Chapter 145
ကျုံး၏ စတော့ရှယ်ယာများသည် ပြန်လည်နာလန်ထူနိုင်ပြီဖြစ်သည်ကို ကျုံးယို့ယို့တွေ့ရသောအခါတွင် နောက်ထပ်အရှုပ်တစ်ခုကို ပါပါးကျုံး ကိုင်တွယ်ရန်သာ လက်လွှဲပေးလိုက်သည် ။သို့သော် သူမသည် ထိုအရာအား ဆက်၍ ဂရုစိုက်နေတော့မည်မဟုတ်ပေ ။သူမအတွက် ကျုံး၏ ကပ်ဆိုက်ကာလသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည် ။
နောက်တစ်ရက်တွင် သူမသည် ကျောင်းသို့သွားခဲ့သည် ။ သို့သော် ကျောင်းမသွားခင်အချိန်တွင် သူမသည် ချင်းယောင်အား နေရာကို လိုက်ပို့ပေးရန် တောင်းဆိုလိုက်သည် ။
ဆေးရုံတွင် ၊ အလုပ်သမားကိုယ်စားလှယ်များ၏ မိသားစုဝင်များသည် ကော်ရစ်တာ၌ တိုးဝှေ့နေကြတုန်းပင် ။ယခုတွင် ကိစ္စတစ်ခုလုံးသည် ပြောင်းပြန်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည် ။ ယခင်က သူတို့သည် ကျုံးမိသားစုအား ဆက်၍ ဖမ်းဆုပ်နိုင်ခဲ့သော်လည်း ယခုတွင်တော့ ကျုံးမိသားစု၏ ရှေ့နေ့များသည် ရှေ့နေစာကိုသာ လာရောက်ပေးသွားခဲ့သည် ။ သူတို့သည် ကျုံးမိသားစု၏ အမှားကို ရှာဖွေပြီး နေရာတိုင်းတွင် ကောလဟာလများ ပျံ့နှံ့စေခဲ့သည် ။အကယ်၍ ကျုံး၏ ဂုဏ်သတင်းသာ ပျက်စီးသွားခဲ့လျှင် ကျုံးသည် သူတို့အား အညှာအတာမဲ့စွာ တရားစွဲပေလိမ့်မည် ။
သူတို့ အားလုံးသည် ညတွင်းချင်းပင် ယုံကြည်လက်ခံလိုက်ရသည် ။
ဤလူအုပ်စုများသည် စျေးထဲမှ သာမန်အညတရလူများသာဖြစ်သည်ဟု သူပြောရပေလိမ့်မည် ။ သူတို့သည် ပြဿနာရှာခဲ့လျှင် သူတို့ကိုယ်တိုင်သာ ရှုပ်ထွေးသွားကြမည်ဖြစ်ပြီး ၊ အကယ်၍ သူတို့သည် သံမဏိပြားကိုသာ သွားရိုက်မည်ဆိုလျှင် သူတို့ ပုန်းစရာပင် မလိုတော့ဘဲ လိပ်များကဲ့သို့ ဖြစ်နေပေလိမ့်မည် ။
ဖြည့်စွက်၍ နောက်ဆုံးကောက်ချက်ချမှုတွင် မျိုးရိုးအမည် ရှန်းထံမှ သူတို့သည် နစ်နာကြေးပေးလျော်ခံရရန် လိုအပ်ပေသည် ။ထို့ကြောင့် ဆွေမျိုးများအကုန်လုံးသည် ရှန်းမိသားစုထံသို့ နောက်တစ်ခါသွားလိုက်ကြသည် ။
ရှန်းမိသားစု အဆောက်အအုံ၏ ပိတ်ဆို့ထားသော ဂိတ်တံခါးဝတွင် တိုးဝှေ့နေကြပြီး ပြစ်တင်ကာ ဆဲဆိုကျိန်ဆဲနေကြသည် ။ရှန်းချီသည် ထိုအချိန်တွင် လူငယ်ထိန်းသိမ်းရေးစခန်း အကျဥ်းထောင်တွင် ရှိနေဆဲဖြစ်ပြီး သူတို့သည် အကြွေးရှင်အား ရှာမတွေ့နိုင်သေးဘဲ ဖြစ်နေကာ ခေါင်းမပါသောကြက်ပေါက်များအုပ်စုကဲသို့ပင် ဖြစ်နေခဲ့သည် ။
