Chapter 144
ထိုနေ့တွင် ကျုံး၏ ရှယ်ယာများသည် ပြင်းပြင်းထန်ထန် မြင့်တက်လာခဲ့သည် ။နေ့လည်ခင်း၏ အဆုံးသတ်ရောက်ချိန်တွင် မျဥ်းကွေးသည် မူလအမှတ်သို့ ပြန်လည်ရောက်ရှိသွားသည်သာမက ရှယ်ယာ၏ စျေးနှုန်းများသည်လည်း ကျုံးပြဿနာမရှိခင်အချိန်နှင့်ယှဥ်လျင်ပင် နှစ်ဆခုန်တက်သွားခဲ့သည် ။ ထို့နောက် ဤမျဥ်းကွေး၏ ဦးတည်ရာအရ ထိုအရာသည် ဆက်၍ မြင့်တက်နေမည်ကိုပင် စိုးရိမ်ရသည် ။
စတော့ရှယ်ယာများပြောင်းလဲသည့် နေရာမှစပြီး ဆက်၍မြင့်တက်နေသော အစိမ်းရောင်မျဥ်းကွေးအားကြည့်ကာ အထိနာနေသည့် စတော့ရှယ်ယာရင်းနှီးမြှုပ်နှံသူများသည် ရူးသွပ်သွားတော့မလိုပင် ။
တစ်စုံတစ်ယောက်သည် မတိုင်ခင်က တစ်မီလီလံထက်ပိုသော ရှယ်ယာကို ဝယ်ခဲ့ပြီး လွန်ခဲ့သောရက်များအတွင်းတွင် ဒေဝါလီခံရကာ ရှုံးနိမ့်သွားခဲ့ပြီး တိုက်ပေါ်မှပင် ခုန်ချမလိုဖြစ်ခဲ့သည် ။ယခုတွင် သူတို့သည် စတော့များပြန်တက်လာသည်ကိုသာ တွေ့ရသည်မဟုတ်ဘဲ ထိုအရာသည် နှစ်ဆပင်ဖြစ်သွားသည်ကိုပါ တွေ့လိုက်ရသည် ။ ထိုအရာသည် ငွေအရင်းအား ပြန်ရလိုက်သည်သာမက ရုတ်ချည်း အမြတ်ငွေများကိုပါ ရှာနိုင်လိုက်သည် ။ တစ်မီလီယံထက်ပင် ပိုနေသေးသည် ။ ဤလူသည် အလွန်အံ့အားသင့်နေပြီး သူ့ထံတွင် သွေးဖိအားများသော ရောဂါရှိကာ ဆေးရုံသို့ပို့ဆောင်လိုက်ရသည် ။
လွန်ခဲ့သော ရက်အနည်းငယ်က ကျုံးရှယ်ယာများကျဆင်းနေသည်ကို တွေ့လိုက်ရသောအခါတွင် လူအများသည် လျင်မြန်စွာ တုံ့ပြန်ကာ သူတို့၏ ရှယ်ယာများကို ရောင်းထုတ်ပစ်ကြသည် ။မနေ့က သူတို့သည် ဆုံးရှုံးမှုကို ရပ်တန့်လိုက်နိုင်သောကြောင့် ပျော်နေကြသော်လည်း ယနေ့တွင်တော့ သေလောက်အောင်ပင် နောင်တရနေကြပြီ ဖြစ်သည် ။
သေစမ်းပဲ ... ငါဘယ်လိုလုပ် ခဏကြာကြာ ပိုမစောင့်လိုက်ရတာလဲ ...
လွန်ခဲ့သောရက်က ဆုံးဖြတ်ချက်ချကာ ရှယ်ယာများရောင်းခဲ့သည့် သူတို့၏ ကိုယ်ပိုင်လက်များကိုပင် ဖြတ်ထုတ်ပစ်ရန် မစောင့်နိုင်တော့ပေ ။
အတက်အကျများစွာဖြစ်ပြီးနောက်တွင် မည်သူက ကျုံး၏ရှယ်ယာကို ဝယ်ချင်တော့မည်နည်း ။မမျှော်လင့်ထားစွာပင် ရက်အနည်းငယ်အတွင်း၌ ပြန်လည်ရှင်သန်လာခဲ့သည်တဲ့လား ။
....
