အပိုင်း ၁၉၈
Viewers 21k

Chapter 198

(ငွေကို အညီအမျှခွဲခြင်း)


စုမုန့် နှင် ဝေ့ထင် စကားပြောပြီး သည်မှာ လေးရက်ပင်ရှိခဲ့လေပြီ။သူ ယခုထိ ပေါ်မလာ၍၊ စုမုန့် သိချင်စိတ်ဖြစ်မိသော်လည်း၊အလွန်အမင်း စိတ်ထဲထားမနေတော့။သူမ အားလပ်ချိန်တွေမှာလည်း ပုံမှန်အတိုင်း အလုပ်တွေ ဆက်လုပ်ခဲ့သည်။


တစ်နေ့တွင်၊ စုမုန့် နှင့် ရှန့်ကျန်း တို့သည် အလုပ်များပြီးသောအခါ ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြန်ခဲ့ကြသည်။ထိုအခါ ဆိုင်ထဲမှာထိုင်ပြီး  လက်ဖက်ရည်သောက်ရင်း စကားပြောနေသည့် ဝမ်လဲ့ကို တွေ့လိုက်ရသည်။


စုမုန့် ပြန်လာသည်ကိုမြင်သောအခါ ဝမ်လဲ့ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး 


“ဆရာမ ပြန်လာပါပြီလား...မစ္စတာရှန့်လည်း ဆေးရုံက ဆင်းလာပြီပဲ...အခုဘယ်လိုနေသေးလဲ"


 !!


 "ကျွန်တော် ဆေးရုံကဆင်းတာ ရက်အတော်ကြာပါပြီ"  


ရှန့်ကျန်းက ရှင်းပြသည်။


စုမုန့်  ဝမ်လဲ့ကို သေချာကြည့်မိသည်။ ဝမ်လဲ့သည် ပထမနေ့နှင့် လုံးဝမတူ။ အခြားလူတစ်ယောက်လိုပင်၊ခွန်အားတွေပြည့်နေပြီး သူ့ခန္ဓာကိုယ်ကလည်း ကိုယ်အလေးချိန် နည်းနည်းတက်လာသည်။သူ့မျက်နှာမှာ သာမာန် အရောင်အသွေးများ ထွက်လာရ၍ ပုံမှန်ပြန်ဖြစ်သွားပုံရသည်။


"မကြာသေးခင်က ဘယ်လိုများ အခြေအနေထူးသလဲ"


သူမက မေးလိုက်၏။


ဝမ်လဲ့က သူ့အိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ထုတ်ပြီး သူမကို ပေးလိုက်ရင်း ပြောသည်။ 


“ဆရာမက တကယ့်ကို တော်တာပဲ…ဆရာမရဲ့ အစွမ်းအစကို သိပါပြီ…ကျွန်တော် အခု နေကောင်းနေပြီ၊ ကောင်းကောင်းလည်း အိပ်ပျော်တယ်..ဒါက ကျသင့်ငွေရယ်၊ ဆေးဖိုးနဲ့ ကျေးဇူးဆပ်တာပါ...ကျေးဇူးပြုပြီး လက်ခံပါ”


စုမုန့်သည် ပေးလာသည့် ခရက်ဒစ်ကတ်ကို လက်ခံပြီး သိမ်းထားလိုက်သည်။


 "ဒါဆို ဆရာမ တခြားဘာမှ မရှိဘူး ဆိုရင် ကျွန်တော် သွားလိုက်ဦးမယ်"


 “သွားပါ...ကျွန်မ ပြောတာကိုသာ မမေ့နဲ့"


ဝမ်လဲ့ က လူတိုင်းကို နှုတ်ဆက်ပြီးနောက် တေးသွားလေးတစ်ခုကို ပါးစပ်ကညည်းရင်း ပြန်ထွက်သွားသည်။ သူတစ်ကယ်ပျော်နေပုံရသည်။


ရှန့်ကျန်းက ထွက်သွားသည့် ဝမ်လဲ့ ၏ကျောပြင်ကိုကြည့်ကာ သက်ပြင်းချရင်း


 "ဒီငွေတွေကို သူ နည်းလမ်းမှန်နဲ့ ရှာထားတာလား မသိဘူး...သူ လမ်းမှားကို သွားရင်တော့ ပြစ်ဒဏ်ကို  ခံစားရမှာဘဲ..."


