Chapter 137
ဆေးရုံသည် ဆူညံပွက်လောရိုက်နေသည် ။
ဝူသာ့ကျန်း သူ၏ခေါင်းအား ထိခိုက်ပြီးသွားသောအခါ သူသည် မေ့မြောနေပြီး ဆေးရုံ၏ အရေးပေါ်သီးသန့်ဌာနတွင် လဲလျောင်းနေရသည် ။အပြင်ဘက်ရှိလူများသည် အော်ဟစ်ငိုယိုနေကြသည် ။ ထိုလူအကုန်လုံးသည် သူ နှင့် လီဟိုင်၏ ဆွေမျိုးများ ဖြစ်ကြသည် ။
သူတို့မသိသည်မှာ ဝူသာ့ကျန်း နှင့် လီဟိုင်တို့သည် ထိုဆွေမျိုးများဆီမှ ပိုက်ဆံချေးငှားလေ့ရှိပြီး ထိုဆွေမျိုးများသည် ပုန်းလျှိုးကွယ်လျှိုးနေတတ်ကြသူများမဟုတ်ပေ ။ ထိုအချိန်တွင် ဝူသာ့ကျန်း နှင့် လီဟိုင် တွင် တစ်စုံတစ်ရာဖြစ်ပွားခဲ့သည် ။ ဘာကြောင့် ရုတ်တရက်ကြီး ထိုဆွေမျိုးများသည် သူတို့အား အပြစ်တင်ရန် ပေါ်လာကြသနည်း ။
ဝမ်ချွင်းဟွာ နှင့် ဝူရှောင်မေ သည် အနည်းငယ် ထုံထိုင်းနေခဲ့သည် ။ သူတို့သည် ပါးနှစ်ဖက်တွင် မျက်ရည်များအပြည့်ဖြင့် ကော်ရစ်တာအပြင်ဘက်ရှိ ထိုင်ခုံတွင် ထိုင်နေကြသည် ။ သွေးနီရောင် ဖြူဖျော့နေသော မျက်နှာသည် တောရွာဘက်တွင် နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲလုပ်ကိုင်ခဲ့ရခြင်း၏ အမှတ်အသားဖြစ် စွဲထင်စေခဲ့ပုံပင် ။
ဝမ်ချွင်းဟွာသည် အိမ်တွင် ရုတ်တရက် ဝူသာ့ကျန်း နှင့် ဝူသာ့ရှန်း ပြောနေသော စကားများကို ကြားခဲ့ရသည် ။ သူမ၏ နှလုံးသားထဲတွင် ဤကဲ့သို့ မျိုးမစစ် သားဖြစ်သူအား အမှန်တကယ် ရွံ့မုန်းမိသည် ။
ဝူသာ့ရှန်း ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ ။ သေချာပေါက်ပင် ဝူသာ့ကျန်းသည်လည်း ဤကိစ္စအား သဘောတူခဲ့သည် ။ သူတို့၏ မိသားစုသည် ဆင်းရဲသည် ။သို့သော် ဝူသာ့ကျန်းသည် သူ၏ ဘဝကိုပင် မလိုချင်တော့ဘဲ ရှန်းမိသားစု၏ ပိုက်ဆံကိုပင် ယူခဲ့သေးသည် ။ ဝူသာ့ရှန်း ၊ တိရစ္ဆာန်ကောင်သည် သူ၏ အဖေနှင့်ပင် ပူးပေါင်းပြီး ထိုအရာမျိုးလုပ်ဖို့ရန် မြောင်းထဲသို့ပင် ခုန်ဆင်းစေခဲ့သည် ။
သို့သော်လည်း အဆုံးတွင် သူနှင့် ဝူရှောင်မေသည် ယွမ်တစ်ယွမ်ကိုပင် မထိလိုက်ရချေ ။ ထိုပိုက်ဆံများအားလုံးသည် ထိုရက်စက်သောသားဖြစ်သူ ဝူသာ့ရှန်း၏ အိတ်ကပ်ထဲသို့ အကုန်ရောက်သွားခဲ့သည် ။
ထိုအချိန်တွင် ဝူသာ့ရှန်းသည် ရိုက်တံကို ထပ်၍ သယ်ဆောင်လာပြီး ထိုင်ကျင်းလမ်းဟောင်းတွင် ပြဿနာများထပ်ဖြစ်စေခဲ့သည် ။ သူသည် အချုပ်ထဲတွင် သော့ခတ်ခံရမည်ကိုပင် မကြောက်ရွံ့တော့ချေ ။
ထိုအရာအား တွေးမိပြီးသောအခါ ဝမ်ချွင်းဟွာ၏ မျက်လုံးများသည် မျက်ရည်များအပြည့်ဖြစ်နေခဲ့သည် ။ သူမတွင် ဘာလို့များ ထိုကဲ့သို့ ခက်ခဲကြမ်းတမ်းသော ဘဝမျိုးရှိနေပြီး ၊ ထိုကဲ့သို့သော ယောက်ျား နှင့် သားမျိုး ရှိနေလည်း မသိပေ ။ မည်သည့်ကိစ္စပင် ဖြစ်သွားပါစေ ထိုအရာသည် ပြီးဆုံးသွားခဲ့ပြီ ။ သူမသည် ထိုအရာအား လုံးဝ ထုတ်ပြောလိမ့်မည် မဟုတ်ပေ ။ မဟုတ်လျှင် သူ၏ ဘဝနှင့်လဲလှယ်ပြီးရခဲ့သော ဝူသာ့ကျန်း၏ ပိုက်ဆံများသည် အကုန်အချည်းအနှီးသာ ဖြစ်သွားရလိမ့်မည် ။
.....
