Chapter 148
ကျုံးမိသားစုအိမ်။
ကျုံးပါပါး၊ကျုံးမာမားနှင့် ကျုံးရှီယို့တို့အားလုံး အိမ်၌ ရှိနေကြပြီး ကျုံးမိသားစု၏ လေထုသည် လေးလံပြီး တောင့်တင်းနေ၏ ။
ကျုံးရှီယို့က ယနေ့ ကျောင်းမသွားချေ။ သူက မုန့်ရှစ်ရွှမ်ေရာက်လာသည်ကို စောင့်နေပြီး သူမ ဘာကြောင့် ဤသို့လုပ်ရသည်ကို မျက်နှာချင်းဆိုင် မေးချင်နေသည်။ ကျုံးမိသားစုက သူမ ဤအိမ်၌ ရှိနေစဉ် ဆိုးရွားစွာ ဆက်ဆံခဲ့သည်လား။ သူမက ကျုံးကော်ပိုရေးရှင်း ဒေဝါလီခံစေရန် ပြင်ပလူများနှင့် ပူးပေါင်းခဲ့သည်။
အပြင်ဘက်တွင် နေရောင်သည် တောက်ပစွာလင်းနေသော်လည်း ကျုံးမိသားစုအိမ်အတွင်းရှိ လေထုသည် အလွန်တိတ်ဆိတ်နေသည်။
ကျုံးပါပါး၏ မျက်နှာသည် ရုပ်ဆိုးကာ ဒေါသတကြီးဖြစ်နေပြီး စားပွဲပေါ်တွင် မုန့်ရှစ်ရွှမ် ခိုးယူခဲ့သည့် စာရွက်စာတမ်းများ ရှိနေသည်။ သူက ထိုစာရွက်များကို စိတ်ပျက်စွာ စိုက်ကြည့်နေပြီး ဖြတ်သန်းသွားလာနေသည့်သူများကို စကားတစ်ခွန်းမှ မပြောခိုင်းချေ။ ကျုံးပါပါး ဤမျှလောက် ဒေါသထွက်သည်က အလွန်ရှားပါး၏ ။
ကျုံးမာမား၏ စိတ်ကရှုပ်ထွေးနေလေသည်။ တစ်ဆယ့်ရှစ်နှစ်ကြာ ပြုစုပျိုးထောင်ခဲ့သော မုန့်ရှစ်ရွှမ်သည် အကျင့်စာရိတ္တ ယိုယွင်းလာကာ ကျုံးမိသားစုကို သေစေမည့် လုပ်ရပ်ကို ပြုလုပ်ရန် ပြင်ပလူများနှင့် ပူးပေါင်းခဲ့သည့် အချက်ကို သူမ မယုံကြည်နိုင်သေးပေ။
ဤကဲ့သို့ဖြစ်လာမည်ကို သူမ သိခဲ့လျှင် လွန်ခဲ့သည့် တစ်ဆယ့်ရှစ်နှစ်ကတည်းက ဤကလေးကို တကယ်ပဲ စွန့်လွှတ်ခဲ့သင့်သည်...
