အပိုင်း ၁၅၄
Viewers 14k

Chapter 154



တောင်ပေါ်ရှိ တစ်နေရာတွင် အသားကင်ရန်အပန်းဖြေစင်လေးတစ်ခုရှိသည်။ ရေချိုးပြီးနောက် ကျုံးယို့ယို့ထွက်လာသည်။ ချင်းယောင်သည် သူ့လက်ပတ်နာရီကို ကြည့်ပြီး သူမအား စိတ်ရှည်စွာ စောင့်နေသည်။ ထို့နောက် သူလှည့်ကြည့်လိုက်သောအခါ ရင်သပ်ရှုမောသွားသည် ။


ကျုံးယို့ယို့သည် ရှားရှားပါးပါး သေချာ၀တ်စားဆင်ယင်ထား၏။။သူမ၏ ခန္ဓာကိုယ်အသွင်အပြင်က‌ ေကာင်းမွန်ပြီး ပခုံးတွေကို ဖော်ပြထားကာ ညှပ်ရိုးအသားအရေကလှပလှသည်။


 " မင်း ဘာလို့ ဒီလိုမျိုး ရုတ်​တရက်​ဝတ်​ရတာလဲ " ချင်းယောင်က သူ့အင်္ကျီကို ချွတ်​ပြီး သူမပုခုံး​ပေါ် တင်​လိုက်သည်။ " အပြင်​မှာ အရမ်း​လေထန်​​နေတယ်​။ ညဘက်​ ဒီလိုဝတ်​ရင်​ အအေးမိမယ် "


ကျုံးယို့ယို့ က " ကျွန်မ နည်းနည်းပူ‌လို့ ။ ဂျာကင်ဝတ်ရင် ပိုပူတယ် "

 

သူမက ချင်းယောင်၏အင်္ကျီကို ဖြည်ပြီး ချွတ်ခါနီးတွင် သူမ၏လက်ကို ချင်းယောင်က ချုပ်ကိုင်ထားသည်။


 " ဘာလဲ " ကျုံးယို့ယို့က အခုဖြစ်ပျက်သွားသည်ကို အံ့သြနေဆဲဖြစ်ပြီး သူမလေသံက သိပ်မကောင်းချေ။


ချင်းယောင် က " ဒါမှမဟုတ် ကိုယ်တို့အပြင်မထွက်ရင်ရော "

 

ကျုံးယို့ယို့ကမေးသည်။ " ဘာလို့လဲ၊ ရှင့်သူငယ်ချင်းတွေနဲ့တွေ့ဖို့ ပြောထားတယ်မလား  "


ချင်းယောင်က သူ့အပေါ်ထပ်အင်္ကျီကို ထပ်ဝတ်ပေးကာ ဂရုတစိုက် စေ့ပေးရင်း မျက်မှောင်ကြုတ်ကာ စိုးရိမ်နေပြီး " မင်းက အရမ်းလှတာကြောင့် လူတွေနှစ်ခါပြန်ကြည့်မှာစိုးလို့ "


ကျုံးယို့ယို့: "..."


ကျုံးယို့ယို့ ချင်းယောင်ကို အပြုံးဖြင့် ကြည့်လိုက်ပြီး သူမ၏ စိတ်အခြေအနေက လျင်မြန်စွာ တိုးတက်လာသည်။ "ဒါဆို အပြင်ပိုထွက်ရမယ်၊ ရှင့်ကို ပိုမျက်နှာပေးရဖို့လေ "


ချင်းယောင်သည် သူမ၏ ရုတ်တရက် ချစ်စကားကြောင့် ရှက်လွန်း၍ နားရွက်နီသွားသည်။


သူသည် အိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ကာ အဝေးကို လှမ်းကြည့်ရင်း အလွန်အေးစက်ပြီး လေးနက်နေကာ မကြားလိုက်သကဲ့သို့ ဟန်ဆောင်နေသည်။


ကျန်လက်တစ်ဖက်က ကျုံးယို့ယို့၏ပခုံးကို ဖက်ပြီး သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည်။


