အပိုင်း ၁၄၃
Viewers 14k

Chapter 143


ထို့နောက် ကျုံးယို့ယို့သည် သူ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ကျုံးကိစ္စအား လူပြောများလာစေရန် လုပ်ဆောင်နိုင်ခဲ့သည် ။


  ဤကိစ္စ၏ သက်သေများသည် တင်သွင်းဖော်ပြခဲ့ပြီးဖြစ်သည် ။ ကျုံးသည် ရက်စက်သောစီးပွားရေးယှဥ်ပြိုင်မှု၏ နစ်နာသူ ဖြစ်ခဲ့သည် ။ ဤအရာသည် ကျုံးယို့ယို့အား အင်တာနက်သုံးစွဲသူများမှ သူမ၏ ငါးကြိမ်ဆက်တိုက်သတ်ဖြတ်နိုင်မှုကို အလွန်လေးစားကျစေပြီး သူမကိုလည်း စာနာသနားစေခဲ့သည် ။လူအများအပြားသည် ကျုံး၏ ကျိုးတိုးကျဲတဲဖြစ်နေသော ရှယ်ယာများကို ဝယ်လာကြသည် ။


စာမျက်နှာအားကြည့်ရှူလာသူ ဆယ်မီလီယံနှင့် လူမှုကွန်ရက် ဝေးပေါ် ရှိ ဆွေးနွေးမှုများသည် တစ်ရာခိုင်နှုန်းမျှသာ လူများဝယ်ယူခဲ့မည်ဆိုလျှင်တောင် ကျုံး၏ အပြင်းအထန်ထိခိုက်ဒဏ်ရာရနေသော မြင်းအား ပြန်လည်စွမ်းဆောင်နိုင်မည့် ဆေးထိုးသွင်းပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည် ။


ကျုံးယို့ယို့ နှင့် QYXLPက ဘယ်လောက်တောင် နာမည်ကြီးနေတာလဲ ... ကျုံးယို့ယို့ကို ရော မီးရောင်တွေ ဘယ်လောက်တောင်များ လိုက်နေပြီလဲ ...


ဤစီရင်စုအတွင်းတွင် ၊ မြှုပ်နှံသူအများအပြားသည်လည်း အနည်းငယ် မှော်ဆန်နေသလို ခံစားလိုက်ရသည် ။ ကျုံးကုမ္ပဏီသည် မည်ကဲ့သို့ဖြစ်နေသည် ဆိုသည်ကို ဘေးဖယ်ထားရမည် ။ ကျုံးမိသားစု၏ သမီးသည် သတင်းတွင် လူအများအား အမြင်ကောင်းရှိလာစေပြီး အထူးသဖြင့်  မကြာသေးခင်က မုန့်ချန် ထောင်ချခံလိုက်သည့်အချိန်တွင် ဖြစ်သည် ။ထို့နောက် စျေးကစားခြင်းအတက်အကျများနှင့်  ကျုံးမိသားစု၏ သမီးသည် ထိုအချိန်တွင် ကရုဏာသက်စေခဲ့သည် ။


ထို့နောက် သူမသည် စီရင်စု၏ ပြိုင်ပွဲတွင် နံပါတ် ( ၁ ) ဖြစ်သွားခဲ့ပြီး ချက်ချင်းပင် လူအများအား ကျုံးလုပ်ငန်းနှင့်ပက်သတ်၍ ပိုမိုကောင်းမွန်စွာ ခံစားလာရစေသည် ။ 


၎င်းသည် ဤတွင်မရပ်တန့်သွားသေးပေ ။ သူမ အင်တာဗျူးမှ ထွက်လာပြီးနောက်တွင် ကျုံးယို့ယို့သည်လည်း ကျုံး၏ သတင်းစာရှင်းလင်ပွဲသို့ သွားခဲ့သည် ။ဤယှဥ်ပြိုင်မှုသည် မလိုတမာစိတ်ဖြင့် ကြံစည်ထားခြင်းဖြစ်ကြောင်း ကျုံးယို့ယို့မှ အတည်ပြုပေးခဲ့ပြီး ရှန်းဘက်မှ မုန်းတီးချက်ဖြင့် အမှုဆင်ထားခဲ့ခြင်းဖြစ်သည် ။