ပုံမှန်ကိုယ်စားလှယ်များသည် ရှစ်ယိမုန့်၏မိဘများကဲ့သို့ ထက်မြက်သော စျေးကစားကြသူများဖြစ်သည် ။ယနေ့မနက်တွင် သတင်းထွက်လာသောအခါ၌ ပါပါးရှစ်သည် မြောက်များစွာသော ငွေတို့ကို ကျုံး၌ ရင်းနှီးမြှုပ်နှံခဲ့သည် ။
မဟုတ်ပေ ။ တစ်ရက်ထဲနှင့်ပင် မြှုပ်နှံထားသော ငွေအရင်းသည် နှစ်ဆ ဖြစ်သွားခဲ့သည် ။ သူသည် သူ၏ ရင်ဖိုစရာကောင်းသော စတော့စျေးကွက်တွင် ဘာအားစိုက်ထုတ်ခြင်းမှမရှိဘဲ ငွေအမြောက်အများပြုလုပ်ခဲ့သည်ဟု ပြောနိုင်ပေသည် ။
....
စတော့စျေးကွက် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားစဥ်တွင် အချို့လူများသည် ရူးသွပ်နေကြပြီး အချို့လူများသည် ပျော်ရွှင်နေကြသည် ။ ချန်းချောင်သည် ဟိုတယ်တွင် ထိုင်နေပြီး စားပွဲအားထုရိုက်ကာ သူ၏ ဆံပင်များကို ဆောင့်ဆွဲနေခဲ့သည် ။ နေ့လည်ခင်းတစ်ချိန်လုံး သူနောင်တရနေခဲ့ပြီ ဖြစ်သည် ။
ကျုံး၏ ကုမ္ပဏီထဲတွင် သူ၏ လုပ်ဖော်ကိုင်ဖက် အနည်းငယ်သာရှိသည် ။ သူအလုပ်ထွက်သွားသည်ကို မြင်သောအခါတွင် အားလုံးသည် သူ့နားသို့ ကပ်လာခဲ့ကြသည် ။ သူတို့သည် မန်နေဂျာ ချန်းချောင် နှင့် အတူ ရှန်းမိသားစုဆီသို့ ခုန်ဆင်းချင်ခဲ့ကြသည် ။သို့သော် သူတို့သည် ချန်းချောင်ကို တိုက်တွန်းလှုံ့ဆော်တာမျိုးမရှိခဲ့ပေ ။ သူတို့သည် ကိုယ့်ကိုယ်ကို ဖိနှိပ်၍ ချန်းချောင်ကို စောင့်နေချင်ခဲ့သည် ။ ထိုသို့ရောက်ပြီးနောက်တွင် သူဘယ်လောက်ရမလဲဆိုသည်ကို ကြည့်ပြီး သူတို့အနောက်မှ လိုက်မည်ဖြစ်သည် ။
ထို့နောက် သူတို့သည် အလွန်တွန့်ဆုတ်နေကြသူများဖြစ်ပြီး ကျုံး၏ နွေဦးအတွက်လှုပ်ခတ်သွားသော လှိုင်းအသစ်တွင် ကဏ္ဍတစ်ရပ်ဖွင့်လှစ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။
ထို့နောက် ချန်းချောင်သည် ကောင်းကင်ဘုံအား စွန့်လွှတ်လိုက်ရသည် ။
ကျုံးကုမ္ပဏီတွင် ရှိနေဆဲဖြစ်သော သူငယ်ချင်းသည် ချန်းချောင်အား ဆက်သွယ်လိုက်ပြီး သူ၏ အသံသည် အလွန်ကို ပီတိဖြာနေခဲ့သည် ။
" အကိုချန်း ၊ အကယ်၍ ခင်ဗျားက အမြဲတမ်းထက်မြက်နေတဲ့ သူလို့ပြောချင်ရင် ခင်ဗျားဘာလို့ ခဏတာလောက် တွေဝေသွားခဲ့ရတာလဲ ။ ခင်ဗျားကတော့ အဖွဲ့မှားရွေးလိုက်တာပဲ ။မြေခွေအိုကြီး ကျုံးကော်ချန်းကို ဘယ်လိုလုပ်မှာတုန်း ။ သူက စီးပွားရေးစစ်ပွဲမှာ အာဏာရှိတဲ့သူ ဖြစ်နိုင်တယ် ။ ကျွန်တော့်အထင်တော့ လွန်ခဲ့တဲ့ရက်တွေမှာ စတော့ရှယ်ယာကျသွားမှာကို သူခန့်မှန်း မိလောက်တယ် ။ "
