အပိုင်း ၁၂၂
Viewers 30k

🍵Chapter 122

-“မင်းကဒါနဲ့အရမ်းလှတယ်-2



အံ့ဩစရာကောင်းသည်မှာ သူပြောလိုက်မိသည်ကို ပြန်မပြင်ရသေးခင်မှာဘဲ ထုံရွှယ်လူ၏အပြုံးကတောက်ပလာ၏။


“ရှင်ဒီလို စကားချိုချိုလေးတွေပြောတတ်ဖို့ ဘယ်ကသင်ခဲ့တာလဲ၊ အထဲဝင်ခဲ့လေ ကျွန်မ အချိုပွဲလေးတွေလုပ်ထားတယ်”


ဝမ်ရူကွေ့က သူမနောက်မှလိုက်လာကာ အလွန်ဦးနှောက်ခြောက်သွားသည်။


အဲ့ဒါဆို မိန်းမတွေက သူတို့မျက်နှာကို ကြီးတယ်ဘဲပြောပြော၊ သေးတယ်ဘဲပြောပြော စိတ်ကျေနပ်ကြတာလား။


ဒါဆို အနာဂတ်မှာ ဘာပြောတာကအမှန်လဲ။


ဒီနေ့က ကျိုးရန်ကောင်မလေး၏မွေးနေ့ဖြစ်သည်။


သူကအိပ်ရာစောစောထကာ ပြင်ဆင်အဝတ်စားလဲပြီးနောက် လက်ဆောင်နှင့်သရေစာများကိုယူကာ သူ့ကောင်မလေးအိမ်သို့သွားလိုက်သည်။


သူ့ကိုမြင်သောအခါ မိန်းကလေးဘက်မှမိသားစုဝင်များ ပျော်သွားကြ၏။

“ကျိုးရန်ရောက်လာပြီဘဲ၊ လာ မြန်မြန်အထဲဝင် ရှောင်းယွင်က အထဲမှာစောင့်နေတယ်”


ကျိုးရန်က သူယူလာသောမုန့်များကို လျင်မြန်စွာလက်လွှဲပေးပြီး ကမ္ဘာ့အကောင်းဆုံးသော သမက်လောင်းပုံစံကို ဆောင်ထားလိုက်သည်။


ဆူညံသံများကိုကြားသောအခါ သူ့ကောင်မလေးရှောင်းယွင်ကလည်း အပြင်သို့ထွက်လာ၏။


ဒီနေ့က သူမမွေးနေ့ဖြစ်သဖြင့် အင်္ကျီသစ်များကို ဝတ်ကာ ကျစ်ဆံမြီးကျစ်ထား၏။ သူမနဖူးက ရှင်းလင်းနေသဖြင့် သူမမျက်နှာက သာမာန်ထပ်ပိုကြီးနေပုံပေါ်ပေသည်။


ထိုသည်ကိုမြင်သောအခါ ကျိုးရန်၏မျက်လုံးများက အရောင်တောက်သွားသည်။ သူက သူမအတွက်ယူလာသောမွေးနေ့လက်ဆောင်ကိုကိုင်ကာ လျင်မြန်စွာလျှောက်သွားပြီး ချီးကျူးလိုက်သည်။

“ရှောင်းယွင် မင်းဒီဝတ်စုံနဲ့ အရမ်းလှနေတယ်”


ဝမ်ရှောင်းယွင်က ရှက်သွေးဖြာသွားသည်။ သူမက သဘောကျစွာတစ်ချက်ကြည့်လာ၏။

“အို တော်စမ်းပါရှင် အနားမှာ အခြားလူတွေရှိနေတာကို”


သူ့ကောင်မလေး၏မျက်နှာပေါ်မှ ရှက်ရွံ့နေသော ပုံစံကိုမြင်သောအခါ ကျိုးရန်က သူမရင်ထဲတွင်ကြိတ်ပျော်နေသည်ကို သိသွားသည်။