တိုတိုပြောရလျှင် ယခု သူမ အမှန်တကယ်နောင်တရနေပြီဖြစ်၏ ။
မုန့်ရှစ်ရွှမ်ဝင်လာပြီးနောက် အလွန်ပုံမှန်မဟုတ်သော လေထုကို ခံစားလိုက်ရသည်။ သူမက စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး 'ပါး၊မား' ဟု မဝံ့မရဲ ခေါ်လိုက်သည်။
သူမ မျက်လုံးတွေကို ပင့်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဤအိမ်ကြီးဆီသို့ ပြန်မရောက်သည်မှာ သုံး၊လေးလခန့် ရှိပြီး အရာအားလုံးက စိမ်းကားနေသည်။
သူမ ဤနေရာ၌ မရှိခြင်းက မည်သည်ကိုမှ သက်ရောက်ခြင်းမရှိသည့်ပုံပင်။
" ပါး၊ မား " ဟူသော စကားကိုကြားသည့်အခါ ကျုံးမိသားစု သုံးယောက်လုံး အလွန်မာကျောသွားကြသည်။
အထူးသဖြင့် ဘေးမှာထိုင်နေသည့် မျက်နှာပေါ်တွင် ပလာစတာကပ်ထားသာ ကျုံးရှီယို့၏ မျက်နှာအမူအရာသည် ဝမ်းချုပ်နေသကဲ့သို့ဖြစ်ကာ အော့အန်ခါနီး ဖြစ်နေလေသည်။
" မင်းရဲ့ အခေါ်အဝေါ်ကို ဂရုစိုက်ပါ မိန်းကလေးမုန့်၊ ကျုပ်ရှေ့နေ လာနေပြီ။ အခု ကျုပ်မှာ မင်းကို မေးစရာ ရှိတယ် " ကျုံးပါပါးက ခေါင်းကိုမော့လိုက်ပြီး မုန့်ရှစ်ရွှမ်ကို အေးစက်စွာ ကြည့်သည်။
အရင်က ကျုံးပါပါးသည် တရားဝင်လုပ်ငန်းတာဝန်များနှင့် အလုပ်ရှုပ်နေပြီး သားသမီးများနှင့် သိပ်မရင်းနှီးပေမယ့်လည်း သူမကို မိန်းကလေးမုန့်ဟူ၍ အေးတိအေးစက်ဖြင့် ရက်ရက်စက်စက် မခေါ်ခဲ့ချေ။
သူ၏မျက်လုံးထဲမှ အကြည့်သည် စီးပွားရေးေလာကတွင် သစ္စာဖောက်လူဆိုးတစ်ဦးကို ကြည့်နေကဲ့သို့ ဖြစ်ပြီး ခက်ထန်နေလေသည်။
မုန့်ရှစ်ရွှမ်၏နောက်ကျောကို အေးစိမ့်သွားစေပြီး သူမက မတ်တပ်ရပ်နေသည့်တိုင် မထိုင်ဝံ့ပေ။
ကျုံးပါပါးက သူမ ထိုင်သည်ဖြစ်စေ၊ မထိုင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ စာရွက်ကို သူ၏လက်ထဲတွင် မြှောက်ကာ မေးသည်။
" ဒီစာရွက်စာတမ်းက မင်းပိုင်တယ်ဟုတ်လား။ ကျုံးရဲ့ပရောဂျက်အချက်အလက်ကို မစ္စတာရှန်းဆီကို ပေါက်ကြားခဲ့တာလား "
မုန့်ရှစ်ရွှမ်က မယုံကြည်နိုင်သကဲ့သို့ ပြောသည်။ " ဘာလို့အဲ့လိုထင်ရတာလဲ။ ကျုံးမိသားစုက သမီးကို အိမ်ကနေ ထုတ်ပစ်ရင်တောင် သမီးကမိသားစုကို ချစ်ခင်ဆဲပါ။ သမီး သေသွားရင်တောင် ဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူး "
ကျုံးပါပါးက လှောင်ပြုံး ပြုံးလိုက်သော်လည်း ကျုံးမာမားက သူမကို လုံးဝ မကြည့်ဘဲ သူမမျက်နှာကို လုံးဝ မမြင်ချင်သကဲ့သို့ အဝေးကို လှည့်ကြည့်ကာ အလွန်စက်ဆုပ်နေသည်။