ညီမငယ်လေးဝူသည် ပို၍ပင် စိတ်သောကရောက်နေခဲ့သည် ။ သူမ၏ အဖေဝူသာ့ကျန်းသည် ကိုမာဝင်ကာ သစ်ပင်လူသားကဲ့သို့ ဖြစ်နေပြီး သူ၏ အစ်ကိုဝူသာ့ကျန်းသည် မနေ့ညက ရဲစခန်းတွင် ထိုင်ကျင်းလမ်းဟောင်းပေါ်တွင် ပြဿနာရှာခဲ့သောအမှုဖြင့် ထောင်ချခံလိုက်ရသည် ။သူမကြားခဲ့သည်မှာ သူသည် ကျုံးမိသားစုထံမှ တရားဝင် တရားစွဲခံလိုက်ရခြင်း ဖြစ်သည် ။ သူသည် နှစ်ဘယ်လောက်ကြာအောင် ပြစ်ဒဏ်ချမှတ်ခံရမည်လဲ ဆိုသည်ကို သူမ မသိပေ ။
သို့သော် သူမ၏ အမေ ဝမ်ချွင်းဟွာသည် ဆက်တိုက်ငိုယိုနေပြီး ယူကျုံးမရဖြစ်နေခဲ့သည် ။
ကျုံးယို့ယို့သည် အဝေးမှ သူမအား ကော်ရစ်တာရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်သည် ။ သူမ၏ မျက်နှာသည် ထိုင်းမှိုင်းနေပြီး ကျုံးယို့ယို့ သူမအား မချဥ်းကပ်ခဲ့ပေ ။သူမသည် သူနာပြုမှတစ်ဆင့် သူမ၏ လက်ထဲမှ စာအိတ်အား ဝူရှောင်မေဆီသို့ လွှဲပြောင်းပေးရန်သာ တောင်းဆိုလိုက်သည် ။
ဝူသာ့ရှန်း ၊ လီဟိုင် ၊ ရှန်းချီနှင့် ဤကိစ္စတွင် သဘောတူညီမှုလုပ်ခဲ့သည့် အခြား နောက်လိုက်များကို ကျုံးမိသားစုမှ တရားစွဲခဲ့သည် ။ အကယ်၍ ဝူရှောင်မေ သူမထံတွင် ညှာတာပေးရန် တောင်းဆိုလာခဲ့လျှင်တောင်မှ ဤပြဿနာရှာသူများအား လွှတ်ပေးလိုက်ရန် မဖြစ်နိုင်ချေ ။ ဤလူများသည် လှုမှုပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေမည့်သူများအဖြစ် ကျန်ရှိနေပေလိမ့်မည် ။
သို့သော် ဝူရှောင်မေ၏ တောင်းဆိုချက်အား ရှောင်ရှားရန် ထိုအရာအား သူမကိုယ်တိုင် မပို့ခဲ့ပေ ။
စာအိတ်ထဲတွင် ရှိနေသည်မှာ ဘဏ်ကတ်ပင်ဖြစ်သည် ။ ဝူသာ့ရှန်းအား ငှားရမ်းရန် ရှန်းချီပေးခဲ့သော ပိုက်ဆံများသည် တရားရုံးမှ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားခဲ့ပြီ ဖြစ်သည် ။ ယခုတွင် ကျုံးယို့ယို့သည် ဝူရှောင်မေအတွက် ငွေကို သူမကိုယ်တိုင်ပေးခဲ့ခြင်းဖြစ်သည် ။ မည်သို့ပင်ဖြစ်စေ သူမသည် ဝူရှောင်မေ အား အခွင့်ကောင်းယူခဲ့သည် ။ ထို့နောက် ပိုက်ဆံများသည် ပြန်လည်ပေးဆပ်ခြင်းဖြစ်သည် ။
