အပိုင်း ၁၃၅
Viewers 14k

Chapter 135



ဤမြင်ကွင်းသည် သည်းထိတ်ရင်ဖိုဖြစ်စေသော မြင်ကွင်းမျိုးပင် ။ အနီးနားတွင် ဝိုင်းနေသော လူအုပ်ကြီးသည် မကြာခင်က လူစုခွဲသွားခြင်းသာမရှိလျှင် အစုအလိုက်အပြုံလိုက်ဖြစ်လာကြမည်ကိုပင် ကြောက်ရသည် ။


 တောက်ပနေသော နေရောင်ခြည် ၊  စိုထိုင်းစရှိနေသော လေထု နှင့် နက်မှောင်ပြီးပိန်ပါးသော လူငယ်သည် ရိုက်တံကို ကိုင်ထားကာ သူတို့ကိုဖမ်းဖို့ရန်အတွက် လူအများကို ဦးဆောင်နေခဲ့သည် ။


  ပို၍ ဆူညံပွက်လောရိုက်လာမှုများ မရှိသေးခင် ချင်းယောင်သည် လီဗာကို နင်းလိုက်ပြီး ကားသည် လေးမှ လွှတ်လိုက်သော မြားထွက်သွားသကဲ့သို့ လက်နက်ဖြင့်ဝိုင်းထားသော လူအများကြားမှ ချက်ချင်း ထွက်ခွာသွားခဲ့သည် ။


ရှောင်ကျောက်သည်လည်း စတီယာရင်ဘီးအား တုန်ရီစွာ ကိုင်ထားပြီး သူ့နောက်မှ မောင်းနှင်လာခဲ့သည် ။


ကျုံးရှီယို့သည် သူ၏ ခေါင်းအားလှည့်ကာ အနောက်ဘက်သို့ လှည့်ကြည့်နေဆဲဖြစ်သည် ။ထိုနေရာတွင် ရှိနေသော ကားနှစ်စီးသည် မောင်းထွက်သွားသည်ကို တွေ့ရတော့မှသာ သူသည် စိတ်သက်သာရာရသွားကာ တိုက်တွန်းစကားဆိုလိုက်သည် ။


" မင်းမြန်မြန်မောင်းပေးလို့ရမလား "


ကားသည် တစ်လမ်းလုံး လျင်မြန်စွာမောင်းနှင်လာခဲ့ပြီး ကျင်းမင်သည်လည်း ချွေးများ လွန်စွာထွက်နေကာ လီဗာအား ဖိနင်းလိုက်သည် ။


" မင်းကိုယ်တိုင် မောင်းနိုင်တယ်ဆိုရင်တောင် မင်းမှာ ယာဥ်မောင်းလိုင်စင်လည်းမရှိဘူး ၊ မင်းငါ့ကို ခေါ်ရမယ်ဆိုတာကိုတော့ သိတယ် ။ ငါမင်းကြောင့် တကယ် ထိခိုက်ရတယ် ။ ငါနဲ့ရှင်းပြဖို့ လိုက်ခဲ့ ။ မဟုတ်ရင် အဖေက သေချာပေါက်ငါ့ကို ရိုက်လိမ့်မယ် ။ "  


  သူယာဥ်မောင်းလိုင်စဥ်ရပြီး မကြာခင်၌ပင် ဆူပူရမ်းကာနေသည့် နေရာတွင် မောင်းနှင်နေရသည် ။သို့သော် မည်သို့ပင်ဖြစ်နေပါစေ ၊ ဘီးလေးဘီးသည် ခြေနှစ်ချောင်းထက် မြန်နေဆဲပင် ဖြစ်သည် ။


သူတို့၏ နောက်ရှိအုပ်စုများသည် အနောက်တွင် ကျန်ခဲ့ပြီဖြစ်သည်ကို သိရသောအခါ သူသည် စနောက်နေဆဲဖြစ်သည် ။ 


" ငါပြောတာက မင်းတို့ ကျုံးမိသားစုရဲ့ လုပ်ဆောင်ချက်တွေက တစ်ကယ်ကြီးမားတာပဲ ။ ပြီးတော့ ဒေဝါလီခံရဖို့ ဖြစ်နိုင်ခြေက သွေးထက်သံယိုအခြေအနေမျိုးအထိကို ဖြစ်စေနိုင်တယ် ။ "


