Chapter 140
ဤညတွင် မည်သူမှ ကောင်းစွာအိပ်မပျော်ဘဲ အတွေးကိုယ်စီဖြစ်နေကြသည် ။
ရှန်းချီ နှင့် ကျုံးကော်ချန်းသည် တစ်ညလုံးမအိပ်ဘဲ နက်ဖြန်ထွက်လာမည့် စီရင်ချက်တို့ကို စောင့်မျှော်နေကြသည် ။
ရှန်းချီသည် အနိုင်ရမည့်လက်မှတ်ကို စောင့်စားနေခဲ့သည် ။ယခုတွင် ကျုံး၏ ရှယ်ယာများသည် ဆိုးဆိုးရွားရွား နစ်မြုပ်နေပြီး ဖြစ်နိုင်သည်မှာ နောက်ရက်တွင် သူသည် ငွေကြေးအား ဆက်လက်ထိန်းမထားနိုင်တော့ကြောင်း ကြေညာပေလိမ့်မယ် ။သူသည် နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရသည့် ပြည့်ဝနေသော လုပ်ငန်း အစိတ်အပိုင်းတို့အား နောက်ဆုံးတွင် လက်လွှဲယူနိုင်လိမ့်မည် ။ သူသည် ခံစားချက်လွန်ကဲနေပြီဖြစ်သည် ။
မိုးသောက်ချိန်ရောက်လာသည်နှင့် အမျှ ရှန်းချီသည် စိတ်ငြိမ်ငြိမ်မထားနိုင်တော့ဘဲ အိပ်ယာမှထကာ သူ၏ ရေချိုးဝတ်စုံအား ဝတ်ပြီး ပြတင်းပေါက်နားဆီသို့ လျှောက်သွားလိုက်သည် ။ ဆိုးရွားသည့် အပြုံးအားဆင်မြန်းကာ ထို့နောက်အစိုးရဘက်မှ အဆက်အသွယ်အား ခေါ်ဆိုလိုက်သည် ။
" မစ္စတာချန်း ၊ ဒီတလော သတင်းတွေကို တွေ့ပြီးသွားပြီလား ။ ထိုင်ကျင်းလမ်းဟောင်းက ကျုံးရဲ့ပရောဂျက်တွေ ရပ်ဆိုင်းထားရတာ ဘယ်လောက်တောင်ကြာနေပြီလဲ ။ ကျွန်တော့်အထင်တော့ ကျုံးက ဒါကို ဆက်ထိန်းထားနိုင်မယ်မထင်တော့ဘူး ။ အဲ့တာက ဒီပရောဂျက်လောက်တောင် မကောင်းဘူး ။ကျွန်တော်တို့ကိုပဲ ပေးလိုက် ။ ရှန်းဘက်က..."
သူစကားပြောလို့မပြီးသေးခင်တွင် တစ်ဖက်တွင်ရှိနေသော ချန်းကုန်းသည် မှင်သက်သွားကာ မေးလိုက်သည် ။
" မစ္စတာရှန်း ဒီမနက်တုန်းက နောက်ဆုံးထွက်ထားတဲ့ သတင်းကို မမြင်သေးဘူးလား ။"
" ဘာနောက်ဆုံးသတင်းလဲ "
ရှန်းချီအပြုံးနှင့် ပြောလိုက်သည် ။
" အဲ့ဒါက အစိုးရမူဝါဒအသစ်တွေများ ပေါ်လာလို့လား ။ ကျွန်တော် အဲ့ဒီမြေရဲ့ အစိတ်အပိုင်းကို ရယူဖို့ ဘယ်မူဝါဒကမှ မတားနိုင်လောက်ဘူး..."