ပတ်ဝန်းကျင်သည် ဆူညံနေပြီး ဘယ်သူက ရုတ်တရက် ထပြောလိုက်လည်း သူမသိပေ ။
" နင်တို့ ပြင်ပလူနာဌာနကို မြင်ဖူးကြလား ။ ကျုံးမိသားစုက သား နဲ့ သမီးက ဆရာဝန်ကို လာတွေ့ကြတဲ့ပုံပဲ "
" သူတို့က အခုထိ သူတို့ရဲ့ပိုက်ဆံတွေ အကုန်လုံးကို မဆုံးရှုံးသေးဘူး ။ ငါတို့သွားပြီး သူတို့ကို ဟန့်တားလိုက်သင့်လား ။ "
ချက်ချင်းဆိုသလို လူတစ်ယောက်က ပြောလိုက်သည် ။
" ဒါက ဆေးရုံထဲမှာပဲ ။ အဲ့တာကြောင့် အဲ့လိုမလုပ်နဲ့ ။ တော်ကြာနေ သက်တောင်စောင့်တွေဆီကနေ ငါတို့ကိုင်ပေါက်ခံနေရလိမ့်မယ် ။ "
မည်သို့ပင်ဖြစ်စေ ဤရက်ပိုင်းအတွင်းတွင် ကျုံးမိသားစုရှိ မည်သူတစ်ဦးတစ်ယောက်မှ ရောက်မလာခဲ့ပေ ။ သူတို့ညှိနှိုင်းရန် စေလွှတ်လိုက်သော ရှေ့နေ နှင့် သက်တောင်စောင့်များမှ လွဲ၍ ကျုံးမိသားစုရှိသူများအား လုံးဝမတွေ့ရပေ ။
ထိုအချိန်တွင် ကျုံးရှီယို့ နှင့် ကျုံးယို့ယို့ ကို လူများစွာရှိနေသောနေရာတွင် မြင်လိုက်ရသည်ဟု ကြားရသည်မှာ ခက်ခဲလှပေသည် ။ သူတို့ စိတ်မလှုပ်ရှားဘဲ မည်သို့နေနိုင်မည်နည်း ။ ထို့ကြောင့် ယခုနက ပြောလိုက်သောသူ၏ စကားအား မည်သူမှ နားမထောင်ဘဲ သူတို့သည် ပြင်ပလူနာဌာနသို့ အပြေးအလွှားထွက်သွားကြသည် ။
ဝမ်ချွင်းဟွာ နှင့် ဝူရှောင်မေသည်လည်း သွေးမနီးသော ဆွေးမျိုးထံမှ အဝေးသို့ ဆွဲခေါ်ခံသွားရသည် ။
ထိုသွေးမနီးသော ဆွေးမျိုးများသည် မျက်ခုံအားပင့်ကာ ဝမ်ချွင်းဟွာကို ပြောလိုက်သည် ။
" အစ်မဝမ် ဘာလို့ မြန်မြန်မလုပ်တာလည်း ။ ဝူသာ့ကျန်းက ဆေးရုံမှာ လှဲနေတာ ရက်တွေလည်းကြာနေပြီ ။ ဒါကြောင့် မြန်မြန်လုပ်ပြီး ကျုံးမိသားစုတွေကို ပိုက်ဆံဆုံးရှူံးအောင် လုပ်လိုက်တော့ ။ မဟုတ်ရင် အစ်မမိသားစုရဲ့ ပိုက်ဆံကိုပဲ ဆုံးရှုံးမှာ မဟုတ်ဘူး ။ ကျွန်တော့် မိသားစုရဲ့ ပိုက်ဆံတွေပါ ဆုံးရှူံးရမှာ ။ သာ့ကျန်းက သူမသေခင် ကျွန်တော်တို့မိသားစုနဲ့ ရင်းနှီးခဲ့ပါတယ် ။ သူလဲသွားပြီးတဲ့နောက်မှာ ကျွန်တော့်ယောက္ခမက စိတ်ထိခိုက်ရပြီး ပြင်းပြင်းထန်ထန်ငိုကြွေးနေရတာ ။ ကျုံးမိသားစုက ဒီပိုက်ဆံတွေကို အလျော်ပေးဖို့ လိုတယ် ။ "
ဒီသေခါနီးအမျိုးတွေကတော့ ။
ဝမ်ချွင်းဟွာသည် သူမ၏ နှလုံးသားထဲမှပင် အံကြိတ်နေခဲ့မိသည် ။ သို့သော် သူမသည် အလွန်ရှက်တတ်ကြောက်တတ်သောကြောင့် အချိန်အတော်အကြာလောက် တွန့်ဆုတ်နေပြီး နောက်တွင် စကားတစ်ခွန်းအား သွားများတင်းတင်းစေ့ကာပင် ပြောလိုက်သည် ။
