အပိုင်း ၁၃၈
Viewers 14k

Chapter 138


  ဧပြီလ ၁၆ ရက်နေ့တွင် ၊  Z မြို့၏ စီးပွားရေးကဏ္ဍသည် ကသောင်းကနင်း ဖြစ်နေခဲ့သည် ။ ပြဿနာဖြစ်နေသော ထိုင်ကျင်းလမ်းဟောင်းမှ လွဲ၍ ကျုံး၏ စတော့ရှယ်ယာများအား ဝယ်ထားသော အခြားရင်းနှီးမြှုပ်နှံသူများသည် အမည်မသိနောက်ကွယ်တွင် ပုန်းကွယ်နေကြသည် ။


ကျုံးမိသားစု၏ လတ်တလောစတော့ရှယ်ယာကပ်ဆိုက်အခြေအနေအား သတင်း ထုတ်လွှင့်နေပြီး ပြောထားသည်မှာ


" အားလုံးသိကြတဲ့ အတိုင်းပါပဲ ။ ကျုံးဆိုတာ ပြည်တွင်းအဆင့်မီလုပ်ငန်းဟောင်း တစ်ခုပဲ ဖြစ်ပါတယ် ။ နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ်တည်လာနိုင်ခဲ့ပြီး ပြည်တွင်းစီးပွားရေးတိုးတက်လာမှုရဲ့  အဓိက အထောက်အပံ့တစ်ခုလည်းဖြစ်လာခဲ့ပါတယ် ။ မကြာသေးမီက ကျုံးရဲ့မိသားစုထဲမှာ အတွင်းရေးကောလဟာလများ ထွက်ပေါ်လာခဲ့ပါတယ် ။ ဒီတစ်ကြိမ်မှာတော့ ကျုံးဘက်က စတော့စျေးကွက်မှာ ပြင်းထန်တဲ့ ကပ်ဆိုက်ကာလကို ရင်ဆိုင်နေရပါပြီ ။ ဒီအခက်ခဲကို သူ့ဘက်က ကျော်လွှားနိုင်ပါ့မလား ။ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူတွေကို ခန့်မှန်းချက်ထုတ်ပေးဖို့ တောင်းဆိုပါရစေ..."


ကျွမ်းကျင်ပညာရှင် "  အနာဂတ်က မသေချာပါဘူး ။ ကျွန်တော်ကတော့ အခြေအနေကောင်းလာလိမ့်မယ်လို့ မထင်ပါဘူး ။ "


စျေးကွက်သည် ဆက်တိုက်ကျဆင်းနေခဲ့သည် ။


   လွယ်ကူသက်သာသောစတိုးဆိုင်တွင် သတင်းကြည့်နေကြသော ရှယ်ယာကိုင်ဆောင်ထားကြသူများသည် ကြည့်နေလေလေ ပို၍ စိုးရိမ်လာကြလေလေ ဖြစ်နေကြသည် ။ သူတို့သည် မတ်တပ်ရပ်ကာ သူတို့၏ ခွက်များအား ဒေါသတကြီး မပစ်ပေါက်ဘဲ မနေနိုင်ကြပေ ။


" ဒါက ငါတို့ကို တိုက်ပေါ်ကနေ ခုန်ချဖို့ တွန်းအားပေးနေတာပဲ မဟုတ်ဘူးလား ။ယွမ်ဘီလီယံထက်ပိုတဲ့ စျေးကွက်ရဲ့တန်ဖိုးက တစ်ဖြေးဖြေး လျော့လျော့လာပြီ ။ ဒါပေမဲ့ ငါဝယ်ထားတဲ့ ယွမ်ငါးသောင်းစတော့တွေအကုန်လုံးကတော့ အိမ်သာထဲရောက်သွားပြီ ။ "


" ဟုတ်တယ် ကျုံးကို ငါတို့ ခက်ခက်ခဲခဲရှာထားတဲ့ ပိုက်ဆံတွေ ပြန်ပေးခိုင်းရမယ် ။ "


" ပိုက်ဆံတွေပြန်မရဘူးဆိုရင် ကျုံးရဲ့အဆောက်အဦမှာ ပြဿနာရှာဖို့ ငါသွားရလိမ့်မယ် ။ "

....