ဤသည်ကိုမြင်သော် မုန့်ရှစ်ရွှမ်က ထိတ်လန့်သွားပြီး မျက်လုံးထဲက မျက်ရည်တွေ ရုတ်တရက် စီးကျလာပြီး
" ဘာလို့ သမီးကို သံသယရှိနေတာလဲ ပါး၊ ပါးရဲ့ ဒီပရောဂျက်မှာ ပါဝင်ပတ်သက်သူတွေ အများကြီးရှိတယ်၊ ဘာလို့ သူတို့ကို သံသယမဝင်တာလဲ" ဝန်ထမ်းတွေ၊ သူတို့အားလုံးက အပြင်လူတွေပဲ၊ သူတို့ကို သံသယမ၀င်ဘဲ ဘာလို့ သမီးကို သံသယရှိတာလဲ "
" အပြင်လူလား " ကျုံးရှီယို့က ဤစကားကိုကြားသော် ရယ်ချင်သွားပြီး " မင်းက အပြင်လူပဲ၊ မုန့်ရှစ်ရွှမ် နိုးထတော့ "
" မင်း လျှို့ဝှက်ချက်ကို မပေါက်ကြားခဲ့တာ သေချာလား " ကျုံးပါပါးက အကြောင်းအရာကို လွှမ်းခြုံပြီး အေးစက်စွာ မေးသည်။
" ငါ့ရှေ့နေက ဒီမှာ။ မင်းမပေါက်ကြားခဲ့ရင် လျှို့ဝှက်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးရမယ် "
"လက်မှတ်ထိုးမယ်၊ လက်မှတ်ထိုးပေးမယ် " မုန့်ရှစ်ရွှမ်၏ယုံကြည်မှုမှာ များစွာအားနည်းသွားသော်လည်း သူမက " ကျေးဇူးပြု၍ ငါ့ကိုယုံပါ " ဟု ရဲဝံ့စွာပြောသေးသည်။
"... " ကျုံးပါပါးက စကားများ ဤအဆင့်ကို ရောက်လာပြီး တောင့်တင်းနေလေသည်။
သူ၏ဝန်ထမ်းတွေကို လိမ်ညာစွပ်စွဲနေဆဲဖြစ်သည်လား။
သက်သေအထောက်အထားမရှိလျှင် တစ်ယောက်ယောက်ကို သူမအား ဘာကြောင့် ခေါ်စေမည်နည်း။
" မင်းက တကယ်ကို နောင်တရ ရကောင်းမှန်းသိဘူးပဲ " ကျုံးပါပါးက စိတ်ပျက်လက်ပျက်ဖြင့် စာရွက်များကို မုန့်ရှစ်ရွှမ်မျက်နှာရှေ့မှာ ပစ်ချလိုက်ပြီး သူမမျက်နှာကို ထိလုနီးပါးပင်။
စာရွက်၏ချွန်ထက်သောအစွန်းသည် သူမ၏မျက်နှာအနှံ့ ထိမှန်သွားကာ မျက်နှာကိုရိုက်လိုက်သကဲ့သို့ အေးစက်သောအမှတ်အသားတစ်ခု ကျန်ရစ်သွားသည်။
မုန့်ရှစ်ရွှမ်၏နှလုံးသားကို တုန်လှုပ်စေသော အသံနှင့်အတူ စာရွက်စာတမ်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
" ဒီပေါ်မှာ မင်းရဲ့လက်ဗွေရာတွေတွေ့တယ်။ ငါ့ကိုပြောစမ်း၊ ဒီစာရွက်ကိုရှာဖို့ ငါ့စာကြည့်ခန်းထဲလာပြီး ဘာလုပ်တာလဲ "
မုန့်ရှစ်ရွှမ်ထိတ်လန့်သွားသည် ။ သူမ အတော်ကြာ တွေးလိုက်မိပြီး လက်ဗွေရာတွေ ချန်ထားလိမ့်မည်ဟူ၍ မထင်ထားခဲ့ချေ။ သို့သော်စာရွက်စာဖိုင်၏အပြင်မှာ စာအုပ်အဖုံးအကြည်တစ်ခုရှိနေသည်ကို တွေ့ရသည်။သူမ ဘယ်လောက်ပင် သတိထားပါစေ၊ ကျုံးကော်ချန်သည် စီးပွားရေးလောကထဲတွင် တွားသွားရင်း သူများတကားကို ထိုးနက်ဖူးသေးနေ မြေခွေးအိုတစ်ကောင်ဖြစ်သည်။ သူသည် လျှို့ဝှက်စာရွက်စာတမ်းများကို အိမ်သို့ယူဆောင်လာသော်လည်း ကြိုတင်ကာကွယ်မှုများရှိမည်ဖြစ်သည်။