ဟွမ်ချီမင်၏နည်းလမ်းများက အလွန်အသုံးဝင်သားဘဲဟု သူခံစားမိသွားသည်။


ဝမ်မိသားစုဝင်အားလုံးက လူဆုံသွားသည်ကို မြင်သောအခါ သူကလည်ချောင်းရှင်းပြီး ကျယ်လောင်စွာပြောလိုက်သည်။


“ရှောင်းယွင် မင်းမျက်နှာက အရမ်းကြီးတာဘဲ အဲ့ဒါကအင်တုံကြီးလောက်ကို ကြီးတာ”


လူတိုင်း “……”

ပတ်ဝန်းကျင်က အချိန်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။


ဝမ်ရှောင်းယွင်၏မျက်နှာက နီရဲလာသည်။ သူမက ခြေထောက်မြှောက်ကာ  ကျိုးရန်၏ညှို့သကျည်းကို ကန်လိုက်သည်။

“ကျိုးရန် နင်သေလိုက်တော့”


ကျိုးရန်က သူ့ခြေထောက်ကိုကိုင်ကာ ပင့်သက်ရှိုက်လိုက်ရပြီး ဝမ်ရှောင်းယွင်အိမ်ထဲသို့ ပြန်ပြေးဝင်သွားသည်ကို ကြည့်နေရသည်။


သူကခေါင်းရှုပ်သွားကာ တစ်ချိန်တည်းတွင် အနိုင်ကျင့်ခံလိုက်ရသလို ခံစားမိသွား၏။


သူက သူမမျက်နှာကို ကြီးတယ်လို့တောင် ပြောပြီးပြီလေ၊ သူမကဘာလို့ မပျော်သေးတာလဲ။


***


သကြားခဲ၊ စွံပလွံသီး ၊ ကျောက်ပွင့်တို့ဖြင့်လုပ်ထားသော အချိုပွဲသည် ယင်ယန်မျှတမှုကိုဖြစ်စေကာ ခြောက်သွေ့မှုကိုသက်သာစေ၏။  ၎င်းက ဆောင်းလယ်လိုကာလမျိုးတွင် ရွေးချယ်သင့်သော အချိုပွဲဖြစ်သည်။


ဝမ်ရူကွေ့ ကျောက်ပွင့်အချိုပွဲကို တစ်ဇွန်းခပ်သောက်ကြည့်ရာ အချိုဓာတ်က ပါးစပ်မှ ရင်ထဲအထိပျံ့နှံ့သွားသည်။


အဖိုးဝမ်အတွက် ပြန်ယူသွားရန်ကိုမူ သူ့စိတ်ထဲတောင် မပေါ်လာပေ။


အချိုပွဲကိုစားပြီးသောအခါ သူတို့နှစ်ယောက်က စက်ဘီးဖြင့် ထွက်လာကြသည်။


အိမ်တံခါးပိတ်သွားသောအခါ ထုံကျားရှင်းက လျင်မြန်စွာပင် စာကြည့်ခန်းထဲမှ ထွက်လာပြီး တံခါးဘက်ကိုချောင်းကြည့်ပြီးမှ အထဲသို့ပြန်ပြေးဝင်သွားသည်။


“ဒုတိယအကို အစ်မကြီးက အသ်ကိုကြီးရူကွေ့နဲ့ တွဲနေတယ်လို့ မထင်ဘူးလား”


ထုံကျားမင်က ပုံနှိပ်စာအုပ်ကိုဘဲ စိုက်ကြည့်နေကာ ဘာမှပြန်မပြောပေ။


ထုံကျားမင်ကဘာမှပြန်မပြောသည်ကိုမြင်သောအခါ ထုံကျားရှင်းက ခေါင်းကုတ်လိုက်သည်။

“သူတို့တွဲနေတာ ဖြစ်ဖို့များတယ်၊ ကျွန်တော်တို့ကျောင်းက ဆရာမတွေဆိုလဲ အမြဲတမ်းသွားချိန်းတွေ့နေကြတာ”


နောက်ဆုံးတွင် ထုံကျားမင်က စကား‌ပြန်ပြောလာ၏။

“မင်းရဲ့အိမ်စာကိုသာ ပြီးအောင်လုပ်လိုက်စမ်းပါ၊ ပြီးတော့ ဒီကိစ္စကို အပြင်ဘက်မှာ ဘာတစ်ခုမှမပြောမိစေနဲ့”