ထိုမျှသာမကသေးဘဲ ကျုံး၏အလုပ်သမားများသည်လည်း စိုးရိမ်ရသည့်အခြေအနေသို့ရောက်နေကြသည် ။


မစ္စတာကျုံးသည် ကျုံးလုပ်ငန်းအတွက် နတ်ဘုရားကဲ့သို့ ကံကောင်းခြင်းမျိုးဟုပြောနိုင်သည် ။ သို့သော် ကျုံးကော်ချန်းသည် မည်သည့်လှုပ်ရှားမှုအကြီးကြီးကိုမျှ မလုပ်သေးချေ ။ အကုန်လုံးသည် အနည်းငယ်ထိတ်လန့်နေပြီး ကျုံး၏ ကသောင်းကနင်းအခြေအနေကြောင့် သူတို့၏ အလုပ်များဆုံးရှုံးလိုက်ရမည်ကို ကြောက်နေကြသည် ။


 ဖြစ်ရပ်သည် မကြာသေးမီက မြို့ထဲတွင် အတက်အကျအလွန်များနေပြီး  စတာ့စျေးကွက်အကြောင်း စိတ်မဝင်စားသော မင်းသယ်မှ ကျောင်းသားများသည်ပင် ဤကိစ္စနှင့်ပက်သက်ပြီး သတင်းတော်တော်များများရကြသည် ။


  သတင်းစကားသည် ပို၍ ချဲ့ကားပြောဆိုလာကြပြီး 

" ကျုံးမိသားစု ဒေဝါလီခံရတော့မည် " ဟူ၍ပင် ဖြစ်လာခဲ့သည် ။


ကျုံးယို့ယို့သည် မြို့တော်မှ ပြန်ရောက်လာခဲ့ပြီး မိသားစုကိစ္စများကြောင့် သူမကျောင်းကိုပင် ပြန်မသွားနိုင်သေးပေ ။ လွန်ခဲ့သောနှစ်ရက်တွင် သူမ၏ဖုန်းသည် ပေါက်ကွဲထွက်တော့မတက်ပင်ဖြစ်ခဲ့သည် ။ အတန်း ၁၉ မှအတန်းဖော်များသည် သူမကို ဂရုတစိုက် ဖုန်းဆက်လာကြပြီး သူမအဆင်ပြေလား နှင့် ဤကိစ္စအားဘယ်လိုဆောင်ရွက်နေကြလည်းဟုမေးလာကြသည် ။ 


ထိုလူများကြားထဲတွင် ကျုံးမိသားစု၏ စီးပွားကပ်ဆိုက်သွားဖို့ရန် ဖြစ်နိုင်ချေရှိလားဆိုသည်ကို အရသာခံမေးကြသော ကျောင်းသားအချို့လည်း ရှိကြသည် ။ ဒီရေအား လှည့်ပြောင်းဖို့ အမှန်ပင် နည်းလမ်းမရှိတော့ဘူးလား ။ 


ထိုအရာအား သူမ ကြားကြားချင်းတွင် ဤမေးခွန်းတို့အားမေးလာသောအတန်းဖော်တို့သည် ကျုံး၏ရှယ်ယာအားဝယ်ထားသော သူတို့မိဘများက ခိုင်းလိုက်ခြင်းဖြစ်သည်ကို သိလိုက်သည် ။ သူတို့သည် အလွန်ဆုံးရှုံးသွားသောကြောင့် ဟော့ပေါ့အိုးတွင် ဖြတ်ပြေးနေသော ပုရွက်ဆိတ်များကဲ့သို့ ပူပန်နေကြခြင်းဖြစ်မည် ။ 


သေချာပေါက်ပင် ဤအတုအယောင်စာများသည် အခြားအတန်းမှ သူများဆီကဖြစ်ပြီး အတန်း ၁၉ ရှိ အတန်းဖော်များသည် ဤကဲ့သို့ ပြဿနာမျိုးထဲသို့ ဝင်ရောက်ခြင်းမရှိဘူးပေ ။


