အပိုင်း ၁၄၂
Viewers 13k

Chapter 142



 ကျုံးကော်ချန်းသည် စိုးရိမ်နေခဲ့သည် ။


နာရီဝက်ခန့်အကြာတွင် သူသည် လှုပ်ခတ်မှုမရှိသော ကျုံး၏ ရှယ်ယာများကို ကြည့်ပြီး သက်ပြင်းချခဲ့သည် ။ စတော့ရှယ်ယာထဲမှ တစ်ခု တက်လာခဲ့သည်အချိန်တွင် သူထွက်သွားဟန်ပြင်နေပြီဖြစ်သည် ။


ထိုရွေ့လျားမှုကဲ့သို့ပင် သူ၏ ဘေးရှိ လက်ထောက်များသည်လည်း မတ်တပ်ရပ်လာကြသည် ။ ဆယ့်နှစ်မိနစ်အကြာ အင်အားများနှင့် အာမေဍိတ်သံပြုလာကြသည် ။


" မစ္စတာကျုံး "


ကျုံးကော်ချန်းသည် သူ၏ ခေါင်းအားလှည့်လိုက်သောအခါ ထိုအရာကို တွေ့သွားခဲ့ပြီး ရုတ်ချည်း တံခါးပေါက်တစ်ခု ပွင့်သွားကာ အဖျက်စွမ်းအားကြီးသည့် အရာတစ်ခုဖြင့် မွှေနှောက်ခံလိုက်ရသကဲ့သို့ပင် အောက်သို့ကျနေသော မျဥ်းကွေးသည် ရုတ်တရက် အပေါ်သို့ တစ်ဖြေးဖြေးတက်သွားခဲ့သည် ။ 


ရုတ်တရက်ပင်...


လက်ထောက်သည် အလျင်အမြန်စစ်ဆေးလိုက်ပြီး အချိန်တိုတွင်းပင် သိန်းရာချီစတော့ရှယ်ယာများအား ရောင်းသွားသော ရင်းနှီးမြှုပ်နှံသူသည် ပြန်လည်ဝယ်ယူသွားခဲ့ပြီဖြစ်သည် ။ သူသည် ရှယ်ယာအမြောက်အများဝယ်ယူသူများထဲမှ တစ်ယောက်ထဲသာဖြစ်ပြီး ၊ ချင်းမိသားစုသည် အထူးသဖြင့် ကူညီပေးခဲ့သော်လည်း ရှယ်ယာများအား လက်လီပြန်ရောင်းချသွားသော ရင်းနှီးမြှုပ်နှံသူများရှိနေဆဲပင်ဖြစ်သည် ။


ထို့နောက်တွင် ထိုရင်းနှီးမြှုပ်နှံသူတစ်ယောက်တည်းသာမက အခြားပြန်ရောင်းချသွားသော မြှုပ်နှံသူအသစ်များသည်လည်း ပြန်လည်ဝယ်ယူလာကြသည် ။


ထိုအရာသည် သူတို့ မျှော်လင့်ထားသကဲ့သို့ မဟုတ်ပေ ။ သူတို့မျှော်လင့်ထားခဲ့သည် ထက်ပင် ပိုနေခြင်းဖြစ်သည် ။မည်သည့်အရာက ကျုံးကို ကယ်တင်လိုက်သနည်း ...


ကျုံးကော်ချန်းသည် စတော့မျဥ်းကွေးအား စိုက်ကြည့်နေခဲ့ပြီး သူ၏ နှလုံးသည် ပြင်းပြင်းထန်ထန်ခုန်နေခဲ့သည် ။ ဤ အချိန်တွင် လက်ထောက်သည် အကြောင်းအရင်းအား ရုတ်တရက်ရှာတွေ့သွားခဲ့ပြီး အော်ပြောလာခဲ့သည် ။


" မစ္စတာကျုံး ၊ ကျွန်တော်တို့ စတော့စျေးကွက်မှာ အာရုံစိုက်ခံနေရပြီ  ခင်ဗျား ဒီမနက်နောက်ထပ်သတင်းတစ်ပုဒ်ကို တွေ့ပြီးပြီလား ...ဖျော်ဖြေမှုအခန်းကဏ္ဍက နိုင်ငံတကာ ပြိုင်ပွဲရသစုံအစီစဥ်က သန်းရာချီလူသိများနေတဲ့အစီစဥ်ပဲ  "