ဤကဲ့သို့သော အားလပ်ရက်အပန်းဖြေစခန်းများသည် တောင်ထိပ်တစ်လျှောက်တွင် ပျံ့နှံ့နေပြီး စက်မှုလုပ်ငန်းကွင်းဆက်သည် အလွန်ကျယ်ပြန့်ကြောင်းပြသသည်။ ချင်းယောင် ဘွတ်ကင်လုပ်ထားသောနေရာသည် လူအနည်းငယ်သာရှိသော VIP ဧရိယာဖြစ်ပြီး တောင်ထိပ်ပေါ်ရှိ အဆောင်သေးသေးလေးဆီသို့ လျှောက်သွားသောအခါတွင် လူအချို့ကို တွေ့ရသည်။


ကျုံးယို့ယို့ မျှော်မှန်းထားသည့်အတိုင်း ထူကျစ်ဖန်မှလွဲ၍ ချင်းယောင်၏သူငယ်ချင်းများက သူမကို မသိဘဲ  ဖုန်းစစ်လည်း ပါဝင်သည်။  သူမက စကားစမြည်ပြောကာ ရယ်မောနေလေသည်။


ဖုန်းစစ်က သူမထက် နှစ်နှစ်နီးပါးကြီးပေမယ့် သူမတွင် ရင့်ကျက်သည့် စိတ်နေသဘောထားရှိပုံရပြီး ချင်းယောင်နှင့် ပိုလိုက်ဖက်သည်။ တစ်ဖက်တွင် သူမသည် ကျောင်းဝတ်စုံကို ပြောင်းပြီး စကတ်ရှည်ဝတ်ထားပေမယ့်လည်း ကျောင်းသူငယ်‌ေလး၏ စိတ်နေစိတ်ထားရှိပုံပေါ်သည်။


ကျုံးယို့ယို့သည် ချင်းယောင်၏ လက်မောင်းကို မုန်းတီးစွာ ဆွဲဆိတ်လိုက်သည် ။ ချင်းယောင်က သူမအား လှည့်ကြည့်လိုက်သည်။


ချင်းယောင်လာနေတာကိုမြင်သော ထူကျစ်ဖန်နှင့် ဖုန်းစစ်နှစ်ယောက်စလုံးက မတ်တပ်ထရပ်ပြီး သူတို့နေရာတွေကို လပ်ဟပ်ရင်း " ချင်းယောင် ၊ ဒီဘက် "


" မစ္စတာချင်း၊ ဒီဘက် "


ကျုံးယို့ယို့က ချင်းယောင်၏ အင်္ကျီလက်ကို အမြန်ဆွဲပြီး ထူကျစ်ဖန်၏ဘေးမှာ ထိုင်ခိုင်းလိုက်သည်။


ချင်းယောင်က ဘာကြောင့်မှန်းမသိဘဲ ကျုံးယို့ယို့ တစ်ချက်ထပ်ကြည့်လိုက်သည်။ ထူကျစ်ဖန်၏ဘေးမှာ ထိုင်လိုသောကြောင့် ဖုန်းစစ်အနားမှာ ထိုင်မည်က မဖြစ်နိုင်ချေ။


ယခုည ကျုံးယို့ယို့က ထူးဆန်းနေသည်ကို သူ ခံစားမိပေမယ့် ဘာကထူးဆန်းသည်ဆိုတာ သူ မပြောနိုင်ပေ။


ကျုံးယို့ယို့သည် နေ့ခင်းပိုင်းတွင် တောင်ပေါ်သို့ တက်ရသည်မှာ ပင်ပန်းနေမည်ဟု သူထင်သည်။ ထို့ကြောင့် သူမသည် လှည့်စားမှုလေးများ ကစားနေသည်။  ၎င်းသည် ပုံမှန်အားဖြင့် အေးစက်ပြီးချစ်စရာကောင်းသော ကျုံးယို့ယို့ နှင့်မတူသော်လည်း ထူးထူးခြားခြား ချစ်စရာကောင်းနေသည်။ ထို့ကြောင့် ချင်းယောင်က ကျေကျေနပ်နပ် ရယ်မောလိုက်ပြီး ကျုံးယို့ယို့အား အအေးတစ်ဘူး ပေးလိုက်သည်။


ဖုန်းစစ်သည် သူမ၏ပါးပြင်ကို ထောက်ကာ ပြုံးလျက်၊ "အစ်ကို ချင်းယောင်၊ အကိုက ကျုံးယို့ယို့အပေါ် တကယ်‌ေကာင်းတယ် "


 "အစ်ကို" ..