ဤပိုက်ဆံပမာဏသည် မနည်းလှပေ ။ထို့နောက် ထိုငွေသည် ညီမငယ်လေးဝူ နှင့် သူ၏ မိခင်တို့ ကောင်းမွန်စွာ နေထိုင်ရန် လုံလောက်ပေသည် ။သူမ၏ စက်ဆုပ်ဖွယ်ကောင်းသော ဖခင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူ အတွက်ကတော့ သူတို့အား အချုပ်ထဲတွင် နှစ်ပေါင်းများစွာကြာအောင် ပြစ်ဒဏ်ကျခံစေမည် ဖြစ်သည် ။
ဝူရှောင်မေသည် ထိတ်လန့်သွားခဲ့သည် ။ သူနာပြုဆရာမသည် ရုတ်တရက်သူမနာမည်အား ခေါ်လာပြီး မိန်းမပျိုလေးတစ်ယောက်က သူမအား ဤအရာကို ပေးသွားခဲ့သည်ဟု ပြောခဲ့သည် ။
သူမဖွင့်ကြည့်လိုက်သောအခါတွင် အထဲ၌ ဘဏ်ကတ်အားတွေ့လိုက်ရသည် ။
ညီမငယ်လေးဝူသည် ထိုနေရာတွင် မည်သူရှိနေခဲ့သည်ကို ချက်ချင်းကို သဘောပေါက်သွားခဲ့သည် ။
သူမသည် အလျင်အမြန်ကော်ရစ်တာ၏ အဆုံးကို ကြည့်လိုက်ပြီး လွန်ခဲ့သောရက်အနည်းငယ်က ပန်းခြံထဲတွင် ကရုဏာသက်စေခဲ့သော ကျုံးမိသားစု၏ သမီးကို ရှာဖွေကြည့်လိုက်သည် ။ သို့သော် ကျုံးယို့ယို့အား သူမထပ်၍ ရှာမတွေ့တော့ပေ ။
ညီမငယ်လေးဝူသည် ကတ်ကို ကိုင်ထားပြီး မျက်ရည်များသည် သူမ၏ မျက်လုံးထဲမှ လှိမ့်ဆင်းလာခဲ့သည် ။ သူမသည် ကျုံးမိသားစု၏ သမီးအား မုန်းလည်းမမုန်းသလို အခြားသစ္စာဖောက်ခံရသည်ဟူသည့် ခံစားချက်မျိုးကိုလည်း မခံစားရပေ ။
ဆန့်ကျင်ဘက်အားဖြင့် သူမသည် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရပြီး ကျုံးမိသားစု၏ သမီးကိုပင် အနည်းငယ်ကျေးဇူးတင်နေမိသေးသည် ။ နောက်ဆုံးတွင် သူမအား ခြေကုန်လက်ပန်းကျစေသော မူလမိသားစုထံမှ သူမထွက်သွားနိုင်ပြီ ဖြစ်သည် ။
ကျုံး၏ပြင်းထန်သော စတော့ရှယ်ယာ လှုပ်ခတ်သွားမှုနှင့် ယှဥ်လျှင် ကျုံးယို့ယို့၏ QYXLP ကိစ္စရပ်သည် ကောလိပ် နှင့် တက္ကသိုလ်ပေါင်းစုံတွင် အကြီးအကျယ် ထိတ်လန့်စေခဲ့သည် ။အဆုံးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စတော့ရှယ်ယာများ၏ ကြားရှိအကွာအဝေးသည် ဤကျောင်းသားများနှင့် အလွန်ဝေးကွာနေဆဲဖြစ်ပြီး နိုင်ငံတကာ ဝင်ရောက်ယှဥ်ပြိုင်သူ ဆရာတစ်ဆူ QYXLP သည်လည်း ထို့အတူပင် ။
ရှစ်ကျစ်ထန်သည် ထိုအရာအား မျှော်လင့်နေခဲ့သည် ။ သက်မွေးမှုအထက်တန်းကျောင်းမှ ရှီးယွိချီ နှင့် သူမ၏ အတန်းဖော်များသည် ကျုံးယို့ယို့ ဟောပြောချက် ပို့ချလျှင် ကြိုတင်၍ စိတ်ကိုပြင်ဆင်ထားခဲ့ပြီး ဖြစ်သည် ။ဤအတန်း ၁၉ မှအတန်းဖော်များကတော့ ကျုံးယို့ယို့၏ အင်အားဖြင့် အခွင့်ကောင်းရနေခဲ့ပြီဖြစ်သည်...