ကျုံးကော်ချန်း စိတ်အပူဆုံးအချက်မှာ ထိုင်ကျင်းလမ်းဟောင်းပေါ်ရှိ ရန်ပုံငွေ နှင့် ပြဿနာများသည် ဖြေရှင်းခဲ့ပြီးဖြစ်သော်လည်း လူထု၏ အမြင်အား ပြန်လည် အဖက်မဆည်နိုင်ဖြစ်မည်ကိုပင် ။ သို့သော် ကျုံးယို့ယို့သည် ဤစိုးရိမ်ပူပန်မှုအား တစ်ယောက်တည်း ဖြေရှင်းသွားနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။


ကျုံးကော်ချန်း၏ အကြည့်များသည် ကျုံး၏စတော့ရှယ်ယာစျေးပေါ်သို့ ပြန်ကျရောက်သွားခဲ့ပြီး ဝယ်ယူသူအလွန်များနေကာ လျင်မြန်သောနှုန်းဖြင့် မြင့်တက်လာနေခဲ့သည် ။ခဏတာလောက် သွေးများသည် အလျင်အမြန်စီးဆင်းနေပြီး ထိုအရာသည် ထိတ်လန့်ခြင်းလား ၊ ပျော်ရွှင်ခြင်းလားဆိုသည်ကိုပင် မသိတော့ချေ ။


ဆယ်မိနစ်အတွင်းတွင် သူသည် သတင်းအများအပြားကို ရလိုက်သည် ။


လက်ထောက်သည် တပ်ဘ်ပလပ်ကို ယူလိုက်ပြီး စတော့စျေးပြန်တက်လာသည့်နောက်တွင် စျေးကွက်တန်ဖိုးအား တွက်ချက်နေခဲ့ပြီး ပျော်ရွှင်သော အမူအရာဖြင့် ပြောလိုက်သည် ။


" အဲ့ဒါက တကယ်ကို မမျှော်လင့်ထားတာပဲ  တကယ်ကို မမျှော်လင့်ထားတာ ။ မစ္စ ကျုံးယို့ယို့၊ ဒါက တိုတောင်းတဲ့ကံကြမ္မာကောင်းတစ်ခု ဖြစ်ရုံပဲမဟုတ်ဘူး ။ကျွန်တော့်အထင်တော့ ဒီတစ်ခေါက် ကုမ္ပဏီက လုံးဝကို ပြန်ရှင်သန်လာနိုင်လိမ့်မယ် ။ "


ပြန်ရှင်သန်လာနိုင်ရုံသာမကဘဲ ဦးပြန်တည့်လာပြီး ယခင်က ပိုင်ဆိုင်မှုများထက်ပင် အဆပေါင်းများစွာ တိုးပွားလာပေလိမ့်မည် ။


အဆုံးတွင် ဤနှစ်များအတွင်း စျေးကွက်ရှိ ရှန်း၏ ကျရှုံးမှုနှင့် ကျုံး၏ အရှိန်အဟုန်မြင့်တိုးတက်လာမှုတို့အား  မည်သူမှ မယှဥ်နိုင်လောက်ပေ ။


ကျုံးကော်ချန်းသည် သူ၏ နှလုံးသားထဲတွင် ခံစားချက်များ အလွန်ပြည့်နှက်နေပြီး ထိုအရာသည် ဘာနှင့် တူလဲဆိုသည်ကိုပင် မသိတော့ချေ ။ ဤအချိန်တွင် သူသည် လေယာဥ်ပြန်စီး၍ ကျုံးယို့ယို့ကိုသာ သွားတွေ့ချင်နေမိသည် ။


ကျုံးရှီယို့သည် အိမ်တွင် ရလဒ်အားစောင့်နေခဲ့သည် ။ မနက်ပိုင်းမှယခုအထိ သတင်းအတွဲလိုက်သည် သူ့အား ပေါက်ကွဲထွက်မတက် အံ့အားသင့်စေခဲ့သည် ။

