အပိုင်း ၁၃၆
Viewers 14k

Chapter 136



 ပါပါးကျုံးသည် သူ၏ အဆင့်အတန်းနှင့် ကိုက်ညီအောင် ပြုမူနေထိုင်လိုက်ပြီး ကျုံးယို့ယို့ နှင့် ချင်းယောင်အား သူတို့မသိသေးသော အသေးစိတ်အချက်အလက်များကို ပြောပြလိုက်သည် ။


" ဝူသာ့ကျန်း နဲ့ လီဟိုင်က ကျုံးရဲ့ ဝန်ထန်းဟောင်းတွေပဲ ။ ဒါပေမဲ့ သူတို့ ဒီတစ်ကြိမ်မှာ တစ်ခြားဘက်ကို ဘာလို့ပြောင်းသွားလဲ မသိဘူး ။ ငါတစ်အား စိတ်ပျက်ရတယ် ။ "


" အခု ဒီလူနှစ်ယောက်ရဲ့ မိန်းမတွေ နဲ့ ကလေးတွေက ဆေးရုံမှာပဲ လှဲနေပြီး ကုမ္ပဏီက နစ်နာကြေးပေးဖို့ ဆေးနွေးခဲ့တယ် ။  ပြီးတော့ ဝူသာ့ကျန်း ရဲ့သား ဝူသာ့ရှန်းက လူအုပ်စုကို ဦးဆောင်ပြီးတော့ ထိုင်ကျင်းလမ်းဟောင်းမှာ ပြဿနာရှာပြီး ကိစ္စတွေကို ပိုဆိုးရွားအောင်လုပ်နေတာ ။သူ့ကို လူတွေက အစိုးရဌာနကို ဆွဲခေါ်သွားရင်လည်း အသုံးမဝင်ဘူး ။ ကိစ္စတွေကို ပိုဆိုးစေပြီး ထိုင်ကျင်းလမ်းဟောင်းမှာရှိနေတဲ့သူတွေက ပြဿနာပဲရှာကြမှာ ။ "


  ကျုံးယို့ယို့သည် ဝူသာ့ရှန်းဖြစ်နိုင်သော ထိုနက်မှောင်ပြီးပိန်ပါးသောသဏ္ဍာန်ရှိသည့် လူငယ်အား ပြန်စဥ်းစားလိုက်သည် ။ 


ထိုလူအား အနည်းငယ်ရင်းနှီးနေသကဲ့သို့ ဝိုးတဝါးခံစားလိုက်ပြီး ထိုလူသည် ဝတ္ထုထဲတွင် ဖော်ပြသင့်သည့်သူဖြစ်သည် ။ သို့သော် သူမ သေချာမမှတ်မိပေ ။ထို့ကြောင့် သူမ မျက်မှောင်ကြုတ်ကာ စဥ်းစားနေခဲ့သည် ။


ယခုတွင် လုပ်ရမည့်အချက်မှာ အတွေးအားခဏရပ်ထားဖို့ပင် ။ ရှန်းချီသည် ဤကဲ့သို့ ပြဿနာများဖြစ်လာစေဖို့အတွက် စုပေါင်းအားထုတ်နိုင်မည့် အုပ်စုအား အမှားအယွင်းမရှိအောင် လုပ်နိုင်ရန် ငွေအမြောက်အများသုံးရလိမ့်မည် ။ 


" လွှတ်ထားတာထက်စာရင် ပိတ်ဆို့ထားတာက ပိုဆိုးတယ် ။ "

  ချင်းယောင်သည် ပါပါးကျုံးအား ပေါ့ပေါ့ပါးပါး ပင်ပြောလိုက်သည် ။

" သူ့ကိုသာ ဒီတိုင်းလွှတ်ထားလိုက်ရင် ကျန်တဲ့သူအားလုံးကိုပါ မတားဆီးနိုင်ဘဲ ဖြစ်သွားလိမ့်မယ် "


