Chapter 141
ထိုအရာအားဖော်ထုတ်ခံရပြီးသည့်နောက်တွင် အရာအားလုံးသည် ပြောင်းပြန်လှန်ခံလိုက်ရပြီဖြစ်သည် ။သူတို့၏ ငွေရင်းအားဆုံးရှုံးလိုက်ရသော ရင်းနှီးမြှုပ်နှံသူများကို မဆိုထားနှင့် ထိုင်ကျင်းလမ်းဟောင်းတွင် စောင့်ကြပ်နေရသော အလုပ်သမား အုပ်စုသည်ပင် မှင်သက်သွားရသည် ။
လွန်ခဲ့သော ရက်အနည်းငယ်တွင် သူတို့သည် အိမ်သို့ပင် ပြန်မသွားခဲ့ပေ ။ ထို့ကြောင့် သူတို့သည် လမ်းပေါ် သို့မဟုတ် အနီးရှိဟိုတယ်တွင်သာ အိပ်ခဲ့ပြီး ကျုံးမိသားစုဘက်မှ ဖြေရှင်းလာမည်ကို စောင့်နေခဲ့သည် ။
အချို့သူများသည် ဝူသာ့ကျန်း ၊ လီဟိုင်တို့နှင့်အတူ ရွာမှလာခဲ့ပြီး တရားမျှတသော ညီအစ်ကိုများဖြစ်ကာ အချို့သည် ငွေအတွက်လာခဲ့ပြီး အချို့သည် အနာဂတ်အခွင့်အလမ်းကောင်းများ ရှာဖွေနိုင်ရန် ဖြစ်သည် ။မည်သို့ပင်ဖြစ်စေ သူတို့သည် ကျုံးမိသားစုအား ဆန့်ကျင်ကာ အမှန်တရားဘက်မှ မခံမရပ်နိုင်ဖြစ်ခြင်းကိုမရပ်တန့်နိုင်ခဲ့ပေ ။
သို့သော် ယခုမနက်အစောပိုင်းတွင် သတင်းအားကြည့်ပြီးသောအခါ သူတို့သည် ထိတ်လန့်သွားရသည် ။
ရက်များစွာကြာအောင် ဤဘဝကိုပင် ခြိမ်းခြောက်နိုင်သည့် ပြဿနာရပ်သည် အမှုဆင်ထားခြင်းသာဖြစ်သည် ။ ရှန်းမိသားစုသည် ဝူမိသားစု ၊ လီမိသားစုနှင့် အတူပူးပေါင်ပြီး ဤမကောင်းသည့်ကိစ္စများကို ဆောင်ရွက်ခဲ့ခြင်းလား ။
ဝူသာ့ကျန်း နှင့် ဝူသာ့ရှန်းသည် သူခိုးလူပြန်ဟစ်ခဲ့ခြင်း ဖြစ်သည် ။သူတို့သည် ဝူသာ့ကျန်းအား ညီအစ်ကိုကဲ့သို့သတ်မှတ်ခဲ့ပြီး ကိုမာဝင်သွားခဲ့သည့် သူ့အတွက် တရားမျှတမှုကိုပင် ပြန်ရှာပေးချင်ခဲ့သေးသည် ။သို့သော် မည်သူကသိမည်နည်း ။ ဤဝူသာ့ကျန်းသည် ပိုက်ဆံအတွက် သူ၏ အသက်ကို လဲလှယ်ခဲ့ခြင်းသာဖြစ်သည် ။
ထို့နောက် သူတို့သည် အသုံးချခံများ ဖြစ်သွားခဲ့သည် ။
ဤအလုပ်သမားများသည် အလွန်ဒေါသထွက်လာရသည် ။ တစ်စုံတစ်ယောက်သည် ဦးဆောင်၍ ဝူသာ့ရှန်းအား စိုက်ကြည့်လိုက်ကာ
" အနံ့ဆိုးထွက်နေတဲ့ကောင်လေး ၊ မင်း ရှန်းနဲ့ မကောင်းမှုတွေလုပ်ပြီး ရလာတဲ့ ပိုက်ဆံရော ဘယ်မလည်း ။ ငါတို့ကို လှုံ့ဆော်ပေးပြီး ကျုံးနဲ့ ပြဿနာဖြစ်အောင်လုပ်ခဲ့တယ် ။ ဒါပေမဲ့ ငါတို့ကိုတော့ ပိုက်ဆံမပေးခဲ့ပါလား ။ "