ကျုံးယို့ယို့၏ နိုင်ငံတကာကစားသမား ဂုဏ်ပုဒ်အား သူနားလည်သွားပြီးနောက်တွင် သူသည် ကျုံး၏စတော့ရှယ်ယာများ အထက်သို့ထိုးတက်လာသည်ကို တွေ့ခဲ့ရသည် ။ သဘာဝကျကျပင် သူသည် အချိတ်အဆက်ဆိုသည့် သဘောတရားအား နားလည်သွားခဲ့သည် ။


သူသည် ထိုအရာအား မယုံကြည်နိုင်ခြင်းပင် ။သူ၏ အစ်မသည် အမြဲတမ်း အေးစက်ပြီး ကျုံးမိသားစုအား ကွဲပြားစွာဆက်ဆံခဲ့သည် ။ သူမသည် ဘာကြောင့်များ ကျုံးမိသားစု ပြိုလဲနေချိန်တွင် ကူညီပေးရန် လက်ကမ်းပေးခဲ့ပါသနည်း ။သူမ သူတို့ကို အေးစက်စက်သာ ဆက်ဆံသင့်သည် မဟုတ်လား ။


သူသည် ကျုံးယို့ယို့ထံသို့ အပြေးအလွှားသွားဖို့ကိုပင် မစောင့်နိုင်တော့ချေ ။


ခဏအကြာတွင် ကျုံးစံအိမ်၏ အပြင်ဘက်၌ ကားသံအား ကြားလိုက်ရသည် ။ ပါပါးကျုံး ကုမ္ပဏီမှ အပြေးအလွှားပြန်လာသည့် အသံပင် ဖြစ်သည် ။

အဖေ နှင့် သားဖြစ်သူ တွေ့သောအခါတွင် သူတို့သည် စကားများများပြောမနေတော့ချေ ။တစ်ယောက်ချင်းစီတိုင်းတွင် ရှုပ်ထွေးသော ခံစားချက်များရှိနေကြသည် ။


အစေခံများနှင့် အတူ ချက်ပြုတ်နေသော မာမားကျုံးသည်ပင်လျှင် ထိုအကြောင်းအား သိခဲ့သည် ။မိသားစုသုံးယောက်သည် ဧည့်ခန်းထဲတွင် ထိုင်နေကြပြီး သူတို့၏ နှလုံးသားထဲတွင် ကျုံးယို့ယို့ စောစီးစွာ ပြန်လာဖို့ စိတ်အားထက်သန်နေကြသည် ။ ထိုသို့ဆိုလျှင် သူမအား ဘာကြောင့်လဲ ဆိုသည့် မေးခွန်းကို မေးနိုင်မည် ။


" ဒီတစ်ခေါက် အစ်မက မကြာသေးခင်ကမှ သတင်းစာရှင်းလင်းပွဲကို ထွက်သွားခဲ့တာလား ...သူမက အဲ့ဒီမှာ ရှိနေအုန်းမယ်ထင်တယ် ... "


ကျုံးရှီယို့သည် ထိန်းမထားနိုင်တော့ဘဲ ကျုံးယို့ယို့ဆီသို့ ယခုပဲ အပြေးသွားတွေ့ချင်နေပြီ ဖြစ်သည် ။


ပါပါးကျုံး နှင့် မာမာကျုံးသည်လည်း တူညီသော စိတ်ခံစားချက်ဖြင့် ဆန္ဒစောလျက်ရှိနေကြသည် ။ သုံးယောက်သားသည် အတူတူကားနှင့် မောင်းထွက်သွားပြီး အလျင်အမြန် သတင်းစာရှင်းလင်းပွဲသို့ သွားလိုက်သည် ။


ဖုန်းအား ဆက်သွယ်လို့မရပေ ။ အနည်းဆုံးတော့ ချင်းယောင်၏ လက်ထောက်အား ရိုက်ကွင်းတွင် မည်သူရှိနေသေးပြီး ကျုံးယို့ယို့ ယခုဘယ်မှာရှိနေလဲဆိုသည်ကို မေးနိုင်ပေသည် ။