ကျုံးကော်ချန်းခေါင်းရှုပ်သွားရပြီး သူ၏ မျက်လုံးအား စတော့မျဥ်းကွေးကိုသာ စိုက်ကြည့်ကာ အကြည့်မလွှဲနိုင်ခဲ့ပေ ။ 


" အဲ့ဒါကဘယ်တော့လဲ  ငါက အဲ့ဒီဖျော်ဖြေမှုအခန်းကဏ္ဍကို ဘယ်လိုလုပ်စိတ်ဝင်စားနိုင်မှာလဲ  မင်းဘာအကြောင်းတွေပြောနေတာလဲ "


" ကိုယ်တိုင်ပဲ ကြည့်ကြည့်လိုက်ပါ ..." 


လက်ထောက်သည် အလွန်အံ့အားသင့်နေပုံရသည် ။


" အဲ့ဒါက မစ္စကျုံးယို့ယို့ မဟုတ်ဘူးလား ..."


ကျုံးကော်ချန်း ခေတ္တမျှ မှင်သက်သွားခဲ့သည် ။ သူနားမလည်ခဲ့ပေ ။ သူသည် အနည်းငယ်မှန်းဆမိနေခဲ့ပြီး တပ်ဘ်ပလပ်အား ဆွဲယူကြည့်လိုက်သည် ။


ထိုအချိန်တွင် မနက်ကိုးနာရီရှိနေပြီး စတော့စျေးကွက် မငြိမ်မသက်ဖြစ်နေချိန်တွင် နိုင်ငံတကာစိန်ခေါ်မှုပြိုင်ပွဲအစီစဥ်သည် မြို့တော်တွင် ရိုက်ကူးမှတ်တမ်းတင်ခဲ့ပြီး အားလုံးနှင့် မေးမြန်းထားသော အင်တာဗျူးများသည် သတင်းတွင် တိုက်ရိုက်ပင် ဖော်ပြခဲ့သည် ။


ဤအင်တာဗျူးတွင် " QYXLP ၏ နောက်ကွယ်မှ လူအစစ်အမှန် " ဟူသော သတင်းသည် ထိပ်ဆုံးရှာဖွေမှု ရောက်သည် အထိပေါက်ကွဲသွားခဲ့သည် ။နောက်ဆုံးရှာဖွေမှု သတင်းတွင် ဤကစားသမား၏ နောက်ခံသည် သဘာဝကျကျပင် ရှင်းလင်းထားပြီး စိတ်ဝင်စားခံရမှုသည် သောင်းချီသောပမာဏရှိပြီး နယ်မြေ၏  ကြီးမားသောကျုံး၏ ဂုဏ်သတင်းနှင့်ပင် ယှဥ်နိုင်ပေသည် ။


သို့သော် ဤအရာသည် ကျုံး၏ ကပ်ဆိုက်ကာလနှင့် ဘာများ ဆိုင်ပါသနည်း ...


ကျုံးကော်ချန်းသည် သန်းနှင်ချီကြည့်ရှူထားသော အင်တာဗျူးဗီဒီယိုထဲရှိ ခေါင်းစွပ်ဝတ်ထားသော မိန်းကလေးအား ကြည့်ကာ အနည်းငယ်ရင်းနှီးနေဟန် ခံစားလိုက်ရသည် ။ သူမအလှည့်ရောက်သော အခါတွင် သူမသည် စင်ပေါ်သို့တက်သွားပြီး သူမ၏ ပုခုံးပေါ်ရှိ ရက်ကွန်းခေါင်းစွပ်သည် အနည်းငယ်ဟာသပုံပေါက်နေသည် ။ 


