွင့်မပေးနဲ့ ။ကျုံးကော်ချန်းက ငါတို့ကို ဖြေရှင်းချက်ပေးဖို့ ထွက်မလာခဲ့ဘူး ။ သူ့ရဲ့ သမီးကို သွားခွင့်မပေးကြနဲ့ "


 ရှောင်ကျောက်သည် ထိုကဲ့သို့အကြီးအကျယ်မြင်ကွင်းအား ယခင်က မမြင်ခဲ့ရဘူးပေ ။ ထိုဟိန်းအော်သံများသည် ကြက်သီးမွှေးညှင်းပင်ထစေပြီး ကားသည် ယခုအချိန်တွင် လုံးဝ ပိတ်ခံလိုက်ရပြီ ဖြစ်သည် ။


ထောင်ထဲတွင် ပိတ်မိနေသကဲ့သို့ ကားသည် လူအုပ်စုများ၏ ဝိုင်းထားခြင်းကို ခံနေရကာ ခြေလှမ်းတစ်ဝက်စာမျှပင် မရွေ့နိုင်သေးချေ ။


....


ကျုံးယို့ယို့ နှင့် ရှောင်ကျောက်သည် ကားထဲတွင် ပိတ်မိနေပြီး အပြင်တွင်တော့ ထိခိုက်ဒဏ်ရာရှိခဲ့သော နစ်နာသည့် အလုပ်သမားများ၏ မိသားစုဝင်များနှင့် ကျုံး၏ အစုရှယ်ယာများကို ဝယ်ခဲ့ပြီး ငွေကြေးဆုံးရှုံးသွားသော သူများရှိနေသည် ။ သူတို့အကုန်လုံးသည် သူမတို့ရှိရာကို ကြည့်နေကြပြီး သူတို့သည် အထဲရှိကျုံးကော်ချန်း၏ သမီးကို မြင်တွေ့ချင်နေကြသည် ။ သူတို့ဘယ်လိုများ ဤနေရာတွင် အဆုံးသတ်သွားရသနည်း ။  ထိုအရာသည် ကျုံးကော်ချန်းကြောင့်ပင် မဟုတ်လား ။ 


" ပိုက်ဆံတွေ ဆုံးရှုံးသွားတာ ။ နင့်အဖေကိုလည်း ပိုက်ဆံတွေ ဆုံးရှုံးခိုင်းလိုက်လေ ။ "

တစ်စုံတစ်ယောက်သည် ကွဲအက်သော အသံဖြင့် စွပ်စွဲလာခဲ့သည် ။

" နင့်အဖေကြောင့်သာ မဟုတ်ရင် ငါတို့ပိုက်ဆံတွေကို ဆုံးရှုံးရမှာတဲ့လား "


 သူတို့ ဒေဝါလီခံရခြင်းသည် ကျုံးမိသားစုအတွက် အိတ်တစ်လုံးဝယ်ရန် ယွမ်သိန်းထောင်ချီလောက် သုံးလိုက်ရရုံသာဖြစ်သော်လည်း ဤလူအတွက်တော့ ခက်ခက်ခဲခဲရှာဖွေထားရသော ငွေများဖြစ်ကာ နှစ်ပေါင်းများစွာ စုဆောင်းခဲ့ရခြင်းပင် ဖြစ်သည် ။


  " အဲ့တာက ပိုက်ဆံတွေ ဆုံးရှုံးလိုက်ရတာထပ်တောင် ပိုသေးတယ် ။ပြီးတော့ ငါတို့ လောင်ဝူ ။ သူအခုထိ သတိမရသေးဘူး ။ သူရဲ့ ဘဝကိုပါ ဆုံးရှုံးလိုက်ရပြီ " အမျိုးသမီးသည် အော်ဟစ်လာခဲ့သည် ။


 ဤလူလှုံ့ဆော်လိုက်သည်နှင့်အမျှ ပတ်ပတ်လည်ရှိ လူများသည် ကျုံးယို့ယို့ ရှိနေသော ကားအတွင်းထဲသို့ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများသည် အမုန်းများဖြင့် ယိုဖိတ်နေကြသည် ။