ကျောင်းရှိလူအများသည် ကျုံးမိသားစုက ဤကိစ္စတွင် ပြန်လည်ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘဲ ဒေဝါလီခံရကာ ကျုံးယို့ယို့သည် အကြွေးတင်နေသူ၏ သမီးဖြစ်လာလိမ့်မည်ဟု ပြောနေကြသည် ။


ထို မှတ်ချက်များအား ရှစ်ယိမုန့်ကြားသောအခါ သူအနည်းငယ်စိုးရိမ်သွားသည် ။


သူအိမ်ပြန်ရောက်သောအခါတွင် စားသောက်နေချိန်၌ အလွန်စိုးရိမ်နေသည့် ပုံပေါ်သည် ။သူသည် မတတ်သာတော့ဘဲ ပန်းကန်အားချထားလိုက်ကာ ကပ်ဆိုက်ကာလကိုကျော်လွှားနိုင်ဖို့ ကျုံးကို ကူညီနိုင်မလားဟူ၍ သူ၏မိဘများအား မေးလိုက်သည် ။


" ငါတို့က သိပ္ပံလေ့လာချက်တွေကို လုပ်တဲ့သူလေ ။ ပြီးတော့ စီးပွားရေးနဲ့ပက်သက်တာလည်း ဘာတစ်ခုမှ မသိဘူး ။ ငါတို့ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ ။ "


မာမားရှစ်သည် ရယ်မောစွာပင်ပြောလိုက်သည် ။


" ပြီးတော့ မင်းအဖေမှာက ကျုံးစတော့မှာ ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံနည်းနည်းလေးဘဲ ရှိတာ အခုဆိုရင် သူ့ငွေရင်းရဲ့ တစ်ဝက်ဘဲရှိတော့တယ် ။ "


သို့သော် ဤငွေအနည်းငယ်သည် ရှစ်မိသားစုအတွက် ဘာမှမဟုတ်ပေ ။


ထိုထပ်ပို၍ ရှစ်စုံတွဲကဲ့သို့ အသိဉာဏ်ရှိသော သူများသည် ထိုကဲ့သို့သော အရူးအမူးမြှုပ်နှံကြသည့် အကန်းမျိုးမဟုတ်နိုင်ပေ ။ ရင်းနှီးမြှုပ်နှံချင်းသည် သူတို့အတွက် ဝါသနာသပ်သပ်သာဖြစ်ပြီး ကြက်ဥများအားလုံးကို ခြင်းတောင်းတစ်ခုထဲတွင် ထည့်ရန်မှာ မဖြစ်နိုင်ပေ ။


ရှစ်ယိမုန့်မသိသည်မှာ ထိုအကြောင်းအရာများနှင့် မှတ်ချက်များသည် အပြင်ဘက်ကမ္ဘာမှဖန်တီးထားခြင်းသာဖြစ်ပြီး အလွန်ကိုချဲ့ကားထားကြခြင်းသာဖြစ်သည် ။


ကျုံးမိသားစုသည် နှစ်ပေါင်းများစွာခိုင်မာစွာရပ်တည်လာခဲ့ခြင်းဖြစ်သည် ။ ဤအကြိမ်တွင် ရှန်းမိသားစုအားရှုံးသွားလျှင်တောင်မှ ထိုကဲ့သို့ လွယ်လွယ်နှင့် ဒေဝါလီခံလိုက်ရမည် မဟုတ်ပေ ။ အများဆုံးမှ ဘီလီယံအနည်းငယ်မျှ ပေးလိုက်ရရုံသာဖြစ်သည် ။


သို့သော် မည်သို့ပင်ဖြစ်ပါစေ ဒီတစ်ကြိမ် အပြင်ဘက်ရှိ လေထုသည် အနည်းငယ် မည်းမှောင်နေသည် ။

....