မည်သို့ပင်ဖြစ်စေ ပဏာမအဆင့်တွင် သူ၏ တစ်ချီပြီးတစ်ချီ လုပ်ဆောင်ချက်များသည် အံ့အားသင့်ဖွယ်ပင် ဖြစ်ပြီး သူမ၏ ကျော်ကြားမှုသည် ထူးခြားစွာ ကြာရှည်တည်တံ့နေခဲ့ပြီး ဤခေါင်းစွပ်သည်လည်း တစ်ဦးဆိုင်အမှတ်အသားကဲ့သို့ ဖြစ်နေခဲ့သည် ။ ပရိတ်သတ်များသည် ထိုအရာအား ချစ်ဖို့ကောင်းပြီး မိုက်သည်ဟုထင်ကြသည် ။


သူမသည် အင်တာဗျူးအခန်း၏ အလယ်တွင် ထိုင်လိုက်သည် ။


အစီစဥ်မှူးသည် သူမအား ခေါင်းစွပ်ချွတ်ပြချင်လား ဟူ၍ မေးလိုက်သည် ။


ခဏတာ တွန့်ဆုတ်နေပြီးနောက်တွင် သူမ အဖြေပြန်လိုက်သည် ။ ထို့နောက်တွင် သူမ၏ ခေါင်းစွပ်အား အမှန်တကယ် ချွတ်လိုက်သည် ။


ထိုအချိန်တွင် ဗီဒီယိုသည် ယခင်ကထက် ဆယ်ဆပိုပေါက်သွားခဲ့သည် ။ ဤကစားသမား၏ အောင်မြင်မှုသည် လုံးဝကို လွှမ်းမိုးလိုက်နိုင်ပြီဖြစ်သည် ။


" အား..., ငါအမျှော်လင့်ရဆုံး မြင်ကွင်းလာပြီ "


" သေစမ်း ၊ QYXLPကို ဒီလောက်လှမယ်လို့ မမျှော်လင့်ထားမိဘူး  "


" ဒီလူက ခေါင်းစွပ်ကို ပဏာမအဆင့်ကနေ နောက်ဆုံးအကြိုပွဲစဥ်အထိ စွပ်ထားခဲ့တာ ဒီဟာကို နောက်ဆုံးအင်တာဗျူးမှာ ချွတ်ပြလိမ့်မယ်လို့တောင် ငါမမျှော်လင့်ထားခဲ့ဘူး ဒီနေ့ သူမရဲ့ မျက်နှာအစစ်အမှန်ကို ငါမြင်လိုက်ရပြီ ဝန်ခံရရင် ငါလုံးဝ အံ့အားသင့်သွားတာ ... "


" မိုက်တဲ့သူမှာ အရမ်းမိုက်တဲ့မျက်နှာ နဲ့ အရမ်းမိုက်တဲ့ ခန္ဓာကိုယ်လည်းရှိတာပဲ "


" ဒီလှပတဲ့ အစ်မကိုကြည့်ရတာ အရမ်းရင်းနှီးနေပြီး သူက အဲ့ဒီနေရာရဲ့ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်ရဲ့ သမီး​ဖြစ်သူနဲ့တူတယ် ငါအဲဒါကို သတင်းမှာ တွေ့ဖူးတယ် ...မိသားစုက အတော်ချမ်းသာတာ ..." 


....


ပါပါးကျုံးသည် အသက်ငါးဆယ်ထဲဝင်နေပြီဖြစ်ပြီး သူသည် ဤကဲ့သို့ စုပြုံတက်လာသော မှတ်ချက်များအား မဖျောက်တတ်ပေ။ ထို့နောက် သူသည် အံ့အားသင့်သွားခဲ့သည် ။ သူသည် ဘာမှားနေလဲဆိုသည်ကို တွေးလိုက်ပြီး မိန်းကလေး၏ မျက်နှာအား သူမမြင်နိုင်အောင် မှတ်ချက်များက ကာထားသည် ။


တစ်ဖက်မှ လက်ထောက်သည် ထိုအဆက်မပြတ်တက်လာသော မှတ်ချက်များအား ပျောက်သွားအောင် ကူညီပေးလိုက်သည် ။


ထို့ကြောင့် ကောင်းကင်ကိုဒုံးကျည်ကဲ့သို့ ဆန်တက်နေသည့် မှတ်ချက်များ ပျောက်သွားသောအခါတွင် ထိုခေါင်းစွပ်အား ရုတ်တရက်ချွတ်လိုက်ပြီး မီးများထိုးခံလိုက်ရသော မိန်းကလေးဆီသို့ အကြည့်များကျရောက်သွားခဲ့သည် ။