 "ရှင်တောင် ပိုသိလာတာပဲ"  


စုမုန့်က ရှန့်ကျန်း ခေါင်းကို လက်ဖြင့်အသာခေါက်လိုက်ပြီး ဘဏ်ကတ်ကို ပေးလိုက်သည်။


  “သွားပြီးတော့ ပိုက်ဆံပြန်ထုတ်...ရှင် တစ်ဝက်ကို သိမ်းထားလို့ရတယ်"


 ဤစကားကိုကြားသောအခါ ရှန့်ကျန်း မျက်လုံးများ တောက်ပလာပြီး ဘဏ်ကတ်ကို စိတ်လှုပ်ရှားစွာ ကိုင်လိုက်သည်။မကြာမီ၊ သူခံစားလိုက်ရသည့် ခံစားချက်က ချက်ချင်းပျောက်သွားရ၏။ တစ်ဖက်က ငွေပေးရန် ကောက်ကျစ်သောနည်းလမ်းများကို အသုံးပြုခဲ့သော်လည်း သူနှင့် စုမုန့် တို့ကတော့ ငွေကို သန့်ရှင်းစွာရခဲ့ကြသည်။ သိပ်မဆိုးဘူးဟု ထင်မိ၏။


 "ဒါပေမယ့် ဒီမှာ ပိုက်ဆံဘယ်လောက်ရှိမှန်းတောင် မင်း မသိဘူးမလား...ကိုယ်က ပိုယူထားမှာကို မကြောက်ဘူးလား"  


ရှန့်ကျန်း မျက်လုံးများ ပြူးကျယ်သွားပြီး၊ မျှော်လင့်ချက်အပြည့်နှင့် စုမုန့် ဘယ်လိုပြန်ဖြေမလဲဆိုသည်ကို စောင့်နေသည်။ စုမုန့်က မျက်ခုံးပင့်ကာ သူ့ကိုကြည့်လိုက်သည်။  


"ရှင်က ပိုက်ဆံ ပိုလိုချင်လို့လား"


“မဟုတ်ဘူး...မဟုတ်ဘူး…ဒီလိုပြောတာမဟုတ်ဘူး…ဒီတစ်ခါတော့ ကိုယ်က သိပ်မကူညီဖြစ်ဘူးလေ…တစ်ဝက်လောက် ရတာကိုပဲ အရမ်းကျေးဇူးတင်ပါတယ်...မင်းက ကိုယ့်အပေါ် တစ်ကယ်ကောင်းပါတယ်"


ရှန့်ကျန်းက သနားသမားပုံဖြင့်ပြောနေသော်လည်း၊သူ့မျက်နှာကတော့ မူရာမာယာများပြီး ရယ်စရာကောင်းလှသည်။ သူ့မျက်နှာကိုသာ တခြားသူမြင်ရင်၊ သူက တမင်တကာ ပလီတာတာ ပြောနေသည်ဟု ထင်ကြမှာသေချာ၏။ သို့သော် သူ့စကားက စိတ်ရင်းမှန်ဖြစ်ကြောင်း စုမုန့် သိသည်။သူ့မျက်ရည်တွေကို ထိန်းထားဖို့ ရယ်စရာကောင်းသလိုမျိုး ကပျက်ကချော်လုပ်နေခြင်းပင်။ 


 “သွား…လိုချင်ရင် အကုန်ယူလို့ရတယ်…  ဒါပေမယ့် တောင်းဆိုချင်တာ တစ်ခုပဲ ရှိတယ်…ပိုက်ဆံ ဘယ်လောက်ပါလဲဆိုတာ ပြောရမယ်"