ကျုံးကော်ချန်းသည် ကုမ္ပဏီတွင် နှစ်ရက်ဆက်တိုက်ပေါ်မလာခဲ့ပေ ။ ကိစ္စရပ်အားလုံးသည် လက်ထောက်ဥက္ကဌမှ ဖြေရှင်းထားခဲ့သည် ။


ကုမ္ပဏီရှိလူများသည် မစ္စတာကျုံး အားလျော့ကာ စိတ်ဓါတ်ကျသွားပြီဟုတွေးမိကာ ထိတ်လန့်နေခဲ့သည် ။ 


ထိုထိတ်လန့်မှုအား အထွတ်အထိပ်သို့ရောက်အောင် တွန်းပို့ခဲ့သော အရာမှာ နေ့လည်ခင်းတွင် အရောင်းမန်နေဂျာ ချန်းချောင်သည် ဤကိစ္စများအား ခေတ္တကိုင်တွယ်ပေးနေရသော လက်ထောက်ဥက္ကဌဆီသို့ ထွက်စာတင်ခဲ့ခြင်းဖြစ်သည် ။ ကျုံး၏ ဒေဝါလီခံရမှုကို ထားရစ်ခဲ့ဖို့ စိတ်ဆုံးဖြတ်ခဲ့သည် ။


လူအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူတို့သည် ပို၍ပင် စိုးရိမ်လာခဲ့သည် ။


   ချန်းချောင်သည် ရုံးချုပ်၏ အလယ်အလတ်စီမံခန့်ခွဲအုပ်ချုပ်ရသူ ဖြစ်သည် ။ထို့နောက် သူသည် ကျုံးကော်ချန်းနောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့သော ဝန်ထမ်းဟောင်းဖြစ်သည် ။ သူသည် အလွန်ကို လုပ်ရည်ကိုင်ရည်ရှိသည် ။ သို့သော် ယခုတွင် ချန်းချောင်သည် ထွက်စာတင်လိုက်ပြီဖြစ်သည် ။ကျုံးသည် လုံးဝပိတ်ချရတော့မည် ဖြစ်သည် ။


အားလုံးကို ချန်းချောင်အား အိမ်အသစ်ရှာတွေ့ပြီး ထွက်ရန် စီစဥ်ထားခြင်းလားဟု မေးခဲ့သည် ။


ချန်းချောင်သည် သူ၏ ပစ္စည်းများကို ထုတ်ပိုးနေပြီး နောက်ထပ်အလုပ်ရှင်မှာ မည်သူဖြစ်သည်ကို မပြောခဲ့ပေ ။သို့သော် သူသည် အလွန်ဂုဏ်ယူနေခဲ့သည် ။ သူ၏ အမြင်တွင် ကျုံးသည် ဤတစ်ကြိမ်မပိတ်သိမ်းရလျှင်တောင် သူ၏ လုပ်ရည်ကိုင်ရည်တို့အား သေချာပေါက် ထိခိုက်ရလိမ့်မည်ဖြစ်သည် ။

နောက်ထပ်သခင်တစ်ယောက်ကို ရွေးချယ်ခြင်းသာအကောင်းဆုံးဖြစ်သည် ။ဤတစ်ကြိမ်တွင် ရှန်းဘက်က သူ့ကို လက်ကမ်းလာခဲ့ပြီး ကျုံးကို အဝေးသို့ဖယ်ထုတ်လိုက်သည့် အခြေအနေသည် အလွန်ကောင်းပေသည် ။ သူ မရွှေ့ပြောင်းဘဲ မည်သို့ နေနိုင်မည်နည်း ။


အကြောင်းပြချက်မှာ ကျုံးသည် အကျပ်အတည်းကာလတွင် ရှိနေပြီး အရောင်းမန်နေဂျာသည်လည်း ရုတ်တရက်ကြီး နှုတ်ထွက်စာတင်သွားခဲ့သည် ။သူသည် သေချာပေါက် စီစဥ်ထားခြင်းရှိရမည် ။


သို့သော် ..


ကုမ္ပဏီမှလူအားလုံးအား ထိတ်လန့်စေခြင်းမှာ လက်ထောက်ဥက္ကဌသည် သူ့အား ဖျောင်းဖျခဲ့ခြင်းမျိုးပင် မရှိခဲ့ပေ ။ သူသည် ချန်းချောင်အား အဓိပ္ပါယ်ပြည့်ဝနေသော အကြည့်ဖြင့်သာ ကြည့်ခဲ့ပြီး သူ၏ ထွက်စာအား လက်ခံပြီးနောက် သူ့အား လူ့အရင်းအမြစ်ဌာနသို့ခေါ်သွားကာ လစာထုတ်ပေးခဲ့သည် ။