ကျုံးယို့ယို့ စိတ်ဆိုးသွားသည်။ သူမ သူ့ကို ထိုသို့ မခေါ်သည်မှာကြာလေပြီ။


ကျုံးယို့ယို့နှလုံးသားထဲအတွင်းမှ ဒေါသတကြီး တောက်လောင်နေသည်။သူမ  ချင်းယောင်၏ လက်စကကို ဆွဲကိုင်ကာ သူမရှေ့ရှိ ပုဇွန်ကို လက်ညှိုးထိုးပြပြီး " လောင်ကုန်း၊ ဒီဟာစားချင်တယ်၊  အခွံနွှာပေး " ဟု ပြောလိုက်သည်။


နူးညံ့ချိုသာသောအသံဖြင့် " လောင်ကုန်း" စကားသည် ရေသောက်နေသော ချင်းယောင်ကို ရေသီးလုနီးပါး ဖြစ်သွားစေသည်။  


"..."


ထူကျစ်ဖန်လည်း ထိတ်လန့်သွားသည်။ ' ဟေ့ကောင်၊ ငါတို့နောက်ဆုံးဂိမ်းကစားကတည်းက နေ ခုထိ ဘာဖြစ်သွားခဲ့တာလဲ။ ချင်းယောင် က အရမ်းမိုက်တယ်၊ ရည်းစားအဖြစ်ကနေ ခင်ပွန်းအဖြစ်ကို ကူးပြောင်းခဲ့တာပဲ '


အခြားသူများကလည်း ရယ်ချင်စိတ်က ချုပ်ထိန်းရင်း လှမ်ူကြည့်နေကြသည်။


ချင်းယောင်၏ အမှတ်သညာကို လေးစားသောကြောင့် ရယ်မောခြင်း မပြုဝံ့ကြပေ။


ချင်းယောင်သည် ချောင်းဆိုးခြင်းကို ထိန်းကာ ချောမောသောမျက်နှာက နီမြန်းနေပြီး ကျုံးယို့ယို့ကို လှည့်ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ အသံကို လျှော့ရက်း "ဘာလို့၊ ဘာလို့ အဲ‌ဒီလို ရုတ်တရက် ခေါ်လိုက်တာလဲ "


ချင်းယောင်သည် သူ့တစ်သက်တွင် ထိုကဲ့သို့ ကျံးယို့ယို့ခေါ်သည်ကို မကြားရမည်ဟု မထင်ထားသောကြောင့် အံ့အားသင့်စွာ အံ့သြသွားရသည်။  သူ့ရင်ဘတ်ထဲက နှလုံးက အပြင်သို့ ခုန်ထွက်မည့်အလား။


ကျုံးယို့ယို့က သူမအသံကို တမင်ပျော့ပြောင်းပြီး မျက်တောင်ခတ်လိုက်ပြီး " ရှင်မကြိုက်ဘူးလား "


ချင်းယောင်၏ နှလုံးသားထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားကာ တည်ငြိမ်ဟန်ဆောင်ကာ အနည်းငယ် ခေါင်းညိတ်ပြီး " အဲဒါကရပါတယ်၊ နည်းနည်း မထင်မှတ်မိရုံပါပဲ"