" အဲ့ဒါက မူဝါဒပြဿနာမဟုတ်ဘူး ။ "
တစ်ဖက်မှစကားပြောနေသောသူ၏အသံနေအသံထားသည် အနည်းငယ်သိမ်မွေ့နေသည် ။
" ခင်ဗျား သတင်းကို အရင်ဆုံးကြည့်သင့်တယ် ။ ဒီမနက် ၇ နာရီတုန်းက ကျုံးက သတင်းစာရှင်းလင်းပွဲလုပ်တယ် "
ရှန်းချီသူ၏ မျက်ခုံးအား ကျုံ့လိုက်ပြီး ဤလူ၏ အသံနေအထားတွင် ဘာမှားနေလဲဆိုသည်ကို ဝိုးတဝါးသတိထားမိသွားခဲ့သည် ။
သူသည် ချက်ချင်းဖုန်းချကာ ဧည့်ခန်းသို့သွား၍ သတင်းကြည့်ရန် တီဗွီဖွင့်လိုက်သည် ။ ထိုအချိန်တွင် အပြင်ဘက်မှ တံခါးအား လာခေါက်နေပြီး အသံသည် သတိပေးနေသကဲ့သို့ပင် ။ လက်ထောက်သည် ထိတ်လန့်နေပြီး အာမေဍိတ်သံပြုလိုက်သည် ။
" မစ္စတာရှန်း တံခါးအမြန်ဖွင့်ပါ ။ မကောင်းတဲ့ကိစ္စကြီး ဖြစ်နေပြီ ။ ကျုံးက မနေ့ညတုန်းက အစိုးရရှေ့နေ့တွေဘက်ကို ခိုင်လုံတဲ့သက်သေတွေပို့လိုက်တဲ့ပုံပဲ ။ "
ရှန်းချီသည် ငယ်ထိပ်သို့ပင် သွေးဆောင့်တက်သွားပြီး တံခါးအား ဖွင့်၍ ထိတ်လန့်စွာပြောလိုက်သည် ။
" အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ အဓိပ္ပါယ်မရှိဘူး ။ "
သူသည် ပိပိရိရိလုပ်ဆောင်ခဲ့ပြီး ကျုံးဘက်က မည်သို့များ သက်သေများ ရှာတွေ့နိုင်ပါမည်နည်း ။
ကျုံးသည် သူ့အား သင်္ကာမကင်းဖြစ်နိုင်သော်လည်း အစိုးရအား တင်သွင်းနိုင်သော သက်သေအထောက်အထား ရှာတွေ့နိုင်ရန်မှာ မဖြစ်နိုင်ချေ ။
သူအလျင်အမြန် တီဗွီအားဖွင့်လိုက်ပြီး သူ၏ နှလုံးသည် လည်ချောင်းတစ်ဝက်သို့ပင် ခုန်တက်နေပြီဖြစ်သည် ။
တီဗွီပွင့်လာသောအခါတွင် ထိုအရာသည် လုံးဝဇာတ်သိမ်းသွားပြီဖြစ်သည် ။ကြည့်ရသည်မှာ ကျုံးသည် ငွေအမြောက်အများသုံးစွဲခဲ့ပုံပေါ်ပြီး သတင်းကောင်းများအား ထိပ်ဆုံးသို့ရောက်အောင် ဦးညွှတ်ခဲ့ပုံရသည် ။
သတင်းတွင်ပြောထားသည်မှာ