မုန့်ရှစ်ရွှမ်၏ မျက်နှာသည် ရုတ်တရက် ဖျော့တော့သွားသည်။
ထို့အပြင် သူမ၏ဖြူဖျော့သည့်မျက်နှာက အရာအားလုံးကို သက်သေပြနေသည်။
" အခု မင်းဘာပြောစရာရှိသေးလဲ " ကျုံးပါပါးက ဒေါသတကြီးပြောသည်။
" အဲဒါက လက်ဗွေရာတွေ ရှိနေရင်တောင် အရေးကြီးတဲ့အတွင်းပိုင်း အချက်အလက်များကို သမီး ယူသွားတယ်လို့ မဆိုလိုဘူးလေ။ အဲဒီစာရွက်စာတမ်းကို ရံဖန်ရံခါ လှန်ကြည့်ခဲ့ရုံလေးတင် ။ နှစ်ခုကြား ဒီလိုမျိုး သေချာပေါက် ဆက်စပ်မှုရှိရမှာလား "
ကတ်သီးကတ်သတ်နိုင်သောစကားများပင်။
" မင်းက တကယ်ခေါင်းမာတာပဲ " ကျုံးပါပါးက ဒေါသအလွန်ထွက်သွားသည်။ သူက မုန့်ရှစ်ရွှမ်ကို ဝန်ခံရန် အခွင့်အရေးပေးခဲ့သော်လည်း မုန့်ရှစ်ရွှမ်က ထပ်ခါတလဲလဲ ဆင်ခြေများ ပေးနေသည်။ ထိုအရာက သူ၏ IQ ကို စော်ကားခြင်းသည်လား။
ကျုံးပါပါးက ထရပ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ပြင်းပြင်းထန်ထန် ပစ်ချလိုက်သည်။
လက်ဖက်ရည်ခွက်သည် မုန့်ရှစ်ရွှမ်၏ခြေရင်းနား ပြုတ်ကျပြီး အပိုင်းပိုင်းကွဲသွားသဖြင့် သူမသည် ထိတ်လန့်တကြား ခြေတစ်လှမ်းဆုတ်သွားသည်။
ကျူံပါပါးက မုန့်ရှစ်ရွှမ်ကို လက်ညှိုးထိုးရင်း သူ၏ပုံရိပ်ကို ဂရုမစိုက်ဘဲ ဒေါသတကြီး ကျိန်ဆဲသည်။ " မင်း ငါတို့ ကျုံးမိသားစုကို သတ်ဖို့ ကြိုးစားနေတာ။ ငါတို့ ကျုံးမိသားစုက မင်းကို နှစ်ပေါင်းများစွာ အကြွေးတင်နေသလား။ မင်းက မင်းအမေလို အရှက်ကင်းမဲ့တဲ့သူပဲ ၊နောင်တရ ရကာင်းမှန်းမသိတဲ့ ခွေးမ "
သူသည် လွန်လွန်ကဲကဲ အော်ဟစ်နေသည်။အပြင်လူများရှေ့တွင် အမြဲတမ်း ကြီးကျယ်ခမ်းနားပြီး တည်ငြိမ်နေသော်လည်း ယခုတစ်ကြိမ်မှာ သူတကယ်ပင် ဒေါသဖြစ်နေသည်။ဤကောင်မမုန့်ရှစ်ရွှမ်က လုပ်ခဲ့သည်များကိုသိရပြီး သူတို့ကျုံးမိသားစု၏ နှစ်ရာချီအခြေခံအုတ်မြစ်ကို ဖျက်စီးလုနီးပါးဖြစ်ခဲ့သည်။
အရာအားလုံးသာ ပျက်ဆီးသွားပါက သူ၏ဘိုးဘေးများကို မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။ ကလေးမလေးတစ်ယောက်တူးသည့် တွင်းထဲ ပြုတ်ကျသွားခဲ့သည်ဟူ၍ ပြောရမည်လား။
သူက ယခု မုန့်ရှစ်ရွှန်အား မုန့်ချန်ကို ကြည့်နေသကဲ့သို့ ကြည့်သည်။ ယုတ်မာသော မျက်နှာသည် တစ်ထေရာတည်းပင်။ မုန့်ချန်ကငိုေကြွးခဲ့ပြီး မုန့်ရှစ်ရွှမ်သည်လည်းလည်း ငိုခဲ့သည်။ မုန့်ချန်၏ အိုမင်းသောမျက်နှာက မျက်ရည်များပြည့်နေခဲ့ပြီး မုန့်ရှစ်ရွှမ်၏မျက်နှာမှာ ငယ်ရွယ်မှုများပြည့်နေပေမယ့် သူ၏အမြင်အရ သူတို့အားလုံးက ထပ်တူထပ်မျှ စိတ်အနှောက်အယှက် ရွံရှာဖွယ် ဖြစ်သည်။