" ဘာတွေဖြစ်နေတာလဲ " 


နားနေဆောင်ရှိ အလုပ်သမားအားလုံးသည် အနည်းငယ်အံ့အားသင့်သွားသည် ။


" သူတို့ဘာလို့ အဲ့ဒီလောက်တောင် ပြတ်သားနေရတာလဲ ။ သူတို့က အရောင်းမန်နေဂျာကိုတောင် လုံးဝဂရုမစိုက်နေတာပဲ ။ "


ဤသည်မှာ ချန်းချောင်မျှော်လင့်ထားသည်နှင့် အလွန်ကွာခြားပေသည် ။ သူသည် ရုတ်တရက် အရှက်ရသွားပြီး ကိုယ်ရေးကိုယ်တာဌာနသို့ အလျင်အမြန်သေတ္တာအားပိုက်ကာ ထွက်သွားခဲ့သည် ။ သို့သော် သူ၏ နှလုံးသားထဲတွင် အလွန်တုန်လှုပ်နေခဲ့သည် ။ ဖြစ်နိုင်သည်မှာ ကျုံး၏ လတ်တလောအခြေအနေသည် သူထင်ထားသလောက် ဆိုးရွားနေတာမျိုးမဟုတ်ဘဲ မြေခွေးအိုကြီး ကျုံးကော်ချန်းလက်ထဲတွင် ဝှက်ဖဲရှိနေပြီး ပြန်လာခြင်းဖြစ်မည်လား ။


သူသည် သေတ္တာကို ပိုက်ထားသော လက်မောင်းအား တင်းကြပ်လိုက်မိပြီး ခဏတာမျှ ထွက်စာတင်ခဲ့ခြင်းကို နောင်တရမိသွားသည် ။ သို့သော် သူသည် နောက်လှည့်မကြည့်ဘဲ သူ၏ခေါင်းကိုသာမော့ထားခဲ့သည် ။


  သူသည် တည်ငြိမ်သွားပြီး ပျော်ရွှင်စွာပင် အလုပ်ရှင်အသစ် ရှန်းမိသားစုဆီသို့ သွားမည်ဖြစ်သည် ။


 ....


လက်ထောက်ဥက္ကဌ ရုံးခန်းသို့ပြန်ရောက်သောအခါ သူသည် ထိုင်ချလိုက်ပြီး နှောင့်ယှက်ခံလိုက်ရသော အွန်လိုင်းဗီဒီယိုဖြင့်ဆွေးနွေးမှုအား ပြန်စတင်လိုက်သည် ။ အစည်းအဝေးတွင်  ပါပါးကျုံးနှင့် လက်ထောက်များသည် အလွန်ကို စိတ်အားတက်ကြွနေကြသည် ။ လက်ထောက်ဥက္ကဌသည် ယခုလေးတင်ဖြစ်သွားခဲ့သော ချန်းချောင်၏ ထွက်စာအကြောင်းကို ပြောပြလိုက်သည် ။


ပါပါးကျုံးသည် အေးစက်စွာပင်သူ၏ နှုတ်ခမ်းထောင့်အား မြှင့်တင်လိုက်သည် ။


" သူ့ကို အလုပ်ထွက်ခိုင်းလိုက်တာပေါ့ ။ ဒီလူက သူရဲ့နေရာမှာ တည်တံ့နေခဲ့တာ နှစ်အတော်ကြာပြီ ။ စီးပွားရေးလောကကို အတူတူထိုးဖောက်ခဲ့တယ်ဆိုတဲ့ ခံစားချက်ကြောင့်သာ မဟုတ်ရင် အရင်ထဲက ငါသူ့ကို ကန်ထုတ်ပစ်ခဲ့တာ ကြာပြီ ။ "


ယခုတွင်တော့ သူထွက်စာတင်သွားပြီး နောက်ထပ်အကျိုးအမြတ်တို့အား ဝေမျှခွင့်ရတော့မည် မဟုတ်ပေ ။