သို့သော် သူ၏ လှုပ်ရှားမှုများက တည်ငြိမ်မှု မရှိပေ။ သူက ပုဇွန်ကို ချက်ချင်းပင် အလျင်အမြန် အခွံခွာလိုက်ပြီး သူ့လက်များသည် လျှပ်စီးလက်သလို လှုပ်ရှားသွားသည် ။ နောက်ထပ် အနည်းငယ် အခွံခွာလိုက်လျှင် ကျုံးယို့ယို့က သူ့ကို "ခင်ပွန်း" ဟု ခေါ်သည်ကို နောက်ထပ် အကြိမ်အနည်းငယ် ကြားနိုင်မည်ဆိုလျှင် ထိုအရာကတန်လိမ့်ပေမည်။


မကြာခင်မှာပဲ ကျုံးယို့ယို့၏ပန်းကန်ပြားထဲတွင် စုပုံမြင့်တက်လာသည်။


သူမသည် တစ်ခုစားလိုက်ပြီး ဖုန်းစစ်အား အဓိပ္ပါယ်ရှိသော အကြည့်ကို ပေးကာ သူမ၏ ပိုင်ဆိုင်မှုကို လုံးလုံးလျားလျား အခိုင်အမာပြောလိုက်သည်။


ဤအခိုက်အတန့်တွင် ချင်းယောင်သည် ဖုန်းစစ်အပေါ် သူမ၏ရန်လိုမှုကို သတိပြုမိလိုက်သည်။ အကျဉ်းချုံးစဉ်းစားပြီးနောက် ညနေခင်းမှ ယခုအချိန်အထိ ကျုံးယို့ယို့၏ ပုံမှန်မဟုတ်သော အပြုအမူကို သိရှိသွားသည်။  သူကချက်ချင်းပင် မငိုနိုင်မရယ်နိုင်ဖြစ်ကာ ထို့နောက် သူ့နှလုံးသားထဲ၌ နွေးထွေးနေလေသည်။


သူက စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း သူ့နှုတ်ခမ်း၏ အပေါ်ဘက်သို့ ကွေးကွေးသွားခြင်းကို မထိန်းချုပ်နိုင်ချေ။


' သူ့မိန်းမက... အရမ်းချစ်စရာကောင်းတယ် '


ကျုံးယို့ယို့အား အချိန်အနည်းငယ်ကြာအောင် မနာလိုဖြစ်စေပြီး သူကို သဘောကျသည့်ခံစားချက်ကို ပို၍ခံစားလိုသော်လည်း သူ သည်းမခံနိုင်ပေ။


ထို့ကြောင့် သူမ၏နားကို ကပ်ပြီး "ဖုန်းစစ်က ကိုယ့်အဘိုးရဲ့ မြေး၊ ၊ ကိုယ့်ရဲ့ဝမ်းကွဲပါ " ဟု တိုးတိုးလေးပြောလိုက်သည်။


ကျုံးယို့ယို့ : "..."


သူ မျက်လုံးတွေ ပင့်ပြီး ဖုန်းစစ်ကို ကြည့်လိုက်သည်။ ဖုန်းစစ်က သူ့မေးစေ့ကို ကိုင်ပြီး ရွှင်လန်းစွာ ကြည့်နေသည်။ သူမကို ကြည့်လာသည်ကိုမြင်သော် သူမက ရှေ့က ဝိုင်နီကို တမင်တကာ အနံ့ခံပြီး ပြောတယ် " ဝိုင်က  နည်းနည်းချဉ်မ‌နေဘူးလား "


ထူကျစ်ဖန်က သူတို့ သုံးယောက် ဘာတွေလုပ်နေလဲ နားမလည်တာကြောင့် တစ်ငုံသောက်ပြီး "မချဥ်ပါဘူး" ဟုပြောလိုက်သည်ယ


 ဖုန်းစစ်က အားရပါးရ ပြုံးလိုက်ပြီး " နင်ထပ်သောက်ကြည့်ပါအုံး  "


 "..." ကျုံးယို့ယို့ချက်ချင်းနီရဲသွားသည်။


သူမက ချင်းယောင်၏လက်မောင်းကို ဒေါသတကြီးဆွဲညစ်လိုက်ပြီး " ရှင်ရေချိုး‌ေနတုန်း သူမက ရှင့်ဆီလာတယ်၊ ရှင့်ကိုပြောပြစရာရှိတယ်‌ပြောခဲ့တယ်၊ ဒါပေမဲ့ ရှင့်နဲ့ကိစ္စကို ကျွန်မကိုပြောပြဖို့ အဆင်မပြေဘူးလို့ပြောခဲ့တယ် "