ဝူသာ့ရှန်း၏ အကြောင်းသည် တအံ့တသြပင် လမ်းပေါ်ရှိ နှစ်ဆယ့်လေးနာရီစတိုးဆိုင်များတွင် ဆက်လက်ထုတ်လွှင့်နေပြီး သူ၏ မျက်လုံးများသည် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေခဲ့သည် ။ လုံးဝကို တုံ့ပြန်မှုမရှိသကဲ့သို့ပင် ဖြစ်ခဲ့ရသည် ။
သူသည် တောင့်တင်းသောယောကျာ်းများ၏ တွန်းထုတ်ခြင်းကိုခံနေရပြီး
" ကောင်းပြီ ဝူသာ့ရှန်း ၊ မင်းက ငါတို့ကို မျောက်တွေလိုမျိုး ကစားသွားခဲ့တာလား ။အဲ့တာက အဆင်ပြေပါတယ် ။ငါတို့က ငါတို့ရဲ့ အလုပ်အကိုင်နဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးသွားခဲ့ပြီ ။ ငါတို့အတွက် အကျိုးအမြတ်ကို မရရုံတင်မကဘူး ၊ ကျုံးမိသားစုဆီကနေပါ နှင်ထုတ်ခံရတော့မယ် ။ "
" ဟုတ်တယ် ။ ငါက မင်းအဖေကို မသမာတဲ့ထုတ်လုပ်သူတွေဆီကနေ ဟင်းရွက်ဟင်းသီးလိုမျိုး အမှုန့်ချေခံလိုက်ရတယ်လို့ပဲ ရိုးရိုးသားသားတွေးခဲ့တာ ။ ဒါပေမဲ့ အဲ့တာက မင်းနဲ့ မင်းအဖေရဲ့ ကိုယ်တိုင်ဇာတ်လမ်းဆင်ပြီး သရုပ်ဆောင်ထားတဲ့ ကိစ္စအဖြစ်ပြောင်းလဲသွားတာပဲ ။ "
" မင်းမှာ အသိတရားရှိသေးတယ်လို့ ပြောမယ်ဆိုရင် မင်းအဖေကိုယ်တိုင်ကိုက လိုလိုလားလား လုပ်ခဲ့တာ ဖြစ်တဲ့အတွက် အဆင်ပြေသေးတယ် ။ ဒါပေမဲ့ မင်းက မင်းအဖေကို ငွေနဲ့လဲဖို့တောင် သဘောတူခဲ့သေးတယ်တဲ့လား ။ ဒါက မင်းအဖေရဲ့ ဘဝပဲကွ ။ "
ဝူသာ့ရှန်းသည် လူအုပ်စု၏ ဝိုင်းထားခြင်းကို ခံနေရပြီး ထိုနေရာတွင် လွတ်မြောက်ရန် မည်သည့်လမ်းမှမရှိချေ ။ထိုအရာအား ရှင်းပြရန်လည်း မည်သည့်အကြောင်းပြချက်မှ မရှိပေ ။ ယခုတွင် မငြင်းဆိုနိုင်သော သက်သေသည် သတင်းတွင် ပါလာခဲ့ပြီ ဖြစ်သည် ။
လမ်းနှစ်ဖက်ရှိ စျေးဆိုင်များတွင် မနက်ခင်းသတင်းများအား ထုတ်လွှင့်နေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အားလုံးက တွေ့နိုင်ကြသည် ။
ထိုခဏတွင် သူ၏ ခေါင်းသည် အရိုက်ခံနေရပြီး သူ၏ နံရိုးများသည်လည်း အကြိမ်ပေါင်းများစွာ ထုရိုက်ခံနေရသည် ။ သူ၏ မျက်နှာသည်လည်း အချက်ပေါင်းများစွာ အရိုက်ခံရကာ သူ၏ နားထဲတွင် တဝီဝီမြည်နေသံများကိုသာ ကြားနေရသည် ။
ဤအလုပ်သမားများ၏ ဒေါသသည် မပြေပျောက်သေးပေ ။သူတို့သည် လမ်းပေါ်တွင် ရက်များစွာအိပ်ခဲ့ရပြီး ပိုက်ဆံများကိုလည်း ဆုံးရှုံးခဲ့ရသည် ။သို့သော် နောက်ဆုံးတွင် သူတို့၏ မြင့်မားသောကိုယ်ကျင့်တရားဘက် ရပ်တည်ခြင်းကို ဆုံးရှူံးလိုက်ရပြီ ဖြစ်သည် ။ထိုအရာများသည် ဝူသာ့ရှန်း၏ အကျိုးမရှိသော လုပ်ရပ်များကြောင့်ပင် မဟုတ်ပါလား ။