အခြားသူများအတွက်ရော မည်သို့နည်း ။ထို့နောက်တွင် သူတို့သည် ညရော မနက်ပါ ကုန်ဆုံးသွားပြီးနောက်တွင် ထိတ်လန့်သွားခဲ့ရပြီး ပြန်လည်နာလန်ထူနိုင်ရန်ပင် လမ်းမရှိတော့ချေ ။
ကျုံးယို့ယို့၏ QYXLP ကိစ္စသည် Zစီရင်စုအတွင်းရှိ တက္ကသိုလ်များနှင့် ကောလိပ်များတွင် ငလျင်လှုပ်ခတ်သွားသည်နှင့် တူညီပေသည် ။
ကျောင်းသို့သွားသည့် လမ်းတွင် ကျုံးယို့ယို့သည် ဤတစ်ခေါက်၌ ' Goldeneye ' အစီစဥ်မှ ဆက်သွယ်ခံရသည် ။ထန်ထျန်းနှင့် သူ၏ သမီးဖြစ်သူသည် အလွန်အံ့အားသင့်သွားခဲ့သည် ။ ကျုံးယို့ယို့သည် ထိုကဲ့သို့ရင်ဆိုင်တိုက်ပွဲကြုံနေချိန်တွင် တစ်ချိန်ထဲ၌ ထိုမျှလောက် တော်နေရခြင်းသည် သူတို့အား လုံးဝကို အံ့အားသင့်သွားစေခဲ့သည် ။
ထိပ်ဆုံးကစားသမားအယောက် နှစ်ဆယ်သည် ယခုတွင် နာမည်ကြီးအွန်လိုင်းကစားသမားအဖြစ် ယူဆ၍ရပြီး သူတို့ထဲတွင် လူသိများသော QYXLP သည် အထွတ်အထိပ်တွင် ဖြစ်သည် ။ မြို့တော်တွင်းရှိ ကောလဟာလများအရ ဤကစားသမားသည် သုတေသနဌာနမှလည်း ဖိတ်ခေါ်ခြင်းခံထားရသေးသည် ။ ထိုအရာသည် လုံးဝကို ရင်သပ်ရှူမောဖွယ်ရာပင်ဖြစ်သည် ။
ထန်ထျန်းသည် ဤအရာအား အခြေခံကာ ကျုံးယို့ယို့၏ အောင်မြင်မှုကို တိုးမြှင့်ပေးပြီး တီဗွီကြည့်ရှူသူနှုန်းအား ပိုများစေမည့် ဒုတိယအပိုင်းကို ဆက်လက်ရိုက်ကူးချင်ခဲ့သည် ။ သို့သော် ကျုံးယို့ယို့သည် ထိုအရာအား ငြင်းဆိုလိုက်သည် ။
မုန့်ချန်အား ထောင်ထဲသို့ ပို့ပြီးနောက်တွင် ကျုံးယို့ယို့ သည် အတိတ်နှင့် လုံးဝ စည်းခြားထားရန် ဆုံးဖြတ်လိုက်သည် ။
ယခုတွင် ဒုတိယ ' Goldeneye' ၏ ပြဿနာများသည် သူမအား ရွံစရာကောင်းသော မှတ်ဉာဏ်များကိုသာ ပြန်လည်သယ်ဆောင်လာပေးလိမ့်မည် ။ သူမသည် ဤနာမည်အား လစ်လပ်နေခြင်း မဟုတ်ပေ ။
ချင်းယောင်သည် ကားအား လမ်း၏ထောင့်သို့မောင်းသွားလိုက်သည် ။ ကျုံးယို့ယို့ ကားထဲမှမထွက်ခင်တွင် နှစ်ယောက်သားသည် ဂိတ်ပေါက်တွင် ရပ်နေသော ပျော်ရွှင်နေသည့်ဌာနမှုးအား တွေ့လိုက်ရသည် ။ သူသည် ခြေဖဝါးထောက်လိုက်ကာ လူများအား ခေါင်းစီးစာတန်း ပြောင်းလဲနေခြင်းကို ခွင့်ပြုပေးလိုက်သည် ။ ခေါင်းစီးစာတန်းအသစ်သည် တစ်ချက်ကြည့်လိုက်သည့် အချိန်တွင် ဘာမှမဟုတ်ပေ ။ကွာခြားချက်မှာ ပို၍ အနီးကပ်ကြည့်လိုက်လျှင်
" နိုင်ငံတကာ ဗဟုသုတ ယှဥ်ပြိုင်ပွဲနောက်ဆုံးအဆင့်၏ ထိပ်ဆုံးအယောက် ၂၀ " ဟူသည့် စကားလုံးအား ပိရမစ်၏ ထိပ်ဆုံးတွင်ရှိနေသော ကျုံးယို့ယို့ နှင့် ရှစ်ကျစ်ထန်၏ ပုံဘေးတွင် ထည့်ထားသည်ကို တွေရလိမ့်မည် ။
"...."
