အပိုင်း ၁၄၆
Viewers 14k

Chapter 146




ကျုံးယို့ယို့ စာသင်ခန်းထဲသို့ ၀င်လာ၏ ။အခန်း (၁၉) သည် ကျုံးယို့ယို့မှာ ပြိုင်ဆိုင်မှု ပြင်းထန်သော ဘော့စ်ဖြစ်သည်ကို သိခဲ့ရပြီးနောက် ဖြစ်ပွားခဲ့သောတုန်လှုပ်ခြောက်ခြား မှုသည် ယခုအခါ ငြိမ်သက်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူမ လျှောက်လာသည်ကို တွေ့လိုက်သောအခါတွင် မေးရိုးကျသည့်တုံ့ပြန်မှု မရှိကြပေ။


သို့သော် တချို့က သူမကို တမင်တကာ နောက်ပြောင်ကြသည်။


 " ကျုံးယို့ယို့က တုပ်ကွေးကနေ ပြန်ကောင်းသွားပြီပဲ။ မင်း အတန်းကို မလာဖြစ်တာ တစ်ပတ်‌တောင် ကျော်ပြီ" 


ကျုံးယို့ယို့သည် ဟာသတစ်ခုဖြစ်ကြောင်းသိသောကြောင့် ပြုံးလိုက်ပြီး ဘာမှပြန်မပြောပေ။


သူမသည် အတန်းခေါင်းဆောင်ထံသို့ လျှောက်သွားကာ ဤရက်များတွင် ဝေပေးထားသော စာရွက်များကို တောင်းလိုက်သည်။  သူမသည် အထက်တန်း တတိယနှစ်ရောက်နေပြီဖြစ်ပြီး စာရွက်များက နေ့စဉ် ဒါဇင်ပေါင်းများစွာရှိကာ တစ်ပတ်ကျော်ကြာ စုဆောင်းထားသော ထူထပ်သည့်အစုအပုံကြီးအဖြစ်ရှိနေသည်။ အတန်းခေါင်းဆောင်က သူမကို ကူညီပေးရန် တစ်ယောက်ယောက်ကို မေးမြန်းသင့်သည်။


ကျုံးယို့ယို့က စာရွက်ပုံကြီးကို ကြည့်လိုက်ပြီး " ဒါပဲလား "


အတန်းခေါင်းဆောင်က သူမကို စာရွက်ကို ပေးနေစဉ်တွင် သူမက ရန်ကျီအန်းနှင့် ဖုန်း‌ေပြာသည့် လေသံကို ထပ်ခါတလဲလဲ ပြောကာ သူမကို စိုက်ကြည့်ရင်း "ဟားဟား၊ အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါပေါ့ ၊ရှိသေးတယ် "


အတန်းခေါင်းဆောင်က အသစ်တစ်ခုကို ထုတ်လိုက်သည်။


ကျုံးယို့ယို့ : "..."


အတန်းခေါင်းဆောင်၏ လေသံမှာ ထူးဆန်းနေပြီး သူ့ဘေးနားမှ လူများက ရယ်မောနေကြသည်။


ကျုံးယို့ယို့သည် စာရွက်များကိုယူကာ ရန်ကျီအန်းကိုရှာဖွေရန် သွားသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ ကူးယူရေးသားထားသော ကျောက်သင်ပုန်းမှတ်စုများကို တောင်းယူရန်ဖြစ်သည်။


ရန်ကျီအန်းက အချိန်အတော်ကြာအောင် မလှုပ်မရှားဖြစ်သည်ကိုမြင်ပြီး " နင်ငါ့ကို ကူရေးဖို့ကူညီပေးမယ်လို့ ‌ပြောခဲ့တယ်မဟုတ်ဘူးလား။ မမှတ်မိဘူးလား "


ထို့ကြောင့် အမြဲရိုးသားပြီး လေးနက်သော ရန်ကျီအန်းသည် သူ၏နှာခေါင်းရိုးပေါ်မှ မျက်မှန်ကို ပင့်တင်ကာ ကျုံးယို့ယို့ကို မော့ကြည့်ပြီး "ဟားဟား၊ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "


ကျုံးယို့ယို့ : ".... "