မုန့်ရှစ်ရွှမ်က ရှိုက်ကြီးတငင် ငို၏။
ကျုံးပါပါးက " ငါ့မိန်းမက မင်းကို အရင်ပေးခဲ့တဲ့ တိုက်ခန်းနဲ့ ပိုက်ဆံရှိသေးတယ်။ ငါ ချက်ချင်း ပြန်ယူခိုင်းလိုက်မယ်။ ဒါက မင်းပိုင်ဆိုင်တဲ့အရာမဟုတ်ဘူး၊ မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်လို့ရတယ် "
" ဘာပြောလိုက်တာလဲ " မုန့်ရှစ်ရွှမ်က တုန်လှုပ်သွားပြီး မျက်ရည်တွေကျဆင်းလာကာ " သမီး ပါးနဲ့ အတူနေလာတာ ဆယ့်ရှစ်နှစ်ရှိပြီ၊ ပါးမှာ သမီးအတွက် ဘာခံစားချက်မှ မရှိဘူးလား၊ သမီးကို ဒီအတိုင်း နှင်ထုတ်လိုက်ပြီး ကတိပေးထားတဲ့အရာတွေတောင် အခု အားလုံးကို ပြန်ယူနေတယ် "
" မစ္စတာကျုံး၊ မစ္စကျုံး ရှင်တို့ ဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ "
သူမသည် အရမ်းစိတ်ပူနေပြီး ဘာပြောရမည်မှန်းမသိတော့ဘဲ သူတို့ကို မိဘတွေကို ဟုခေါ်ခြင်းကို ရပ်တန့်လိုက်သည်။
ကျုံးမာမားသည် ယခုအခါတွင် သူမ၏ နှလုံးသားထဲ၌ ကမောက်ကမ ဖြစ်နေခြင်းကိုသာ ခံစားရသည်။ မုန့်ရှစ်ရွှမ်သည် ထိုသို့သော မိန်းကလေးတစ်ဦး ဖြစ်လာသည်။ သူမလိုချင်သော အကျိုးကျေးဇူးများကို မရသောအခါတွင် ဒေါသထွက်လာပြီး အမြီးကို ထုတ်ဖော်လိုက်သည်။
ဤလူကို အဘယ့်ကြောင့် ယခင်က ထိုးသွင်းမမြင်နိုင်ခဲ့ရသနည်း။
" ငါတို့ မင်းကို ဆယ့်ရှစ်နှစ်ကြာ ပျိုးထောင်လာခဲ့ပြီးပြီ။ အပြင်လူတစ်ယောက်မင်းကို ငါတို့ ဆယ့်ရှစ်နှစ်လောက် ပြုစုပျိုးထောင်ခဲ့တယ်။ ငါတို့ ကိုယ့်သမီးလေးကိုတောင် မင်းအတွက် လျစ်လျူရှုထားခဲ့တာ မလုံလောက်သေးဘူးလား။ အခုထိ မကျေနပ်နိုင်ဘူးလား " ကျုံးမာမားက လှောင်ပြောင်သည်။
မုန့်ရှစ်ရွှမ်သည် သူမပါးစပ်ကိုဖွင့်ကာ ရက်စက်ကြမ်းကြုတ်သော ကျုံးမာမားကို မယုံနိုင်စွာ ကြည့်လိုက်သည်။
ကျုံးပါပါးက မုန့်ရှစ်ရွှမ်ရှေ့သို့ နောက်ထပ်စာရွက်တစ်ရွက်ကို ပစ်ချလိုက်ပြီး သူ၏ဘေးနားက လက်ထောက်ကို ပြောလိုက်သည်။ "လက်မှတ်ထိုးခိုင်းလိုက် "
" ဒါကဘာလဲ " မုန့်ရှစ်ရွှမ်က အော်တယ်။
၎င်းသည် ကျုံးမိသားစုမှ သူမကို ပြောင်းရွှေ့သော အိမ်ထောင်စုစာရင်းစာအုပ်ဖြစ်လာပြီး ရှေ့လျှောက် ကျုံးမိသားစုနှင့် ပက်သက်မှုရှိမည်မဟုတ်ချေ။ လက်မှတ်ထိုးပြီးသည်နှင့် သူမသည် ကျုံးမိသားစုနှင့် လုံး၀ မသက်ဆိုင်တော့ချေ။ လွန်ခဲ့သော ဆယ့်ရှစ်နှစ်တာကာလအတွင်း ဤအိမ်ကြီးရှိ ဘဝခြေရာများအားလုံးကို ဖျက်ပစ်ခံရမည်။
ကျုံးမိသားစုသည် ပိုင်ဆိုင်မှုနှင့် ပိုက်ဆံများကို ပြန်ယူရုံသာမက သူမ၏ကျူရှင်ခကိုလည်း မပေးပေ။