  ကျုံးမိသားစုသည် လူဆိုးဂိုဏ်းဝင်များမဟုတ်ကြပေ ။ သို့သော် အခြေအနေအရ ပါပါးကျုံးသည် လိုအပ်ပါ တစ်ခါလောက်တော့ သရုပ်ဆောင်ရပေမည် ။ သူသည် နှစ်ပေါင်းများစွာကြာအောင် စီးပွားရေးနယ်ပယ်ထဲတွင် မသမာသော နည်းလမ်းများကို မသုံးခဲ့ဘူးပေ ။ ဤတစ်ကြိမ်တွင်တော့ ရှန်းချီသည် ထိုကဲ့သို့ဖြစ်လာစေရန် သူ၏လက်နှင့် ကိုယ်တိုင်အစပျိုးပေးလိုက်ပြီဖြစ်သည် ။


ပါပါးကျုံးသည် သက်ပျင်းချကာ ချင်းယောင်ကိုပြောလိုက်သည် ။

" ဒီတစ်ကြိမ်မှာတော့ ဘာနည်းလမ်းမှမရှိတော့ဘူး ။ အဲ့တာကြောင့် ချင်းမျိုးရိုးစုဘက်ကို အကူအညီတောင်းလိုက်ရတာပဲ ။ "


ချင်းယောင်သည် ထိုအရာအား ဂရုစိုက်ပေးရန် အစီစဥ်ချထားပြီးသားဖြစ်သည် ။ ထို့ကြောင့် ချင်းယောင်မေးလိုက်သည် ။

 " ဦးလေး ဒီတစ်ခေါက် ပြဿနာရှာလိုက်တဲ့ အလုပ်သမားတွေနဲ့ပက်သက်တဲ့ အချက်အလက်တွေများရှိသေးလား ။ "


" သေချာပေါက်ရှိတာပေါ့ "

 ပါပါးကျုံးသည် လွန်ခဲ့သော ရက်အနည်းငယ်က သူ့လက်ထောက်အား စစ်ဆေးခိုင်းထားသည့် စာရွက်စာတမ်းများကိုရှာပေးရန် မာမားကျုံးကို မေးလိုက်သည် ။


ချင်းယောင်သည် ထိုစာရွက်စာတမ်းများအား တစ်ခုမှမကျန်ခဲ့ရလေအောင် အကြိမ်အနည်းငယ်လောက်လှန်ကြည့်လိုက်ပြီး ခဏလောက် အသေအချာစဥ်းစားနေလိုက်သည် ။


" ဝူသာ့ကျန်း ၊ လီဟိုင် နဲ့ သူတို့ရဲ့မိသားစုဝင်တွေက ဆူပူလှုပ်ရှားမှုကို ဦးဆောင်ကြတဲ့သူတွေပဲ ။ သူတို့ကအဲ့လိုလုပ်ဖို့ ပိုက်ဆံယူထားကြတာ ။ သူတို့ အဲ့လောက်ခက်ခက်ခဲခဲလုပ်ဖို့ကို ရှန်းမိသားစုဘက်က ပိုက်ဆံဘယ်လောက်တောင် ပေးထားလဲမသိဘူး ။ "


ချင်းယောင်ပြောလိုက်သည် ။


" ဒါပေမဲ့ အဲ့နယ်မြေထဲမှာ ရှိတာက လူအယောက်တစ်ရာထက်ပိုတယ်  ။ ရှန်းချီလို နှမြောတတ်တဲ့သူမျိုးက တစ်ယောက်ချင်းစီတိုင်းကို ယွမ်သန်းပေါင်းများစွာပေးနေဖို့ဆိုတာ မဖြစ်နိုင်ဘူး ။ အလိုက်အထိုက် လိုက်နေတဲ့သူတွေအများကြီးရှိနေအုန်းမှာပဲ ။ တကယ်တမ်းမှာ သူတို့က အဲ့ပိုက်ဆံရဲ့ တစ်ဝက်လောက်ကိုတောင် ရမှာမဟုတ်ဘူး ။ ဦးလေး အဲ့လူတွေနဲ့ စလိုက်လို့ရတယ် ။ "


ပါပါးကျုံး အနည်းငယ် သဲလွန်စရသွားကာ မေးလိုက်သည် ။

" မင်း ဆိုလိုချင်တာက "


