Chapter 153
ဤအိမ်ကြီး၏သမီးအများစုမှာ ချင်းယောင်အပေါ် တစ်ဖက်သတ်ချစ်ခြင်းမေတ္တာများ ရှိနေကြောင်း သူမသိသည်။ ချင်းယောင်သည် သူတို့ကို သတိမထားမိနိုင် သို့မဟုတ် ဂရုမစိုက်နိုင်သော်လည်း သူမသည် အနည်းငယ် ချဉ်နေသေးသည်။
ရှစ်ကျစ်ထန် သူမပတ်ဝန်းကျင်တွင် ပေါ်လာသည်ကိုမြင်သောအခါ ချင်းယောင် မည်ကဲ့သို့ခံစားရသည်ကို သူမ သိလိုက်ရသည်။
ယခု သူမသည် ဖုန်းစစ်နှင့် ပထမဆုံးအကြိမ်တွေ့သည်ဖြစ်ပြီး အလွန်မသက်မသာဖြစ်မိသည်။
ယွီစစ်ရွှယ်သည် နောက်ဆုံးအကြိမ် နှင်ထုတ်ခံခဲ့ရသော်လည်း သူမသတိလက်လွတ်ဖြစ်နေပုံပေါ်သည်။ ချင်းယောင်သည် ချမ်းသာပြီး အလွန်အမင်း ခန့်ညားပြီး ယင်ကောင်မလာသည်က မဖြစ်နိုင်ပေ။
ချင်းယောင်သည် ရေချိုးခန်းမှ ထွက်လာသည်။ သူ၏ နက်မှောင်သော ဆံပင်များက စိုစွတ်နေပြီး မျက်ခုံးမွှေးများက အလွန်ချောမောသည်။ သူ၏ အစိမ်းရောင် နက်မှောင်သော ရေချိုးဝတ်စုံသည် အရပ်ရှည်သော ခန္ဓာကိုယ်ကို ပုံဖော်ထားသည်။
သူ့မေးစေ့ပေါ်က ရေစက်လေးတွေကို မျက်နှာသုတ်ပဝါဖြင့် သုတ်လိုက်ပြီး ဆံပင် လေမှုတ်စက်ကို ရှာ၍ ကျုံးယို့ယို့ဆီ လှမ်းလာကာ " ကိုယ့်ဆံပင်ကို မှုတ်ပြီးရင် မင်းရေချိုးလို့ရပြီ " လို့ ပြုံးပြုံးလေး ပြောလိုက်တယ်။
သို့သော် သူမြင်လိုက်ရတာက အခုတလော အရမ်းပျော်နေသည့် ကျုံးယို့ယို့က ရုတ်တရက် မျက်ခွံတွေကို ပင့်လိုက်ပြီး သူ့ကို စိုက်ကြည့်ရင်း ဒေါသတကြီးဖြင့် " ရှင်ကိုယ်တိုင် မှုတ်လို့ရတယ်၊ ရှင့်မှာ လက်မရှိဘူးလား "
ချင်းယောင်: "...."
သူက ကျုံးယို့ယို့ကို ခဏလောက်ကြည့်ပြီး
" ဘာဖြစ်နေတာလဲ "
ကျုံးယို့ယို့သည် ခုနက အမျိုးသမီးကြောင့် နားမလည်နိုင်လောက်အောင် စိတ်ရှုပ်ထွေးနေသော်လည်း သူမသည် တိုက်ရိုက်မပြောနိုင်ပေ။ ချင်းယောင်ကိုယ်တိုင် ပြောလာရန်မျှော်လင့်ထားသော်လည်း ချင်းယောင်သည် ယခုမှ ဖြစ်ပျက်ခဲ့သည်ကို မသိသောကြောင့် သူမသည် ဘာဖြစ်သည်ကို သေချာမသိနိုင်ချေ။
အဓိကအချက်က ချင်းယောင်၏အနားမှာ ဤကဲ့သို့လူတစ်ယောက်ရှိတယ်ဆိုတာ အဘယ့်ကြောင့် မသိခဲ့ရသနည်း မူရင်းဇာတ်ေကြာင်းမှာ မိတ်ဆက်ထားခြင်းမရှိခဲ့ချေ။ မူရင်း ဇာတ်ကြောင်းမှာ ချင်းယောင်က ဇာတ်ပို့အခန်းကဏ္ဍသာလျှင် ဖြစ်ကာ သူ့ပတ်ဝန်းကျင်ကို အသေးစိတ် မိတ်ဆက်ရေးသားထားမည် မဟုတ်ပေ။
ကျုံးယို့ယို့ စိတ်မချမ်းသာဖြစ်သော်လည်း သူမဘေးရှိ ကုတင်ကို လက်ဖြင့်ပုတ်ကာ " မေ့လိုက်ပါ၊ ဆံပင်ခြောက်အောင် မှုတ်ရအောင်၊ နောက်မှ အအေးပတ်ကုန်မယ် "