ချင်းယောင် က နာကျင်မှုကို မခံချိမခံသာနဲ့ " အဘိုးရဲ့ ဆန္ဒကို ပြောပြချင်နေတာ ဖြစ်နိုင်တယ် "


ကျုံးယို့ယို့: " ဒါဆို အပြင်မထွက်ခင် ဘာလို့ ကျွန်မကိုမပြောတာလဲ "


ချင်းယောင်က " မင်း သ၀န်တိုနေမှန်း ကိုယ်မသိဘူး "


ကျုံးယို့ယို့ : "ကျွန်မ ရှင့်ကို ဓားနဲ့ ခုတ်ဖို့ စဉ်းစားနေတယ် "


ချင်းယောင်က ထိုအရာကို အလေးအနက်မထားချေ။ သူ့မျက်လုံးတွေ ပူလောင်နေပြီး မျက်ခုံးတွေက အပြုံးများနှင့် ပြည့်နေသည်။ တောင်ပေါ်ရှိ မီးရောင်များက သူ့မျက်လုံးများကို ဖန်သားကဲ့သို့ တောက်ပစေပြီး အာရုံစူးစိုက်ကာ နူးညံ့သိမ်မွေ့စေသည်။


 သူက အရမ်းပျော်နေသည်။


တောင်ပေါ်မှ လေသည် သူ့နဖူးကို တိုက်တ်လိုက်ပြီး " မိန်းမ၊ဒါ မင်းခင်ပွန်းကို သေကြောင်းကြံစည်မှုနော် " ဟု ရွှင်မြူးစွာ တိုးတိုးလေး ပြောလိုက်သည်။



ထိုညတွင် ကျုံးယို့ယို့နှင့် ချင်းယောင်တို့သည် နေရာမှ စောစီးစွာ ထွက်ခွာလာကြပြီးတောင်တန်းများဆီသို့ လမ်းလျှောက်ရင်း တောင်ပေါ်လေပြေလေညင်းများကို ခံစားနေကြသည်။


လမ်းတစ်လျှောက် ကျုံးယို့ယို့သည် ချင်းမိသားစုမှ လူများအကြောင်းမေးမြန်းသည်။ချင်းမိသားစုသည် အလွန်ကြီးမားသော မိသားစုဟု ဆိုနိုင်သော်လည်း ရှစ်မိသားစုနှင့် မတူဘဲ ယောက်ျားသားအနည်းငယ်သာ ရှိသည်။ ထို့ကြောင့် မည်သို့ပင် စဉ်းစားပါစေ ချင်းယောင်သည် သေချာစွာဖြင့် အမွေဆက်ခံသူ ဖြစ်သည်။ ထို့အပြင်  ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ဆောင်တတ်သူဖြစ်ပြီး လူအိုကြီးက အလွန်ချစ်မြတ်နိုးသည်။


ချင်းယောင် ထိုအ‌ေကြာင်းကို ပြောနေချန်တွင် သူ့မျက်နှာက တည်ငြိမ်‌နေ၏။ ချင်းယောင်သည် အလွန်ကောင်းမွန်သည့်မိသားစုဆက်ဆံရေးရှိသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည်ကို ကျုံးယို့ယို့သိသည်။


ချင်းယောင်အတွက် သူမပျော်နေချိန်မှာပဲ သူမအတွက်လည်း စိတ်သက်သာရာရသည်။ သူမ အိမ်ထောင်ကျပြီးရင် အဒေါ် သုံးယောက်၊ ဇနီးခြောက်ယောက်နှင့် ရင်ဆိုင်ရမည်ကို ကြောက်နေမိသည်။