ထုံကျားမင်က ထုံကျားရှင်းထက်နှစ်နှစ်သာကြီးသော်လည်း သူကအရွယ်ရောက်နေသည့်လူငယ်တစ်ယောက်လိုဖြစ်နေပြီဖြစ်သည်။


တစ်ဖက်ရှိ ထုံကျားရှင်းကမူ ကလေးသာရှိသေးကာ ကလေးဆန်ရာ၌ ထိန်းမနိုင်သိမ်းမရပင်။ ထုံမျန်မျန်တောင်မှ သူ့ထက်ပိုပြီး ရင့်ကျက်၏။


ထုံကျားရှင်းက သူအိမ်စာဆက်လုပ်ရမည်ကိုကြားသောအခါ သူ့မျက်နှာကြီးက မှုန်ကုပ်သွားသည်။


အိမ်တံခါးပိတ်ပြီးသည့်နောက် ထုံရွှယ်လူက ဝမ်ရူကွေ့ကိုကြည့်ကာ မေးလာ၏။

“ကျွန်မတို့ ဘယ်သွားကြမှာလဲ”


ဝမ်ရူကွေ့က အလျင်အမြန်ပင် လက်မှတ်အထပ်လိုက်ကြီးနှင့် ရုပ်ရှင်လက်မှတ်နှစ်စောင်ကို ထုတ်ပြလာသည်။


“ကိုယ့်ဆီမှာ ရုပ်ရှင်လက်မှတ်နှစ်စောင်တော့ရှိတယ်၊ မင်းကြည့်ချင်ရင် ရုပ်ရှင်ရုံသွားကြမယ်၊ ကုန်တိုက်ကိုသွားချင်တယ်ဆိုရင်လည်း ကိုယ်လက်မှတ်တွေယူလာတယ်၊ မင်းလိုချင်တာမှန်သမျှဝယ်လို့ရတယ်”


သူက ကုန်ကျငွေနဲ့ ‌လက်မှတ်တွေ အကုန်ခံမယ်ပေါ့။

ဘုရားရေ။။။။။။


သူကတကယ်ကို ကောင်းကောင်းပြင်ဆင်လာတာဘဲ၊ ထုံရွှယ်လူကအမှန်ပင် သူ့ကို အထင်သေးခဲ့မိသည်။


သူမက ဝမ်ရူကွေ့တစ်ယောက် ‘ကိုယ်လည်းမသိဘူး မင်းဘာလုပ်ချင်လဲ’ဟူသောမေးခွန်းမျိုးမေးမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။


အခုတော့ ကြည့်ရတာ သူမလာခင် အိမ်စာကောင်းကောင်းလုပ်ခဲ့တဲ့ပုံဘဲ။


ထုံရွှယ်လူက ပြုံးလိုက်သည်။

“ဒါဆိုရင်လည်း ကျွန်မတို့ရုပ်ရှင်သွားကြည့်ရအောင်”


သူမသည် ဤခေတ်ကာလသို့ကူးပြောင်းလာပြီးကတည်းက ရုပ်ရှင်တစ်ခါမှမကြည့်ဖူးသေးပေ။


သူမက ကုန်တိုက်မသွားချင်ပေ။ ဝမ်ရူကွေ့က သူမအတွက် ပစ္စည်းအတော်များများကို ဝယ်ပေးခဲ့ပြီးဖြစ်သည်။ သူ့ကိုထပ်ဝယ်ခိုင်းပါက သူမစိတ်မကောင်းဖြစ်မိလိမ့်မည်။


ဝမ်ရူကွေ့က သူမမျက်လုံးထောင့်နားမှ အနီရောင်မှဲ့လေးကိုကြည့်လိုက်ကာ ရင်ခုန်သံများက တစ်ဖန်စည်းချက်လွဲသွားပြန်သည်။

“ကောင်းပါပြီ”