ဌာနမှူးသည် လုံလောက်လောက်ပင် ဂရုစိုက်နေပြီ ဖြစ်သည် ။
သူတို့သည် သင်ကြားရေးဒါရိုက်တာ၏ ပြုံးရွှင်နေသော မျက်နှာအား မြင်လိုက်ရပြီး ထိုနေရာတွင် ခါးထောက်လျက် ရလဒ်ကောင်းများအတွက် ဂုဏ်ယူစွာရပ်နေသည်ကို တွေ့ရပေလိမ့်မည် ။
ကျောင်းဂိတ်တွင် နှစ်ကျောင်း ၊ သုံးကျောင်းခန့် ၊ များသောအားဖြင့် မင်းသယ် နှင့် သက်မွေးမှုအထက်တန်းကျောင်းမှ ကျောင်းသားအားလုံးသည် ကျုံးယို့ယို့၏ ဓါတ်ပုံအကြောင်းပြောနေကြသည် ။
ဤနိုင်ငံလုံးဆိုင်ရာယှဥ်ပြိုင်ပွဲသည် ခိုင်မာသောအကြောင်းပြချက်ရှိပြီး ရှစ်ကျစ်ထန်သည်လည်း နောက်ဆုံးပွဲစဥ်သို့ အခက်အခဲမရှိ တက်ရောက်သွားခဲ့ပြီး သူသည်လည်းပဲ သုတေသနဌာန၏ ဖိတ်ကြားမှုကို ရရှိခဲ့သည် ။ သို့သော် သူ၏ တောက်ပမှုသည် လုံးဝကို ကျုံးယို့ယို့ကြောင့် ဖုံးကွယ်ခံလိုက်ရသည် ။
မိန်းကလေးအများအပြားသည် ရှစ်ကျစ်ထန်အတွက် မတရားဘူးဟု ခံစားခဲ့ရသည် ။ရှစ်ကျစ်ထန်သည် အလွန်တော်သော်လည်း ကျုံးယို့ယို့ကဲ့သို့ အစမှ အဆုံးထိ ဘယ်လိုလုပ် လုပ်ဆောင်နိုင်ပါမည်နည်း ။
ထိုအရာများသည် ပဏာမပွဲစဥ်နှင့် နောက်ဆုံးအကြိုပြိုင်ပွဲရှိ ကျုံးယို့ယို့၏ လုပ်ဆောင်ချက်များကြောင့်သာ ဖြစ်ပေသည် ။
အဲ့ဒီစောက်ရက်ကွန်းခေါင်းစွပ် ။
ထိုအရာသည် ဖန်သားပြင်ပေါ်တွင် ပို၍တောက်ပစေပြီး သူမကို လူတွေပိုပြီး သတိထားမိစေခဲ့သည် ။
သူမ၏ ပဏာမအဆင့်တွင် အပြီးသတ်ချေမှုန်းခဲ့ခြင်းနှင့် ပြန်လည်ယှဥ်ပြိုင်ပွဲ ငါးချီရှိ လှည့်ကွက်များသည် အတွဲလိုက်ကဲ့သို့ပင်ဖြစ်နေပြီး သူမ ပြောခဲ့သည်မှာ
" ပြဿနာသုံးခုစလုံးကို ပြန်ဖြေရှင်းပြီးသွားပြီ " ။
ထိုအရာသည် အခြားသူများ သူမအားလျစ်လျူရှူနိုင်ရန် ခက်ခဲစေခဲ့သည် ။
ဤနည်းလမ်းဖြင့် သူမသည် အစမှပင် ရပ်တည်စေနိုင်ခဲ့ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် လမ်းသစ်ဖောက်ခဲ့ကာ ယခုတွင် သူမ၏ ပုံစံအမှန်အား မီးရောင်အောက်တွင် ချပြလိုက်ပြီဖြစ်သည် ။ ထိုအရာသည် နောက်ဆုံးတွင် လူများအား သူမ၏ နောက်ဆုံးရိုက်ကူးမှုကို လိုက်စေသော ရင်သပ်ရှူမောဖွယ်ရာ တီဗွီဇာတ်လမ်းကဲ့သို့ပင် ၊ သူမ၏ ကျော်ကြားမှုအား ကစားသမားများအားလုံးထဲတွင် ထိပ်ဆုံးသို့ ရောက်စေခဲ့သည် ။
မနေ့တစ်နေ့က ကျုံးယို့ယို့၏ သတင်းစာရှင်းလင်းပွဲအဆုံးသတ်အား ကြည့်လိုက်ရသောအခါတွင် သူမသည် ထိပ်ဆုံးရှာဖွေမှုစာရင်းသို့ ဝင်သွားသည်မဟုတ်လား ။
ကစားသမားများသည် အံ့သြသွားခဲ့ပြီး ကျုံးယို့ယို့ ကြော်ငြာများပင် ဝယ်ယူခဲ့သည်လားဟု ထင်မိကြသည် ။ ထို့နောက် အစီစဥ်တွင် အစကတည်းကပင် အစုလိုက်စျေးကွက်တင်ကြော်ငြာပေးသည့်ကုမ္ပဏီ ပရိုဂရမ်များရှိနေခဲ့ပြီး ဖြစ်သည် ။ထိုသို့မဟုတ်လျှင် ကစားသမားအများကြီးထဲတွင် ဘာကြောင့်များ သူမတစ်ယောက်တည်း ထိုကဲ့သို့ ပရိတ်များနှင့် လူများ၏အမြင်ကို ဆွဲဆောင်နိုင်မည်နည်း...