အဘယ်ကြောင့်ဆိုသော် သက်သေများသည် တစ်ပိုင်းချင်းစီ ရယူခြင်းဖြစ်ပြီး အလုပ်သမားကိုယ်စားလှယ်အား တိတ်တဆိတ်ဆက်သွယ်၍ ရှန်းချီလာဘ်ထိုးထားသောငွေများသည် ထိုအလုပ်သမားကိုယ်စားလှယ်ဆွေမျိုးများ၏ မှတ်တမ်းအရ  ၊ ဟိုတယ်တွင် တွေ့ဆုံခဲ့သော သတင်းအစအနများအရ ရှေ့နေ့များသည် အချက်အလက်များကို ပြင်ဆင်ထားခဲ့ပြီး ဤကိစ္စသည် ပြောင်းပြန်လှန်ခံရတော့မည် ဖြစ်သည် ။


ယခုတွင် ကျုံးသည် ပို၍ အဖိအနှိပ်ခံရလေ ကိစ္စတစ်ခုလုံးသည် ပို၍ တန်ပြန်တိုက်ခိုက်ခံရမည်ဖြစ်ပြီး ထိုအချိန်တွင် ရှန်းမိသားစုတစ်ခုလုံးသည် ကိုယ့်ကိုယ်ကို ပြန်အထိနာစေပြီး မည်ကဲ့သို့အဆုံးသတ်ကို ရလိမ့်မည်နည်း ။


ဤညတွင် ကျုံး၏ လေ့လာမှုများသည် အရှိန်ပြင်းနေခဲ့သည် ။

....


ထို့နောက် ဤညတွင် ရှစ်ကျစ်ထန်သည် ထပ်ခါထပ်ခါ တွန့်ဆုတ်နေခဲ့ပြီး ကျုံးယို့ယို့အား မခေါ်ဆိုဘဲ မနေနိုင်ခဲ့ပေ ။


သူသည် မြို့တော်မှ ပြန်မလာခင်ကတည်းကပင် ကျုံး၏ ကပ်ဆိုက်ကာလကို အစောဆုံးသိရှိနေခဲ့သည် ။ ရှစ်မိသားစု နှင့် ကျုံးမိသားစုသည် မိသားစုချင်းရင်းနှီးကြသူများဖြစ်သည် ။ မည်သို့ပင်ဖြစ်နေပါစေ ရှစ်မိသားစုသည် ဤကိစ္စတွင် ကူညီသင့်ပေသည် ။ သို့သော် လူအိုကြီးရှစ်သည် ဦးလေးကျုံးအား လက်ထပ်မည့်ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့သာ မေးခဲ့ပြီး ၊ ထိုသို့မဟုတ်လျှင် သူတို့သည် ဤကိစ္စတွင် ကြားဝင်ကူညီပေးလိမ့်မည် မဟုတ်ပေ ။


ယခုလက်ရှိ ကျုံးယို့ယို့သည် ယခင်က ကျုံးယို့ယို့ မဟုတ်တော့ပေ ။ ကျုံးယို့ယို့သည် ရှစ်ကျစ်ထန်ကို မကြိုက်တော့သည်မှာ ကြာပြီဖြစ်သည်ကိုလည်း ပါပါးကျုံးသိသည် ။  ထို့ကြောင့် သူတွန်းအားမပေးချင်ပေ ။ အပြစ်တင်ခံရလျှင်တောင်မှ လူအိုကြီးသည် သူငယ်ချင်းရင်းနှီးမှုကိုပင် ဂရုမစိုက်တော့ဘဲ ဖုန်းအား ​ဒေါသတကြီးချသွားခဲ့သည် ။


ရလဒ်အနေဖြင့် ကုမ္ပဏီနှစ်ခုကြားရှိ ဆက်ဆံရေးသည် အခြေအနေအရ ပို၍ ဆိုးရွားလာခဲ့သည် ။


အကယ်၍ ဤအကြိမ်တွင်သာ ရှစ်ကျစ်ထန်သည် ရှစ်မိသားစု၏ ခေါင်းဆောင်ဖြစ်မည်ဆိုလျှင် သူသေချာပေါက် ကူညီပေးမည်ဖြစ်ပြီး သူ၏ ယခင်ဘဝတွင် ကျုံးယို့ယို့ကူညီ​ပေးခဲ့ခြင်းအား ပြန်လည်ပေးဆပ်ခြင်းအဖြစ် မှတ်ယူ၍ ရပေသည် ။


