Chapter 147
'ဘာကြောင့်လဲ ' သူမသည် နောက်ဆုံးတွင် ရှန်းချီနှင့် အဆက်အသွယ်ရခဲ့ပြီး ယခုတစ်ကြိမ်တွင် အရာအားလုံး မှားယွင်းသွားကာ ကျုံးမိသားစုကို သေချာပေါက် အနိုင်ယူပြီး ကျုံးပါပါး၊မာမား၊ကျုံးရှီယို့နှင့် အခြားသူများကို သူမ အား နောင်တရစွာ တောင်းပန်စေမည်ဟု တွေးခဲ့သည်။ တစ်နေ့မှာတော့ သူ ရှိုက်ကြီးတငင် ငိုပြီး သူမကို ပြန်ခေါ်သွားလိမ့်သည်အထိ..။ '
' ဒါပေမဲ့ ဘာလို့ ထပ်ပြီး ကျုံးယို့ယို့ကြောင့်ပိတ်ဆို့ခံရပြန်တာလဲ '
စိတ်ဓာတ်ကျမှုကို မဖြေရှင်းနိုင်ဟု ခံစားရပြီး သူမ၏ ရင်ဘတ်ကို ထိုးကြိတ်ရင်း သူမအတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဖျက်ဆီးလုနီးပါးဖြစ်နေ၏။
သူမသည် ရှေ့တွင်ရှိသည့်မှန်ကို မော့ကြည့်လိုက်သည်။ ဤရက်ပိုင်း ပင်ပန်းမှုများကြောင့်မျက်လုံးများကညိုမဲနေသည်။ သွားများကိုအံကြိတ်ကာ ရေပိုက်ကို ဖွင့်လိုက်ပြီး စိတ်ကို အေးချမ်းစေရန်အတွက် မျက်နှာပေါ် သို့ ရေအေးလေးများ ပက်ဖြန်းလိုက်သည် ။
သူမ ဆေးရုံတက်နေသည်မှာ သုံးရက်ရှိပြီး မည်သူမှ မလာကြချေ။ သူမတစ်ယောက်တည်းသာ ရှိနေခဲ့သည်။
သူနာပြုဆရာမက ကုသမှုအညွှန်းကို ချလိုက်ပြီး သပ်သပ်ရပ်ရပ် လှည့်ကာ အပြင်သို့ ထွက်သွားသည်။
စကားတစ်ခွန်းမှ မပြောဘဲ မုန့်ရှစ်ရွှမ်သည် သူမ၏ လက်ချောင်းများဖြင့် လက်ဖဝါးကို ဆွဲဆိတ်လိုက်ပြီး သူနာပြုဆရာမ အပြင်ထွက်သည်ကို မုန်းမုန်းတီးတီး ကြည့်နေသည်။
ကျုံးမိသားစုမှ ထွက်ခွာပြီးနောက်တွင် သူမသည် ခက်ခဲသော အခြေအနေတွင် ရှိနေခဲ့သည်။
အရင်က ကျုံးမိသားစုမှာရှိနေစဉ် သူမ အအေးမိသည့်အခါ ပုဂ္ဂလိက ဆေးရုံမှာသာ အမြဲဆေးရုံတက်လေ့ရှိသည်။ သို့မဟုတ် မိသားစုဆရာဝန်က လူကိုယ်တိုင်တွေ့ရန် ဗီလာဆီသို့ လာခဲ့သည်။
ယခု သူမသည် လူအများသွားလာလည်ပတ်နေသော အထွေထွေကုသဆောင်တစ်ခုတွင် နေထိုင်ရပြီး အပြင်ဘက်မှ ဆူညံသံများက သူမကို ညသန်းခေါင်တွင် အိပ်မပျော်နိုင်ဖြစ်နေစေသည်။
သူမ၏ စိတ်အနိမ့်ဆုံးသို့ ရောက်သောအခါတွင် တစ်စုံတစ်ယောက်က ရုတ်တရက် တံခါးလာခေါက်ပြီး " မိန်းကလေးမုန့် တစ်ယောက်ယောက်က မင်းကို လာလည်တယ် " ဟု ပြောလာသည်။
အခု သူမကို ဘယ်သူက လာတွေ့မည်နည်း။