" ဘာကို သေဆုံးတာလဲ ။ သာ့ကျန်းက အခုထိမသေသေးဘူး "
ထိုဆွေမျိုးသည် သူအမှားလုပ်ခဲ့မိသည်ကို သိသွားပြီး ချက်ချင်းပါးစပ်ပိတ်သွားခဲ့သည် ။
ဦးလေးခုနှစ်ယောက်၏ သွေးဝေးသော ဆွေမျိုးများနှင့် အဒေါ်ရှစ်ယောက်တို့သည် ပြင်ပလူနာဆောင်တွင် တိုးကြိတ်နေကြသည် ။ သူတို့သည် တိုက်ရိုက်ပင် ကျုံးမိသားစု၏ ကလေးနှစ်ယောက်ဆီသို့ မေးခွန်းများ အပြေးအလွှားမေးချင်နေကြသည် ။ သို့သော် သူတို့သည် တံခါးအားမဖွင့်လိုက်ခင် လူနာဆောင်အပြင်ဘက်မှပင် ကြားနေရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။ ခိုက်ရန်ဖြစ်ပွားနေခြင်းသည် သူတို့ထက်ပင် ပိုပြင်းထန်နေသေးသည် ။
" ကျုံးယို့ယို့ နင့်ကိုနင် တကယ်ပဲ ငါ့အစ်မလို့ထင်နေတာလား ။ နင်ထွက်သွား ။အိမ်က ပိုက်ဆံတွေတောင်မှ နင်ကယူသွားချင်နေသေးတယ် ။ "
ဤသည်မှာ ကျုံးရှီယို့၏ အသံပင် ဖြစ်သည် ။
ကျုံးယို့ယို့ လှောင်ရယ်လိုက်သည် ။
" ဟုတ်တယ် ငါကအပြင်လူပဲ ။ နင်တို့မိသားစုက မုန့်ရှစ်ရွှမ်ကိုပဲ ဂရုစိုက်ကြတာ ။ "
ကျုံးရှီယို့ ဒေါသထွက်စွာ ပြောလိုက်သည် ။
" ဘာ မုန့်ရှစ်ရွှမ်လဲ ။ နင်ကဒီလိုခေါ်ရလောက်အောင် ဘယ်လောက်များ ထိုက်တန်နေလို့လည်း ။ သူက ငါနဲ့ဆယ်နှစ်ကျော်လောက်နေခဲ့တာ ။ သူက ငါ့အစ်မပဲ ။ နင်ကရော ဘာလဲ ။ ငါတို့မိဘတွေက နင့်ကို ဂုဏ်ပုဒ်ပြန်ပေးလိုက်တာနဲ့ နင်က တစ်ကယ်ပဲ အိမ်မှာ ရပ်တည်နေနိုင်သွားပြီ ထင်နေတာလား ။ ဒီတစ်ခေါက် အိမ်မှာ တစ်ခုခုဖြစ်သွားရင် ၊ ဒေဝါလီခံလိုက်ရရင်တောင်မှ နင်နဲ့ ဘာမှမပက်သက်ဘူး ။ "
ကျုံးရှီယို့သည် လက်ထဲတွင် ဇာတ်ညွှန်းစာအုပ်အား ကိုင်ထားရင် ကျုံးယို့ယို့ကို ရှက်ရွံ့စွာကြည့်လိုက်သည် ။ ဆက်ပြောရမည့်စကားလုံးများသည် အလွန်ရက်စက်ပြီး သူအမှန်ပင် ကြိမ်းမောင်းရန် မတတ်နိုင်ပေ ။
ကျုံးယို့ယို့ သူ၏လက်မောင်းအား ဆွဲဆိတ်လိုက်ပြီး တီးတိုးပြောလိုက်သည် ။
" ဆက်ပြော "
ကျုံးရှီယို့ အသက်ပြင်းပြင်းရှူလိုက်ပြီး
" အစ်မရှစ်ရွှမ်က အထက်တန်းကျပြီး ကျက်သရေရှိတယ် ။ နင့်လိုလူမျိုးကတော့ သူတောင်းစားလိုပဲ ။ ငါတို့က ဒီအတိုင်း အမှိုက်ပုံကနေ ကောက်လာရတာလေ ။ တကယ်လို့ ငါ့မိသားစုရဲ့ ပိုက်ဆံတွေနဲ့သာ မဟုတ်ရင် နင့်ကိုဘယ်သူက ထောက်ပံ့ပေးမှာလဲ ။ "