" ငါ့မိသားစုက ဒေဝါလီခံရတော့မယ် "

  ကျုံးရှီယို့ မပျော်ရွှင်စွာ ပြောလိုက်သည် ။ သူ၏ နှလုံးသည် အလွန်ခုန်နေပြီး အထက်သို့ ဆန်တက်တော့မလိုပင် ဖြစ်နေသော်လည်း " ဘန်း "  ဟူသော အသံကိုသာ ကြားလိုက်ရသည် ။


  ကျယ်လောင်စွာအော်နေသော အသံများနှင့် ရော၍ တစ်စုံတစ်ခုဖြင့် ကားပြတင်းမှန်အား ရိုက်ခွဲခံလိုက်ရသည် ။ ထိုအရာသည် လက်ဖဝါးတစ်ပြင်စာမျှရှိသော အုတ်ခဲပင် ဖြစ်သည် ။


  အလွန်ကို ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး လူအုပ်ကြီးမှ မည်သူက ပစ်လိုက်လည်း ဆိုသည်ကိုပင် ရှင်းရှင်းလင်းလင်းမမြင်ရချေ ။ ကျုံးရှီယို့သည် လျင်မြန်စွာ ကိုယ်ကိုငုံ့ချလိုက်ပြီး သူ၏ ခေါင်းအားလှည့်ကာ ကွယ်ဝှက်ထားလိုက်သည် ။ အုတ်ခဲသည် အလွန်အန္တရာယ်များပြီး ထိုအရာသည်သူ၏ ပါးပြင်ဘေးနားမှ ပွတ်တိုက်သွားကာ ကားမှန်ကို ထိမိပြီး ပင့်ကူအိမ်ပုံစံ အက်ကွဲကြောင်းများ ဖြစ်သွားစေခဲ့သည် ။ ကျင်းမင်သည် အလွန်ကြောက်လန့်သွားကာ သူ၏ ခေါင်းကိုစောင်းလိုက်ပြီး ကျုံးရှီယို့၏ ပါးတွင် ပွန်းပဲ့သွားသည်ကို တွေ့လိုက်ရသည် ။ ထို့နောက် သွေးများသည် တစ်စက်ပြီး တစ်စက် ကျနေခဲ့သည် ။


ကျုံးရှီယို့သည် သူ၏ မျက်နှာအား ပြန်ထိကြည့်လိုက်ကာ သွေးအနည်းငယ်ကို ခံစားမိလိုက်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့လာခဲ့သည် ။


ချင်းယောင်သည် ကျုံး၏ ဗီလာသို့ မောင်းနှင်လိုက်သည် ။ ဤတစ်ကြိမ်သည် လွန်ခဲ့သော နှစ်ဝက်ခန့်တွင် ကျုံးယို့ယို့ ထိုနေရာမှ ထွက်သွားသည့် အချိန်မှစ၍ ပထမဆုံးအကြိမ် ပြန်လာခြင်းဖြစ်သည် ။


သူမသည် ကုတ်အင်္ကျီကို ယူလိုက်ပြီး ရှုပ်ထွေးသော ခံစားချက်များဖြင့် ကားအတွင်းမှ ထွက်လာခဲ့သည် ။


ဤအချိန်ကာလ အပိုင်းအခြားတွင် ကျုံးမိသားစုသည် ရှင်းရှင်းလင်းလင်းပင် ထိုရုန်းရင်းဆန်ခတ်အခြေအနေထဲတွင် ရောက်နေခဲ့သည် ။ အမြဲစောင့်ကြပ်နေသည့် ယာဥ်မောင်းသည် ကြားရက်များတွင် မရှိတော့ပေ ။ ဤဒါရိုက်ဘာသည် ပါပါးကျုံးမှ လွှတ်လိုက်သည်လား သို့မဟုတ် ကျုံးမိသားစု ဒေဝါလီခံရမည်အား ကြောက်ရွံ့နေခြင်းလား သူမ မသိပေ ။ထို့ကြောင့် သူသည် စောစီးစွာပင် ထွက်ပြေးသွားခဲ့သည် ။တံခါးနားရှိ သစ်ပင်ပန်းပင်များသည် ဂရုမစိုက်သည်မှာ ရက်အတော်ကြာပြီဖြစ်သည် ။ထိုအရာများသည် ပထမဆုံးကြည့်လိုက်ရုံဖြင့်ပင် အနည်းငယ် ယိုယွင်းနေသည့်ပုံပေါ်သည် ။