မုန့်ရှစ်ရွှမ်က သူမ၏ မှုန်ကုပ်ကုပ်မျက်လုံးတွေကို ပင့်လိုက်ပြီး ပြော၏ ။
" ဝင်လာခဲ့ "
ဝင်လာသည့်သူသည် ယင်ချူးချူးဖြစ်၏ ။သူမက ကျောင်းလွယ်အိတ်ကို ကိုင်ထားပြီး ကျောင်းကနေ အတန်းလစ်လာပုံရပြီး ဆေးရုံအ၀တ်အစားနှင့် မုန့်ရှစ်ရွှမ်ကို ငေးကြည့်နေသည်။
မုန့်ရှစ်ရွှမ် ကျောင်းမတက်သည်မှာ အနည်းငယ်ကြာပြီဖြစ်သည်။ ကျောင်းတွင် နေ့စဉ်နှင့်အမျှ ကိစ္စအသစ်အဆန်းတွေ အများကြီး ဖြစ်ပျက်ပြီး တစ်ခုပြီးတစ်ခုပေါ်လာသည်။ လူတိုင်းက ယခုတွင် ကျုံးယို့ယို့၏ နိုင်ငံတော်အဆင့်ဖိုင်နယ်ကို ဝင်ခွင့်ရခြင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပြီး မုန့်ရှစ်ရွှမ်၏ သမီးအရင်း မဟုတ်ဟူသည့် အကြောင်းကို မေ့ပျောက်သွားကြပြီဖြစ်သည်။
ယခုတွင် ကျောင်းရှိလူအနည်းငယ်ကသာ မုန့်ရှစ်ရွှမ်အကြောင်းကို ထည့်သွင်းပြောဆိုကြသည်။
မုန့်ရှစ်ရွှမ်သည် ကျောင်းရှိ အခြားသူများ၏ ထင်မြင်ယူဆချက်များကို အမြဲဂရုပြုသူဖြစ်သည်။ သူမသည် ကျောင်းတက်စဉ်ကပင် တံနှင့် အပ်များကို အမြဲတပ်ထားသည်။တကယ်တမ်း သူမသည် ပတ်ဝန်းကျင်က အကြည့်များကို အလွန်ဂရုစိုက်နေပုံရ၏ ။ လူတိုင်းက သူမစိတ်ကူးထားသကဲ့သို့ အတင်းအဖျင်းပြောသူများ မဟုတ်ကြပေ။ ယခုအချိန်ကျောင်းတွင် အရင်က သူမလုပ်ခဲ့တာများအတွက် လှောင်ပြောင်သူများ အလွန်နည်းပါသွားပြီဖြစ်သည်။
သေချာပါ၏ ။ ယင်ချူးချူးသည် မုန့်ရှစ်ရွှမ် စိတ်ဆိုးစေရန် ဤအချက်များကို ထုတ်ပြောမည်မဟုတ်ချေ။
" မတွေ့တာကြာပြီ " သူမက ရှက်ကိုးရှက်ကန်းဖြင့် ပြောကာ မုန့်ရှစ်ရွှမ်ကို တိတ်တဆိတ်ကြည့်သည်။
ဤမုန့်ရှစ်ရွှမ်နှင့် ယခင်က သူမသိခဲ့သည့် မုန့်ရှစ်ရွှမ်သည် လုံးဝကွဲပြားကြောင်း သူမတွေ့ရှိလိုက်ရသည်။ လူတစ်ယောက်၏ ပတ်၀န်းကျင်က ထိုလူ၏ စိတ်နေစိတ်ထားကိုသက်ရောက်စေသည်။
ယခင်က မုန့်ရှစ်ရွှမ်သည် ထိုမျှသာလွန်ကောင်းမွန်သောပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ပြီး သူမအား မည်သူကမှ ကျယ်လောင်စွာပြောဆိုခြင်းပင် မရှိခဲ့ပေ။ သူမရရှိခဲ့သောအရာများမှာ ချီးမွမ်းခြင်း သို့မဟုတ် ကြင်နာမှုတို့ဖြစ်ပြီး သူမ၏ သာလွန်သည့်စိတ်ထားနှင့် ရည်မွန်မှုကို ပျိုးထောင်ပေးသည်။