ချင်းယောင်သည် သူ၏လက်ထဲသို့ အချက်အလက်တစ်ချို့ပေးလိုက်ပြီး ပြောလိုက်သည် ။


"  ဒီလူက ဝမ်ဝမ် လို့ခေါ်တဲ့တစ်ယောက်ပဲ ။ သူ့ရဲ့ အချက်အလက်တွေကို ကြည့်လိုက်ပါ ။ သူ့မှာသားသမီးတွေ ၊သက်ကြီးရွယ်အိုတွေရော ကလေးငယ်တွေရော ရှိတယ် ။ အကုန်လုံးက စားဖို့သောက်ဖို့အတွက် သူ့အပေါ်မှာ မှီခိုနေရတာ ။ အစောပိုင်းနှစ်တွေမှာတုန်းက သူ့မှာ ခြိမ်းခြောက်စာပို့တဲ့ အမှုနဲ့ပက်သက်တဲ့ ကိစ္စတွေရှိဖူးတယ် ။ ဒီလူကို ရှန်းချီက မသုံးနိုင်လောက်ဘူး ။ သူ့ကိုသုံးမယ်ဆို ပိုက်ဆံတော်တော်များများပေးရမှာ ။ ပြီးတော့ ရှန်းချီက ဒီလောက်ပိုက်ဆံအများကြီးပေးရမယ်ဆို ဝန်လေးနေမှာ "


" သူသာ တစ်ကယ်လို့ ဒီအဖြစ်အပျက်က ကျုံးရဲ့ပြိုင်ဘက်တွေက စီစဥ်ထားတယ်လို့သာ သိသွားရင် သေချာပေါက်လှုံ့ဆော်ခံလိုက်ရမှာပဲ ။ ဒါပေမဲ့ ပေါပေါများများမရဘူးဆိုရင် သူသေချာပေါက် ကျေနပ်မှာမဟုတ်ဘူး ။ သူ သေချာပေါက်ရှန်းမိသားစုကို ခြိမ်းခြောက်ဖို့ သွားလိမ့်မယ် ။ "


"ပိုက်ဆံသာ မပေးလိုက်ဘူးဆိုရင် ကိစ္စတွေအကုန်လုံးက ဖော်ထုတ်ခံရလိမ့်မယ် ။ ကျွန်တော်တို့လိုအပ်တာက သူ့ကို ဒီကိစ္စတွေနဲ့ပက်သက်ပြီး  သဲလွန်စသွားပေးဖို့ တစ်စုံတစ်ယောက်ရှာရမယ်  ။ တကယ်လို့ဘာမှဖြစ်မလာခဲ့ဘူးဆိုရင်တောင် သူ့ကို ရှန်းမိသားစုဆီကနေ ကံကြမ္မာကောင်းဖန်တီးနိုင်တယ်ဆိုတာကို တွေးခိုင်းလို့ရတယ် "


" အဲ့ဒီအချိန်မှာ ရှန်းချီက သေချာပေါက်သူ့ကို သေချာစေဖို့အတွက် ပိုက်ဆံများများပေးပြီး ပါးစပ်ပိတ်လိမ့်မယ် ။  ရှန်းချီက ကိစ္စတွေဖော်ထုတ်ခံရမှာကိုကြောက်နေတာ ။ ဒါကြောင့် သူ့ရဲ့ အများသိကိုယ်ပိုင်အကောင့်ကနေတစ်ဆင့် ငွေလွှဲမှာမဟုတ်ဘူး ။ အတွင်းရေး သီးသန့်သုံးတဲ့ အကောင့်ကနေ တစ်ဆင့်ပဲ လွှဲလိမ့်မယ် ။ "


" ဒီအတွင်းရေးသုံးတဲ့အကောင့်မှာ ဝူသာ့ကျန်း ၊ လီဟိုင် နဲ့ အခြားသူတွေကို လွှဲထားတဲ့ ငွေလွှဲမှတ်တမ်းလည်း ရှိလိမ့်မယ် ။ ကျွန်တော်တို့က ရှန်းချီရဲ့ အတွင်းရေးသုံးအကောင့်က ငွေလွှဲမှတ်တမ်းကို ရှာတွေ့ဖို့ ဝမ်ဝမ်ကို အသုံးချရမယ်  ။ ပြီးရင် ဝူသာ့ကျန်း နဲ့ လီဟိုင်ကို ခိုင်းထားတဲ့ သက်သေတွေကို ရှာရမယ် ။ အနည်းဆုံးတော့ ရှန်းချီကို စစ်ဆေးနိုင်မယ့် တစ်စုံတစ်ခုကို ရှာတွေ့မှာပဲ ။ "