 ချင်းယောင်သည်သူမအတွက် ကားတံခါးကို ဖွင့်ပေးပြီး ပြောလိုက်သည် ။

" မင်းမောင်လေး နဲ့ သူ့ရဲ့အတန်းဖော် အခုထိ ပြန်မလာသေးဘူး ။ အရင်အထဲဝင်နှင့်လိုက် ။ ကိုယ်သူတို့ကို ရှာပြီး ပြန်လာခဲ့မယ် ။ "


ကျုံးယို့ယို့ ခေါင်းညိတ်ပြလိုက်သည် ။


  လုံးဝကို မမျှော်လင့်ထားစွာပင် မကြာခင်အချိန်လေးက ကျုံးရှီယို့သည် ထိုနေရာ၌ ပေါ်လာခဲ့သည် ။ 


  ဤကမ္ဘာတွင် သူသည် ချင်းယောင်တစ်ယောက်ထဲနှင့်သာ ရင်းနှီးခဲ့သည် ။ သူမ၏ အပိုင်းအခြားထဲတွင် ချင်းယောင်တစ်ယောက်ထဲကိုသာ ထည့်တွက်ခဲ့သောကြောင့် ခက်ခဲသည်ဖြစ်စေ ၊ ပျော်ရွှင်နေသည် ဖြစ်စေ ချင်းယောင်ကိုသာ ဝေမျှခဲ့သည် ။ ယခုလေးတင် ချင်းယောင်သည် သူမအား အဝေးသို့ခေါ်ထုတ်လာရန် ပြင်းပြင်းထန်ထန် မောင်းနှင်လာခဲ့သည် ။ သို့သော် သူမ


ကျေးဇူးတင်စကားမပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုပါက ချင်းယောင် အန္တရာယ်ထဲကျရောက်နေလျှင် သူမသည်လည်း တူညီစွာပင် လုပ်လိမ့်မည် ဖြစ်သည် ။


  သို့သော် ယခုတွင် ကျုံးရှီယို့သည်လည်း သူမအတွက် အန္တရာယ်ထဲကျရောက်ခဲ့ရသည် ။သူ့ထံတွင် တစ်စုံတစ်ရာဖြစ်လာမည်ကို သူမ မလိုချင်ပါ ။ သူမ မျက်နှာသာပေးရန် အကြွေးတင်သွားပြီ ဖြစ်သည် ။


ချင်းယောင်သည် ကားပေါ်သို့တက်သွားပြီး ကျုံးယို့ယို့သည် စိုးရိမ်နေဆဲဖြစ်ကာ ကားပြတင်းအားခေါက်လိုက်ပြီး 

"   လူနှစ်ယောက်ကို ပြန်ခေါ်လာဖို့ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက် "


" စိတ်မပူပါနဲ့ " ချင်းယောင်းပြုံးပြကာ လျင်မြန်စွာ မောင်းထွက်သွားခဲ့သည် ။


တံခါးအပြင်ဘက်တွင် လှုပ်ရှားနေသည့် အသံများကိုကြားသောအခါ၌ ယွီမားတွင် အသီးအရွက်များဆေးကြောနေရန် အချိန်မရှိတော့ပေ ။သူမသည် အထဲမှ အလျင်အမြန်ပြေးထွက်လာပြီး ကျုံးယို့ယို့ လာနေသည်ကိုမြင်သောအခါ သူမမျက်လုံးများကိုပင် မယုံနိုင်ဖြစ်ခဲ့ရသည် ။ ကျုံးယို့ယို့ သူမဆီကို လာနေသည်အား တွေ့သောအခါ သူမ ရုတ်တရက် အံ့အားသင့်စွာပြောလိုက်သည် ။

" သခင်ကြီး ၊ သခင်မ  အကြီးဆုံးသခင်မလေး ပြန်လာပြီ "


ကျုံးယို့ယို့သည် ထိုနာမည်အား အတော်ကြာမှ ပြန်ကြားရသောအခါ သူမ၏ နှုတ်ခမ်းထောင့်စွန်းများအား  ရှုပ်ထွေးစွာပင် ကော့ညွှတ်လိုက်သည် ။