တစ်တန်းလုံး မရယ်‌ဘဲ မနေနိုင်ကာ ရယ်မောလိုက်ကြသည်။


ကျုံးယို့ယို့သည်  အလွန်ရှက်သွားပြီး နားရွက်များနီမြန်းသွားကာ" အားလုံးဝိုင်းပြီး စနေတာကို ရပ်လိုက်‌ေနာ်၊ နင်တို့ဆက်ပြီး စနေရင်  ကျွေးနေမယ့် အစားအစာကို စားနိုင်မှာမဟုတ်တော့ဘူးနော် " ဟု ပြောလိုက်သည်။


အတန်းထဲတွင် အားလုံးက ရယ်မောနေကြဆဲဖြစ်ပြီး ပတ်ဝန်းကျင်သည် အလွန်လိုက်ဖက်ညီလှသည်။


ရွှီရှောင်ယွဲ့ သည် ခပ်ဝေးဝေးမှ ရေတစ်ခွက်ကိုယူကာ စာသင်ခန်းအနောက်ဘက်တံခါးမှ ဝင်လာသည်။ သူမက ရေခွက်ကို  ကိုင်ဆောင်ကာ တိတ်တဆိတ်ဖြင့် ဝင်လာခြင်းဖြစ်သည်။ ကျုံးယို့ယို့က သူမအမြဲတမ်းလေးစားရသည့် ကြီးမြတ်သည့်နတ်ဘုရား ဖြစ်လိမ့်မည်ဟူ၍ သူမတကယ်မထင်ထားချေ။ သူမသည် ထိုအချိန်က ကြယ်ပွင့်များ၏‌ေနာက်သို့လိုက်သူများကဲ့သို့ ဖြစ်နေပြီး ၀မ်နွမ်နွမ်ကို အင်တာနက်မှာ ကြိမ်းမောင်းခဲ့သေးသည်။


ရန်သူက နတ်ဘုရားမအဖြစ် ရုတ်တရက်ပြောင်းသွားသည့် ဇာတ်ကွက်မျိုးက တကယ်ပင် စိတ်ရှုပ်စရာဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခုအထိ သူမ လက်မခံနိုင်ခဲ့ ချေ။ ကျုံးယို့ယို့၏သစ္စာဖောက်မှုကို ခံရသလို တင်းမာသည့်မျက်နှာနှင့် ထိုင်ခုံဆီ ပြန်လာလိုက်သည်။


သူမ နောက်ကွယ်ကလူတိုင်း၏ ရယ်မောသံကို ကြားလိုက်ရသောအခါ ရှက်ကိုးရှက်ကန်းဖြစ်ပြီး အနည်းငယ် စိတ်ဓာတ်ကျသွားသကဲ့သို့ခံစားလိုက်ရသည်။ ကြီးမြတ်သောဘုရားအား သူမပြောခဲ့သောစကားများကို တွေးတောရင်း မြေတွင်းအပေါက်ကို ရှာပြီး တွားသွားချင်မိသည်။ ကျုံးယို့ယို့စိတ်ထဲ၌ သေလောက်အောင် ရယ်‌မောနေလိမ့်မည်။


သို့သော် ကျုံးယို့ယို့ ယခုအကြိမ်၌ နိုင်ငံလုံးဆိုင်ရာဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သဖြင့် ကျောင်းသားများသည် သူမအတွက် အမှန်တကယ်ပင် ပျော်ရွှင်ကြပြီး ဂုဏ်ယူဝံ့ကြွားမှုက ပိုပြီးရှိနေ၏။


တစ်ချိန်က လူမသိဖြစ်ခဲ့သောအတန်း(၁၉)သည် ယခုအခါ ကျုံးယို့ယို့ကြောင့် နာမည်ကြီးအတန်းဖြစ်လာသည်။ ပြီးခဲ့သောနှစ်တွင်  ရှစ်ကျစ်ထန်၏ ပြိုင်ပွဲဆိုင်ရာအတန်းသည်တောင် ၎င်းတို့လောက် မကျော်ကြားခဲ့ပေ။


တစ်စုံတစ်ယောက်က ရုတ်တရက်ပြောသည်။ " စကားမစပ် ကျုံးယို့ယို့ ငါတို့ဖို့ သင်ခန်းစာတွေနဲ့ ပက်သက်ပြီး ကူညီပေးနိုင်မလား "