ချင်းယောင် ထိုအရာကို သုံးသပ်ပြခဲ့ပြီး နောက်ဆုံးတွင် ပါပါးကျုံးသည် ရုန်းရင်းဆန်ခတ်အခြေအနေမှ သဲလွန်စကို သဘောပေါက်သွားခဲ့သည် ။


သူသာ ငယ်ရွယ်အုန်းမည်ဆိုလျှင် သေချာပေါက် " လမ်းအားရှာဖွေရန် ခဲကိုပစ်ရသည် " ဟူသည့် လှည့်စားမှုကို တွေးမိပေလိမ့်မည် ။ သို့သော် သူသည် အိုမင်းနေပြီး အလုပ်အလွန်များကာ ချင်းယောင်အား ကောင်းစွာ မမြင်နိုင်ခဲ့ပေ ။


" ရှောင်ချင်း ၊ မင်းကတကယ် ကယ်တင်ရှင်ပဲ " 

ပါပါးကျုံးသည် အလွန်ပျော်သွားကာ ချက်ချင်းပင် သူ၏ လက်ထောက်အား ခေါ်လိုက်သည် ။


ချင်းယောင်အမိန့်ပေးလိုက်သည် ။

" ဝူသာ့ကျန်း နဲ့ လီဟိုင် ရဲ့ ရှန်းဆီကရထားတဲ့ ပိုက်ဆံနဲ့ပက်သက်တဲ့အချက်အလက်ကို စုဆောင်းရမယ့်ကိစ္စပဲ ။သတင်းက သေချာပေါက် ရှင်းလင်းပြီး တိကျနေရမယ် ။ ဝမ်ဝမ်က မတော်တဆပုံစံမျိုးနဲ့ သိသွားရမှာ ။ ဒီလိုဆို သူ့ကိုအသုံးချလို့ရပြီ "


 ပါပါးကျုံးထိုအရာအား တွေးမိသောအခါ သူသည် အနည်းငယ်ဝမ်းနည်းနေဆဲဖြစ်သည် ။

" ငွေလွှဲထားတဲ့မှတ်တမ်းသက်သေရှိနေရင်တောင်မှ ကိစ္စကို လုံးဝပြောင်းပြန်လှန်ပစ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး ။ ဝူသာ့ကျန်း ၊ လီဟိုင် နဲ့ အခြားသူတွေဆီက ဝန်ခံလာဖို့လိုသေးတယ် ။ "


ချင်းယောင်သည်လည်း သူ၏ မျက်ခုံးအား တင်းထားလိုက်သည် ။


အစမှ အဆုံးထိ ထိုးဖောက်နိုင်ရန် အခက်ခဲဆုံးသူသည် ဝူသာ့ကျန်းနှင့် လီဟိုင် ဖြစ်သည် ။ သူတို့အား ရှန်းချီ မည်သည့်အကျိုးခံစားခွင့်မျိုးကို ပေးထားသည်လည်း မသိပေ ။ သူတို့သည် အန္တရာယ်များသည့် အရာတို့ကို ကျူးလွန်ခဲ့ပြီး သူတို့၏ အသက်ကိုပင် မလိုချင်တော့ပေ ။ သူတို့သည် ကျုံးကိုပင် မြောင်းထဲသို့ ဆွဲချချင်နေသေးသည် ။


" ဒါက လွယ်ပါတယ် ။ " 

 တစ်ဖက်တွင် ရှိနေသော ကျုံးယို့ယို့သည် သူမ၏ နှုတ်ခမ်းများအား ကွေးလိုက်ကာ ရုတ်တရက် ပြောလိုက်သည် ။

" ကျုံးရှီယို့ ၊ ငါနဲ့ ပြဇာတ်တစ်ပုဒ်လောက် သရုပ်ဆောင်လိုက် "