မည်သို့ပင်ဖြစ်စေ ၊ မင်းသယ်မှ ကျောင်းသူများ ရှစ်ကျစ်ထန်၏ မတရားမှုအတွက် အပြစ်တင်နေပါစေ အသုံးမဝင်ပေ ။ အဘယ်ကြောင့်ဆိုသော် ရှစ်ကျစ်ထန်ကိုယ်တိုင်ပင် ကွဲပြားနေသောကြောင့် ဖြစ်သည် ။ ထို့နောက် ကြည့်ရသည်မှာ သူသည် ကျုံးယို့ယို့ထံမှ ချေမှုန်းခံလိုက်ရသည်ကို ဂရုမစိုက်ပုံပင် ။
ကျုံးယို့ယို့သည် မှန်းဆမိခဲ့သည်မှာ သူမကျောင်းထဲသို့ဝင်သွားလျှင် ကျုံးမိသားစု၏ သမီးအဖြစ်ကြေညာလိုက်တုန်းက ကဲ့သို့ပင် သူမသည် အထူးအဆန်း ရှားပါးသော သက်ရှိကဲ့သို့ပင် အကြည့်ခံရအုန်းမည် ဖြစ်သည် ။
သူမ ကျောင်းလွယ်အိတ်ကြိုးအား မဆွဲထားဘဲမနေနိုင်ကာ သက်ပြင်းချလိုက်သည် ။
ချင်းယောင်သူမကို ကြည့်လိုက်သော်လည်း ရယ်ရပြီး ချစ်စရာကောင်းနေသည်ကိုသာ တွေ့ခဲ့သည် ။ သူအောက်ငုံ့လိုက်ပြီး သူမ၏ ကားထိုင်ခုံခါးပါတ်ကြိုးအားဖြုတ်ပေးလိုက်သည် ။
" ကိုယ့်ရဲ့ သူငယ်ချင်းပေါက်စလေးမျက်နှာက နီရဲနေပြီ "
ကျုံးယို့ယို့သည် သူမ၏ နားရွက်တို့အား ပွတ်သပ်လိုက်ကာ အတန်းထဲသို့ အပြေးသွားရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည် ။
" နောက်မှတွေ့မယ် "
သူမ ကားထဲမှမထွက်ခင်တွင် သူမ၏ အိတ်ကပ်ထဲမှဖုန်းသည် ရုတ်တရက် မြည်လာခဲ့သည် ။
ကျုံးယို့ယို့သည် ဖုန်းအား အပြင်ထုတ်လိုက်ပြီး ကြည့်လိုက်သည် ။ ကျန်းကျီရိ ဟူသော နာမည်သုံးလုံးသည် ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည် ။
အကြိုဗိုလ်လုပွဲမတိုင်မီအဆင့်တွင် သူနှင့် ကျန်းကျီရိသည် ခရိုင်တစ်ခုတည်းဖြစ်ပြီး နှစ်ယောက်သားအတူတူ ပြန်လေ့ကျင့်ခဲ့သည် ။ သဘာဝကျကျပင် သူတို့သည် ဆက်သွယ်လို့ရမည့်အချက်အလက်များကို လဲလှယ်ခဲ့သည် ။ ထို့ကြောင့် သူမ မျက်နှာအားဖွင့်ကာ ဖုန်းကိုင်လိုက်သည် ။
ချင်းယောင်သည်လည်း ခေါ်ဆိုလာသူအမည်အား ကြည့်နေခဲ့သည် ။ သူ၏ မျက်နှာတွင် မည်သည့် တုံ့ပြန်မှုမှ မရှိသော်လည်း သူ၏ နှလုံးသားထဲတွင် အနည်းငယ်ကပ်ဆိုက်နေခြင်းကို ခံစားလိုက်ရသည် ။ ကျုံးယို့ယို့ မြို့တော်တွင်ရှိနေသော ရက်အနည်းငယ်တွင် ရှောင်ကျောက်သည် ယနေ့ သူဌေးကတော်လေးဘာလုပ်ခဲ့သည်ဆိုသည်ကို သူ့အား ကိုယ်ပိုင်စကားရပ်ဖြင့် ပြန်ပြောပြလိမ့်မည် ဖြစ်သည် ။
အကြိမ်ရေများစွာဖော်ပြခံခဲ့ရသော နာမည်တစ်ခုသည် ကျန်းကျီရိဖြစ်သည် ။ ကျုံးယို့ယို့သည် မကြာခဏ ကျန်းကျီရိ နှင့် အတူ ပြန်လည်လေ့ကျင့်လေ့ရှိသည် ။
စိတ်ငြိမ်ငြိမ်ထားပြီး သဘောထားပြည့်ဝအောင်နေ ...