သူတို့သည် ဤနေရာ၌ပင် ဝူသာ့ရှန်းအား သေအောင်ရိုက်နှက်ရန် မစောင့်နိုင်တော့ပေ ။
ထိုထပ်ပို၍ လွန်ခဲ့သောနှစ်ရက်က ကျုံးယို့ယို့ နှင့် ကျုံးရှီယို့အား ပိတ်ဆို့တားဆီးခြင်းသည် ဝူသာ့ရှန်း၏ လှုံ့ဆော်မှုဖြစ်သည် ။
ဝူသာ့ရှန်းသည် ရုန်းကန်ပြီး ဆဲဆိုလာခဲ့သည် ။
" အဲ့ဒါက ခင်ဗျားတို့ရဲ့ ဦးနှောက်တွေက ရှင်းရှင်းလင်းလင်းမရှိလို့ ကျွန်တော့်ဆီကနေ သဘာဝကျကျပဲ လှုံ့ဆော်ခံလိုက်ရတာ ။ ဒါကဘယ်လိုလုပ် ကျွန်တော့်အမှား ဖြစ်နိုင်မှာလဲ ။ "
သူသည် သူတို့အား ထိုကဲ့သို့ ဆူပူဆဲဆိုလာချိန်တွင် သူတို့သည် ပိုလို့ပင် ဒေါသထွက်လာရတော့သည် ။
ဝူသာ့ရှန်းသည် အရိုက်အနှက်ခံရသောကြောင့် သူ၏ နှုတ်ခမ်းထောင့်များသည် သွေးထွက်နေပြီး သူ၏ နှာရိုးသည် ကျိုးကြေပြီး ဖူးယောင်နေခဲ့သည် ။ ထို့နောက် သူ၏ အဝတ်အစားများသည် စုတ်ပြဲကုန်သော်လည်း သူသည် ထိုအမှန်တရားကြောင့် ဒေါသထွက်နေသော လူစုအား လဲကျသွားအောင် လုပ်ခဲ့သည် ။
ကံကောင်းစွာဖြင့် သူ၏ ဖုန်းသည် မပျောက်သွားခဲ့ပေ ။ထို့နောက် သူသည် ထောင့်နားသို့ ယိုင်နဲ့နဲ့ဖြင့် လျှောက်သွားပြီး ရှန်းချီအား ခေါ်လိုက်သည် ။
ရှန်းချီသည် ရှေ့နေကို စောင့်နေပြီး သူ၏ ဖုန်းအားကိုင်ရန် မည်သို့စိတ်ကောင်းဝင်နေပါမည်နည်း ။ကော်ဖီစားပွဲပေါ်ရှိ တုန်ခါနေသော ဖုန်းအား တစ်ချက်ကြည့်လိုက်ပြီး သူကြမ်းတမ်းစွာ ကိုင်လိုက်သည် ။
ချိန်ဆက်မိသွားသည်နှင့် တစ်ပြိုင်နက် ဝူသာ့ရှန်း အလျင်အမြန်မေးလိုက်သည် ။
" ဥက္ကဌရှန် ၊ ဘာတွေဖြစ်ကုန်တာလဲ ။ ကျွန်တော် ပြဿနာရှာပေးရင် ခင်ဗျားပိုက်ဆံပေးမယ်လို့ မပြောထားဘူးလား ။ကျွန်တော်ဘာကိုမှ ဂရုစိုက်နေစရာမလိုဘူး ။ ပေးဖို့ကျန်သေးတဲ့ငွေက အခုထိမရောက်သေးဘူး ။ သတင်းထဲမှာ ဘာတွေဖြစ်နေတာလဲ ။ ကျွန်တော်ရဲ့ ငွေလွှဲမှတ်တမ်းတွေက ဘယ်လိုလုပ်ပြီး လူသိရှင်ကြား ပေါက်ကြားသွားရတာလဲ ။ "
" မင်းကအရှက်မရှိ ပြောရဲသေးတယ် ။ "
ရှန်းချီ အလွန်ဒေါသထွက်နေခဲ့သည် ။
" ငါမင်းကို မေးပါအုန်းမယ် ။ အသံဖမ်းထားတာက ဘာတွေလည်း ။ မင်းချီးလိုပဲ ၊ ကျုံးမိသားစုရဲ့ ပိုက်ဆံတွေကို စုဆောင်းပြီးတော့ ငါ့ကို ပြန်လာပေးနေတာလား ။ "