ထိုအချိန်တွင် ပါပါးကျုံးသည် ကုမ္ပဏီသို့ မသွားခဲ့ပေ ။ သူသည် ထိုရက်များအတွင်းတွင် အလွန်အလုပ်ရှုပ်နေကာ သူ၏ ခေါင်းတွင် ဆံပင်များအနည်းငယ်ဖြူနေပြီး သူ၏ သွေးဖိအားသည်လည်း မြင့်တက်နေခဲ့သည် ။ ထိုအရာသည် ကုမ္ပဏီသို့ သွားရန် ကူညီရာမရောက်ခဲ့ပေ ။ သူ့လက်အောက်မှ လက်အောက်ငယ်သားအုပ်စုသည် ခေါင်းမပါသောယင်ကောင်များကဲ့သို့ပင် ဘယ်လိုကူညီရမည်ကို မသိကြပေ ။ သူသည် အလွန်ဒေါသထွက်ခဲ့သည် ။ ထို့ကြောင့် ရိုးရှင်းစွာပင် ကုမ္ပဏီကိစ္စရပ်များအား အိမ်မှသာ ညွှန်ကြားထိန်းချုပ်ထားရသည် ။


  သူသည် ချင်းယောင်အား အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့ပြီး ယခင်က အဖြေများအားလုံးသည် ငြင်းဆိုချက်များသာဖြစ်သည် ။ ဘာကြောင့်လည်းဆိုသည်ကို သူ မသိသော်လည်း မနေ့ညက ချင်းယောင်သည် ဆက်သွယ်လာခဲ့ပြီး သူ့အား ရန်ပုံငွေကူညီပေးမည်ဆိုသောကြောင့် သူစိတ်သက်သာရာရသွားရသည် ။


အလွန်တန်ဖိုးရှိသော အရာသည် နှင်းတောထဲတွင် မီးသွေးတုံးအား ရရှိလိုက်ခြင်းပင် ဖြစ်သည် ။


  အခြားသူငယ်ချင်းဟောင်းများသည် ကျုံးမိသားစုရင်ဆိုင်နေရသော ကပ်ဆိုက်ကာလသည် အလွန်ပြင်းထန်မှန်း သိကြသည် ။ ကျုံးမိသားစုကို ကူညီပေးပြီးသွားလျှင် ကျုံးမိသားစုဘက်မှ ပြန်မပေးနိုင်မည်နှင့် ဆင်တူလှသည် ။ ထို့နောက်တွင်တော့ ရန်ပုံငွေသည်  အချည်းအနှီးဖြစ်နေခဲ့သည် ။ 


သို့သော် ချင်းယောင်သည် ဦးဆောင်ပြီး ကူညီပေးရန် ဆန္ဒရှိနေခဲ့သည် ။ ချင်းယောင်သည် ကျုံးယို့ယို့ကြောင့် ကူညီပေးသည်ကိုသာ သိသော်လည်း ပါပါးကျုံးသည် ကျေးဇူးတင်နေဆဲပင်ဖြစ်သည် ။


  လွန်ခဲ့သောညက  ဖုန်းကိုင်ခဲ့သော ပါပါးကျုံးသည် အလွန်ကို ခံစားနေခဲ့ရသည် ။ သူ၏ ဘဝတွင် များသောအားဖြင့် စီးပွားရေးသာ လုပ်ခဲ့ရသော်လည်း သူလုံးဝမသိခဲ့သည်မှာ တစ်နေ့တွင် သူ့အားကယ်တင်နိုင်ရန် သူ့သမီး၏ သတို့သားလောင်းကို မှီခိုရမည်ဟုပင် ။


ကျုံးယို့ယို့သိသည်ဖြစ်စေ ၊ ဖြစ်နိုင်ချေရှိသည်ဖြစ်စေ သူသည်လည်း ချင်းယောင်ကို အကူအညီတောင်းဆိုနိုင်ရန် မေးချင်ခဲ့သည် ။ ကျုံးယို့ယို့၏ ပါးစပ်သည် မာကြောပြီး နူးညံ့သည် ။ အပေါ်ယံတွင် သူမသည် ကျုံးမိသားစုနှင့် ဆက်ဆံရေးအား ဖြတ်တောက်ပစ်လိုက်ပြီဟု ဆိုသော်လည်း တိတ်တဆိတ်ချင်းယောင်အား ကူညီခွင့်ပြုခဲ့သည် ။