ကျုံးကော်ချန်း၏ ယခင်က နည်းဗျူဟာများသည် အလွန်အားကောင်းပြီး သူသည် ကျုံး၏ ရှယ်ယာကိုင်ဆောင်ကြသူများထံမှ အလွန်လေးစားခံရသည်။
" ဟင်း ၊ ခင်ဗျားက ဒီတိုက်ပွဲမှာ ရှန်းမိသားစုဘက်က နိုင်မယ်လို့ ရိုးရိုးလေးတွေးလိုက်တာပဲ ။ ပြီးတော့ ခင်ဗျားက အလုပ်ကို ဒီတိုင်းလေးပဲ ပြောင်းပစ်လိုက်တယ် ။ ခင်ဗျားပြန်လာနိုင်တော့မယ်လို့ ကျွန်တော်တော့မထင်ဘူး ။ "
ချန်းချောင်သည် နားထောင်နေရင်း ဒေါသထွက်လာရပြီး ဒုတိယမြောက်တွင် ဖုန်းအားချပစ်လိုက်သည် ။
" ကြည့်ကြသေးတာပေါ့ "
သူသည် ဖုန်းအား ရိုက်ခွဲလိုက်ပြီး သူ၏ မျက်နှာအား လက်ဖဝါးထဲတွင် အပ်ထားခဲ့သည် ။ သူသည် သေလောက်အောင် နောင်တရနေပြီ ဖြစ်သည် ။
မမျှော်လင့်ထားစွာပင် သူသည် အဝေးသို့ငေးကြည့်နေခဲ့ပြီး ရလဒ်အမှားကို တွက်ချက်မိခဲ့သည် ။
သို့သော် မည်သူကသိမည်နည်း ။ ကျုံးကော်ချန်းတွင် ထိုကဲ့သို့ အင်အားကြီးသော သမီးရှိနေပြီး သူမသည် လူထုအမြင်အား ပြောင်းပြန်လှန်ပစ်ကာ ကျုံး၏ စတော့ရှယ်ယာများကို ကယ်တင်ပေးခဲ့သည် ။
နေ့လည်ခင်းတွင် သူသည် အမှန်ပင် ဂနာမငြိမ်ဖြစ်နေကာ အလျင်အမြန် ကားသော့အားယူလိုက်ပြီး ကျုံးကုမ္ပဏီသို့ ထွက်သွားခဲ့သည် ။
သူသည် နှုတ်ထွက်စာအား မနေ့က တင်ခဲ့ပြီး ဝန်ထမ်းရေးရာဌာနသည် စနစ်တကျ အတည်မပြုရလောက်သေးပေ ။ယခုတွင် သူသည် ကျုံးကော်ချန်းအား သူ့ကိုပြန်လာခွင့်ပေးရန် တောင်းဆိုမည်ဖြစ်သည် ။ ကျုံးကော်ချန်းသည် ထိုအရာအား သူငယ်ချင်းရင်းနှီးခင်မင်မှုကြောင့် မျက်ကွယ်ပြုပေးလောက်သည် ။
ချန်းချောင်သည် ကျုံး၏ အဆောက်အဦးထဲသို့ လျှောက်သွားခဲ့သည် ။ သူ၏ လက်ထဲမှ မန်နေဂျာကတ်သည် ယခုအထိ သက်တမ်းမကုန်သေးပေ ။သူသည် ဓါတ်လှေကားဖြင့် အပေါ်သို့ တက်သွားလိုက်ည် ။
လမ်းတစ်လျှောက်တွင် ထိုအလုပ်သမားများသည် သူတို့၏ မျက်လုံးထဲတွင် သူ့အားလှောင်ရယ်ကာ ထွက်သွားကြသည် ။ သူ၏ လက်အောက်တွင် အလုပ်လုပ်ခဲ့သော အလုပ်သမားဟောင်းအများစုသည် သူ့အား နှုတ်ဆက်ကြသော်လည်း သူတို့၏ အသံအနေအထားတွင် ယခင်ကကဲ့သို့ လေးစားမှုများ မပါဝင်ကြတော့ပေ ။
ချန်းချောင်သည် အလျင်အမြန်သူ၏ စားပွဲသို့ လျှောက်သွားလိုက်ပြီး ငူငိုင်စွာဖြင့် သူ၏ စားပွဲပေါ်က ရှုပ်ပွနေသော ဖိုင်များကို လက်ညှိုးထိုးကာ ပြောလိုက်သည် ။
" ငါအဝေးကို သွားလိုက်တာ ဒီနေ့နဲ့မှ တစ်ရက်ပဲရှိသေးတယ် ။ ဘယ်သူက ငါ့စားပွဲကို ယူသွားတာလဲ ။ "