" ကျွန်တော်မှားသွားတာ "
ဝူသာ့ရှန်း အလျင်အမြန်ပင် ပြောလိုက်သည် ။
" ကျွန်တော်အဲ့ဒီ အလုပ်သမားတွေဆီကနေ အရိုက်ခံခဲ့ရတယ် ။ပြီးတော့ ကျွန်တော့်အဖေကလည်း အခုဆေးရုံမှာ လှဲနေရပြီ ။ခင်ဗျားကျွန်တော့်ရဲ့ များပြားတဲ့ဆေးဖိုးဝါးခတွေကို ဂရုမစိုက်လို့မရဘူး ။ ခင်ဗျားကျွန်တော့်ပေးစရာကျန်တဲ့ ငွေကို အရင်ပေးရမယ် ။ "
" မင်းအမေ-ိုးပဲ " ရှန်းချီသည် သူ၏ဒေါသအား လုံးဝမထိန်းနိုင်တော့ပေ ။ထို့နောက် ရုတ်တရက် ဖုန်းအား နံရံကို ပစ်ပေါက်ကာ ကြေမွအောင် လုပ်လိုက်သည် ။ ဖုန်း၏ မျက်နှာပြင်သည် ကွဲကြေသွားခဲ့သည် ။
သူသည် ဤပြဿနာအား လုံးဝအဖြေရှာမရခဲ့ပေ ။
သူ့အား အယူခံဝင်ဖို့ မဆန်ကျင်ခင် အစိုးရရှေ့နေများသည် သေချာပေါက် အသံဖမ်းမှတ်တမ်းအား ရရှိခဲ့ပြီး ဖြစ်မည် ။ထို့နောက်တွင် သတင်းနှင့် သက်သေများအား ထုတ်ဖော်ရန် သဘောတူညီခဲ့ခြင်းပေ ။
သို့သော် ဝူသာ့ရှန်း၏ အသံနေအသံထားဖြင့် အကဲဖြတ်ရလျှင် ထိုအရာသည် သူ၏ အသံမှတ်တမ်းမဟုတ်ပေ ။ ထို့ကြောင့် မည်သူသည် ကျုံး၏ သက်သေဖြစ်ခဲ့သနည်း ။
ထို့နောက် ဤတွင် မိန်းကလေးဝူသည် ထိတ်လန့်တကြီးပင် သူမ၏ ပါးစပ်အား ပိတ်ထားမိသည် ။ အခြားသူများမသိသော်လည်း သူမကတော့ ရှင်းရှင်းလင်းလင်းသိသည် ။ ထိုအသံမှတ်တမ်းထဲတွင် ပြောခဲ့သော သူသည် သူမ မဟုတ်လား။
မနက် ၁၁နာရီ ၃၀ မိနစ်တွင် အရောင်းမန်နေဂျာ ချန်းချောင်သည် အိပ်ယာမှ နိုးလာခဲ့သည် ။သူသည် မနေ့ညက စိတ်အခြေအနေဆိုးရွားနေခဲ့ပြီး ဝိုင်နီအနည်းငယ်ကို သောက်ခဲ့သည် ။ ရလဒ်အနေဖြင့် သူအတော်ကြာကြာ အိပ်ခဲ့သည် ။
အိပ်ယာမှ နိုးလာပြီး ဦးစွာလုပ်ရမည့်အရာမှာ အင်္ကျီဝတ်ပြီး ကျုံးသို့သွားရန်ပင် ၊ သို့သော် အင်္ကျီဝတ်နေသည့်တစ်ဝက်တွင် သူသည် အလုပ်ထွက်ခဲ့ပြီဖြစ်ကြောင်း ရုတ်တရက်မှတ်မိသွားခဲ့သည် ။
ချန်းချောင်သည် အနည်းငယ်ရှုပ်ထွေးနေသည်ဟု ခံစားလိုက်ရသော်လည်း သူ၏ အင်္ကျီအား ဖြေးဖြေးပင် ဝတ်ကာ သူ၏မျက်နှာအား သုတ်လိုက်ပြီး ကိုယ့်ကိုယ်ကို အားပေးလိုက်သည် ။ ယခုတွင် သူသည် ရှန်းမိသားစုဘက်သို့ ပြောင်းသွားခဲ့ပြီ ဖြစ်ပြီး သူ၏ အနာဂတ်အသစ်အတွက် အစီစဥ်များ ရှိနေပြီဖြစ်သည် ။