ထိုဖြစ်နိုင်ချေအား သူတွေးမိသွားသောအခါ သူသည် ရှုပ်ထွေးနေပြီး နူးညံ့နေသကဲ့သို့ ခံစားလိုက်ရသည် ။ သေချာပေါက် သူသည် အတွေးများနေမှန်းကို သိသည် ။


သို့သော် သူသည် ယခုတွင် ကျုံးယို့ယို့ ပြန်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ ။


ပါပါးကျုံးသည် မွန်းကြပ်သွားရပြီး သူမအား ကြိုဆိုရန် မာမားကျုံးနှင့် အတူ လျင်မြန်စွာထွက်လာခဲ့သည် ။


မာမားကျုံးသည် အဝတ်အထည်များအား သေချာဂရုတစိုက်ဝတ်နေဆဲဖြစ်သော်လည်း ပါပါးကျုံး၏ ကိုယ်ပေါ်မှ ဝတ်စုံသည် ပုံပျက်နေခဲ့သည် ။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူသည် သူ၏ ကုမ္ပဏီကိစ္စရပ်များဖြင့် အလွန်အလုပ်များနေပြီး သူ၏ သွင်ပြင်ကိုပင် လုံးဝဂရုမစိုက်နိုင်တော့ချေ ။


" ယို့ယို့ " ပါပါးကျုံးက တိုးတိတ်စွာခေါ်လိုက်သည် ။သူတို့နှာခေါင်းထဲတွင် ချဥ်စူးစူးခံစားနေရပြီး ဘာပြောရမည်လဲဆိုသည်ကို မသိကြတော့ပေ ။


သူမ နောက်ဆုံးအခေါက်က ကျုံးယို့ယို့ကို တွေ့လိုက်ရသည့်အချိန်မှစပြီး သူမသည် သူတို့၏ ရှေ့တွင် နောက်တစ်ခါထပ်ပေါ်လာသည်ကို မတွေ့ရတော့ပေ ။ယခုအချိန်တွင်တော့ ကျုံးယို့ယို့ ရုတ်တရက်ပြန်လာသည်ကို သူမတွေ့လိုက်ရပြီး ထိုအရာသည် အမှန်လားဆိုသည်ကိုပင် သူမ မယုံကြည်နိုင်ခဲ့ချေ ။သူမ လျှောက်သွားပြီး ကျုံးယို့ယို့၏ လက်အား ဆုပ်ကိုင်ထားချင်သော်လည်း လက်အားဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျုံးယို့ယို့သည် တည်ငြိမ်စွာပင် သူမ၏ ခန္ဓာကိုယ်အား ဘေးသို့ရွေ့သွားခဲ့သည် ။

မာမားကျုံးသည် အနည်းငယ်တောင့်တင်းသွားခဲ့ပြီး ဝမ်းနည်းလာရသည် ။


မည်သို့ပင်ဖြစ်စေ ကျုံးယို့ယို့သည် ဤကိစ္စတွင် ကျုံးမိသားစု၏ ကြီးမားသောကပ်ဆိုက်ကာလအခြေအနေအား သိရသောအခါ လိုလိုလားလား ပြန်လာခဲ့သည် ။ သူမ ထိုကဲ့သို့ လုပ်ပေးနိုင်ပြီး ပါပါးကျုံးနှင့် မာမားကျုံးသည် အတော်လေးစိတ်သက်သာရာရသွားရသည် ။


ကျုံးယို့ယို့ပြောလိုက်သည် ။ " အထဲဝင်ပြီး ပြောရအောင် "


" ဟုတ်ပြီ အထဲအရင်ဝင်မယ် "

 သူ၏ ရှုပ်ထွေးနေသော ခံစားချက်များမှ ပါပါးကျုံးသည် စကားလုံးအား ထုတ်ပြောရန် အနည်းငယ်အချိန်ယူလိုက်ရသည် ။


   လူအချို့သည် အိမ်ထဲသို့ ဝင်တော့မည့်အချိန်တွင် ထိုနေရာ၌ " ဘန်း " ဟူသော အသံကိုသာ ကြားလိုက်ရသည် ။