အရမ်းတွန့်တိုတတ်နေရင် မင်းကို ဘယ်သူက ကြိုက်တော့မှာလဲ ...
ချင်းယောင်သည် သူ့ကိုယ်သူ သတိပေးလိုက်သည် ။
သူသည် မျက်စိစောင်းကြည့်မနေတော့ဘဲ ရှေ့သို့သာ တည့်တည့်ကြည့်နေလိုက်ပြီး ကျုံးယို့ယို့ ဖုန်းခေါ်ဆိုဆက်သွယ်မှုအား မမြင်လိုက်သကဲ့သို့ပင် ဟန်ဆောင်နေခဲ့သည် ။
"ဟေး " ကျုံးယို့ယို့ ဖုန်းကိုင်လိုက်သည် ။
" ဘာကိစ္စရှိလို့လဲ "
ဖုန်း၏တစ်ဖက်တွင် ကျန်းကျီရိ၏ စိတ်အခြေအနေသည် လုံးဝရှုပ်ထွေးနေခဲ့သည် ။သူ့ထံတွင် အသိအမှတ်ပြုမှုရှိနေပြီး ဤပြိုင်ဘက်အား တိတ်တခိုးချစ်မိနေသည်ကို ဝန်ခံရပေမည် ။
သို့သော် သူသည် ရက်ကွန်းနတ်ဘုရားမ နှင့် သတင်းတွင် မကြာခဏပေါ်လာခဲ့သော ကျုံးမိသားစု၏ သမီးသည် တူညီသည်ဟု မှတ်ယူရပေမည် ။သူအံ့အားသင့်သွားရသောအခါတွင် သူ့ကိုယ်သူ ဘယ်လိုကိုင်တွယ်ရမလဲ မသိတော့ပေ ။
တစ်ဖက်တွင် သူ၏သူငယ်ချင်း ဟယ်ယိခန်းသည် ယခုတွင် ဤကဲ့သို့အိမ်တွင်ရှိနေပြီး သူသည် ကျုံးမိသားစု နှင့် ခွဲထုတ်မရပေ ။
တစ်ဖက်တွင် သူသည် QYXLP အား သာမန်ဖြစ်သော်လည်း ချုပ်တည်းငြိမ်သက်ကာ မာနကြီးပြီးထက်မြက်သောသူဟု မှတ်ယူခဲ့သည် ။သူသည် နောက်ဆုံးအဆင့်တွင် သူမနှင့် အတူတကွ တိုက်ခိုက်နိုင်လောက်ပြီး ၊ ထို့နောက်တွင် သူမနှင့် ထဲထဲဝင်ဝင် သိကျွမ်းနိုင်လောက်မည်ဟု တွေးခဲ့သည် ။ လုပ်ငန်းစဥ်များကို အတူလုပ်ဆောင်ရင်း ၊ အချင်းချင်းပို၍ နီးကပ်လာပေလိမ့်မည်...
သေချာပေါက်ပင် သူ၏ အကြံဉာဏ်သည် အလွန်ခေတ်နောက်ကျပြီ ဖြစ်သည်ကို သူသိသည် ။သို့သော်လည်း ကင်မရာရှေ့ရှိ QYXLP ၏ မျက်နှာသည် ထိုမျှလောက် လှနေလိမ့်မည်ဟုတော့ သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ ။
ထို့အရာသည် သူ့အား တပ်ပြန်ဆုတ်စေခဲ့သည် ။ သို့သော်လည်း အချိန်ကြာကြာ တွန့်ဆုတ်နေခဲ့ပြီးနောက်တွင် သူသည် သတ္တိများအား စုစည်းနေခဲ့ပြီဖြစ်သည် ။
" နင်အချိန်ရလား..."