ကျုံးယို့ယို့သည် တည်ငြိမ်နေဆဲဖြစ်သည် ။အသံပိတ်ထားသော သူမ၏ ဖုန်းမျက်နှာပြင်သည် ဆက်၍ တုန်ခါနေပြီး ခေါ်ဆိုလာသူမှာ ချင်းယောင်ဖြစ်သည် ။ သို့သော် သူမ ဖုန်းမကိုင်လိုက်ပေ ။ ဤအချိန်မျိုးတွင် ချင်းယောင် သူမ ရှိရာနေရာသို့ ရောက်လာခဲ့မည် ဆိုလျှင် ထိုအရာသည် အသုံးမဝင်နိုင်တော့ပေ ။ လူအုပ်ကြီးအား တိုးဝှေ့ထွက်နိုင်ရန် နည်းလမ်းမရှိပေ ။ချင်းယောင် ထိခိုက်ဒဏ်ရာရမည်ကိုလည်း သူမ စိုးရိမ်မိသည် ။


  ရှောင်ကျောက်သည် သူ၏ ခေါင်းအား ဝှက်ထားကာ အလွန်ကြောက်ရွံ့နေခဲ့ပြီး မှန်တံခါးကိုပင် မချရဲခဲ့ပေ ။

" ကျွန်တော်ဘာလုပ်သင့်လဲ ။  မစ္စတာ ချင်ကိုပဲ ခေါ်လိုက်ရမလား ။ "


" ဘာလို့ ချင်းယောင်ကို လာခွင့်ပြုမှာလဲ ။ ရဲကိုပဲ တိုက်ရိုက်ဖုန်းဆက်ရမှာ "

ကျုံးယို့ယို့သည် ' 110 'အားနှိပ်လိုက်ကာ အခြေအနေကို အတိုချုပ်ရှင်းပြလိုက်သည် ။ ထို့နောက်တွင် နောက်ဆုံးအခေါက်က ချင်းယောင်သူမကို ရှာပေးခဲ့သော ရှေ့နေအား ဆေးရုံတွင် ဆေးစစ်ချက်လုပ်ရန် ကြိုတင်ပြင်ဆင်ထားဖို့ ဆက်သွယ်လိုက်သည် ။ 


  အကယ်၍ ဤအုပ်စုသည် သူတို့အား ဒီနေရာတွင် တစ်စုံတစ်ခုပြုလုပ်လာခဲ့လျှင် သူတို့သည် တိုက်ရိုက်ပင် စစ်ဆေးခံရမည်ဖြစ်ပြီး ကိစ္စရပ်များသည် ပြောင်းပြန်ဖြစ်သွားပေလိမ့်မည် ။


ရှောင်ကျောက်သည် မျက်ရည်မထွက်ဘဲ ငိုချင်နေခဲ့သည် ။

" အဲ့တာက အရမ်းနောက်ကျသွားပြီ ။ ဒီအုပ်စုက ကားပြတင်းပေါက်မှန်ကို ရိုက်ခွဲမလားဆိုတာ ဘယ်သူက သိမှာလဲ "


ကျုံးယို့ယို့ပြောလိုက်သည် ။

" ရိုက်ခွဲလိုက်တာပဲ ။ အဲ့တာက ပြဿနာကြီးပဲ ။ပြီးတော့ အစိုးရဌာနကို ငါအရက်နည်းငယ်လောက် သွားနိုင်တော့မှာမဟုတ်ဘူး ။ "


ရှောင်ကျောက် " ဟမ် "


ကျုံးယို့ယို့သည် ခေါင်းမော့လိုက်ပြီး အပြင်ဘက်ရှိလူများအား စိုက်ကြည့်လိုက်သည် ။


ထိုကဲ့သို့ မတိုးသာမဆုတ်သာအခြေအနေတွင် ရုတ်တရက် အနက်ရောင်ကားတစ်စီးသည် လူအုပ်ကြီးအား ဂရုမစိုက်ဘဲ တိုးဝှေ့လာခဲ့သည် ။


တစ်စုံတစ်ယောက်က အော်လိုက်သည် ။

"  အဲ့တာကို ဖြတ်ခွင့်မပေးနဲ့ " 