" မကြာသေးမီက အလုပ်သမားထိခိုက်ဒဏ်ရာရမှု နဲ့ ပြဿနာများကြောင့် ကျုံးလုပ်ငန်းစုမှာ အတော်လေးနစ်နာခဲ့ပါတယ် ။ ဒီကိစ္စက ကျုံးရဲ့ စျေးကွက်အကျိုးအမြတ်ကိုလည်း အတော်လေးထိခိုက်စေခဲ့ပါတယ် ။ဒါပေမဲ့ မနေ့ညမှာတော့ ကျုံးအုပ်စုရဲ့ ဥက္ကဌ ကျုံးကော်ချန်းဘက်က ချက်ချင်း အစိုးရရှေ့နေတွေဘက်ကို သက်သေများစွာ တင်သွင်းလာခဲ့ပါတယ် ။ "
သက်သေစုစည်းမှုရှိ ပထမဆုံးအရာမှာ ဘဏ္ဍာရေးလာဘ်ထိုးထားသည့် ငွေလွှဲမှတ်တမ်းများပင် ဖြစ်သည် ။
ရှန်းချီ၏ မျက်လုံးများသည် သွေးများပြည့်လာသကဲ့သို့ ဖြစ်သွားခဲ့သည် ။ ဘာတွေများ ဖြစ်သွားခဲ့သနည်း ။ ကျုံးဘက်က မည်သို့များ သူ၏ အတွင်းရေးအကောင့်အား စုံစမ်းနိုင်သွားခဲ့သနည်း ။ ဘဏ်ဘက်က မည်သည့်အကြောင်းပြချက်မှ မရှိဘဲ ပေါက်ကြားစေလိမ့်မည် မဟုတ်ပေ ။ထိုအရာအား မပြောလျှင်တောင် သူ၏ အတွင်းရေးအကောင့်သည် အမြဲလျှို့ဝှက်ထားခဲ့ခြင်း ဖြစ်သည် ။
သူသည် ရုတ်တရက် လွန်ခဲ့သော နှစ်ရက်က သူ၏ တံခါးအား လာခေါက်ခဲ့သော အလုပ်သမား ဝမ်ဝမ်အား သတိရသွားသည် ။ ချက်ချင်းပင် သူ၏ ခေါင်းထဲတွင် သဲလွန်စများ အတန်းလိုက်ပေါ်လာခဲ့သည် ။ ဝမ်ဝမ်သည် ကျုံးဘက်မှ လှုံ့ဆော်ခံလိုက်ရခြင်း ဖြစ်မည်လား ။ ထိုလူအား ငှားရမ်းဖို့ ကျုံးဘက်မှ ငွေမည်မျှ သုံးခဲ့မည်နည်း ။ ထိုမှလွဲ၍ ဝမ်ဝမ်သည် သရုပ်ဆောင်နေသည်နှင့် လုံးဝမတူညီပေ ။ထိုသို့မဟုတ်လျှင် သူမည်သို့ အရူးလုပ်ခံရမည်နည်း ။
ရှန်းချီ တစ်ဝက်လောက်ကိုသာ ခန့်မှန်းနိုင်ခဲ့သည် ။ သို့သော်လည်း ကျုံးမိသားစုသည် ဝမ်ဝမ်အပေါ်တွင် ပိုက်ဆံတစ်ပြားတစ်ချပ်မှ မသုံးခဲ့သည်ကိုတော့ မခန့်မှန်းမိခဲ့ပေ ။
ဝမ်ဝမ်အတွက် ကျုံးသည် သူ၏ ခွန်အားကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည် ။
ဒုတိယမြောက်သက်သေသည် အလုပ်သမား၏ အသံဖမ်းထားသည့် မှတ်တမ်းဖြစ်ပြီး ပြောင်းလဲသွားသည့် အသံနေအသံထားပါဝင်ခဲ့သည်။
" ဒီတစ်ကြိမ်မှာ အလုပ်သမားအများကြီးက ကျုံးမိသားစုကို ပြဿနာရှာနေကြပြီ ။ ဒါပေမဲ့ တကယ်တမ်းက ရှန်းမိသားစုက အဲ့လိုဖြစ်အောင် လှုံ့ဆော်ပေးခဲ့တာ.."