ထိုအရာသည် သူ၏ လက်အောက်တွင် အလုပ်လုပ်ခဲ့သော လက်ထောက်မှ ယူသွားခဲ့ခြင်းဖြစ်သည် ။လက်ထောက်သည် ကော်ဖီခွက်တစ်ခွက်ကိုင်ကာ ပြန်ရောက်လာခဲ့ပြီး မှေးမှိန်သော အပြုံးဖြင့် ပြောလိုက်သည် ။
" အိုး ဒါက အဖွဲ့ရွေးမှားသွားတဲ့ ဥက္ကဋ္ဌချန် မဟုတ်ဘူးလား ။ ခင်ဗျားက အမြင့်မှာရောက်နေပြီးသားပဲကို အိမ်ကနေ ဝေးဝေးကို သွားနေရသေးလား ။ ခင်ဗျား ဘာလို့ ပြန်လာနေရသေးတာလဲ ။ "
ချန်းချောင်သည် ထိုမျက်လုံးဖြူဝံပုလွေအား မုန်းတီးမိသော်လည်း နှစ်ခါမျှ လှောင်ပြောင်၍ ပြောလိုက်သည် ။
" ငါ့မှာ အကိုကျုံးနဲ့ တစ်ခုခုလုပ်စရာရှိတယ်လေ "
စကားပြောပြီးသည့်နောက်တွင် သူသည် ကျုံးကော်ချန်း၏ ရုံးခန်းသို့ တည့်တည့်လျှောက်သွားလိုက်သည် ။
တံခါးအား နှစ်ခါမျှ ခေါက်ပြီးနောက်တွင် အထဲမှလူသည် " ဝင်လာပါ " ဟုပြောလာခဲ့ပြီး သူအထဲဝင်သွားခဲ့သည် ။
ကျုံးကော်ချန်း၏ မြင့်မားသော သဏ္ဍာန်သည် ပြင်သစ်မှန်ပြတင်းတံခါးများရှေ့တွင် ရပ်နေခဲ့ပြီး သူ၏ လက်ထောက် နှင့် အတွင်းရေးမှူးတို့အား တစ်စုံတစ်ခုကို သဘောတူညီရန် ပြောနေခဲ့သည် ။
ဤတစ်ကြိမ်တွင် ကျုံး၏ စျေးကွက်သည် ပြန်လည်ဦးမော့လာနိုင်ခဲ့သော်လည်း ထိုတွင် ရှင်းထုတ်ပစ်ရမည့် အရှုပ်များစွာ ကျန်နေသေးသည် ။အထူးသဖြင့် ထိုင်ကျင်းလမ်းဟောင်းပေါ်တွင် ပြဿနာရှာသွားခဲ့သော အုပ်စုများဖြစ်ပြီး ယခုတွင် သက်သေများထွက်ပေါ်လာပြီဖြစ်သည် ။ သူတို့သာ ပြဿနာရှာရဲလျှင် သူတို့အား ရဲစခန်းသို့ပို့ရန် တစ်ခါတည်း တောင်းဆိုနိုင်ပြီး အချုပ်ထဲတွင် သော့ခတ်ထားကာ အနာဂတ်တွင် မည်သူက စိတ်ကြီးဝင်နိုင်အုန်းမလဲဆိုသည်ကို သူကြည့်ပေအုန်းမည် ။
ရှန်းမိသားစုအတွက်တော့ သူတို့သည် ရှေ့နေနှင့် ထိုအခွင့်အရေးအား ဆုပ်ကိုင်ကာ လူထုအမြင်စစ်ပွဲအား ဘယ်လိုတိုက်ခိုက်ရမည် နှင့် ရှန်းမိသားစုတစ်ခုလုံးကို သူ၏ ဗိုက်ထဲသို့ ဝါးမြိုနိုင်ဖို့ ဆွေးနွေးရမည် ဖြစ်သည် ။
ရှန်းမိသားစုသည် သူ့အား အမှုဆင်ခြင်း၌ ကျရှုံးသွားပြီး ရှန်းမျိုးရိုးမှ တစ်ဆင့် အခြားသူများအား သူကိုယ်တိုင်သာ ကိုင်တွယ်ခဲ့သည်ဟု မည်သူကထင်မည်နည်း ။
ချန်းချောင်ဝင်လာသည်ကို ကြားသောအခါတွင် ကျုံးကော်ချန်းသည် နောက်သို့လှည့်ကြည့်မနေခဲ့ပေ ။သူ၏ အပြုအမူသည် အေးစက်နေပြီး စီးပွားရေးကိစ္စသာ ဆက်လုပ်နေခဲ့သည် ။
" မစ္စတာ ချန် ရောက်လာပြီလား ။ "