စုမုန့်က ပိုက်ဆံမက်သော်ငြား၊ ကျေးဇူးသိတတ်သူပင်။ရှန့်ကျန်း ကြောင့်သာ မဟုတ်လျှင်၊ သူမ အသက်ဆုံးရှုံးသွားနိုင်ပေသည်။ထို့ကြောင့်  ကတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာကို သိချင်စိတ်သာ ဖြစ်မိသည်။ ဝမ်လဲ့က သူမကို ဘယ်လောက်ပေးသလဲ ဆိုသည်ကို သိချင်မိ၏။


 “ကောင်းပါပြီ”  


သူမ စကားကိုကြားသောအခါ သူ့မျက်လုံးများနီရဲလာသည်။ စုမုန့် က သူ့ကို အမြဲတမ်း ရက်စက်တတ်သော်လည်း၊ သူ့ကို အလွန်ဂရုစိုက်ပေးသည်။ သူမက စိတ်ထားကောင်းသူဖြစ်ခြင်းကိုတော့ ငြင်းမရပေ။ပိုက်ဆံကို အတော်လိုချင်နေတာတောင်မှ ပိုက်ဆံအားလုံးကို ပေးပစ်လေသည်။


ရှန့်ကျန်း စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျလုနီးပါးဖြစ်ခဲ့သော်လည်း စုမုန့် စကားများက သူ့မျက်ရည်များကို နောက်ပြန်ဝင်သွားစေခဲ့သည်။


 “ဒီငွေကို ကြိုတင်ငွေအဖြစ် ယူပါ နောက်ဆို ပိုက်ဆံတွေအားလုံးကို ကျွန်မပဲ ယူမှာ"


 "အမ်" 


 ရှန့်ကျန်း ငိုတော့မည်ဖြစ်သော်လည်း စုမုန့် စကားကိုကြားတော့ ချက်ချင်းပင် မျက်ရည်များ ထိန်းထားပြန်ကာ ပြန်ရယ်မိတော့သည်။


 “သူ့ကို စမနေပါနဲ့...ဒီလောက်ဆို လုံလောက်ပြီ”  


ဘေးမှကြည့်နေသော ကောရှန်း သည် ရုတ်တရက် ကြားဝင်ပြောလာသည်။ ကောရှန်း စကားကိုကြားလျှင်၊ စုမုန့် က ပြုံးပြီး ရှန့်ကျန်းကို နှစ်သိမ့်လိုက်၏။


"ကျွန်မက စတာပါ"


ရှန့်ကျန်းလည်း ရယ်သည်။ သူက ကတ်ကို သေသေချာချာ သိမ်းထား၏။လောလောဆယ် ပိုက်ဆံမထုတ်နိုင်သေး၊ သူ့ခြေထောက်တွေ ပိုကောင်းလာသည်အထိ စောင့်ရပေမည်။


 တခြားဘာမှလုပ်စရာမရှိတာကြောင့် စုမုန့် အပေါ်ထပ်တက်ပြီး စာအုပ်ဖတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူမ လှည့်ထွက်သောအခါ တံခါးဝမှ ဟွန်းသံကြားလိုက်ရသည်။သူမ လှည့်ကြည့်လိုက်ရာ ရှေးဟောင်းပစ္စည်းဆိုင်ရှေ့မှာ အနက်ရောင်ကားတစ်စီးရပ်ထားသည်ကို တွေ့လိုက်ရသည်။မကြာမီ  တံခါးပွင့်လာပြီး ဖန်းမော ထွက်လာ၏။


(ဝေ့မိသားစုသို့ ပြန်သွားရန်)