  သို့သော် သူသည် ယခုတွင် ဆက်ခံသူအဖြစ်လျာထားခြင်းခံရသည့် သူများထဲမှ တစ်ယောက်သာဖြစ်သည် ။သူသည် ရှစ်မိသားစု၏ သခင်တစ်ယောက်ဖြစ်လာရန် ကိုယ်ပိုင်အစီစဥ်ဆွဲနေခဲ့ပြီး သူ့ထံတွင် ပြဿနာများကို ဖြေရှင်းနိုင်ရန် အစွမ်းအစမရှိသေးပေ ။သူသည် ကျုံးဘက်ကို ကူညီပေးရန် သူ၏ အဖိုးထံတွင် တောင်းဆိုခဲ့သော်လည်း ဆူပူကြိမ်းမောင်းတာကိုသာ ခံခဲ့ရသည် ။


ထိုအရာအား ကြားပြီးသောအခါ ပါပါးကျုံးသည် ချင်းယောင်ကို အကူအညီတောင်းရန် လှည့်သွားခဲ့ပြီး ရှစ်ကျစ်ထန်သည် စိတ်သက်သာရာရစွာ သက်ပျင်းချခဲ့မိသည် ။ သို့သော် တစ်ချိန်ထဲတွင် အလွန်မသက်မသာ ခံစားလိုက်ရသည် ။


ဤကဲ့သို့ လူသားများခံစားရသော မချင့်မရဲဖြစ်သည့် ခံစားချက်သည် လုံးဝမကောင်းပေ ။သူသည် စိတ်ခံစားချက်များကို ခဏဘေးဖယ်ထားပြီး ရှစ်မိသားစုနှင့် ကုမ္ပဏီအား အရင်ဆုံးအပြည့်အဝရယူရပေမည် ။


သူ၏ ခေါ်ဆိုမှုအား နောက်ဆုံးတွင် တစ်ဖက်မှကိုင်လာခဲ့သည် ။


"ဟေး "


ကျုံးယို့ယို့ ယခုဘာလုပ်နေလဲ ဆိုသည်ကိုသာ ရှစ်

ကျစ်ထန်မေးချင်ခဲ့သော်လည်း ထွက်ပေါ်လာသော အသံမှာ ကျုံးယို့ယို့၏ အသံမဟုတ်ပေ ။ 


သို့သော် ချင်းယောင်၏ ခပ်တိုးတိုးဖြင့် ကွဲပြားသောအသံသည် ထွက်ပေါ်လာခဲ့သည် ။


" ဘာကူညီပေးရမလဲ "


ရှစ်ကျစ်ထန် တောင့်ခံလိုက်သည် ။


" သူမကို ဖုန်းပေးပေး "


" ချင်းယောင် နင်ဘာလုပ်နေတာလဲ " 


ကျုံးယို့ယို့သည် သူမ၏ အသံအား နှိမ့်ကာ ဖုန်းကို ယူရန် လက်ဆန့်လိုက်သည် ။ရလဒ်အနေဖြင့် သူမ၏ လက်သည် ဆိုဖာပေါ်တွင် ဖိခံလိုက်ရသည် ။ ချင်းယောင်သည် သူမအား ချဥ်စူးစူးကြည့်ကာ သူ၏ နောက်လက်တစ်ဖက်အား ဆန့်လိုက်သည် ။


" ကိုယ်မင်းနဲ့ နောက်မှပြောမယ် "


ရှစ်ကျစ်ထန်သည် ကျုံးယို့ယို့၏ ဝိုးတဝါးရယ်သံကို ဖုန်းမှတစ်ဆင့် မကြားလိုက်ခြင်းမဟုတ်ပေ။ သူ၏ နိမ့်ကျနေသော ခံစားချက်များသည် ပို၍ ဆိုးရွားသွားကာ စိတ်ဓါတ်ကျနေရပြီဖြစ်သည် ။


 ဤအခြေအနေအား ကြည့်ရသည်မှာ ကျုံးယို့ယို့၏ အသံသည် စိတ်ကောင်းဝင်နေပုံ ရကတည်းက ကျုံးမိသားစုတွင် ပြဿနာကြီးမရှိနိုင်တော့ချေ ။ သူဘာမှမပြောလိုက်ဘဲ ဖုန်းသာချလိုက်တော့သည် ။