ချင်းယောင်သည် ကုတင်ဘေးမှာ ထိုင်ချလိုက်ပြီး ကျုံးယို့ယို့က သူ၏နောက်မှာ ခြေတစ်ဖက်ချ ထိုင်ပြီး ဆံပင်ခြောက်အောင် ကူညီပေးသည်။
" ကျောင်းကလူတွေနှင့် အတူမရှိတော့ဘူး။ ရှင့်သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ခေါ်သွားပေး " လို့ ကျုံးယို့ယို့က အရိပ်အမြွက်ပြောလိုက်သည်။
ချင်းယောင်က သတိမပြုမိဘဲ " ကောင်းပြီ "
" ရှင် ဒီကို ခဏခဏလာတာလား " ကျုံးယို့ယို့က မေးသည်။
" ဟုတ်တယ် " ချင်းယောင်က ပေါ့ပေါ့ပါးပါး ပြောသည်။
ကျုံးယို့ယို့ အံကြိတ်ပြီး မေးလိုက်သည်။ " ရှင်ဒီမှာ ဘာလုပ်နေတာလဲ၊ ရှင့်ကုမ္ပဏီရော ချင်းမိသားစုရော ဒီနယ်မှာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလေ "
ချင်းယောင်က " တခါတလေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလိမ့်မယ် "
ကျုံးယို့ယို့ နှုတ်ဆိတ်နေသည် ။ သူတို့ကို သူသိသည်မှာ အံ့သြစရာမဟုတ်ပေ။ ချင်းယောင်သိသည့်သူက သူမထက်ပိုများလေသည်။ သံပုရာသီးစားသလိုပင် သူမနှလုံးသားက ချဉ်စုတ်လာသည်။ မနာလိုစိတ်သည် ဤကဲ့သို့ ခံစားရကြောင်း အမှန်တကယ် သိလိုက်ရသည်။
ယခင် ယွီစစ်ရွှယ်က ခြိမ်းခြောက်နိုင်စွမ်းမရှိသည့်အတွက် သူမကို ပေါ့ပေါ့ပါးပါး လှည့်စားခဲ့သည်။ သူမရှေ့မှာ ချင်းယောင်ကို သူ့နောက်ကျောပေါ် သူမအား ကုန်းပိုးစေခဲ့သည်။ သူမ ဒေါသတကြီး ထွက်သွားသည်ကို မြင်ပြီး ဘာမှ မခံစားခဲ့ရပေ။။
သို့သော် ချင်းယောင်သည် ထိုအမျိုးသမီးကို မပြောပြခဲ့ဖူးသလို စစ်ရွှယ်ထက် ပို၍ပြိုင်ဆိုင်မှုပြင်းထန်ပုံပေါ်ကာ သူမစိတ်အခြေအနေက အနည်းငယ် မကောင်းသလိုဖြစ်လာသည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျုံးယို့ယို့ ချင်းယောင်ကို စိုက်ကြည့်သည်။
ချင်းယောင်သည် ဦးရေပြားပေါ်တွင် အေးစက်ခြင်းကိုသာ ခံစားရပြီး အကြောင်းတစ်ခုခုကြောင့် ကျုံးယို့ယို့သည် ဆံပင်လေမှုတ်စက်ကို အအေးဆုံးနှင့် အပြင်းထန်ဆုံးအနေအထားသို့ ရုတ်တရက်ဖွင့်ထားလေသည်။
လေများေကြာင့် ရှုပ်ပွနေသည့် ချင်းယောင် "..."
သူမ အဘယ့်ကြောင့် ဤသို့ဖြစ်သည်ကို အဖြေရှာရန် အချိန်မရသေးခင်မှာပဲ ကျုံးယို့ယို့က ဆံပင်လေမှုတ်စက်ကို ချလိုက်ပြီး ရေချိုးရန် ၀င်သွားသည်။ နောက်ကျောဘက်မှကြည့်လျှင် သူက အနည်းငယ် အံ့အားသင့်သွားပုံရပြီး " ပင်ပန်းနေပြီ၊ ရှင်ကိုယ်တိုင် မှုတ်လို့ရတယ်၊ ရေအရင်ချိုးလိုက်ဦးမယ် "
xxxx