အပိုင်း ၁၅၁
Viewers 14k

Chapter 151




လွန်ခဲ့သောငါးရက်က ကျုံးယို့ယို့သည် ကျုံးကော်ချန်း ၎င်း၏ပြိုင်ဘက် ရှန်းချီနှင့် ရင်ဆိုင်ရန် တရားရုံးမှ ထွက်လာသည်ကို မြင်ခဲ့ရသည်။ သူသည် အနက်ရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး ခြေလှမ်းကျဲကြိီးများဖြင့် လှမ်းကာ သတင်းထောက်များရှေ့တွင် ဂုဏ်ယူစွာ ပြုံးကာ သူ၏ ဆံပင်များကို အနက်ရောင်ဆိုးထားပြီး အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးနှင့် ရန်ဖြစ်ရန် အဆင်သင့်ဖြစ်နေသကဲ့သို့ပင်။


သူက အသက်အရမ်းကြီးသောကြောင့် သင်္ချိုင်းကုန်းကို ရောက်ရတော့မည်ဟု ပြော နေသည်။

 

ကျုံးပါပါးသည် ဖုန်း၏ တစ်ဖက်တွင် တိတ်ဆိတ်နေသောအခါတွင် အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရပြီး ခါးသီးမှုကတ်ကို ကစားရာတွင် အလွန်ဝေးသွားသည်ကို သဘောပေါက်သွားပုံရသည်။


သူသည် အသက်ငါးဆယ်အစောပိုင်းအရွယ်တွင် ကြီးမားသော ရည်မှန်းချက်များ အကောင်အထည်ဖော်နေချိန်ဖြစ်ပြီး ငြိမ်းချမ်းစွာ အနားယူမည်ဟု ပြောခြင်းသည် ချဲ့ကားခြင်းသာ ဖြစ်ပေလိမ့်မည်။


ကျုံးပါပါးက ချောင်းဆိုးပြီး " ဘယ်တော့ လာမှာလဲအချိန်ရှိလား "


ကျုံးယို့ယို့ကပြောသည်။ " ဘာသာပေါင်းစုံစာမေးပွဲပြီးတဲ့အထိ စောင့်အုံး "


ထိုအရာကို ကတိဟု သတ်မှတ်ရနိုင်သည်။ သူ့သမီးနှင့် တစ်နှစ်ကြာတောင် အတူထမင်းမစားခဲ့ရသည့် ကျုံးပါပါးက ဤစကားကြား‌ေသာအခါ အလွန်စိတ်လှုပ်ရှားနေပြီး သန်းတစ်ရာရှာနိုင်သကဲ့သို့ပင် မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျလာသည်။


" ကောင်းပြီ၊ ကောင်းပြီ၊ ပြီးတော့ ချင်းယောင်ရော " ဟု ထပ်ခါတလဲလဲ ပြောသည်။


ချင်းမိသားစုသည် ဤတစ်ကြိမ်တွင် ကျုံးမိသားစုအတွက် ရန်ပုံငွေအမြောက်အမြား ခွဲဝေပေးခဲ့သည်။ ကျုံးမိသားစုသည် ကျုံးယို့ယို့ကို ချင်းမိသားစုနှင့် အမှန်တကယ် မပက်သက်စေချင်သော်လည်း သူဘာမျှ မတတ်နိုင်ပေ။ 


ရန်ပုံငွေများသည် အစုရှယ်ယာပုံစံဖြင့် စီးဆင်းသည်။ ဒါရိုက်တာဘုတ်အဖွဲ့သည် အစည်းအဝေးတစ်ခုကျင်းပပြီးဖြစ်သည်။  ချင်းယောင်က သူ့ကိုမတိုက်တွန်းခဲ့ပေ။ မဟုတ်ပါက လုပ်ထုံးလုပ်နည်းများသည် ယခင်အပတ်လောက်ကတည်းက ပြီးသွားသင့်သည်။ ယခုအချိန်တွင် ချင်းမိသားစုသည်  ကျုံး၏ ရှယ်ယာ ၈၀ရာခိုင်နှုန်း ကို ပိုင်ဆိုင်မည်ဖြစ်ပြီး ချင်းယောင်သည်လည်း ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။


ကျုံးပါပါးသည် သူ၏စိတ်ထဲတွင် စိတ်ပူနေသည်။ ချင်းယောင်သည် ထက်မြက်လွန်းပြီး ကျုံးမိသားစုကို ယခု ဂရုမစိုက်‌ေသာ်လည်း နောင်တွင် ကျုံးနှင့် ကစားလိုမည်ကို သူ ကြောက်ရွံပြီး သတ္တိရှိ‌သော်လည်း ဉာဏ်မရှိသည့် သူ၏သားသည် ပြိုင်ဘက်ဖြစ်မည်မဟုတ်ချေ။


 ဖုန်းချပြီးနောက် ကျုံးပါပါးက သက်ပြင်းချလိုက်သည်။

.....