အနမ်း နှင့် ဖွင့်ဟဝန်ခံချက်များကတည်းက ချင်းယောင်၏ သတ္တိသည် အနည်းငယ်ပို၍ ထင်ရှားပေသည် ။ သူဖုန်းချလိုက်ပြီး ကျုံးယို့ယို့အား လက်တစ်ဖက်ဖြင့် ထိန်းထားကာ နောက်လက်တစ်ဖက်ဖြင့် ကျုံးယို့ယို့၏ ဖုန်းထဲမှ ရှစ်ကျစ်ထန်၏ နာမည်အား " စိတ်အနှောင့်အယှက်ပေးသောသူ " ဟူ၍ ပြောင်းလိုက်သည် ။ ထို့နောက် ဖုန်းအား ကျုံးယို့ယို့ကို အေးစက်စွာ ပွစိပွစိပြောလျက် ပြန်ပစ်ပေးလိုက်သည် ။


ကျုံးယို့ယို့ ဖုန်းအားယူလိုက်ပြီး အရှေ့သို့တိုးကာ ချင်းယောင်အား အနံ့ခံလိုက်သည် ။


" ချင်းယောင်က ဒီနေ့ ချဥ်စူးစူးဖြစ်နေတာပဲ "


ချင်းယောင်သည် သူမအား အနောက်သို့ပြန်တွန်းလိုက်ပြီး စိတ်ဆိုးဒေါသထွက်နေသကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်သည် ။


" ကိုယ်က စိတ်သဘောထားပြည့်ဝတဲ့သူမလို့ သူ့ကို မဘလော့လိုက်ဘူး ။ "


" ဟုတ်တယ် နင်ကကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ "


ကျုံးယို့ယို့ပြုံး၍ အနောက်သို့မှီကာ ချင်းယောင်၏ပေါင်ပေါ်တွင်လှဲ၍ စာအုပ်ဆက်ဖတ်နေခဲ့သည် ။ခဏအကြာတွင် သူမရုတ်တရက်ပြောလိုက်သည် ။


" စကားမစပ် ငါ့ကိုကူပြီး မုန့်ရှစ်ရွှမ်ဘာလုပ်နေလည်း ဆိုတာရှာပေးပါအုန်း "


ချင်းယောင်မေးလိုက်သည် ။


" သူမက ကျုံးရဲ့ အတွင်းရေးပရောဂျက် အချက်အလက်တွေကို ပေါက်ကြားစေခဲ့တဲ့သူလို့ မင်းထင်နေတာလား ။ "


ကျုံးယို့ယို့ သူမ၏ နှုတ်ခမ်းအား ကွေးညွှတ်ကာ ပြောလိုက်သည် ။


" သူမ မဖြစ်ဖို့ဘဲ ငါမျှော်လင့်ပါတယ် "


အကယ်၍ အမှန်တကယ်သူမသာဖြစ်နေခဲ့လျှင် ကျုံးမိသားစုဝင်သုံးယောက်ဖြစ်သွားမည့် အမူအရာကိုပင် ကျုံးယို့ယို့ မမှန်းဆရဲပေ ။ သူတို့ဆယ့်ရှစ်နှစ်ကျော်လောက်ပျိုးထောင်ခဲ့သောသူသည် ကိုယ်ရေးကိုယ်တာအရ သစ္စာဖောက်သွားခဲ့ပြီး သေတွင်းထဲကိုပင် ပို့ခဲ့သေးသည် ။ 


သူတို့ မည်သို့ခံစားရမည်နည်း ။ ထိုထပ်ပို၍ ကျုံးရှီယို့၏ မျက်နှာမှ ဒဏ်ရာအကြောင်းကို ပါပါးကျုံးနှင့် မာမာကျုံးတို့အား မပြောပြရသေးပေ ။အကယ်၍ သူသာပြောခဲ့မည်ဆိုလျှင် သူ၏ဖြူဖျော့နေသော မျက်နှာသည် ဒေါသများ အရင်ဆုံးပြည့်နှက်လာပေလိမ့်မည် ။



xxxxxx