" ငါနင့်ကိုပြောလိုက်မယ် ။ နင်က အစ်မရှစ်ရွှမ်ရဲ့ ရုပ်ကြွင်းသာသာပဲ ။ နင်ဘယ်လောက်ပဲ ကြိုးစားကြိုးစား ၊ အိမ်ကလူတွေက နင့်ကို ဘယ်တော့မှ ကြိုက်လာမှာ မဟုတ်ဘူး ။ "
အပြင်ရှိလူများသည် ရှင်းရှင်းလင်းလင်းကြားလိုက်ရသည် ။ သူတို့အကုန်လုံးသည် ဆွံအသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေလိုက်ကြသည် ။ အချိန်တစ်ခုကြာလောက်အထိ မည်သူမှ လူနာဆောင်၏ တံခါးကို မဖွင့်ကြပေ ။
ဒါက အရမ်းရက်စက်တာပဲ ။
အလုပ်သမားများ၏ ဆွေမျိုးများသည် ကျုံးမိသားစုမတိုင်ခင်ကတည်းက အစစ်အမှန် နှင့် အတုယောင်ကို သဘာဝကျကျပင် ကြိုသိရှိခဲ့သည် ။ သူမ၏ မွေးစားအမေထံတွင် ဒုက္ခများစွာခံခဲ့ရပြီး ကျုံးယို့ယို့ ပြန်ရောက်လာသည်ကို လူတိုင်းသိကြသည် ။ အသိအမှတ်ပြုခံရပြီးနောက်တွင် သူမသည်
နှစ်များစွာကြာအောင် အလေးထားမခံခဲ့ရပေ ။ မဟုတ်လျှင် ကျုံးမိသားစုသည် လွန်ခဲ့သော သုံးနှစ်ကပင် ထိုကိစ္စအား မထုတ်ဖော်ပဲ သမီးအတုအား
ဘာကြောင့် ဆက်စောင့်ရှောက်နေခဲ့သနည်း ။
သို့သော် ယခုတွင် သူတို့သည် သူတို့၏ နားများဖြင့် ကိုယ်တိုင်ကြားလိုက်ရပြီး မတတ်နိုင်စွာပင် ပြောစရာစကားမဲ့သွားကြသည် ။
ကျုံးမိသားစုသည် မျိုးမစစ်များဖြစ်ပြီး ကျုံးမိသားစု၏ သခင်ငယ်လေးသည်လည်း မျိုးမစစ်ကောင်ပင် ဖြစ်သည် ။ သူသည် သူ၏အစ်မအရင်းအား ဤကဲ့သို့ပင် ဆက်ဆံနေသေးသည် ။ သူသည် ခြိမ်းခြောက်စာပို့ခံရဖို့ ထိုက်တန်ပေသည် ။
ဝူရှောင်မေသည် လူအုပ်ထဲတွင် ရှိနေခဲ့ပြီး သူမတွင် လက်ရှိ၌ အာရုံမရဘဲ သူမ၏သွားများကိုအံကြိတ်ထားပြီး မျက်လုံးများသည်လည်း နီရဲနေခဲ့သည် ။
ကျုံးယို့ယို့အား ကျုံးမိသားစု၏ သခင်ငယ်လေး ကျုံးရှီယို့ ဆူပူကြိမ်းမောင်းခဲ့သော စကားများသည် သူမ၏ အစ်ကို ဝူသာ့ရှန်း အိမ်တွင် ပြောခဲ့သည်များနှင့် တစ်ထပ်တည်းပင် ဖြစ်သည် ။
" ငါ့အစ်မကို မွေးပေးလိုက်လို့ရော ဘယ်နေရာမှာ သုံးလို့ရလို့လဲ ။ ငါနင့်ကို ပြောမယ် ။ မိသားစုထဲက ပိုက်ဆံတွေက အကုန်ငါ့အပိုင်ပဲ ။ နင်ယူသွားဖို့ စဥ်းတောင်မစဥ်းစားနဲ့ ။ နင်က ဒီတိုင်း ထမင်းအလွတ်စားရမယ့်သူပဲ ။ "
" နင်ဘယ်လောက်ပဲ ကောင်းအောင်နေနေ အိမ်က ဘယ်သူမှ နင့်ကို ကြိုက်လာမှာမဟုတ်ဘူး ။ နင်က ကျောင်းထွက်ပြီး ငါ့ကို ထောက်ပံ့ဖို့ပဲ တန်တာ ။ ဘယ်လိုပဲဖြစ်ဖြစ် နင်က မိန်းမပဲလေ ။"