  ကျင်းမင်သည် ကားအားအနောက်သို့ ယိုင်နဲ့နဲ့ဖြင့် ဆုတ်သွားခဲ့သည် ။သူ၏ စိုးရိမ်ထိတ်လန့်နေမှုကြောင့် ကားသည် ဗီလာအရှေ့တွင် ရှိနေသော သစ်ပင်ကြီးအား ဝင်တိုက်မိသွားသည် ။ သက်ကယ်လေအိတ်ဖြင့် ကားအရှေ့ရှိ ဘန်ပါသည် အနည်းငယ် ချိုင့်သွားခဲ့သည် ။သို့သော်လည်း အထဲရှိ လူများအားလုံး အဆင်ပြေကြသည် ။


 ပါပါးကျုံး နှင့် မာမာကျုံးသည် ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန်ပြေးသွားကြသည် ။ ပါပါးကျုံးသည် ပို၍ ဒေါသထွက်နေရသည် ။


" ကျုံးရှီယို့ ၊ ယုန်ပေါက်လေး ဘယ်ရောက်သွားတာလည်း ။ အကျပ်အတည်းကာလမှာ ပြေးလွှားမနေဖို့ မပြောထားဘူးလား ။ "


  ကျင်းမင်သည် တံခါးအား တွန်းဖွင့်ကာ ငိုကြွေးလာခဲ့သည် ။

" အန်ကယ် မဆူပါနဲ့တော့ ၊ အန်ကယ့်သားကို တစ်ချက်ကြည့်လိုက်ပါ.. "


သူစကားမဆုံးသေးခင်တွင် သခင်မကျုံးသည် သူ့အားတွန်းဖယ်ကာ ကားထဲမှာထွက်လာသော ကျုံးရှီယို့အား ထိတ်လန့်ကြီးစွာဖြင့် ဖက်ထားလိုက်သည် ။ သူ၏ မျက်နှာတွင် သွေးကို မြင်လိုက်ရသောအခါ သူမ သတိလစ်မလိုပင် ဖြစ်သွားရသည် ။


ပါပါးကျုံးသည်လည်း အနည်းငယ်မူးဝေသွားပြီး သူ၏ မျက်ခွံများပင် ပေါက်ထွက်တော့မတက်ဖြစ်သွားရသည် ။

" ဘာဖြစ်လာတာလဲ "


" မား ၊ အဲ့တာက အဆင်ပြေပါတယ် " 

 သူသည် တံတွေးမထွေးထုတ်နိုင်သောကြောင့် ကျင်းမင်၏ လက်ကိုသာ ပုတ်ထုတ်လိုက်သည် ။

" အဲ့တာက ကျွန်တော့်မျက်နှာမှာ ပွန်းသွားရုံပါပဲ ။ ကျွန်တော် မသေသေးပါဘူး ။ ကိစ္စကြီးမဟူတ်ဘူး ။"


သူသည် ကားထဲမှ တစ်ရှူးရွက်အနည်းငယ်ကို ယူလိုက်ပြီး သူ၏ မျက်နှာအား သန့်ရှင်းအောင် သုတ်လိုက်သည် ။ ထို့နောက်မှသာ သူသည် သူ၏ အနာအား ပေါ်လွင်စေပြီး အချိန်တိုတွင်း၌ပင် ထိုအရာသည် ဘာမှ ပြင်းပြင်းထန်ထန်မဟုတ်ခဲ့ပေ ။


ပါပါးကျုံးသည် စိတ်သက်သာရာရသွားကာ သက်ပျင်းချလိုက်သည် ။


" အဲ့ဒဏ်ရာက ဘယ်လိုလုပ်ရလာတာလဲ "


ကျုံးရှီယို့သည် မီးအား လောင်စာထပ်မထည့်နိုင်တော့ပေ ။ ထို့ကြောင့် ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေခဲ့သည် ။


" ဒါက ကျွန်တော်ဒီနေ့ ကားမောင်းဖို့ သွားရရုံတင်ပါ ။ သူကျွန်တော့်ကို အတူတူဆွဲခေါ်သွားပြီးတော့ ပြောင်းစီးလိုက်တဲ့ကားက သစ်ပင်တွေတန်းစီထားတဲ့ဘက်ကို မောင်းသွားတာ ။ ကျွန်တော်က သစ်ပင်တွေရဲ့ သစ်ကိုင်းနဲ့ ခြစ်မိပြီးပွန်းသွားတာ ။ "


ကျင်းမင် "..."