မမျှော်လင့်ထားစွာပင် သူတို့ သတင်းစာရှင်းလင်းပွဲ၏ စင်နောက်သို့ရောက်သောအခါတွင် ကျုံးယို့ယို့သည် မိတ်ကပ်များဖျက်နေဆဲဖြစ်ပြီး ယခုအထိထွက်မသွားရသေးပေ ။


ကျုံးမိသားစု၏ မိသားစုဝင်သုံးယောက်သည် ရှုပ်ထွေးသောခံစားချက်များရှိနေကြသည် ။သူတို့သည် နားနေခန်း၏ တံခါးကိုဖွင့်ချင်ခဲ့ပြီး အထဲမှ ထွက်လာသော ကျုံးယို့ယို့ နှင့် ချင်းယောင်၏ အသံကို ကြားနေရသည် ။


ချင်းယောင်သည် အဝတ်လဲစင်ပေါ်တွင် မှီနေပြီး ကျုံးယို့ယို့၏ မိတ်ကပ်ဖျက်ဆေးအား ကူ၍ ကိုင်ထားပေးကာ ကျုံးယို့ယို့ ဂွမ်းစဖြင့် မျက်တောင်တုများကို ပွတ်၍ ဖယ်နေသည်ကို ကြည့်နေခဲ့သည် ။သူသည် ခဏတာ တိတ်ဆိတ်နေပြီးနောက် မေးလိုက်သည် ။


" အဲ့ဒီနောက်ဆုံးပြိုင်ပွဲက လူအကုန်သိအောင် ချပြလိမ့်မယ်လို့ မပြောခဲ့ဘူးလား မင်းရဲ့ ပုံစံအမှန်ကို ဒီအင်တာဗျူး အတောတွင်းမှာ လူသိရှင်ကြားဖြစ်အောင် ဘာလို့လုပ်လိုက်တာလဲ  "


ကျုံးယို့ယို့သည် မိတ်ကပ်ဖျက်ဆေးရည်အား တို့လိုက်ပြီး ပြန်ဖြေခဲ့သည် ။


" အင်တာဗျူးအတွင်းမှာ ငါအပိုင်းနှစ်ပိုင်းကို ရိုက်ကူးခဲ့တယ် ။တစ်ခုက ခေါင်းစွပ်ဝတ်ထားတယ် ။ ဒါပေမဲ့ နောက်တစ်ခုက မဝတ်ထားဘူး ။ စီစဥ်သူအဖွဲ့က မနေ့ညက ဆက်သွယ်လာပြီး ငါ့ကို ဘယ်အပိုင်းကို ရွေးချယ်မလဲလို့ မေးခဲ့တယ် ။ ဒါကြောင့် ဒီအပိုင်းကို ရွေးချယ်လိုက်တာပဲ ။ "


သူမပြုံးကာ မော့ကြည့်လိုက်သည် ။


" အဲ့ဒါက မကောင်းဘူးလား ။အဲ့ဒါက လူထုအမြင်မှာ ကျဆင်းသွားတဲ့ ကျုံးမိသားစုရဲ့ တစ်စုံတစ်ရာကို ပြန်ထိန်းနိုင်လိုက်တယ်လေ ။ဒါက ငါ့အတွက် ဘာမှမဟုတ်ပါဘူး ။ ဘာပဲဖြစ်ဖြစ် ၊ ကစားသမားတွေရဲ့ ပုံစံအမှန်က မကြာခင် ဒါမှမဟုတ် နောက်ကျရင် ထုတ်ဖော်ခံရမှာပဲလေ ။ "


ချင်းယောင်သည် သူမ၏ ခေါင်းအား ပွတ်သပ်ပေးလိုက်ပြီး ဘာမှမပြောခဲ့ပေ ။ကျုံးမိသားစုသည် ခွင့်မလွှတ်နိုင်စရာကောင်းသည်ဟု သူခံစားရသော်လည်း သူသည် ကျုံးယို့ယို့၏ ရွေးချယ်မှုကိုလည်း လေးစားပေးသည် ။