မနေ့က ရှန်းချီ၏ အပြုအမူသည် သိပ်မကောင်းပေ ။သို့သော် သူ့ထံတွင် ရှန်းချီပြန်လည်အသုံးပြုလောက်မည့် လုပ်ရည်ကိုင်ရည်ရှိသည်ကို သူယုံကြည်သည် ။
ဖြည့်စွက်ရလျှင် လက်ရှိရှန်းမိသားစုသည် သူခန့်မှန်းသည်သာ မမှားပါက သူရွေးချယ်မှု မမှားယွင်းခဲ့ပေ ။ ဤကိစ္စတွင် ရှန်းသည် အကြီးကျယ်ဆုံးအနိုင်ရသူဖြစ်ပြီး မကြာခင်တွင် ကျုံးမိသားစုအား အပြီးတိုင်ဖယ်ရှားပစ်လိမ့်မည်ဖြစ်သည် ။
ရှန်းမိသားစုဘက်သို့ ကူးပြောင်းသွားခြင်းသည် ပညာရှိသောရွေးချယ်မှုပင် ဖြစ်သည် ။အနာဂတ်တိုးတက်မှု၏ ရလာမည့် အကျိုးအမြတ်များသည် ကျုံးမိသားစုမှ ရမည်ထက်ပင် ပို၍ တောက်ပနေသေးသည် ။
သူသည် ဆေးကြောသန့်စင်လို့ပြီး၍ တံခါးအားဖွင့်ကာ အပြင်ထွက်ပြီး ရှန်းချီနှင့် ကောင်းမွန်စွာဆွေးနွေးရန် မျှော်လင့်နေခဲ့သည် ။
မမျှော်လင့်ထားစွာပင် သူသည် ဟိုတယ်၏ စားသောက်နေရာသို့ရောက်သောအခါတွင် အနက်ရောင်ဝတ်စုံဝတ်ထားသော လူအချို့ အပေါ်သို့တက်လာသည်ကို တွေ့လိုက်ရပြီး အစိုးရရှေ့နေများဖြစ်ပုံပေါ်သည် ။
ချန်းချောင်သည် ခဏတာ မှင်သက်သွားခဲ့သည် ။ဤဟိုတယ်တွင် တည်းခိုကြသောသူများသည် ချမ်းသာသည့် သူများသာဖြစ်ကြသည် ။ တရားဥပဒေ နှင့် ညိစွန်းနေသော သူဌေးတစ်ယောက်ယောက်များ ဤတွင်ရှိနေပါသလား ။
သူသည် တစ်ဖက်သို့လှည့်လိုက်ကာ သူ့ဘေးတွင် ထိုင်နေသောသူကို မေးလိုက်သည် ။
" ကိစ္စကြီးတစ်ခုခုများ ဖြစ်သွားသေးလို့လား ။ "
ဘေးရှိလူသည် သူ့အားကြည့်ကာပြောလိုက်သည် ။
" ခင်ဗျား အခုထိ မသိသေးဘူးလား ။ဒီမနက်လေးတင် မုန်တိုင်းကြီးတစ်ခုဖြစ်သွားတာ ။အဲ့တာက တစ်ကယ်ဖော်ပြဖို့တောင် ခက်တယ် ။ကျွန်တော့်အထင်တော့ ရှန်းမိသားစုက မစ္စတာရှန်းက ပြန်လာနိုင်မယ်လို့တောင် မထင်တော့ဘူး ။သူတို့ရဲ့ အဆုံးသတ် လာနေပြီ ။ "
ချန်းချောင်သည် သူ၏ နှလုံးသားထဲတွင် အနည်းငယ်လေးလံနေမှုကို ခံစားလိုက်ရသည် ။ ထို့နောက် အလျင်အမြန်ရှေ့တိုးကာ မေးလိုက်သည် ။
" ခင်ဗျား ဘာကိုဆိုလိုတာလဲ ။ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့်သူက ကျုံးမိသားစုမဟုတ်ဘူးလား ။ "
" အိုး ခင်ဗျားက ရွာထဲရောက်နေတာလား ။ သတင်းလေးဘာလေးဖွင့်မကြည့်ဘူးလား ။ဒီလောက် ကမောက်ကမနိုင်တဲ့ ဘဏ္ဍာရေးသတင်းက ပြောဖို့ အဆင်မပြေဘူး ။ " ထိုလူသည် ပြောလိုက်သည် ။