ချန်းချောင်၏ နှလုံးသားထဲတွင် နောင်တရနေခဲ့သည် ။ ကျုံးကော်ချန်းသည် အသက်ငါးဆယ်ကျော်နေပြီဖြစ်သည် ။သို့သော် သူသာ မအိုသေးလျှင် သူ၏ အရှိန်အဝါသည် အလွန်ကြောက်စရာကောင်းနေအုန်းမည် ဖြစ်သည် ။
သူသည် အလျင်အမြန်ပြုံးပြကာ ပြောလိုက်သည် ။
" မစ္စတာကျုံး ၊ ခင်ဗျားကျွန်တော့်ကို ရှောင်ချန်းလို့ပဲ ခေါ်ပါ ။ ကျွန်တော်အခု နောင်တရနေပါပြီ ။ ကျွန်တော်မနေ့က ဆုံးဖြတ်ချက် အမှားကို ချခဲ့မိတယ် ။ "
" မင်းက ဘယ်နေရာမှာ မှားသွားတာလဲ ။ "
ကျုံးကော်ချန်းသည် တစ်ဖက်သို့လှည့်လိုက်ပြီး သူ၏ မျက်ခုံးနှစ်ဖက်ကြားထဲတွင် အရင်ရက်များမှ ပင်ပန်းနွမ်းနွယ်မှုများအား မတွေ့ရဘဲ သူ၏ တောင့်တင်းခိုင်မာမှုတို့ကိုပင် ပြန်ရနေခဲ့သည် ။သူသည် အနည်းငယ် ကြီးကျယ်ခမ်းနားမှုကို ထုတ်ဖော်ပြခဲ့ပြီး
" ရေတွေက အထက်ကိုပဲ ဆန်တက်နေတာ ၊ မင်းမှားတာ ဘာလုပ်နိုင်မှာလဲ ။ "
ချန်းချောင်၏ မျက်နှာသည် ပြုံးလိုက်ပြီး သူအလျင်အမြန်ပင် ပြောလိုက်သည် ။
" ဟုတ်ပါတယ် ၊ မစ္စတာကျုံး ။ ခင်ဗျားအဲ့ဒါကို ကျွန်တော့်နေရာကနေ စဥ်းစားပေးနိုင်ပါတယ် ။ အမှန်တကယ်တော့ ကျွန်တော်လည်း ကျုံးမိသားစုကို သစ္စာမဖောက်ချင်ခဲ့ပါဘူး ။ ကျွန်တော်က ဒီအတိုင်း..."
" မင်းပြန်လာချင်လား ။ "
ကျုံးကော်ချန်း သူ့အား စကားဖြတ်ပြောလိုက်သည် ။ထို့နောက် စားပွဲသို့လျှောက်သွားကာ စာရွက်စာတမ်းများကို လှန်လှောနေခဲ့သည် ။
" ဟုတ်ကဲ့ "
ချန်းချောင်သည် သူ၏ နှလုံးသားထဲတွင် အူလိုက်သည်းလှိုက်ခံစားနေရမှုတို့ကို ဖော်ပြခဲ့ပြီး
" နောက်ကျရင် ၊ ကျွန်တော်ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေ တိုးတက်လာအောင် ပိုကြိုးစားပါ့မယ် ။ "
" ငါမင်းကို မျက်နှာသာပေးလို့ရတယ် "
ကျုံးကော်ချန်းသည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည် ။ ချန်းချောင် ပျော်ရွှင်မသွားခင် သူထပ်ပြောလိုက်သည် ။
" ဒါပေမဲ့ လတ်တလော ပြန်စတဲ့ အခြေအနေအရ မင်းအောက်ခြေကနေ ပြန်စရလိမ့်မယ် ။ အခု လူသစ်တွေအကုန်လုံးက ဘွဲ့ရပြီးသား ကျောင်းသားတွေချည်းပဲ ။ အဲ့ဒီနောက် မင်းရဲ့ နည်းပညာအလယ်တန်းကျောင်း ပညာရေးက ငါ့ရဲ့ကျုံးကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် ကျုံးရဲ့ ကုမ္ပဏီထဲကို ဝင်ဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ "
ချန်းချောင် "..."