ကျုံးယို့ယို့သည် ချင်းယောင်၏ လက်ဖဝါးအား တို့လိုက်ကာ ပြုံးပြလိုက်သည် ။


သူမ ကျုံးမိသားစုကို ကူညီခဲ့သည် ။


ဘာလို့လဲဆိုသည်ကို သူမ မပြောနိုင်ပေ ။သူမ ကျုံးမိသားစုကို မနှစ်သက်သော်လည်း ကျုံးမိသားစု ဒေဝါလီခံလိုက်ရမည်ကိုတော့ မကြည့်ချင်ပေ ။ဤအရာသည် အကြောင်းပြချက် တစ်ခုပင် ဖြစ်သည် ။


ဒုတိယအကြောင်းပြချက်သည် သူမယခင်က ပြောခဲ့သလိုပင် ၊ သူမသည် ကျုံးမိသားစုနှင့် ရှင်းရှင်းလင်းလင်းအဆက်ဖြတ်ချင်သည် ။သို့သော် ကျုံးမိသားစုအား ဘာမှပြန်ပေးဆပ်မည်မဟုတ်ပေ ။ဤတစ်ကြိမ်တွင် အာဏာသည် ပြန်လည်ပေးဆပ်ခံခဲ့ရပြီး သူတို့အချင်းချင်းကြားတွင် ဘာမှ အကြွေးတင်မနေတော့ပေ ။ အားလုံးရှင်းလင်းသွားပြီ ဖြစ်သည် ။


တတိယတစ်ချက်မှာ သူမသည် ကျုံး၏ ရှယ်ယာ ငါးရာခိုင်နှုန်းကို ယူဖို့ ကြံရွယ်ထားသည် ။ ပုံမှန်အားဖြင့် ကျုံးကော်ချန်းသည် ရှယ်ယာ ငါးဆယ်ရာခိုင်နှုန်းကို ကိုင်ဆောင်ထားပြီး ၊သို့သော် ခန့်မှန်းရသည်မှာ သူမ နှင့် ကျုံးရှီယို့အား တစ်ယောက် နှစ်ဆယ့်ငါးရာခိုင်နှုန်းဆီ ပေးလာလိမ့်မည် ။ 


သူမသည် အများကြီးတောင်းဆိုရန် မစီစဥ်ထားပေ ။

သို့သော် ရန်ပုံငွေမရှိဘဲနှင့် သူမ၏ သက်မွေးဝမ်းကြောင်းအတွက် ချင်းယောင်ပေါ်တွင် မှီခိုနိုင်လိမ့်မည်မဟုတ်ပေ ။ထို့ကြောင့် ဤတစ်ကြိမ်တွင် ကျုံးမိသားစုအား ကူညီခြင်းသည် အရှုံးမရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်သည် ။ထို့နောက် သူမသည် ကျုံးအား ဤတစ်ကြိမ်တွင် ပြန်ပေးမည်ဖြစ်သည် ။


......


အပြင်ဘက်ရှိ ကျုံးမိသားစုဝင်များသည် ဤတစ်ကြိမ်တွင် ကျုံးယို့ယို့၏ နှလုံးသားထဲတွင် ဘာတွေးနေလဲဆိုသည်ကို မသိခဲ့ပေ ။ ကျုံးယို့ယို့၏ ပေါ့ပေါ့ပါးပါးစကားတို့ကို ကြားပြီးနောက်တွင် သူတို့၏ အမူအရာသည် မှင်သက်သွားခဲ့ပြီး သူတို့၏ ခံစားချက်များသည် ရောထွေးနေကြသည် ။


ဤကိစ္စပြီးသည့်နောက်တွင် သူတို့သည် လေးလေးနက်နက်ပင် သဘောထားပြောင်းလိုက်ကြသည် ။ အချိန်တိုင်းတွင် ထိုအရာသည် အခက်ခဲဆုံးကာလဖြစ်ပြီး ကျုံးယို့ယို့သည် သူတို့အား ကယ်တင်ခဲ့သည် ။