ပါပါးကျုံးသည် ကျင်းမင်၏ မျက်နှာအားကြည့်လိုက်ပြီး သူ၏ မျက်နှာသည် မဲမှောင်နေကာ " ဒီကလေးက အန္တာရယ်ပဲ ။ အခွင့်အရေးကိုသာ ရှာထား ။ ငါတစ်စုံတစ်ယောက်ကိုမေးပြီးတော့ သူ့ရဲ့ခြေထောက်တွေကို ချိုးပစ်မယ် " ဟူသော အမူအရာဖြစ်နေခဲ့သည် ။ 


"..."  

ကျင်းမင်သည် သူ၏ နောက်ကျောတွင် အိုးအားသယ်ဆောင်ထားရသကဲ့သို့ လေးလံနေကာ ဘာမှမပြောရဲခဲ့ပေ ။


မာမားကျုံးသည် ပူပန်နေဆဲဖြစ်ပြီး  သားဖြစ်သူ၏လက်မောင်းကိုဆွဲထားကာ စိတ်ပင်ပန်းစွာပင် မျက်ရည်များပါ ကျလာခဲ့သည် ။


" မင်းကို အပြင်မထွက်ဖို့ မား မပြောဘူးလား ။ မင်းအပြင်ထွက်ရင် သက်တော်စောင့်တွေ ခေါ်သွားဖို့လိုတယ် ။ အခုအပြင်မှာ ဘယ်လောက်ရှုပ်ထွေးနေလဲ ဆိုတာတောင် မသိဘူး ။ ကံကောင်းလို့ ဘာမှမဖြစ်သွားတာ ။ အခုတော့ အကျိုးအပဲ့တွေကနေ မျက်နှာမှာ ပွန်းကုန်ပြီ  ။ ဘာလို့ ဒီလောက် မနာခံရတာလဲ ။ "


ကျုံးရှီယို့ မျက်မှောင်ကြုတ်လိုက်သည် ။ 

" မား လွှတ်ပါအုန်း ။ကျွန်တော့်လက်နာနေပြီ "


မာမားကျုံး အလျင်အမြန်ပဲ သူ၏ လက်အား လွှတ်ပေးလိုက်သည် ။


 ကျုံးရှီယို့၏ အကြည့်သည် အနောက်တွင် ရပ်နေသော ကျုံးယို့ယို့ ပေါ်သို့ ကျရောက်သွားခဲ့သည် ။သူသည် ချီးကျူးမှုအား ရယူလိုသော်လည်း သူ မလုပ်ရဲခဲ့ပေ ။ ထို့ကြောင့် သူတိုးတိတ်စွာပင် ခေါ်လိုက်သည် ။

" အစ်မ "


   ကျုံးယို့ယို့သည် ထိုမြင်ကွင်းကိုသာ ခံစားနေခဲ့ရသည် ။ ကျုံးရှီယို့၏ မျက်နှာပေါ်မှ ဒဏ်ရာသည် ထိုမျှလောက် မရိုးစင်းမှန်း သူမ သိသည် ။ သို့သော်လည်း သူမ ဘာမှမပြောလိုက်ပေ ။မာမားကျုံးသည် တရှုံ့ရှုံ့ငိုနေဆဲဖြစ်ပြီး သူမ၏ဆူညံသံများသည် ခေါင်းကိုက်စေပေသည် ။ ကျုံးယို့ယို့ မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ အမေအားပြောလိုက်သည် ။


 " အရမ်းမစိုးရိမ်ပါနဲ့ ။ မိသားစုဆရာဝန်ကို လာဖို့ ဖုန်းဆက်ပြီးတော့ မေးခိုင်ပိုးမဝင်အောင် ပတ်တီးစည်းခိုင်းလိုက်ပါ "


ပါပါးကျုံးသည်လည်း ယခုတွင် စိတ်ရှင်းသွားပြီဖြစ်သည် ။

 "ဟုတ်တယ် ။ မိသားစုဆရာဝန်ကို ဖုန်းဆက်လိုက် " သူသည် ဤရက်ပိုင်းအတွင်း အလွန်ခြေကုန်လက်ပန်းကျနေပြီ ဖြစ်သည် ။


မာမားကျုံးသည် သူမ၏ မျက်ရည်များအား သုတ်လိုက်သည် ။

" ယို့ယို့ ကံကောင်းထောက်မစွာနဲ့ သမီးပြန်ရောက်လာပြီ ။ ဒီမိသားစုက အတော်လေးငြိမ်သက်သွားပါပြီ "