သို့သော် ကားသည် အရှိန်​လျှော့သွားခြင်းမရှိပေ ။


အဲ့တာ ချင်းယောင်ပဲ ။


သူ၏ ကားသည် ကျုံးယို့ယို့အတွက် ပို၍ ရင်းနှီးနေခဲ့သည် ။ ကျုံးယို့ယို့ ချက်ချင်း စိုးရိမ်လာမိသည် ။ သူမ ကြည့်လိုက်သောအခါတွင် ချင်းယောင်သည် မဆင်မခြင်တိုးဝှေ့လာခဲ့သည် ။လူအုပ်ကြီးသည် ရုတ်ချည်း ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည် ။ ဤလူများသည် အစတည်းကပင် ရမ်းကားကြမ်းတမ်းသည့်သူများဖြစ်သော်လည်း ကားနှင့်ရောက်ချလာသောသူသည် သူတို့ထက်ပင် ပို၍ သေစေနိုင်လောက်သည် ။ သူတို့သည် သူ၏ကားအား တိုက်ရိုက်ပင် ထုရိုက်လာကြသည် ။


ချင်းယောင်၏ ကားသည် ပရမ်းပတာဖြစ်နေသော လူအုပ်ကြီးကြားထဲမှ အလျင်အမြန်မောင်းထွက်လာခဲ့သည် ။


ကျယ်ပြန့်သော နေ့အလင်းရောင်ရှိနေချိန်တွင် သူသည် တင်းမာသော မျက်နှာထားဖြင့် ပေါ်ထွက်လာခဲ့ပြီး ကားတံခါးအားဖွင့်ကာ သူ၏ အနွေးထည်အား ကျုံးယို့ယို့၏ ခေါင်းပေါ်တွင် ခြုံပေးလိုက်ပြီး သူမကို သူ၏ ကားထဲသို့ တိုက်ရိုက်ပင် ခေါ်သွားခဲ့သည် ။


 လှုပ်ရှားမှုများသည် တစ်ချက်ထဲနှင့်ပင် အပြီးသတ်သွားသည် ။


 ကျုံးယို့ယို့သည် ကားထဲသို့ ထည့်ခံရပြီး ချင်းယောင်သည် သူမအား အပေါ်မှ အောက်သို့ သေချာကြည့်ကာ သူမထံတွင် တစ်ခုခုထိခိုက်မှုမရှိကြောင်း အတည်ပြုလိုက်သည် ။ 

" မင်းဘာလို့ ဖုန်းမကိုင်ခဲ့တာလဲ ။ မင်းဘယ်မှာလဲဆိုတာတောင် ကိုယ်မသိခဲ့ရဘူး ။ "


 ကျုံးယို့ယို့ စကားပြောချိန်မရလိုက်ခင်တွင် လူအုပ်ကြီးသည် ပို၍ ပင် ရူးသွပ်လာခဲ့သည် ။ ထိုနက်မှောင်သော အသားအရေနှင့် လူငယ်ပင် ဦးဆောင်ကာ သူ့အား ရန်လိုစွာ ဝိုင်းထားခဲ့ကြသည် ။ကိစ္စများသည် အဓိကအချက်သို့ ရောက်သွားပြီး မည်သူကမှ လှုံ့ဆော်မှုမရှိဘူးဆိုလျှင် သရဲပင် ထိုအရာအား ယုံလိမ့်မည် မဟုတ်ပေ ။


ဤအကြိမ်တွင် ကျုံး၏ ပြိုင်ဘက်သည် သူ၏ သွေးအား ချခင်းလိုက်ပြီဖြစ်သည် ။


 လွန်ခဲ့သောညက မည်သူသည် အစောဆုံး ကျုံးမိသားစုနှင့် သွား၍ အပေးအယူလုပ်မည်လည်း ဆိုသည်ကို ကျုံးယို့ယို့ခန့်မှန်းနေခဲ့သည် ။ ဝတ္ထုထဲတွင် ရှန်းချီ သည် ကျုံးမိသားစုအား ထပ်ခါတလဲလဲ တိုက်ခိုက်ခဲ့သည် ။ သို့သော် ဤအခြေအနေထိရောက်အောင်တော့ ပြဿနာမရှာခဲ့ချေ ။ အဘယ်ကြောင့်ဆိုလျှင် သူမတတ်နိုင်သောကြောင့် ဖြစ်သည် ။ ဤတစ်ကြိမ်တွင် သူ့ထံ၌ ကျုံး၏ အတွင်းတစ္ဆေ သေချာပေါက်ရှိနေရမည် ။