ကျုံးရှီယို့ ရုတ်တရက် အခေါ်ခံလိုက်ရပြီး ခဏလောက် အေးခဲသွားခဲ့သည် ။


ဘယ်လိုပြဇာတ်မျိုးကို သရုပ်ဆောင်မှာလဲ ။


 ချင်းယောင်သည် ပါပါး​ကျုံး​အား ပြောနေစဥ်တွင် ဝူသာ့ရှန်း ဟုခေါ်သည့် နက်မှောင်ပြီးပိန်ပါးသောလူငယ်သည် သူမအတွက် ဘာကြောင့် ရင်းနှီးနေသလိုခံစားရစေလည်းဆိုသည်ကို ကျုံးယို့ယို့ သေချာတွေးနေခဲ့သည် ။


သူမသည် ဝူမိသားစု၏ အချက်အလက်များအား ဂရုတစိုက်ဖတ်နေခဲ့ပြီး ထို့နောက်တွင်တော့ ရုတ်တရက် ဝတ္ထုထဲမှ ဇာတ်ကွက်အသေးလေးအား သူမ မှတ်မိသွားခဲ့သည် ။


ဝတ္ထုထဲတွင် ရှန်းဘက်မှ ကျုံးကို ကျရှုံးစေသည့် ဖြစ်ရပ်မျိုး မပါဝင်ပေ ။မုန့်ရှစ်ရွှမ် ကောလိပ်ရောက်သွားပြီးနောက်တွင် သူမသည် ကျုံး၏ ကုမ္ပဏီတွင် စတင်လေ့လာနေပြီဖြစ်သည် ။ စိတ်ကူး၍ရနိုင်သည်မှာ ကုမ္ပဏီမှလူအချို့သည် အပေါ်သို့သာတက်သင့်သည့် ဒုတိယမျိုးဆက်သူဌေးသမီး မုန့်ရှစ်ရွှမ်အား နားမလည်ကျခြင်းသည် ပုံမှန်ဖြစ်နေကျအတိုင်းပင် လက်ခံလို့ရပေသည် ။ထို့နောက် မုန့်ရှစ်ရွှမ်သည် လူအုပ်စုအား စည်းရုံးသိမ်းသွင်းပြီး အောင်မြင်မှုအချို့ကို လုပ်ဆောင်ပေလိမ့်မည် ။


ထို့ကြောင့် ဝတ္ထုတွင် စီစဥ်ထားသော ဇာတ်ကွက်များရှိသည် ။ မုန့်ရှစ်ရွှမ်သည် ကျုံးစက်ရုံသို့ ပြန်လည်ဆန်းစစ်ရန် သွားသောအခါတွင် ဝူသာ့ရှန်းအား အစားအသောက်လာပို့သော သူ၏ညီမဖြစ်သူနှင့် ဝင်တိုက်မိသွားခဲ့သည် ။ သို့သော် ဝူသာ့ရှန်းသည် သူမကြိုက်သောအစားအစာများဖြစ်သောကြောင့် သူ၏ ညီမအား လှောင်ပြောင်သရော်ခဲ့သည် ။ 


 ဝူမိသားစုသည် အလွန် ယောကျ်ားဝါဒီဆန်ပေသည် ။ ဝူညီမငယ်လေးသည် သူ၏ အကြီးဆုံးအစ်ကို သင်ကြားရေး နှင့် နေထိုင်စားရိတ်များအတွက် ကျောင်းထွက်ကာ ပိုက်ဆံစောစောရှာနိုင်ရန် အလုပ်လုပ်ခဲ့ရသည် ။သို့သော် ဝူသာ့ရှန်းသည် သူမ၏ ကိုယ်ပိုင်စရိုက်အား ဆက်လက်၍မဖော်ထုတ်ခဲ့ပေ ။ 


သူမသည် တက္ကသိုလ်သို့ မသွားဘဲ  မျိုးရိုးအဖြစ် မိသားစု၏ ကျွန်ကဲ့သို့ ဖြစ်လာခဲ့သည် ။ သူမသည်  သက်ရှင်နေထိုင်ရန် ငွေရှာဖို့အတွက် စက်ရုံထဲတွင်သာ ဝူသာ့ကျန်း နှင့် အလုပ်လုပ်ခဲ့ရသည် ။