တနင်္ဂနွေ‌နေ့၊ အပြင်ထွက်လှုပ်ရှားမှု....


ထိုနေ့က ရာသီဥတု သာယာ၍ တောင်ပေါ်ရှိ ပန်းများ၊ အပင်များနှင့် သစ်ပင်များသည် စိမ်းလန်းစိုပြေပြီး လေပြေက လူများကို လန်းဆန်းစေသည်။


ချင်းယောင်က မနက်စောစော ဗီလာကို ကားမောင်းသွားပြီး ကျုံးယို့ယို့က အဖွဲ့လိုက် လှုပ်ရှားမှုတွေကို ရှောင်မနေနိုင်ဘဲ အတန်းက နာမည်တွေခေါ်သည့်အတွက် အတန်းထဲမှသူများနှင့် တောင်အောက်ခြေကနေ စတက်ခဲ့ရသည်။


တစ်ကျောင်းလုံး အတန်းအလိုက်၊ အဆင့်အလိုက် အုပ်သုများခွဲထားပြီး တောင်တန်းများနှင့် လွင်ပြင်များတွင် လူများဖြင့် ပြည့်နေသည်။


အဆိုပါ အပန်းဖြေခရီးတွင်အသက်မွေးပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် အခြားသော တက္ကသိုလ်များမှ ကျောင်းသားများလည်း ရောက်ရှိလာကြပြီး လူတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ယူနီဖောင်းများ ဝတ်ဆင်ကြပြီး မည်သည့်ကျောင်းမှ ကျောင်းသား ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။


သို့သော် ကျုံးယို့ယို့သည် အလွန်ထင်ရှားဆဲဖြစ်သည်။ ရုပ်ရည်လှပပြီး ထူးချွန်သည့်ရှိသူများသည် ၎င်းတို့သွားလေရာရာ၌ ပေါ်လွင်နေသည်။


ယွမ်ယွမ် သူမနှင့် လမ်းလျှောက်လာသောအခါ တခြားကျောင်းက ကောင်လေးတွေက သူမကို သတိထားမိပြီး သူမနှင့် အကြိမ်ကြိမ် စကားစမြည်ပြောကြတယ်။ ယွမ်ယွမ်က အတော်လေးကို ရှက်တတ်ပြီး ဒီလိုစကားပြောတာကို ကောင်းကောင်းမလုပ်နိုင်သည့်အတွက် သူမမျက်နှာက နီရဲလာသည်။


ရွှီရှောင်ယွဲ့သည် ၎င်းကိုမြင်သောအခါ သူမအနည်းငယ်မကျေမနပ်ဖြစ်နေသော်လည်း သူမနောက်မှလိုက်ကာ ကျုံးယို့ယို့ ၏လက်မောင်းကို ဆွဲကိုင်လိုက်သည်။  ရလဒ်အနေနှင့် ရွှီရှောင်ယွဲ့ကို သတိပြုမိရန် အခွင့်အရေးများ တိုးလာသည်။ သိပ်မကြာခင်မှာပဲ အမည်မသိ ကောင်လေးသုံးယောက်က သူမဆီသို့လာပြီးရယ်မောကြသည်။


သူမသည် ရှက်ရွံ့စွာ ပါးများနီမြန်းသွားပြီး ဆံပင်များကို နားရွက်နောက်တွင် ညှပ်ထားကာ သူမကိုယ်သူမ အလွန်ချစ်စရာကောင်းသည်ဟု ခံစားရသည်။


သူမက ပါးစပ်ကိုလည်း ဖုံးကာ ပြုံးလိုက်သည်။  စာသင်ခန်းထဲမှာ သူမ ပါးစပ်ဟကာ မည်သို့ ရယ်မောသည်ကို ဘုရားသခင်သာလျှင် သိမည်။