"မဟုတ်သေးပါဘူး ...ဘာတွေဖြစ်နေတာလဲ ဒီကင်မရာထဲမှာ ယဲ့ယဲ့လေးပြုံးပြနေတာက ကျုံးယို့ယို့ မဟုတ်ဘူး​လား...ကျုံးယို့ယို့လား  ဟုတ်တယ် ....အဲ့ဒါကျုံးယို့ယို့ပဲ  သူကန်းနေတာ မဟုတ်ဘူးပဲ  ဘာတွေဖြစ်ကုန်တာလဲ  ကျုံးယို့ယို့က ဒီအစီစဥ်မှာ ဘယ်တုန်းက ပါဝင်လိုက်တာလဲ ...သူဘာလို့မသိလိုက်ရတာလဲ ..."


ထိုအချိန်တွင် ပါပါးကျုံး၏ တစ်ကိုယ်လုံးသည် တောင့်ခဲသွားခဲ့ပြီး သူ၏ ပါးစပ်သည် အင်္ဂလိပ်အက္ခရာ ' အို ' ပုံသဏ္ဍာန်ပင် ပွင့်ဟနေခဲ့သည် ။ သူသည် သူဌေးကျုံး၏ အပြုအမူတို့ကိုပင် လုံးဝ လျစ်လျူရှူထားခဲ့သည် ။


အဲ့ဒါက မယုံကြည်နိုင်စရာပဲ ...


သူသည် မှင်သက်၍ ဗီဒီယိုကိုသာ ကြည့်နေခဲ့ပြီး သူ၏ ထိတ်လန့်နေသော အမူအရာသည် လုံးဝမပျောက်သွားခဲ့ပေ ။ ဤအရာသည် နိုင်ငံတကာနောက်ဆုံးအဆင့်တွင် သူ၏သမီးဝင်ရောက်နိုင်ခဲ့ခြင်းလား ။ ကျုံးယို့ယို့ ထိုနေရာသို့ မည်သည့်အမှတ်ဖြင့် တဟုန်ထိုးဝင်ရောက်သွားနိုင်ခဲ့လည်း ဆိုသည်ကို မတွေ့ရဘဲ သူမ၏ ထက်မြက်မှု အဆင့်သည် သူမျှော်မှန်းထားသည်ထက်ပင် များစွာကျော်လွန်နေခဲ့သည်လား ...


ဤအစီစဥ်အား ထုတ်လွှင့်သောအခါတွင် အတန်း ၁၉ မှအတန်းဖော်များသည် အတန်းထဲပင် မစရသေးပေ ။သူတို့ တစ်ယောက်ပြီး တစ်ယောက်သည် တီဗွီအား ဖွင့်ကြည့်လိုက်ပြီး အင်တာဗျူးကို ကြည့်နိုင်ရန် အရှိန်တင်ထားကြသည် ။


သူတို့သည် ကျုံးယို့ယို့၏ မျက်နှာအား တွေလိုက်ရသောအခါတွင် ဆွံ့အသွားကြသည် ။


သူတို့သည် ဤအင်တာဗျူးတွင် ကျုံးယို့ယို့အမှန်တကယ် ခေါင်းစွပ်အား ချွတ်ပြလိမ့်မည်ဟု မမျှော်လင့်ထားကြပေ ။ ကျုံးယို့ယို့သည် စီရင်စုတွင် နံပါတ်တစ် ဆရာကြီးဖြစ်သည်ကို သူတို့သိသော်လည်း နိုင်ငံတကာ ပရိတ်သတ်များရှေ့တွင် သူမ၏ နာမည်အား ရက်ရက်ရောရောမိတ်ဆက်လာခဲ့သည်ကို ကြည့်ရင်း အတန်း ၁၉ ရှိ ကျောင်းသားများသည် ယခုထိ မယုံကြည်နိုင်ဖြစ်နေကြသေးသည် ။