" ခင်ဗျားကိုယ့်ဘာသာ သတင်းကြည့်ကြည့် "
ချန်းချောင်သည် သူ၏ခေါင်းအားလှည့်ကာ နံရံရှိ တီဗွီမှ လွှင့်နေသော သတင်းအား ကြားလိုက်ရသည် ။ သတင်းတွင် ကျုံးမိသားစု၏ ရှယ်ယာများသည် ချက်ချင်းပင် ထိုးတက်သွားသည်ဟု ဖော်ပြထားသည် ။ ဘာကြောင့် တက်သွားရသည်လဲ ။ ထိုအရာသည် မနေ့ကပင် ထိုးကျနေတုန်းပင် မဟုတ်လား။
သူသည် ဖုန်းကို အမြန်ဖွင့်လိုက်ကာ ဤမနက်ရှိ သတင်းအား ရှာဖွေလိုက်သည် ။
သူသည် ယခုနှင့် မတိုင်ခင်ကသတင်းတို့ကို ကြည့်လိုက်သည် ။ ထိုအရာအားဖတ်ပြီးသွားသောအခါ သူ၏ မျက်နှာသည် ဖြူဖျော့လာပြီး သူ၏ နှလုံးသည် တစ်ဖြေးဖြေး အေးခဲလာခဲ့သည် ။
ဤကိစ္စသည် ရှန်းဘက်မှ အလုပ်သမားကိုယ်စားလှယ်နှင့် မကောင်းမှုပြုလုပ်ခဲ့ခြင်းအဖြစ်ပြောင်းလဲသွားပြီး သူတို့ကိုယ်တိုင်ပင် ဦးဆောင်ကာ ဆောင်ရွက်ခဲ့သည် ။ထို့နောက် ကျုံးကို အမှုဆင်ခဲ့သည် ။
ယခုတွင် ကျုံးသည် သက်သေများကို စုဆောင်းခဲ့ပြီး အစိုးရရှေ့နေဆီသို့ တင်သွင်းခဲ့သည် ။ ဤကဲ့သို့ စီးပွားရေးပြစ်မှုသည် အလွန်ကို လေးနက်ပြီး အစိုးရရှေ့နေများသည် ယခုတွင် သေချာစစ်ဆေးနေကြသည် ။ ထို့နောက် ရှန်းချီသည် လက်ရှိတွင် အချုပ်ထဲသို့ ခေါ်ဆောင်ခံသွားရမည် ဖြစ်သည် ။
ထိုအစိုးရရှေ့နေ့ရုံးမှ လူအချို့သည် သူ့အား စုံစမ်းစစ်ဆေးရန် ရောက်လာကြခြင်းသာဖြစ်သည် ။
ထိုကဲ့သို့ ကိစ္စများပြောင်းလဲသွားလျှင် ရှန်းအမှုဆင်ခဲ့သော သက်သေများသည် တင်ပြခံရမည်ဖြစ်ပြီး ဤအရာများအား ရှန်းဘက်မှ ပြန်လည်ပြုပြင်နိုင်တော့မည်မဟုတ်သည်ကို သူသိသည် ။
သူသည် ကုလားထိုင်တွင် ထိုင်ချလိုက်ပြီး သူ၏ လက်ထဲရှိ နေ့လည်စာပန်းကန်ကိုပင် ကိုင်ထားလျက် တုန်လှုပ်နေမိသည် ။
' ငါဘာလို့များ ဒီလောက်ကံဆိုးရတာလဲ ။ မနေ့ကမှ ကျုံးကနေ အလုပ်ထွက်လာတယ်။ ပြီးတော့ ဒီနေ့ သတင်းမှာ အလုပ်ရှင်အသစ်က ဒီလိုကိစ္စမျိုးမှာ ပါဝင်သွားတယ်။ အခု ငါရဲ့ ကျုံးမန်နေဂျာရာထူးကလည်း ဆုံးရှုံးသွားပြီး ရှန်းဘက်က အကျိုးအမြတ်နည်းနည်းလေးတောင် မရလိုက်ဘူး ။ ဒါက ဘာများလဲ ။ '
ယခုတွင် ကျုံးကော်ချန်းဆီသို့ ပြန်သွားလျှင် ကျုံးကော်ချန်းသည် ကုမ္ပဏီတွင် သူ့အား ပြန်လက်ခံလောက်မည်လား ။
ချန်းချောင်သည် ထိုအရာအားနောင်တရနေပြီး စားပွဲအား သူ၏ လက်သီးဖြင့် ထုရိုက်နေခဲ့သည် ။
....