ကျုံးယို့ယို့က ထိုအရာကိုမြင်ပြီး အတော်လေး ထိတ်လန့်သွားသည်။


ကျုံးယို့ယို့က သူမကို ရယ်နေသည်ကိုမြင်တော့ ရွှီရှောင်ယွဲ့လည်း ရှက်ပြီး အသံတိုးတိုးနှင့် " နင်ဘာလို့ရယ်နေတာလဲ ။ နင့်မှာ ရည်းစားရှိတယ်၊ နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေခဲ့တဲ့ တခြားသူတွေရဲ့ ဝမ်းနည်းမှုကို နင်မသိဘူး။ အထက်တန်းကျောင်းက ပြီးတော့မယ်၊ အချစ်နဲ့ပတ်သက်လာရင် ငါ အစပြုတာ ဘာမှားလို့လဲ "


 " ဘာမှမဟုတ်ပါဘူး ဆက်လုပ် " ကျံးယို့ယို့က အပြုံးမပျက်ပေ။


တောင်တက်လှုပ်ရှားမှုအစမှာ ရယ်မောရင်း စကားစမြည်ပြောရင်း လေနုအေးတွေဖွဲဖွဲကျနေကာ အလွန်သာယာသည်။  နောက် ဌာနမှူးက တခြားကျောင်းနှစ်ကျောင်းလည်း လာနေသည်ကို တွေ့လိုက်ရကာ အတန်းတစ်ဒါဇင်ကျော်ကြား အသံချဲ့စက်ဖြင့် ရုတ်တရက် အော်ပြောပြီး တောင်ထိပ်သို့ အရင်ရောက်ကာ အလံတိုင်ကို ကိုင်နိုင်သည့်  အတန်းကို ဂုဏ်ပြုလက်မှတ်ပေးမည်ဟု ပြောလာသည်။


အထက်တန်းကျောင်းနောက်ဆုံးနှစ် စာသင်နှက ကုန်ဆုံးသွားလေပြီး ကောင်မလေးတွေက ဤအရာနှင့် ပတ်သက်ပြီး ညည်းညူနေကြပေမယ့် ယောက်ျားလေးတွေက ရုတ်တရက် ရန်လိုစိတ်ပြင်းပြပြီး မြန်မြန်တက်ကြသည် ။


အခန်း (၁၉) ၏ ဦးဆောင်သူသည် နောက်တန်းရှိ ရှစ်ယိမုန့်တို့ယောက်ျားလေးများဖြစ်သည်။ ၎င်းတို့သည်  အရပ်ရှည်ကာ ကျားများကဲ့သို့ သန်မာကြပြီး ရုတ်တရက် ပပျောက်ကွယ်သွားကြသည်။


ရန်ကျီအန်းနှင့် ပြိုင်ပွဲဆိုင်ရာအတန်းထဲက ကောင်လေးများက သူတို့နောက်၌ ကျန်နေကြသည်။ သူတို့သည်လည်း ယောင်္ကျားလေးများဖြစ်ကြသော်လည်း ထိပ်တန်းကျောင်းသားတွေ၏ ကာယကြံ့ခိုင်မှုက ဘတ်စကတ်ဘောကစားသည့်ကောင်လေးများလောက် မကောင်းပေ။မိန်းကလေးအများစုက နောက်တန်းမှာ ရှိကြ၏


ဌာနမှူးက ယောက်ျားလေးတွေနှင့် မိန်းကလေးတွေ အချင်းချင်း စကားစမြည်ပြောနေသည်ကို မြင်ပြီး ဤနည်းလမ်းကို သုံးကာ ခွဲခဲ့သည်။


ကောင်လေးတွေက ရွှီရှောင်ယွဲ့နှင့် စကားနည်းနည်းပြောပြီး အော်ဟစ်ကာ မရပ်နိုင်ဘဲ အသက်ရှုသွင်း၍ ပြေးသွားကြသည်။ ဤအသက်အရွယ် ဆယ်ကျော်သက်တွေသည် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ပြီး ထိပ်ဆုံးကိုတက်ဖို့က ချစ်သူရည်းစားရှာသည်ထက် ပိုအရေးကြီးသည်။


ကျုံးယို့ယို့၏ သက်လုံသည် မိန်းကလေးများကြားတွင် အကောင်းဆုံးဟု ယူဆရပြီး သူမသည် ပို၍နူးညံ့သိမ်မွေ့သော ရွှီရှောင်ယွဲ့နှင့် အခြားသူများကို ချန်ထားခဲ့ပြီး တောင်အလယ်သို့ရောက်သောအခါတွင် သူမသည် လည်း မတက်နိုင်တော့ပေ။ ခုံတန်းလျားတစ်ခုပေါ်မှာ လဲ‌ေလျာင်း၍ လေးလံသော ခြေထောက်များကို နှိပ်နယ်နေသည်။