ယခု မုန့်ရှစ်ရွှမ်သည် ဆေးရုံဝတ်စုံဖြင့် ဆေးရုံကုတင်ပေါ်မှာ ခံစားချက်မဲ့စွာ ထိုင်နေသည်။ ဆေးရုံ၀တ်စုံကို ၀တ်ဆင်ထားသော်လည်း ညစ်ညမ်းပုံမပေါ်ဘဲ သူမ၏မျက်ခုံးများနှင့် မျက်လုံးများက ခေတ်မမီသောအသွင်အပြင်ကို ထင်ရှားစေသည်။
ယင်ချူးချူးက ထပ်မံ မကြည့်ဝံ့တော့ပေ။
" ငါ့ကိုလာတွေ့တဲ့အတွက် ကျေးဇူးတင်ပါတယ် " မုန့်ရှစ်ရွှမ်က ဝတ်ကျေတန်းကျေပြောလိုက်သည်။
ယင်ချူးချူးနှင့် စကားပြောဆိုရန် သူမစိတ်မပါချေ။ သူမကို အချိုသပ်လျှင် ဘာများရနိုင်မည်နည်း။ ယင်ချူးချူး၏ မိသားစုနောက်ခံက သူမကို အများကြီး မကူညီနိုင်ချေ။
ထို့အပြင် သူမနှလုံးသားထဲတွင် ယင်ချူးချူးအတွက် အတားအဆီးတစ်ခု ရှိနေသေးသည်။ ယင်ချူးချူးသည် သူမအခက်ခဲဆုံးအခြေအနေမှာ ဒဏ်ရာကို ဆားမထည့်ထားပေမယ့် သူမသည်လည်း ပိုမကောင်းပေ။ သူမကို လက်ကမ်းကာ မကူညီပေးခဲ့ချေ။
မုန့်ရှစ်ရွှမ်သည် ချမ်းသာပြီး အင်အားကြီးသူဖြစ်ရမည်ကို ပို၍ရှင်းလင်းပြတ်သားစွာ သဘောပေါက်လာသည်။ ကျုံး မိသားစုမှ ထွက်လာပြီးနောက် သူမပြိုလဲကျသွားကာ လူတိုင်းက သူမကို တွန်းထုတ်ခဲ့ကြပြီး မည်သူမှ ဂရုမစိုက်ခဲ့သည်မဟုတ်ပေလား။
" နင့် နှုတ်ခမ်းတွေ နည်းနည်းခြောက်နေပြီ။ နင့်အတွက် ပန်းသီးတစ်လုံး လှီးပေးမယ်။ ငါနည်းနည်း ဝယ်လာတယ် "
ယင်ချူးချူးက မုန့်ရှစ်ရွှမ်ကို စိတ်ဆိုးမည့် တခြားဘာကိုမှ မပြောလိုချေ။ သူမသည် ဤသူငယ်ချင်းဟောင်းကို အလွန်ဂရုစိုက်နေဆဲ ဖြစ်ပေသည်။
သို့သော် မုန့်ရှစ်ရွှမ်သည် သူမယူလာသည့် အသီးအနှံအပေါ်သို့ မျက်လုံးအကြည့်များ ရောက်ရှိသွားပြီး ကြည့်ရုံသာကြည့်ကာ ထို့ေနာက် မျက်လုံးတွေကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်သည်။
အတိတ်၌ သူမ နေမကောင်းသောအခါ ယင်ချူးချူးက အလည်လာပြီး ပန်းခြင်းထဲ ၌ ထုပ်ပိုးထားသည့် အရည်အသွေးကောင်းသည့် အသီးအနှံများ ၀ယ်လာခဲ့သည်။ သို့သော် ဤအကြိမ်တွင် ယင်ချူးချူး သူမဆီလာလည်သည့်အချိန်တွင် ဤဈေးသက်သာသည့် ပန်းသီးတွေကို ပလပ်စတစ်အိတ်အိတ်သုံးကာ ယူဆောင်လာသည်။
မုန့်ရှစ်ရွှမ်က သူမ ယခု၌ ဆိုးရွားသော အခြေအနေတွင် ရှိနေသောကြောင့် ယင်ချူးချူး သူမကို ဤသို့ ဆက်ဆံသည်ဟု သံသယဖြစ်စွာ တွေးတောလိုက်သည်။
သူမကို တကယ်တမ်းမှာ လှောင်ပြောင်နေသည်လား...