အရာအားလုံး တကယ်ပင် ဆုံးရှုံးသွားလေပြီ။
မုန့်ရှစ်ရွှမ်သည် သူမ၏ နောက်ဆုံး အသက်ကယ်ကောက်ရိုးကို ဖယ်ထုတ်ခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ သူမ ရုတ်တရက် ရူးသွားကာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားပြီး တုန်တုန်ယင်ယင်ဖြစ်နေသည်။
စာရွက်ကိုကိုင်ပြီး အပိုင်းပိုင်း ဖြဲပစ်ချင်သော်လည်း မတတ်နိုင်ခဲ့ချေ။
' ဘာလို့လဲ ၊ တစ်ချိန်က သူမပိုင်ဆိုင်သမျှ အရာအားလုံး ဘာလို့ ဆုံးရှုံးခဲ့ရတာလဲ။ သူမမှာရှိသမျှ အရာအားလုံးကို ကျုံးယို့ယို့က လုယူသွားခဲ့တယ် '
" ကျုံးယို့ယို့အတွက်မဟုတ်ရင် ကျွန်မကိုဒီလိုလုပ်ကြမှာလား " သူမက ရှိုက်ငို၏ ။
"မင်း အခု ငါ့အစ်မကို အပြစ်တင်နေသေးလား " ကျုံးရှီယို့က သူ့ရှေ့ကလူကို မယုံကြည်နိုင်စွာ ကြည့်နေလိုက်ပြီး "မင်းကို အခုဒီလိုဖြစ်အောင် လုပ်လိုက်တာ ငါ့အစ်မလား၊ငါ့အစ်မက မင်းကို သတ်ဖို့လုပ်လို့လား၊ သူမ မင်းကို နာကျင်စေဖူးလား။ ဒါတွေအားလုံးက ဘာလဲ၊ ဒါတွေအားလုံးက ငါ့အစ်မ ပိုင်ဆိုင်တာတွေ၊ မင်းက သူမဆီကနေ အကြိမ်ကြိမ် လုယူဖို့ ကြိုးစားနေတာ၊ မင်းဆီက သူမ ဘာတွေခိုးယူခဲ့လို့လဲ "
" ဒါတွေအားလုံး မင်းပိုင်လို့လား။ ဒီအရာတွေအားလုံးကို ဘယ်တုန်းကမှ မင်းမပိုင်ဆိုင်ဘူး "
" အစကတော့ ငါတို့မိသားစုက မင်းကို ဆယ့်ရှစ်နှစ်လောက် ကြင်နာသနားပြီး မင်းအတွက် လည်း ခံစားချက်တွေရှိတယ်။ ဒါပေမယ့် မင်းနဲ့ မင်းအမေက အဆင့်ဆင့် ဖျက်ဆီးခဲ့တာ။ မင်းအပြစ်ဆိုချင်ရင် မင်းအမေကို ဒါမှမဟုတ် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်ပါ "
" ကောင်းပြီ " ကျုံးပါပါးက ဤမိန်းကလေးကို သူ့အိမ်မှာ စက္ကန့်ဝက်လောက်ပင် ကြာအောင်မနေစေချင်ပေ။ ဤစာရွက်စာတမ်းကို လက်မှတ်ထိုးပြီး ကျုံးမိသားစု၏ ပိုင်ဆိုင်မှုကို ပြန်ယူရန် ခေါ်လိုက်ခြင်းဖြစ်သည် ။ ဤမိန်းမသည် သူတို့ ကျုံးမိသားစု၏ပိုင်ဆိုင်မှုနှင့်ငွေများကို ရရှိရန် မထိုက်တန်ချေ။
ကျန်သည့်အရာများအတွက် ရှေ့နေနှင့် ကိုင်တွယ်ရန် ထားရှိလိုက်မည်။
အစေခံနှစ်ယောက်က တုန်ယင်နေသော မုန့်ရှစ်ရွှမ်ကို သယ်ထုတ်လိုက်သည် ။ မုန့်ရှစ်ရွှမ်၏ မျက်နှာသည် လူသေလို ဖြူဖျော့သွားကာ မျက်ရည်များ အလိုလို စီးကျလာသည်။
သူမ၏ နှလုံးသားထဲမှ မုန်းတီးမှုသည် မကြုံစဖူးဖြစ်ပြီး ကျုံးမိသားစုရှိ လူအားလုံးကို မီးဖြင့် မီးရှို့ရန် သူမအား တွန်းအားပေးနေသည်။
အခု သူမ၌ ဘာမှမရှိပေ...