ထိုအရာသည် အကုန်လုံးက စက်ဘီးစီးအုပ်စုများဖြစ်နေကြချိန်တွင် ' Rolls Ryce' ကားက မည့်သည့်အချိန်၌ ရောနှောပါဝင်လာခဲ့သည်ကို သူ မသိခဲ့သည့်အတိုင်းပင် ။ ထို့နောက် ရုတ်တရက်ထိုအရာသည် နာမည်ကြီးလာခဲ့ပြီး နိုင်ငံတကာပရိတ်သတ်များ၏ အမြင်ရှေ့တွင် ပေါ်ထွက်လာခဲ့သည် ။


ယခု ဝေးပေါ် တွင် ရှာကြည့်မည်ဆိုလျှင် သင်သည် 

QYXLP နှင့် ကျုံးယို့ယို့သည် နာမည်ကြီးနေသည်ကို ရှာတွေ့ပေလိမ့်မည် ။


ဤကဲ့သို့ ကွာဟမှုသည်....


မည်သို့ပင်ဖြစ်စေ ၊ ကျုံးယို့ယို့သည် ဤအချိန်တွင် ဘာကြောင့် သူမ၏ ပုံစံအမှန်အား ထုတ်ဖော်ပြရန် ရွေးချယ်ခဲ့ပါသနည်း ။


လီသုန်းဖျင် နှင့် ရူပဗေဒဆရာသည် အတန်းပြောင်းပြီး သင်နေကြသည် ။ နှစ်ယောက်သားသည် အတန်း ၁၉ ဆီသို့ လျှောက်လာနေကြပြီး အဝေးမှပင် တီဗွီသံများအား ကြားနေရသည် ။


ရူပဗေဒ ဆရာမှ မေးလိုက်သည် ။


" ဆရာလီ ခင်ဗျားရဲ့ အတန်းထဲက ကျောင်းသားတွေက ဒီရက်ပိုင်းအတွင်း သူတို့ရဲ့ လေ့လာမှုအရှိန်ကို မမြှင့်ကြသေးဘူးလား။ သူတို့က ဘာလို့အရင်လိုပြန်ဖြစ်နေကြတာလဲ ။ နောက်ထပ် မိနစ်အနည်းငယ်နေရင်ပဲ အတန်းစတော့မယ် ။သူတို့က အခုထိ တီဗွီဖွင့်ကြည့်နေကြတုန်းပဲလား ... "


" ခင်ဗျားအတန်းထဲက တီဗွီက လော့မချထားဘူးလား ... "


ကျောင်းရှိ အခန်းတိုင်းလိုလိုတွင် တီဗွီရှိကြသော်လည်း အခန်းအများစုတွင် ဆရာများသည် သူတို့ တီဗွီမကြည့်နိုင်စေရန် လော့ချထားသည် ။ထိုမှသာ သူတို့သည် သေချာအာရုံစိုက်နိုင်ပေလိမ့်မည် ။


သို့သော် လီသုန်းဖျင်ကတော့ ကွာခြားသည် ။သူသည် အခြားဆရာများထက် ပိုပွင့်လင်းပြီး သူသည် ကျောင်းသားများအား စည်းကမ်းတင်းကြပ်လေလေ သူတို့သည် ပို၍ မနာခံလေလေ ဖြစ်လာမည်ဟု သူတွေးခဲ့သည် ။ ထို့ကြောင့် အဓိကအချက်သည် စောင့်ကြည့်စစ်ဆေးသည့် ကင်မရာမှ ကြည့်ရှုနေရုံပင် ဖြစ်သည် ။


သို့သော် ယနေ့တွင် ဤမျိုးမစစ်လေးများနှင့် အတူ အဖွဲ့ခေါင်းဆောင်သည် ရဲတင်းနေလွန်းလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ ။


ရူပဗေဒဆရာထံမှ အမေးခံလိုက်ရသောအခါတွင် သူသည် အနည်းငယ်ရှက်ရွံ့သွားခဲ့သည် ။ သူသည် အတန်း၏ တံခါးအား အလျင်အမြန်ဖွင့်လိုက်ပြီးနောက် တြိဂံပုံစံပေတံဖြင့် တံခါးကို ဒေါသတကြီးရိုက်လိုက်ကာ ပြောလိုက်သည် ။


"  မင်းတို့ စာကြိုးစားလို့ရမလား ။ တီဗွီပဲကြည့်..."