ယင်ချူးချူးသည် အလျင်အမြန်ရောက်လာခြင်းဖြစ်ပြီး ဆေးရုံအနီးရှိ သစ်သီးအချို့ကိုသာ ဝယ်နိုင်ခဲ့သည်။ မကြာသေးမီက ရာသီဥတုက အနည်းငယ်ပူလာပြီး ဈေးပိုပေးရသော အသီးအနှံများသည် မလတ်ဆတ်သောကြောင့် သူမသည် ပိုလတ်ဆတ်ပုံရသည့် ပန်းသီးအချို့ကို ကောက်ယူခဲ့သည်။
ဤအချိန်မှာ မုန့်ရှစ်ရွှမ် မည်သည်ကို တွေးနေမှန်း သူမ မသိသည်မှာ ပုံမှန်ဖြစ်သည်။ မုန့်ရှစ်ရွှမ်တစ်ယောက်တည်းရှိပြီး ဖြူဖျော့နေသည်ကို မြင်လိုက်ရချိန် အနည်းငယ် သနားမိသွား၏ ။
" ရှစ်ရွှမ်၊ ဘယ်တော့ အတန်းပြန်တက်မှာလဲ " ယင်ချူးချူးက ပန်းသီးတစ်လုံးကို အခွံခွာပြီးပြောခဲ့သည်။ " အတန်းထဲကလူတိုင်း နင့်ကိုလွမ်းနေတယ် "
တကယ်လက်တွေ့၌ အတန်းထဲကလူတိုင်း သူမကို မေ့လုနီးပါးဖြစ်နေပြီဖြစ်ပြီး သူမကကြင်နာခြင်းဖြင့် ပြောလိုက်ရုံသာဖြစ်သည်။
" နင့် ခြေထောက်ဒဏ်ရာက ပိုကောင်းလာတဲ့အခါ အတန်းလာတက်လှည့်နော် ။ ငါ နင့်ကို ကူညီပေးနိုင်မှာပါ "
မုန့်ရှစ်ရွှမ်က ယင်ချူးချူးသည် တခြားသူတွေ၏ကံကြမ္မာအတွက် ဝမ်းပန်းတသာ ဖြစ်နေတယ်ဟု ခံစားရသည်။ မဟုတ်လျှင် သူမကို ကျောင်းပြန်တက်ဖို့ ဘာကြောင့် တိုက်တွန်းရသနည်။ သူမကို ရယ်စရာတစ်ခုအနေနှင့် မြင်နေသည်လား။ ကျောင်းမှလူများက သူမကို ရွံရှာသကဲ့သို့ ကြည့်ကြသည်ကို ယင်ချူးချူး မသိသည်လား။
သူမ၏စိတ်နေသဘောထားက ပိုပိုပြီး အေးစက်လာခဲ့သည်။
" ဘာလို့ ကျောင်းပြန်တက်ရမှာလဲ၊ ငါ့အမှတ်တွေနဲ့ဆို ပြီးခဲ့တဲ့ တစ်လ၊နှစ်လလောက်က ကျောင်းမတက်ခဲ့ရင်တောင် ကောလိပ်ဝင်ခွင့် စာမေးပွဲကို သေချာပေါက် ဖြေဆိုနိုင်ပြီး မြို့တော်က တက္ကသိုလ်ကို တက်နိုင်မှာပါ၊ နင်က ဘာကို စိတ်ပူနေတာလဲ "
ယင်ချူးချူး၏လက်ထဲက ပန်းသီးကိုမြင်သည့်အခါ သူမစိတ်ထဲမှ အဆိုးမြင်စိတ်များနှင့် နာကြည်းမှုတွေအားလုံးကို ထုတ်ပစ်လိုက်ချင်ပုံရပြီး
" နင် အရင်ဆုံး ကိုယ့်ကိုယ်ကို ဂရုစိုက်သင့်တယ်။ နင့်အဖေက နင့်ကို ပြိုင်ပွဲဆိုင်ရာအတန်းမှာ အတန်းတင်ထားပေမယ့် ရလဒ်အနေနဲ့ဆို နင့်အဆင့်တွေက အတန်းရဲ့အောက်ခြေမှာ အမြဲရှိနေကြပြီး စာမေးပွဲတွေအားလုံးကို ဖြေဆိုဖို့တောင် ခက်ခဲတဲ့ဟာ တခြားသူတွေကို စိတ်ပူဖို့ အချိန်ရှိသေးတယ် "
ယင်ချူးချူး : "..."