သူမ၏ အဖေ ဝူသာ့ကျန်းသည် ဤအရာအား အမြဲတမ်းသိခဲ့သော်လည်း သူသည် ကွဲပြားပေသည် ။ ဝူသာ့ရှန်း သူမကို အနိုင်ကျင့်သောအခါများတွင် သူသည် ဘေးထွက်နေရုံမကဘဲ သူကြိုက်သောအစားအစာမချက်၍ပင် သူမအား သရော်ခဲ့သေးသည် ။ သူသည် သူမအား အချက်အပြုတ်မကောင်းသောကြောင့် အသုံးမကျသည့်သူဟုပင် ခေါ်ခဲ့သေးသည် ။
သူမဘေးတွင်ရှိနေသော အမေဖြစ်သူ ဝမ်ချွင်းဟွာဆိုလျှင် သူမကိုယ့်ကိုယ်ကိုအတွက် စိတ်သောကရောက်နေရသော်လည်း မျက်ရည်သာကျခဲ့ပြီး သူမကို အမြဲပြောလေ့ရှိသည်မှာ
" အငယ်လေး ၊ သမီးရဲ့အကိုက အိမ်ရဲ့ မဏ္ဍိုင်ပဲ သမီးသူ့ကို ပိုပြီး လေးလေးစားစားဆက်ဆံသင့်တယ် ။ "
ဤတစ်ကြိမ်တွင် ကျုံးရှီယို့မှ ကျုံးယို့ယို့အား ဆူပူကြိမ်းမောင်းနေသည်ကို ကြားရသောအခါ သူမသည် ဝူသာ့ရှန်းထံတွင် ဆူပူကြိမ်းမောင်းခံရသည့် အချိန်သို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည် ။ သူမ၏ ခေါင်းထဲတွင် တဝီဝီမြည်နေပြီး လိပ်ပြာမသန့်သည့် ခံစားချက်များ ဝင်ရောက်လာခဲ့သည် ။ ကျုံးမိသားစု၏ သမီးအရင်းဆက်ဆံခံနေရပုံသည် သူမနှင့် ဘာမှကွာခြားမှုမရှိပေ ။ သူမ နှင့် သူမကိုယ်တိုင်သည် အခြားသူများထံမှ ဒုက္ခခံစားနေရသည် ။
တစ်ခဏစာလောက် သူမ နှင့် ကျုံးယို့ယို့ သည် တူညီသွားပုံရသည် ။
ထိုအရာသည် သူမ၏ နှလုံးသားအား တုန်လှုပ်စေခဲ့သည် ။ဤတစ်ကြိမ်တွင် သူမ၏ အဖေနှင့် အစ်ကိုကြောင့် ကျုံးမိသားစု ဒေဝါလီခံလိုက်ရလျှင် ကျုံးယို့ယို့ဟုခေါ်သော မိန်းကလေးသည် ကျုံးမိသားစုထံမှ သေချာပေါက် ကန်ထုတ်ခံရမည်ကို သူမ သိသည် ။ ကျုံးမိသားစု သူမကိုပြုမူဆက်ဆံပုံအရ ကျုံးမိသားစုသည် နောက်ဆုံးကံကောင်းမှုများအား ကျုံးရှီယို့ နှင့် မုန့်ရှစ်ရွှမ်ဟုခေါ်သော မိန်းကလေးကိုသာ ခွဲဝေပေးလိမ့်မည် ။
ထို့ကြောင့် ဤအရာသည် သူမကြောင့် ကျုံးယို့ယို့ သွယ်ဝိုက်သောနည်းဖြင့် ထိခိုက်သွားခြင်း မဟုတ်လား ။
လူနာဆောင်၏ တံခါးသည် ကျုံးယို့ယို့ထံမှ တွန်းဖွင့်ခံလိုက်ရပြီး အပြင်ဘက်ရှိ အလုပ်သမားများ၏ ဆွေမျိုးများသည် တမင်နောက်ဆုတ်သွားကြသည် ။ကျုံးယို့ယို့ ထွက်ပြေးသွားခဲ့သည် ။ မျက်ရည်များအပြည့်နှင့် သူမ၏ မျက်နှာသည် အလွန်အေးစက်နေပြီး သူမသည် နောက်သို့ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည် ။ ကျုံးမိသားစု၏ သခင်လေးကျုံးရှီယို့သည် လူနာဆောင်ထဲတွင် ကျန်ရစ်ခဲ့ပြီး ဆက်၍ သူ၏အစ်မအရင်းအား ဆူပူဆဲဆိုနေတုန်းပင် ဖြစ်သည် ။