ယွမ်ယွမ်သည် ချွေးများ စီးကျကာ သူမဘေးတွင် လှဲလျောင်းနေကာ မောပန်းလွန်းသဖြင့် အသက်ရှူမဝသလို ခံစားလိုက်ရသည်။

 

" ကျောင်းက ငါတို့ကို ဘယ်လိုလုပ် ဒီလိုပြင်ပလှုပ်ရှားမှုလုပ်စေတာလဲ။  ဒါက မာရသွန်တစ်ခုပဲ။ ငါတို့ကို သေစေချင်နေတာ "


အမှန်တကယ်ပင် သူတို့၏ ခေါင်းမာသော ဆရာသည် အကြံတစ်ခုပြီးတစ်ခု ထွက်ပေါ်သည်။

 

သူတို့နှစ်ဦး ခေတ္တအနားယူခါနီးတွင် ရှီးယွိချီက သူတို့အား တွေ့လိုက်ကာ အံ့အားသင့်စွာဖြင့် သူတို့ဆီသို့ ချက်ချင်း လျှောက်လာသည်။


ကျုံးယို့ယို့သည် ရှီးယွိချီ၏ အတန်းသို့ သူမသင်ခန်းစာများ သင်ကြားပြီး မပျော်မရွှင်အဆုံးသတ်သွားကတည်းက ရှီးယွိချီသည် ကျုံးယို့ယို့ကို မတွေ့ရသည်မှာကြာပြီဖြစ်သည်။  အဓိက အကြောင်းအရင်းက သူမ စာကျက်ရင်း အလုပ်များနေခဲ့ပြီး  ရှီးယွိချီသည် ယခု လမ်းကြောင်းမှန်ကို လျှောက်လှမ်း‌ေနသည် ။ ယနေ့၌ သူမ၏ဆံပင်တွေကို သပ်ရပ်သည့် မြင်းမြှီးစတိုင် ချည်နှောင်ထားပြီး ကျောင်းဝတ်စုံကို ၀တ်ဆင်ထားသည်။ ပထမအကြည့်တစ်ချက်၌ သူမဟသည် ကျောင်းသားကောင်းတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။


 " ယို့ယို့ နင့်ကျောင်းက​ရော ဒီမှာလား "


ကျုံးယို့ယြိုက "ဟုတ်တယ် အရမ်းပင်ပန်းနေလို့ အနားယူနေတာ "


ရှီးယွိချီသည် တိုက်ခိုက်ရာ၌ အထူးကောင်းမွန်သောကြောင့် သူမ မပင်ပန်းမည်မှာ သေချာသည်။ သူမက "နင့်ကို သယ်ပေးစေချင်လား "ဟု နောက်ပြောင်လိုက်သည်။


ကျုံးယို့ယို့သည် သူမအား များစွာ ကူညီပေးခဲ့သည်။ ဤအဆင့်သို့ လမ်းညွှန်ပေးသော ဘဝလမ်းညွှန်သူဖြစ်သည် ဟုဆိုခြင်းသည် ချဲ့ကားခြင်းမဟုတ်ပေ။  ကျုံးယို့ယို့ကိုလည်း တစ်ခုခုပြန်ပေးချင်ပေမယ့် သေသေချာချာစဉ်းစားပြီးနောက် ဘာမှမတတ်နိုင်ခဲ့ချေ။


ရှီးယွိချီက အလွန်ရိုးသားစစ်မှန်သည့်အတွက် ကျုံးယို့ယို့က အနည်းငယ် အံ့သြသွားသည်။ သူမက ရယ်မောလိုက်ပြီး 


" အားနည်းတဲ့ နင့်ကိုယ်နဲ့ ငါ့ကို ဘယ်လို သယ်သွားမှာလဲ။ ငါ့ကိုယ်အလေးချိန်က  ၅၄ကီလိုရှိတယ် "


သူစကားမဆုံးခင်မှာ အခြားတစ်ယောက်ရောက်လာပြီး ကျုံးယို့ယို့ရှေ့မှာ ပြောစရာတစ်ခုခုရှိသကဲ့သို့ ရပ်နေသည်။


ကျုံးယို့ယို့မော့ကြည့်လိုက်သောအခါ ထိုနေ့တွင် သူမအား မေးခွန်းထုတ်နေခဲ့သည့် ရှောင်းမိန်ဖြစ်နေသည်။