ယင်ချူးချူး၏ မျက်နှာသည် ဖြူဖျော့လာပြီး သူမသည် သူမကို နာကျင်စေသည့်မုန့်ရှစ်ရွှမ်ကို သံသယဖြစ်စွာဖြင့် မမှတ်မိသလို ကြည့်နေမိသည်။
မုန့်ရှစ်ရွှမ်သည်လည်း အေးစက်စွာ နှာမှုတ်လိုက်ပြီး လှဲလျောင်းကာ စောင်ခြုံ၍ သူမကို လျစ်လျူရှုလိုက်သည်။
ယင်ချူးချူးက သည်းခံ၍ ပန်းသီးကို ဆက်လှီးလိုက်ပြီး ကုတင်ဘေးက စားပွဲပေါ်တင်ကာ လှည့်ထွက်သွားသည် ။
သို့သော် သူမထွက်သွားသောအခါတွင် မုန့်ရှစ်ရွှမ် ဤကဲ့သို့ဖြစ်သွားရသည်ကို အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ သူမနှင့် မုန့်ရှစ်ရွှမ်တို့ကြားက ဟန်ဆောင်မှုပဲဖြစ်စ စစ်မှန်မှုပဲဖြစ်စေ သူမတို့ နှစ်ယောက်ကြားက ညီအစ်မဆက်ဆံရေးသည် လုံးဝပြိုကွဲသွားသည်။ ဖြစ်နိုင်သည်က ဤအကြိမ်သည် သူမ မုန့်ရှစ်ရွှမ်ကို နောက်ဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်နိုင်သည်။
ယင်ချူးချူးထွက်သွားပြီးနောက် မုန့်ရှစ်ရွှမ်သည် အိပ်ယာပေါ်၌ ဟိုလှည့်ဒီလှည့်ဖြစ်နေပြီး သူမ၏လက်ကို မျက်လုံးပေါ်၌ တင်ထားသည်။ ဤရက်များ၌ သူမ၏စိတ်ထဲတွင် လင်းလက်တောက်ပနေသည့်အရာအားလုံးသည် အတိတ်က ထိုက်ကျင်းလမ်းဟောင်းတွင် ပြဿနာဖြစ်စေသည့်လူအုပ်စု၏ ဖရိုဖရဲနှင့် ကြမ်းတမ်းသောမြင်ကွင်းများဖြစ်သည်။
ထိုအချိန်တွင် သူမသည် အလုပ်သမားတစ်ဦးထံ ဆက်သွယ်ခဲ့ပြီး ကျုံးယို့ယို့၏ ကားက ပေါ်လာသည့်အခါ ကျုံးယို့ယို့အား အနည်းငယ်အခက်အခဲဖြစ်စေရန် ခိုင်းစေခဲ့သည်။
သို့သော် သူမငှားထားသည့်လူက သူအမှားလုပ်မိကြောင်းကို နောက်ပိုင်းမှာ သူမကိုပြောပြပြီး အုတ်ခဲက ကျုံးမိသားစု၏သခင်ငယ် လေး ကျုံးရှီယို့၏ မျက်နှာကို ထိလုနီးပါးဖြစ်သွားလိမ့်မည်ဟူ၍ သူမ မမျှော်လင့်ထားခဲ့ပေ။
ထိုအကြောင်း သူမကြားရသည့်အခါ မုန့်ရှစ်ရွှမ် ဒေါသထွက်သွားသည်။ ဘာပဲဖြစ်ဖြစ် ကျုံးရှီယို့ကို သူမ မထိခိုက်စေလိုပြီး ကံကောင်းထောက်မစွာ ကျုံးရှီယို့က အဆင်ပြေနေသည်။ ဘေးဥပဒ်များမှကာကွယ်ရန်အမြဲတမ်းတစ်စုံတစ်ဦးရှိနေသည့်အတွက် ကျုံးယို့ယို့ ကံကောင်းလေသည်။