သူစကားမဆုံးသေးခင်တွင် သူ၏ လည်ချောင်းထဲတွင် အသံများ ရပ်သွားခဲ့သည် ။


အင်တာဗျူးအတွင်းတွင် အစီစဥ်မှူးသည် ကျုံးယို့ယို့အား မည်သူကို ကျေးဇူးတင်ချင်လည်း ဟူ၍ မေးခဲ့သည်။


ကျုံးယို့ယို့သည် ရက်ရောပြီး တီဗွီရှေ့ရှိ ပရိတ်သတ်များ ကို တိုက်ရိုက်ကြည့်ကာ ပြောလိုက်သည် ။


"  ကျွန်မ လူတွေအများကြီးကို ကျေးဇူးတင်ချင်ပါတယ် ။ ကျွန်မတို သဘောကျပေးကြတဲ့ သူတွေ ၊ ကျွန်မရဲ့ အတန်းဖော်တွေ ၊ သူငယ်ချင်းတွေ ၊ ပြီးတော့ ကျွန်မရဲ့ အတန်းပိုင်ဆရာရယ်..."


ကျွန်မရဲ့ အတန်းပိုင်ဆရာ...


ကျွန်မရဲ့ အတန်းပိုင်ဆရာ...


လီသုန်းဖျင် "...."


အားအား....သူ တီဗွီမှာပါလာခဲ့ပြီပဲ ။


မမျှော်လင့်ထားစွာပင် သူ၏ ဘဝသက်တမ်းတစ်လျှောက် နယ်ပယ်ထဲတွင် အထက်တန်းကျောင်းဆရာအဖြစ် တီဗွီထဲတွင် ပါဝင်လာခဲ့ပြီ ။


"နေပါအုန်း...ကျုံးယို့ယို့က နေမကောင်းလို့ ခွင့်ယူသွားတာမဟုတ်ဘူးလား ပြီးတော့ အရင်ရက်တွေတုန်းက ကျုံးမိသားစုမှာ တစ်ခုခုဖြစ်ခဲ့သေးတယ် သူလုံးဝ ကျုံးယို့ယို့ကို အတန်းထဲမှာ ပေါ်လာဖို့ မမျှော်လင့်ထားခဲ့ဘူး ... ဘာလို့ သူမက တီဗွီထဲမှာ ပါလာတာလည်း ..."


 လီသုန်းဖျင်သည် သဘာဝကျကျပင် ထိုရှိုးအား အာရုံစိုက်နေခဲ့သည် ။ သူသည် QYXLP အား စီရင်စုတွင် ထူးချွန်သော ကျောင်းသားဖြစ်မည်ဟုပင် သူခန့်မှန်းခဲ့သေးသည် ။  သို့သော် မည်သူဖြစ်မလဲဆိုသည်ကို သူမမှန်းဆနိုင်ခဲ့ပေ ။ ထို့ကြောင့် သူလက်လျှော့လိုက်သည် ။ သူသည် မက်ခ်ဒေါနယ်တွင် စားနေရင်း၌ပင် သူ၏ မိန်းမအား အပြစ်တင်လိုက်သေးသည် ။ 


သူ ဘာလို့များ ထိုကဲ့သို့ ထူးချွန်သောကျောင်းသားမျိုးနှင့် မတွေ့ဆုံရသနည်း ။သူမသာ သူ၏ အတန်းသို့ပြောင်းလာမည် ဆိုလျှင် သူရသော အပိုဆုကြေးအဖြစ် သူသည် တစ်မိသားစုလုံအား မက်ဒေါနယ်တွင် စားဖို့သာ ခေါ်သွားနိုင်မည်မဟုတ်ဘဲ စီချွမ်ရှိ နာမည်ကြီး ဟော့ပေါ့ဆိုင်ကိုပင် ခေါ်သွားနိုင်မည်ဖြစ်သည် ။ 