သို့သော် ထူးဆန်းသည့်အရာမှာ ရှန်းမိသားစု၏ သတင်းသည် မနက် ၇ နာရီတွင် ထုတ်လွှင့်ခဲ့ပြီး ယခုတွင် ၁၁ နာရီ ၊ ၁၂ နာရီခန့်သာရှိပေအုန်းမည် ။ ကျုံးမိသားစု၏ ရှယ်ယာများသည် နာရီပိုင်းတွင် ပြန်တက်သွားသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း ။
သတင်းအချက်အလက်သည် နာရီပိုင်းအတွင်း ပျံ့နှံ့လိမ့်မည် မဟုတ်ပေ ။ အကယ်၍ သတင်းပျံ့သွားမည်ဆိုလျှင်တောင် ထိုအရာကတော့ မဖြစ်နိုင်ပေ ။
ထိုအရာသည် သူမျှော်လင့်ထားသည်နှင့် မကိုက်ညီပေ ။
သူသည် တီဗွီတွင်ပြသနေသော မယုံနိုင်စရာကောင်းသည့် ကျုံး၏ အင်တိုက်အားတိုက်ထိုးတက်လာသော စတော့ရှယ်ယာများအား ကြည့်ကာ သူ၏ ဖုန်းအားဖွင့်၍ နောက်တစ်ကြိမ် အတည်ပြုလိုက်သည် ။
ထိုအရာသည် အမှန်ပင် ဖြစ်သည် ။
ကျုံး၏ ရှယ်ယာများသည် ထိုးကျသွားသည့်နေရာမှစကာ ဒုံးကျည်အားအရှိန်တိုးမြှင့်လိုက်သကဲ့သို့ပင် အလျင်အမြန် ထိုးတက်သွားခဲ့သည် ။ နာရီအနည်းငယ်အတွင်းတွင် အထက်သို့ပျံတက်နေပြီး ယခင်က ကျုံး၏ရှယ်ယာစျေးသို့ပင် ပြန်ရောက်နေခဲ့ပြီဖြစ်သည် ။
ထိုအရာသည် ယခင်က ရှယ်ယာစျေးနှုန်းထက်ပင် ပိုများနေသေးသည် ။
ဒါက လုံးဝမဖြစ်နိုင်တာပဲ ။
ဤနယ်ပယ်ထဲတွင် အလုပ်လုပ်နေသော ချန်းချောင်သည် သေချာသိသည်မှာ ကျုံးမိသားစုသည်ထိုကဲ့သို့ ပြင်းပြင်းထန်ထန်ထိုးနှက်နိုင်ပြီး သတင်းတွင် ပါလာခဲ့လျှင်တောင်မှ ပြန်ရမည့်ငွေကြေးသည် ယခင်ကထက် ဆိုးရွားနေဆဲဖြစ်မည်ကို ကောင်းကောင်းသိသည် ။ အဆုံးတွင် ရှယ်ယာရှင်များသည် ကျုံးကဲ့သို့ လူများ၏ နှလုံးအား လေတိုက်သ၍ ယိမ်းယိုင်စေသည့် စတော့ရှယ်ယာအစား ပို၍ ယုံကြည်စိတ်ချရသော စတော့ရှယ်ယာမျိုးကိုပင် ဝယ်ယူကြလိမ့်မည် ။
ကျုံးသည် နာရီအနည်းငယ်အတွင်း အရင်စျေးနှုန်းအား ပြန်ရောက်အောင် လုပ်နိုင်ခဲ့သည်ကို မပြောနှင့် ၊ သုံးလေးရက် ကြာလျှင်ပင် သူသည် ပြန်လည် နာလန်ထူနိုင်အောင် လုပ်နိုင်မည် မဟုတ်ပေ ။
ထို့ကြောင့် မည်သည့်အရာသည် ကျုံး၏ စတော့စျေးကွက်အား ကယ်တင် ပေးလိုက်ပါသနည်း ။