ဝူသာ့ရှန်းသည် ဝူရှောင်မေအား နှိပ်စက်ညှင်းပန်းခဲ့သည်မှာ တစ်ရက် ၊ နှစ်ရက် မဟုတ်ပေ ။ စက်ရုံမှ လူများအားလုံး မြင်နိုင်သော်လည်း မည်သူမှ တားဆီးရန် သတ္တိမရှိပေ ။ အဘယ်ကြောင့်ဆိုသော် ဝူသာ့ကျန်းသည် စက်ရုံတွင် ခေါင်းဆောင်ငယ်တစ်ယောက်ဖြစ်ပြီး သူမသည် သူ့အား သေချာရေရာသော အကြောင်းပြချက်မရှိဘဲ စိတ်မကျေမနပ်ဖြစ်စေခဲ့သည် ။


သို့သော် ထိုနေ့တွင်တော့ မုန့်ရှစ်ရွမ် ဤကိစ္စအား မြင်သွားခဲ့သည် ။ မုန့်ရှစ်ရွှမ်သည် ဝူသာ့ရှန်းအား ပါးရိုက်ကာ အလုပ်ဖြုတ်ပြီး စက်ရုံမှ မောင်းထုတ်ပစ်ခဲ့သည် ။ လူအများသည် သဘာဝကျကျပင် လက်ခုပ်တီးကာ အားပေးခဲ့ကြသည် ။ ထို့နောက် မုန့်ရှစ်ရွှမ်သည် လူအများ၏ နှလုံးသားအား ဤအချက်ဖြင့် ဖမ်းစားနိုင်ခဲ့သည် ။


....


ဤကိစ္စအား သူမ၏ စိတ်ထဲတွင် မီးထိုးပြလိုက်သကဲ့သို့ ကျုံးယို့ယို့ မှတ်မိသွားခဲ့သည် ။ သို့သော်လည်း သူမရုတ်တရက် ပြဿနာအား ထိုးဖောက်နိုင်မည့်အရာကို ရှာတွေ့သွားခဲ့သည် ။


  ညီမငယ်လေးဝူသည် မိန်းကလေးများထပ် ယောကျာ်းလေးများကို ပို၍ ဦးစားပေးသော မိသားစုတွင် မွေးဖွားခဲ့သည် ။ သူမ၏ အစ်ကိုသည် သူမကို ငယ်စဥ်ကတည်းက အနိုင်ကျင့်လာသည်သာမကဘဲ ပိုက်ဆံနှင့်ပက်၍ရော ၊သူ့အဖေဖြစ်သူ၏ ဘဝအပါအဝင်  ၊ ကျုံးမိသားစုကိုပါ အမှုဆင်ခဲ့သည်ကို သိလျှင် သူမ မည်သို့ ခံစားရမည်နည်း ။


ထို့နောက် ဝူသာ့ရှန်း နှင့် ဝူရှောင်မေ ၏ မိခင်ဖြစ်သော ဝမ်ချွင်းဟွာသည် သူ၏ ယောကျ်ားအား သားဖြစ်သူမှ ဟင်းရွက်ကန်စွန်းကဲ့သို့ ပြောင်းလဲပစ်လိုက်ပြီး ပိုက်ဆံရရန်အတွက် လူများအား စုစည်းကာ ပြဿနာရှာနေသည်ကိုသာ သိလျှင် မည်ကဲ့သို့ ဖြစ်လိမ့်မည်နည်း ။


ချင်းယောင်သည် သူမ၏ အတွေးများအား မြင်နေရပြီး သူမ၏ မျက်ခုံးအား ဖြေလျော့ပေးလိုက်သည် ။

" အရှေ့ကို ဆက်မတိုးနဲ့တော့ ။ အခု ကိစ္စတွေက ရှုပ်ထွေးနေပြီ ။ နောက်ပိုင်း ရှေ့နေတွေ တစ်ခုခုဆက်လုပ်ဖို့ ရှိလာမှာပါ ။"


ကျုံးယို့ယို့ ပြောလိုက်သည် ။

" သက်သေရဖို့အတွက် ဒီကိစ္စက ကျိန်းသေလိုအပ်တယ် ။ "