ရှန်းချီ ကြောက်ရွံ့သွားခဲ့သည် ။ ဘာတွေများ ဖြစ်နေသည်လည်း ။ သူသည် ဖုံးကွယ်ရန်အတွက် မီလီယံဆယ်နှင့်ချီ အသုံးပြုခဲ့ပြီး ယခုတွင် သုံးစားမရသည့် အလုပ်သမားထဲရှိ မည်သူက ထိုအသံဖမ်းထားသည့်အရာကို ပြောခဲ့သနည်း ။
တတိယမြောက် သက်သေသည် ဟိုတယ်ရှိ စောင့်ကြည့်စစ်ဆေးထားသည့် ဗီဒီယိုဖြစ်သည် ။
ထိုအရာအားကြည့်ရသည်မှာ ရှန်းချီ၏ ခြေထောက်များသည် အားနည်းသွားခဲ့ပြီး သူ၏ ဦးနှောက်ထဲတွင် တဝီဝီမြည်နေခဲ့ပြီဖြစ်သည် ။
သတင်းသည် ဆက်လက်ထုတ်လွှင့်နေခဲ့သည် ။
" ဒီသက်သေအတွဲလိုက်တွေကိုတော့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး ယခုလက်ရှိမှာတော့ ဖြစ်နိုင်ချေရှိတာက ဒီကိစ္စမှာ ကျုံးက ရိုးသားတဲ့ နစ်နာသူဖြစ်ပုံရပါတယ် ။ဒီကိစ္စရဲ့ နောက်ကွယ်မှာတော့ မလိုမုန်းထားပြိုင်ဘက်တွေများစွာ ရှိနေတဲ့ပုံပေါ်ပါတယ် ။ အစိုးရရှေ့နေ့တွေဘက်ကလည်း ဒီမှာရှိတဲ့ စျေးကွက်ကို သတိပေးချက်ထုတ်ပြန်ပြီးပါပြီ ။ ယှဥ်ပြိုင်တဲ့နေရာမှာ မျှမျှတတ နဲ့ ဖွင့်ဟပြထားသင့်ပြီး မုန်းတီးချက်နဲ့ စီးပွားရေး ပြစ်မှုများရှိလာမှာကို ခုခံထားပါတယ် ။"
ထိုအရာသည် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ပြောထားသည် ။
ကျုံးသည် အမှန်ပင် ဗီလိန်ဖြစ်သည် ။ သူသည် ကိစ္စများကို သူ့ထက်ပိုများစွာလုပ်ခဲ့ပြီး သူ့ထက်လည်း ပိုရက်စက်သေးသည် ။ထို့နောက် လူများစွာကိုပင် သေတွင်းထဲသို့ ပို့ခဲ့သေးသည် ။ ဤသက်သေအတွဲလိုက်များ ထွက်ပေါ်မလာသေးခင် မနေ့ညက သူ့ထံတွင် မည်သည့်စကားလုံးမှမရှိသေးပေ ။
ရှန်းချီသည် လေဟာပြင်ထဲသို့ ရုတ်တရက်ခုန်ချလိုက်ရသကဲ့သို့ပင် သူ၏ အပြာရောင်သွေးကြောများပင် ထောင်ထလာခဲ့သည် ။
ဤစီးပွားရေး သင်္ကေတသည် မည့်သည့် သင်္ကေတမှ မရှိသည့်အတိုင်းပင် ဖြစ်သည် ။လူအကုန်လုံးသည် သူ့အား ကျော်ကြားသော ဥက္ကဌရှန် ၊ ရှန်းချီ အဖြစ်သိကြသည် ။ ဤအရာသည် ရှင်းရှင်းလင်းလင်းပင် ရည်ရွယ်ချက်ရှိရှိ လက်တုံ့ပြန်ပြီး ကိုယ်ရေးကိုယ်တာတိုက်ခိုက်ခြင်းပင် မဟုတ်ပါလား ။
လက်ထောက်သည် ဟော့ပေါ့အိုးပေါ်တွင် ဖြတ်ပြေးနေရသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် စိုးရိမ်နေရသည် ။
" ဥက္ကဌ ရှန် ၊ အစိုးရရှေ့နေတွေဘက်က ခင်ဗျားကို လွှတ်လိုက်ဖို့ ဖုန်းခေါ်နေတာ အကြိမ်အနည်းငယ်ရှိနေပြီ ။ ပြီးတော့ ဒီစုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပေးဖို့ ပြောလာကြတယ် "