" မင်းအခုသွားလို့ရပြီ "
ကျုံးကော်ချန်းသည် စိတ်မရှည်စွာပင် လက်ကာပြလိုက်သည် ။ သူသည် အခြားသူများအား ဘယ်သောအခါမှ ဒုတိယအခွင့်အရေးကို ပေးမည် မဟုတ်ပေ ။
ချန်းချောင်သည် တစ်ဖက်သို့လှည့်ကာ သူ၏ သွားများအား ကြိတ်နေလိုက်သည် ။ ထိုမြေခွေးအိုကြီး ကျုံးကော်ချန်းသည် ကျုံး၏ ပြိုလဲနေသောအချိန်တွင် မနေ့က သူထွက်စာတင်ခဲ့ခြင်းကို အမှန်တကယ် ခါးသီးနေခဲ့သည် ။ သူ့ကိုပင် အောက်ခြေမှ ပြန်စခွင့်ပြုလိုက်သေးသည်တဲ့လား ။ သူသည်လည်း အညှာအတာကင်းမဲ့သော သူပင်ဖြစ်သည် ။သူ့အား ကန်ထုတ်ပစ်လိုက်သည်ထက် စာလျှင် မျက်နှာအား ဖြတ်ရိုက်သွားသည်ကမှ ခံသာပေအုန်းမည် ။
ထိုအရာသည် အဆင်ပြေသေးသည် ။ သူ၏ ယာယီပါးနပ်မှုကြောင့် သူသည် ကျုံးမိသားစုမှ အလုပ်ထွက်ခဲ့သည် ။ ယခုတွင်တော့ သူ၏ ပိုင်ရှင်အသစ် ရှန်းမိသားစုသည် ပြိုကွဲသွားခဲ့ပြီ ဖြစ်သည် ။ သူသည် ဤနယ်ပယ်တွင် ထိုကဲ့သို့ကြီးမားသော ကုမ္ပဏီအား ထပ်၍ ရှာတွေ့နိုင်တော့မည်မဟုတ်ပေ ။
ထို့နောက် ကုမ္ပဏီနှစ်ခုလုံးမှ ထွက်ခဲ့ရပြီးနောက်တွင် အခြားစီးပွားရေးလုပ်ငန်းအသေးစားများသည် သူ့အား မည်သို့တွေးမည်လဲ မသိပေ ။သူ၏ သက်မွေးဝမ်းကြောင်းသည် အလျင်စလိုဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်ကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်သည် ။
ဤရုံးခန်းအပြင်ဘက်မှ လူများသည် ချန်းချောင်အား မျှော်လင့်တကြီး ဝင်သွားသည်ကို ကြည့်နေခဲ့ကြသော်လည်း ပြင်းထန်သောနည်းလမ်းဖြင့် ပြန်ထွက်လာသည်ကို တွေ့ခဲ့ရသည် ။ချန်းချောင်သည် မစ္စတာကျုံးနှင့် ရင်းနှီးခဲ့သည်ကို သူတို့အကုန်လုံးသိကြသည် ။
ကြည့်ရသည်မှာ မစ္စတာကျုံးသည် အမြဲတမ်းအတွက် ခိုင်မာသည့်ပုံပေါ်ပေသည် ။
ဤကိစ္စတွင် ချန်းချောင်၏ ဓါးသည် ကြက်ပေါက်လေးများ နှင့်မျောက်များကို သတ်ရန်အတွက်ဟူ၍ မှတ်ယူလို့ရပေသည် ။ ထို့နောက် ကျုံးမိသားစုထဲတွင် တုန်လှုပ်နေသော အခြားသူများ၏ နှလုံးသားကိုလည်း ခိုင်မြဲစေခဲ့သည် ။
ယခုတွင် ကျုံးမိသားစုသည် အရှိန်အဟုန်ရနေပြီး တစ်ဖန်ပြန်လည်တိုက်ခိုက်နေပြီ ဖြစ်သည် ။ ဖြစ်နိုင်သည်မှာ ထိုအရာသည် ယခင်ကထက် ပို၍ ကြီးပွားချမ်းသာလာသောကြောင့် သူတို့သည် ကျုံးမိသားစုထံတွင်သာနေ၍ ဆက်လက်လုပ်ကိုင်သင့်ပေသည် ။
.....
ရက်အနည်းငယ်အတွင်းပင် ကျုံး၏ကုမ္ပဏီသည် နယ်ပယ်ထဲသို့အပြည့်အဝပြန်ရောက်လာခဲ့သည် ။ထိုအရာသည် ရှန်းမိသားစု လုံးဝ မမျှော်လင့်ထားသော အရာသာဖြစ်သည် ။
လူအိုကြီးသည် ချိုင်းထောက်အားမှီပြီး စာကြည့်ခန်းတွင် ထိုင်နေကာ နောက်တွင် ဘဏ္ဍာရေးဆိုင်ရာသတင်းစာအား ဖွင့်လိုက်သောအခါတွင် သူ၏ မျက်နှာသည် အနည်းငယ်ကြည့်ရဆိုးသွားခဲ့သည် ။
သူသည် ကျုံးကော်ချန်းအား အလွန်စိတ်ဓါတ်ကျသွားလိမ့်မည်ဟု မျှော်လင့်ခဲ့သည် ။အဘယ်ကြောင့်ဆိုသော် ကျုံးမိသားစုသည် ဤကဲ့သို့ ထပ်ခါတလဲလဲ ထိခိုက်ခံရပြီးနောက်တွင် ဘယ်တော့မှပြန်မလာနိုင်တော့ဘဲ ဒေဝါလီခံသွားရလိမ့်မည်ဟု သူမျှော်လင့်ထားသောကြောင့်ပင် ။
အပေါ်ယံတွင်တော့ သူသည် ကူညီပေးသည့် လက်အားကမ်းပေးရန် သဘောတူညီခဲ့သည် ။ သို့သော် တကယ်တမ်းတွင် သူသည် ရန်ပုံငွေထောက်ပံ့ပေးရန် ငြင်းဆိုခဲ့သည်...