ချင်းယောင်က သူမဘာတွေတွေးနေလဲဆိုသည်ကို ရိပ်မိပုံပေါ်ပြီး သူမကို ဘေးတိုက်ကြည့်လိုက်ပြီး " စိတ်မပူပါနဲ့၊ ကိုယ်တို့ အနာဂတ်မှာ သီးသန့်နေရမှာသေချာတယ်။ မွေးရပ်မြေကို တစ်နှစ် တစ်ခေါက်၊နှစ်‌ခေါက်‌လောက်တောင်မပြန်နိုင်တော့ဘူး။ ဒါ့ကြောင့် ဆွေမျိုးတွေနဲ့ ပြောဆိုဆက်ဆံရမယ့်ကိစ္စက များများစားစားမရှိဘူး "


" ရှင့်ရဲ့ဆွေမျိုးတွေကို မတွေ့ချင်ဘူးလို့ ကျွန်မပြောခဲ့ဘူး၊ ရှင်ပြောတာနော် "  ကျုံးယိူ့ယို့က သူ့ကို ပြုံးပြုံးလေး ကြည့်ပြီး " ဒါ့အပြင် ကျွန်မက ရှင့်ကိုလက်ထပ်တော့မှာသေချာနေသလိုပြောနေတာပဲ၊ ချင်းယောင် ရှင့်ကိုပြောပါရစေ၊ အဲဒါကမလွယ်ဘူးနော် "


ချင်းယောင်က ရယ်၏။ " ခက်သလား ၊ ခက်မယ်မထင်ပါဘူး၊ ပြီးခဲ့တဲ့အခေါက်တုန်းက  တိုက်ရိုက်လက်ထပ်ခွင့်တောင်းခဲ့ပြီး... "


သူစကားမဆုံးခင် ကျုံးယို့ယို့က သူ့ရင်ဘတ်ကို ထိုးလိုက်ပြီး


 " အဲ့ဒါက အကြုံးမ၀င်ဘူး "


နောက်ဆုံးတွင် ချင်းယောင်က ရယ်မောပြီး ကျုံးယို့ယို့၏လက်ကို ဆွဲယူကာ သူ့လက်ဖဝါးထဲတွင် ဆုပ်ကိုင်လိုက်ပြီး " ကောင်းပြီ၊ အဲ့အကြိမ်ကို မရေတွက်ပါဘူး။ ဒုတိယ ဒါမှမဟုတ် တတိယအကြိမ် တောင်းဆိုပါရစေ၊ ဒါပေမယ့် ကိုယ့်ကို အကြာကြီးမစောင့်စေရဘူးနော် "


ချစ်သူတွေနှင့်အတူရှိသည့်အခါ စိတ်အနှောက်အယှက်ဖြစ်တတ်ရသဖြင့် ထူကျစ်ဖန်နှင့်ဖုန်းစစ်တို့သည် ခွေးစာမစားချင်သောကြောင့် သူတို့ စောစောထွက်လာကြသည်။ သို့သော် ယခုသူတို့နှစ်ဦးသည် ဘေးချင်းယှဉ် လမ်းလျှောက်ကြရင်း စကားတစ်ခွန်းမှ မပြောကြသော်လည်း လေထုသည် ချိုမြိန်သော ပူဖောင်းများဖြင့် ပြည့်နှက်နေသည်ဟု ခံစားမိကြသည်။


နောက်တစ်ဆင့်ခြေလှမ်းက ကောလိပ်ဝင်ခွင့်စာမေးပွဲ‌ ဖြေဆိုရန်သာဖြစ်သည်။ ကျုံးယို့ယို့က အလုပ်များတော့မည်ဖြစ်ပြီး သူမနှင့် ချင်းယောင်တို့သည် ယခုကဲ့သို့ လမ်းမပေါ် လျှောက်လှမ်း၍မရသည့်အချိန်ကာလတစ်ခု ဖြစ်လိမ့်မည်။ ထို့ကြောင့် သူမသည် ဤညလေးကို အလွန်မြတ်နိုးတန်ဖိုးထားသည်။ ချင်းယောင်က ကျုံးယို့ယို့၏လက်ကို ဆုပ်ကိုင်ထားပြီး သူ့လက်ဖဝါးတွေ ချွေးတွေထွက်နေလျှင်တောင် ဘယ်သောအခါမှ လက်မလွှတ်ချေ။