ဝမ်ရူကွေ့က စက်ဘီးပေါ်တက်ကာ ရုပ်ရှင်ရုံဆီသို့နင်းသွားသည်။


ထုံရွှယ်လူက စက်ဘီးနောက်ခုံမှထိုင်ရသောအခါ ထူးဆန်းသလို ခံစားမိသွားသည်။


အတိတ်တုန်းကဆိုလျှင် သူမက ပြိုင်ကားများကိုစီးရလျှင်တောင်မှ ဘာမှမခံစားခဲ့ရပေ။ သို့သော် စက်ဘီးနောက်ခုံပေါ်မှာ လိုက်စီးတာလေးကတင် သူမကို ချိုမြိန်‌တဲ့ခံစားချက်တွေ ရစေတာလား။


အဲ့ဒါက သူမက ပစ္စည်းတွေပေါ်ဘဲ ခွဲခြားဆက်ဆံတာလား၊ ဒါမှမဟုတ် လူမတူလို့ဘဲလား။


၎င်းက လူမတူ၍ဖြစ်မည်ဟု သူမတွေးလိုက်သည်။


၂၁ရာစုတွင် သူမက ဝမ်ရူကွေ့ကဲ့သို့ ခန့်ညားသည့် သူတစ်ယောက်ကို တွေ့မည်ဆိုပါက စကူတာစီးရလျှင်တောင် သူမပျော်မိလိမ့်မည်။


ထိုသို့ဆိုမှ....အခုခေတ်ကာလတွင် စက်ဘီးတစ်စီးပိုင်သောသူများကို လူချမ်းသာများဟုသတ်‌မှတ်နိုင်ပေသည်။


သူတို့က ရုပ်ရှင်ရုံသို့ရောက်လာကြသည်။


ယခုခေတ်ရုပ်ရှင်ရုံသည် နောက်ပိုင်းကာလများမှ ရုပ်ရှင်ရုံများ၏ ခြေဖျားကိုတောင် မမှီနိုင်သေးပေ။ ၎င်းက လုံးဝကို မျက်စိဖမ်းစားနိုင်စွမ်းမရှိသည့် နှစ်ထပ်အဆောက်အအုံတစ်ခုပင်။


ရုပ်ရှင်ရုံအရှေ့တွင် စာတစ်ကြောင်းရေးထား၏။ ‘ကြီးမြတ်သော အောင်ပွဲအတွက် အတူတကွပေါင်းစည်းကြ’ ဟုရေးထားခြင်းဖြစ်သည်။ ထိုစာကြောင်း၏အပေါ်ဘက်တွင် ခေါင်းစီးစာတန်းတစ်ခုချိတ်ထားပြီး ‘ခေတ်သစ်တော်လှန်ရေးရုပ်ရှင် တောက်ပနေသောကြယ်နီကို မြို့တော်ရုပ်ရှင်ရုံတွင် ပြသပါမည်’ ဟုရေးထား၏။


'တောက်ပနေသောကြယ်နီ' သည် သူတို့ဒီနေ့ကြည့်မည့်ရုပ်ရှင်ဖြစ်သည်။


ယခုကာလတွင် ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် နေရာများကို တင်းကြပ်သောစည်းမျဉ်းများဖြင့် ကန့်သတ်ထားဆဲဖြစ်သည်။ စီးပွားရေးအပြင် ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် နေရာများစသည်တို့ကို နောက်ထပ်နှစ်အနည်းငယ်လောက်ထိ ပေါ်ပေါ်လွင်လွင် ဖော်ပြစေဦးမှာမဟုတ်ပေ။


ထို့ကြောင့် အခုချိန်တွင် ကြည့်နိုင်သော ရုပ်ရှင်ဟူ၍ တူးမြောင်းစစ်ပွဲ၊ မိုင်းတွင်းစစ်ပွဲ သို့မဟုတ် ကျူးကျော်သူများအားတိုက်ခိုက်ခြင်း စသည့်ရုပ်ရှင်များသာရှိသည်။