ဤဆွေမျိုးများသည် ပိုက်ဆံတောင်းရန်အတွက်သာရောက်လာကြသော ဘေးလူများဖြစ်ကြသော်လည်း သူတို့၏ စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ လဲလှယ်ခံလိုက်ရပြီး မိဘအရင်းများဆီပြန်ရောက်သွားသောအခါ မျက်နှာသာပေးမခံရသော ကျုံးယို့ယို့အား အနည်းငယ်စာနာမိကြသည် ။
မည်သို့ပင်ဖြစ်စေ ဤအရာသည် ကျုံးမိသားစုထံမှ သူတို့ပိုက်ဆံတောင်းမည့်ကိစ္စကို မရပ်တန့်နိုင်ပေ ။ အနာဂတ်တွင် ကိစ္စကြီးများသည် အချိန်ကို ရပ်တန့်လိမ့်မည်မဟုတ်ပေ ။ အထူးသဖြင့် အထက်စီးဆန်သော သခင်ငယ်လေးအား ပိတ်ထားဖို့ပင် ဖြစ်သည် ။
ထို့ကြောင့် ပျားအုံကဲ့သို့ပင် အစုလိုက်အပြုံလိုက် ပြုံတိုးဝင်နေကြသည် ။
ဤတွင် ဝူရှောင်မေသည် သူမ၏ မျက်ရည်များအား သုတ်လိုက်ပြီး ပြဿနာဖြစ်နေသောဆွေမျိုးများကြားမှ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည် ။
သူမအနည်းငယ် လမ်းပျောက်နေသကဲ့သို့ ဖြစ်နေရပြီး သူမကိစ္စရပ်များကို မှန်ကန်စွာလုပ်နေရဲ့လားဆိုသည်ကိုပင် မသိတော့ပေ ။သူမသည် ဆေးရုံထွက်ပေါက်ရှိ ပန်းခင်းနားသို့သွားခဲ့ပြီး တရှုံ့ရှုံ့ငိုနေသော အသံကို ကြားလိုက်ရသည် ။ အသံသည် ယခုနက ကျုံးသခင်မလေး၏ အသံနှင့် တူညီသည် ။ ထို့ကြောင့် သူမ၏နှလုံးသားသည် တင်းကြပ်သွားပြီး သူမ၏ မဲမှောင်နေသော မျက်နှာတွင် ဝေခွဲမရသော အမူအရာဖြစ်လာပြီး ထိုနေရာသို့ လျှောက်မသွားခင် သူမအချိန်အတော်ကြာကြာ တွန့်ဆုတ်နေခဲ့သည် ။
" ရှင်အဆင်ပြေရဲ့လား ။ "
ဝူရှောင်မေသည် ကျုံးယို့ယို့အား စာနာပြီး ကရုဏာသက်စွာ ကြည့်လိုက်သည် ။
ကျုံးယို့ယို့သည် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ အမူအရာသည် ခေါင်းမာသော ပုံစံကို ပြန်ပြောင်းသွားပြီး သွားများအား တင်းတင်းစေ့ထားကာ ပြောလိုက်သည် ။
" မကြာခင်ပဲဖြစ်ဖြစ် ငါက ကျုံးမိသားစုကို ဆွဲချပြမယ် ။ "
သူမပြောပြီးသွားသောအခါတွင် သူစိမ်းရှေ့၌ ရောင်ဝါးဝါးလုပ်မိသွားသည်ကို သတိရမိသွားပြီး ဘေး၌ရှိသော အိတ်ကိုယူကာ မတ်တပ်ထပြီး ထွက်သွားဟန်ပြင်လိုက်သည် ။
သို့သော် ညီမငယ်လေးဝူသည် တွန့်ဆုတ်နေပြီး သူမအား မတားဘဲ မနေနိုင်ခဲ့ပေ ။
" မသွားပါနဲ့ ။ ရှင်ဘယ်သူလဲဆိုတာကို ကျွန်မသိပါတယ် ။ ရှင်နဲ့ ရှင့်ရဲ့အစ်ကိုပြောနေတာကို လူနာဆောင်အပြင်ဘက်ကနေ ကြားလိုက်ရတယ် ။ "