ထိုမှသာလျှင် စုမုန့်သည် ယနေ့က သူမ ဆေးစစ်ဆေးရမည့်နေ့ဆိုသည်ကို သတိရမိသည်။


 "မစ္စစု...ဒီနေ့ ဒီမှာမရှိဘူးလို့ ထင်ထားတာ"


ဖန်းမောသည် ဆေးသေတ္တာနှင့်အတူ အိမ်ထဲသို့ ဝင်လာရင်း စုမုန့်ကို မျက်ခုံးပင့်ကာ မေးလိုက်သည်။  


"ဘာလို့ အဲ့ဒီလိုပြောတာလဲ"


 "ဝေ့မိသားစုမှာ တစ်ခုခုဖြစ်ခဲ့သွားတာကို ခင်ဗျား မသိဘူးလား…ဥက္ကဌဝေ့က မပြောဘူးလား"


 "ဝေ့ထင်က ဒီကို မရောက်တာ ရက်အတော်ကြာပြီ… သူ့အိမ်က ဘာဖြစ်နေလို့လဲ …သူ ကျွန်မကိုလည်း မဆက်သွယ်ဘူး”  


ဖန်းမောက စစ်ဆေးမည်ဖြစ်၍၊ စုမုန့် ထုံးစံအတိုင်း စားပွဲမှာ ထိုင်လိုက်သည်။


 “ဝေ့မိသားစုမှာ အစေခံတစ်ယောက်ပျောက်သွားတယ်လို့ ကြားတယ်… အစေခံ ပျောက်ပြီးကတည်းက အဖိုးဝေ့ရဲ့ ကျန်းမာရေးလည်း ရုတ်တရက် ဆိုးလာတာ...သူ ဆေးရုံတော်တော်များများကို သွားပေမယ့်လည်း သူ့မှာ ဘာရောဂါရှိမှန်းတောင် မသိနိုင်ဘူးတဲ့.. ဒီအခြေအနေက နည်းနည်းထူးဆန်းတယ်... ဒါကို ခင်ဗျားတစ်ခုခုလုပ်သင့်တယ်လို့ ကျွန်တော်ထင်တယ်”


စုမုန့် သူပြောနေသည့်အရာကို နားလည်သည်။ ဝေ့မိသားစုကို ကူညီပေးဖို့ သူမကို သွယ်ဝိုက်ပြီး တောင်းဆိုနေခြင်းသာ။


စုမုန့် သည် ဝေ့ထင်ကို ကြည့်မရကြောင်း ဖန်းမော သိသည်။ သူမ သွားမလား၊ မသွားဘူးလား ဆိုတာကို သူ,မသိ‌ပေ။ ဝေ့ထင်က သူမကို မပြောခိုင်းသော်လည်း၊သူမ ကောင်းကောင်း ဖြေရှင်းနိုင်မည်ဟု သူ ခံစားမိသည်။ ထို့ကြောင့် သူမကို အသိပေးခြင်းသာ။ စစ်ဆေးမှု ရလဒ်တွေအရ အားလုံးက ပုံမှန်ဖြစ်၍ ဖန်းမော သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ပြန်ထွက်သွားသည်။


ရှန့်ကျန်းသည် စုမုန့် ဘေးတွင် တစ်ချိန်လုံးရပ်နေခဲ့သည်။စုမုန့် ပြီးနောက် သူ့ကို ဖန်းမောက အလကား စစ်ဆေးပေးမည်ဟုတွေးကာ  သူ့ခြေထောက်ကို ပြလိုက်သည်။သို့သော် ဖန်းမောက သူ့ကို မကြည့်ဘဲ ထွက်သွားလေတော့သည်။သူလည်း စေတနာမပါသော ဆရာဝန်ကြောင့် စိတ်မကောင်းဖြစ်မိသွား၏။ 


 “သွားချင်ရင်သွားလေ...သမီး စိတ်ချမ်းသာသလိုလုပ်...ပြီးမှ နောင်တမရပါစေနဲ့”