ဤအကြိမ်တွင် ကျုံးကို မသုတ်သင်နိုင်မည်ကို ရှန်းချီကို မကြောက်ပေ ။ သူသည် သူ့ကိုယ်သူပင် ထောင်ထဲသို့ ပို့လိမ့်မည် ။


ကျုံးယို့ယို့သည် ချင်းယောင်အားကြည့်ကာ သက်ပျင်းချလိုက်သည် ။ 

" အစက ငါရယ် ရှောင်ကျောက်ရယ်ပဲ မသွားနိုင်တာ ။ အခုတော့ကြည့်အုန်း ။ နင်လည်းမသွားနိုင်တော့ဘူး ။ "


ချင်းယောင်သည် သူမ၏ လက်အား တင်းကြပ်စွာ ဆုပ်ကိုင်လာခဲ့ပြီး စကားပြောဟန်ပြင်လိုက်သည် ။ သို့သော် ရုတ်တရက်ကြီး အရှေ့ဘက်နားရှိ ကားတစ်စီး၏ ဝီစီသံကို ကြားလိုက်ရသည် ။


ရွေ့လျားမှုများသည် အလွန်ကျယ်လောင်နေပြီး သူတို့အား ဝိုင်းထားသော လူအုပ်သည်ပင် ထိုဘက်သို့ ကြည့်လာကြသည် ။


" သူတို့ကို မဝိုင်းထားတော့နဲ့ ။ လမ်းတစ်ဝက်မှ ပေါ်လာတဲ့သမီးထက် သားက ပိုပြီး အဖိုးတန်လိမ့်မယ် "


ကျုံးရှီယို့လား ။


ကျုံးယို့ယို့ နှင့် ချင်းယောင်နှစ်ယောက်လုံး ခဏမျှ အေးခဲသွားခဲ့ပြီး ထိုဘက်သို့ လှည့်ကြည့်လိုက်သည် ။


စမှတ်မှ တောမီးများ ရုတ်ချည်း ဆုတ်ခွာသွားသကဲ့သို့ပင် ထိုရူးသွပ်နေသော သူများသည် တစ်ဖက်သို့လှည့်ကာ အနောက်ဘက်လမ်းမှ ကားဆီသို့ တစ်ဟုန်ထိုးပြေးသွားကြသည် ။


သူတို့လူစုကွဲသွားသည်နှင့် တစ်ပြိုင်နက် ကျုံးယို့ယို့သည် ရှင်းရှင်းလင်းလင်း မြင်နိုင်သွားသည် ။ လမ်းတစ်ဖက်တွင် ထိုကလေး ကျုံးရှီယို့သည် ကျင်းမင်နှင့် အမှန်ပင် မောင်းထွက်လာခဲ့ပြီး အပြေးအလွှားထွက်လာခဲ့သည် ။ သူသည် ပုံစံမျိုးစုံဖြင့်ပင် လှုပ်ရမ်းနေကာ သီချင်းအား ကျယ်လောင်စွာဖွင့်ထားပြီး သူ့အား တစ်ယောက်မှ ရှာမတွေ့မှာကို စိုးရိမ်နေသကဲ့သို့ပင် ဖြစ်နေသေးသည် ။


ကျုံးရှီယို့သည် သူမဘက်သို့ကြည့်နေပြီး လူအုပ်ကြီးသည် သူတို့နားမှ ခွဲသွားသည်ကို သေချာစေပြီးသောအခါ ကျင်းမင်သည် လီဗာ အားနင်းလိုက်ပြီး ကားဟွန်းကို မြည်အောင်လုပ်ခဲ့သည် ။ထို့နောက် ကလေးနှစ်ယောက်၏ ကားသည် ရုတ်တရက် အခြားဘက်သို့ မောင်းထွက်သွားခဲ့သည် ။