ကျုံးယို့ယို့၏ မျက်နှာအမူအရာတွင် ခုခံလိုမှုတို့အားတွေ့ရသောအခါ ဝူရှောင်မေ၏ ရိုးရှင်းသောမျက်နှာသည် တောင်းပန်လိုမှုအရိပ်ယောင်တို့ပေါ်လာခဲ့သည် ။ထို့နောက် သူမ အလျင်အမြန်ပဲ ရှင်းပြလိုက်သည် ။
" တောင်းပန်ပါတယ် ။ ကျွန်မနားထောင်နေဖို့ မရည်ရွယ်ပါဘူး ။ ကျွန်မ ရှင့်ကို ကူညီနိုင်မယ် ထင်ပါတယ် ။ "
ကျုံးယို့ယို့ သူမအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည် ။
" ဘယ်လိုနည်းလမ်းနဲ့လည်း "
ဝူရှောင်မေ တီးတိုးပြောလိုက်သည် ။
" ရှင် ရှန်းမိသားစုက မစ္စတာရှန်းဆီကို သွားသင့်တယ် ။ ကျွန်မအထင်တော့ သူ့ဆီမှာ ရှင့်ကို ကူညီနိုင်မယ့် နည်းလမ်းရှိမယ် ထင်တာပဲ ။ "
သူမစီးပွားရေးကိစ္စများအား မသိသော်လည်း ကျုံးမိသားစု၏ ကပ်ဆိုက်ကာလသည် သူမ၏ အိမ်တွင်ထိုအချိန်ကပေါ်လာသော ရှန်းချီ၏ လုပ်ရပ်ဆိုသည်ကိုတော့ သူမသိသည် ။ သူမ၏ အဖေ နှင့် အစ်ကိုသည် ထိုလူအတွက် ကိစ္စများကိုဆောင်ရွက်ပေးနေပြီး ပိုက်ဆံယူခဲ့သည် ။ ကျုံးယို့ယို့သည် ကျုံးမိသားစုထံမှ အနိုင်ကျင့်ခံရပြီး သူမ သေချာပေါက် လက်တုံ့ပြန်ချင်လိမ့်မည် ။ ထိုအရာအတွက် မစ္စတာရှန်းဆီသို့ မသွားသင့်ပေဘူးလား ။
ကျုံးယို့ယို့၏ မျက်နှာသည် အံ့သြသင့်နေပြီး သတိအနေအထားဖြစ်နေခဲ့သည် ။
" နင်ဘာကိုဆိုလိုချင်တာလဲ ။ နင်ဘာလို့ ရှန်းမိသားစုဆီကို သွားခဲ့တာလဲ ။ နင်ဘယ်သူလဲ ။ "
သနားစရာကောင်းသော ကျုံးသခင်မလေးသည် သူမအား လုံးဝမယုံကြည်သည်ကိုတွေ့ရသောအခါ ဝူရှောင်မေ စိုးရိမ်သွားခဲ့သည် ။ သူမ အမှန်ပင် ကျုံးယို့ယို့အား ကူညီပေးချင်ခဲ့သောကြောင့်အများကြီးမစဥ်းစားခဲ့ပေ ။ ထို့ကြောင့် သူမ ရှေ့သို့တို့သွားကာ ကျုံးယို့ယို့၏ လက်အား လှမ်းယူလိုက်သည် ။
နောက်တွင် သူမစိုးရိမ်စွာဖြင့် တီးတိုးပြောလိုက်သည် ။
" ကျုံးသခင်မလေး ၊ ကျွန်မပြောပါရစေ ။ ဒီတစ်ကြိမ်မှာ ကျုံးစက်ရုံက လူတွေအများကြီးက ပြဿနာရှာနေကြတာ ။ အဲ့တာက မစ္စတာရှန်းရဲ့ လှည့်ကွက်ပဲ ။ ကျွန်မက ဝူသာ့ကျန်းရဲ့သမီး ၊ ဝူသာ့ရှန်းရဲ့ညီမ ဝူရှောင်မေ ပါ ။ ကျွန်မအဖေက မတော်မဆဖြစ်ပြီး ကိုမာဝင်သွားတယ် ။တကယ်တမ်းက သူကရှန်းမိသားစုနဲ့ အပေးအယူလုပ်ထားတာ ။ အဲ့တာကို ကျွန်မမျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ ။လွန်ခဲ့တဲ့ငါးရက်တုန်းက ကျွီးဟွာဟိုတယ်မှာ ။ ဒါကြောင့် ရှင်ရှန်းမိသားစုဆီကို သွားလို့ရတယ် ။ အမြဲတမ်းကူညီ.."