ကျောင်းသားများ၏သင်ခန်းစာများသည် ဆရာများ၏သင်ခန်းစာများနှင့် ကွဲပြားသည်။ ၎င်းတို့သည် မတူညီသောရှုထောင့်မှ ဆင်းသက်လာပြီး လူတိုင်းအတွက် ပိုမိုအထောက်အကူဖြစ်‌စေမည်။


ဥပမာအားဖြင့် ရန်ကျီအန်းသည် သူ၏အတန်းဖော်များအား စာပြပေးလေ့ရှိပြီး နားလည်ရလွယ်ကူစေသည်။  လီသုန်းဖျင်၏ အတန်းချိန် သင်ကြားမှုသည် ‌ကျောင်းသားများအတွက်နက်နဲသည့် သမ္မာကျမ်းစာကို နားထောင်ရသကဲ့သို့ ဖြစ်နေသည်။ လီသုန်းဖျင်သည် ကျောင်းသားတိုင်း၏ အသိပညာ နေရာလွတ်များကို မရပ်တန့်နိုင်ချေ ။


အတန်း(၁၉)၏ သင်ကြားရေး ပတ်ဝန်းကျင်သည် မကြာသေးမီက အတော်လေးကောင်းမွန်လာသည်။ လူတိုင်းသည် ပြီးခဲ့သည့် လစဉ်စာမေးပွဲတွင် ရလဒ်ကောင်းများ၏ ချိုမြိန်မှုကို မြည်းစမ်းဖူးသွားကြသည်။ အတန်းပိုင်ဆရာက သူတို့အား ချီးကျူးရုံသာမက အိမ်ရှိ မိဘများကလည်း ၎င်းတို့၏ တိုးတက်မှုနှင့် ပတ်သက်၍ ရောထွေးသည် ခံစားချက်များရှိ‌ေနကြသည်။ လူတိုင်းက စာမေးပွဲ၌ တိုးတက်မှုရပြီးသောအခါ လမ်းလျှောက်ချိန်တွင်ပင် ယုံကြည်မှုပိုရှိလာပြီး ကျောကို ဖြောင့်တန်းထားကြသည်။


ယခု ကျုံးယို့ယို့သည် နိုင်ငံလုံးဆိုင်ရာဖိုင်နယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ အရည်အချင်းများသည် သုတေသနဌာနမှ နွေရာသီစခန်းသို့ ဖိတ်ကြားခြင်းခံရသည့်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြသလိုက်သည်။ လူတိုင်းက သူမအား မနာလိုစိတ်များဖြင့် မျှော်ကြည့်နေကြသော်လည်း သူမထံမှ တစ်စုံတစ်ရာ သင်ယူရန်မျှော်လင့်နေဆဲဖြစ်ပြီး ထိုအရာကို ပို၍စိတ်လှုပ်ရှား‌ကြသည်။


ကျုံးယို့ယို့က အရမ်းရက်ရောပြီး " ကောင်းပြီ ၊ကျောင်းဆင်းရင် ပိုကောင်းတဲ့ ရှုခင်းရှိတဲ့နေရာကို ရှာထားရမယ်၊ မဟုတ်ရင် ငါမသွားဘူး "


" မိန်းမပျိုက ဇီဇာကြောင်တာပဲ " ဟု ကျောင်းသားတစ်ယောက်က ပြန်ပြောလိုက်ပြီး လူတိုင်းက ရယ်လိုက်ကြသည်။


လေထဲတွင် စီးဆင်းနေသည့်အရာသည် အတန်း ၁၉ တွင် မမြင်ဖူးသော လိုက်လျောညီထွေရှိသော၊ အပြုသဘောဆောင်သည့် ခံစားမှုဖြစ်သည်။


ယခုနှစ်တွင် အခန်း (၁၉) သည် များစွာပြောင်းလဲသွားသည်။ ရှစ်ယိမုန့်မှ ဦးဆောင်သော နောက်တန်းရှိ ကောင်လေးများသည် ဂိမ်းကစားကြပြီး အတန်းထဲတွင် အိပ်လေ့ရှိကြကာ အနည်းငယ်သော ကျောင်းသားတချို့သည် စားပွဲခုံများပေါ်၌ ခြေထောက်ချိတ်ကာ လူဆိုးများကဲ့သို့ ပြုမူကြသည် ။ ယခုအခါ အခန်း(၁၉)၏ စားပွဲများနှင့် ကုလားထိုင်များသည် သပ်ရပ်စွာ စီစဉ်ထားသည်ကို မြင်ရနိုင်သည်။  အတန်းတစ်ခုလုံး၏ အသွင်အပြင်သည် များစွာပြောင်းလဲသွား၏ ။