နှစ်ယောက်သား လက်ချင်းချိတ်ကာ ဖြည်းညင်းစွာ ပြန်သွားကြသည်။


ချင်းယောင်သည် သူ့အဖိုး၏ မိသားစုသမိုင်းကြောင်းအချို့ကို ပြောပြခဲ့ပြီး ကျုံးယို့ယို့ကို စွဲမက်စေသည်။ မူရင်း၀တ္ထုတွင် ချင်းယောင်၏အဘိုးအကြောင်း စာသားအနည်းငယ်ကိုသာ သူမ ဖတ်ခဲ့ရသော်လည်း ထိုစာသားအနည်းငယ်ဖြင့် အဘိုးသည် ထူးခြားပြောင်မြောက်သူဖြစ်မည်ကို သူမ ကောက်ချက်ချနိုင်ခဲ့သည်။ သူမ၌ အခွင့်အရေး‌ရှိမည်ဆိုလျှင် ထိုသူကို တွေ့မြင်လိုသည်။


သို့သော် ချင်းယောင်၏အစီအစဉ်အရ သူ့အဖိုးနှင့် တွေ့ဆုံရမည့်အချိန်က မဝေးလှချေ။ယခုနှစ် တရုတ်နှစ်သစ်ကူး၌ သူက သူမကို အိမ်ပြန်ရာတွင် ခေါ်သွားရန်စီစဉ်ထားသည်။


ကျုံးယို့ယို့အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူမသည် အမှန်တကယ်၌ အနည်းငယ် ခံနိုင်ရည်ရှိနေသည်။  အခြားမိသားစုတစ်ခုသို့ ပေါင်းစည်းခြင်းတွင် သူမ ကောင်းကောင်းလုပ်ဆောင်နိုင်မည်လား။


သို့သော် သူမ အချိန်တန်လျှင် ဖြစ်မည့်ကိစ္စတစ်ခုဟုသာ တွေးလိုက်သည်။ အကယ်၍ သူမက ငြင်းဆန်လျှင် ချင်းယောင်တွင် တချို့သော အတွေးများ ပေါ်ပေါက်လာလိမ့်မည်။ ထို့ကြောင့် သူမ အနည်းငယ် ပြုံးလိုက်ပြီး တွန့်ဆုတ်ခြင်းမပြုဘဲ အတတ်နိုင်ဆုံး နာခံလိုက် သည် ။


သို့သော် သူတို့နှစ်ယောက် ဗီလာရှေ့သို့ ရောက်ခါနီးတွင် ကျုံးယို့ယို့ ရုတ်တရက် ရပ်တန့်သွားသည်။


ချင်းယောင်က သူမခေါင်းကို လှည့်ကြည့်လိုက်သည်နှင့် မသိစိတ်က သူ့လက်များကို ဖွင့်လိုက်ပြီး "ဘာလို့လဲ၊ မပွေ့ဖက်ချင်တာလား "


ခေါင်းကို ကိုင်ထားသည်။ ကျုံးယို့ယို့က ပြုံးပြီး သူ့လက်ကို ပုတ်ကာ  မော့ကြည့်သည် " ချင်းယောင် ဒီည အဖြစ်အပျက်အတွက် ကျွန်မကို တောင်းပန်ရမယ် "


ချင်းယောင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူမခါးကို ဖက်ပြီး မျက်လုံးများကို စင်းကြည့်ရင်း ပြုံးပြသည်။ 


" ကောင်းပါပြီ၊ ကိုယ် တောင်းပန်ပါတယ်။ ကိုယ်က မင်းကို သ၀န်တိုစေချင်လို့ ဖုန်းစစ်က ကိုယ့်ဝမ်းကွဲလို့ မပြောခဲ့တာပါ။ အခုချိန်​ကစပြီး ဘယ်​​တော့မှ မဖြစ်​​တော့ဘူး "



xxxxxx