သူမစကားပြောလို့မပြီးသေးခင်တွင် ဝမ်ချွင်းဟွာသည် သူမ၏သမီးအား ပန်းခင်းနောက်၌ ရပ်နေသည်ကို တွေ့လိုက်ရသောအခါ အလျင်အမြန်ထွက်လာခဲ့သည် ။ မည်သူကို သူမသမီးက စကားပြောပြီး ငိုနေလည်းဆိုသည်ကို မသိခဲ့ပေ ။
" ရှောင်ဝူ ၊ ဘယ်သွားတာလဲ ။ ဒီကိုလာခဲ့ "
ဝူရှောင်မေ ပြောမည့်စကားလုံးများသည် ကြားဝင်နှောင့်ယှက်ခံလိုက်ရပြီး သူမထပ်မပြောနိုင်တော့ပေ ။ သူမကျုံးယို့ယို့အား တောင်းပန်စွာကြည့်လိုက်ပြီး မျက်ရည်များဖြင့် ပြောလိုက်သည် ။
" ကျွန်မအခုသွားတော့မယ် ။အကယ်၍ ကျုံးမိသားစုက ရှင့်ကို ဆိုးဆိုးရွားရွားဆက်ဆံမယ်ဆိုရင် ရှင်သေချာပေါက်ထွက်သွားရမယ် ။ ရှင့်ရဲ့ဘဝတစ်ဝက်လောက်ကို ကျွန်မလိုပဲ မြှုပ်နှံလိုက်ဖို့ မလုပ်ပါနဲ့ "
သူမ မွန်းကြပ်စွာဖြင့် ခပ်ဝေးဝေးသို့ ဘာမှပြောမနေတော့ဘဲ ပြေးထွက်သွားခဲ့သည် ။
ကျုံးယို့ယိုသည် ချက်ကောင်းကို နင်းလိုက်နိုင်ပြီး အနည်းငယ်ရှုပ်ထွေးသော ခံစားချက်ဖြင့် ဝူရှောင်မေ၏ နောက်ကျောဘက်အား ကြည့်နေခဲ့သည် ။
ဤသည်မှာ ရိုးရှင်းပြီး ကြင်နာတတ်သော မိန်းကလေးပင်ဖြစ်သည် ။ ကိစ္စများပြီးသွားလျှင် ဝူသာ့ရှန်း၏ လက်ထဲမှ ပိုက်ဆံများသည် သူ၏ ညီမဖြစ်သူထံသို့ ရောက်နိုင်လောက်သည် ။
ချင်းယောင် နှင့် ပါပါးကျုံးသည် ငွေလွှဲမှတ်တမ်းသက်သေများကို ရှာဖွေရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်သည် ။ ဝန်ခံထွက်ဆိုချက်ကိုတော့ သူမ နှင့် ကျုံးရှီယို့ ရယူပြီးခဲ့ပြီဖြစ်သည် ။တစ်စုံတစ်ယောက်အား ကျွီးဟွာဟိုတယ်သို့စေလွှတ်ခဲ့ပြီး ဖြစ်နိုင်သည်မှာ ရှန်းချီ နှင့် အလုပ်သမားကိုယ်စားလှယ်တွေ့ဆုံခဲ့သည်ကို စောင်ကြည့်စစ်ဆေးထားသည့်မှတ်တမ်းကို ရှာတွေ့နိုင်လောက်သည် ။
သူမသည် အိတ်ထဲသို့ လက်နှိုက်လိုက်ပြီး အသံဖမ်းစက်အား အသံဖမ်းနေခြင်းကို ရပ်တန့်လိုက်သည် ။
xxxxx