ထိုအချိန်တွင် အခြားအတန်းမှ ကျောင်းသား၊ ကျောင်းသူလေးများနှင့် ဒုတိယနှစ်ကျောင်းသားများအပါအဝင် ကျောင်းသားပေါင်းများစွာသည် ခြေဖျားထောက်ကာ ပြတင်းပေါက်များမှတဆင့် စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။


ကျောင်း၌ နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် လူသိများသည့်ပုဂ္ဂိုလ်နှစ်ဦးက ရှိနေပြီး ဤကိစ္စသည် အသေးအမွှားမဟုတ်‌ချေ။ ကျောင်း၏မြက်ခင်းစိမ်းလေး၊ပန်းပွင့်လေးနှင့် နှိုင်းယှဉ်ပါက ဤအရာသည် ပို၍အာရုံစိုက်မှုရရှိသည်။


ပြောစရာမလိုအောင်ပင် ရှစ်ကျစ်ထန်ကိုလည်း လူအများက သွားကြည့်နေကြသည် ။ မနက်စောစော ကျောင်းသို့ ရောက်သောအခါ သူ၏အံဆွဲထဲရှိ လက်ဆောင်လေးများနှင့် မေတ္တာစာအရေအတွက်သည် ပုံမှန်ထက် အဆများစွာ များနေခဲ့သည်။


ကျုံးယို့ယို့သည် သူမ၏အတန်းဖော်များအတွက် သင်ခန်းစာကူညီပေးရန် သဘောတူကြောင်းကို ပြတင်းပေါက်အပြင်ဘက်ရှိလူများကြားသိရသောအခါ သူတို့အားလုံး အလွန်ပင် မနာလိုဖြစ်ကြသည်။


အထူးသဖြင့် အခန်း (၂၁)မှလူများပင်....


အခန်း(၂၁)နှင့် အခန်း(၁၉)သည် အောက်ခြေအတွက် အမြဲတစေ တွယ်ကပ်နေခဲ့သည်။ ၎င်းတို့ နှစ်ခုစလုံးက အဆင့်မကောင်းသော အတန်းများဖြစ်ကြသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အခန်း(၂၁)သည် အခန်း(၁၉)တွင် ရှိသောအဆင့်မကောင်းသည့် ကျောင်းသားအ‌ေရအတွက်က လျော့နည်းသောကြောင့် အခန်း(၁၉)ထက်ပင် အနည်းငယ်မျှ ပိုသာလေသည်။


သို့သော် ပြီးခဲ့သည့်လစဉ်စာမေးပွဲမှာ အခန်း(၁၉)က အဆင့်အားလုံး၌ အလယ်အလတ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး သူတို့၏အတန်းက နောက်ကျကျန်ခဲ့သည်။


ယခုအခါ ကျုံးယို့ယို့သည်လည်း ပြန်ရောက်သည်နှင့် အတန်းထဲမှ ကျောင်းသားတွေအတွက် သင်ခန်းစာတွေ ရှင်းပြမည်။ အခန်း(၁၉)၏ အဆင့်တွေက ပိုပြီး အများကြီး ထပ်တက်လာမည် မဟုတ်ပေလား။ အခန်း(၁၉) မှ လူယုတ်မာများသည် ထပ်မံကြွား၀ါကြမည်ဖြစ်သည်။


အခန်း(၂၁)မှလူများသည် သူတို့တို့၏အတန်းထဲသို့ မပျော်မရွှင်ပြန်လာကြပြီး သူတို့အားလုံးသည် ၎င်းတို့၏အတန်းကို နှလုံးသားထဲတွင် မနှစ်သက်ဖြစ်ကြသည်။ ရှစ်ကျစ်ထန်ကဲ့သို့ မွေးရာပါထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ဦးမရှိလျှင် နားလည်နိုင်မည်ဖြစ်သည်။ သို့သော် ကျုံးယို့ယို့ကဲ့သို့ ကိုယ်တိုင်လေ့လာထူးချွန်သည့် သူပင် မရှိချေ။ ဤအတန်းမှာ နေရာချခံထားရလောက်သည်အထိ မည်မျှတောင်မှ ကံဆိုးနေရသနည်း။