ထို့နောက် ယခုတွင် ကျုံးမိသားစုသည် အမှန်ပင် သေတွင်းထဲသို့ ရောက်ခဲ့ပြီး ပြန်ရှင်သန်လာခဲ့သည် ။သူ၏ ဤမျက်နှာအိုကြီးအား မည်သည့်နေရာသို့ သွားထားရတော့မည်နည်း ။
ထို့နောက် ဒီတစ်ကြိမ်တွင် ကျုံးမိသားစု နှင့် ရှစ်မိသားစု၏ စိတ်သဘောထားညီညွတ်မှုကို ထိခိုက်သွားပြီး သူကြောက်ရွံမိသည်မှာ အနာဂတ်တွင်....
လူအိုကြီးသည် ဤကဲ့သို့ သဘောထားပြောင်းကာ အမှားပြုလုပ်ခဲ့ခြင်းအပေါ် နှလုံးသားထဲမှပင် နောင်တရမိသည် ။
ရှစ်ကျစ်ထန်အခန်းထဲမှ ထွက်လာပြီး ကော်ရစ်တာသို့ လျှောက်သွားလိုက်သောအခါတွင် သူ၏ အဖေသည် စာကြည့်ခန်းထဲတွင် ငေးငိုင်နေသည်ကို တွေ့လိုက်ရသည် ။ ထို့နောက် သူ၏ မျက်နှာသည် တိမ်များထူထပ်နေခဲ့သည် ။
သူသည် မျက်မှောင်ကြုတ်ကာ ဘာမှပြောမနေဘဲ သူ၏အခန်းထဲသို့သာ တည့်တည့်မတ်မတ်ပြန်ဝင်သွားခဲ့သည် ။
အကယ်၍ ဤကိစ္စအား သူ့ကိုသာလွှဲပြောင်းပေးခဲ့လျှင် ကျုံးယို့ယို့ ၏ သူငယ်ချင်းခင်မင်ရင်းနှီးမှု အဖြစ်ယူဆ၍သော်လည်းကောင်း ၊ အနာဂတ်စီးပွားရေးအခွင့်အလမ်းအတွက်သော်လည်းကောင်း သူသည် သေချာပေါက် ကျုံးကို ကပ်ဆိုက်ကာလမှလွတ်မြောက်အောင် ဤရန်ပုံငွေအား ကူညီ၍ ထောက်ပံ့ပေးမည် ဖြစ်သည် ။
အဘယ်ကြောင့်ဆိုသော် ကျုံးသည် မည်သည့်အခါမှ ပြိုလဲသွားမည်မဟုတ်သည်ကို သူသိသည် ။သူ၏ အတိတ်ဘဝတွင် သူ၏မိသားစု၌ ကပ်ဆိုက်ကာလဖြစ်လာသောအခါ ကျုံးမိသားစုသည် ကောင်းကင်၏ အလယ်ဗဟိုတွင် ရှိနေဆဲပင် ဖြစ်သည် ။
မည်သို့ပင်ဖြစ်စေ လတ်တလောရှစ်လုပ်ငန်းစုသည် သူ၏ ထိန်းချုပ်မှုအောက်တွင်ရှိမနေသည်မှာ နှမြောစရာပင် ဖြစ်သည် ။
လူအိုကြီးသည် ခေါင်းမာနေသောအခါတွင် လွန်ခဲ့သောရက်အနည်းငယ်က သူသည် သူ၏အဖိုးဖြစ်သူနှင့် အကြိမ်ပေါင်းများစွာ အငြင်းပွားခဲ့ရသည် ။ ထို့နောက် နောက်ဆုံးတွင် မပျော်ရွှင်ရစွာဖြင့် ပျက်စီးသွားခဲ့သည် ။
လူအိုကြီးသည် အိုမင်းလာသည်နှင့်အမျှ ပြဿနာများတွင် သူ၏ အမြင်များသည် ယခင်ကလောက် စူးရှမနေတော့ပေ ။ သူသည် ကျုံး၏ မျက်နှာသာပေးခြင်းကိုခံရပြီး ရှစ်နှင့် ကျုံး စီးပွားရေးအတူတကွ လုပ်ဆောင်နိုင်ရန် ကူညီနိုင်မည့် အခွင့်အရေးကိုပင် လက်လွတ်သွားခဲ့သည် ။
သို့သော် ယခုတွင်တော့ ဤအခွင့်အရေးများသည် ချင်းမိသားစုထံသို့ အပြည့်အဝရောက်သွားခဲ့ပြီ ဖြစ်သည် ။