ရလဒ်အနေဖြင့် ထိုသူသည် ကျုံးယို့ယို့ ဖြစ်နေခဲ့သည် ။


ဤအံ့အားသင့်မှုများ နှင့် ထိတ်လန့်မှုများသည် လီသုန်းဖျင်အား မျက်လုံးပင် ပြူးသွားစေခဲ့သည် ။ထို့နောက် တောင်တန်းများသည်ပင် သူ၏ နှလုံးသားထဲတွင် တီးတိုးပြောနေခဲ့သည် ။


အတန်းပိုင်ဆရာ ဝင်လာသည်ကို မြင်သောအခါတွင် အတန်းခေါင်းဆောင်သည် ပစ်ထိုင်ပြီး အလျင်အမြန်တီဗွီအား ပိတ်လိုက်သည် ။


သို့သော် အင်တာဗျူးမပြီးသေးသည်ကို တွေ့ရသောအခါတွင် လီသုန်းဖျင်၏ နှလုံးသားထဲတွင် အနည်းငယ် စူးအောင့်သွားသလို ခံစားလိုက်ရသည် ။ ကျုံးယို့ယို့သည် နောက်ပိုင်းတွင် သူ့အကြောင်းကို ထပ်၍ဖော်ပြအုန်းမလား ဆိုသည်ကို ကြည့်ချင်မိပြီး သူ့အား နိုင်ငံတကာ ပရိတ်သတ်များရှေ့တွင် အတန်းပိုင်ဆရာအဖြစ် စကားလုံးအနည်းငယ်ပြောပေးအုန်းမလားဆိုသည်ကို သိချင်မိသည် ။


သူသည် တိကျသော ဆုံးဖြတ်ချက်ကို ချလိုက်သည် ။ အတန်း၏ တံခါးအား အလျင်အမြန်ပိတ်လိုက်ပြီး စင်မြင့်ပေါ်သို့ ရွရွကလေးပြေးသွားကာ အတန်းသားများအား အလေးအနက် " ရှူး " ဟူ၍ လုပ်ပြလိုက်သည် ။


တစ်တန်းလုံး အံအားသင့်သွားရသည် ။


လီသုန်းဖျင်ပြောလိုက်သည် ။ 


" တိတ်တိတ်နေကြပါ ...နောက်ထပ်နှစ်မိနစ်လောက် ပိုကြည့်ပြီး ဒီစာပိုဒ်ကို အဆုံးထိ ဖတ်ကြည့်ရအောင် ..."


အတန်း ၁၉ သည် သူတို့၏ အသံများအား နှိမ့်ကာ ရယ်လိုက်သည် ။


တစ်ချိန်ထဲတွင် ရှစ်ယိမုန့်၏ မိဘများသည် ခရီးမှအပြန် အိမ်ရောက်နေကြပြီဖြစ်သည် ။ ပါပါးရှစ်သည် သတင်းအား ကြည့်လိုက်ရသောအခါတွင် အံ့အားသင့်သွားခဲ့သည် ။ သူ့သား တိတ်တခိုးသဘောကျနေရသောမိန်းကလေးသည် ထက်မြက်သောသူဖြစ်သည်ကို သူသိခဲ့သည် ။ သို့သော် ထိုမျှလောက် တော်နေလိမ့်မည်ဟုတော့ သူမမျှော်လင့်ခဲ့ပေ ။ နိုင်ငံတကာ ပြိုင်ပွဲ၏ နောက်ဆုံးယှဥ်ပြိုင်သူစာရင်းတွင် သုတေသနအဖွဲ့အစည်း ၊ ကျုံးမိသားစု၏ သမီး ၊ ဤမိန်းကလေးသည် အမှန်ပင် အကန့်အသတ်မဲ့ခြင်းပင်....