ရုပ်ရှင်ရုံအပြင်ဘက်တွင် ကုန်ဆိုင်လေးတစ်ခုရှိ၏။


ဝမ်ရူကွေ့က ထိုဆိုင်သို့သွားကာ သရေစာအပုံလိုက်ကြီး ဝယ်လာခဲ့သည်။ မြေပဲပြုတ်၊ အသီးလိပ်၊ ဇီးမှုန့်နှင့် ဟော်သွန်းပြားများ ဝယ်ခဲ့၏။ ထိုအရာများအားလုံးသည် ယခုကာလတွင် လူသိများသော သရေစာများဖြစ်သည်။


သူကပြောရင်းနှင့် သူဝယ်လာသည့် အိတ်၏အောက်ဆုံးမှ ရေဘူးကိုနှိုက်လိုက်သည်။

“ကိုယ် ရေလည်း ဝယ်လာတယ်၊ ရေဆာမှာကို စိုးရိမ်နေစရာမလိုတော့ဘူး”


ဤအချိန်တွင် ထုံရွှယ်လူက သူ၏အချစ်ကို အမှန်ပင် ခံစားမိသွားသည်။


ယောက်ျားတစ်ယောက်သည် စာရွက်ဖြူတစ်ရွက်လို သန့်ရှင်းကာ တည်ငြိမ်နေနိုင်သော်လည်း အတွေးများကမူ မတူပေ။


အကယ်၍ ယောက်ျားတစ်ယောက်က သင့်ကိုဂရုစိုက်ပါက အရိုးရှင်းဆုံးပုံစံဖြင့် သင်နှင့်ပတ်သက်သည့် အရာအားလုံးကို ဂရုစိုက်ပေးလိမ့်မည်။


‘ကိုယ်က မေ့တတ်လို့ပါ' 'အလုပ်များနေလို့'၊ 'မင်းလိုမယ်လို့မထင်လို့ပါ' စသောစကားများသည် ဆင်ခြေများသာဖြစ်သည်။ အဆုံးတွင် သူတို့က သင့်ကိုလုံ‌လုံလောက်လောက်ဂရုမစိုက်ခြင်းသာဖြစ်သည်။


ညနေ၏နေရောင်က သူ့အပေါ်ကျနေကာ သူ့ဆံပင်နှင့် မျက်တောင်များကို ရွှေရောင်ပြောင်းသွားစေ၏။ သူ့တစ်ကိုယ်လုံးက နေရောင်ထဲတွင် ပျော်ဝင်နေကာ လူတစ်ယောက်၏ရင်ကို ဒုန်းစိုင်းခုန်စေနိုင်၏။


ထုံရွှယ်လူကသူ့ကိုစိုက်ကြည့်နေသောအခါ ဝမ်ရူကွေ့က သူမကိုရေဘူးကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည်ဟု ထင်သွားပြီး လျင်မြန်စွာရှင်းပြလာ၏။


“ကိုယ် ရေဘူးကို သေသေချာချာစစ်ပြီးပါပြီ ဘာမှစိုးရိမ်စရာမလိုပါဘူး”


ဘယ်လိုတောင် ရူးအတဲ့ကောင်လေးလဲ။


အဲ့ဒါက သူမကိုစိတ်အနှောင့်အယှက်ပေးနေတယ်လို့ ထင်သွားတာလား။


ထုံရွှယ်လူက ပြုံးကာ သူ့ကိုမျက်‌စိမှိတ်ပြလိုက်သည်။

“ကျွန်မသိပါတယ် ရှင်အဲ့လိုမလုပ်ရင်တောင်မှ ဘာမှမဖြစ်ဘူး.... အဲ့ဒါကိုအရင်သောက်ထားတဲ့သူက ရှင်ဖြစ်နေမယ်ဆိုရင်ပေါ့”


BOOM!