လွန်ခဲ့သော လေးနာရီ ၊ မနက် ၈ နာရီအချိန်တွင် သတင်းစာရှင်းလင်းပွဲပြီးနောက် ဆွေးနွေးပွဲနေရာသို့ ပြန်ရောက်လာကြသော ကျုံးကော်ချန်း နှင့် အခြားသူများသည် ကျုံး၏ ဒုံးကျည်အရှိန်ကဲ့သို့ ထိုးတက်သွားသော ရှယ်ယာစျေးများအား စိတ်လှုပ်ရှားစွာကြည့်နေခဲ့ကြသည် ။သူတို့သည် ကျုံးအတွက်တိုက်ခိုက်ကာ ပြန်လည်ချဲ့ထွင်မည့် စိုးရိမ်ပူပန်မှူများပင် လျော့ကြသွားသလို ဖြစ်ခဲ့သည် ။
စတော့စျေးကွက်သည် အမြဲ ကျဆင်းရန် မြန်သော်လည်း ပြန်လည်နာလန်ထူနိုင်ရန် ခက်သည်ကို ကျုံးကော်ချန်း သိသည် ။အချက်အလက်အားဖြင့် စတော့ရှယ်ယာသည် လွယ်လွယ်နှင့် ပြန်မတက်ပေ ။ အကယ်၍ သက်သေများအား သတင်းတွင် ထုတ်လွှင့်ပြီး ရှန်း၏ ဂုဏ်သတင်းကျဆင်းလျှင်တောင်မှ ကျုံး၏ စတော့ရှယ်ယာစျေးသည် အတိတ်မှ နာလန်ထူလာနိုင်မည် မဟုတ်ပေ ။
အဆုံးတွင် ဤအချင်းအရာသည် ကျုံး၏ စွမ်းဆောင်မှုတို့အား ထိခိုက်စေခဲ့ပြီး လူအများသည် ကုမ္ပဏီဟောင်းကျုံးကို ဆက်လက်ယုံကြည်တော့မည် မဟုတ်ပေ ။
ရှန်းကုမ္ပဏီ၏ ရှယ်ယာများသည် ဆက်တိုက်ကျဆင်းနေပြီး ယခင်က ကျုံးမိသားစု၏ အခြေအနေထက်ပင် ဆိုးရွားနေသေးသည် ။ထိုအရာအားကြည့်ကာ ကျုံးကော်ချန်းသည် စိတ်သက်သာရာရစွာ သက်ပျင်းချခဲ့သည် ။
ဤနေ့များသည် တစ်နှစ်တာစတော့စျေးကွက်တွင် အရှုပ်ထွေးဆုံးနေ့ရက်များပင် ဖြစ်သည် ။
တကယ်တမ်းတွင် ချင်းယောင် သူ့အား လုပ်ငန်းဘဏ္ဍာငွေချေးငှားပေးခဲ့သော အချိန်တွင် သူပြောခဲ့သည်မှာ အကယ်၍ ကျုံးသည် ကပ်ဆိုက်ကာလကို ကျော်ဖြတ်နိုင်လျှင်တောင် သူ၏ ပိုင်ဆိုင်မှုများအား ဆုံးရှုံးနေဆဲဖြစ်သည်ဟုပင်။
ကျုံး၏ မူလစတော့ရှယ်ယာစျေးအား ပြန်လည်ရောက်ရှိရန်မှာ အလွန်ခက်ပေသည် ။ သူသည် ကျုံးအား ပြန်လည်ကယ်တင်ပြီး ကွာဟချက်များကို ပြန်လည်ဖာထေးနိုင်ခဲ့လျှင်တောင် လူထုအမြင်အား ပြန်လည်ဖာထေးနိုင်လိမ့်မည် မဟုတ်ပေ ။
ယခု ထိပ်ဆုံးမှ ဦးစားပေးရမည့်အရာမှာ ကျုံးမိသားစုအား အပြည့်အဝ ကိုယ်စားပြုနိုင်သော တစ်ယောက်ယောက်အား စေလွှတ်ကာ ကိစ္စရပ်များသည် ရှန်းချီ၏ လုပ်ဆောင်ချက်များသာဖြစ်ကြောင်း လူအများအား လက်ခံသိမ်းသွင်းရန်ဖြစ်သည် ။ထိုအရာတွင် ကျုံးသည် နစ်နာသူဟူသည့် ပုံစံကိုယူကာ နယ်မြေတစ်ဝိုက်တွင် အာရုံစိုက်မှုများအား ပြန်လည်ရယူလိမ့်မည် ။
xxxxxxx