……
လှေကားထစ်များရောက်သောအခါ မှင်တက်ကာ လဲကျလုနီးပါးဖြစ်သော်လည်း အစေခံတစ်ဦးမှ လျင်မြန်စွာ ကူညီပေးသည်။
အခု သူမမှာ ဘာမှမရှိချေ...
မုန့်ရှစ်ရွှမ်သည် သူမ၏ သွားများကို အံကြိတ်ကာ ကျုံးမိသားစုသည် ဤမျှရက်စက်နိုင်သည်ကို သူမ မယုံနိုင်ပေ။ သူမ ဤမျှခန့် အလွန်ပိန်ပါးနေပြီး ခြေကျဥ်း၀တ်လိမ်သွားသည်ကိုပင် ဂရုမစိုက်ပေ။
သူမသည် အစေခံကို ရိုးရှင်းစွာ တွန်းထုတ်လိုက်ကာ ခြေထောက်ကို ထိမိ၍ အော်ဟစ်ပြီး ကျုံးမိသားစု အိမ်ကြီး၏ အဝင်ဝတွင် မြင့်မားသော လှေကားထစ်များပေါ် လှိမ့်ချလိုက်သည်။
အားလုံးက ကူကယ်ရာမဲ့ ကြည့်နေကြသည်။ "..."
သူမ တွန်းဖယ်လိုက်သော အစေခံနှစ်ယောက်သည် သူမ လဲကျရာမှ ဒူးများ သွေးထွက်နေသည်ကို မြင်လိုက်ကြပြီး ခဏတာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
အပြင်မှ ယာဉ်မောင်းသည် နာကျင်စွာ ဒူးကို ဆုပ်ကိုင်ထားသည့် မုန့်ရှစ်ရွှမ်ကို တုံ့ဆိုင်းစွာ ကြည့်ကာ " ဥက္ကဌကျုံး၊ ကျွန်တော် ဘာလုပ်ရမလဲ " ဟု မေးသည်။
ကျုံးပါပါးသည် အလွန်စိတ်တိုနေသည်။ " ၁၂၀ ကိုသာခေါ်လိုက်၊ သူမကို ၁၂၀နဲ့ မြန်မြန် သယ်သွားခိုင်းလိုက် "
ကျုံးမာမားပင်လျှင် လုံးဝ ဂရုမစိုက်ချေ။
ကျုံးရှီယို့သည် ယခုအခါ သူမ၏ အရည်အချင်းများကို ဖော်ထုတ်နိုင်စွမ်း အပြည့်ရှိနေပြီး သူမက လက်ဖက်စိမ်းမဟူ၍ ခံစားမိသည်။ မုန့်ရှစ်ရွှမ်သည် ဤလှေကားများတွင် ဆယ့်ရှစ်နှစ်ကြာ လျှောက်လှမ်းလာခဲ့ပြီး တစ်ခါမှ မပြုတ်ကျခဲ့ပေ။ ယနေ့ သူမ ဘာကြောင့် ရုတ်တရက် လဲကျသွားသနည်း။
သူသည် လက်ထဲတွင် ကျောက်ပတ်တီးနှင့် လျှောက်လာကာ အေးစက်စွာ လှောင်ပြောင်ရင်း " ဒီမိန်းကလေးက ဟန်ဆောင်တာ အရမ်းကောင်းတယ်၊ ဘာလို့ နပန်းသင်တန်းတက်ဖို့ စာရင်းမသွင်းတာလဲ "
မုန့်ရှစ်ရွှမ် "……"
xxxxxx