 ကောရှန်းက ဘေးကနေ လျစ်လျူရှုမထားနိုင်ဘဲ ဝင်ပြောခဲ့သည်။ ဝေ့မိသားစုကို သူ မုန်းတီးသော်လည်း စုမုန့် နှလုံးသားထဲတွင် ဝေ့ထင် ရှိနေမှန်း သူသိသည်။  ထို့အပြင် အဘိုးဝေ့သည် စုမုန့် အပေါ် အမြဲ စေတနာထားခဲ့သည်။ထို့ကြောင့် သူမကို နောင်တမရစေချင်ပေ။သူမ နောင်တရနေမှာစိုး၍ သူမအား  သတိပေးလိုက်ခြင်းပင်။


 "စုမုန့်"  


စုမုန့် အတွေးထဲနစ်ဝင်နေတာကို ရှန့်ကျန်းက မြင်ပြီးခေါ်လိုက်သည်။


"ဝေ့မိသားစုကို သွားရအောင်"  


ထိုအခါမှ သူမလည်း ရုတ်တရက် သတိပြန်ဝင်လာပြီး ကားသော့ကိုဆွဲကာ ထွက်လာခဲ့သည်။ ဝေ့မိသားစု ဘာဖြစ်သွားမလဲ ဆိုသည်ကို သူမ ဂရုမစိုက်။ အဘိုးဝေ့ကိုသာ ဂရုစိုက်သည်။အဘိုးဝေ့ တစ်ခုခုဖြစ်သွားပြီဆို၍ သူမ သွားရပေတော့မည်။


စုမုန့် ထွက်သွားသည်ကို ရှန့်ကျန်း မြင်ပြီးနောက်၊သူလည်း ပလတ်စတစ်ခြေထောက်အကာ စွပ်ထားလျက်နှင့် အမြန်လိုက်သွားခဲ့သည်။သူမကို အချိန်တိုင်း ပြုစုစောင့်ရှောက်ပေးမည်ဟု ဝေ့ထင်အား ကတိပေးထားပြီးဖြစ်၍၊သူ့ခြေထောက်တွေ ပြန်ကောင်းမလာသေးသော်လည်း၊သူမကို ကာကွယ်ရမည်။


ဖန်းမောက အဘိုးဝေ့ ဘယ်ဆေးရုံမှာ တက်နေသည်ဟု အတိအကျမပြောသွား။ထို့ကြောင့် စုမုန့်သည် ဝေ့မိသားစုအိမ်ထံသို့သာ သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။သူမ ကားမောင်တာ အလွန်မြန်နေတာကြောင့်၊ ရှန့်ကျန်း သူ့ထိုင်ခုံခါးပတ်ကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရင်း လိုက်ပါလာသည်။နာရီဝက်ကြာ ထိတ်လန့်တကြားလိုက်ပါလာပြီးနောက်၊ နောက်ဆုံးတွင် ဝေ့မိသားစုအိမ်သို့ ရောက်ရှိလာကြသည်။


စုမုန့်နှင့် ရှန့်ကျန်းတို့ အတူတူ အိမ်ထဲသို့လျှောက်ဝင်သွားကြသည်။ ခြံဝင်းထဲမှာ အစေခံတို့က လမ်းလျှောက်နေကြသည်။ အိမ်၏ ပရိဘောကများသည် ပုံမှန်အတိုင်းပင်ဖြစ်ပြီး မြင်သာသော အပြောင်းအလဲများ မရှိချေ။ သို့သော် ယင်းသည် အပေါ်ယံမျှသာဖြစ်ပြီး သည် အိမ်ရှိ ယင်စွမ်းအင်ကို စုမုန့် ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။


 "စုမုန့် နင် ဒီကို ဘယ်လိုလုပ်ပြီး လာရဲတာလဲ"  


သူမ နောက်ကနေ ရင်းနှီးသည့် ဒေါသအသံတစ်ခု ထွက်လာသည်။သူမ လှည့်မကြည့်လည်း၊ ဘယ်သူမှန်း သိသည်။