ဤကျောင်းသားများသည် သူတို့စိတ်ထဲ၌ တွေးသမျှကို မကျေမနပ်ဖြစ်ပြီး သူတို့အားလုံး စိတ်ပျက်‌နေကြပုံ‌ေပါ်သည်။


ချန်းကျစ်ဖျင်သည် သင်ရိုးစာအုပ်ကို ကိုင်ဆောင်ကာ အတန်းထဲသို့ ၀င်လာသည် ။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ၏ရှေ့၌ အောင်ပွဲခံနေသည့်လီသုန်းဖျင်ကို စိတ်ဆိုးဒေါသထွက်နေခဲ့သည်။ ယခု သူ့အတန်းရှိ ကျောင်းသားများထံမှ ဤကဲ့သို့မကျေနပ်ချက်များကို ကြားလိုက်ရသဖြင့် ပို၍ပင် ဒေါသဖြစ်လာသည်။


ဤအရာကမည်သည်ဖြစ်သနည်။  ဤကျောင်းသားအုပ်စုသည် အခန်း(၁၉)သို့ ပြောင်းရွှေ့ချင်ကြသကဲ့သို့ သူသည်လည်း အခန်း(၁၉)၏ ဆရာဖြစ်လိုသည်။ နှစ်စဉ် ဘောနပ်စ်က မည်မျှ‌ခန့် ရရှိမည်နည်း။  


ဤသည်ကိုတွေးရင်း ချန်းကျစ်ဖျင်၏စိတ်ထဲမှာ အုံ့မှိုင်းလာသည်။ သူသည် တကယ်ပင် ကံမကောင်းချေ။ ကျုံးယို့ယို့ကဲ့သို့ ကျောင်းသားမျိုး နှစ်တစ်ဝက်ခန့်ရနိုင်လျှင် မည်မျှကောင်းလိုက်မည်နည်း။


အတန်းပြီးသည်နှင့် သူက ရုံးသို့ လျှောက်သွားလိုက်ပြီး တံခါးမဖွင့်ခင်မှာ လီသုန်းဖျင် ​​အခြားဆရာများစွာနှင့် စကားစမြည်ပြောနေပြန်သည်ကို ကြားလိုက်ရသည်။


လီသုန်းဖျင်က ပျော်ရွှင်စွာဖြင့် " ကျွန်‌တော်ဘဝ တစ်ဝက်လောက် နေထိုင်လာခဲ့ပြီးပြီ၊ ဒါဟာ တီဗီမှာ ပထမဆုံးအကြိမ် ပေါ်လာဖူးခြင်းပဲ၊ ဒီကျောင်းသားက ကျွန်တော့်ကို တကယ် ဂုဏ်ယူစေပါတယ် "


"..." ချန်းကျစ်ဖျင် တံခါးအပြင်ဘက်၌ သူ၏မျက်လုံးများကို ပင့်လိုက်သည်။ ' ထပ်ပြီး‌ ပြောလာပြန်ပြီ၊ ဒီလူ မကြွားရရင် သေတော့မှာလား '


ကျောင်းတွင် " QYXLP = ကျုံးယို့ယို့" ဆိုသည့် အဖြစ်အပျက်က ကြီးကြီးမားမား အာရုံစိုက်မှုကို ဖြစ်စေသည်။ ကျောင်းအပြင်ဘက်တွင် ကျုံးယို့ယို့သည် ကျုံးမိသားစု၏ အကြီးဆုံးသမီးနှင့် တိုက်ရိုက်တန်းတူညီမျှနေပြီး " ကျုံးမိသားစု၏ သမီးဖြစ်သူသည် နိုင်ငံလုံးဆိုင်ရာပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကာ ဖိုင်နယ်သို့ရောက်ရှိသွားသည် " ဆိုသည့် အဖြစ်အပျက်သည် လူထုအာရုံစိုက်မှုကို ဖမ်းစားခဲ့သည်။