ရှစ်ကျစ်ထန်၏ မျက်လုံးများသည် မှောင်မဲလာခဲ့သည် ။သူသည် အရှေ့တွင်ရှိနေသော ကျောင်းအိမ်စာများနှင့် စာရွက်စာတမ်းများကို ကြည့်ကာ ရှစ်မိသားစုအား သူ၏ လက်ထဲတွင် အပြည့်အဝချုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းစဥ်များကို အလျင်အမြန်ဆောင်ရွက်လိုက်သည် ။သူသည် ဆက်ပြီး မလှုပ်မယှက်ရှိနေတော့မည် မဟုတ်ပေ ။
သူသည် ဖန်သားပြင်ပေါ်တွင် ကျုံးယို့ယို့၏ ယနေ့သတင်းများအား တစ်ချက်ကြည့်လိုက်သည် ။ ကျုံးယို့ယို့သည် ပြိုင်ပွဲဝင်အဖြစ် သူမ၏ ပုံစံအမှန်အား အင်တာဗျူးတွင် ကြေညာလိုက်သည် ။ဤကိစ္စတွင် သူသည် နောက်ကျမှသာ အံ့အားသင့်ခဲ့ရသူ ဖြစ်သည် ။
အစောဆုံး ပဏာမပြိုင်ပွဲတွင် သူသည် စီရင်စု၏ ပထမနေရာအတွက် ကျုံးယို့ယို့ကို ခန့်မှန်းခဲ့သည် ။
ကျုံးယို့ယို့သည် ခေါင်းစွပ်ဝတ်ထားကာ သူ၏ ဘေးမှဖြတ်သွားသောအခါတွင် သူသံသယဖြစ်သွားခဲ့သည် ။ သူသည် သူမအား နှစ်ဘဝစာ သိရှိခဲ့ပြီး ဘယ်လိုကြောင့်များ သူမကို သတိမထားမိဘဲ နေမည်နည်း ။
ထို့ကြောင့် ဤကိစ္စသည် သူမျှော်မှန်းထားခဲ့သည့်အရာဟုပင် ယူဆလို့ရပေသည် ။
မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်တွင် ကျုံးအား ကယ်တင်ခဲ့သူမှာ ကျုံးယို့ယို့ ဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ ။ရှစ်ကျစ်ထန်မှတ်မိသည်မှာ လွန်ခဲ့သော တစ်နှစ်ကျော်က သူပြန်မွေးဖွားလာပြီး ကျုံးယို့ယို့ နှင့် ဌာနမှူးအငြင်းပွားနေကြသည်ကို တွေ့ရသောအခါတွင် သူသည် ထိုအရာအတွက် ကျုံးမိသားစုကို အပြစ်တင်နေဆဲဖြစ်သည် ။
ကျုံးယို့ယို့၏ ပုံစံအမှန်အား မဖုံးကွယ်ခဲ့ဘူးလား ။ ထို့နောက် ယခုတွင် ကျုံးမိသားစုသည် ကျုံးယို့ယို့အား ထိုကဲ့သို့သောနည်းလမ်းဖြင့် ဆက်ဆံမိခဲ့ခြင်းအပေါ် နောင်တရနေလောက်ပြီ ဖြစ်သည် ။
ရှစ်ကျစ်ထန်၏ ဘောပင်သည် စာရွက်ပေါ်တွင် ပြန်ရောက်နေခဲ့ပြီး သူ၏ အတွေးများသည် တဖြေးဖြေး အဝေးသို့ လွင့်ပါးသွားခဲ့သည် ။
ကံကြမ္မာဖြစ်သော်ငြားလည်း သူသည် ပို၍တောက်ပလာသော ကျုံးယို့ယို့အတွက် အလွန်ပျော်ရွှင်နေဆဲဖြစ်ပြီး သူမသည် ကျုံးမိသားစုအပေါ်တွင် ဆက်၍ မှီခိုနေရန် မလိုတော့ဘဲ သူတို့နှင့် ရှင်းရှင်းလင်းလင်း စည်းခြားထားနိုင်ပြီ ဖြစ်သည် ။
သူ့ထံတွင်တော့ ထိုကဲ့သို့ ကံကောင်းမှုမျိုး မရှိပေ ။ အကယ်၍ သူဟာ လွဲချော်သွားခဲ့လျှင် ထိုအရာသည် လွဲချော်သွားခဲ့ပြီသာ ဖြစ်သည် ။
သူသည် သူမအား လိုချင်ကာ စွဲလမ်းနေတော့မည် မဟုတ်ပေ ၊သို့သော် အနာဂတ်တွင် ကျုံးယို့ယို့၌ အခက်ခဲများ ရှိလာခဲ့မည် ဆိုလျှင် သူသည် အတတ်နိုင်ဆုံး ကူညီပေးမည် ဖြစ်သည် ။
xxxxx