ကျုံးယို့ယို့ကို ရှောင်းမိန်တွေ့သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။  အဓိက က ပြိုင်ပွဲမှာ သူမအမြဲလေးစားရသည့် နတ်ဘုရားက ကျုံးယို့ယို့ဟု မထင်ထားခဲ့ခြင်းကြောင့်ဖြစ်သည်။ သူမသာ စောစောက သိခဲ့လျှင် ရန်စခဲ့မှာမဟုတ်ဘဲ ထကာ သူမပေါင်ကို ဖက်ခဲ့မည်ဖြစ်သည်။


ရှီးယွိချီသည် ယခု သူတို့အတန်းတွင် နံပါတ်တစ်ကျောင်းသားဖြစ်လာသည်ကိုမြင်လိုက်ရသောအခါ ရှောင်းမိန်သည် အလွန်နောင်တရလာသည်။ သူမသည် ယခုအချိန်တွင် ရှက်နေမိပြီး ထိုနေ့ကအမှတ်တရများသည် မှေးမှိန်သွားပုံမပေါ်ပေ။ ကျုံးယို့ယို့နှင့်တွေ့ဆုံစဉ် ထိုမုန်းတီးမှုနှင့် အရှက်ရမှုခံစားချက်က ပြန်ပေါ်လာသည်။


ကျုံးယို့ယို့နှင့် ရှီးယွိချီတို့နှစ်ဦးစလုံးသည် ထိုကိစ္စကို မပြောရန် တိတ်တဆိတ် သဘောတူခဲ့ကြသည်။


သို့သော် ရှောင်းမိန်က အစပြုလာသည်။ သူမလက်ထဲက ရေခဲမုန့်ကို ချီတုံချတုံ လမ်း‌ပေးလိုက်ပြီး " ကျုံးယို့ယို့ ငါ နင်ဘာအရသာ ကြိုက်လဲမသိဘူး၊ အဲဒါကြောင့် စတော်ဘယ်ရီ အရသာ ဝယ်ခဲ့တယ်၊ ပြီးခဲ့တဲ့အခေါက်က ဖြစ်သွားခဲ့တာအတွက် တောင်းပန်ပါတယ် ၊ တကယ်တောင်းပန်ပါတယ် "


ကျုံးယို့ယို့သည် သူမကို စိုက်ကြည့်ပြီးနောက် ရှီးယွိချီကို ကြည့်လိုက်ပြီး ရှောင်းမိန်သည် အတိတ်တွင် များစွာပြောင်းလဲသွားသည်ကို သဘောပေါက်သွားသည်။ ရှီးယွိချီထံမှ သူမ သင်ယူခဲ့ပုံရသည်။ ဆံပင်ကို ညှပ်လိုက်ပြီး ပြတ်သားသော ဘိုဆံပင်ပုံစံကို ချန်ထားသည်။


ထိုအရာက သူမရှေ့ကို လျှောက်လာခဲ့ပေမယ့် တွေ့တွေ့ချင်း မမှတ်မိရသည့် အကြောင်းရင်းဖြစ်သည်။


အသက်မွေးဝမ်းပညာအထက်တန်းကျောင်းမှ ညီအစ်မငယ်များသည် လွန်စွာပြောင်းလဲသွားကြသည်။


" နင့်ရဲ့တောင်းပန်မှုကို ငါလက်ခံပါတယ် " 


ကျုံးယို့ယို့က ရှောင်းမိန်၏ ရေခဲမုန့်ကို ရက်ရက်ရောရော ယူသွားပြီး ပြောလိုက်သည်


 " အဲ့ဒါက ဘာမှ မဖြစ်ပါဘူး၊ အနာဂတ်မှာ သာ အရမ်းစိတ်လိုက်မာန်ပါမလုပ်နဲ့ " 


ရှောင်းမိန်အမြန်ခေါင်းညိတ်လိုက်သည်။  သူမ၏ ပြင်းထန်သည့်ဒေါသကြောင့် လူ့အဖွဲ့အစည်းမှာ ကျိန်းသေပေါက် ဒုက္ခရောက်မယ်ဆိုသည်ကို ယခင်က နားမလည်ခဲ့သော်လည်း ကျုံးယို့ယို့၏ ထိုးနက်ချက်ကို ခံရပြီးနောက် ဤအမှန်တရားကို သူမ နားလည်လာသည်။


' ငါက ဟိတ်ဟန်များတယ်၊ ရွဲ့စောင်းတယ်၊ ကျောင်းက အတန်းဖော်တွေရှေ့မှာ ကြွားတယ်၊ ဒါပေမယ့်  အဲလိုလုပ်တော့ရော '




xxxxxxxx