ယခင်ဘဝက ကဲ့သို့ပင် ။ ဤတစ်ကြိမ်တွင်လည်း ကျုံးယို့ယို့၏ အကူအညီဖြစ်သည်ကို သူတို့မသိခင်အချိန်အထိ သူတို့သည် သူမ၏ ခလုတ်ကန်သင်းဖြစ်နေခဲ့သည် ။ ကျုံးမိသားစုမရှိဘဲနှင့်လည်း ကျုံးယို့ယို့သည် တောက်ပနေဆဲဖြစ်ပြီး ကျုံးမိသားစုထက်ကျော်လွန်သော သူတစ်ယောက်ပင် ဖြစ်လာခဲ့သည် ။


ပါပါးကျုံးသည် ကျုံးယို့ယို့အတွက် ဂုဏ်ယူနေစဥ်

သူ့တွင် ကပ်ဆိုက်ကာလ၏ အသိအမြင်ကိုလည်း ရခဲ့သည် ။


သူသည် ထိုအရာအတွက် တတ်တိုင်သမျှ ဖြစ်အောင် ကြိုးစားခဲ့ရသော်လည်း ယခင်က သူသည်  ချမ်းသာပြီး အာဏာရှိသည်ဟု ခံစားရခဲ့ပြီး ကျုံးယို့ယို့၏ အတွေးများကိုပါ လွှမ်းမိုးနိုင်သည်ဟု ခံစားခဲ့ရသည် ။


သို့သော် ယခုတွင်တော့ ကျုံးယို့ယို့သည် မည်သူ့ကိုမှ မလိုအပ်သော နေရာတွင် ရပ်တည်နေသည်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး ကျုံးအိမ်သို့ပင် ပြန်မဆွဲထားနိုင်တော့ပေ ။


အဖေတစ်ယောက်အနေဖြင့် သူ၏ ကိုယ့်ကိုယ်ကို ဂုဏ်ယူတန်ဖိုးထားခြင်းသည် တစ်စုံတစ်ခုဖြင့် ထိုးနှက်ခံလိုက်ရပြီ ဖြစ်သည် ။


တစ်ချိန်ထဲတွင်ပင် ထိုမိန်းကလေးသည် အရမ်းမြင့်မြင့်သို့ ပျံသန်းသွားပြီး တစ်ယောက် နှင့် တစ်ယောက် ဘယ်တော့မှ ပြန်မတွေ့ရတော့မည်ဆိုသည့် စိုးရိမ်ထိတ်လန့်မှုလည်း ဝင်ခဲ့သည် ။


သူတို့အား ဘဝ နှစ်ခုစာ ကယ်တင်ခဲ့သော ကျုံးယို့ယို့ နှင့်ယှဥ်လျှင် သူတို့သည် ဤကပ်ဆိုက်ကာလအတွင်းတွင် ခြေရာရှာမရအာင် အစအနပျောက်သွားခဲ့သော မုန့်ရှစ်ရွှမ်အား မစဥ်းစားဘဲ မနေနိုင်ခဲ့ပေ ။


မဟုတ်ပေ ။ အကယ်၍ သူမသာ အစအနမကျန်ပျောက်သွားခဲ့လျှင် သူမသည် နောက်ကွယ်မှ နတ်ဆိုးအစစ်အမှန် ဖြစ်နေမည်ကိုပင် စိုးရိမ်ရသည် ။


 ပါပါးကျုံးနှင့် ကျုံးရှီယို့သည် တစ်ပြိုင်တည်း ထိုအရာအား တွေးလိုက်မိသောအခါတွင် ကျုံး၏ လျှို့ဝှက် ပရောဂျက်များ ပေါက်ကြားသွားခြင်းနှင့် ကျုံးအား ကြီးမားသောကပ်ဆိုက်ကာလရောက်သွားစေခြင်းသည် မုန့်ရှစ်ရွှမ်နှင့် ခွဲခြားလို့မရမည်ကို တွေးမိသည် ။ ဤအဖြစ်အပျက်သည် သေချာပေါက် အနည်ထိုင်သွားရလိမ့်မည် ။



xxxxxx