နဖူးထက်တွင် အေးစက်နေသော ချွေးများအပြည့်နှင့် ရှန်းချီသည် ကုလားထိုင်တွင် ထိုင်လိုက်ပြီး သူ၏နောက်ဆုံး သမာဓိအား ထိန်းထားရန် ကြိုးစားလိုက်သည် ။
" ငါ့ရဲ့ ရှေ့နေ့ကို အရင်ခေါ်လိုက် ။ အစိုးရရှေ့နေရုံးရှေ့မှာ ငါ့ကိုစောင့်နေဖို့ အရင်ပြောလိုက် "
ဤကိစ္စတွင် သူတုံ့ပြန်နိုင်မည့် ကိစ္စရပ်တစ်ခုကို လုံးဝမတွေးနိုင်ခဲ့ချေ ။
လက်ထောက်သည် ဆက်သွယ်လိုက်ပြီး တစ်ဖက်မှ ရှေ့နေသည် တွန့်ဆုတ်နေခဲ့သည် ။ ထို့နောက် ကိစ္စရပ်သည် အလွန် ပြဿနာများကြောင်းကို နောက်ဆုံးတွင် ပွင့်ပွင့်လင်းလင်းသာပြောလိုက်သည် ။ ကျုံးမှ စတော့ရှယ်ယာများ များစွာဆုံးရှုံးခဲ့ပြီး ယခုတွင် သူတို့သည် ရှန်းဘက်ကို တန်ပြန်တိုက်ခိုက်လာမည်ကို သူကြောက်ရွံ့မိသည် ။
စီးပွားရေးပြစ်မှုသည် ရာဇဝတ်ပြစ်မှုကြီးပင် ဖြစ်သည် ။ အဖြစ်မှန်များအား လုပ်ဆောင်ရန်မှာ အလွန်အန္တရာယ်များလှသည် ။ ယခုတွင် ရှန်းချီလွတ်မြောက်နိုင်မည့် အခွင့်အရေးမှာ အလွန်နည်းပါးနေပြီဖြစ်သည် ။ သို့သော် သူသည် အကောင်းဆုံးကြိုးစားမည် ဖြစ်သည် ။
ဤစကားလုံးများအား ရှေ့နေဆီမှ ကြားလိုက်ရသောအခါ လက်ထောက်သည် အလွန်စိုးရိမ်နေပြီး ဖြူဖျော့နေကာ ရှန်းချီကိုပင် သူတိုက်ရိုက်မပြောရဲခဲ့ပေ ။
သူသည် ဖုန်းချကာ ဒေါသထွက်စွာပင်ပြောလိုက်သည် ။
" မစ္စတာရှန်း ၊ အဲ့ဒီ ကျုံးအိမ်ကထွက်လာပြီး မုန့်ရှစ်ရွှမ်လို့ခေါ်တဲ့မိန်းကလေးကနေတစ်ဆင့် ကျွန်တော်တို့ကို ပရိယာယ်ဆင်သွားတာများလား ။ "
" မုန့်ရှစ်ရွှမ်မှာ အဲ့လောက် အစွမ်းအစမရှိသေးဘူး ။ " ရှန်းချီပြောလိုက်သည် ။
သို့သော် ဤအရာသည် အလွန်ထူးဆန်းနေသည် ။ ကျုံးကော်ချန်းသည် လွန်ခဲ့သော နှစ်များတွင် လုပ်ရည်ကိုင်ရည်ကျနေပြီ ဖြစ်သည် ။ ဓါးသည် မထက်တော့ဘဲ နည်းလမ်းများကလည်း ယခင်ကကဲ့သို့ မကောင်းတော့ဘူးဟု ပြောနိုင်ပေသည် ။ ထို့ကြောင့်သာလျှင် သူသည် ထင်ရှားသော လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ အောင်ပွဲခံနိုင်သမျှ သူသည် ရှန်းမိသားစုအတွက် ကမ္ဘာအသစ်ကို ဖန်တီးနိုင်မည် ဖြစ်သည် ။
ထို့နောက် အရာအားလုံးသည် သူစီစဥ်ထားသကဲ့သို့ တိုးတက်နေပြီး ရုတ်ချည်း ဘာကြောင့်များ လမ်းမှ သွေဖယ်သွားသနည်း ။
ထိုအရာသည် အမှန်ပင် ချင်းမိသားစု၏ ကြားဝင်ချင်းများ ဖြစ်နိုင်မည်လား ။
လွန်ခဲ့သောနှစ်ရက်ခန့်က တံခါးရှေ့ကို ရောက်လာခဲ့သော လူယုတ်မာ ဝမ်ဝမ်မှစ၍ ဂိမ်းသည် ပြောင်းပြန်လှန်သွားခဲ့ခြင်း ဖြစ်သည် ။
ထို့နောက်တွင် ဤအရာများအားလုံးကို ဖယ်ရှားနိုင်ဖို့ ကျုံးကော်ချန်းအား မည်သူမှ ကူညီပေးခဲ့ပါသနည်း ။
xxxxxxx