မုန့်ရှစ်ရွှမ်က သူမငှားထားသည့်လူကို ဒေါသတကြီး ပိုက်ဆံပေးပြီးနောက် သူမ၏ပိုင်ဆိုင်မှုတွေကို ရှင်းလင်းခဲ့သည်။
ယခုအချိန်၌ ကျုံးမိသားစုမှ သူမအား ပေးသော အိမ်နှင့်ငွေအပြင် သူမတွင် မုန့်ချန်က ထောင်မကျမီ ကမန်းကတန်း လွှဲပေးလိုက်သော ငွေများလည်း ရှိသေးသည် ။ မုန့်ရှစ်ရွှမ်သည် ထိုငွေကို မထိဘဲ နောက်ထပ် သိမ်းထားလိုက်သည် ။ သူမ တခြားငွေကတ်တစ်ခုကို အသုံးပြုလိုက်သည်။ ထို့အပြင် တရားရုံးသည် ရှန်းချီမှ သူမထံ လွှဲပြောင်းပေးသည့်ငွေကို ဤလွှဲပြောင်းမှုတွင် ခြေရာခံနိုင်မည်မဟုတ်ပေ။
' ဟုတ်တယ်၊ မြန်မြန်ရွှေ့ရမယ်၊ မဟုတ်ရင် ရှန်းချီကနေ သူမဆီ အနှေးနဲ့အမြန် ခြေရာခံမိလိမ့်မယ် '
ထိုအကြောင်းကို မုန့်ရှစ်ရွှမ်သည် တွေးမိပြီး ကုတင်ပေါ်ကနေ အမြန်ထလိုက်သည်။ သူမ၏ခြေဖဝါးဒဏ်ရာက မလိုအပ်ဘဲ ဆေးရုံတက်ထားခြင်းဖြစ်ပြီး လမ်းလျှောက်ရာ၌ ဘာပြဿနာမှ မရှိချေ။ သူမသည် အဝတ်အစားလဲကာ ခရီးဆောင်အိတ်တွေ ထုပ်ပိုးပြီး ဆေးရုံမှ အမြန်ထွက်လာသည်။
တက္ကစီစီးခါနီးတွင် ကားပါကင်မှ ကားတစ်စီး ဝင်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ လိုင်စင်နံပါတ်ကို သူမ အလွန်ရင်းနှီးပြီး ထိုကားမှာ ကျုံးမိသားစု၏ကားဖြစ်သည်။
မနေ့ညမှ ယခုထိ မုန့်ရှစ်ရွှမ် မအိပ်ရသေးချေ။ ကျုံးပါပါးသည် ကျုံး၏စီးပွားရေးလျှို့ဝှက်ချက်များကို ပေါက်ကြားသူမှာ သူမဖြစ်ကြောင်း သိသွားပြီဖြစ်ကြောင်း သူမနားလည်လိုက်၏ ။ အကြံများသည့် ကျုံးပါပါးအတွက် ဤကဲ့သို့ အရာကို သိနိုင်ရန်က မခက်ခဲချေ။ အကယ်၍ သူသာ ဤကဲ့သို့ အိုင်ကျူမရှိပါက စီးပွားရေးလောကထဲ၌ ရှိရန်မတန်ပေ။
သို့သော် ဤမျှလောက် မြန်မြန်ရောက်လာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားချေ။
မုန့်ရှစ်ရွှမ်၏နှလုံးသည် ကွပ်မျက်ရေးမြေပြင်တွင် ရှိနေသကဲ့သို့ ခုန်ပေါက်နေသည်။
တကယ်တမ်း သူမ နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ တဖျပ်ဖျပ် လင်းလက်နေသေးသည် ။ ကျုံးပါပါးက သူမနှင့် စကားပြောချင်သောကြောင့် ဤအခေါက် သူမကို ပြန်ခေါ်ရန် မျှော်လင့်နေမိသည် ။ သူမ ရှိုက်ကြီးတငင် ငိုလျှင် သူမပြုလုပ်ခဲ့သည်များအတွက် ခွင့်လွှတ်ပေးလိမ့်မည်...။