ဝမ်ရူကွေ့၏ပါးများက နီရဲသွားကာ သူ့ရင်ခုန်သံများက ထိန်းချုပ်မရနိုင်သည်အထိဖြစ်လာသည်။


သူမက သူနဲ့ရေတစ်ဘူးထဲ အတူသောက်ရတာကို စိတ်မရှိဘူးတဲ့


ရင်းနှီးတဲ့သူတွေကသာ ရေတစ်ဘူးထဲတူတူသောက်ကြတာလေ။


ထုံရွှယ်လူက သူရှက်သွားသည်ကို မအံ့ဩပေ။ သူမမျက်နှာပေါ်မှ အပြုံးက ပိုပြီးနက်ရှိုင်းလာ၏။


လက်မှတ်စစ်သည့်သူက သူတို့နှစ်ယောက်ကို စိတ်မရှည်တော့ပေ။

“မင်းတို့က အထဲဝင်မှာလား၊ မဝင်ဘူးလား၊ မဝင်ရင်လဲ အပေါက်ဝမှာပိတ်ရပ်မနေနဲ့”


အစိုးရစားသောက်ဆိုင်မှ အလုပ်သမားများကဲ့သို့ပင် အများပြည်သူလမ်းပန်းဆက်သွယ်ရေးအတွက် လက်မှတ်စစ်သူများစသည့် အစိုးရဝန်ထမ်းများအားလုံး မောက်မာသောပုံစံရှိ၏။


ထုံရွှယ်လူက သိပ်မတွေးနေပေ။ ဝမ်ရူကွေ့က သူတို့နှစ်ယောက်အတွက် လက်မှတ်ကိုပေးလိုက်ပြီးနောက် ရုပ်ရှင်ရုံထဲသို့ ဝင်သွားလိုက်သည်။


ရုပ်ရှင်ရုံက အရမ်းမကြီးပေ။ ထိုင်ခုံများကို သစ်သားဖြင့်ပြုလုပ်ထား၏။ ထိုထိုင်ခုံက သေးပြီးမာကြောသဖြင့် ထိုင်ရသည်မှာအလွန်သက်တောင့်သက်သာမရှိပေ။


သို့သော်ငြား ယခုကာလတွင် ရုပ်ရှင်ရုံသွားနိုင်တာကတင် အလွန်အထက်တန်းကျနေပြီဖြစ်ကာ ဇိမ်ခံရသည့် ဖျော်ဖြေရေးတစ်ခုဖြစ်နေ၏။


နောက်ဆုံးတွင် လက်မှတ်လက်မှတ်တစ်စောင်က 0.2ယွမ်ကျသင့်သဖြင့် လူအများက ရုပ်ရှင်ကြည့်ရန်အတွက် ထိုလောက်ပိုက်ဆံကို မပေးလိုကြပေ။


ရုပ်ရှင်က မကြာခင်မှာဘဲ စတင်လာသည်။


ရုပ်ရှင်စစချင်းပင် ထုံရွှယ်လူက ရုပ်ရှင်ထဲမှ အလွန့်အလွန်လူသိများသောသူကို မှတ်မိသွား၏။ ထိုသူက..ဟူဟန်စန်းပင်။


သူမက 21ရာစုမှ အင်တာနက်ဘန်းစကားတစ်ခုကိုပင် အမှတ်ရသွားသည်။

‘ငါ၊ဟူဟန်စန်း ပြန်လာပြီကွ’

သူမက မထိန်းနိုင်ဘဲ ပြုံးလိုက်မိသည်။


ဝမ်ရူကွေ့က ကျကျနနထိုင်နေပြီး အလွန်အာရုံစိုက်ထား၏။ သူက ရုပ်ရှင်ပေါ်မှ တစ်ခေါက်လေးတောင်အကြည့်မလွှဲလာပေ။


ထုံရွှယ်လူက ရုပ်ရှင်ကိုအနည်းငယ်ကြည့်ပြီးနောက် ဝမ်ရူကွေ့ကိုလှည့်ကြည့်လိုက်၏။


သူ့နှာခေါင်းက ရှည်ကာ ဘေးတိုက်မျက်နှာသွင်ပြင် စင်းလုံးချော၊ အပြစ်ပြောစရာမရှိပေ။ ရုပ်ရှင်ထက်စာလျှင် သူ့ကိုကြည့်ရသည်က ပိုစိတ်ဝင်စားစရာကောင်း၏။


ဝမ်ရူကွေ့က ရုပ်‌ရုင်ကိုကြည့်နေတာတောင်မှ ရုပ်ရှင်နှင့် ပတ်သက်သည့်အရာများက သူ့ခေါင်းထဲလုံးဝမရှိနေပေ။