ဆေးရုံစင်္ကြံများတွင် နေရာများစွာ၌ တီဗီများ ချိတ်ဆွဲထားပြီး သူနာပြုများနှင့် လူနာများသည် ဖြတ်သွားသည့်အခါတိုင်း တီဗွီများကို တစ်ချက်ကြည့်သွားကြသည်။


မုန့်ရှစ်ရွှမ်၏ခြေဖဝါးဒဏ်ရာက မသက်သာသေး‌ချေ။ သူနာပြုဆရာမက သူမ၏အဝတ်အစားများကို လဲလှယ်‌ပေးရန် ၀င်လာသည်။ တံခါးဖွင့်လိုက်သည်နှင့် အပြင်မှ မှတ်ချက်တချို့ကို ကြားလိုက်ရ၏ ။


" ကျုံးမိသားစုရဲ့ တကယ့် အကြီးဆုံးသမီးက တကယ်ကို ထူးချွန်တယ်။ ဒီနိုင်ငံပြိုင်ပွဲမှာ လူဘယ်နှစ်ယောက်‌တောင်ပြိုင်တာလဲ။  သူမ တကယ်ပဲ ဖိုင်နယ်ကို ရောက်နိုင်ခဲ့တာလား။ မင်းငါ့ကိုမေးရင် စစ်မှန်တဲ့ထူးချွန်မှုက အရိုးထဲက တားလို့မရဘူး။ ကျုံးကုမ္ပဏီရဲ့ အမှုဆောင်အရာရှိကို ကြည့်စမ်း၊ သူ ဘယ်လောက်ထိ အရည်အချင်းရှိလိုက်သလဲ "


" ဒီကလေးက အခုအရမ်းနာမည်ကြီးနေတယ်မလား၊ သူမ အနာဂတ်မှာ ဖျော်ဖြေရေးလောကထဲကို ဝင်တော့မှာ မဟုတ်ဘူးလား "


 " ဘာဖျော်ဖြေရေး‌လောကလဲ" အခြားလူနာတစ်ဦးကပြောလိုက်သည်။ " သိပ္ပံသုတေသနဌာနက သူမကို ဖိတ်ခေါ်ထားတယ်လို့ ကြားတယ်။ တစ်ယောက်ယောက်က သိပ္ပံသုတေသနဌာနထဲကို ဝင်နိုင်ပြီး ခေတ်မီသိပ္ပံနဲ့ နည်းပညာဆိုင်ရာ အရည်အချင်းရှိသူဖြစ်လာရင် သရုပ်ဆောင်၊အဆိုတော်လုပ်ဖို့ ဖျော်ဖြေရေးဆီ ဘယ်သွားလို့ရမလဲ "


" ဟမ် ဒါပေမယ့် သူမမျက်နှာနဲ့ ခန္ဓာကိုယ်ကဖျော်ဖြေရေးနယ်ပယ်ထဲ မ၀င်ရင် နှမြောစရာကောင်းလိုက်တာ ၊လူတွေကို သူမက ကြယ်ပွင့်လို့ပြောရင်တောင် ယုံကြည်ကြလိမ့်မယ် "


" ပြီးတော့ ဒီတခေါက် ကျုံးမိသားစုရဲ့ စတော့အကြပ်အတည်းကိုလည်း သူမ ကယ်တင်လိုက်တာ မကြားမိဘူးမဟုတ်လား။ ကျုံး မိသားစုက ဒီမင်းသမီးလေးကို အနာဂတ်မှာ ပိုပြီး အလိုလိုက်သင့်တယ်..."


ဤစကားတွေကို နားထောင်ရင်း မုန့်ရှစ်ရွှမ်သည် ကမ္ဘာပေါ်က လူတိုင်းက သူမကို ပစ်မှတ်ထားနေသကဲ့သို့ မူးဝေ‌နေပြီး မေလ၏ ရာသီဥတုက အသက်ရှူမဝသလိုဖြစ်‌နေသည်ကို ခံစား‌နေရသည်။ နောက်ဆုံး၌ ခက်ခက်ခဲခဲဖြင့် နံရံကို ကိုင်ပြီး မြဲမြံစွာ မတ်တပ်ရပ်သွားနိုင်သည်။




xxxxxx