သို့သော် သူမရှေ့သို့ ကားမောင်းလာပြီးနောက် ကျုံးပါပါး၏ လက်ထောက်သည် ယာဉ်မောင်းထိုင်ခုံမှ ဆင်းကာ သူမအား ရွံရှာမှု အရိပ်အမြွက်ရှိသည့် အလွန်အေးစက်သော မျက်လုံးများဖြင့် ကြည့်သည်။
တစ်ချိန်က သူမအပေါ် အလွန်ကြင်နာခဲ့သော လက်ထောက်က ယခု သူမကို ဤကဲ့သို့ ကြည့်နေသည်။
မုန့်ရှစ်ရွှမ်သည် ဤအကြည့်ကြောင့် ချက်ချင်းပင် စိတ်ဆိုးသွားသည်။ ကျုံးပါပါး၏ လက်ထောက်သည် ယခင်က သူမအား အလွန်ကြင်နာတတ်သော်လည်း ကျုံးယို့ယို့ ရောက်လာကတည်းက ပြောင်းလဲသွားပြီး အရာအားလုံးကို ဖြစ်စေသည့်သူက ကျုံးယို့ယို့ပင်ဖြစ်သည်။
" လောင်ကျိုး ရှင် ကျွန်မကို ဘာလို့ဒီလိုကြည့်နေတာလဲ " မုန့်ရှစ်ရွှမ်က တည်ငြိမ်ဟန်ဆောင်သည်။
လောင်ကျိုးက သူ၏စိတ်ထဲ လှောင်ရယ်လိုက်ပြီး ' မင်းကို ဘာလို့ဒီလိုကြည့်နေတာလဲ။ မင်းမှာ ဥာဏ်နီဉာဏ်နက်တွေ မရှိဘူးလား။ ဒီတစ်ခါ မမလေးကြောင့်သာ မဟုတ်ရင် ကုမ္ပဏီက မင်းကြောင့် လုံးဝ ထိခိုက်သွားလိမ့်မယ် '
သို့သော် လောင်ကျိုးက သူမနှင့် စကားပြောရန် စိတ်မ၀င်စားဘဲ နောက်ထိုင်ခုံတံခါးကို တိုက်ရိုက်ဖွင့်ပြီး " မိန်းကလေးမုန့် ၊ ကားပေါ်တက်ပါ ၊ ဥက္ကဌကျုံးက မင်းကို မေးစရာတစ်ခုရှိတယ် "
ဤသည်မှာ ဆေးရုံဖြစ်ပြီး လောင်ကျိုးသည် မုန့်ရှစ်ရွှမ်ကို ကားထဲသို့ အတင်းတွန်းပို့ရန် မဖြစ်နိုင်ပေ။ မုန့်ရှစ်ရွှမ်သည် ကျုံးပါပါးကို မတွေ့ဝံ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း သူမ ယခု ထွက်ပြေးလျှင် နောင်တွင် ကျုံးပါပါး သူမကို ဖမ်းရန် အခွင့်အရေးများစွာရှိမည်ကို သူမ သိသည်။
ဤကိစ္စကို သူမ ရင်ဆိုင်ရမည်ပင်ဖြစ်သည်
။ ဘာပဲဖြစ်ပါစေ ကျုံးမိသားစုက သူမကို ဘာလုပ်နိုင်မည်နည်း။ ကျုံးမိသားစု၏ မိသားစုဝင်မဟုတ်သောကြောင့် သူမသည် စီးပွားရေးရာဇ၀တ်မှုတစ်ခုခုကို ကျူးလွန်နိုင်မည်လား။
ထို့ကြောင့် သူမ ငြိမ်သက်သွားပြီး လည်ချောင်းထဲက တင်းမာမှုတွေကို မျိုချလိုက်ပြီး ကားပေါ်တက်ရန် ငုံ့လိုက်သည်။
xxxxx