သူသည် လွန်ခဲ့သော ရက်အနည်းငယ်မှ ကျုံး၏ ကပ်ဆိုက်ကာလအား ပြန်အမှတ်ရမိပြီး ကျုံးယို့ယို့သည် ယခုအချိန်တွင် သူမ၏ ပုံစံအမှန်အား ဘာကြောင့် ချပြခဲ့သည်လည်းဆိုသည်ကို သူရုတ်တရက် နားလည်သွားခဲ့သည် ။သူ့ထံတွင် ဘဏ္ဍာရေး၌  စူးရှသောအာရုံရှိပြီး ရုတ်တရက်ပြောလိုက်သည် ။


" ကိုယ့်အထင်တော့ ကျုံးရဲ့ စတော့ရှယ်ယာက အများကြီးတက်သွားလောက်တယ် ။ မင်း တပ်ဘ်ပလပ်ရော ဘယ်မှာလဲ ။ ကိုယ့်အတွက် မြန်မြန်သွားယူပေးပါ ။ "


ရှစ်မာမားသည် အံ့အားသင့်သွားကာ မေးလိုက်သည် ။


 "ဘာမှားနေလို့လဲ ။ အဲ့ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဆက်တိုက်ကျနေခဲ့တာ မဟုတ်ဘူးလား ။ "


ရှစ်ပါပါးသည် အလျင်အမြန် တပ်ဘ်ပလပ်အား ဖွင့်ကာ ပြောလိုက်သည် ။


" ဘာလို့လဲမေးမနေနဲ့ ။ ဒီတိုင်းဝယ်သာဝယ်လိုက်တော့ "


ကျုံးကော်ချန်းသည် ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏ မျက်လုံးများသည် QYXLP၏ သတင်းပေါ်တွင်သာ ကျရောက်နေခဲ့သည် ။ သူသည် ကုမ္ပဏီတွင် စိုးရိမ်သောကရောက်နေချိန်၌ ကျုံးယို့ယို့သည် သူ၏ နောက်ကွယ်တွင် ကိစ္စများစွာကို ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း သူသိခဲ့သည် ။


သူမရှာတွေ့ခဲ့သော အသံဖမ်းမှတ်တမ်းအပါအဝင် အင်တာဗျူးသည် မနက် ၉ နာရီတွင် အသိပေးကြေညာခဲ့သည် ။သူမသည် QYXLP ကစားသမားဖြစ်ပြီး ဝေးပေါ်၏ ထိပ်ဆုံးရှာဖွေမှုစာရင်းတွင် ဝင်ရောက်နေကာ သူမ၏ နောက်ခံပုံစံအမှန်တို့အား အင်တာနက်သုံးစွဲသူများ နှင့် ပရိတ်သတ်များ မှ သိရှိသွားကြပြီ ဖြစ်သည် ။


ဤကစားသမား၏ နောက်ခံသည် မိသားစုမှုပိုင်ဆိုင်မှု သန်းတစ်ရာကျော်သော ချမ်းသာပြီး အင်အားကြီးသည့် သူဖြစ်သည် ။ ရုတ်တရက် ဝေးပေါ်ရှိ ဆောင်ပုဒ်အား သူသရော်လိုက်သည် ။


" သင်သာ ချန်ပီယံဆုကို အနိုင်မရနိုင်ဘူးဆိုလျှင် သင်သည် ပြန်သွားပြီး မိသားစု၏ အမွေကို ဆက်ခံနိုင်သည် ..."


ရလဒ်အနေဖြင့် ကျုံးမိသားစု၏ ကပ်ဆိုက်ကာလသည် အင်တာနက်တွင် ပျံ့နှံ့သွားပြီး ကျုံးမိသားစုသည် ယခင်က ထိုမျှလောက် လူသိမများခဲ့ဟု ပြောနိုင်ပေသည် ။


ထိုအရာသည် မည်မျှပင် ပြည်တွင်းအင်အားကြီးလုပ်ငန်းတစ်ခုဖြစ်နေပါစေ ၊ ထိုကဲ့သို့ ဖျော်ဖြေရေးကဏ္ဍတွင် တစ်ခါလေးပင် ရှာဖွေခံရရန်မှာ မဖြစ်နိုင်ပေ ။


Note: အရှေ့ပိုင်းတွေမှာတုန်းက ကျုံးယို့ယို့ရဲ့ IDကနာမည်ကို QYXLWဆိုပြီး etran မှာရေးထားတဲ့အတိုင်းပြန်ထားပါတယ် ။ ဒါပေမဲ့ တရုတ်ဘက်မှာ

Qín Yào xiǎo lǎopó (QYXLP)ဆိုပြီး ရေးထားလို့ အခုဒီတိုင်းပဲပြန်လိုက်ပါတယ် ။



xxxx