ကျန်းကျီရိ ကျောင်းထဲသို့ သူ၏လွယ်အိတ်ဖြင့် ဝင်သွားခဲ့ပြီး အလွန်စိတ်လှုပ်ရှားစွာဖြင့် သူ၏ လက်ဖဝါးတွင် ချွေးများထွက်နေခဲ့သည် ။
" ငါတို့ ဒီတစ်ပတ်ပိတ်ရက်ကျရင် Zမြို့က စာကြည့်တိုက်မှာ တွေ့လို့ရမလား ။ "
"အချိန်ရှိပါတယ် "
ကျုံးယို့ယို့သည် သူ၏ချောမောသည့်မျက်နှာကို တင်းထားသော ချင်းယောင်အားကြည့်လိုက်ပြီး စတီယာရင်ဘီးအား ဆုပ်ကိုင်ထားသော လက်ချောင်းများကိုတော့ ဂရုမစိုက်ခဲ့ပေ ။
" ဒါပေမယ့်..."
သူမသည် ထုံထိုင်းသည့်သူမဟုတ်ပေ ။ မည်သည့်ကောင်လေးထံတွင် သူမအပေါ်၌ အမြင်ကောင်းများရှိနေလဲဆိုသည်ကို သူမ မြင်နိုင်တုန်းပင် ဖြစ်သည် ။
ကျန်းကျီရိသည် သင်ယူလေ့လာမှုတွင် ထက်မြက်သောသူဖြစ်သည် ။တိကျသောရှူထောင့်တွင် သူသည် ရှစ်ကျစ်ထန်ထက်ပင် ပို၍ တည့်မတ်သောသူဖြစ်သည်ကို နောက်ဆုံးဝမ်နွမ်နွမ်ကိစ္စကတည်းကပင် သိနိုင်ပေသည် ။
သို့သော် ဘာဖြစ်နိုင်မည်နည်း ။ချင်းယောင်သည် အလွန်ကို ပိုင်ဆိုင်လိုစိတ်ပြင်းသည့်သူဖြစ်ပြီး ရှာလကာရည်ရွဲရွဲစိုနေသော သို့မဟုတ် နေတိုင်း ရှာလကာရည်ခွက် ထဲသို့ ခုန်ချနေသောသူ ဖြစ်သည် ။
" ဒါပေမယ့် ဘာဖြစ်လို့လဲ "
ကျန်းကျီရိသည် အလွန်စိတ်လှုပ်ရှားကာ ရပ်တန့်မိနေပြီး ကျောင်း၏ အောက်သို့ဆင်းသည့် လှေကားတွင် ရပ်နေကာ သူ၏ အသက်ရှူခြင်းကို ထိန်းထားခဲ့သည် ။
" ဒါပေမယ့် နင်ငါ့ရဲ့ ဝင်ခွင့်ကတ်ပြား ပုံစံကို တွေ့ပြီးပြီလား "
ကျုံးယို့ယို့သည် သူမ၏ နှုတ်ခမ်းများအား မြင့်မြင့်မြှောက်လိုက်သည် ။
ကျန်းကျီရိ " ဘာလဲ ...အဲ့ဒီမှာ တစ်ခုခုထူးခြားတဲ့ အဓိပ္ပါယ်ရှိလို့လား ..."
ကျုံးယို့ယို့ပြောလိုက်သည် ။
" QYXLP ဆိုတာ ချင်းယောင်ရဲ့ဇနီးလေး ဆိုတဲ့ အဓိပ္ပါယ်ပဲ ...ပြီးတော့ ငါ့ကောင်လေးက ငါ့အတွက် အဲ့ဒီနာမည်ပေးဖို့ကို တိုက်တွန်းခဲ့တာ "
ကျန်းကျီရိ "...."
ရုတ်ချည်းပင် သူ မမြင်ရသော မြားပေါင်းတစ်ထောင်ဖြင့် ပစ်ခွင်းခံလိုက်ရသည် ။
ချင်းယောင်သည် သူမ၏ဘေးတွင် ချောင်းဟန့်ကာ မကြားချင်ဟန်ဆောင်နေခဲ့သည် ။ သူသည် အခြားသူများ ထိုကဲ့သို့ နာကျင်အောင်မလုပ်ရန် ကျုံးယို့ယို့အား သတိပေးလိုက်သည် ။ သို့သော် ဘာကြောင့်များဖြစ်မည်နည်း။ သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် လွန်လွန်ကဲကဲ မြင့်တက်နေသည်ကို ထိန်းမရခဲ့ပေ ။
စာရေးသူတွင် ပြောစရာရှိပါသည် ။
ချင်းယောင် : ကိုယ့်ဇနီးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ ။
xxxxx