ကျုံးရှီယို့သည် စပ်ဖြီးဖြီးလုပ်နေခဲ့သည် ။ သူ၏ အစ်မသည် လျစ်လျူရှူထားပုံပေါ်သော်လည်း သူမသည် သူ့အတွက် ဆရာဝန်ခေါ်ပေးခဲ့သည် ။ ထိုအရာသည် ကြင်နာစွာဆက်ဆံပေးခြင်းပင် မဟုတ်ပါလား ။


သူသည် သူ၏ ပါးအား ခွက်ဝင်အောင် စုပ်လိုက်ကာ စပ်ဖြီးဖြီးအပြုံးအား ထိန်းထားရန် ကြိုးစားလိုက်ပြီး အမှုမထားသလိုပင် ဟန်ဆောင်နေလိုက်သည် ။

" ကျွန်တော် တကယ်အဆင်ပြေပါတယ် "


 ကျုံးအိမ်၏ ဧည့်ခန်းတွင် သေချာပိရိစွာထိုင်နေကြသော အစေခံအုပ်စုရှိနေကြသည် ။ ယွီမား နှင့် အခြားအစေခံများသည် ကျုံးသခင်ကြီး အရေးကြီးသည့် အရာကို ဆွေးနွေးတော့မည်မှန်း သိလိုက်သည် ။ ထို့ကြောင့် သူတို့သည် မီးဖိုချောင်ထဲသို့သာ ချက်ပြုတ်ရန် သွားလိုက်ကြသည် ။ 


ကျုံးယို့ယို့သည် ချင်းယောင်အား ခေါ်လိုက်ပြီး ခဏအကြာတွင် လူများအား သွားရောက်ခေါ်ဆိုသော ချင်းယောင်သည်လည်း ပြန်ရောက်လာခဲ့သည် ။ အပြင်လူ ကျင်းမင်အပါအဝင် ကျုံးမိသားစုဝင်များသာရှိနေကြသည် ။


ရုန်းရင်းဆန်ခတ်ဖြစ်နေသော အခြေအနေအား အခွင့်ကောင်းယူကာ တစ်စုံတစ်ယောက်မှ အုတ်ခဲနှင့် ပစ်လိုက်ပြီးသောအခါတွင် ကျုံးရှီယို့သည် ပါပါးကျူံး နှင့် မာမားကျုံး အားမပြောပြရဲပေ ။ ယခုအချိန်တွင် သူသည် ထိုင်ချလိုက်ပြီး စိတ်ထဲ၌ စတင်တွေးတောနေခဲ့သည် ။


အစမှ အဆုံးထိ ပါပါးကျုံး၏ စီးပွားပြိုင်ဘက်များက အားလုံးလုပ်ခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်သည် ကျုံးမိသားစု ဒေဝါလီခံဖို့ရန် နှင့် ကျုံးမိသားစု၏ အသားအား ဖြတ်စားရန်ထက်မပိုပေ ။စျေးဝယ်စင်တာထဲရှိ လျှို့ဝှက်အကြံအစည်များသည် သေချာပေါက်ပင် သေစေလောက်သည်အထိ မဖြစ်ခဲ့ပေ ။ထို့နောက် ရှန်းချီသည်လည်း ထိုမျှလောက် သတ္တိမရှိသေးပေ ။


ဤကမ္ဘာပေါ်တွင် မည်သူကများ ပြဿနာရှိနေသော ရေထဲတွင် ငါးမြှားမည်နည်း ။ အမှန်တကယ်ပင် သူနှင့် လာရှုပ်ချင်နေခြင်းများလား ။ အတိတ်ဘဝတွင်ဖြစ်စေ ယခုလက်ရှိဘဝတွင် ဖြစ်စေ သူ့ထံတွင် ထိုကဲ့သို့ မသေမျိုးရန်သူဟူ၍ မရှိဘူးပေ ။


 ကျုံးရှီယို့၏ စိတ်သည် ထိုအရာအားတွေးလေလေ ပိုခေါင်းရှုပ်ရလေ ဖြစ်ပြီး ခဏတာမျှ သူဘာမှ ထုတ်မပြောနိုင်ခဲ့ပေ ။


 သူ့ကိုသာ ထိုသူမည်သူဖြစ်သည်ကို သိစေခဲ့လျှင် ထိုလူအား သူသတ်ပစ်မလားဆိုတာကို သေချာပေါက်ကြည့်စေမည် ဖြစ်သည် ။