အမေဝေ့သည် စုမုန့်ထံသို့ မုန်းတီး နေဟန်ဖြင့် လျှောက်လာကာ 


"ကောင်းပါတယ်၊ နင်က ပြန်လာတာတင်မကဘူး၊ နင့်ရဲ့လူကိုပါ ဒီကိုခေါ်လာဖို့ သတ္တိရှိတယ်ပေါ့…နင် ဒီလောက်တောင်  အရှက်မရှိဘူးလား…နင် ဘာလာလုပ်တာလဲ"


စုမုန့် ဘာမှပြန်မပြောခင် အမေဝေ့က လှမ်းပြောနေပြီဖြစ်သည်။အမေဝေ့၏ စကားသည် ကြမ်းတမ်းလွန်းလှ၍ ရှန့်ကျန်း သည်းမခံနိုင်တော့။  


“ထင်ထားတဲ့အတိုင်း ခင်ဗျားက ထောင်နဲ့မှ လိုက်ဖက်တာပဲ"


 "မင်း..."  


အမေဝေ့သည် ရှန့်ကျန်းကို ပါးချဖို့ လက်လှမ်လိုက်သော်လည်း၊  စုမုန့်က သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ


"ကျွန်မတို့ ဒီကိုလာပြီး ဒုက္ခလာပေးနေတာမဟုတ်ဘူး…ကူညီဖို့လာတာ…အဘိုးဘယ်မှာလဲ… ပျောက်နေတဲ့ အစေခံက ဘာဖြစ်နေတာလဲ"


စုမုန့်၏ လေးနက်သောမျက်နှာအမူအရာကိုမြင်လျှင်၊အမေဝေ့က လှောင်ပြောင်လိုက်သည်။


 "စုမုန့်....နင်က ဝေ့မိသားစုဆီ ပြန်ဖို့ ဒီအခွင့်အရေးကို သုံးချင်တာလား…ငါ နင့်ကို ပြောလိုက်မယ်…လုံးဝ မဖြစ်နိုင်ဘူး…နင့်လို ကောင်မက ဘာသိမှာလဲ...ငါတို့ ရဲခေါ်ပြီးပြီ...နင် ဂရုစိုက်စရာမလိုဘူး"


စုမုန့်သည် အမေဝေ့နှင့် မပြောချင်တော့၍ လက်လျှော့လိုက်ကာ ရှန့်ကျန်းဘက်လှည့်ပြီး


 "ကျွန်မတို့ဒီမှာရှိနေတယ်လို့ သူ့ကိုပြောထားလာား" 


 "ဘာလဲ"  


သူမဆီမှ ရုတ်တရက်မေးခွန်းကြောင့် ရှန့်ကျန်း ထိတ်လန့်သွားသည်။ စုမုန့် ဘာကိုဆိုလိုတာလဲ...ဝေ့ထင်နဲ့ သူ အဆက်အသွယ်ရနေတယ်ဆိုတာ သူမ သိလား…


"ရှင်က သူနဲ့ အမြဲအဆက်အသွယ်ရှိတာမလား...ကျွန်မ အကြောင်းကို သူ့ဆီ သတင်းပို့နေတာလေ"


ရှန့်ကျန်း မယုံနိုင်ဖြစ်သွားကာ ပါးစပ်အဟောင်းသားဖြင့်  


"မင်းက ဘယ်လိုသိတာလဲ"


 “ဒီအကြောင်းကို နောက်မှပြောမယ်...ကျွန်မ မေးတာကို အရင်ဖြေပါ …သူပြန်လာပြီလား"  


စုမုန့် ရှင်းပြချင်စိတ်မရှိ၍ မပြောလိုက်ပေ။ 


 "အင်း...ဥက္ကဌဝေ့ မကြာခင်ဒီကိုရောက်လာလိမ့်မယ်"



xxxxx